နတ်ဘုရားရဲ့သားရဲငယ် - Part 5
ရှန့်ကူကသူမအားစွမ်းအားဖြင့်စမ်းသက်လိုက်သည်…
“အော့…”
ထျန်းချီပါးစပ်မှသွေးများအန်ထွက်လာသည်…
“ထျန်းချီ…ရှင်အဆင်ပြေရဲ့လား”
ရှန့်ကူကသူမရဲ့လက်ကိုပြန်ရုတ်သိမ်းလိုက်သည်…
“ရင်းဟွာ…ပိုင်ယွန်းမီဆီမှာလောကစွမ်းအားမရှိဘူး…သူနဲ့ရွှမ်ယီးကသာမန်သူငယ်ချင်းပဲ”
“မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး”
“ခွေးသေးပန်းမနင်ဘာတွေကြံစည်နေတာလဲ”
“နတ်သမီး…ယွန်းမီတွက်ဟုန်ရိသက်သေလိုက်ပေးနိုင်ပါတယ်…အကယ်၍အပြစ်ပေးမယ်ဆိုရင်ဟုန်ရိပါအပြစ်ခံယူပါရစေ”
“ဟုန်ရိ…”
“သခင်…ဒီအကြောင်းကိုဟုန်ရိသ်ိပါတယ်…ရွှမ်ယီးနဲ့ယွန်းမီကသူငယ်ချင်းပါပဲ…နတ်ပြည်ကိုပြသနာဖန်တီးဖို့မဟုတ်ပါဘူး”
“ကောင်းပြီ…ပိုင်ယွန်းမီနဲ့ဟုန်ရိမိုးကြိုးပြစ်ဒဏ်ခံရမယ်…ဒါကရွှမ်ယီးကိစ္စကိုဖုံးကွယ်ထားတဲ့အတွက်တစ်ယောက်ကိုအချက်၅၀”
“ရှန့်ကူ…ဒါလေးဖုံးကွယ်ထားတာကိုဘာလို့အဲ့လောက်အပြစ်ပေးရတာလဲ”
“ဘာလို့ဆိုရင်နောက်တစ်ခါရွှမ်ယီးနဲ့ပတ်သက်မှာဆိုးလို့”
“မဖြစ်ဘူး…ရွှမ်ယီးကကျမသူငယ်ချင်းအချက်၅၀မကလို့၅၀၀ဖြစ်ဖြစ်သူငယ်ချင်းကိုမပြစ်ပယ်နိုင်ဘူး”
“ရှောင်မီ…ခေါင်းမမာစမ်းနဲ့”
“ကျမလုပ်သမျှအရာတိုင်းနောင်တမရဘူး”
“အစောင့်တွေသူတို့ကိုခေါ်သွား”
“နေအုံး…ရှောင်မီအစားငါခံမယ်…ငါကသူ့သခင်…ငါ့မှာတာဝန်ရှိတယ်”
“မဖြစ်ဘူး…အရှင်…ကျမကနတ်သားရဲကျမမိုးကြိုးကိုမခံနိုင်ရင်ဘယ်လိုလုပ်ပြီးအရှင့်ကိုကာကွယ်နိုင်မှာလဲ…ဘယ်လိုလုပ်ပြီးအရှင့်သားရဲဖစ်နိုင်မှာလဲ…ကျမခံမယ်”
“ရှောင်မီ.. မဖြစ်ဘူးမင်းခံနိုင်မှာမဟုတ်ဘူး”
ထျန်းချီကပြောနေပေမဲ့သူမကတော့အပြစ်ခံယူဖို့ထွက်သွားချေပြီ…
“ထျန်းချီ…ရှင့်ရဲမူလစွမ်းအားကိုပြန်မယူရသေးဘူးမလား…တကယ်တော့ပိုင်ယွန်းမီဆီမှာလောကအစွမ်းရှိနေတာရှင်အစကတည်းကသိနေတာပဲ…ရှင်ကရှင့်မူလစွမ်းအားနဲ့ဖုံးကွယ်ထားတာပဲ”
“မှန်တယ်…ဒါ့ကြောင့်မင်းသူမကိုစမ်းသပ်လိုက်ချိန်မှာတုန့်ပြန်မှုမရှိတာ”
“ရှင်ရူးနေတာလား…ရှင့်မူလစွမ်းအားထိခိုက်နိုင်တာကိုဘာလို့ပြန်မယူတာလဲ”
“ငါပြန်ယူလိုက်ရင်သူမသေမှာပေါ့”
[♥]]] [♦]]] [♣]]] [♠]]]
“ဂျိမ်း!
