နတ်ဘုရားရဲ့သားရဲငယ် - Part 20-End
ဟုန်ရိကမသွားဖို့တားပေမဲ့ထျန်းချီနတ်မင်းကတော့အထဲဝင်ပြီးသွားပြီဖြစ်သည်…
“ဟင်…ရှောင်မီ”
သူတအံ့တသြဖြင့်မြင်လိုက်ရသည်ကမိန်းကလေးတစ်ယောက်နဲ့အတူသူမပါအိပ်စက်နေသည်….သူအနားသို့သွားလိုက်ပြီးထိုမိန်းကလေးအားပြုတ်ကျအောင်အစွမ်းဖြင့်လုပ်လိုက်သည်….
“ဘယ်သူလဲ”
ပိုင်ယွန်းမီကကုန်းထရင်းမေးလိုက်သည်…
“ထျန်းချီ”
“ရှောင်မီ”
“ရှင်ဘာလုပ်တာလဲ”
“မင်းကရောဒီမှာဘာလုပ်နေတာလဲ”
“ဟွန့်…ရှင်နဲ့မဆိုင်ဘူး…ရှင်အခုနတ်ပြည်မှာစာအုပ်ဖတ်ပြီးရှန့်ကူတို့နဲ့ရယ်မောနေသင့်တာမလား”
“ရှောင်မီ…ကိုယ့်ကိုမနောက်ပါနဲ့တော့”
“ရှင်ထွက်သွား…ရှင်နဲ့ပြောစရာစကားမရှိဘူး”
“ရှောင်မီ…စိတ်ဆိုးနေတုန်းလား…တောင်းပန်ပါတယ်”
“ဟွန့်…နောက်ဘဝမှရမယ်”
“ကိုယ်ရှင်းပြပါရစေနော်…ကိုယ်မင်းကိုအများကြီးထိခိုက်စေမိတာအမှန်ပါဒါတွေကကြုံလာမဲ့ကံတရားကိုပြောင်းလဲဖို့အတွက်ပါ…ကိုယ်ထင်တာကရင်းဖန်ဆီကိုအဲ့ကံတရားပြောင်းလဲသွားအောင်ပါ”
“ဟုတ်လား…အခုမပြောင်းဘူးလေ…ရှင်ဘာလုပ်မလဲ”
“ကိုယ်မင်းကိုရအောင်ကယ်မှာပါ…ဘိုးဘေးနတ်မင်းနဲ့တိုက်ခိုက်ရရင်တောင်ကိုယ်မင်းကိုမှဲ့တစ်ပေါက်မစွန်းစေရဘူးလို့အာမခံပါတယ်”
“ကျမမယုံဘူး”
“ရှောင်မီ…မင်းမကျေနပ်ရင်…ကိုယ့်ကိုအပြစ်ပေးပါ…အခုလိုမလုပ်ရင်…ရင်းဖန်ရဲ့အမှောင်စွမ်းအင်ကိုဘယ်လိုသိနိုင်မှာလဲပြီးတော့သူမကမင်းကိုအမျိုးမျိုးကြံစည်ခဲ့တာ…ကိုယ်သာသူ့ကိုအနီးကပ်မကြည့်ဘူးဆိုရင်…မင်းကိုသူကလုပ်ကြံပြီးချောက်ချမှာ…အဲ့လိုဆိုကံတရားအတိုင်းကိုယ့်လက်နဲ့မင်းကိုအဆုံးသတ်ရတော့မှာမလိုလားဘူး”
“ကြားကောင်းအောင်ပြောမနေပါနဲ့”
“မင်းမယုံရင်ဟုန်ရိကိုမေးကြည့်ပါ”
“ဒါဆိုဘာလို့ရှင်တို့…ဟုန်ရိရောထိခိုက်အောင်လုပ်ကြတာလဲ”
“မထင်ထားဘဲဖြစ်သွားတာပါ…ကိုယ်တို့ကယ်ဖို့လုပ်ခဲ့ကြပါသေးတယ်…အဲ့ချိန်မှာမင်းကလမ်းပြငှက်မွှေးကိုလာလုတာပဲ”
“ရှင်တို့ကအစီအစဥ်ချခဲ့ပြီးသားပေါ့”
“ဟုတ်တယ်”
“ဒါဆိုဘာလို့ကျမကလေးကိုပါသတ်ပစ်ခဲ့တာလဲ”
သာမကထျန်းချီရင်ဘက်ကအင်္ကျီစကိုဆွဲကိုင်ကာမေးလိုက်သည်….
“ရှောင်းမီ…ကိုယ်တောင်းပန်ပါတယ်…ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်လို့ပါ….ကလေးအသက်နဲ့မင်းအသက်ကိုလဲခဲ့တာပါ”
“ဘာ…!
“ပြီးတော့…မင်းအပြစ်ပေးတိုင်းအသက်ရှင်ခဲ့တာကမင်းမှာစွမ်းအားရှိလို့မဟုတ်ဘူး….အပြစ်ရဲ့၉၀ရာခိုင်းနှုန်းကိုကိုယ့်ဆီမှာလွဲပြောင်းခဲ့တာ”
“ဘာ”
ထျန်းချီကသူ့ရဲ့အဝတ်ကိုချွတ်ပြလိုက်တော့…သူ့ကိုယ်ပေါ်တွင်ဒဏ်ရာဒဏ်ချက်များစွားတွေ့လိုက်ရသည်….
