နတ်ဘုရားရဲ့သားရဲငယ် - Part 18
“မီမီ…မင်းလိုအပ်ရင်သူတို့ကိုအမိန့်ပေးနိုင်တယ်”
“ကျေးဇူးတင်ပါတယ်”
သူတို့စကားပြောနေကြသည်ကိုယွဲ့မိနားထောင်ရင်းပြုံးလိုက်သည်…ထိုအပြုံးတွင်ကောက်ကျစ်မှုတွေကပေါ်လွင်နေသည်….
“ထျန်းချီ…ကျမပိုင်ယွန်းမီကိုတွေ့ခဲ့တယ်…ရှင်ယုံမလားမသိပေမဲ့…သူမိစ္ဆာစစ်တပ်တစ်ခုကိုအမိန့်ပေးနေတာတွေ့ခဲ့တယ်”
“မိစ္ဆာစစ်တပ်…ယွဲ့မိ…သေချာရဲ့လား”
“အဟင်း…ရှင်ကိုယ်တိုင်မေးကြည့်ရင်ကောင်းမယ်”
သူလည်းတိတ်ဆိတ်နေလိုက်ပြီးလက္ဘရည်ခွက်ကိုကိုင်ကာ….မော့သောက်လိုက်သည်….
“အရှင်…အရှင့်တွက်လက္ဘရည်ပါ…သုံးဆောင်ကြည့်ပါအုံး”
“ထားလိုက်ပါ…ဒီမှာယွဲ့မိပေးတာအရင်သောက်အုံးမယ်”
“ဟုတ်ကဲ့”
သူမလည်းလက္ဘရည်အိုးကိုချထားပြီးလှည့်ထွက်သွားဖို့ပြင်လိုက်သည်….
“ရပ်လိုက်”
သူမခြေလှမ်းတွေရပ်တန့်သွားခဲ့သည်….
“အရှင်…ဘာများလဲ”
“မင်းဒီနေ့ဘယ်သွားခဲ့လဲ”
“ဟမ်”
“မေးနေတာကိုဖြေ”
“ကျမ…ကျမ”
“မိစ္ဆာစစ်တပ်ရဲ့ခေါင်းဆောင်”
“အရှင်…အထင်မလွဲပါနဲ့…ဒါက”
“မလိုဘူး…တကယ်လို့ဒါကအထင်လွဲတယ်ဆိုရင်တောင်…မိစ္ဆာစစ်တပ်ကိုအသုံးပြုဖို့မင်းမှာအခွင့်အရေးမရှိဘူး”
“အရှင်”
“သွားတော့…နောက်ထပ်အမှားမလုပ်မိစေနဲ့”
သူမလည်းအံကြိတ်ကာထွက်လာခဲ့သည်….
ထျန်းချီလည်းသူမထားခဲ့သောလက္ဘရည်ကိုငှဲ့သောက်လိုက်သည်…သောက်ပြီးပြီးချင်းမှာပဲသူ့ရင်တွေပူလောင်လာပြီးအသက်ရှုကျပ်လာသည်…
“အဟွတ်.. အား”
“ထျန်းချီ…ရှင်ဘယ်လိုဖြစ်တာလဲ…ဒါ.. ဒါအဆိပ်မိတာပဲ…သွားပြီ…ပိုင်ယွန်းမီရှင့်ကိုအဆိပ်ခတ်လိုက်တာပဲ”
“ယွဲ့မိ…ငါ…”
သူစကားပင်ဆုံးအောင်မပြောနိုင်ဘဲထိုင်နေရာမှအောက်သို့လဲကျသွား၏…
“ထျန်းချီ…ထျန်းထျီ”
⚜️⚜️⚜️⚜️⚜️
“ပိုင်ယွန်းမီ…နင်ဘာလို့ထျန်းချီကိုအဆိပ်ခတ်ရဲရတာလဲ…နတ်မင်းကိုလုပ်ကြံတာပြစ်မှုကြီးနော်”
“ငါမလုပ်ဘူး”
“ပိုင်ယွန်းမီ…နင်ကငြင်းရဲသေးတယ်ပေါ့…ဒီဆေးကနင့်နေရာကတွေ့ခဲ့တာလေ”
ယွဲ့မိကဆေးဗူးအားကိုင်မြောက်ကာပြောလိုက်သည်….
“အဲ့ဆေးကငါ့ဟာ…ဒါပေမဲ့ငါနတ်မင်းကိုအဆိပ်မခတ်ခဲ့ဘူး”
“ဒါဆိုမင်းဒီဆေးကိုရောသုံးခဲ့လား”
“ငါသုံးခဲ့တယ်…ဒါပေမဲ့ဒါကအဆိပ်မဟုတ်ဘူး”
“ပိုင်ယွန်းမီ…မင်းကအဆိပ်မခတ်ဘူးလည်းပြောတယ်ဆေးကိုလည်းအသုံးပြုခဲ့တယ်…ဧကန္တမင်းရဲ့မျက်လုံးထဲမှာလောကပါလနတ်သမီးကကစားစရာမှတ်နေတာလား”
“နတ်သမီး…ကျမအဲ့သဘောမျိုးမဟုတ်ပါဘူး”
“နတ်သမီး…ဟုန်ရိလျှောက်တင်ပါရစေ”
“ပြောပါ”
“နတ်မင်းမိတဲ့အဆိပ်ကမီးသစ်ခွအဆိပ်ပါ”
“ဘာ…ဒါ…ပန်းတိုင်းပြည်မှာပဲရှိတာမလားဖြေဆေးကလည်းပန်းတိုင်းပြည်မှာပဲ”
သူမတွေးတောရင်းစဥ်းစားရခက်သွား၏….
“ရှန့်ကူ…ပိုင်ယွန်းမီကိုအပြစ်ပေးတာထက်ထျန်းချီကိုအဆိပ်ဖြေဖို့ကပိုအရေးကြီးတယ်ငါတို့ဖြေဆေးရှာရအောင်”
“ယွဲ့မိပြောတာမှန်တယ်…ဟုန်ရိ…ပိုင်ယွန်းမီကိုစောင့်ကြည့်ထား”
“ဟမ်…နတ်သမီး”
ဟုန်ရိလည်းခေါင်းကုတ်ကာကျန်နေခဲ့သည်…
“ဟုန်ရိ…ဟုန်ရိ…ငါ့ကိုလွှတ်ပေး…ဖြေဆေးကပန်းတိုင်းပြည်မှာရှိတယ်”
“ယွန်းမီ…နင်ငါ့ကိုအခတ်တွေ့အောင်မလုပ်ပါနဲ့…နင်မလုပ်တာငါယုံပါတယ်…ဒါပေမဲ့သက်သေတွေကနင်လုပ်သလိုဖော်ပြနေတာ”
“ဟုန်ရိ…တကယ်တော့ထျန်းချီကိုတိုက်တဲ့ဆေးကစိတ်ဖိစီးမှုကိုလျော့ကျစေတဲ့စေ…ရွှမ်ယီးကငါ့အတွက်ပေးတာ…တကယ်လို့အဲ့ဆေးကအဆိပ်ဆိုရင်ရွှမ်ယီးငါ့ကိုပေးမှာမဟုတ်ဘူး”
“ယွန်းမီ…ငါ ..”
