နတ်ဘုရားရဲ့သားရဲငယ် - Part 2
“ဝိုး…ရွှမ်ယီး…နင်အရမ်းတော်တာပဲ…ငါလေပေါ်ကိုအခုလိုတစ်ခါမှမပျံဖူးဘူး…”
“မီမီ”
“ဟင်”
“သေချာကိုင်ထားနော်…”
“ကောင်းပြီ”
ရွှမ်ယီးကမြန်မြန်လေးရွေ့လျားလိုက်တော့သူမသူ့ခါးကိုကိုင်ထားတဲ့လက်ကလွတ်သွားသည်…
“မီမီ…”
ရွှမ်ယီးကမြန်မြန်ဆန်ဆန်ပဲသူမခါးကိုလှမ်းဆွဲလိုက်တော့နှစ်ယောက်သားမျက်နှာချင်းနီးကပ်သွားသည်…
“အဆင်ပြေရဲ့လားမီမီ”
“မဖြစ်ဘူး…ငါဘာမှမဖြစ်ပါဘူး…အိုက်ယား…အခုမှသတိရတယ်…ခွေး…ခွေးလေး…သွားပါပြီသူကျန်ခဲ့ရှာပြီ”
“ဘာခွေးလဲ…”
“ထားလိုက်တော့ငါနင့်ကိုဒုက္ခမပေးတော့ပါဘူး”
ရွှမ်ယီးရင်ထဲတစ်ခုခုကိုခံစားလိုက်ရသည်…
“ရွှမ်ယီး…ငါ…ငါလေထီစီးမလို့နင့်အစွမ်းနဲ့နည်းနည်းကူညီပေး”
“နင်သေချာပြီလား”
“အင်း…သေချာပြီအားလုံးအဆင်သင့်ပဲ…အပေါ်တက်ဖို့ပဲလိုတော့တာ…”
ရွှမ်ယီးလည်းလက်ကိုအသာအယာလေးမလိုက်သည်ဆိုရင်ဘဲသူမလေပေါ်သို့မြောက်တက်သွားပြီးလေထီးဖြင့်တရွေ့ရွေ့ပါလာတော့သည်…
[♥]]] [♦]]] [♣]]] [♠]]]
“ထျန်းချီ…”
“အယ်…ရှန့်ကူ…နင်ငါ့ဆီလာတာသားရဲငယ်ရွေးဖို့ပဲလားဒါဆိုရင်တော့ပြန်လိုက်တာကောင်းပါတယ်…”
“ထျန်းချီ…ဇီဟန်မရှိကတည်းကနင်တစ်ယောက်ထဲ…သားရဲငယ်ရွေးသင့်တယ်”
“ရှန့်ကူ…ဇီဟန်က”
“ထျန်းချီ…ယွဲ့မိသာပြန်လာရင်မင်းသားရဲငယ်ရွေးမှာလား”
“ဘာပြောတယ်…နင်ဘာပြောလိုက်တာလဲပိုင်ကျွယ်”
“အဟင်း….ယွဲ့မိပြန်ဝင်စားလာပြီ”
“ဘယ်လို…တကယ်လား”
“ငါတို့မလိမ်ပါဘူး”
“အရှင်…အရှင်…”
“ဟုန်ရိ…ဘာဖြစ်လာတာလဲ”
“အရှင်….ယွမ်ချီ…သူ…”
“ခမည်းတော်…ခမည်းတော်…အယ်…ဦးလေး၃”
“ဘာလဲ…နင်တို့ဘာဖြစ်လာပြန်ပြီလဲ”
“ယွမ်ချီ”
“ဟုန်ရိ”
ဟုန်ရိနဲ့ယွမ်ချီကတစ်ယောက်ကိုယ်တစ်ယောက်လက်ညိုးထိုးလိုက်ကြသည်…
“အရှင်…ယွမ်ချီ…သူအနိုင်ကျင့်တယ်…ဒီနေ့သေမျိုးနယ်ပယ်မှာကျွန်တော်သေမလိုဖြစ်သွားတယ်…မိန်းကလေးတစ်ယောက်ကယ်ခဲ့လို့သာမဟုတ်ရင်အရှင်ကျွန်တော့်ကိုမြင်ရမှာတောင်မဟုတ်ဘူး”
“ခမည်းတော်…ဒါကသူရှုံးလို့စွမ်းအားပိတ်လိုက်တာလေမထင်မှတ်ပဲအခုလိုဖြစ်သွားတယ်”
“တော်ပြီ…ယွမ်ချီ…သုံ့ဟွာဆီမှာနင့်ရဲ့စွမ်းအားကိုပြန်သုံးသပ်ချေ…”
“ကောင်းပါပြီ…ကိုကိုဟုန်ရိ…ယွမ်ချီတောင်းပန်ပါတယ်”
“နောက်ဆိုနင်ငါ့ကိုမစရင်ရပြီငါစိတ်မဆိုးပါဘူး”
“ရှန့်ကူ…ပိုင်ကျွယ်…ငါမက်မွန်တောအုပ်ဆီသွားအုံးမယ်”
ပြောပြီးသူကထိုနေရာမှပျောက်ကွယ်သွားသည်….
[♥]]] [♦]]] [♣]]] [♠]]]
“ယွဲ့မိ…နင်ပြန်လာပြီလား…မက်မွန်တောအုပ်ကမင်းအပိုင်..ဟုတ်ပြီ…မင်းပြန်လာရင်ဖူဟွာကိုဖူးစာဖက်ပွဲလုပ်ခိုင်းရမယ်”
ထိုစဉ်….
“အား….ဟား…..!
