နတ်ဘုရားရဲ့သားရဲငယ် - Part 3
ထျန်းချီကခန်းဆောင်ထဲမှာနတ်ပြည်ကိစ္စများကိုဆွေးနွေနေသောကြောင့်သူမပျင်းလာသဖြင့်ဟိုဟိုဒီဒီလမ်းလျှောက်ထွက်လာခဲ့သည်…
“ငါတော့ပျင်းလို့သေတော့မှာပဲ….ထျန်းချီကလည်းမအားဘူး…ဟုန်ရိကလည်းပိုင်ကျွယ်နဲ့တူတူရှိနေတယ်…ရှန့်ကူကလည်းလောကပါလနတ်သမီးခေါင်းဆောင်ဆိုတော့ပိုပြီးမအားဘူး…ငါဘယ်လိုလုပ်ရမလဲ…အဟင့်”
လမ်းလျှောက်ရင်းပြောလာသဖြင့်…သူမရှေ့ရင်းဟွာရောက်နေသည်ကိုပင်သတိမထားမိ…
“နတ်မင်းရဲ့သားရဲငယ်ကဘာလို့များနတ်မင်းအနားမှာမနေရတာလဲ…ရေသာခိုအချောင်လိုက်နေတယ်”
“ဘာ!…နင့်အပူပါလား…ခွေးသေးပန်းမ”
“နင်ဘာပြောတာလဲ”
“ရော့…နင်ကပန်းမင်းသမီးမလား…ခွေးသေးပန်တောင်မသိဘူးတဲ့…အဟက်”
“ဘယ်လိုအမတမျိုးကငါ့သူငယ်ချင်းကိုပြောလှောင်ရဲတာလဲ”
အနောက်ကအသံကြောင့်ကြည့်လိုက်တော့…ကျင်ကျောင်းဖြစ်နေသည်…
“ဟင်…နင်က…ကျင်ကျောင်း…နင်ဘယ်လိုလုပ်ပြန်လာရဲသေးတာလဲ”
“မင်းကငါ့ကိုသိနေတာပဲ…ငါကအခုနတ်သမီးဖြစ်သွားပြီရွှေရောင်နဂါးပဲ…အခုကောင်းကင်ကိုဝင်ရောက်ဖို့အဆင့်မှီသွားပြီ…မင်းမြန်မြန်အရိုအသေမပေးသေးဘူးလား”
“မပေးနိုင်ဘူး…ငါကလူတိုင်း…အဲ့လေ..နတ်တိုင်းကိုအရိုအသေမပေးဘူး”
ပိုင်ယွန်းမီမီပဲလူ့ပြည်မှာကတည်းကအကြောနဲ့နေလာတာဒါမျိုးလာမလုပ်နဲ့မရဘူး…ရန်ဖြစ်တာကသူမတွက်ထမင်းစားရေသောက်လိုပဲလေ
“ကောင်းပြီလေ…ဒါဆိုလဲအရိုအသေပေးအောင်လုပ်ရတာပေါ့”
ပြောရင်းကျင်ကျောင်းကသူမအားအစွမ်းများဖြင့်ဒူးထောက်အောင်ဖိအားပေးလိုက်တော့သည်…သူမအားမီးခိုးရောင်အငွေ့များကကိုယ်ပေါ်တွင်ရစ်ပတ်သွားပြီးရုန်းမရဘဲရှိသည်…ခန္ဓာကိုယ်တစ်ခုလုံးလေးလံလာပြီးကူကယ်ရာမဲ့နေသည်…
ထိုစဉ်….
“ဝှီး…”
“အား!…
ကျင်ကျောင်းလက်ကလွှတ်သွားသည်…
“ဟင်…ရွှမ်ယီး”
သူမမျက်နှာဝင်းလက်သွားသည်…
“ဘယ်သူကငါ့ရဲ့သူငယ်ချင်းကိုထိရဲတာလဲ”
“နင်…နင်ကဘယ်သူလဲ”
“မင်းသိဖို့မတန်ဘူး”
“ရွှမ်ယီး…ရှင်ကောင်းကင်နန်းတော်ကိုလာလည်တာလား”
“ငါမင်းကိုသတိရလို့”
“ရှင်ဘယ်သူဖြစ်ဖြစ်ငါဂရုမစိုက်ဘူး…ရင်းဟွာ”
ကျင်ကျောင်းနဲ့ရင်းဟွာကရွှမ်းယီးအားအရင်တိုက်ခိုက်ကြသည်…
“မလောက်လေးမလောက်စားနဲ့”
ရွှမ်ယီးကလက်တစ်ဖက်ထဲနဲ့ဝေ့ယမ်းလိုက်ရင်ပဲကျင်ကျောင်းနဲ့ရင်းဟွာတို့နောက်သို့လေးငါးလှမ်းရောက်သွားသည်…
“မင်းတို့ကများ…”
“မဖြစ်ဘူး…ရင်းဟွာသွားကြမယ်”
သူတို့နှစ်ယောက်ကရွှမ်ယီးအားမနိုင်မှန်းသိ၍ထွက်ပြေးပျောက်ကွယ်သွားသည်…
“ရွှမ်ယီး…ရှင့်မှာစွမ်းအားအများကြီးမရှိတာတောင်သူတို့ကိုအနိုင်တိုက်နိုင်တယ်”
သူကပြုံးလိုက်သည်….