“ရှင်…ရှင်ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ…ရှင်ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ”
“မင်းမှတ်မိသေးလား…ရင်းဖန်ကြောင့်မင်းကန့်သက်နယ်မြေမှာဒဏ်ရာရခဲ့တုန်းကကိုယ်စိတ်ပူခဲ့တာ…မူလစွမ်းအားကိုသုံးခဲ့ပြီးကယ်ခဲ့ပါသေးတယ်…ရွှမ်ယီးတို့ရောက်လာလို့ကိုယ်ရပ်ခဲ့တာ”
“ရှင်ပြောတာကျမကိုချစ်တာမဟုတ်ဘူး…ယွဲ့မိကြောင့်ပဲ…အခု…ယွဲ့မိကကျမမဟုတ်တော့ဘူးရှင်သွားပါတော့”
သူမကထျန်းချီအားကျောခိုင်းလိုက်သည်…
“ရှောင်မီ”
ထျန်းချီကသူမခါးအားသိမ်းဖက်လိုက်သည်…
“ကိုယ်ပြောခဲ့တာအတွက်အခုနောင်တရပါတယ်…ကိုယ်ချစ်တာမင်းပါ…မင်းကယွဲ့မိဖြစ်ဖြစ်ပိုင်ယွန်းမီဖြစ်ဖြစ်…မင်းဖြစ်နေလို့ကိုချစ်တာ”
“လိမ်တာ…လိမ်နေတာ”
“ရှောင်မီ…နောက်တစ်ခေါက်အခွင့်အရေးပေးပါ…ကိုယ်ကျိန်းသေမင်းကိုကာကွယ်သွားမယ်”
“ထျန်းချီ…သေလိုက်ပါလားကျမမယုံဘူး”
ထျန်းချီရဲ့ဖတ်ထားသောလက်တွေကဖြေလျော့သွားသည်…
“အင့်…”
“ဟင်”
သူမလှည့်ကြည့်လိုက်တော့ထျန်းချီကသူ့ကိုယ်သူဓားဖြင့်ရင်ဝတွင်ထိုးစိုက်လိုက်သည်….
“ထျန်းချီ…ရှင်ရူးနေတာလား”
“ရှောင်မီ…မင်းကိုယ့်ကိုသေစေချင်လား”
သူကနောက်တစ်ချက်ထပ်ထိုးလိုက်ပြန်သည်….
“အင့်”
“ထျန်းချီ”
သူမကစိုးရိမ်တကြီးနဲ့သူအနားရောက်လာသည်….
“ရှောင်မီ…ဒီဓားကဝိဉာဥ်ခြွေဓား…နောက်တစ်ချက်ထိုးပြီးရင်မင်းအမုန်းတွေကျေပါစေ”
သူကဓားကိုဆွဲထုတ်ပြီးနောက်တစ်ချက်ထိုးရန်လက်ကိုမြှောက်လိုက်သည်…
“ထျန်းချီ…မလုပ်နဲ့”
သူမမနေနိုင်တော့ဘဲသူ့အားဖတ်ထားလိုက်တော့သည်…
“ထျန်းချီ…ရှင်ထိုးမယ်ဆိုကျမကျောပြင်ကိုအရင်ထိုးပြီးမှလုပ်”
ထျန်းချီလက်မှဓားလွတ်ကျသွားသည်….
သူ့အားအိပ်ယာပေါ်တွဲကာအနာကိုဆေးထည့်ပြီးစည်းပေးလိုက်သည်….
“ထျန်းချီ…ရှင်ဘာလို့ကျမကိုစိုက်ကြည့်နေတာလဲ”
“မင်းစိတ်ပြေပြီလား”
“မပြေဘူး…ရှင်က…အခုထိစိတ်ရှုပ်စေတဲ့သူပဲ”
နှုတ်ခမ်းစူကာပြောနေသောသူမအားသူကြည့်ကာပြုံးမိသည်….
“ရှင်ဘာရယ်တာလဲ…ကိုယ့်ကိုကိုအသက်မရှင်ချင်တော့ဘူးလား”
“မင်းသာရှင်စေချင်ရင်ကိုယ်အမြဲရှင်သန်နေမှာ…မင်းသာသေဆိုရင်ကိုယ်အခုပဲသေလိုက်မယ်”
“အပြောကတော့ကောင်းတယ်…နောက်တစ်ခါဒီလိုထပ်မလုပ်ပါနဲ့…ကျမတကယ်မုန်းမိလိမ့်မယ်”
“မင်းစိုးရိမ်နေတာလား”
ထျန်းချီကသူမမေးကိုကိုင်ကာဆွဲမော့ပစ်လိုက်သည်….
“ထျန်းချီ…ဒဏ်ရာက…ဆေး..”
“မလိုဘူး…မင်းရှိရင်ရပြီ”
သူမကိုယ်လေးအားဆွဲဖတ်လိုပ်သဖြင့်လက်ထဲမှဆေးပုလင်းလေးလွတ်ကျသွားသည်….သူ့အနမ်းများကသူမရဲ့နှုတ်ခမ်းပေါ်ရောက်ရှိလာပြီးနူးညံ့သောမွေ့ယာပေါ်လှဲချလိုက်သည်….
ထျန်းချီကသူ့အစွမ်းဖြင့်ဖယောင်တိုင်မှမီးများကိုအမှောင်ချပစ်လိုက်တော့သည်….
မနက်မိုးလင်းတော့ရှန်းအာနိုးတော့အိပ်ယာထဲမရှိဘဲအောက်ရောက်နေသည်…အိပ်ယာပေါ်လှမ်းကြည့်လိုက်တော့သခင်လေးလီနှစ်ရှိုက်စွာအိပ်နေသည်ကိုတွေ့လိုက်ရသည်….
“ဟိဟိ…သခင်လေးလီညကပင်ပန်းသွားပြီအိပ်နေလိုက်တာ…ငါဆိုသည်မှာလဲနော်…အိပ်ယာပေါ်ကတောင်ပြုတ်ကျရတယ်လို့”
တွေးရင်းသူမရယ်မိလိုက်သည်….
⚜️⚜️⚜️⚜️⚜️
“ရှန်းသခင်ကြီးနှုတ်ဆက်ပါတယ်”
“မင်းသား…မြို့တော်ကိုပြန်တော့မှာလား”
“ရှန်းအာ…မင်းလည်းမကြာခင်လိုက်လာခဲ့ပေါ့…ကိုယ်အခုခေါ်သွားလို့အဆင်မပြေတာခွင့်လွှတ်ပါ”
“အဟင့်”
“သွားလိုက်ပါအုံးမယ်”
သူတို့လည်းနှုတ်ဆက်ကာထွက်လာခဲ့တော့သည်….
