တစ်ခုလပ်မ - Part2
”မမေနိုင်း အခုဘယ်လိုဖြစ်လာတာလဲ”
” ဘာဖြစ်ရမှာလဲ ကျော်ထင်ပေါ့ ဖဲရှုံးပြီး လူကို ရန်လာလုပ်တာ”
ကြွေသုပန်းချီရဲ့ အစ်မ မေနိုင်းက ကလေးနှစ်ယောက်ရဲ့ လက်ကို တစ်ယောက်တဖက်ဆွဲပြီး အိမ်ပေါ်တက်လာသည်။ မျက်နှာတွေ ခန္ဓာကိုယ်မှာလည်း ညိုမဲရာတွေစွဲလို့။ ဒါတွေက ဖြစ်ရိုးဖြစ်စင်ထုံးစံတစ်ခုလို ဖြစ်နေသည်။ ယောက်ျားနဲ့ ရန်ဖြစ်လာရင် အိမ်ပေါ်တက်လာတာ..ယောက်ျားကပြဿနာတစ်ခုခု ရှာလိုက်ရင် အိမ်ပေါ်တက်လာတာ.. ယောက်ျားလုပ်သူက တစ်နေရာရာမှာ ဒုက္ခဖြစ်နေရင် အိမ်ပေါ်တက်လာတာ..ဒါတွေအားလုံးက ကြွေသုပန်းချီရဲ့ ခေါင်းပေါ် ပုံကျလာမြဲ။
မနေ့ကမှ အစ်ကိုဖြစ်သူ စွမ်းထက်အောင်ရဲ့ ပြဿနာကို လိုက်ရှင်းလို့တောင် မပြီးသေး အခု နောက်တပူပါ အိမ်ပေါ်တက်လာပြန်သည်။ ဘယ်တော့များမှ ဒီဘဝက လွှတ်မြောက်ရမယ်မသိ။
”ငါဒီကောင်နဲ့ ဆက်ပေါင်းနိုင်တော့ဘူး၊ ဒင်းနဲ့ ကွာရှင်းတော့မယ်”
ဒါကလည်း ကြာနေကျ စကားတစ်ခုလိုဖြစ်နေသည်။
”အခု ဖဲဝိုင်းက တခုလပ်မနဲ့ ဘာလိုလို ဖြစ်နေတာလေ၊ ဒင်း ဖဲရှုံးလာသမျှ ငါက ထမိန်ပေါင်နှံပြီး စိုက်ပေးရတာ၊ သူ့ အလောင်းကစားဝိုင်းကနေ ဘာတစ်ခုမှ အကျိုးအမြတ်ရဖူးတာ မဟုတ်ဘူး ၊ကလေးနှစ်ယောက်နဲ့မို့သာ သူ့ကို သည်းခံပြီး ဆက်ပေါင်းနေတာ စိတ်ကုန်တာ ကြာလှပြီ၊ ဟဲ့ ငါသေသာ သေလိုက်ချင်တော့တယ်”
” မမေနိုင်း ကိုကျော်ထင်ဆိုတဲ့ လူက လူပျိုကတည်းက ဖဲရိုက်လာတာလေ”
” အေးပါ နင်ပြောတာ မှန်ပါတယ် ငါကသာ မွှန်းနေလို့ မသိတာ၊ အခု ငါ ဘာဆက်လုပ်ရမလဲကြွေ၊ငါ အခုတော်တော်လေး အဆင်မပြေဖြစ်နေတယ်”
”မမေနိုင်း ဘာဖြစ်လာတာလဲ”
အရင်တစ်ခါအရင်တစ်ခါတွေကလို ယောက်ျားနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်ဆင်းလာတာမျိုးမဟုတ်ဘဲ အပူတစ်ခုခုရင်ဝယ်ပိုက်ထားရသလို အပူသည်ရုပ်ဖြစ်နေတာမို့ ခပ်လန့်လန့် မေးမိသည်။
”ရပ်ကွက်ထဲက မတင်ပုကို သိတယ်မလား”
” သိတယ်လေ ငွေတိုးချေးစားနေတဲ့ အစ်မကြီးမလား”