“ငါ့မူလစွမ်းအားတွေလွှင့်ပျယ်သွားပေမဲ့သူတို့ကိုတော့နိုင်အောင်ချနိုင်သေးတယ်”
“မှန်တယ်…ငါ့ရဲ့ရွှမ်ယီးကအတော်ဆုံးပဲ..ဟီးဟီး”
“ဒါဆို…ငါနဲ့ထျန်းချီဆိုရင်ရော”
“ရှင်ထျန်းချီကိုမနိုင်ဘူး”
“အယ်…မင်းဘာလို့ဒီလိုလွယ်လွယ်ပြောနိုင်ရတာလဲ…ပြောရရင်ထျန်းချီထက်ငါပ်ိုးပြီးရှေးကျတဲ့လောကအရှင်လေ”
“ရှင်မမေ့နဲ့…ကျမကသူ့ရဲ့သားရဲငယ်လေ…ရှင်ကျမနဲ့တိုက်မလို့လား”
“လူလည်မလေး”
“ရွှမ်ယီး…ဒီမှာကျမအရမ်းပျင်းလာပြီပျော်စရာကောင်းတဲ့နေရာတစ်ခုကိုခေါ်သွားပေးနိုင်မလား”
“သိပ်ရတာပေါ့”
ပြောရင်းရွှမ်းယီးကသူမအားခေါ်ကာထိုနေရာမှပျောက်သွားသည်….
“ဒါဘယ်နေရာလဲ”
“မင်းသဘောကျလား”
“အင်း”
သူမကခေါင်းငြိမ့်လိုက်သည်…
“ဒါကတိမ်ဖြူရောင်ဥယျာဉ်”
မိုးတိမ်သားဖြူဖြူတွေကြားကျွန်းစုကဲ့သို့တည်ရှိနေပြီးအရောင်စုံတဲ့ပန်းများဝေဝေဆာဆာဖူးပွင့်နေသည်…ကြည်လင်အေးမြနေသည့်ရေကန်တစ်ခုထိုထဲတွင်ရွှေရောင်ငါးများလည်းရှိနေသည်…ရောင်စုံငှက်လေးများကလည်းတကျီကျီတွန်ကျူး းနေသည်…တစ်ချက်တစ်ချက်လေတိုက်လိုက်ရင်….နှင်းပန်းပွင့်များကကြွေကျပြီးလွှင့်ပျယ်လာသည်…
“ရှင်ဒီနေရာကိုဘယ်လိုသိတာလဲ”
“ဒါကငါ့ရဲ့အစွမ်းတွေနဲ့အသုံးပြုထားတာ…ထာဝရတည်ရှိနေမှာ…ငါမရှိတော့မှဒါကလည်းပျောက်ကွယ်သွားမယ်”
“အဖီ့…ပေါက်ကရတွေမပြောနဲ့…နင်မရှိရင်ငါပျင်းနေမှာပေါ့”
“ဒါဆိုဘာလို့ငါနဲ့ငရဲပြည်မှာပြန်မနေလဲ”
“ငါ…ငါကထျန်းချီကိုသဘောကျတယ်လေ…ပြီးတော့ငါကဒီလောကထဲကမဟုတ်ဘူးလေ…ဘယ်ချိန်ပြနိုးမလဲမသိတဲ့သူတစ်ယောက်ပါ”
“တကယ်လို့မင်းလာတဲ့လောကကိုပြန်သွားရင်ငါ့ကိုမမေ့ပါနဲ့”
“နင်စိတ်ချပါ”
[♥]]] [♦]]] [♣]]] [♠]]]
“နတ်မင်း…ဘာစွမ်းအားမှမရှိတဲ့အမတကိုသားရဲငယ်ထားလို့မသင့်တော်ပါဘူး…မသေမျိုးလောကရဲ့နတ်သားရဲငယ်တွေမကျေမနပ်ဖြစ်ပါလိမ့်မယ်”
“ကျင်ကျောင်း…မင်းမှာဒီလိုပြောခွင့်မရှိဘူး…ယွန်းမီမှာစွမ်းအားမရှိရင်တောင်ကြယ်တာယာတွေကိုကိုင်တွယ်နိုင်တဲ့အရည်အချင်းရှိတယ်”
“ရှန့်ကူနတ်သမီး…ဒါဆိုရင်ဘာလို့နတ်သားရဲငယ်ပြိုင်ပွဲမလုပ်ပေးလဲ”
“ကျင်ကျောင်း…နင့်အမေရဲ့အပြစ်ကြွေးတွေရှိတာမမေ့နဲ့ငါ့ရဲ့နတ်သားရဲကိုမင်းဝေဖန်စရာမလိုဘူး…ပြီးတော့သူမကကြယ်တာယာနတ်သမီးဖြစ်သွားပြီ…မကြာခင်မိုးကြိုးစမ်းသက်ချက်ကြုံလာတော့မှာ”
“ဒါဆိုလည်းတခြားသူတွေတွက်မျှတအောင်ပြိုင်ခိုင်းပေးပါ”
“မှန်တယ်…မှန်တယ်”
ကျင်ကျောင်းစကားကြောင့်နတ်သားရဲတွေကထောက်ခံကြသည်…
အခြေအနေတွေကပြိုင်ဖို့မဖြစ်မနေလုပ်ရတော့မည်…ထျန်းချီစိတ်ပူတာကအကယ်၍ပြိုင်ခဲ့လျှင်…သူမကကြယ်တာယာအသုံးပြုနိုင်တာကလွဲပြီးမည်သည့်အစွမ်းမှမသုံးတက်ပေ….
“ကောင်းပြီ…ငါကိုယ်တိုင်ဆုံးဖြတ်ပြီးနတ်သားရဲရွေးပေးမယ်”
“ကျေးဇူးတင်ပါတယ်နတ်သမီး”
“အားလုံးပြန်လို့ရပြီ”
ရှန့်ကူစကားအဆုံးတွင်အသီးသီးပြန်ထွက်သွားကြသည်…
ခန်းဆောင်တွင်ကျန်ခဲ့သူကအမှန်တရားနတ်မင်းလေးပါနဲ့…ဖုန့်ရန်…ဟုန်ရိတို့ပဲဖြစ်သည်….