“အဖေ…ကျမတော့အိမ်ရှေ့စံမိဖုရားဖြစ်ရတော့မယ်…ဟိဟိ…ဒီတစ်ခါတော့ငါးအကြီးကြီးမိလိုက်တာပဲ”
“ဟဲဟဲ…ရှန်းအာ…နောက်ဆိုဘယ်ယောကျာ်းကိုမှမျက်စောင်းမထိုးနဲ့တော့…ဒီကကောင်တွေနဲ့မတန်ပါဘူး…ဒီနေ့ကစပြီးကြေညာလိုက်မယ်…ငါ့သမီးရှန်းအာကမင်းသားရဲ့ဇနီးလောင်းပဲဆိုတာ…ဟားဟား”
သားဖနှစ်ယောက်ကျေနပ်အားရစွားရယ်မောလိုပ်သည်…
“ယွန်းမီ…ငါ…ငါ…နည်းနည်းလောက်မေးချင်လို့”
“မေးလေ”
“ညက…နတ်မင်းနင့်ဆီလာတယ်မလား…ငါပြသနာတက်ပြီထင်တာ”
“နင်ဘယ်လိုထင်လဲ”
“ဧကန္တ…နင်နဲ့နတ်မင်းအဆင်ပြေသွားတာလား”
သူမကဟုန်ရိအမေးကိုမဖြေပဲကျေနပ်စွာပြုံးလိုက်သည်….ဟုန်ရိကကြည့်ကာ…
“နင်…ဒါဒါဒါဆိုညကနင်နဲ့နတ်မင်း…ဝါး….ယွန်းမီနင်နင်”
“ဘာလဲ”
“ဟဲဟဲ…ဘာမှဟုတ်ဘူး”
ဟုန်ရိကမချိုမချဥ်မပြုံးကာသူမအားကြည့်လိုက်သည်….
“ဟုန်ရိရေ…ငါ့ကိုအဲ့လိုကြည့်မနေနဲ့…ညကသူ့ကိုယ်သူသက်သေဖို့အထိမတောင်းပန်ရင်အခုလောက်ဆိုသူအရိုးတွေငါချိုးပြီးနေလောက်ပြီ”
“အော့်”
သူတို့လည်းစကားတပြောပြောနှင့်ပြန်လာခဲ့တော့သည်….
⚜️⚜️⚜️⚜️⚜️
ဝေးကွာသောမြို့တော်ဆီသို့သားဖနှစ်ယောက်ရောက်လာပြီးကြီးကျယ်လှသောမြို့တော်ကြီးကိုငေးမောကာပါးစပ်အဟောင်းသားဖြင့်ကြည့်လိုက်ကြသည်….
“အဖေ…မကြာခင်မှာကျမတော့ဒီမြို့ကြီးကိုအမိန့်ပေးရတော့မဲ့သူဖြစ်တော့မယ်”
ထိုစဥ်လှည်းတစ်ခုကသူမတို့အနားရောက်သဖြင့်ဘေးသ်ု့ရှောင်လိုက်သည်….
“ဟီး!
မြင်းလှည်းကထိုးရပ်သွားပြီးခန့်ညားပြေပြစ်သောလူငယ်တစ်ယောက်ဆင်းလာတော့သည်…အဝတ်အစားအရောင်ကမှေးမိန်နေပြီးသာမန်လူတစ်ယောက်ဟုထင်ရသည်….
“ဒီမှာ…ရှင်တို့ကန်းနေကြလား…မိဖုရားလောင်းကိုတောင်ရိုင်းပြရဲတယ်”
“မိန်းကလေးထိခိုက်မိတာများရှိလို့လား”
“ရှိတယ်..ရှိတယ်…ရှင့်ကြောင့်ကျမထိန့်လန့်သွားတာပဲ”
“တောင်းပန်ပါတယ်ကျုပ်အလျင်လိုနေလိုမြန်မြန်မောင်းခိုင်းလိုက်မိတာပါ”
“တောင်းပန်ရုံနဲ့ပြီးရောလား…ကျမကအိမ်ရှေ့စံရဲမိဖုရားနော်…ရှင့်ကိုအပြစ်ပေးမှရမယ်”
“ဘာ…မိန်းကလေး…မင်းစိတ်မှန်သေးရဲ့လား”
“ကျုပ်သမီးကမိဖုရားဖြစ်မဲ့သူနော်…ကောင်လေးငါ့သမီးကမင်းကိုသက်ညှာနေတာကိုကိုယ့်ကိုကိုအထင်ကြီးနေတယ်”
“လူကြီးမင်း…လူကြီးမင်းကဘယ်သူပါလဲ”
“တရားသူကြီးရှန်းဆွေ့ကျို”
“အော်…တကယ်တော့လူကြီးမင်းကို”
“ဟဲဟဲ…ကောင်လေးမင်းငါ့ကိုသိရင်မြန်မြန်အရိုအသေပေးလိုက်လေ”
“ဟင်း…ကျုပ်မှာအချိန်မရှိလို့ခွင့်ပြုပါအုံး”
“အယ်…လာကြပါအုံးလာကြပါအုံး…ဒီမှာကျမပစ္စည်းကိုခိုးသွားလို့…သူခိုးသူခိုး”
“မိန်းကလေး…ငါမင်းပစ္စည်းမခိုးဘူး”
ရှန်းအာအော်သံကြောင့်လူများစုဝေးလာပြီးအုံကြလာတော့သည်….
ရဲမက်တွေချက်ချင်းရောက်လာပြီး….
“ဘယ်မှာလဲသူခိုးက…”
“ဒီမှာ”
“ဟင်…မင်း”
သူမလက်ညိုးထိုးပြရာကိုကြည့်လိုက်တော့ရဲမက်တွေကအံ့သြစွာခေါ်ဖို့လုပ်ပေမဲ့သူခေါင်းခါပြလိုက်သည် …
“ကောင်းပြီ…အားလုံးရုံးတော်ကိုလိုက်ခဲ့ကြ”
ရဲမက်တွေကသူ့အားခေါ်ဆောင်သွားကြပြီးရှန်းအာတို့သားဖလည်းနောက်ကနေလိုက်ခဲ့ကြသည်….
တရားရုံးရောက်တော့သူမတို့သားဖလည်းတရားစီရင်ရာနေရာတွင်ရပ်လိုက်ကြသည်….
“တရားသူကြီးဘယ်မှာလဲ…ငါ့လိုမိဖုရားလောင်းကိုသူကအပြစ်လုပ်ရဲတယ်”
“နေစမ်းပါအုံးမင်းသားကဘယ်တုန်းကမိဖုရားအလျာထားရှိခဲ့တာလဲ”
တရားသူကြီးကစဥ်းစားရင်းခေါင်းရှုပ်သွားသည်….