”ဟုတ်တယ် ငါတို့မှာ စားစရာမရှိတဲ့ ရက်တွေဆိုရင် သူ့ဆီမှာ သွားယူရတာ၊ ဒီကြားထဲ ကျော်ထင် ဖဲ့ရှုံးတဲ့ ပိုက်ဆံတွေကိုလည်း သူ့ဆီက ချေးငှားပြီး ပြန်ဆပ်ရတာ၊ နင်လည်း သိတဲ့အတိုင်းပဲ၊ ငါ့မှာ ဘာအလုပ်မှ မရှိဘူးလေ၊ ကျော်ထင်ကလည်း ဖဲပဲရိုက်နေတာ၊ တစ်နေ့တစ်နေ့ ငါတို့စားနေတာတွေက မတင်ပုဆီက ငွေတိုးယူပြီး စားနေကြတာ”
”မမေနိုင်း မတင်ပုဆိုတာ အတိုးများမှများနဲ့၊ သူ့ဆီ ငွေချေးကြတဲ့လူတိုင်း အားလုံးအပေါင်အနှံ ဆုံးတာချည်းပဲလေ၊ ဒါကို မတင်ပုဆီက ချေးရဲသေးတယ်”
ရပ်ကွက်ထဲမှာ မတင်ပုဆိုတာက အချေးအစား ကြီးလွန်းလို့ နာမည်ကြီးနေသူ။
” ငါ့မှာလည်း လမ်းဆုံးနေလို့ပါဟယ်၊ ကြံရာမရတဲ့အဆုံး မတင်ပုဆီ ရောက်သွားတာ၊ ငါတို့ သူ့ဆီက ငွေတွေ ယူနေတာ နှစ်နှစ်ကျော် သုံးနှစ် ဖြစ်နေပြီ”
”ဒါဆို ငွေတွေက ဘယ်လောက်တောင် များနေပြီလဲ”
”၃၀ကျော်လောက်တော့ ကျော်နေပြီ”
”ဘယ်လို..”
”ဟုတ်တယ် ငါတို့ ဘယ်ကနေ ပြန်ဆပ်ရမှာလဲ ၊ မနေ့ကမှ မတင်ပုက ငါတို့အိမ်ကို ရောက်လာတာ၊ ဘာပြောသွားသလဲမှတ်လဲ၊ ငွေတွေအကုန် သူ့ဆီ တစ်ပတ်အတွင်း ပြန်ဆပ်ဖို့ လာပြောသွားတာ”
”တစ်ပတ်အတွင်း !..”
”အင်း ဒီတစ်ပတ်အတွင်း ငါတို့က ဘယ်လို ပြန်ဆပ်နိုင်မှာလဲ”
” ဒါဆို ဘယ်လိုလုပ်မှာလဲ ငွေတွေက သုံးဆယ်ကြီးများတောင်နော် များလိုက်တာ”
”ငါလည်း မရှိတဲ့အကြောင်း ပြောလိုက်တာပဲ၊ မတင်ပုဆိုတာက မရရတဲ့ အရာကို ယူတတ်တဲ့အမျိုးလေ၊ သူက ဘယ်တော့မှ အနာခံတာမဟုတ်ဘူး၊ သူ ငါသမီး အကြီးမကို တောင်းတယ်”
”ဘယ်လို သံသာကို တောင်းတယ် ဟုတ်လား သူကဘာလုပ်မလို့လဲ”
”အိမ်အကူလုပ်ခိုင်းမလို့တဲ့ ငါယူထားတဲ့ ငွေတွေနဲ့ အလဲအလှယ်သဘောမျိုးပေါ့ဟာ၊ ငါ ဒီတစ်ပတ်အတွင်းမှာ မတင်ပုကို ငွေတွေ ပြန်မပေးနိုင်ရင် သံသာကို သူ့ဆီ ပို့လိုက်ရတော့မှာ”
သံသာက အခုမှ ငါးတန်း ခြောက်တန်းပဲ ရှိသေးတာ။ ဒီအရွယ် ဒီကလေးတွေက စာသင်ခန်းထဲမှာ ပျော်ပျော်ပါးပါး စာသင်ရမယ့်အရွယ်။ ဒါကို မညှာမတာ သူများအိမ်မှာ အိမ်အကူသွားလုပ်ရမယ်ဆိုတာက သိပ်မဟုတ်သေးဘူးမလား။
” ဒီငွေတွေ အများကြီးတင်လာအောင် နင်ဘယ်လိုလုပ်လိုက်တာလဲ”