“ထျန်းချီ…ကျမတို့ဘယ်လိုလုပ်ကြမလဲ”
သူလည်းတွေဝေနေတော့သည်….
[♥]]] [♦]]] [♣]]] [♠]]]
“ဘာ!ကျမကပြိုင်ရမယ်…ဟုတ်လား”
“ဟုတ်တယ်…မင်းပြိုင်ရမယ်”
“ရှင်ကိုယ်တိုင်ပြောခဲ့တာလေ ကျမကသားရဲဖြစ်ပြီဆို…သူတို့ကိုကျမမချနိုင်ဘူး”
“ရှောင်မီ…ဒါဆိုမင်းကိုဘယ်လိုငါယုံရမလဲနတ်သားရဲငယ်လုပ်ပြီးသခင်ကိုမကာကွယ်နိုင်ရင်ငါဘာလုပ်ရမလဲ…ပြီးတော့ယွဲ့မိ…ယွဲ့မိကမင်းကိုယ်ထဲမှာ…ယွဲ့မိသာဆိုဒီလိုအဖြစ်ခံမှာမဟုတ်ဘူး”
“ယွဲ့မိယွဲ့မိ…ကျမကယွန်းမီ…ယွဲ့မိမဟုတ်ဘူးဘယ်လိုလုပ်လုပ်နိုင်မှာလဲ”
“ဒါဆိုမင်းကိုယ်ထဲကယွဲ့မိကိုပြန်နိုးထလာအောင်မလုပ်တော့ဘူးလားတစ်သက်လုံးဒီတိုင်းနေမှာလား…ငါမင်းကိုအနားမှာထားတာယွဲ့မိကြောင့်…မဟုတ်ရင်မင်းလိုဘယ်လောကထဲကလာမှန်းမသိတဲ့သူကိုဂရုစိုက်နေမှာမဟုတ်ဘူး”
“ဒါဆို…အရှင်ကကျမကိုယွဲ့မိကြောင့်လား…မှန်တယ်ကျမကဒီလောကထဲကမဟုတ်ဘူး…ကျမလည်းယွဲ့မိကိုပြန်ရှင်သန်စေချင်တယ်အရှင့်တွက်သူပြန်လာစေချင်တယ်…ကျမရဲ့တစ်ခုတည်းသောဆန္ဒကယွဲ့မိကိုပြန်လာစေချင်လို့ပဲ…ဒါ့ကြောင့်ဒီနယ်ပယ်ဒီလောကထဲရောက်ခဲ့ရတာ….ယွဲ့မိသာပြန်လာရင်ကျမဆိုတာအိမ်မက်ကလန့်နိုးသူတစ်ယောက်ဖြစ်နေမှာပဲ”
“မင်းသိရင်ဘာလို့မကြိုးစားပေးတာလည်း”
“က်မ…က်မ…”
သူမအသံကရပ်တန့်နေသည်….(ကျမလည်းရှင့်ကိုချစ်လို့ပဲထျန်းချီ)
စိတ်ထဲကပြောပေမဲ့အသံကအပြင်ကိုထွက်မလာပေ…
“ကျမ…နားလည်ပါပြီ…တကယ်တော့ကျမဒီကိုရောက်လာခြင်းကယွဲ့မိဆန္ဒကိုဖြည့်ဆည်းပေးဖို့ပဲ…မပြီးပြည့်စုံသေးတဲ့နတ်မင်းတို့ရဲ့အချစ်ကိုပြည့်စုံစေဖို့ပဲ…တကယ်တော့အားလုံးဂရုစိုက်နေတာကကျမမဟုတ်ဘူးယွဲ့မိကိုပဲ”
ပြောရင်းသူမဝမ်းနည်းလာသည်…သူမအရင်ကထျန်းချီကိုယွဲ့မိနဲ့ပေါင်းစေချင်သည်…မတော်တဆသူမကိုယ်တိုင်ကယွဲ့မိဖြစ်နေသောအခါ…သူမစိတ်နဲ့ယွဲ့မိမူလနတ်ဝိဥာဉ်အပိုင်းအစ…သူမကိုယ်တိုင်ထျန်းချီကိုချစ်မိနေပါသည်…
“မင်းနားလည်ရင်…ယွဲ့မိတွက်စဉ်းစားပေးဖို့မျှော်လင့်တယ်”
“အရှင်စိတ်ချပါ”
ပြောပြီးသူမလည်းထျန်းချီရှေ့ကထွက်ခဲ့သည်…
“အရှင်…ကျမနဲ့အတူကစားပေးတယ်…အရက်သောက်ပေးတယ်…ကြယ်တာယာတွေသင်ပေးတယ်…စာဖတ်တယ်…အတူတူရယ်မောခဲ့ကြတယ်…အားလုံးကယွဲ့မိမူလစွမ်းအားကြောင့်ပဲ”
တွေးရင်းသူမမျက်ရည်များကျစီးလာသည်…မျက်ရည်တို့ကိုလက်ခုံဖြင့်သုတ်ရင်း…လမ်းလျှောက်လာရာ…တောအုပ်တစ်ခုသို့ရောက်လာသည်…
“ယွန်းမီ…ယွန်းမီ”
“ဟုန်ရိ…နင်ဘာလာလုပ်တာလဲ”
“နင်နဲ့နတ်မင်းစကားများတာငါတွေ့တယ်…နင်ထွက်သွားတာတွေ့လို့”
“တော်ပါ…နင်လည်းယွဲ့မိကြောင့်သာငါ့ကိုအရေးလုပ်နေတာ”