“အရေးကြီးတာထျန်းချီကိုကယ်ဖို့ပဲ…ငါ့ကိုလွှတ်ပေးငါဖြေဆေးသွားယူခဲ့မယ်…ထျန်းချီမိတဲ့အဆိပ်ကပန်းတိုင်းပြည်နဲ့သေချာပေါက်ပတ်သက်နေလိမ့်မယ်”
“ယွန်းမီ…ဒါပေမဲ့နတ်မင်းနဲ့အနီးဆုံးနေတာကနင်နဲ့ယွဲ့မိနတ်သမီးပဲရှိတာလေ”
“ဟုတ်တယ်…ပန်းတိုင်းပြည်ကိုသွားရင်အဖြေတစ်ခုတော့ရမယ်”
“ကောင်းပြီ…ဒါဆိုနင်မြန်မြန်ပြန်ခဲ့နော်”
“အင်း”
သူမကိုဟုန်ရိကလွှတ်ပေးလိုက်တော့ထျက်ချင်းပန်းတိုင်းပြည်ကိုလာခဲ့သည်….
“ဟားဟား…အခုတော့ပိုင်ယွန်းမီကချောင်ပိတ်မိပြီပေါ့…ဟင်းဟင်း ..ယွဲ့မိရဲ့မူလစွမ်းအားကအသုံးဝင်သားပဲ”
ရင်းဖန်ကသူ့ကိုယ်သူစိတ်ကျေနပ်သလိုကြည့်ရင်းပြုံးလိုက်၏….
“ပိုင်ယွန်းမီ….အဆိပ်လည်းငါပဲခတ်သလိုဖြေဆေးလည်းငါပဲဖြေပေးမယ်…ဟင်းဟင်း”
သူမချောင်းကြည့်ရင်းဒေါသထွက်သွားသည်…
“ရင်းဖန်…လက်စသတ်တော့နင်ကိုး…ငါထင်သားပဲ…ယွဲ့မိပေါ်လာကတည်းကတစ်ခုခုမှားနေတာကို”
“နင်တောင်ရောက်ပြန်ပြီ…ဟုန်ရိကသေချာမကြည့်ဘူးပဲ…ပိုင်ယွန်းမီ…နင်ငါ့ကိုအခုမယှဥ်နိုင်ပါဘူး”
“ဟုတ်လား…ကြည့်ရသေးတာပေါ့”
သူမကမြစိမ်းရောင်လေးကိုထုတ်ကာချက်ချင်းသူ့အားပစ်လိုက်၏…
“အား…”
“မယှဥ်နိုင်တာငါမဟုတ်ဘူး…နင်”
“ဟားဟားဟားဟား….ပိုင်ယွန်းမီ…နင်မှားသွားပြီငါကအခုယွဲ့မိ…ပြီးတော့ဖြေဆေးကငါ့ဆီမှာ…ဟားဟားဟားဟား”
သူမကဒဏ်ရာနဲ့အတူပျောက်သွား၏….
“နင်ကပြေးချင်တယ်ပေါ့”
သူမလည်းရင်းဖန်အနောက်လိုက်ခဲ့သည်..
နတ်ပြည်ပြန်ရောက်တော့သူမကရင်းဖန်အားလှမ်းဆွဲထားပြီးလက်ဝါးဖြင့်ရိုက်ချလိုက်၏…
“အား…!
“ရပ်စမ်း…ပိုင်ဟွန်းမီ”
“ဝုန်း”
“အင့်”
ရှန့်ကူကချက်ခြင်းရောက်လာပြီးသူမအားကျောကိုတွန်းပစ်လိုက်၏…
“အတင်ရဲလိုက်တာ…နင်ကများယွဲ့မိကိုလုပ်ကြံချင်သေးတယ်”
“ရှန့်ကူ.. ငါမဟုတ်”
“တိတ်စမ်း…ဟုန်ရိမင်းကိုလွှတ်ပေးတာလား”
အမှန်တိုင်းပြောရင်တော့ဟုန်ရိအပြစ်ပေးခံမှန်းသူမသိနေသည်…
“မဟုတ်ဘူး…ငါ့ဘာသာထွက်လာတာ”
“နင်တော်တော်အတင်ရဲတာပဲ”
“ရှန့်ကူအမှန်ကိုမြင်စမ်း…နင့်ဘေးကသူကယွဲ့မိမဟုတ်ဘူး”
“ဟွန့်…နင်ကများ”
“ရှန့်ကူငါဖြေဆေးပါလာတယ်…ဖြေဆေးပါမှန်းသိလို့သူငါ့ကိုတိုက်ခိုက်တာကံကောင်းလို့နင်ရောက်လာခို့သာ…မဟုတ်ရင်သူငါ့ကိုသတ်ပြီးနေလောက်ပြီ”
“ယွဲ့မိ…နင်သွားပါ…ထျန်းချီကိုသွားကယ်”
“အင်း”
“နင်မသွားနဲ့”
သူမတားဖို့လုပ်ပေမဲ့ရှန့်ကူရဲ့ချုပ်နှောင်မှုကိုခံခဲ့ရတော့သည်….
⚜️⚜️⚜️⚜️⚜️
အပြစ်ပေးခန်းဆောက်တွင်သူမအားချုပ်နှောင်ထားပြီးမိုးကြိုးပြစ်ဒဏ်နဲ့အတူအမှန်တရားနတ်မင်းလေးပါးရဲ့ဖိနှိပ်မှုစွမ်းအင်ကိုသူမခံစားရပေတော့မည်….