အပေါ်မှတစ်စုံတစ်ခုကသူ့ဆီပြုတ်ကျလာသည်…အရှိန်မထိန်းနိုင်ပဲဘေးကကန်ထဲနှစ်ယောက်လုံးပြုတ်ကျသွားတော့သည်….သူကအစွမ်းကိုသုံးရင်းရေထဲမှအပေါ်သို့ပျံတက်လာသည်…
“ဘယ်သူလဲ…ရဲတင်းလိုက်တာ”
ပြောရင်းသူလက်ကိုအသာအယာမြောက်လိုက်ရင်ဆိုတယ်ပဲရေထဲကနစ်နေသောသူမကိုယ်ကအပေါ်သို့မြောက်လာသည်…သူမအားချုပ်နှောင်ထားသကဲ့သို့….နောက်ဆုံးသူမသတိလစ်သွားသည်…
သူမကိုယ်ထဲမှအငွေ့အသက်များကိုထျန်းချီခံစားမိလိုက်သည်….
“ဟင်….ယွဲ့မိ”
သူ့လက်တို့ကိုပြန်ရုတ်သိမ်းလိုက်သည်….သူမကိုယ်လေးကအပေါ်ကနေတဖြေးဖြေးပြုတ်ကျလာတော့ထျန်းချီချက်ချင်းပွေ့ယူလိုက်ကာအောက်သို့အသာအယာလေးဆင်းလိုက်သည်….
“ယွဲ့မိ…တောင်းပန်းပါတယ်”
“ဝါး….ဦးလေး၃…ဒီမှာချိန်းတွေ့နေတာပဲ…အမှန်တရားနတ်မင်းကချိန်းတွေ့နေတဲ့အကြောင်းနတ်ပြည်တစ်ခုလုံးသိအောင်ပြောရမယ်…မမဖုန့်ရန်ကိုလည်းပြောပြရမယ်”
ယွမ်ချီကရ်ာကျဲကျဲနှင့်ပြောလိုက်တော့….
“ယွမ်ချီ…ပေါက်ကရတွေမပြောနဲ့တော့…အော်ယာနဲ့နင့်ကိုသုံ့ဟွာဆီပြန်ခိုင်းတယ်မလား…ဘယ်လိုလုပ်ပြီးမက်မွန်တောအုပ်ထဲရောက်နေတာလဲ”
“ဦးလေး၃အပြစ်တင်မစောနဲ့လေ…အရှင်သုံ့ဟွာကဦးလေးသုံးတွက်မြစိမ်းရောင်လေးနဲ့မြှားပေးခိုင်းလိုက်တယ်”
“ဒါဆိုလည်းပေး”
ယွမ်ချီကမြစိမ်းရောင်လေးနဲ့မြှားကိုပေးလိုက်သည်…
“ယွမ်ချီ…နင့်ခမည်းတော်…မယ်တော်နဲ့ဦးလေး၁ကိုမြန်မြန်သွားခေါ်ခဲ့…ထိုက်ချူ ခန်းဆောင်ကို”
“ဟုတ်ကဲ့ဦးလေး၃”
[♥]]] [♦]]] [♣]]] [♠]]]
လေဟာနယ်တစ်ခုမိုးတိမ်သားတွေကြားပိုင်ယွန်းမီမီရောက်နေသည်….ပတ်ဝန်းကျင်တစ်ခုလုံးကအေးစိမ့်နေပြီးသူမထိုနေရာတွင်လွှင့်နေသည်…
“မင်းလာပြီလား”
“ဟမ်…ယွဲ့မိ…ရှင်ဒီမှာဘာလုပ်နေတာလဲ”
“ယွဲ့မိ…ငါနဲ့မင်းကတူတူပဲလေမင်းကငါ့ရဲ့ပျောက်ကွယ်သွားတဲ့ဝိဥာဉ်အစိတ်အပိုင်းတစ်ခုပဲ…ဒါပေမဲ့မင်းကငါ့ရဲ့ဝိဥာဉ်အစိတ်အပိုင်းကိုမင်းရဲ့ကိုယ်ပိုင်ဝိဥာဉ်ပုံစံပြောင်းလဲလိုက်တာပဲ….မင်းပိုပြီးစွမ်းအားကြီးသွားတယ်”
“ဟမ်…နင်ဘာတွေပြောနေတာလဲငါနားမလည်ဘူး”
“တစ်နေ့နေ့မင်းနားလည်လာလိမ့်မယ်….နင်နဲ့ငါကတူတူပဲဒါပေမဲ့မင်းရဲ့စိတ်ကိုငါမလွှမ်းမိုးနိုင်ဘူး…မင်းကိုမင်းပဲအဖြေရှာရမယ်”
“ယွဲ့မိ…ငါကယွန်းမီ…ပိုင်ယွန်းမီမီပါ”
“ဟင်းဟင်း…မင်းကယွဲ့မိပဲဖြစ်ဖြစ်ယွန်းမီပဲဖြစ်ဖြစ်တစ်ယောက်ထဲမင်းမှာကိုယ်ပိုင်စိတ်ဝိဥာဉ်ရှိတာကလွဲရင်…ငါတို့ကတစ်ယောက်ထဲ…မင်းကြည့်လိုက်”
သူမမျက်စိရှေ့တွင်ယွဲ့မိနတ်သမီးကရွှေရောင်အမှုန်များဖြစ်ကာသူမနဖူးထဲထိုအရာများကဝင်လာတော့သည်….သူမကိုယ်သူမယွဲ့မိအဖြစ်တစ်ဖန်ခံစားလိုက်ရသည်….သူမနဖူးပေါ်တွင်ရွှေရောင်ကြယ်ပျံအမှတ်အသားသေးသေးလေးတစ်ခုပေါ်လာသည်…
“ယွန်းမီ…ထျန်းချီကိုကောင်းကောင်းဂရုစိုက်ပါ”
သူမအာရုံထဲယွဲ့မိနတ်သမီးအသံကိုသာကြားနေရသည်….