“မဟုတ်ဘူး…နင်ကဘယ်သူဖြစ်ဖြစ်ငါ့သူငယ်ချင်းပဲ…ဒီသုံးလောကထဲကမဟုတ်ရင်တောင်နင်ကငါ့သူငယ်ချင်းဖြစ်နေတုန်းပဲ…အကယ်၍ယွဲ့မိနတ်သမီးပြန်လာရင်ငါနင့်ဘက်ကရပ်တည်ပြီးထျန်းချီနတ်မင်းကိုတောင်းဆိုပေးမယ်”
“နင်ကဘာတောင်းဆိုမှာလဲဟုန်ရိ…ထျန်းချီကရောနင်ပြောလို့ရပါ့မလား”
“ဘာဖြစ်ဖြစ်…ငါဟုန်ရိဘိုးဘေးနတ်မင်းကိုတိုင်တည်ပြီးပြောတယ်…ယွဲ့မိနတ်သမီးပြန်နိုးလာခဲ့ရင်လည်းနတ်မင်းထျန်းချီရဲ့နတ်သားရဲဟာယွန်းမီဖြစ်ကြောင်းပြောမယ်”
သူမဟုန်ရိကြောင့်အနည်းငယ်ပြုံးလိုက်သည်…
“ကျေးဇူးတင်ပါတယ်ဟုန်ရိ”
“ယွန်းမီ…နင်အခုလိုကြီးငိုနေတာတကယ်ကြည့်မကောင်းဘူးမျောက်ကြီးနဲ့တူတယ်”
“ဘာပြောတယ်…ဟုန်ရိ…နင်ငါ့ကိုစရဲတယ်လား…ငါ့ရဲ့ခွေးလေး”
“ယွန်းမီ…နင်ငါ့ကိုခွေးလို့မပြောနဲ့…ငါကနတ်သားရဲပါ”
“မဟုတ်ဘူး…ငါ့ရဲ့ခွေးလေ…ဟီးဟီး…”
“အဲ့ခွေးကအစွမ်းထက်တယ်…လွှတ်အောင်ပြေး…”
“လာလေ…မိအောင်ဖမ်း”
ဟုန်ရိကနောက်ကလိုက်တော့သူမကရယ်မောစနောက်ပြီးပြေးတော့သည်…
“ဂျိမ်း!…
“အား…အမေ့!
“ဟင်…မိုးကြိုးတွေ…ယွန်းမီဒါကနင့်တွက်မိုးကြိုးစမ်းသက်ချက်ထင်တယ်”
“ဟမ်….ဒီ…ဒီ…ဒီမိုးကြိုးပစ်တာကိုငါကခံရမှာလား…ဒါဆိုငါသေသွားမှာပေါ့”
“ယွန်းမီ…မြန်မြန်…မိုးကြိုးမလာခင်နတ်မင်းဆီသွားရအောင်”
“မသွားဘူး…သူငါ့ကိုလှောင်လိမ့်မယ်”
“ဒါဆိုနင်မိုးကြိုးပစ်ခံမလို့လား”
“ဟုန်ရိ…ဒီမိုးကြိုးတွေကြောင့်မသေရင်…စမ်းသက်ပြီးတာနဲ့ငါကအရင်တိုင်းပြန်ဖြစ်မှာမလား”
“ယွန်းမီ…မိုးကြိုးက၄၉ချက်…နင့်ခန္ဓာကိုယ်ကမိုးကြိုးသွားတစ်ချက်တောင်မခံနိုင်မှာစိုးတယ်”
“ဂျိမ်း!
နောက်တစ်ဖန်မိုးကြိုးကထပ်ခြိမ်းလိုက်သည်…သူမရှိရာပတ်ဝန်းကျင်တစ်ဝိုက်တိမ်သားမဲမဲတွေကအုံ့ဆိုင်းလာပြီးလျှပ်စီးတို့ကတလက်လက်ဖြင့်….
“ငါမိုးကြိုးအပြစ်ခံမယ်…လာလေနင်ဘယ်ထိပစ်နိုင်မလဲ”
“ဂျိမ်း!…
“အား..!”
မိုးကြိုးများကသူမအားရစ်ပတ်ကာပစ်လိုက်တော့သည်….သူမတစ်ချက်ထဲနဲ့ဒူးတစ်ဖက်ထောက်ကျသွားသည်…ပါးစပ်မှသွေးများယိုစီးကျသွားသည်…
“မဖြစ်ဘူး…ငါနတ်မင်းကိုသွားခေါ်ရမယ်”
ဟုန်ရိကထိုနေရာမှပျောက်ကွယ်သွားသည်…
“လာလေ…ပစ်စမ်း…ငါ့အိမ်မက်ကနိုးအောင်ပစ်စမ်း”
“ဂျိမ်း!
“အော့…အဟွတ်..အဟွတ်”
သူမကျောပြင်တစ်ခုလုံးကော့နေအောင်မိုးကြိုးကပစ်လိုက်သည်…ကျောရိုးများတစ်စဆီဖြစ်သကဲ့သို့ခံစားလိုက်ရသည်…နောက်တစ်ကြိမ်မှာတော့မိုးကြိုးလျှပ်စီး၅ခုကအတူဝင်လာသည်…
“ဂျိမ်း!
“အား…!
သူမအသံကစူးစူးဝါးဝါးဖြစ်သွားပြီးအရာအားလုံးကိုမှောင်မဲသွားသလိုသူမမျက်လုံးကတအိအိမှိတ်ကျလာသည်မိုးကြိုးတွေကသူမအားမိုးပေါ်သို့ဆွဲငင်သွားပြီး…သူမရဲ့အသိစိတ်တွေကမလှုပ်မယှက်နိုင်ပဲသတိလစ်မေ့မြောသွားသည်….
“ဂျိမ်း!