“ဂျိမ်း…ဂျိမ်း”
မိုးခြိမ်းသံနဲ့အတူမိုးကြိုးများကသူမထံရိုက်ခတ်လာသည်…ထို့အတူအဖြူရောင်အလင်းတန်းကြီးကလည်းသူမအားဖိနှိမ့်လိုက်ကြပြန်သည်…
“အား….အား…”
“ယွန်းမီ…မဖြစ်ဘူးငါရွှမ်ယီးကိုအကြောင်းကြားရမယ်…မဟုတ်ရင်ယွန်းမီသေလိမ့်မယ်…အခုသူမကိုကယ်တင်ပေးနိုင်တာရွှမ်ယီးပဲရှိမယ်”
ဟုန်ရိကတစ်ခြားသူများမသိခင်ရွှမ်ယီးဆီကိုစာလွှာပို့လိုက်သည်…
“ဂျိမ်း….ဝေါ…”
“အား!အဟွတ်”
သူမပါးစပ်နဲ့နှာခေါင်းထဲမှသွေးများစီးကျလာပြီးမိုးကြိုးရိုက်ချက်ကြောင့်သူမကျောပြင်မှာသွေးများချင်းချင်းရဲနေ၏….
“ငါ…ပြောမယ်…သူမကယွဲ့မိမဟုတ်ဘူး…”
“ဂျိမ်း!
“အား…ထျန်းချီ…သူကရှင်ချစ်တဲ့ယွဲ့မိမဟုတ်ဘူး”
အခက်အခဲကြားမှသူမအားယူပြောလိုက်ပေမဲ့အရာမဝင်ပေ….
“ပိုင်ယွန်းမီ…မင်းကများယွဲ့မိကိုပြောရဲသေးတာလား”
ထျန်းချီလက်တစ်ဖက်ကခရမ်းရောင်ကြာပွတ်ကိုရိုက်ချလိုက်ပြန်သည်…
“အား!
ဒီအခါမှာတော့သူမအသံကစူးစူးဝါးဝါးဖြစ်သွား၏….ခရမ်းရောင်ကြာပွတ်ကသူမဗိုက်ကိုထိခိုက်သွားပြီးသန္ဓေသားပျက်စီးသွားတော့သည်…
“ယွန်းမီ”
ဟုန်ရိမျက်လုံးများပြာဝေသွားပြီးထျန်းချီအားမယုံကြည်နိုင်လောက်အောင်အံ့သြသွား၏…
“ဂျိမ်း”
“ယား”
“ဟုန်ရိ”
“ဟုန်ရိ…နင်ဘာလုပ်တာလဲ”
“ငါ…ငါ့သူငယ်ချင်းကိုအသေမခံနိုင်ဘူး”
သူမအားပေးသောအပြစ်ဒဏ်ကိုဟုန်ရိကသူ့အစွမ်းဖြင့်ကာရံပေးလိုက်သည်…
“ဟုန်ရိ…နင့်မူလစွမ်းအားပျက်စီးပြီးသေချင်လို့လား…ထွက်သွား…ထွက်သွားနင်ငါ့အတွက်အခုလိုလုပ်စရာမလိုဘူး”
“ယွန်းမီ…ငါမသွားဘူး…ခဏနေရင်ရွှမ်ယီးလာလိမ့်မယ်…နင်အခုဒဏ်ရာပြင်းထန်နေပြီ”
“အား…”
“ဟုန်းရိ…မလုပ်ပါနဲ့…မလုပ်နဲ့”
“အား….”
သူမအားကာကွယ်ရင်းဟုန်းရိကတဖြေးဖြေးအရောင်မှိန်လာသည်…
“ယွန်းမီ…ငါမရတော့ဘူး”
“ဟုန်ရိ…ဟုန်ရိ…အဟင့်ဟင့်…”
လဲကျသွားသောဟုန်ရိအားသူမပွေ့ထားပြီးနောက်ထပ်မိုးကြိုးရိုက်ချက်ကိုမျက်လုံးစုံမှိတ်ကာနေလိုက်သည်…
“ဝုန်း”
“အား…အင့်”
အတားအစီးကကျိုးပျက်သွားသည်…
“မီမီ”
“ရွှမ်ယီး”
ရွှမ်ယီးကချက်ချင်းသူမအနားရောက်လာပြီးလက်ကိုဝေ့ယမ်းပစ်လိုက်သည်…မိုးကြိုးတွေလည်းရပ်သွားသလိုအမှန်တရားနတ်မင်းတွေရဲ့ဖိနှိပ်မှုဟာလည်းပျက်ပြယ်သွား၏…
“မီမီ…လာခဲ့”
ရွှမ်ယီးကချက်ချင်းပဲသူမနဲ့ဟုန်ရိအားခေါ်ကာပျောက်သွား၏….
⚜️⚜️⚜️⚜️⚜️
“ရွှမ်ယီး…ဟုန်ရိကိုကယ်ပေးပါ…ဟုန်ရိကိုကယ်ပေးမယ်လို့ကတိပေးပါ”
အိပ်ယာထဲလဲနေရင်းသူ့အားအတန်တန်မှာနေ၏…
“မီမီ…သူများကယ်ဖို့မပြောနဲ့နင့်ကိုနင်ကြည့်အုံး”
“ကျမ…ကျမကလေး…ကျမကလေးမရှိတော့ဘူး…အဟင့်ဟင့်”
ရွှမ်ယီးကသူမရဲ့နညကျင်မှုကိုသူ့အစွမ်းဖြင့်ထိန်းပေးလိုက်သည်…
“ရွှမ်ယီး…ရှင်ပြောကြည့်…ထျန်းချီကဘာလို့များကျမကံကြမ္မာကိုမပြောင်းလဲနိုင်ဘူးလို့ထင်ရတာလဲ”
“မီမီ…စကားတွေမပြောနဲ့မင်းဒဏ်ရာသက်သာအောင်အစွမ်းတွေပေးထားတယ်ငြိမ်ငြိမ်လေးအိပ်လိုက်နော်”
သူမမျက်လုံးများလည်းမှေးစင်းလာပြီးအိပ်ပျော်သွား၏…
သူမနိုးလာတော့နာကျင်မှုတွေကအတော်လေးသက်သာသွားပြီဖြစ်သည်…သူမရဲ့ခြေလှမ်းတွေကအိပ်ယာမှထကာအပြင်ဘက်ထွက်ခဲ့သည် ….
ကျောက်ဖျာပေါ်တွင်အေးခဲနေသောရေခဲမှန်ဘောင်တွင်ဟုန်ရိရဲ့ပျက်သုန်းခါနီးခန္ဓာကိုယ်ကမမှိန်မသုန်နဲ့အရောင်လွင့်နေ၏…သူမအနားကိုသွားကာဟုန်ရိရဲ့မျက်နှာကိုအသာကိုင်လိုက်သည်….
“ဟုန်ရိ…ငါသေချာပေါက်နင့်ကိုကယ်မယ်”
“ဆရာ”
“နတ်သမီး”
သူမဟုန်ရိကိုကြည့်နေစဥ်ချန်ချန်းနဲ့ယွီမော့ရောက်လာသည်….