မိုးကြိုးများကသူမအားအကြိမ်ကြိမ်ပြစ်ချနေတော့သည်…
“အား…..!
သူမရဲ့အော်သံတွေကနတ်ပြည်တစ်ခွင်ပဲ့တင်ထပ်နေတော့သည်….
“ရှောင်မီ…ရှောင်မီ”
အပြေးတစ်ပိုင်းဖြင့်သူမရှိရာထျန်းချီရောက်လာသည်…
“အရှင်…မလာခဲ့နဲ့”
ထျန်းချီကသူမရှိရာကိုသွားဖို့အသဲအသန်ကြိုးစားပါတော့သည်…
“ထျန်းချီ…ရှင်သွားလို့မရဘူး”
“ရှန့်ကူ…ငါ့ကိုမတားပါနဲ့”
“နတ်သမီး…ကျမသခင်ကိုတားထားပေးပါ”
“ကောင်းပြီ”
ရှန့်ကူကအပြစ်ပေးသောနေရာကိုအကာအကွယ်ပြုလုပ်လိုက်သည်…
“ထျန်းချီ…ရှင့်မူလစွမ်းအားကယွန်းမီဆီမှာ…ရှင်ကြိုးလို့လည်းမရဘူး”
“ဟင်…အရှင့်ရဲ့မူလစွမ်းအားကငါ့ဆီမှာလား…ဒါဆိုဒီမိုးကြိုးတွေကိုခုခံနိုင်တာက…အရှင့်ရဲ့မူလဝိဥာဉ်ကြောင့်လား…မဖြစ်ဘူး…အရှင့်ရဲ့မူလဝိဥာဉ်ကိုထိခိုက်လို့မဖြစ်ဘူး”
“ယား…!
သူမကမိုးကြိုးပြစ်ချက်များကြားခေါင်းကိုမော့ရင်ကိုကော့ကာထျန်းချီရဲ့မူလစွမ်းအားကိုဖယ်ထုတ်လိုက်သည်…တဖြေးဖြေးထျန်းချီဆီစွမ်းအားကပြန်ရောက်သွားတော့သည်…
“ဂျိမ်း!
“အင့်…”
သူမကမိုးကြိုးများကိုအံကြိတ်ခံနေပေမဲ့သူမခန္ဓာကအားနည်းသည်…
“ရှောင်မီ…မဖြစ်ဘူး”
သခင့်ကိုကြည့်ရင်းသူမသနားမိသည်…အပြစ်ပေးခံနေရသောသူမအားကြည့်ကာအရူးတစ်ယောက်ကဲ့သို့ငိုကျွေးကာသူမကိုတစာစာခေါ်နေတော့သည်….အကာအကွယ်ထဲမဝင်နိုင်သလိုအပြင်ဘက်မှကြည့်ကာအော်ခေါ်နေရုံပဲတက်နိုင်သည်…
“မဖြစ်ဘူး…အရှင့်တွက်ငါရှင်သန်ရမယ်…အရှင်ဝမ်းနည်းနေတာကိုငါမကြည့်ရက်တော့ဘူး”
သူမရဲ့စိတ်ကိုစုသည်းလိုက်ပြီးမျက်လုံးကိုမှိတ်လိုက်သည်…သူမကိုယ်ထဲမှအသိစိတ်တစ်ခုခုကနိုးကြားလာသလိုခံစားလိုက်ရသည်…ပိုပြီးအာရုံစူးစိုက်လိုက်ပြီးသူမရဲ့ကိုယ်ပိုင်စိတ်ကိုပေါင်းစပ်ပြီးခံစားကြည့်လိုက်သည်…ထူးထူးခြားခြား ခံစားမှုအချို့ကသူမကိုယ်မှာလည်ပတ်လာပြီးမိုးကြိုးများကိုပင်ခုခံနိုင်လာသည်….