“ငါကယွဲ့မိ…ယွဲ့မိကငါ”
သူမမျက်လုံးများကိုမှိတ်ထားပြီးတစ်ခုခုကသူမကိုဆွဲငင်သလိုခံစားလိုက်ရသည်….
“ထျန်းချီ….ယွဲ့မိရဲ့အငွေ့အသက်တွေကသူ့ကိုယ်ထဲမှာပဲ…ထူးဆန်းတာကသူကလူသားလိုပဲဘာစွမ်းအားမှအသုံးမပြုတက်ဘူး”
“ရှန့်ကူ…သူကယွဲ့မိရဲ့နတ်အငွေ့အသက်တွေကိုလက်ခံထားနိုင်တယ်…လူသားလို့ပြောလို့မရဘူး”
“ဒါဆိုသူ့ကိုယွဲ့မိပြန်လာအောင်နိုးရမယ်မလား”
ပိုင်ကျွယ့်စကားကြောင့်သူတို့လေးယောက်လုံးသူမအားနှိုးထရန်လက်ကိုဆန့်ကာအစွမ်းများပေးလိုက်ကြသည်…တဖြေးဖြေးသူမနဖူးတွင်ကြယ်ပျံအမှတ်အသားပေါ်လာပြီးအစွမ်းများကိုလက်ခံယူလိုက်သည်…သူမမျက်လုံးများပွင့်လာပြီး…
“ထျန်းချီ…ရှန့်ကူ…ပိုင်ကျွယ်…ကျစ်ယန်”
“ယွဲ့မိ…နင်နိုးလာပြီလား”
ရှန့်ကူကသူမအားပွေ့ထူလိုက်ပြီး…
“ယွဲ့မိ…တကယ်ပဲလား”
“ရှန့်ကူ…နင်တို့…နင်တို့ဒီခန္ဓာကိုယ်ကိုဂရုစိုက်ရမယ်နော်…သူမကငါဒါပေမဲ့ငါနှိုးထလို့မရဘူး…သူမကငါ့ရဲ့နတ်ဝိဥာဉ်အစိတ်အပိုင်းတစ်ခုပဲ…ငါ့ရဲ့နတ်ဝိဥာဉ်အစိတ်အပိုင်းကိုသူ့ကိုယ်ပိုင်စိတ်ဝိဥာဉ်အဖြစ်ပြောင်းလဲလိုက်တယ်…သူမရဲ့စွမ်းအားကိုသူမ…မသိသေးဘူး”
“ယွဲ့မိ…နင်အခုနိုးပြီလေ…ပုံစံပြောင်းသွားတာကလွဲရင်မင်းအခုမှတ်ဥာဉ်တွေရပြီပဲ”
“မဟုတ်ဘူး…အခုကသူအိပ်ပျော်နေလို့သူနိုးတာနဲ့ငါဆိုတာမရှိတော့ဘူး…သူကသူဖြစ်သွားလိမ့်မယ်”
“ယွဲ့မိ…ငါကတိပေးတယ်မင်းပြန်လာဖို့အတွက်ဘာမဆိုအကုန်လုပ်ပါ့မယ်”
“ထျန်းချီ…ဒါဆိုဒီခန္ဓာကိုယ်ကိုဂရုစိုက်ပါ…ကျမပြန်လာမယ်”
ပြောပြီးသူမမျက်လုံးများကပြန်မှိတ်သွားသည်…ရှန့်ကူလည်းသူမအားအိပ်ယာပေါ်ပြန်ချလိုက်သည်…
“သူမကယွဲ့မိပဲ…လွှင့်စင်သွားတဲ့ဝိဥာဉ်ကသူ့ကိုယ်သူယွဲ့မိဆိုတာမသိဘူးသူ့စိတ်ကအရမ်းခိုင်မာလို့ဖြစ်မယ်…ထျန်းချီ…သူ့ကိုနတ်သားရဲငယ်အဖြစ်ထားလိုက်ပါလား…ပြောမရဘူးယွဲ့မိပြန်သတိရလာနိုင်တယ်”
“နင်စိတ်ချပါ…နောက်တစ်ခါငါယွဲ့မိကိုမဆုံးရှုံးစေရဘူး…ငါတစ်ခါလက်လွှတ်ခဲ့ရပြီးပြီ”
သူတို့လည်းသူမအားကြည့်ရင်းသက်ပြင်းချလိုက်ကြသည်…
“အား….လေထီး…လေထီး…ငါ့လေထီး”
ပြောရင်းပိုင်ယွန်းမီမီကအိပ်နေရာမှငုတ်တုတ်ထထိုင်လိုက်သည်
“ယွဲ့မိ”
“ဟမ်…ငါ…ငါ…ငါယွဲ့မိမဟုတ်ဘူးယွန်းမီ”
ထျန်းချီတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်…
“အယ်…ငါ့ပစ္စည်းတွေရော”
သူမမေးတော့ထျန်းချီကလက်ကိုဝေ့ယမ်းလိုက်သည်သူမရဲ့လေထီးအပါအဝင်ယူလာသမျှကပေါ်လာသည်
“နင်ကဘယ်သူလဲ”
“ပိုင်ယွန်းမီမီ…ဒါနဲ့နင်တို့အားလုံးကိုငါသိတယ်”
“နင်ဘယ်လိုသိလဲ”
သူတို့အမေးကြောင့်သူမအဖြေခတ်သွားသည်….အကြောင်းကသူမကဒီကိုလေယာဉ်ပျက်ကျပြီးရောက်လာချင်းဒါတွေကိုရှင်းပြရင်ပိုပြီးရှုပ်ကုန်မှာစိုးတာကြောင့်…
“အယ်…ငါ…ငါ့စိတ်ထဲကအလိုလိုသိနေတာ…နင်တို့တင်မဟုတ်ဘူးကျန်တဲ့လူတွေလည်းငါသိတယ်”
“ယွဲ့မိ….မင်းတစ်ခုခုကိုခံစားမိသေးလား”
“ကျမ…ယွဲ့မိမဟုတ်ဘူးလို့”
“ကောင်းပြီး…မင်းကယွဲ့မိမဟုတ်ဘူးလား”
“ရှင်တို့….ကျမက”
သူမစကားရပ်ပြီးတစ်ခုခုကိုသတိရသွားသည်သူမအိမ်မက်ထဲမှာနတ်သမီးနဲ့ဆုံတာကိုသတိရသွားသည်….နဖူးအားစမ်းကြည့်လိုက်တော့အမှတ်အသားကိုစမ်းမိသည်
“ဘာလားဟငါကတကယ်ပဲယွဲ့မိလား….မဟုတ်ဘူးမဟုတ်ဘူး…ငါကပိုင်ယွန်းမီမီ…ငါကဒီကိုခဏရောက်လာတာအိမ်မက်ပဲ…ဒါပေမဲ့အိမ်မက်ထဲမှာထျန်းချီအနားနေလို့ရတယ်”
သူမတွေးရင်းရယ်မိသွားသည်….