“ချန်ချန်း…ငါကနတ်သမီးမဟုတ်တော့ဘူး…နတ်ပြည်ရဲ့အပြစ်သားတစ်ယောက်…ဟွန့်…နတ်သမီးဖြစ်ရတာဘာကောင်းလို့လဲ…နတ်ပြည်ရဲ့လိုအင်တွေကိုပဲဖြည့်ဆည်းပေးပြီးငါ့အတွက်တော့နာကျင်စရာတွေပဲ…ငါပြန်တောင်းမယ်”
“ဆရာ…ဆရာ့ရဲ့သူငယ်ချင်းကိုကယ်ဖို့ပစ္စည်းတစ်မျိုးပဲလိုတာ…ဒါပေမဲ့…ဒါက”
“ပြောပါ…ဘာပစ္စည်းလဲ”
“နတ်ပြည်ကလမ်းပြငှက်မွှေး…ဆရာ…ဆရာကန်တပြည်ရဲ့အပြစ်သားလေ…လမ်းပြငှက်မွှေးရယူဖို့မဖြစ်နိုင်ဘူး”
“ငါသွားမယ်”
“မရဘူး…ဆရာ…လောကအရှင်ကဆရာ့ကိုဘယ်မှမသွားဖို့မှာထားတယ်”
သူမကဘာစကားမှမပြောပဲထွက်သွား၏….
“ဆရာ…ဆရာ”
သူခေါ်ပေမဲ့လည်းသူမကပြန်မကြည့်တော့ပေ…
နတ်ပြည်တံခါးဝတွင်ရပ်ကာသူမရဲ့နှုတ်ခမ်းတွေကတွန့်ကွေးစွာပြုံးလိုက်သည်…ဖြူစွတ်နေသောနှုတ်ခမ်းအစုံကခြောက်ကပ်ကပ်ဖြစ်နေပေမဲ့သူမလမ်းပြငှက်မွှေးကိုရယူရမည်…
“ဟုန်ရိ…ငါသေချာပေါက်နင့်ကိုကယ်မယ်”
ဝတ်ပြုခန်းဆောင်တွင်သူမအကြောင်းကိုဆွေးနွေးနေကြသည်ကိုကြားလိုက်သည်….
“နတ်သမီး…ပိုင်ယွန်းမီကနတ်ပြည်ကိုပုန်ကန်ဖို့ပြင်ဆင်နေတာကိုလွှတ်မထားသင့်ပါဘူး”
“ဟုတ်တယ်…နတ်ပြည်ပျက်စီးရင်အရင်ကလိုသုံးလောကကမောက်ကမဖြစ်ကုန်မှာပါ”
“သူမကိုသတ်…သူမကိုသတ်”
ကျင်ကျန့်နဲ့ဖုန့်ရန်ကမနေသာပဲဝင်ပြောလိုက်ကြသည်….
“နတ်သမီး…ယွန်းမီကနတ်ပြည်ကိုအကျိုးပြု ခဲ့တာပဲသူမကိုအသက်ချမ်းသာပေးပါ”
“ဖုန့်ရန်ပြောတာဟုတ်ပါတယ်နတ်သမီး…ကျင်ကျောင်းကြောင့်ပရမ်းပတာဖြစ်ဖို့အရေးကိုသူကအသက်နဲ့ရင်းပြီးကာကွယ်ခဲ့တာပါ…ပြန်စဥ်းစားပေးပါ”
“ငါ့အတွက်သနားစရာခံစရာမလိုဘူး”
တည်ငြိမ်သောအသံဖြင့်ဝင်လာသောသူမကြောင့်အားလုံးမျက်လုံးပြူးသွား၏….
“မိစ္ဆာမ…နင်လာရဲသေးလား”
“ငါကဘာလို့မလာရဲရမှာလဲရင်းဖန်”
ယွဲ့မိအားရင်းဖန်ဟုခေါ်လိုက်သောကြောင့်အားလုံးအကြည့်ကယွဲ့မိထံရောက်လာသည်….
“ပိုင်ယွန်းမီ….မင်းဘယ်လိုတောင်နတ်ပြည်မှာလာရိုင်းဆိုင်ရတာလဲ”
“ထျန်းချီ…ရှင်က…သူခိုးကိုသူဌေးထင်နေတာပဲ…ဟွန့်…ငါအခုလမ်းပြငှက်မွှေးလာယူတာ”
“ဘာ!…ပိုင်ယွန်းမီနင်ကများရာရာစစ”
“အခုပေးစမ်း”
သူမကလက်ကိုဆန့်ထုတ်လိုက်ပြီးရှန့်ကူကိုယ်ထဲကလမ်းပြငှက်မွှေးကိုဆွဲယူလိုက်သည်….
“သူမကိုဖမ်း”
အားလုံးကသူမအားဝိုင်းလိုက်ကြသည်…
ရပ်ပြီးဘာပြောရမှန်းမသိဘဲအခက်တွေ့နေသူကဖုန့်ရန်နဲ့ကျင်ကျန့်ပါ…
“ငါသေရင်တောင်လမ်းပြငှက်မွှေးကိုရအောင်ယူမယ်”
“ဝီး…ဝီး”
သူမအားတိုက်ခိုက်လာသည်ကိုအသာရှောင်တိမ်းရင်းပြန်လည်ခုခံတိုက်ခိုက်ပေမဲ့စွမ်းအားနည်းနေသည့်အပြင်အမှန်တရားနတ်မင်းတွေနဲ့သူမမယှဥ်နိုင်ပါ….
“ပိုင်ယွန်းမီ…အေးအေးဆေးဆေးအဖမ်းခံလိုက်…မဟုတ်ရင်ငါမင်းကိုသတ်မိလိမ့်မယ်”
“ထျန်းချီ…ရှင်ကမေတ္တာမဲ့သူပဲသစ္စာမရှိဘူး…ကျမကရှင့်ရဲ့သားရဲအနေနဲ့ပဲနေသွားချင်ခဲ့တာ…ဒါပေမဲ့ရှင်ကကျမတို့ရဲ့ကလေးကိုတောင်ရက်စက်ခဲ့တယ်…ဟုန်ရိကိုလည်းထိခိုက်စေတယ်…အခုကျမအချစ်တွေရှင့်အပေါ်မှာပျက်သုန်းသွားပြီ…ရှင်သတ်မယ်ဆိုရင်တောင်ကျမခံစားနေမှာမဟုတ်ဘူး”
“ခေါင်းမာလိုက်တာ”
သူတို့ကဖိနှိပ့်စွမ်းအားကိုအသုံးပြုကာသူမအားဖိနှိမ်လိုက်ကြသည်…
“အား!….