” ငါလည်းမသိတော့ဘူး ကြွေ၊ ငါ အခု ဘယ်လိုလုပ်ရမလဲ၊ ငါ့သမီးကိုလည်း မပေးနိုင်ဘူး၊ ငွေတွေကလည်း အများကြီး၊ ဘယ်ကနေ ဘယ်လိုရှာရမှာလဲ၊ အရေးထဲ ကျော်ထင်က မူးမူးရူးရူးနဲ့ ဖဲရိုက်ဖို့ပဲ သိတာ၊ အခုလည်း ဒီကိစ္စနဲ့ ကျော်ထင်နဲ့ငါ ကွဲမလိုဖြစ်နေတယ်၊ ငါတို့မိသားစု စားသောက်တာက နည်းနည်းပါအေ၊ သူ့ဖဲကြွေး ဆပ်ရတာက ခပ်များများ၊ ဒါကို သူ့မှာ တာဝန်ယူပေးမယ့်ပုံမပေါ်ဘူး၊ ငါတို့မိသားစု ဒီလောက် ခက်ခဲနေတာတောင် ဒီကောင်က ဖဲရိုက်မပျက်ဘူး ငါစိတ်ဆင်းရဲလိုက်တာနော်”
မမေနိုင်းက သူ့အပူတွေ ပြောရင်း တရှုံရှုံ ငိုကြွေးလာသည်။ မေနိုင်းရဲ့ အပူတွေက ကြွေအပူတွေလို ဖြစ်နေသည်။ သံသာက မေနိုင်းရဲ့သမီးဆိုပေမဲ့ ကြွေနဲ့လည်း တူမတော်စပ်တယ်မလား။
တူမလေးက ကျောင်းထဲမှာ စာသင်နေရမှာကို သူများအိမ်မှာ အိမ်အကူလုပ်ဖို့ ဘယ်လိုစိတ်နဲ့များ လွှတ်ထားရက်ရပါမလဲ။ ကံဆိုးမှုတွေက တစ်ခါတစ်ခါ အစုလိုက်အပြုံလိုက် ဝင်လာတတ်တာတဲ့။ မဟုတ်ဘူး ကြွေက တသက်လုံး ကံဆိုးလာရတာ။
”စိတ်အေးအေးထားဦး အရင်ဆုံး ကြွေတို့ ရှာကြည့်ကြရအောင်”
ငွေတွေသုံးဆယ်ကျော် ဘယ်ကနေဘယ်လို ရှာရမလဲဆိုတာ ညီမနှစ်ယောက် ခေါင်းချင်းဆိုင်ပြီး အသေအချာစဉ်းစားနေတော့သည်။
????
” မိကြွေ နင့်မောင်လေးရော”
အဖေဖြစ်သူ ဦးကျော်မင်းက အငယ်ဆုံးဖြစ်သူ နေဘုန်းအောင်ကို မေးလာသည်။
”မနက်ကတည်းက ကျူရှင်သွားတယ်”
”ဟုတ်လို့လား ငါတော့မယုံဘူး ဒီကောင် အိမ်မှာ ငါတစ်ခါမှ မမြင်ဘူး ကျူရှင်သွားမယ်ဆိုပြီး ဟိုသွားဒီသွားနဲ့”
အရက်လေးဝင်ထားတော့ ကျော်မင်းရဲ့အသံက အနည်းငယ် ဖျော့တော့နေသည်။
” ဒါနဲ့ မိကြွေ နင့်မှာ ပိုက်ဆံဘယ်လောက် ရှိသေးလား”
”ဘယ်လောက်မှ မကျန်တော့ဘူး အဖေ ဘာလုပ်မလို့လဲ”
”အရက်သောက်ဖို့ပေါ့ဟာ ပေး ငါ့ကို ”
”အဲဒီပိုက်ဆံက ဆန်ဝယ်ရမှာ အိမ်မှာ ဆန်ကုန်နေပြီ”
”ငါထမင်းမစားဘူး အရက်ပဲသောက်မှာ ပေးစမ်းငါ့ကို အဲဒီပိုက်ဆံ”
”ပိုက်ဆံက တသောင်းပဲ ကျန်တော့တယ် အဖေရယ်”