“ကျမ…ကျမကယွဲ့မိပဲ”
“ဟုတ်လား…ဒါဆိုကြယ်တာယာတွေကိုကြည့်ပေး”
“အာ….ငါ…ငါမလုပ်တက်ဘူး”
“မင်းမလုပ်တက်ဘဲနဲ့များယွဲ့မိလိုပြောရဲသေးလား”
“မဟုတ်ဘူး…မဟုတ်ဘူးရှန့်ကူ…ငါ…ငါမနိုးသေးတာနေမှာပါ”
“ဟုတ်ပြီဒါဆိုရင်ထျန်းချီဆီကနေမင်းသင်ယူရမယ်”
“ဘာ!”…..သွားပြီသွားပြီ…ငါမှယွဲ့မိလိုမသိတာဘယ်လိုသင်ရမှာလဲ…ထားလိုက်တော့…ထျန်းချီးအနားမှာနေလို့ရတာပဲငါ့အိမ်မက်ကိုအသုံးချပြီးအကျိုးရှိအောင်လုပ်ရမယ်”
“ကောင်းပြီလေ…ငါသင်မယ်”
[♥]]] [♦]]] [♣]]] [♠]]]
“ဟူး….တစ်နေ့တစ်နေ့စာတွေရေးလိုက်ဖတ်လိုက်နဲ့…ကြာရင်ငါတော့ပျင်းလို့သေတော့မှာပဲ…ထျန်းချီငါ့ကိုဘယ်ထိနှိပ်စက်ထားမှာလဲမသိဘူး…တော်ပြီ…မရေးဘူး”
ပြောရင်းသူမကစုတ်တံကိုပစ်ချလိုက်ပြီးထိုနေရာမှထွက်လာခဲ့သည်….
“အယ်…ခွေးလေး…နင်ဘယ်လိုရောက်လာတာလဲ”
ပြောရင်းသူမကဟုန်ရိအားကောက်ယူလိုက်သည်…
“ဟွန့်…ငါ့လိုနတ်သားရဲငယ်ကိုခွေးတဲ့…ရိုင်းလိုက်တာ”
“ခွေးလေး…ဒီမက်မွန်တောကအရမ်းသာယာတာပဲအခုချိန်မှာအရက်ချိုချိုလေးနဲ့ပြင်းပြင်းလေးသောက်လိုက်ရရင်ဘယ်လောက်ကောင်းမလဲ”
သူမပြောလိုက်ရင်ပဲမသိစ်ိတ်ကနေမက်မွန်ပင်အရင်းကိုတူးကြည့်လိုက်တော့…အရက်အိုးများစွာတွေ့လိုက်သည်…
“နင်…နင်ဘယ်လိုလုပ်ယွဲ့မိနတ်သမီးဖွက်ထားတဲ့အရက်အိုးတွေကိုသိနေတာလဲ”
ဟုန်ရိကစိတ်ထဲကနေပြောရင်းသူမလက်ထဲမှရုန်းထွက်သွားသည်…
“အယ်..နင်မပြေးနဲ့ခွေးလေး…ခွေးလေး…”
သူမလည်းခွေးနောက်ကိုအပြေးလိုက်ရင်းချန်ယွမ်ခန်းဆောင်ဆီရောက်သွားသည်…
“ဘယ်သူလဲ”
“ပိုင်ကျွယ်…ခွေးရော…ခွေး…ဒီထဲဝင်ပြေးသွားတာငါတွေ့လိုက်တယ်”
“မင်းပြောတာဒီဟာလား”
“ဟုတ်တယ်…ဟုတ်တယ်…အမှန်ပဲခွေးလေး”
သူမကခွေးအားပြေးယူလိုက်သည်…အနားမရောက်ခင်ပိုင်ကျွယ်ကလက်ကိုဝေ့ယမ်းလိုက်သဖြင့်ခွေးကနေလူဖြစ်သွားသည်…
“အမလေး…ဟမ်…ဟုန်ရိ….သွားပါပြီငါမေ့နေတာဟုန်ရိကခွေးပဲလေဒါဆို…ဒါဆိုငါရေချိုးတုန်းကသူ…သူ…”
“အား…..!