သူမနာကျင်လွန်းလို့အော်ဟစ်လိုက်ပေမဲ့လမ်းပြငှက်မွှေးကတော့လက်ကမလွှတ်ပေ….
“မီမီ”
“ရွှမ်ယီး”
ဖိနှိမ်စွမ်းအားကိုရွှမ်ယီးကဝင်ပြီးကာလိုက်ပြန်သည်…
“မီမီ…နင်ဘာလို့ရူးရတာလဲ…မင်းပြန်ကောင်းဖို့လိုသေးတယ်”
“ပိုင်ယွန်းမီ…အပေါင်းအပါတွေပါခေါ်ခဲ့တာပဲ”
“အဲ့တော့ဘာဖြစ်လဲ…ဒီနေ့ငါနတ်ပြည်ကိုတိုက်စစ်ဆင်ပြီပဲ”
သူ့စကားအဆုံးတွင်အနက်ရောင်စစ်သည်များပေါ်လာပြီးနတ်ပြည်နဲ့တိုက်ပွဲများဖြစ်ကုန်ကြသည်…
“ရွှမ်ယီး…ရှင်ဘာလုပ်နေတာလဲ”
“မီမီ…ငါမင်းကိုနာကျင်ဖို့ထပ်ပြီးခွင့်မပြုနိုင်ဘူး…နတ်ပြည်ကိုဖျက်စီးပြီးနတ်မင်းတွေကိုမင်းရဲ့ကျွန်လုပ်ခိုင်းမယ်”
“ရွှမ်ယီး…အပြောကြီးလိုက်တာ”
ပိုင်ကျွယ်ကထိုက်ချန်လှံကိုအားပိုပြီးအသုံးပြုလိုက်တော့သည်….
“အင့်…ယား”
ဖိနှိမ်အားကတဖြေးဖြေးအားကောင်းလာပြီးရွှမ်ယီးလက်များတစ်ဆက်ဆက်တုန်လာသည်…ပါးစပ်မှသွေးများစီးကျလာပြန်သည်…
“ရွှမ်ယီး…ရှင်ထွက်သွားပါတော့…လမ်းပြငှက်မွှေးကိုယူသွားပြီးဟုန်ရိကိုကယ်တင်ပါ”
“မဟုတ်ဘူးမီမီ…ငါ့ရဲ့စွမ်းအားအရင်းအမြစ်ကမင်းဆီမှာရှိတုန်းပဲ…အခုငါ့စစ်သည်တွေလည်းကျဆုံးကုန်ပြီ…မီမီနတ်ပြည်ကငရဲပြည်ထက်မာယာများတယ်…အခုငါ့ရဲ့စွမ်းအားတွေကိုယူပြီးဟုန်ရိကိုကယ်ပါ”
သူကသူ့ရဲ့စွမ်းအားအကုန်ကိုသူမဆီလွဲပြောင်းလိုက်သည်….
“ရွှမ်ယီး…မလုပ်နဲ့…မလုပ်နဲ့…ရှင်ကျမကိုစွမ်းအားတွေထပ်မပေးပါနဲ့တော့….အဟင့်ဟင့်…ရှင်ဘယ်တော့မှဝင်စားလို့မရနိုင်ဘဲဖြစ်လိမ့်မယ်…ရွှမ်ယီး”
သူမပြောနေပေမဲ့ရွှမ်ယီးကပြုံးကာသူမမျက်နှာကိုအသာကိုင်ရင်း…
“မီမီ…ကိုယ်ကျေနပ်တယ်…ဒီဘဝမင်းနဲ့တွေ့ရတာနဲ့တင်ကျေနပ်တယ်…ကိုယ်အရင်ကမကောင်းတာလုပ်ခဲ့တယ်…မီမီ…မင်းနတ်ပြည်ကိုမကပ်တွယ်ပါနဲ့တော့….မိစ္ဆာစစ်တပ်ကိုဦးဆောင်ပြီးမင်းမှန်တယ်ထင်တာကိုပဲလုပ်ပါ”
“ရွှမ်ယီး…ရှင်ကျမကိုဒီလိုထားခဲ့လို့မရဘူးလေ”
“မီမီ…ကိုမင်းကိုချစ်တယ်…ကိုယ့်ကိုပြန်ချစ်နိုင်မလား”
သူမဘာပြောရမှန်းမသိပဲဝမ်းနည်းစွာရွှမ်ယီးကိုပဲကြည့်နေမိသည်….သူကတော့တဖြေးဖြေးပျောက်ကွယ်လာပြီးအနက်ရောင်အခိုးအငွေ့များကသူမကိုယ်ထဲဝင်သွားတော့သည်….
“ရွှမ်ယီး….အဟင့်ဟင့်…ရွှမ်ယီး”
သူမနာနာကျင်ကျင်အော်ဟစ်လိုက်ပြီး…သူမလက်ကိုဆန့်ထုတ်ပစ်လိုက်သည်….
“ငါက…ငါ့ရဲ့ဘဝတစ်လျှောက်လုံးဟုန်ရိကိုကယ်ပြီးရင်နတ်ပြည်နဲ့မပတ်သက်ပဲအေးချမ်းစွာရွှမ်ယီးနဲ့အတူတူငရဲပြည်မှာပဲနေမယ်လို့တွေးခဲ့တာ…အခုတော့…ဟွန့်…ရွှမ်ယီးလည်းမရှိတော့ဘူး…ရွှမ်ယီးရဲ့နတ်ပြည်ကိုဖျက်စီးချင်တဲ့စိတ်ကိုငါသိလိုက်ရပြီ…သူ့ဆန္ဒကိုငါဖြစ်မြောက်အောင်လုပ်ပေးရမှာပေါ့”
“အား….”
“ဝုန်း”
ဖိနှိမ်စွမ်းအားကပျက်စီးသွားပြီးနတ်မင်းလေးပါးစလုံးဒဏ်ရာရကုန်၏….