“ယွဲ့မိ…ယွဲ့မိ”
သူမအာရုံထဲယွဲ့မိဆိုသည့်အမည်ကနိုးထလာခဲ့တော့သည်….
“မင်းကငါ…ငါကမင်း”
“ယွဲ့မိ…ငါကယွဲ့မိကိုယ်တိုင်ပဲ”
မျက်လုံးများကမှိတ်ထားသော်လည်းသူမနှုတ်မှရေရွတ်နေမိသည်….နောက်ဆုံးအားလုံးသောစိတ်ဝိဥာဉ်ကိုစုပေါင်းလိုက်တော့သည်…
“ယား…!
“ဂျိမ်း….ဝုန်း!
မိုးကြိုးများပင်ရုတ်တရက်ဆိုသလိုပေါက်ကွဲသလိုဖြစ်သွားသည်….စိမ်းဖန့်ဖန့် ရောင်အတောင်တစ်စုံကသူကျောပြင်ထက်ထွက်ပေါ်လာပြီးသူမလက်တစ်ဖက်ကမိုးကြိုးများကိုဝေ့ယမ်းပြီးဖယ်ရှားလိုက်တော့သည်…
“ဟင်…ထျန်းချီ…ဘိုးဘေးနတ်သားရဲစွမ်းအားပဲ…သူမမခံနိုင်မှာပဲစိုးရိမ်တယ်”
“ရှောင်မီ…မင်းမလုပ်နိုင်ဘူးစွမ်းအားတွေကိုစုပ်မယူပါနဲ့…ရှောင်မီ…ကိုယ်ပြောတာကြားရဲ့လား”
သူမကတော့မျက်လုံးကိုမှိတ်ထားဆဲပင်…သူမရဲ့အဝတ်များကအဖြူနဲ့အနီရောယှက်ထားပြီးအရာအားလုံးဟာအရင်ကမဟုတ်သလိုပြောင်းလဲသွားတော့သည်….
သူမမျက်လုံးဖွင့်လိုက်ချိန်မှာတော့အနီရောင်မျက်ဝန်းတစ်စုံကတောက်ပနေတော့သည်…လေပေါ်ကနေတအိအိပျံဆင်းလာပြီးအောက်တော့သူမကအတောင်ကိုသိမ်းလိုက်သည်…ရှန့်ကူရဲ့အကာအကွယ်ကိုချိုးဖျက်လိုက်တော့သည်…
“ရှောင်မီ…မင်းဘာမှမဖြစ်ဘူးမလား”
ထျန်းဆီကသူမပခုံးအားဆုပ်ကိုင်ရင်းမေးလိုက်သည်….
“အတင်ရဲလိုက်တာ”
သူမကထျန်းချီအားတွန်းထုတ်လိုက်သည်….