သူမပြန်တွေးရင်းအသံကုန်အော်ဟစ်လိုက်သည်….ပိုင်ကျွယ်ကတော့သူမအဖြစ်အပျက်ကိုကြည့်ကာပြုံးလိုက်သည်…
“ဟုန်ရိ…ဘာလို့ပုံစံပြောင်းခဲ့တာလဲ”
“အရှင်…ဒါကယွမ်ချီ”
“ထပ်ပြီးယွမ်ချီနဲ့ကစားပြန်ပြီလား….ထားလိုက်တော့…ယွန်းမီ…ငါထျန်းချီဆီလိုက်ပို့ပေးမယ်”
“မလိုဘူး…ငါ့ဘာသာပြန်တက်တယ်”
ပြောရင်းသူမကလှည့်အထွက်…ထျန်းချီကသူမနောက်ရောက်နေသည်ကိုမသိလိုက်ဘဲတေ့တိုက်မိသဖြင့်သူမနောက်ပြန်လဲအကျ…ထျန်းချီကသူမအားလှမ်းဆွဲလိုက်သည်
မျက်နှာချင်းနီးကပ်သွားသဖြင့်သူမအတင်းပြန်ပြီးကိုယ်ကိုထိန်းလိုက်သည်…
“ရှောင်မီ…နင်ဒီကိုဘာလာလုပ်နေတာလဲ”
“ငါ…သူ”
သူမကဟုန်ရိကိုလက်ညိုးထိုးပြလိုက်သည်…
“ထျန်းချီ…ယွမ်ချီရဲ့ကျေးဇူးကြောင့်ဟုန်ရိပုံစံပြောင်းသွားတာမထင်မှတ်ပဲယွန်မီကဟုန်ရိကိုခွေးလို့ထင်သွားပြီးလိုက်ဖမ်းတာငါ့ဆီရောက်လာတာပဲ”
“ရှောင်မီ…ငါနင့်ကိုစာရေးခိုင်းထားတာနင်ကလာဆော့နိုင်သေးတယ်…လာခဲ့”
ထျန်းချီကသူမနားရွက်ကိုဆွဲကာ…ခေါ်ထုတ်သွားသည်…
“အား…အာ့…နာ..နာ…နာတယ်…”
ထျန်းချီလက်ကသူမနားရွက်များကိုလွှတ်လိုက်သည်…
“သခင်…နင်ငါ့ကိုစာပဲလုပ်ခိုင်းမနေနဲ့ငါပျင်းလို့သေသွားလိမ့်မယ်…ငါ့မှာဒီရောက်မှသူငယ်ချင်းလည်းမရှိဘူးအပျော်လည်းမရှိဘူး”
“ရှောင်မီ…နင့်ကိုယ်ထဲကယွဲ့မိနတ်ဝိဥာဉ်ကိုပြန်နိုးလာအောင်လုပ်ရမယ်လေ…ဒီလေ့ကျင့်မှုကပဲမင်းပြန်လာနိုင်မှာလေ”
“အဟွန့်…သခင်ကကျမကိုပျင်းသေအောင်သတ်နေတာပဲ”
“ကောင်းပြီ…မင်းသာကြယ်တာယာကိုတက်မြောက်သွားရင်မင်းစာလုပ်ဖို့မလိုတော့ဘူး”
“အယ်…ရှင်တကယ်ပြောတာလား…”
“အမှန်တရားနတ်မင်းကလိမ်ပါ့မလား”
“ကောင်းပြီဒါဆိုကျမသေချာသင်ယူပါ့မယ်…ရှင်..ရှင်ကိုယ်တိုင်လမ်းပြပေးနိုင်မလား”
“ကောင်းပြီ…ဒါပေမဲ့ငါပိုင်ကျွယ်ဆီအရင်သွားလိုက်အုံးမယ်”
“ဘာလို့လဲ”
“မင်းမှာသူငယ်ချင်းမရှိဘူးဆို…မင်းချစ်တဲ့ခွေးလေးကိုအဖော်ခဏခေါ်ဖို့သွားပြောရမယ်”
“ဟမ်…ဟုန်ရိလား…မလိုဘူး”
“မင်းပဲသူငယ်ချင်းလိုချင်နေတာမလား”
ပြောပြီးထျန်းချီကပျောက်သွားသည်…
“အို့…အဲ့ဒ်ီ့ခွေးလေးကဟုန်ရိမှန်းအစတည်းကသိသင့်တယ်…ပိုင်ယွန်းမီ…ပိုင်ယွန်းမီနင်တော်တော်အတာပဲ…မတက်နိုင်ဘူးလေ”
ပြောပြီးသူမလည်းထိုက်ချူ ခန်းဆောင်ဆီပြန်လာခဲ့တော့သည်…
[♥]]] [♦]]] [♣]]] [♠]]]
“ဟုန်ရိ…ငါ…ဗိုက်ဆာတယ်”
“အယ်…ယွန်းမီ…နင်စားတာဒါနဲ့ဆိုအခါ၂၈ခါရှိပြီ…နတ်ပြည်တစ်ခုလုံးမှာနင်အစားနိုင်ဆုံးပဲ….ရှန့်ကူနတ်သမီးတောင်နင့်လောက်မစားနိုင်ဘူး”
“ဟုန်ရိ…ငါပြောမယ်…ငါကပုံမှန်အားဖြင့်လူ့ပြည်ကလာခဲ့တယ်လို့ပြောလို့ရတယ်…နင်သိလား…လူ့ပြည်မှာဆိုတစ်နေ့ကိုသုံးနှပ်လောက်ထမင်းစားပြီး…တစ်ခြားမုန့်လဲစားရသေးတယ်…”
“ဒါပေမဲ့…ဒါကနတ်ပြည်လေ…နင်ခဏခဏဗိုက်ဆာနေတာပဲ”
“ဟုန်ရိ…နတ်ပြည်တစ်ရက်ကလူ့ပြည်မှာတစ်နှစ်လောက်ကြာတယ်…ငါစားတာတစ်နပ်စာနဲ့တွက်ရင်တောင်၂၈ရက်ပဲရှိသေးတယ်”
ဟုန်ရိလည်းခေါင်းခါယမ်းလိုက်သည်….