အခုအခါမှာတော့မိုးကြိုးများကသူမကိုမထိနိုင်တော့ပေ…အကြောင်းမှာ…ထျန်းချီကကာရန်ထားသောကြောင့်ဖြစ်သည်…တအိအိအောက်သို့ပြုတ်ကျလာသောသူမကိုယ်လေးအားခါးမှယူ၍ပွေ့လိုက်သည်
တဖြေးဖြေးတိုက်ခတ်လာသောလေပြေကြောင့်သူတို့ဆံနွယ်နဲ့အဝတ်အစားများကတဖျက်ဖျက်လွှင့်နေသည်….
ထျန်းချီကတစ်ဖက်ကသူမကိုပွေ့ထားပြီးကျန်လက်တစ်ဖက်ကတော့ကျလာသောမိုးကြိုးများကိုကိုယ်စားခံယူနေတော့သည်….
“မဖြစ်ဘူး…ငါနတ်မင်းကိုကူညီရမယ်”
ဟုန်ရိလည်းထျန်းချီနဲ့အတူလေပေါ်တက်ပြီးမိုးကြိုးများကိုကာရံပေးတော့သည်…
[♥]]] [♦]]] [♣]]] [♠]]]
သူမမျက်လုံးများပွင့်လာပြီး.. .ကြည့်လိုက်တော့ထိုက်ချူ ခန်းဆောင်ထဲရောက်နေသည်…
“နင်နိုးလာပြီလား…ယွန်းမီ”
“ဟုန်ရိ…နင်ပြန်ခေါ်လာတာလား…နေပါအုံး…နင်ပြောတော့နတ်ဘုရားစမ်းသပ်မှုအောင်မြင်ရင်အရင်လိုပဲပြန်ကောင်းလာမှာဆို…အခုထိငါနာနေတုန်းပဲ…နင်လိမ်တာလား”
“ယွန်းမီ…နင်နတ်ဘုရားစမ်းသပ်မှုက်ိုအောင်မြင်ခဲ့ပါတယ်…ဒါပေမဲ့လို့”
ဟုန်ရိကစကားကိုရပ်လိုက်သည်…
“ဒါပေမဲ့ဘာလဲ”
“နတ်မင်း…နတ်မင်းကကူညီခဲ့တာ…နင့်လိုအားနည်းပုံနဲ့မိုးကြိုး၇ချက်မှာတင်သေလုမြောပါးဖြစ်သွားတာ…ကျန်တဲ့၄၂ချက်ကိုနတ်မင်းကကိုယ်စားခံယူလိုက်တာ”
“ဘယ်လို…ထျန်းချီနတ်မင်းကလား”
“ယွန်းမီ…နင်သေချာလေ့လာသင့်တယ်…နတ်မင်းကမင်းကိုယွဲ့မိကြောင့်ဆိုတာထက်မင်းအားနည်းတာကိုမမြင်ချင်တာပါ…နတ်မင်းကမိုးကြိုးကိုခံပြီးတဲ့အပြင်မင်းကျောရိုးတွေတစ်စစီမဖြစ်အောင်အစွမ်းတွေသုံးခဲ့ရတယ်…မဟုတ်ရင်မင်းအခုလိုကောင်းကောင်းနိုးလာပါ့မလားမင်းအခုနာကျင်တာကနတ်မင်းနဲ့ယှဉ်ရင်မပြောပလောက်ဘူး”
“ဟင်…အရှင်…ဟုန်ရိ…နတ်မင်းရောသူဘယ်မှာလဲ”
“နင်ကောင်းကောင်းအနားယူဖို့နတ်မင်းကမှာထားတယ်”
“သူဘယ်မှာလဲသာပြောပါ”
သူမအသံကတုန်ရင်နေသည်…သူမကြောင့်ထျန်းချီအခုလိုဖြစ်တာမျိုးမလိုချင်…
“ချန်ယွမ်ခန်းဆောင်မှာ…အရှင်ပိုင်ကျွယ်နဲ့ကျစ်ယန်နတ်မင်းတို့ဆေးကုပေးနေတယ်”
“မှန်တယ်…ငါသာအားနည်းနေရင်…အရှင့်ကိုပိုပြီးဒုက္ခရောက်စေလိမ့်မယ်…မကာကွယ်နိုင်တဲ့အပြင်ယွဲ့မိကိုပါစိတ်ပျက်စေလိမ့်မယ်…အရှင်ကယွဲ့မိကိုဂရုစိုက်သည်ဖြစ်စေယွဲ့မိမူလနတ်ဝိဥာဉ်ရှိတဲ့ငါ့ခန္ဓာကိုယ်ကိုဂရုစိုက်သည်ဖြစ်စေ…အနည်းဆုံးငါကယွဲ့မိအနေနဲ့ရှိလို့ရတယ်…ဒါပေမဲ့အရှင့်ကိုတော့ဒုက္ခမရောက်စေရဘူး”
သူမလည်းပြေးထွက်သွားသည်…
“အရှင်…အရှင်”
ခေါ်သံနဲ့အတူအခန်းဝမှပြေးဝင်လာသောယွန်းမီကြောင့်သူတို့လှည့်ကြည့်မိသည်…
“အရှင်…ကျမတောင်းပန်ပါတယ်”
သူမထျန်းချီရှေ့ဒူးထောက်ချလိုက်သည်…
“တောင်းပန်ပါတယ်…ကျမကြောင့်သာမဟုတ်ရင်အရှင်အခုလိုဖြစ်မှာမဟုတ်ဘူး…အဟင့်ဟင်…အရှင့်ကိုအထင်လွဲခဲ့မိတယ်”
“ယွန်းမီ…ထျန်းချီသက်သာသွားပါပြီ…မင်းတကယ်ထျန်းချီကိုဂရုစ်ိုက်ရင်…နတ်သားရဲပြိုင်ပွဲတွက်ပြင်ဆင်သင့်တယ်”
“ကျမလေ့ကျင့်မှာပါကျစ်ယန်နတ်မင်း…အရှင့်ကိုထပ်ပြီးစိတ်မပျက်စေရပါဘူး”
ထျန်းချီကတော့မျက်လုံးမှိတ်ထားလျက်ပင်ရှိသည်…
[♥]]] [♦]]] [♣]]] [♠]]]
ဓားကိုကိုင်ကာသူမလက်ထဲမှာပင်ဆော့ကစားလိုက်သည်…လေနုအေးများတိုက်ခတ်နေသောကြောင့်သူမဓားသိုင်းကစားရာတွင်ဝတ်ရုံများကလေထဲလွှင့်နေသလိုတရွှီရွှီမြည်နေသောဓားသွားထက်မက်မွန်ပန်းလေများကကြွေကျလာသည်…ဘယ်ညာကိုယိမ်းကာအသာအယာဓားကိုဝေ့ယမ်းလိုက်သည်…
“ထျန်းချီ…သူမတိုးတက်လာသားပဲ”
“မထင်ဘူး…ဟုန်ရိရဲ့လှည့်ကွက်ကဒီလောက်အသုံးဝင်မှန်း”
ပြောရင်းထျန်းချီကကျေနပ်အားရစွာပြုံးလိုက်သည်….