“ကောင်းပြီ…အပြစ်သားကိုခေါ်ခဲ့ကြ”
“ဟုတ်ကဲ့”
ရဲမက်နှစ်ယောက်ကထိုသူ့အားခေါ်လာခဲ့သည်…
“ဟင်…မင်းသား…မင်းတို့ဘာလုပ်နေတာလဲမင်းသားကိုကြိုးဖြေပြီးမြန်မြန်အရိုအသေပေးကြစမ်း”
“ဘာ!သူကမင်းသား”
သားဖနှစ်ယောက်အံ့သြစွာကြည့်လိုက်ကြသည်….
“မင်းသားကိုအရိုအသေပြုပါတယ်”
အားလုံးကဒူးထောက်ချလိုက်သည်…သူတို့လည်းမနေသာပဲဒူးထောက်လိုက်ကြတော့သည်…
“ငါမင်းသားကဘယ်တုန်းကမင်းပစ္စည်းကိုခိုးမိတာလဲ”
“ရှင်…ကျမ…ကျမ”
“ရှန်းအာ…တို့ဆီလာတဲ့မင်းသားနဲ့အခုမင်းသားကမတူပါလား”
“မင်းတို့ကငါ့အလုပ်ကိုကြန့်ကြာအောင်လုပ်ရုံတင်မကဘူးငါ့ကိုပါစွပ်စွဲသေးတယ်…ရှန်းဆွေ့ကျို”
“ဟုတ်ကဲ့မင်းသား”
“မင်းကိုလာဘ်စားမှုနဲ့တိုင်ကြားထားတဲ့စာတွေအများကြီးပဲ…ပြီးတော့မင်းတို့သာဖတွေပြည်သူတွေအပေါ်ရက်စက်အနိုင်ကျင့်တာတွေလည်းငါ့ကိုလာတိုင်ထားကြတယ်”
“မင်းသားအထင်လွဲနေတာပါ”
“အစကတော့မင်းရဲ့ရာထူးအာဏာကိုပဲပြန်သိမ်းမယ်တွေးထားတာ…အခုတော့မင်းတို့ကငါ့ကိုအပြစ်လုပ်ခဲ့ကြတာပဲ…ဘာမိဖုရားလဲ…မင်းတို့နဲ့မတန်ဘူး…လာကြစမ်းထောင်ထဲထည့်ပြီးရိုက်ကြစမ်း”
“ဟုတ်ကဲ့မင်းသား”
“မင်းသား…တောင်းပန်ပါတယ်…မင်းသား”
ရဲမက်တွေလည်းသူတို့သားဖအားဆွဲခေါ်ထုတ်သွားတော့သည်….
“မင်းသား…ဘယ်လိုတွေဖြစ်ကုန်တာလဲ…ကျွန်တော်မျိုးမသိလို့ရိုင်းပြမိပါတယ်”
“ကိစ္စမရှိဘူး…ကျုပ်သွားစရာရှိသေးတယ်”
“ဟုတ်ကဲ့မင်းသား”
⚜️⚜️⚜️⚜️⚜️
“အဖေ…ကျမတို့တော့လောဘကြီးမှုကြောင့်ဒဏ်ခတ်ခံရတာပဲ”
“ဟုတ်တယ်…တို့ဆီကိုလာခဲ့သူဟာမင်းသားအစစ်မဟုတ်ဘူး”
“အဟင့်ဟင့်…”
⚜️⚜️⚜️⚜️⚜️
“ယွန်းမီ…ဟိုသားဖတွေထောင်ထဲမှာပဲကံကုန်ရတော့မှာပဲ”
“အဲ့တာနဲ့ပဲတန်တာလေ…လူဆိုးတွေကအပြစ်နဲ့ထိုက်တန်တယ်”
ထိုစဥ်ဝုန်းဆိုသည့်အသံနဲ့အတူကမ္ဘာမြေကြီးကတုန်ခါသွားသည်….
“မကောင်းတော့ဘူ…ငရဲပြည်ကအတားအဆီးကျိုးပျက်သွားပြီ”
“ဟင်…ယွန်းမီ”
“ဟုန်ရိငါတို့နတ်ပြည်ကိုသွားဖို့သင့်ပြီ”
“အင်း”
သူမတို့ချက်ချင်းပဲနတ်ပြည်ကိုတက်ခဲ့ကြသည်…ကောင်းကင်တစ်ခုလုံးနီရဲနေပြီးအမဲရောင်အချို့ကယှက်သန်းနေ၏….
“ငရဲတံခါးကကျိုးပျက်လာပြီ…စတေးမှုကစတင်လာပြီပေါ့”
“ရှောက်မီ…မင်းဘယ်လိုရောက်လာတာလဲ”
“ထျန်းချီ…ကျမတို့အချိန်မရှိဘူး…ငရဲတံခါးကျိုးပျက်တာနဲ့အားလုံးဒုက္ခရောက်ကုန်မှာ”
“အမှန်တရားနတ်မင်းသုံးပါးနဲ့နတ်တွေအားလုံးကသုံးလောကကိုကာကွယ်ထားပြီ…ကိုယ်ငရဲပြည်မှာစတေးခံလိုက်မယ်ကိုယ်ကမိစ္ဆာနတ်မင်းဆိုတော့အသင့်တော်ဆုံးပဲ”
“မဖြစ်ဘူး…ထျန်းချီ…ငရဲတံခါးကျိုးပျက်သွားတာနဲ့အမှောင်စွမ်းအင်တွေကရှင့်ကိုဝါးမျိုသွားလိမ့်မယ်…ပြီးတော့စတေးဖို့အတွက်ကျမသွေးကိုအသုံးပြုခဲ့တာကျမသာအသင့်တော်ဆုံးပဲ”
“ရှောင်မီ…ကိုယ်ခွင့်မပြုဘူး”
“နတ်မင်း…ယွန်းမီငါတို့အရင်ဟိုကိုသွားရအောင်”
“အင်း”
ငရဲပြည်တစ်ခုလုံးအမှောင်စွမ်းအင်တွေကထိုးဖောက်လာပြီးတစစပြိုပျက်လာသည်.. .သူတို့ရဲ့စွမ်းအားများကိုအသုံးပြုကာအမှောင်စွမ်းအင်ကိုထိန်းချုပ်ဖို့ကြိုးစားတော့သည်….