“ငါတော့ထျန်းချီနတ်မင်းကိုပြောရလိမ့်မယ်…အရှင့်ရဲ့လူကကြယ်တာယာတွေကိုင်တွယ်နိုင်မလားဆိုတာမသေချာပေမဲ့နတ်ပြည်ကအစားအစာတွေတော့ကုန်အောင်စားနိုင်ကြောင်းကို”
“ဟုန်ရိ…နင်မစနဲ့နော်ဟွန့်”
“အဟက်…မဟုတ်ဘူးလားနင်တစ်ရက်မပြည့်သေးဘူး၂၈ကြိမ်စားပြီးပြီ”
“တော်ပြီ…ငါမစားတော့ဘူး…ကြယ်တာယာတွေပဲသေချာလေ့ကျင့်လိုက်မယ်”
“ယွန်မီ…နင်ကအစားကြီးပေမဲ့ဝိတ်တက်မလာပါဘူး…ပြီးတော့နင့်မှာတစ်ခြားနတ်သမီးတွေနဲ့မတူပဲထူးခြားချက်ရှိတယ်”
“ဘာတွေလဲ”
“အထူးသဖြင့်နင့်ဆံပင်…နင့်ဆံပင်တွေကအရမ်းလှတယ်ရွှေရောင်လိုပဲ…ပြီးတော့တစ်ခြားနတ်သမီးတွေလိုဖြောင့်မနေဘူးခွေခွေလိပ်လိပ်လေးနဲ့အရမ်းလှတယ်”
“ဟုန်ရိရေ…နင်ငါ့ကိုအရမ်းမမြောက်နဲ့…ငါမနေတက်တော့ဘူး…နင်သိလားဒါဆေးဆိုးထားတာလေ”
“အာ…ဆေးဆိုးတာလား”
“အင်းလေ”
“ထားပါတော့…ဒါနဲ့ထျန်းချီနတ်မင်းရဲ့ဆံပင်ကိုရောလုပ်လို့ရလား”
“ရတာပေါ့…ဒါပေမဲ့ငါ့ဆီမှာရွှေရောင်ဆေးမရှိဘူး…အနက်ရောင်ပဲရှိတယ်”
“အဲ့…ယွန်းမီငါတို့ထျန်းချီနတ်မင်းတွက်လုပ်ပေးကြရအောင်”
“ကောင်းသားပဲ”
“နင်ကြည့်ကြယ်တာယာတွေအချက်ပြနေပြီ”
သူမလည်းကပျာကယာအစီအမံလုပ်ကာလက်ကိုဆန့်ထုတ်လိုက်သည်…
“ဟုန်ရိရေ…ငါလုပ်တက်ပြီ…လုပ်တက်သွားပြီ”
“ဟမ်…ယွန်းမီနင်တကယ်တော်တယ်…အချိန်ခဏလေးနဲ့ကြယ်တာယာနတ်သမီးဖြစ်တယ်…နင့်မှာထူးခြားချက်တွေအပြည့်ပဲ”
“ဟုန်ရိ…ငါကဘယ်သူလဲ….ပိုင်ယွန်းမီမီပဲလေ…အဟီး…”
သူမကကြယ်တွေအားကြည့်ရင်းပြောလိုက်သည်….ကြယ်တွေကိုကြည့်ရင်းသူမငေးမိနေသည်…ခံစားချက်ကရင်းနှီးနေသည်…ကြယ်တာယာတွေကိုအဝေးကနေသူမလက်ဖြင့်အသာလေးရွေ့လိုက်ရင်ပဲ…လိုချင်တဲ့နေရာကိုရောက်သွားသည်…
“ငါတကယ်ကြယ်တာယာသခင်ဖြစ်ပြီပဲ”
စိတ်ထဲကကျေနပ်မိသလိုခံစားရသည်…
“ငါ..ငါအရှင့်ကိုပြောပြရမယ်…”
သူမကကြယ်တာယာထဲမှထွက်ပြေးသွားသည်…
“ဟင်…ယွန်းမီငါ့ကိုစောင့်အုံးလေ”
ဟုန်ရိလည်းနောက်မှပြေးလိုက်သွားသည်…ထိုက်ချူ ခန်းဆောင်ဆီရောက်တော့ထျန်းချီကိုမတွေ့ပေ…ဒါနဲ့ပဲသူမမက်မွန်တောအုပ်ဆီလိုက်လာခဲ့သည်…
“ထျန်းချီ…ကျမပြန်လာပြီ”
“ဟင်…မင်းဘယ်လိုပြောလိုက်တာလဲ”
“ငါ…”
အခုမှသူမသတိရသွားသည်…ပြောချင်စောနဲ့နတ်မင်းဆီအပြေးလာခဲ့ရာသူမကိုယ်သူမမေ့သွားသည်…
“အရှင်…ကျမလုပ်နိုင်သွားပြီ…လိုက်ခဲ့”
သူမကထျန်းချီလက်ကိုဆွဲကာကြယ်တာယာဆီခေါ်ခဲ့သည်…ပြီးတော့သူမသင်ယူလာသမျှတက်သမျှကိုလုပ်ပြလိုက်သည်…
“ယွဲ့မိ…မင်းမလိမ်ဘူးဘဲ…သူကမင်းကိုယ်တိုင်ပဲ”
သူစိတ်ထဲကပြောရင်း…ကြယ်တာယာတွေရွေ့နေသည့်ယွန်းမီအားပြေးဖတ်လိုက်သည်…
“အရှင်…အရှင်”
ဒီတော့မှသူသတိရကာယွန်းမီအားလွှတ်လိုက်သည်…
“ကျမလုပ်နိုင်သွားပြီ.. .ရှင်ကတိတည်ရမယ်နော်”
“ကောင်းပြီ”
“ကျမလုပ်နိုင်တာကိုရှင်ဂုဏ်မပြုချင်ဘူးလား…အနည်းဆုံး…အရက်တစ်ခွက်လောက်နဲ့ပေါ့”
“ရှောင်မီ…အရက်မရှိဘူး”
“အရက်ရှိမဲ့နေရာကျမသိတယ်…လိုက်ခဲ့”
သူမကမက်မွန်တောအုပ်ဆီတစ်ဖန်ပြန်သွားပြီးမက်မွန်ပင်ခြေရင်းကဖွတ်ထားသောအရက်အိုးကြီးကိုထုတ်လိုက်သည်…
“မင်းဘယ်လိုသိလဲ…ဒီမှာရှိမှန်း”
“အစတည်းကကျမဟာပဲကျမသိတာပေါ့”
လွှတ်ကနဲ့ပါးစပ်ကပြောပြီးသားဖြစ်သွားသည်..