“ပိုင်ယွန်းမီ…မင်း”
“ဟင်းဟင်း…အခုတော့ဘာမှမလုပ်သေးဘူးဟုန်ရိအသက်ကအရေးကြီးလို့….ငါကြေညာမယ်…ဟုန်ရိကိုကယ်ပြီးတာနဲ့…ငါ…လောကအရှင်ပိုင်ယွန်းမီမီနတ်ပြည်ကိုစစ်ခင်းမယ်”
“ပိုင်ယွန်းမီ…အရူးထနေတာရပ်တော့…သုံးလောကပျက်စီးအောင်မင်းလုပ်နေတာပဲ”
“ဟုတ်တယ်ဟေ့…ငါကအားလုံးကိုဖျက်စီးတော့မှာ…ထျန်းချီရှင်ကကံကြမ္မာကိုယုံတယ်မလား…ရှင်ယုံကြည်တဲ့ကံကြမ္မာကိုကျမဖန်တီးပေးမယ်”
“ယားဟား”
သူမကအော်ဟစ်ပြီးအစွမ်းတွေကိုထုတ်လိုက်ရာနတ်ပြည်တစ်ခုလုံးတုန်ခါသွား၏…ပြီးတော့ထိုနေရာမှပျောက်သွားတော့သည်…
“မဖြစ်တော့ဘူး…လမ်းပြငှက်မွှေးကပိုင်ယွန်းဆီပါသွားပြီ…သူသာလုပ်ချင်ရာလုပ်ပစ်ရင်အားလုံးဒုက္ခရောက်ကုန်မယ်”
“ထျန်းချီပြောတာမှန်တယ်…ပိုင်ယွန်းမီကရွှမ်ယီးရဲ့လောကပါလစွမ်းအားကိုရသွားပြီ…ပြီးတော့ကျမရဲ့လမ်းပြငှက်မွှေးနဲ့ဟုန်ရိကိုကယ်ရင်နတ်မင်းတွေရဲ့ဆင်းရဲဒုက္ခကပေါ်လာတော့မယ်”
“ဒါဆိုရင်…ရှန့်ကူ…နတ်မင်းတွေအမတွေအကုန်စုပြီးငရဲပြည်မှာလမ်းပြငှက်မွှေးကိုပြန်ယူရမယ်”
“မှန်တယ်…ပိုင်ကျွယ်ရှင်ဦးဆောင်ပြီးချက်ချင်းသွားပါ”
“ကောင်းပြီ”
“နေအုံး….ငါသွားမယ်”
“ထျန်းချီ…”
“စိတ်ချပါ…ငါစိတ်ပျော့သွားမှာမဟုတ်ဘူး…အားလုံးထက်ငါကပိုပြီးရှောင်မီ့ကိုကာကွယ်ချင်သူပါ”
“ကောင်းပြီ…ရှင်ဂရုစိုက်”
“အင်း”
ထျန်းချီလည်းချက်ချင်းထိုနေရာမှပျောက်သွားပြီးနတ်အပေါင်းနဲ့အမတတွေကိုဦးဆောင်ကာငရဲပြည်သို့သွားလိုက်သည်….
“ဟုန်ရိ…ဟုန်ရိ…ငါလာပြီ…ငါနင့်ကိုကယ်မယ်”
သူမလည်းချက်ချင်းလမ်းပြငှက်မွှေးကိုထုတ်ကာသူမအစွမ်းဖြင့်ငှက်မွှေးမှတဆင့်ဟုန်ရိအားအသက်သွင်းဖို့ပြင်လိုက်စဥ်….
“မလုပ်နဲ့…ရှောင်မီ…မလုပ်နဲ့”
“ထျန်းချီ…ရှင်တို့လိုက်လာတာအရမ်းမြန်လိုက်တာ…ငါ…ဟုန်ရိကိုမကယ်ရသေးဘူး”
“ရှောင်မီ…ရပ်လိုက်ပါအမှားတွေထပ်မလုပ်နဲ့တော့”
“ဟွန့်…ထျန်းချီ…ရှင်ကကျမနတ်ပြည်ကိုဖျက်စီးမှာကြောက်နေတာလား…ရှင်အရမ်းကြိုက်တဲ့ရှန့်ကူဘုံကိုကျမပြာဖြစ်အောင်လုပ်မှာ”
သူမနှုတ်ခမ်းကမဲ့ကာနာကျင်သောမျက်လုံးအစုံကသူ့အားစေ့စေ့ကြည့်ကာပြောလိုက်သည်….
“ရှောင်မီ…မရူးစမ်းနဲ့…မင်းဒီလိုဖြစ်လာမှာငါအရမ်းစိုး ရိမ်ခဲ့တာ…အခုတကယ်ဖြစ်လာအောင်မင်းလုပ်နေတာလား”
“ဟားဟားဟားဟား….ထျန်းချီ…ရှင်အရူးပဲကျမကဘာလို့ရှင့်ကိုယုံရမှာလဲ….ရှင်…ကျမကိုစွှန့်ပစ်ရုံတင်မကဘူး…ရှင်ကကျမရဲ့ကလေးကိုဖျက်စီးပစ်ခဲ့တာပဲ”
ဒေါသတွေမာန်တွေကြောင့်သူမစကားတွေကပို၍ခတ်ထန်နေ၏…
“ရှောင်မီ…ဒါကမင်းအတွက်ပါ”
“အဟက်…ကျမလား..ဟွန့်…ရှင်…ရှန့်ကူနဲ့ပိုင်ကျွယ်ရဲ့ကလေးကိုကျတော့ရှင့်ကလေးလိုစောင့်ရှောက်ခဲ့ပြီး…ကျမတို့ရဲ့ကလေးကိုကျတော့ဘာလို့တောင်မငဲ့ညှာရတာလဲ”
“ရှောင်မီ…ကိုယ်တောင်းပန်ပါတယ်…လမ်းပြငှက်မွှေးကိုပေးပြီးနတ်ပြည်မှာအပြစ်ကိုဝန်ခံပါ”
“ဟွန့်…ငါ…နတ်ပြည်အတွက်ပေးဆပ်တာမတန်ဘူး…ဘာလို့ငါကထပ်ပြီးအပြစ်ဝန်ခံရမှာလဲ…လမ်းပြငှက်မွှေးကိုလိုချင်လား…ငါသေမှရမယ်”
“ရှောင်မီ…ငါ့ကိုအခတ်တွေ့အောင်မလုပ်နဲ့”
“ဟုတ်လား…ဒါပေမဲ့ရှင်ကြိုတင်ပြင်ဆင်လာခဲ့တယ်မလား…ကောင်းပြီ…ငါလက်နဲ့အကုန်သတ်ပေးရတာပေါ့”
သူမကလက်ကိုဆန့်ထုတ်ကာအရင်စပြီးတိုက်လိုက်သည်
ထျန်းချီကလည်းသူမတိုက်ခိုက်မှုကိုပြန်လည်တိုက်ခိုက်ပြန်တော့သည်…
သူမကသူမအစွမ်းဖြင့်မိစ္ဆာစစ်တပ်ကိုခေါ်လိုက်ပြီးနတ်တွေနဲ့အမတတွေကိုတိုက်ခိုက်စေသည်…ထိုထဲတွင်ချန်ချန်းကဦးဆောင်နေသည်…အားလီကတော့ဟုန်ရိဘေးတွင်ရပ်ကာမထိခိုက်မိအောင်ကာကွယ်တိုက်ခိုက်နေသည်…
“အား”
“ဟင်…ယွီမော့”
“အားလီ”
သူ့လက်မောင်းကိုဓားကထိသွားပြီးသွေးများကဖြာထွက်လာသည်…ယွီမော့အားဒဏ်ရာရအောင်လုပ်သူကတစ်ခြားသူမဟုတ်ဘဲယွဲ့မိဖြစ်နေသည်….