“အင်း…အင့်”
“ထျန်းချီ…ဟုန်ရိ”
အမှောင်စွမ်းအင်တွေကထျန်းချီနဲ့ဟုန်ရိရဲ့ပတ်ပတ်လည်မှာဝန်းရံလိုက်သည်…
“မဖြစ်ဘူး…ငါ့ရဲ့စတေးမှုမဟုတ်ရင်အားလုံးပျက်စီးကုန်မယ်…ငါ့ ရဲ့မူလအစွမ်းကမိစ္ဆာအစွမ်းအမှောင်စွမ်းအင်ကငါနဲ့ပဲသက်ဆိုင်နေတာ”
သူမချက်ချင်းပဲအမှောင်စွမ်းအင်ကိုစုပ်ယူလိုက်တော့သည်….
“ရှောင်မီ….မလုပ်နဲ့”
အမှောင်စွမ်အင်တွေကသူမရဲ့ကိုယ်ထဲဝင်လာပြီးပတ်ပတ်လည်မှာဝန်းရံသွားသည်…
“ထျန်းချီ…ကျမသာမကောင်းဆိုးဝါးဖြစ်လာရင်ရှင်တစ်ခါထဲအဆုံးသတ်လိုက်ပါ”
“ယား…အား”
သူမရဲ့အသိစိတ်ကပျောက်ကွယ်သွားလာပြီးအားလုံးကိုမမှတ်မိတော့ပေ….
“နတ်မင်း…လုပ်လိုက်တော့…မဟုတ်ရင်အားလုံးအဆုံးသတ်တော့မယ်”
ဟုန်ရိကပြောနေပေမဲ့ယွန်းမီအတွက်စိတ်မကောင်းစွာဖြင့်ငိုသံပါနေသည်…
“ရှောင်မီ…မဖြစ်ဘူး”
“နတ်မင်း…ယွန်းမီရဲ့စတေးမှာကိုအလကားမဖြစ်ပါစေနဲ့…သူမကိုသတ်လိုက်တော့”
“မဟုတ်ဘူး…ငါ…ရှောင်မီကိုမသတ်နိုင်ဘူး”
သုံးလောကစွမ်းအင်များကိုပါသူမကဆွဲယူနေသည်….လူ့ပြည်ကအော်သံတွေ…နတ်မင်းတွေရဲ့အားအင်တွေကကုန်ဆုံးလာသည်ကိုသူတို့ခံစားမိကြသည်…
“နတ်မင်း…စတေးမှုကိုယွန်းမီလုပ်ပြီးပြီ…သူမကိုသာမသတ်ရင်သူ့စတေးမှုကအလဟသက်သူ့ကိုသေစေမဲ့အပြင်သုံးလောကပါပျက်စီးတော့မယ်”
“ထျန်းချီ…ကျမကိုသတ်…”
လေပွေကဲ့သို့အမှောင်စွမ်းအင်ကြားမှသူမအော်ပြောလိုက်သည်….
“ဟင့်အင်း…ငါမင်းကိုကာကွယ်မယ်ပြောထားတယ်”
“ထျန်းချီ…ကျမဘိုးဘေးနတ်သားရဲအဖြစ်အမိန့်ပေးမယ်…ကျမကိုသတ်”
“နတ်မင်း”
လူနတ်မိစ္ဆာ…စွမ်းအားနည်းသူအချို့ကအမှောင်စွမ်းအင်ရှိသောလေပွေထဲလွှင့်ပါလာကြတော့သည်….အထဲရောက်သည်နှင့်တစ်စစီပေါက်ကွဲသွားသည်….
“ထျန်းချီ…အားလုံးသေတာကျမမမြင်ချင်တော့ဘူးသတ်”
“နတ်မင်း”
အားလုံးကိုထျန်းချီမြင်တွေ့နေရသဖြင့်သူ့ရဲ့ခရမ်းရောင်ကြာပွတ်ကိုဓားအဖြစ်ဖန်ဆင်းလိုက်ကာ…သူမရှိရာသို့ပျံသန်းကာသူမရဲ့နှလုံးသားတည့်တည့်အားထိုးစိုက်လိုက်သည်….
“အင့်…”
“ရှောင်မီ…အင်းဟင်း…”
သူ့ရင်တွေနာကြင်စွာဖြင့်ဓားကိုထိုးစိုက်ခဲ့သည်…မျက်ရည်တွေစီးကျလာရင်းသူမရဲ့ခန္ဓာကိုယ်ကအငွေ့အဖြစ်တဖြေးဖြေးထွက်ပေါ်လာသည်…
ဆွဲယူနေသောအရာတွေလည်းတဖြေးဖြေးအားအင်ပျော့လာပြီးသူမဆီမှကျေနပ်သောအပြုံးတစ်ပွင့်ကိုသူမြင်လိုက်ရသည်…
“ရှောင်မီ…ရှောင်မီ”
“ထျန်းချီ…ကျမကဒီလောကကိုမထင်မှတ်ပဲရောက်လာခဲ့သူပါ…ရှင်မငိုပါနဲ့”
သူမကသူ့မျက်နှာကိုကိုင်ရင်းစီးကျလာသောမျက်ရည်တို့ကိုသူမရဲ့လက်ဖြင့်သုတ်ပေးလိုက်သည်….
သူမရဲ့ကိုယ်ကပြာမှုန်အဖြစ်ပြောင်းလဲလာပြီးတဖြေးဖြေးခြေထောက်မှစ၍ပျောက်ကွယ်လာသည်….
“ရှောင်မီ…မဖြစ်ဘူး”
“ထျန်းချီ…ရှင်ကောင်းကောင်းရှင်သန်နေရမယ်နော်”
သူမရဲ့တစ်ကိုယ်လုံးပြာအဖြစ်ပြောင်လဲသွားပြီးသူ့မျက်နှာကိုကိုင်ထားသောသူမလက်တို့ကပြာမှုန်လေးများဖြစ်သွားတော့သည်….
“ရှောင်မီ…ရှောင်မီ…မဖြစ်ဘူး”
သူ့နာကျင်စွာငိုရှိုက်ရင်းလွှင့်ပြယ်ကုန်သောသူမရဲ့အငွေ့အသက်တို့ကိုသာငေးမောကြည့်နေမိသည်….