“ယွန်းမီ…သူကမင်းသခင်လေ”
“ဟွန့်…မင်းလိုဘိုးဘေးနတ်ရဲ့ဖန်းဆင်းမှုကြောင့်လောကပါလနတ်သမီးဖြစ်လာတဲ့သူကများဘယ်လိုလုပ်ပြီးငါ့လိုဒဏ္ဍာရီလာနတ်သားရဲကိုပြန်ခံပြောရဲတာလဲ”
“ဒါက…ရှန့်ကူ…ဘိုးဘေးနတ်သားရဲကိုမသိမိလိုက်ဘူး…တောင်းပန်ပါတယ်”
“ဟင့်…ဒီမိန်းကလေးသာရွှမ်ယီးဆီကလောကအစွမ်းကိုမရခဲ့ရင်ငါပြန်လာဖို့အခွင့်အရေးရှိရဲ့လား…ဒါတောင်မှမင်းတို့ကသူ့ကိုအပြစ်ပေးလိုက်သေးတယ်”
“ရှန့်ကူအမှားလုပ်မိပါတယ်…ဘိုးဘေးနတ်သားရဲခွင့်လွှတ်ပေးပါ”
“ကောင်းပြီ…နောက်တစ်ခါမရှိစေနဲ့”
သူမကပြောပြီးထွက်သွားသည်…
[♥]]] [♦]]] [♣]]] [♠]]]
“ငါ့ဆီမှာယွဲ့မိရဲ့စိတ်ဝိဥာဉ်ရှိနေတယ်…ပြီးတော့ငါကယွဲ့မိလည်းဟုတ်တယ်…ဘိုးဘေးနတ်သားရဲလည်းဟုတ်တယ်”
“ယွန်းမီ….ယွန်းမီ”
“ဒါ..ဟုန်ရိပဲ”
“ယွန်းမီရေ…”
“ဘယ်သူကများအတင်ရဲပြီးဆူညံနေတာလဲ”
သူမကသစ်ပင်ပေါ်မှခုန်ဆင်းလိုက်သည်…
“ဟမ်…ယွန်းမီ…နင်ဘာမှမဖြစ်ဘူးလား…နင်တစ်ခုခုထိခိုက်သေးလားမိုးကြိုးအချက်၅၀ကနင့်ကိုမထိခိုက်မိဘူးလား”
ပါးစပ်မှမရပ်ဘဲမေးနေသောဟုန်ရိကြောင့်သူမရယ်ချင်လာတော့သည်…
“အယ့်…ငါ့ရဲ့ခွေးပေါက်လေး…ငါဘာမှမဖြစ်ဘူး”
“ဟား…ငါစိတ်ပူလိုက်ရတာ…ဒါနဲ့နင်ကဘယ်လိုဖြစ်ပြီး…”
သူမကိုကြည့်ကာဟုန်ရိကအံ့သြသလိုပြောလိုက်သည်…
“ဟုန်ရိ…လာ…ငါပြောပြမယ်”
ဟုန်ရိအားအနားကပ်ဖို့ပြောလိုက်သည်…
“ဘာလဲ”
သူမကအနားကပ်ကာတိုးတိုးလေးပြောလိုက်တော့ဟုန်ရိမျက်လုံးပြူ းကာ…
“ဘာ!….နင်…နင်…နင်ကဘိုးဘေးနတ်သားရဲ…ဟုတ်လား”
“ဟုတ်တယ်လေ…ဘာဖြစ်လို့လဲ…ငါတောင်မှရှန့်ကူနဲ့ထျန်းချီကိုစနောက်လိုက်သေးတယ်…နင်မမြင်လို့သူတို့တော်တော်လန့်သွားတာ…ဟီးဟီး…”
“ယွန်းမီ…နင်စနေတာတော့မဟုတ်ပါဘူးနော်”
“ကျစ်…နင်မယုံရင်ပြမယ်”
သူမကသူမရဲ့အစိမ်းရောင်အတောင်ကြီးထုတ်ပြလိုက်သည်…ဒီတော့မှဟုန်ရိလည်းပါးစပ်အဟောင်းသားနဲ့မျက်လုံးပြူ းကာသတိလစ်သွားတော့သည်….
“အာ…မေ့လဲသွားတာလား”
သူမလည်းချန်ယွမ်ခန်းဆောင်ဆီဟုန်ရိအားသယ်ကာရောက်ချလာသည်…
“ပိုင်ကျွယ်…ပိုင်ကျွယ်
“ဒါ…ဒါ…ရှောင်မီအသံပဲ”
“ပိုင်ကျွယ်…နင့်သားရဲ…”
သူမစကားရပ်သွားသည်…အထဲမှာကထျန်းချီရောကျစ်ယန်ရောရှန့်ကူရောပါရှိနေကြသည်…သူမအလိမ်တွေပေါ်ပြီလေ…
“ရှောင်မီ…”
“အဟီး”
သူမကရယ်ပြလိုက်ပြီး….