“နင်…ငါ့အားလီကိုထိခိုက်အောင်လုပ်ရဲတယ်ပေါ့”
ချန်းချန်းကယွဲ့မိအားတိုက်ခိုက်ပြန်သည်…
“မလောက်လေးမလောက်စားနဲ့”
ယွဲ့မိရဲ့လက်တွေကအမဲရောင်မှော်စွမ်းအားတွေထွက်ပေါ်လာပြီးချန်ချန်းအားတိုက်ခိုက်ရာ…သူ့အစွမ်းကချန်ချန်းထက်ပင်သာလွန်နေသည်…
“မိစ္ဆာအတက်…နင်ကနတ်သမီးမဟုတ်ဘူးလားဘာလို့အမှောင်စွမ်းအားကနင့်မှာရှိနေရတာလဲ”
“ယွဲ့မိ…မင်း”
ဒီတော့မှယွဲ့မိသတိရသွား၏သူမအနိုင်ယူချင်ဇောနဲ့အမှောင်စွမ်းအားကိုထုတ်သုံးမိပြီးသားဖြစ်သွားသည်….
“ထျန်းချီ…ကျမ..”
“ဟွင့်…ထျန်းချီရှင်ချစ်တဲ့ယွဲ့မိကရင်းဖန်ပဲ”
ပိုင်ယွန်းမီလည်းအခွင့်ကောင်းယူကာယွဲ့မိသရုပ်မှန်ကိုပြလိုက်သည်….သူမကရုပ်ပြောင်းသွားပြီးရင်းဖန်ဖြစ်သွားသည်…
ပိုင်ယွန်းမီရင်းဖန်အားမူလရုပ်ပြောင်းနေစဥ်တွင်သူမဆီကလမ်းပြငှက်မွှေးကိုလုယူလိုက်သည်…
“ဟင်…ထျန်းချီ…ရှင်”
ချက်ချင်းဆိုသလိုထျန်းချီကဟုန်ရိဘေးရောက်သွား၏….
“ရှောင်မီ…မင်းဆက်ပြီးတိုက်ခိုက်နေရင်…ငါဟုန်ရိကိုပျောက်သွားအောင်လုပ်လိုက်တော့မယ်”
ပြောပြောဆိုဆိုထျန်းချီကဟုန်ရိအားပြာဖြစ်အောင်လုပ်လိုက်သည်….
“မဖြစ်ဘူး…ဟုန်ရိ”
သူမဟုန်ရိရဲ့ပျံ့သွားသောပြာကိုလိုက်စုစည်းလိုက်သည်….
ထျန်းချီကနောက်ထပ်ဖန်ထပ်ပြီးသူမအားကြာပွတ်ဖြင့်သူ့ကိုယ်အားရစ်ပတ်ပစ်လိုက်သည်….လွင့်ပြယ်သွားပြာတွေကိုစုနေရင်းသူမအချုပ်ခံလိုက်သဖြင့်ရထားသောဟုန်ရိပြာများလက်ထဲမှလွတ်သွားသည်….
“မဖြစ်ဘူး…မဖြစ်ဘူး”
သူမကရုန်းသော်လည်းမရတော့ပေ….နတ်မင်းလေးပါးကသူတို့ရဲ့မူလစွမ်းအားနဲ့လက်နက်တွေကိုအသုံးပြုကာသူမအားချုပ်နှောင်လိုက်ကြသည်….
“နင်တို့…နင်တို့…ရွှမ်ယီးကိုချုပ်နှောင်ခဲ့သလိုငါ့ကိုထပ်လုပ်တယ်ပေါ့…အခုဟုန်ရိလည်းလွင့်ပြယ်သွားပြီ…ရွှမ်ယီးလည်းသေပြီ…ငါ့ရဲ့ကလေးကိုလည်းနင်တို့ဖျက်စီးခဲ့ကြတယ်…နင်တို့ထပ်ပြီးနင်တို့ကိုယ်နင်တို့အမှန်တရားနတ်တွေလို့ပြောရဲသေးလား”
အမှန်တရားနတ်မင်းတွေကဘာမှမပြောတော့ပဲသူတို့ရဲ့ချုပ်နှောင်မှုပုံစံကိုသာအာရုံထားကြတော့သည်….
“ရွှမ်း”
“အင့်…အား”
“ချန်ချန်း…ယွီမော့”
ရင်းဖန်ကအမှောင်စွမ်းအားကိုသုံးကာချန်ချန်းနဲ့ယွီမော့အားသတ်ပစ်လိုက်ပြန်သည်….