ထို့အတူဟုန်ရိလည်းကြည့်ရင်းရင်ထဲခံစားရလွန်းလို့စိတ်မကောင်းစွာမျက်ရည်များစီးကျလာတော့သည်….
“ဆရာ”
“အရှင်မ”
ချန်ချန်းနဲ့ယွီမော့ကပြေးလာပေမဲ့နောက်ကျသွားချေပြီ….
“ဆရာ…အီးဟီးဟီး”
“အရှင်မ”
သုံးလောကတစ်ခုလုံးသူမအားအရိုအသေပြုလိုက်ကြတော့သည်….
အားလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီးမုန်တိုင်းတစ်ခုပြီးဆုံးသွားသလိုအားလုံးရဲ့မျက်ဝန်းအိမ်မှာမျက်ရည်စတွေကစီးကျနေတော့သည်…
နတ်ပြည်လည်းအရင်လိုပြန်လည်းဖြစ်သွားပြီးအားလုံးကတိတ်ဆိတ်နေသည်….
ထောင်ယွဲ့တောအုပ်ထဲတွင်ခရမ်းရောင်ဝတ်စုံနဲ့နတ်မင်းတစ်ပါးမက်မွန်ပင်ကိုမှီကာလဲလျောင်းလျက်…သူ့မျက်လုံးများကမှိတ်ထားပြီး…မျက်ရည်တို့ကပါးပြင်ထက်စီးကျနေသည်….
“ထျန်းချီ”
ခေါ်သံကြောင့်သူ့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ရှန့်ကူ…ပိုင်ကျွယ်…ကျစ်ယန်တို့ရောက်နေသည်…
“နင်တို့ဘာလာကြည့်တာလဲ”
“ထျန်းချီ…ငါတို့နတ်မင်းတွေအသက်ကကြာရှည်ပါတယ်…ငါတို့မှာတာဝန်တွေကိုယ်ဆီနဲ့ရှင်သန်ရအုံးမှာပဲ…အခုအားလုံးအေးချမ်းသွားပြီ…ငါရယ်…ပိုင်ကျွယ်ရယ်…ယွမ်ချီရယ်…လူ့ပြည်ကိုခဏလောက်လည်ဖို့သွားမလို့”
“ငါလည်းအသူရာချောက်မှာတရားကျင့်ကြံမှာ…နတ်ပြည်ရဲ့ကိစ္စတွေကိုမင်းနဲ့ဟုန်ရိကပဲကြည့်ထားပေးပါအုံး”
“သွားပါ”
သူတို့အားလုံးလည်းထျန်းချီအတွက်စိတ်မကောင်းစွာကြည့်ကာပြန်လာခဲ့ကြသည်…
“အဟင်း…အားလုံးသွားကြပြီဒါပေမဲ့သူတို့ကပြန်လာကြမှာ…ရှောင်မီ….မင်းကရော”
သူနာကျင်စွာမျက်ရည်တို့အားပုတ်ခတ်လိုက်သည်….
“ရှန့်ကူက…ပိုင်ကျွယ်ပြန်လာဖို့ဘိုးဘေးနတ်မင်းတွေဆီမှာအနှစ်၅၀၀ဒူးထောက်ခဲ့တယ်…ရှောင်မီ…မင်းသာပြန်လာမယ်ဆိုရင်ကိုယ်အနှစ်၅၀၀မဟုတ်ဘူး…အနှစ်၅၀၀၀…မဟုတ်ဘူးနှစ်ပေါင်းငါးသောင်း…ဒါမှမဟုတ်နှစ်ပေါင်းငါးသိန်းဆိုရင်လည်းကိုယ်ဒူးထောက်ပြီးမင်းပြန်လာဖို့ကိုယ်တောင်းဆိုမယ်”
သူချက်ချင်းပဲဘိုးဘေးကျောက်တုံးဆီသွားလိုက်သည်…ကျောက်တုံးရှေ့ဒူးထောက်ချလိုက်သည်….
ဒါကိုကြည့်နေသောဟုန်ရိလည်းအတူနတ်မင်းဘေးတွင်ဒူးထောက်လိုက်သည်….
“နတ်မင်း…ယွန်းမီပြန်လာဖို့နတ်မင်းတစ်ယောက်ထဲမျှော်လင့်တာမဟုတ်ပါဘူး”
အချိန်တွေကြာသွားသည်အထိသူတို့ဒူးထောက်ကြသည်…နေ…ညတွေပြောင်းလဲကုန်သည်သူမကတော့ပေါ်မလာပေ….
⚜️⚜️⚜️⚜️⚜️
လေဟာတစ်ခုမှပြုတ်ကျလာသလိုသူမအခန်းတစ်ခုထဲသို့ရောက်ရာသည်…ထိုနေမှာမြင်လိုက်ရသည်ကသူမရဲ့ရုပ်ကလပ်ဖြစ်နေသည်…အောက်ဆီဂျင်ပိုက်နဲ့သူမရဲ့အသက်ကိုဆက်ထားသည်….
“ငါ…ငါပဲ”
“တီ..တီ..တီ”
နှလုံးခုန်သံကတီတီမြည်လာပြီးသူမလည်းထိုခန္ဓာကိုယ်ကြီးထဲဝင်သွားတော့သည်….
ဆရာဝန်တွေနဲ့သူမရဲ့အမေသူငယ်ချင်းတွေကိုမျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်…
“သူငယ်ချင်း…နင်သတိရပြီလား…ငါစိတ်ပူလိုက်ရတာဟာ”
“အမေ…သမီးဘယ်ရောက်နေတာလဲ”
“သမီးလေယာဥ်ပြတ်ကျတာလေ…မသေကောင်းမပျောက်ကောင်းသမီးရယ်…လေထီးနဲ့အတူသမီးသစ်ပင်ပေါ်မှာချိတ်နေတာကိုကယ်ဆယ်ရေးတွေမြင်လို့သာပေါ့”
“ဟုတ်တယ်သူငယ်ချင်း…နင်လေသတိမေ့နေတာသုံးလတောင်ရှိပြီ”
“ဘာ…!ငါ…ငါသတိမေ့နေတာသုံးလ…ဟုတ်လား”
“အင်းလေ”
“မဟုတ်ဘူး…ငါ…ငါသတိမမေ့ဘူး…ငါသတိမမေ့ဘူးငါ…ငါထျန်းချီဆီရောက်သွားခဲ့တာ”
သူမစကားကြောင့်အားလုံးတစ်ယောက်နှာတစ်ယောက်ကြည့်ကာစိတ်မကောင်းဖြစ်သွားပုံရသည်…ဆရာဝန်ကိုသူငယ်ချင်းကခေါ်ပြီးအပြင်ထွက်သွားသည်….