“ပိုင်ကျွယ်…ဟုန်ရိကျမကြောင့်မေ့လဲသွားလို့”
“ပိုင်ယွန်းမီ…ပိုင်ယွန်းမီ…နင်ကငါတို့ကိုစနောက်ရဲတယ်ပေါ့”
“စိတ်မဆိုးပါနဲ့ရှန့်ကူရယ်…ငါလည်းအပြစ်ပေးခံရတော့မခံချင်စိတ်ကြောင့်ပါ”
“နင်…ငါတို့ကိုအရူးလုပ်တယ်…ဟွန့်”
“ရှန့်ကူ…နင်ငါ့ကိုအပြစ်တင်နေတာလား…ရှန့်ကူ….ရှန့်ကူ…ရှန်ကူ…ရှန့်ကူ”
“နေစမ်းပါအုံး…နင်ဘာလို့ငါ့အမည်ကိုခေါ်နေတာလဲ”
ရှန့်ကူအားသေချာစိုက်ကြည့်နေသောယွန်းမီကြောင့်တစ်ခုခုကိုသတိရသွားသည်….
“ယွဲ့….မိ….လား”
သူမကပြုံးလိုက်သည်….
“ရှောင်မီ…မဟုတ်ဘူး…ယွဲ့မိ”
“ထျန်းချီ….ရှန့်ကူ…ငါပါ…တကယ်တော့ငါကပိုင်ယွန်းမီလည်းဟုတ်တယ်ယွဲ့မိလည်းဟုတ်တယ်…ဘိုးဘေးနတ်သားရဲလည်းဟုတ်တယ်…ငါမိုးကြိုးကြောင့်သာမဟုတ်ရင်ငါ့စိတ်ဝိဥာဉ်အားလုံးကိုစုစည့်နိုင်ပါ့မလားမပြောတက်ဘူး”
“ယွဲ့မိ….ယွဲ့မိ….အဟီးဟီး…ယွဲ့မိ…ကိုယ်မင်းကိုမျှော်နေခဲ့ရတာ…သုံးလောကပျက်သုန်းသွားရင်တောင်မင်းဝိဥာဉ်ပျက်သုန်းမသွားဘူးဆိုတာကိုယ်ယုံကြည်တယ်…”
“ထျန်းချီ….ကြည့်ပါအုံး…ကလေးကျနေတာပဲရှင်ကလေအရင်တိုင်းပဲ…လုံးဝမပြောင်းလဲဘူး…ဒီနှစ်ပေါင်းများစွာထဲမှာ…အမှန်တရားနတ်မင်းထျန်းချီကအေးဆေးတည်ငြိမ်ပြီးလေးစားစရာအကောင်းဆုံးတဲ့….ကြည့်ပါအုံး…အရင်ကလိုပဲရှင့်အကျင့်ကမပျောက်ဘူး”
“ယွဲ့မိ…မင်းဘယ်လိုပဲပြောပြောဒီသုံးလောကအားလုံးကလေးစားပေမဲ့မင်းကတော့မတူဘူးလေ…မင်းကယွဲ့မိမို့လို့ပဲ”
“ဟင်းဟင်း….ကျမရှင့်ရဲ့သားရဲပဲဖစ်ဖို့ဆန္ဒရှိပြီးသားပါ”
“ကောင်းပြီး…မင်းတို့ကိုယ့်နေရာကိုယ်ပြန်ပြီးအလွမ်းသယ်ကြရင်ကောင်းမယ်”
ပိုင်ကျွယ့်စကားကြောင့်သူမရောထျန်းချီရောမျက်စောင်းထိုးလိုက်ကြတော့သည်…
“ယွဲ့မိ…နင်ပြန်လာပြီဆိုတော့…လခန်းဆောင်နဲ့ထောင်ယွဲ့တောအုပ်ကပိုပြီးအသက်ဝင်လာပြီ”
“ကျေးဇူးတင်ပါတယ် ရှန့်ကူ…ဒီနေရာတွေကိုလူသစ်ထပ်မခန့်ပဲငါ့တွက်အမြဲပေးထားခဲ့လို့”
“ယွဲ့မိ…ကိုယ်မင်းကိုပြစရာရှိတယ်…လိုက်ခဲ့”
ထျန်းချီကသူမလက်ကိုဆွဲကနေရာမှပျောက်သွားသည်…
“ကြည့်စမ်း…ကိုယ်မင်းတွက်ဒီနေရာကိုသေချာလေးစောင့်ကြည့်ခဲ့ရတာ…မလှဘူးလား”
“လှတယ်…အရမ်းလှတယ်”
ပိုးစုန်းကြူးကောင်လေးများတဖျက်ဖျက်တောက်ပနေပြီးပန်းလေးများကနေရာအစုံပွင့်လန်းနေသည်…လေးတစ်ချက်တိုက်တိုင်းလွှင့်ပြယ်လာသောပန်းရနဲ့သင်းသင်းကလည်းမွှေးပျ့ံနေသည်….တဖြေးဖြေးနဲ့နှင်းပန်းကဲ့သို့အပွင့်လေးများကမိုးပေါ်မှကျဆင်းလာပြီး…အလွန်ပဲလှပနေတော့သည်….