“မထင်ထားဘူး.. .ယွန်းမီကတကယ်ပဲမင်းဒဏ်ရာရပြီထင်သွားတယ်”
“အဟင်း…သူအရမ်းအတယ်…ငါ့လိုအမှန်တရားနတ်မင်းကမိုးကြိုးလောက်နဲ့ဘယ်လိုလုပ်ဒဏ်ရာရနိုင်ပါ့မလဲ”
“ထျန်းချီ….မင်းကငါနဲ့စကားပြောနေပြီးမျက်လုံးကယွန်းမီဆီရောက်နေတာတော့မကောင်းဘူးနော်…ဘာလဲ…ငါ့လိုနတ်အိုကြီးကျစ်ယန်ကအလှအပတွေခံစားလို့မရတော့လို့လား”
“နင်ဘာပြောလိုက်တာလဲ…ကျစ်ယန်…နင်…နင်ကဘယ်နေရာမှအလှအပခံစားလို့ရလို့လဲ…တော်ပြီတော်ပြီ…ငါရှောင်မီနဲ့အတူလေ့ကျင့်ပေးလိုက်အုံးမယ်”
ထျန်းချီကသူမဆီသွားပြီးအတူတူလေ့ကျင့်ပေးလိုက်သည်…
သူမဓားကိုင်ထားသောလက်ကိုသူကထပ်ကိုင်ပြီးသိုင်းကွက်အသစ်ကိုပုံဖော်ပြလိုက်သည်…နှစ်ယောက်သားနီးနီးကပ်ကပ်ဖြစ်သွားပြီးခြေလှမ်းတိုင်းမှာကကွက်သဖွယ်နှစ်ယောက်သားလိုက်ဖက်ညီနေတော့သည်…
ပိုင်ယွန်းမီကထျန်းချီမျက်နှာအားငေးမောရင်းကျေနပ်နေသည်…
[♥]]] [♦]]] [♣]]] [♠]]]
“အဟီး…ငါဘယ်လိုတောင်ကံကောင်းနေတာပါလိမ့်…အရှင်ကငါ့နဲ့အတူဓားသိုင်းကစားပေးတယ်…သူအရမ်းကြည့်ကောင်းတာပဲ…ဟုန်ရိပြောဖူးတယ်…အရှင့်ရဲ့ဆံပင်တွေကိုငါအနက်ရောင်ဖြစ်အောင်ဆေးဆိုးပေးရမယ်…အဟိ”
သူမတစ်ယောက်ထဲအိပ်ယာထပ်လူးလိမ့်ရင်းရယ်နေလိုက်သည်…
“အခုချိန်…အရှင်အိပ်နေလောက်ပြီလား…မဖြစ်ဘူးအရှင့်အခန်းထဲဝင်လို့မသင့်တော်ဘူး…မဟုတ်သေးဘူး.. .အခုလိုချိန်မှာမလုပ်ပေးရင်နောက်ဆိုအခွင့်အရေးရှိမှာမဟုတ်တော့ဘူး…အရှင်ကမအားဘူး…အင်း…ဒါအခွင့်ကောင်းပဲ”
သူမကအိပ်ယာမှချက်ချင်းထလိုက်ပြီး…သူမအိတ်ထဲကဆိုးဆေးအနက်ရောင်ဗူးကိုယူလိုက်သည်…ပြီးတော့ထျန်းချီအခန်းထဲသွားလိုက်သည်…
ခြေသံကိုဖွဖွလေးနင်းကာထျန်းချီအခန်းထဲဝင်လိုက်သည်…
“ဟင်…အရှင်ရော…”
သူမလည်းဟိုဟိုဒီဒီလိုက်ကြည့်မိကာရှာလိုက်သည်…တစ်နေရာတွင်ပါဝါဖြူတွေဖြင့်ကာရံထားသောအခန်းကိုတွေ့လိုက်သည်…မထင်မှတ်ပဲသူမမျက်လုံးများကပိတ်စတွေကိုကျော်ကြည့်မိလိုက်သည်…
“ဟင်…နတ်မင်း”
ရေကန်ငယ်တစ်ခုထဲတွင်အဝတ်ဗလာကျင်းဖြင့်ရေစိမ်နေသောထျန်းချီကိုသူမမြင်လိုက်ရသည်…သူမမျက်လုံးများဝိုင်းစက်သွားသည်အထိပြူးသွားသည်…ဘေးနားကပန်းအိုးကိုတေ့တိုက်မိသဖြင့်ပန်းအိုးကကျကွဲသွားတော့သည်…
“ခြမ္း…!”