“အရှင်မ…ကျမကျေနပ်တယ်”
“ဆရာ…ကျွန်တော်ဆရာအတွက်သေရတာ…ကောင်းပါတယ်”
“အားဟား….အဟင့်ဟင့်…မဟုတ်ဘူး”
သူတို့လည်းချုပ်နှောင်မှုကိုအဆုံးသတ်ကာသူမအားချိတ်ပိတ်ပစ်ခဲ့တော့သည်…
“ရင်းဖန်…နတ်ပြည်ရောက်ရင်မင်းကောင်းကောင်းဖြေရှင်းချက်ပေးရမယ်”
“နတ်မင်း”
သူမလည်းမျက်နှာပျက်သွားသည်…
⚜️⚜️⚜️⚜️⚜️
“ရင်းဖန်…မင်းကများယွဲ့မိရဲ့စွမ်းအားကိုခိုးရဲသေးတယ်ပေါ့…ငါမသိဘူးထင်နေတာလား”
“ဟင်…ဒါဆို…အားလုံးသိနေ ခဲ့တာလား”
“ရှောင်မီရဲ့ကံကြမ္မာကိုပြောင်းလဲဖို့သာမဟုတ်ရင်ငါမင်းကိုအနားထားမယ်ထင်နေတာလား”
“ရင်းဖန်…အခုမင်းကအမှောင်စွမ်အင်ကိုတောင်လေ့ကျင့်ထားသေးတယ်ငါဘယ်လိုအပြစ်ပေးရမလဲပြောပြရမလား”
“ရှန့်ကူနတ်သမီးသက်ညှာပေးပါ…တကယ်တော့ကျမပိုင်ယွန်းမီကိုမနာလိုမိတာပါ…ထျန်းချီနတ်မင်းကိုချစ်မြတ်နိုးမိလို့အခုလိုလုပ်ရတာပါ”
“ရင်းဖန်…မင်းကယွဲ့မိစွမ်းအားကိုခိုးလို့…ယွဲ့မိဖြစ်နေရင်တောင်ငါမင်းကိုမချစ်ဘူး….တကယ်တော့ရှောင်မီကပဲယွဲ့မိအစစ်အမှန်”
“နတ်မင်း….တကယ်ဆိုပိုင်ယွန်းမီရဲ့ကံကြမ္မာပြောင်းလဲရာမှရင်းဖန်ကူညီရာရောက်ခဲ့တာကိုထောက်ထားပြီး…သက်ညှာပေးပါ”
“ကောင်းပြီ…မင်းရာထူးချခံပြီးငရဲပြည်ကိုစောင့်ရမယ်…အမှောင်စွမ်းအားကိုငါဖျက်စီးလိုက်မယ်”
ရှန့်ကူကသူ့ရဲ့အမှောင်စွမ်းအားကိုဖျက်စီးပစ်လိုက်သည်….
“သွားတော့”
“ဟုတ်ကဲ့”
သူမလှည့်ထွက်လာခဲ့ရင်း…မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်….ငရဲပြည်တံခါးဝကိုကျော်ဖြတ်ဝင်လိုက်ပြီးချုပ်နှောင်ထားသောပိုင်ယွန်းမီထံလာခဲ့သည်….
“ပိုင်ယွန်းမီ…နင်ကအခုထိအသက်ရှင်နေတုန်းပဲ…နင်သေမှငါထျန်းချီနတ်မင်းကိုရမှာ”
သူမကသူမရဲ့အဆိပ်ပန်းများဖြင့်ဓားပုံစံဖန်ဆင်းလိုက်ပြီးပိုင်ယွန်းမီအားထိုးစိုက်ပစ်ခဲ့သည်….
“အား”
“နာလား…ဟွင့်…အခုဆုံးရှုံးရတဲ့အာရသာကိုသိပြီလား”
“ရင်းဖန်…အာကျယ်မနေနဲ့ငါအလစ်ဖမ်းမခံရရင်နင့်ကိုအရင်သတ်မှာ…ပြသနာအားလုံးကနင်ကစခဲ့တာ”
“မှန်တယ်…နင်အခုနင်ချစ်ရသူကချုပ်နှောင်ခံရပြီလေ…ဒါပေမဲ့နင်ကတော့ခေါင်းမာတယ်…နတ်မင်းကနင့်ကံကြမ္မာကိုပြောင်းဖို့အမျိုးမျိုးလုပ်ခဲ့တာသူ့ရင်သွေးကိုတောင်စတေးပြီးကံကြမ္မဆိုးကနေကယ်ဖို့အားထုတ်ခဲ့တာ…နောက်ဆုံးတော့လည်းကံကြမ္မဆိုးကိုကျော်လွန်ပြီးအချုပ်ခံခဲ့ရတယ်ငါ့လက်နဲ့နင်သေရတော့မယ်”
“ဟင်း…နင်ငါ့ကိုလာရှင်းပြစရာမလိုဘူး”
သူမဒေါသကြောင့်အသက်ရှုသံကပြင်းနေသည်…
“ရွှမ်ယီး….ဟုန်ရိ…ချန်ချန်း…ယွီမော့…ပြီးတော့ငါ့ကလေးအတွက်အားလုံးကိုကလဲ့စားချေမှာ”
“အပြောကြီးနေတယ်”
နောက်တစ်ခါထပ်ပြီးဓားကိုရွယ်လိုက်သည်….
“ရွှမ်း…”
“ခွမ်း”
“ဟင်….နတ်မင်း”
“ဟင့်…ရင်းဖန်ငါတို့ကမင်းလှည့်ကွက်ကိုမသိဘူးထင်နေလား”
“ကျမ…ကျမ”
“ယား”
အချုပ်အနှောင်ကအက်ကွဲလာပြီးငရဲပြည်တစ်ခုလုံးတုန်ခါလာသည်….
“ထျန်းချီ…ပိုင်ယွန်းမီလွှတ်တော့မယ်”
သူမလည်းနာကျင်စရာများကိုစိတ်ထဲအမှတ်ရလာကာသူမရဲ့မူလနတ်သားရဲစွမ်းအားကိုပြန်လည်ရယူလိုက်၏….
“ရှောင်မီ….မဖြစ်ဘူး….မင်းမူလနတ်သားရဲစွမ်းအားပြန်ယူလိုက်ရင်ငရဲပြည်ပျက်စီးသွားပြီးနတ်ပြည်လည်းကပ်ဘေးဆိုက်ရလိမ့်မယ်”
“နင်တို့ကနတ်မင်းတွေမလား…ကယ်တင်လိုက်ငါကငါ့အစွမ်းပြန်ယူရုံပဲ”
“ယား”
“ဝုန်း!
သူမမျက်လုံးကနီရဲလာပြီးစိန်းဖန့်ဖန့်အတောင်ပံတစ်စုံကသူမကျောထက်တွင်ရောက်ရှိလာသည်. ….
“အခု…ငါကလဲ့စားချေမယ်”
သူမကမြစိမ်းရောင်လေးကိုချိန်ရွယ်လိုက်သည်….
တစ်ဖက်မှာလည်းလွှင့်ပြယ်သွားသောဟုန်ရိ…ချန်ချန်း…ယွီမော့တို့ပြာတွေကပြန်လည်စုစည်းလာပြီးမူလပုံစံပြန်ပေါ်လာတော့သည်…
“ဝှစ်… ဒုတ်”
“အင့်”
ရင်းဖန်ရဲ့ရင်ဝတည့်တည့်ကိုသူမမြှားကစိုက်ဝင်သွားသည်…
“ယွန်းမီ”
“ဆရာ”
“အရှင်မ”
“ကျမတို့မသေဘူး…ကျမတို့မသေတော့ဘူး”
“ဟုန်ရိ…ယွီမော့ …ချန်ချန်း”
သူမပျော်သွားသည်…ထို့အတူပြာမှုန်အချိန့်ကသူမဗိုက်ထဲဝင်ရောက်သွားသည်
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)