”အဲ့ဒီ ပိုက်ဆံ ငါ့ကို ပေးလို့ ပြောနေတာ ဘယ်မှာလဲ”
ကြွေ ပိုက်ဆံထားတတ်တဲ့ ဘီဒိုတွေထဲမှာ အဖေက အသည်းအသန် ရှာနေတော့သည်။
”ဒီလကုန်တော့မယ် အငယ်ကောင်ရဲ့ကျူရှင်လခ ပေးရဦးမယ်မလား အဲဒီပိုက်ဆံတွေ ဘယ်မှာလဲ”
”အဖေဘာလုပ်ဖို့လဲ”
” ဟာ ငါက နင့်အဖေနော် ကလန်ကဆန်တွေ လာမလုပ်နဲ့၊ အငယ်ကောင်က စာလိုတာမဟုတ်ဘူး၊ ဘာလို့ သူ့ကို ကျူရှင် ဆက်သင်ပေးနေတာလဲ၊ ဒီအကောင့်ကို ကျူရှင်ထားပေးတဲ့ ပိုက်ဆံတွေကို ငါ့ကို လှူလိုက်ရင် နင့်မှာ ကုသိုလ်တွေ အများကြီးရပါဦးမယ်”
”အဖေအရက်သောက်ဖို့အတွက်နဲ့တော့ ကုသိုလ်မယူပါရစေနဲ့ အဖေ”
”ဒီကောင်မ!.. တော်ပြီတော်ပြီ ငါ့ကို ပိုက်ဆံ အမြန် ပေးလိုက်တော့ ”
ဘယ်လိုမှ ပြောလို့မရတော့တဲ့အဆုံး စျေးဖိုးချန်ထားတဲ့ ပိုက်ဆံငါးထောင်ကို ယူထုပ်ကာ အဖေကို ပေးလိုက်ရသည်။ မပေးပြန်ရင်လည်း အိမ်မှာ ပြဿနာထရှာတော့မှာမို့။
”ဒီလောက်ပဲ ကျန်တော့တယ် ဒါကိုပဲ ယူလိုက်တော့”
” ကျစ် ငါးထောင်တည်းလား”
” ဒီလောက်ပဲ ကျန်တော့တာ အဖေယူချင်ယူ မယူချင်နေ”
”ယူပါ့မယ် အော် ငါလည်း ဒီအိမ်မှာ အာဏာစက်တောင် မရှိတော့ဘူးကိုး”
ယိုင်တီးယိုင်တိုင်နဲ့ ပိုက်ဆံငါးထောင်ကို ယူကာအရက်ဆိုင်သို့ ထွက်သွားတော့သည်။ အဖေလုပ်သူက မိသားစုရဲ့ စားဝတ်နေရေးတွေ လုံခြုံမှုတွေကို ကာကွယ်ပေးရမယ့်အစား တနေ့တစ်နေ့ မိုးလင်းမိုးချုပ် ရှာလိုက်တဲ့ပြဿနာ။ အဖေ့ကို ရှာချင်ရင် အရက်ဆိုင်မှာပဲရှာ ဘယ်မှာမှ သွားမရှာလိုက်လေနဲ့..။
အစ်မဖြစ်သူရဲ့ အပူတွေကို ဘယ်ကနေ ရှာကြံပေးရမလဲဆိုတာ မစဉ်းစားနိုင်သေးတဲ့အပြင် အိမ်မှာလည်း ဟင်းဖိုးချန်ထားတဲ့ ပိုက်ဆံငါးထောင်ကိုပါ အဖေဖြစ်သူက ယူပြီး အရက်ဆိုင် ထွက်သွားလေပြီ။ ဒီနေ့ ဟင်းကို ဘယ်ကနေဘယ်လို ရှာချက်ရမှာလဲ။ ရန်ပွဲတိုင်း ဝင်ပါတတ်တဲ့ အစ်ကိုလုပ်သူက ဟင်းတွေမကောင်းရင် အပြစ်ပြောသေးတာ သူ့အကြိုက်တွေ မလုပ်ထားရင် ဟင်းပန်းကန်တွေကို ပစ်ခွဲသေးတာ ဒါတွေအပြင် ခက်သေးတာက ညကတည်းက ပြန်မရောက်လာသေးတဲ့ မောင်ဖြစ်သူကိုလည်း ထွက်ရှာရဦးမည်။
?????