သူမစကားကြောင့်ထျန်းချီကသေချာစိုက်ကြည့်လိုက်သည်…
“မင်း….ဘယ်လိုပြောလိုက်တယ်”
“ကျမ…ကျမ…ကျမဘာပြောလိုက်တာလဲ”
“မင်းဒီအရက်အိုးဒီမှာရှိမှန်းဘယ်လိုသိတာလဲ”
“ကျမမသိဘူး…ကျမစိတ်ထဲကဒီနေရာမှာမှန်းအလိုလိုသိနေတာ”
“လက်စသတ်တော့ရှောင်မီရဲ့မသိစိတ်ထဲကယွဲ့မိကလမ်းပြနေတာကြောင့်ကို…မဆိုးဘူး…တစ်ခါတစ်လေရှောင်မီကယွဲ့မိလိုပြုမူတက်တယ်…တစ်ခါတစ်လေယွဲ့မိရဲ့စိတ်ကိုသူမထိန်းချုပ်နိုင်ဘူးဘဲ”
သူတွေးရင်းပြုံးလိုက်သည်….
“ယွန်းမီ…ရှာလိုက်ရတာနင်ကဒီပြန်ရောက်နေတာကို”
“လာလာ…ဟုန်ရိနင်လည်းတစ်ခွက်လောက်ဖြစ်ဖြစ်သောက်”
“မသောက်တော့ပါဘူး…ငါ့သခင်ကိုကူညီရအုံးမယ်”
“မရဘူး…ငါ့သူငယ်ချင်းဖြစ်ပြီးငါနဲ့တစ်ခွက်တောင်မသောက်ရင်…နင်…သူငယ်ချင်းကောင်းမဟုတ်ဘူး”
“အိုက်ယား…ယွန်းမီ…ငါ့ကိုအခက်တွေ့အောင်မလုက်ပါနဲ့”
“ဟုန်ရိ…ပိုင်ကျွယ်ကိုငါပြောလိုက်ပါမယ်…အနည်းဆုံးရှောင်မီစိတ်ချမ်းသာအောင်သောက်လိုက်ပါ”
“အင်း…နတ်မင်းကပြောမှတော့ဟုန်ရိမငြင်းတော့ပါဘူး”
ဟုန်ရိလည်းသူမတို့နဲ့အတူထိုင်လိုက်ပြီးသေရည်ကိုသောက်လိုက်သည်
“လာလာ”
ခွက်ချင်းတိုက်ပြီးသောက်လိုက်သည်…
“ယွန်းမီ…ငါမရတော့ဘူး”
“အယ်…ဟုန်ရိ…နင်တစ်ခွက်ပဲသောက်ရသေး…”
သူမစကားမဆုံးမှီဟုန်ရိကခုံပေါ်တွင်မှောက်သွားသည်
“အာ…သူတကယ်မသောက်နိုင်ဘူးဘဲ”
“ကျေနပ်ပြီလား…ဟုန်ရိကကိုယ်နဲ့မတူဘူးရှောင်မီ…လာငါအဖော်ပြုပြီးသောက်ပေးမယ်”
“လာ”
သူတို့နှစ်ယောက်ရှိသမျှအရက်များအားပျော်ရွှင်စွာသောက်လိုက်သည်…နောက်ဆုံးယွန်းမီလည်းမှောက်သွားသည်…
“ယွဲ့မိ…မဟုတ်ဘူး…ရှောင်မီ…မင်းသောက်နိုင်စွမ်းကအရင်ကထက်ပိုတိုးတက်လာပြီပဲ”
သူပြုံးလိုက်သည်….သူမဆံနွယ်များကိုလက်ဖြင့်သက်ကာပြောလိုက်သည်….
“ထျန်းချီ…”
“ဟင်…ရှန့်ကူ…အတော်ပဲဟုန်ရိကိုပိုင်ကျွယ်ဆီ့ပြန်ပို့ပေးလိုက်ပါ”
“ကောင်းပြီ…ရှင်လည်းယွဲ့မိကိုကောင်းကောင်းပြန်ခေါ်သွားလိုက်…မနက်ဖြန် ဖုန့်ရန်မွေးနေ့…မိစ္ဆာ…အမတတွေအားလုံးလည်းလာကြမှာရှင်မေ့မနေနဲ့အုံး…ယွမ်ချီအပြစ်တင်တာခံနေရမယ်”
“သိပါပြီ…ဒါနဲ့ရှောင်မီရောခေါ်လာရမလား”
“သိပ်ရတာပေါ့…သူမကငါတို့သူငယ်ချင်းယွဲ့မိပဲလေ”
“ကျေးဇူးတင်ပါတယ်”
“မလိုပါဘူး…ထျန်းချီကောင်းကင်ပြည်မှာသူမကိုဂရုစိုက်အုံး”
“အင်း…ငါဂရုစိုက်မှာပါ”
[♥]]] [♦]]] [♣]]] [♠]]]
“ဖုန့်ရန်အုပ်ချုပ်တဲ့ကောင်းကင်ပြည်ကသာယာသားပဲ…အမတတွေလည်းအများကြီးပဲ”
“ရှောင်မီ…အမတတွေကြားမှာသေရှာဂရုစိုက်နော်မင်းအထင်သေးမခံရစေနဲ့”
“ဟုတ်ကဲ့သခင်”
သူတို့နှစ်ယောက်လည်းအမတတွေနတ်မင်းတွေစုဝေးနေတဲ့ခန်းဆောင်ထဲရောက်ရှိလာသည်…
“နတ်မင်း…သူကဘယ်သူလဲ”
“ငါ့ရဲ့သားရဲ…ပိုင်ယွန်းမီ”
“တွေ့ရတာဝမ်းသာပါတယ်အရှင်မဖုန့်ရန်”
သူမကဖုန့်ရန်အားအရိုအသေပေးလိုက်သည်….