“အာ..သွားပြီ”
“ဘယ်သူလဲ…”
မေးရင်းထျန်းချီကစွမ်းအားကိုအသုံးပြုလိုက်သဖြင့်…သူမကိုယ်လေးလေပေါ်သို့မြောက်တက်သွားပြီးထျန်းချီရှိရာရေကန်ထဲသို့ပြုတ်ကျသွားတော့သည်….
“ဝုန္း…!
“ဖလူး…ဖူး”
ရေထဲနစ်သွားပြီးကပျာကယာခေါင်းကိုရေပေါ်သို့ပြန်ဖော်လိုက်သည်…
သူမရှေ့တည့်တည့်တွင်ထျန်းချီကကြည့်နေသည်….သူမလည်းကြောင်လျှက်သားငေးကြည့်နေမိသည်…
ထျန်းချီလည်းသူ့အစွမ်းတွေကိုမေ့ပြီးပြန်မသိမ်းမိသောကြောင့်ဆွဲငင်းအားကနှစ်ယောက်သားပူးကပ်သွားသည်အထိဖြစ်သွားပြီး…မျက်နှာချင်းဆိုင်နီးကပ်သွားသည်….
ညဝတ်အင်္ကျီအဖြူအပါးလေးဝတ်ထားသောသူမကရေစိုရွှဲနေသောကြောင့်အလှတရားကပေါ်လွှင်နေသည်…တောင်ပပြီးညို့ယူနိုင်စွမ်းရှိသောမျက်လုံး…ရွှေရောင်ဆံနွယ်တို့ကရေစိုပြီးစုထွေးနေသည်…
ထျန်းချီကိုယ်တိုင်လည်းသူမအားငေးကြည့်နေမိပါတော့သည်…
“အရှင်….”
ဒီတော့မှသူသတိရသွားပြီးစွမ်းအားကိုပြန်ရုပ်သိမ်းလိုက်သည်…
“ရှောင်မီ…မင်းဘယ်လိုလုပ်ပြီးရောက်လာတာလဲ”
“က်မ…က်မ…ဒီဟာ”
လက်ထဲမှကိုင်ထားသောဆေးဗူးကိုပြလိုက်သည်…
“ဘာတွေလဲ”
“အရှင့်တွက်”
“ငါ့တွက်လား”
“အင်း…အရှင့်ဆံပင်တွေကိုအနက်ရောင်ပြန်လုပ်ပေးနိုင်တယ်”
“ဟုတ်ပြီ…အခုလောလောဆယ်မင်းငါ့ပေါ်ကဖယ်အုံး”
“ဟမ်…အာ…ဟုတ်ကဲ့”
သူမလည်းရေကန်ထဲမှပြန်တက်လိုက်သည်….ထျန်းချီကတော့စွမ်းအားကိုအသုံးပြုကာအဝတ်များဝတ်ဆင်ပြီးသားဖြစ်သွားသည်….သူမကတော့ရေတွေစိုရွှဲနေတုန်းပင်…
“ရော့…ခေါင်းကရေတွေသုတ်လိုက်အုံး”
“ဟုတ်ကဲ့”
“ဒါ…ယွဲ့မိအရင်ကအဝတ်အစားတွေ…မင်းလဲလိုက်ပါ”
“အာ….ကျမလဲရမှာလား”
“ဟုတ်တယ်လေ…”
“ဒါပေမဲ့…ကျမ…ကောင်းပါပြီ”
ထျန်းချီပေးသောအဝတ်များကိုယူကာသူမအဝတ်လဲတဲ့နေရာသို့သွားလိုက်သည်…
တော်တော်ကြာသည်ထိသူမပြန်ထွက်မလာပေ…
“သွားပါပြီ…အရင်ကရွှမ်ယီးကဖန်ဆင်းပေးလိုက်တာ…အခုက”
သူမလည်းသက်ပျင်းချလိုက်သည်…မဝတ်တက်ဝတ်တက်ဖြင့်သူမထင်သလိုဝတ်လိုက်သည်….
“မင်းမပြီးသေးဘူးလား”
“ပြီးပြီ”
သူမထွက်လာတော့….ထျန်းချီကကြည့်ကာရယ်လိုက်တော့သည်…
“ဟင်းဟင်း…မင်းရဲ့ပုံစံကစုတ်ပျက်နေတာပဲ”
“ဟင်…ငါအကောင်းဆုံးဝတ်ဆင်ထားတာပဲ”
“မင်းဝတ်တာမဟုတ်သေးဘူး”
ပိုသီပတ်သီဖြစ်နေသောသူမအားလက်ကဆွဲကာ…
“လာ…ကိုယ်ကူညီပေးမယ်”
ထျန်းချီကသူမအားအဝတ်အစားများကိုသေသပ်စွာပြန်လည်ပြင်ဆင်ပေးတော့သည်….
“အရှင်ကငါ့ကိုအဝတ်ဝတ်ပေးနေတာလား”
သူမျက်နှာလေးပန်းရောင်သမ်းသွားသည်…
“ရပြီ…မင်းအဝတ်တောင်ကောင်းကောင်းမဝတ်တက်ပါလား…”
“အရှင်…ကျမတို့လောကရဲ့အဝတ်တွေနဲ့မတူညီလို့ပါ”
“ဟုတ်လား…ဒါနဲ့များငါ့ဆံပင်ကိုဘယ်လိုပြန်ပြီးနက်မှောင်အောင်လုပ်ပေးမလို့လဲ”
“လာ..အရှင်ထိုင်လိုက်ပါ”
သူမကထျန်းချီကိုထိုင်စေပြီး…ဆေးဗူးကိုဖောက်ကာဆေးစပ်ပြီးသူ့ဆံပင်များကိုတစ်လွှာချင်းဆေးရောင်ခြယ်ပေးလိုက်သည်….