”ကြွေရေ နင် ကြားပြီးပြီလား”
”ဘာလဲ သက်ထား”
”ငါတို့ကျောင်းမှာ ဒီနေ့ကျန်းမာရေးမှူး လာမှာ”
”အင်း ငါလည်း ကြားလိုက်တယ် ဘာဖြစ်လို့လဲ ”
”ဆရာဝန်ကချောချောလေး ဟီး နင်သိလား”
”ဘယ်ဆရာဝန်လဲ သက်ထားရယ် ”
”ဟိုလေ ကိုနေ့သစ်ဆိုလား”
”ဟင် ကိုနေ့သစ်လာမှာလား”
”ဟုတ်တယ်”
”သတင်းတွေသဲ့သဲ့ ကြားနေတာ အမှန်တွေဟုတ်ရဲ့လား ကြွေ”
”ဘာကိုလဲ ”
”ကိုနေ့သစ်က နင့်ကို ကြိုက်နေတာဆို”
”အာ မဟုတ်တာ သက်ထားရယ်”
”မညာပါနဲ့တော့ ကြွေရယ် ငါတို့လည်း သတင်းကြားနေရပါတယ်၊ နင်က လက်မခံသေးဘူးဆို ”
”အင်း ဟုတ်တယ်”
”ဘာကြောင့်လဲ သူ့လို အရာရာပြည့်စုံနေတဲ့ လူတစ်ယောက်ကို နင်က ဘာလို့ ငြင်းနေတာလဲ ကြွေ”
ကျောင်းသားတွေရဲ့စာအုပ်မှာ အမှတ်တွေ ခြစ်ပေးနေရင်း ခဏရပ်လိုက်ကာ တစ်နေရာရာသို့ အကြောင်းမဲ့ ငေးကြည့်လိုက်ပြီး ..
”အဲဒီအချက်ကြောင့်ပဲ သက်ထား ငါ သူ့ကို လက်မခံနိုင်တာ အဲဒီအချက်ကြောင့်ပဲ”
”ဘယ်လို ကြွေ ငါနားလည်အောင် ပြောစမ်းပါ၊ မိန်းကလေးတွေက အရာရာပြည့်စုံတဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်ချင်ကြတာချည်းပဲလေ၊ နင်ကမှ ဘယ်လိုဖြစ်တာလဲ”
” ငါသာ သူ့ကို ယူလိုက်ရင် ငါ့ဘက်က တန်တယ်လို့ နင်ထင်တယ်မလား၊ အဲဒီအထင်ကြီးကို ငါက မုန်းတာ၊ ငါက ဘာတခုမှ မပြည့်စုံတဲ့ မိန်းမတစ်ယောက်လေ သူ့လို ပြီးပြည့်စုံတဲ့လူတစ်ယောက်က အနစ်နာခံပြီး ယူလိုက်ရပါတယ်ဆိုတဲ့ စကားလုံးကို မုန်းလို့”
”ကြွေရယ် ”
”ငါတို့ဘဝက ခါးပါတယ် ဒီနေ့ဒီအချိန်အထိတော့ ငါ သူ့ကို မစဉ်းစားနိုင်သေးဘူး၊ ဒါပေမဲ့ ငါတို့အိမ် အခြေအနေကို နင်လည်း သိတာပဲလေ”
” ဒါဆို တစ်နေ့နေ့မှာ သူ့ကို လက်ခံနိုင်လောက်တယ်လို့ ပြောချင်တာလား”
”ကံတရားပေါ့ သက်ထား၊ ငါ့မှာ ရွေးချယ်စရာတွေ ရှိနေခဲ့ရင် ငါ ဒီလမ်းကို လျှောက်မိမှာမဟုတ်ဘူး၊ တကယ်လို့ လမ်းဆုံးသွားပြီဆိုရင်တော့ ငါ သူ့ကို လက်ခံမိချင် လက်ခံလောက်တယ်”
”ကြွေရယ် ဒါဆို နင် သူ့ကို နည်းနည်းလေးမှ သဘောမကျဘူးလား”
”ဟင့်အင်း ငါသူ့ကို မချစ်ဘူး သက်ထား၊ ဒါကြောင့် ငါ ငြင်းနေတာ၊ ငါ မချစ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ လက်ကို ဆွဲပြီး အိမ်ထောင်ဆိုတဲ့ ခရီးရှည်ကြီးကို ငါ မလျှောက်ချင်ဘူး ”
ပြတ်ပြတ်သားသား ယတိပြတ် ဖြေလာတဲ့သူငယ်ချင်းမလေးရဲ့ အဖြေကို ရင်မောရုံသာ တတ်နိုင်ပါတော့သည်။
????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)