“နတ်မင်း…ရှင်သားရဲငယ်တောင်ထားထားပြီကို…ကျမတို့နတ်မင်းတစ်သက်လုံးဒီတိုင်းနေမယ်ထင်ထားတာမထင်မှတ်ဘူးယွဲ့မိနတ်သမီးကသူ့ကိုရွေးလိုက်တယ်”
“ဖုန့်ရန်….မစနဲ့တော့”
“ဦးလေး၃…လက်ဆောင်ပေးပါ”
“ယွမ်ချီ…ဖုန့်ရန်ကလက်ဆောင်မတောင်းပဲမင်းကဘာလို့တောင်းတာလဲ”
“ဦးလေး၃….ယွမ်ချီကမမဖုန့်ရန်တွက်တောင်းတာ”
“ဒီမှာ”
ထျန်းချီကသူ့လက်ပေါ်တွင်အရောင်တလက်လက်တောက်နေသည့်ပုလဲလုံးအားပေးလိုက်သည်….
“ဒါကငွေရောင်ပုလဲ…မင်းစောင့်မျှော်နေတဲ့သူကိုဒီပုလဲကရှာဖွေပေးနိုင်တယ်…ကျင်ကျန့်နဲ့တွေ့ရင်ဒီပုလဲကသခင်အဖြစ်သတ်မှတ်ပေးလိမ့်မယ်”
ဖုန့်ရန်ကနတ်မင်းဆီကပုလဲကိုယူလိုက်သည်….သူ့မျက်လုံးမှပျော်ရွှင်မှုအရိပ်အရောင်များတွေ့လိုက်ရသည်….
“ကျေးဇူးတင်ပါတယ်နတ်မင်း”
“အရှင်မဖုန့်ရန်ကိုအရိုအသေပေးပါတယ်…ကျွန်တော်မျိုးမကပန်းနတ်သမီးရဲ့သမီး…ရင်းဟွာ”
“ကောင်းပြီ”
“မယ်တော်ကအရှင်မတွက်ပန်းပေါင်းတစ်ထောင်နဲ့ပြုလုပ်ထားတဲ့ဆေးဆက်သခိုင်းလိုက်ပါတယ်…ငယ်ရွယ်နုပျိုမှုကိုထိန်းသိမ်းပေးတဲ့အပြင်အသားအရည်လည်းနူးညံ့ပြီးကျန်မာရေးတွက်လည်းကောင်းပါတယ်”
“မင်းမယ်တော်ကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါ”
“ဟုတ်ကဲ့”
“ဒါနဲ့…အရှင်ကနတ်မင်းထျန်းချီဖြစ်မယ်ထင်ပါတယ်”
“ဟုတ်တယ်”
“ရင်းဟွာ…နတ်မင်းအားအရိုအသေပေးပါတယ်…တကယ်တော့ရင်းဟွာကနတ်မင်းကိုအမြဲတမ်းအထင်ကြီးလေးစားခဲ့တာပါ…နတ်မင်းကအမြဲတမ်းတစ်ယောက်ထဲနေတက်တယ်ပြီးတော့အခုချိန်ထိသားရဲငယ်မရွေးရသေးရင်…ရင်းဟွာသားရဲငယ်ဖြစ်ဖို့ဆန္ဒရှိပါတယ်”
“မရပါဘူး”
ယွန်းမီကပျာပျာသလဲပြောလိုက်သဖြင့်…ထျန်းချီရောဖုန့်ရန်ပါရယ်မိလိုက်ကြသည်…ရင်းဟွာကတော့ဝန်တိုသောပုံစံဖြင့်…
“မင်းလိုသာမန်အမတလေးတစ်ဦးကနတ်မင်းတွက်ဆုံးဖြတ်တာအတင်ရဲလွန်းတယ်”
“ပန်းမင်းသမီး…သူကငါ့ရဲ့သားရဲငယ်ပိုင်ယွန်းမီ…သူကသိပ်နားမလည်သေးလို့မင်းစိတ်မခုပါနဲ့”
“ရင်းဟွာမလုပ်ရဲပါဘူး…ဒါပေမဲ့သာမန်အမတတစ်ယောက်ကိုနတ်မင်းနားထားတာသုံးလောကကဲ့ရဲ့စရာဖြစ်နေပါ့မယ်”
“မင်းစိတ်ပူလွန်းနေတာပါပန်းမင်းသမီး…ရှောင်မီကငါ့တွက်အရေးပါဆုံးသူပဲ”
“ဟုတ်ကဲ့…ရင်းဟွာစိုးရိမ်လို့ပါ”
“ရင်းဟွာ…မင်းစိုးရိမ်စရာမလိုပါဘူး…သခင်နဲ့ငါ့ကြားကိုဘယ်အရာကမှဝင်နှောက်ယှက်လို့မရဘူး”
ရင်းဟွာကမဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)