“ရှောင်မီ…ဒါကလည်းမင်းတို့လောကထဲကပစ္စည်းလား”
“ဟုတ်တယ်”
ထျန်းချီလည်းသူမကိုမသိမသာခိုးကြည့်ရင်းပြုံးလိုက်သည်…သူ့အားစိတ်ပါလက်ပါဆေးဆိုးပေးနေသောလူသားမကျနတ်မကျတဲ့ကောင်မလေးအားသူမြတ်နိုးနေမိတော့သည်….ယွဲ့မိကြောင့်လား…ဒါမှမဟုတ်ဒီတိုင်းပဲလားဆိုတာကိုတော့သူမသိပေ…
[♥]]] [♦]]] [♣]]] [♠]]]
“ဝှီး….ဝှီး…”
“ယွန်းမီ…နင်လေ့ကျင့်နေတာကြာပြီနားလိုက်အုံး”
“မဟုတ်ဘူး…ငါလေ့ကျင့်ရအုံးမယ်”
“ဒီတစ်မနက်လုံးနင်ဘာတွေခံစားချက်ကောင်းနေတာလဲ…လာ…အသီးလာစားလိုက်အုံး”
“ခဏနေမှစားမယ်”
သူမကညကအဖြစ်အပျက်တွေအားပြန်တွေးရင်း…ပြုံးမိလိုက်သည်…ဓားသိုင်းကိုပြီးအောင်လေ့ကျင့်ပြီးနောက်…ကျေနပ်သွားပုံရသည်…
“ဘယ်မှာလဲ…ငါ့တွက်အသီး”
“အင့်”
“ဟင်…ထပ်ပြီးဒါပဲလား…ဟုန်ရိ…ငါတစ်နေ့တစ်နေ့ဒါတွေပဲစားနေရတာ…ငါအရိုးပဲကျန်တော့တယ်”
“နတ်ပြည်မှာလည်းအကောင်းဆုံးအစားစာတွေပေးတာပဲလေ…ဘယ်လိုလုပ်ပြီးနင်ကချေးများနိုင်ရတာလဲ”
“ဟုန်ရိ…ငါနေတဲ့လောကထဲမှာငါဘာလုပ်တာလဲသိလား”
“ဘာလုပ်တာလဲ”
“အကောင်းဆုံးဟင်းလျာတွေကိုချက်ပြုတ်တာပဲ…ငါ့လက်ရာကိုစားတဲ့သူတိုင်းတစ်သက်တာမမေ့အောင်ကိုစွဲသွားစေတယ်…ငါကသာအတော်ဆုံးစားဖိုမှူးပဲ”
ဟုန်ရိကခေါင်းကိုကုတ်လိုက်ပြီး…
“ဒီမှာတော့နင်လိုချင်တဲ့အစားစာမရနိုင်ဘူး”
“ဟုန်ရိ…နင့်စွမ်းအားကမီးမလား”
“အင်း…”
“ဟုတ်ပြီ…ငါအကြံရပြီ”
“နင်ဘာလုပ်အုံးမလို့လဲ”
“နောက်တော့သိမှာပေါ့…ငါနဲ့မီးဖိုချောင်လိုက်ခဲ့”
“အာ…”
ဟုန်ရိလည်းသူမနောက်ပါလာတော့သည်…
ငါးကိုဓားနဲ့မွှန်းပြီးအိုးထဲကိုထည့်ပြုတ်လိုက်သည်…ငါးအနေတော်သွားတော့ပန်းကန်ထဲသေချာထည့်ပြီးအချဉ်ရည်အပေါ်မှလောင်းထည့်လိုက်သည်…
ဟင်လျာမျိုးစုံကိုသူမအားကြ်ိုးမာန်တက်ချက်ပြုတ်နေသည်…ဟုန်ရိကတော့သူမအားကြည့်ကာခေါင်းပင်မူးလာသည်…
“လိုသေးတယ်…အချိုတည်းဖို့တွက်…ဒါပေမဲ့ငါဘာလုပ်ရမလဲ…ဒီမှာဘာမှမရှိဘူး…ဟုန်းရိ…နင့်မှာဘာအသီးတွေရှိသေးလဲ”
“ပန်းသီး…စပျစ်သီး…လိမ္မော်သီး.. .ငှက်ပျောသီး”
“အားလုံးကိုအတုံးလေးတွေဖြစ်အောင်လှီးပေး”
“ဟမ်…လှီးရမှာလား”
“အင်း…လှီးရမှာ”
သူမကတော့ဟိုရှာဒီရှာနဲ့အလုပ်ရှုပ်နေတော့သည်….
“ယွန်းမီရေ…ငါပြီးပြီ”
“နင်ခဏစောင့်…”
သူမကပြေးထွက်သွားသည်…တောတော်လေးကြာတော့လက်ထဲမှာဗူးတွေပုလင်းတွေပိုက်ကာပြန်ရောက်လာသည်…
“နင်…အဲ့ဒါဘာတွေလဲ”
“ဟားဟား.. .သီးစုံဖျော်ရည်လုပ်ဖို့လေ”
“အာ…သီးစုံဖျော်ရည်ဆိုတာဘာကြီးလဲ”
“ကြည့်နေလိုက်”
သူမကအသီးလှီးပြီးသားကိုဇလုံတစ်ခုထဲထည့်ပြီးထိုထဲကိုသူယူလာသောနို့ဆီဗူးတွေအချိုရည်ပုလင်းတွေရောထည့်လိုက်ပြီးမွှေလိုက်၏
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)