“ဆရာ…ကျမသူငယ်ချင်းလေးခေါင်းထိပြီးရူးသွားတာလား”
“သူမခေါင်းမထိပါဘူး”
“ဟမ်”
⚜️⚜️⚜️⚜️⚜️
မကြာခင်သူမဆေးရုံဆင်းရသည်….သူမရောက်နေသည်ကသူများနိုင်ငံမို့သူမဖြစ်ပျက်ခဲ့တာတွေကိုပြန်းတွေးမိသည်…
“ဒါကအိမ်မက်မဟုတ်ဘူး…တကယ်ဖြစ်ခဲ့တာအားလုံးကငါရူးနေပြီထင်နေတာပဲ…ဒါပေမဲ့ငါမရူးဘူး…ငါသတိမေ့နေတာသုံးလတဲ့….ငါကြုံခဲ့ရတာသုံးဘဝများတောင်…ထျန်းချီ…ရှင်အခုအရမ်းခံစားနေရမယ်မလား”
သူမတွေးရင်းမျက်ရည်များစီးကျလာသည်…
“အန်တီ…ပိုင်ယွန်းမီကြည့်ရတာသတိရလာကတည်းကသာမန်မဟုတ်ဘူး ….သမီးလည်းမကြာခင်ပြန်ရတော့မယ်…သူ့ကိုလာပြီးဂရုမစိုက်နိုင်တော့ဘူး”
“ရပါတယ်သမီးရယ်…သမီးလည်းအလုပ်ရှိသေးတာပဲသူ့ကိုအချိန်ဘယ်ပေးနိုင်မှာလဲ”
သူမသူငယ်ချင်းလည်းသူမအားလာနှုတ်ဆက်ပြီးပြန်သွားသည်…
သူမလည်းအိမ်မက်ဟုတ်မဟုတ်သိချင်တာကြောင့်သူမလက်ကိုဆန့်ကာစိတ်ထဲကနေပန်းအိုးတစ်ခုကိုလေပေါ်မြောက်စေလိုက်သည်…
ချက်ချင်းပဲပန်းအိုးကသူမစေခိုင်းသလိုလေပေါ်မြောက်သွား၏….
“တကယ်ပဲငါ့ဆီမှာအစွမ်းတွေပါလာသေးတယ်…မဖြစ်ဘူးအမေ့ကိုပြောပြီးငါပြန်ရမယ်”
သူမလှည့်အထွက်သူမခေါင်းထဲမူးဝေသလိုခံစားလိုက်ရသည်….
“ငရဲပြည်မှာငါ့စွမ်းအားတွေပြန်ယူတုန်းကရွှမ်ယီးရဲ့စွမ်းအားတွေငါ့ဗိုက်ထဲဝင်သွားတယ်…ဧကန္တ”
သူမမျက်လုံးပြူးသွားသည်….
“ကျစ်…ဟိုမှာတုန်းကဘာလို့သတိမထားမိပါလိမ့်နော်…ထျန်းချီနဲ့ငါစတေးမှုမတိုင်ခင်ကအတူရှိခဲ့သေးတာပဲ”
သူမအခန်းထဲပစ္စည်းများကိုသိမ်းလိုက်ပြီးလိုအပ်တာမှန်သမျှကိုခရီးဆောင်အိတ်ထဲထည့်လိုက်သည်….
“သမီး…ဘာလုပ်နေတာလဲ”
“ပြန်မလို့”
“မြန်မာပြည်ကိုလား”
“မဟုတ်ဘူး”
“ဘယ်ကိုလဲ”
“ထျန်းချီဆီကို”
“ဟမ်…သမီး…သမီးမေ့နေတုန်းကအိမ်မက်မက်တာကိုအတည်ပြောလို့မရဘူးလေ”
“အမေ…ဒါကအိမ်မက်မဟုတ်ဘူးတကယ်…ထားလိုက်ပါဒါတွေရှင်းပြနေလဲယုံကြမှာမဟုတ်ဘူး”
“သမီး…အမေခွင့်မပြုနိုင်ဘူး”
အမေ့အသံကပြတ်သားနေသည်…သူမလည်းဒီပုံစံအတိုင်းဆိုသွားလို့ရမှာမဟုတ်မှန်းသိလိုက်သဖြင့်…
“အမေ…ဒါဆိုရင်လည်းသမီးစိတ်တွေရှုပ်ထွေးနေတယ်…မြန်မာပြည်ကိုပြန်ဖို့ပဲလုပ်မယ်အနည်းဆုံးစိတ်ကြည်လင်လာတာပေါ့”
“သမီးအခုချက်ချင်းလား”
“ဟုတ်တယ်အခုချက်ချင်းပဲ”
“လေယာဥ်လက်မှတ်ဝယ်ဖို့လိုသေးတယ်လေ”
“အမေကလည်းအမေ့လင်ကလောပန်ပဲဂျက်လေယာဥ်လေးတစ်စီးငှားပေးလေ…နော်နော်”
သူမကမျက်လုံးလေးပေကလပ်ပေကလပ်လုပ်ပြလိုက်တော့အမေကမျက်စောင်းထိုးလိုက်သည်….
သူမလည်းခရီးဆောင်အိပ်ကိုမနိုင်မနင်းဆွဲသယ်ကာလေယာဥ်ပေါ်တက်လိုက်သည်…လေယာဥ်ကတဖြေးဖြေးမိုးပေါ်ပြန်တက်လာတော့သည်….
တိမ်ထုတွေကြားလေယာဥ်ကရွေ့လျားရင်းသူမမျက်နှာမှာတော့လိုအပ်သည်ထက်ပို၍ပြုံးရွှင်နေသည်…
“မိန်းကလေး…ရှေ့မှာလေဆင်နှမောင်းတိုက်နေတာထင်တယ်ရှေ့ဆက်မောင်းလို့မဖြစ်တော့ဘူး”
“မလိုဘူး…နောက်ပြန်မလှည့်နဲ့”
“ဗျာ”
ထိုအရာကသူမကိုထျန်းချီဆီခေါ်ဆောင်သွားမှာဖြစ်သည်…
“မိန်းကလေးမင်းရူးနေလား…အားလုံးသေကုန်မှာပေါ့”
ပိုင်လော့ရဲ့စကားကိုသူမဂရုမစိုက်ပေ…
“မင်းဘာသာအဲ့ကိုသွားကျုပ်တော့လေထီးယူပြီးဆင်းပြီ”
ပြောပြောဆိုဆိုပိုင်လော့ကလေထီနဲ့ခုန်ချသွားသည်…
“ဟဲ့…ဟာ…ဒီလူတော့”
လေယာဥ်ကတဖြေးဖြေးနဲ့ညိုမဲသောလေဆင်နှမောင်းဆီတိုးဝင်သွားသည်…
“အား…အား”
လေယာဥ်လေးကချာချာလည်ပြီးမှန်များကွဲထွက်ကာအထဲမှအရာများလွှင့်ထွက်ကုန်သည်…သူမအသက်ဝဝရှုရင်း….
“ချီးပဲ…ပထမလာတုန်းကလွယ်ကူသလောက်အခုဘာလို့ခက်ခဲနေတာလဲ”
“ဒုန်း”
“အမလေး”
သူမကိုယ်တိုင်လည်းဟိုးဘေးပြေးကပ်ဒီဘေးပြေးကပ်နဲ့ဇီးဖြူသီးဇကောထဲထည့်လိမ့်နေသလားမှတ်ရသည်….
ထိုလေပွေကြီးကရွေးလျားသွားပြီးသူမအားတစ်နေရာသို့ခေါ်ဆောင်သွားတော့သည်….လေထုကအားပျော့လာပြီးအရောင်တောက်ပနေသောကျောက်သလင်းပေါ်သို့သူမရောက်သွားသည်…
“ရှန့်ကူဘုံ”
သူမပြုံးလိုက်သည်….ဘိုးဘေးကျောက်တုံးရှိရာသို့အမြန်ပြေးသွားလိုပ်သည်…ထျန်းချီထိုနေမှရှိမည်ကိုသူမသိနေသည်….
“ထျန်းချီ”
“ဟင်…ရှောင်မီ”
“ထျန်းချီ…ကျမပြန်လာပြီ”
ဒူးထောက်နေရာမှသူထရပ်လိုက်သည်သူထင်ထားသည်ကဘိုးဘေးကျောက်တုံးရှေ့မှာပဲသူမပြန်ပေါ်လာမည်ထင်ခဲ့တာအခုတော့သူထင်သလိုမဟုတ်ပဲသူမကတစ်ခြားနေရာကပေါ်လာသည်.. .
“ထျန်းချီ…ရှင်ဘာကြည့်နေတာလဲ”
ဝမ်းသာစွာကြည့်နေရင်းမျက်ရည်များစို့နေသောထျန်းချီဆီသူမပြေးသွားလိုက်သည်..
“ရှောင်မီ…မင်းလာပြီမင်းပြန်လာပြီပဲကိုယ်အရမ်းဝမ်းသာတယ်…နောက်ထပ်မင်းကိုဘယ်မှသွားခွင့်မပြုတော့ဘူး”
“ထျန်းချီ…ကျမရှင့်ကိုဘယ်တော့မှထားမသွားတော့ဘူး”
“ယွန်းမီ…နင်ပြန်လာပြီပေါ့…အီးဟီး”
“အယ်…ခွေးပေါက်လေးမငိုနဲ့တော့…တိတ်တိတ်နင်နဲ့ကစားဖို့ငါကလေးမွေးပေးမှာ”
“ဘာ!
သူတို့လည်းအံ့အားသင့်စွာဖြင့်အော်လိုက်သည်…
“ချန်ချန်း…ယွီမော့…နင်တို့လည်းကလေးထိန်းဖို့ပြင်ထားကြ”
“ရှောင်မီ…မင်းတကယ်ပြောနေတာလား”
“အင်း…တကယ်ပေါ့…ရွှမ်ယီးကကျမဗိုက်ထဲမှာပြန်ဝင်စားတယ်သူကလောကမှာနောက်ထပ်လောကပါလနတ်သားဖြစ်လာမှာ”
“ရှောင်မီရယ်”
ထျန်းချီကတော့သူမအားရင်ခွင်ထဲဆွဲဖတ်လိုက်ပြီး….
“ကိုယ်တို့မင်္ဂလာဆောင်ရအုံးမယ်မလား”
“ဟင်းဟင်း…လိုသေးလို့လား”
“လိုတာပေါ့”
“ကျမတော့မလိုတော့ဘူးထင်တာပဲ”
“အဟင်းဟင်း”
ရယ်မောပျော်ရွှင်သံတွေကနတ်ပြည်တစ်ခုလုံးဖုံးလွှမ်းသွားတော့သည်….
သုံးလောကလည်းအေးချမ်းသာယာပြီးအမှန်တရားနတ်မင်းတွေရဲ့စီမံခန့်ခွဲမှုအောက်တွင်အမြဲထာဝရတည်ရှိသွားတော့သည်…
ပိုင်ယွန်းမီမီလည်းထိုလောတွင်တစ်သက်လုံးနေထိုင်သွားခဲ့ပြီးချစ်ရသူနဲ့ပေါင်းဖက်နိုင်ခဲ့သည်…
ထို့အတူသူမရဲ့မိဘတွေကတော့သူမအားလေယာဥ်တစ်စီးနဲ့အတူလေဆင်နှာမောင်းထဲပျောက်ဆုံးခဲ့သည်ကိုသိသိချင်းလိုက်ရှာဖွေခဲ့ကြသည်…
သို့သော်လည်း…မည်သည့်အရာမှကိုအစအနရှာမတွေ့ခဲ့ပေ…သူမပျောက်ဆုံးခဲ့သောနေရာမှာလည်းမည်သည့်သဘာဝလွန်လေပွေမုန်တိုင်းမျှထပ်မဖြစ်တော့ပေ….
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)