“ရှင်ဘယ်လိုရှာတွေ့တာလဲ…ဒီလောက်လှတဲ့နေရာကို”
“ဒီနှစ်ပေါင်းများစွာထဲမှာ လူ့ပြည်တစ်ခုပါရှိလာပြီလေ…ဒါကလူ့ပြည်ထဲကနေရာတစ်ခုပဲ”
“ဟုတ်လား…ကျမလူ့ပြည်မှာတောင်နေချင်သွားပြီ…ဟီးဟီး”
“ယွဲ့မိ…ကိုယ်…ကိုယ်မင်းကိုထပ်ပြီးအဆုံးရှုံးမခံတော့ဘူး…အခုကစပြီးမင်းပေါ်ကိုယ်အရမ်းကောင်းပါ့မယ်”
“ထျန်းချီ…ဒါဆိုရင်…ကျမတစ်ခုလောက်မေးချင်တယ်”
“မေးလေ”
“ရှင်…ယွဲ့မိကိုချစ်တာလား”
“ဟုတ်တယ်လေ…ကိုယ်မင်းကိုချစ်တယ်”
“ဒါဆိုပိုင်ယွန်းမီကိုရော….”
“ဟင်…ယွဲ့မိ…မင်းကယွဲ့မိလေပိုင်ယွန်းမီကလည်းမင်းပဲ”
“ဟုတ်သား…အားလုံးကတူတူပဲဟာ…ကောင်းပါပြီကျမရှင့်ကိုစဉ်းစားရခတ်အောင်မလုပ်တော့ပါဘူး”
ထိုနေ့ကထျန်းချီနဲ့သူမတစ်နေ့လုံးအချိန်ကုန်ကာပျော်ခဲ့ကြသည်….မိုးချုပ်သည်အထိနေရာစုံလျှောက်လည်ကြပြီးအစားစုံအောင်လည်းစားသောက်ခဲ့ကြသည်…နောက်ဆုံးထိုနေရာသို့ပြန်လာခဲ့သည်
“ထျန်းချီ…ဒါက…ညဘက်မှာပိုပြီးလှတယ်…အရမ်းလှတယ်”
သူမကပျော်လွန်းလို့ခုန်ပေါက်ကာပိုးစုန်းကြူ လေးများကိုလိုက်ဖမ်းနေသည်မှာကလေးတစ်ယောက်လို…
“ခစ်ခစ်.. .ခစ်ခစ်…ထျန်းချီကအကောင်ဆုံးပဲ…ဝါး…ကျမအရမ်းပျော်တယ်…ရှင်လည်းလာခဲ့…ကျမနဲ့တူတူပျော်ပါ”
သူမကထျန်းချီလက်ကိုစွဲကာကလေးတစ်ယောက်ကဲ့သို့ပျော်ပါးနေသည်…သူမအပြုံးတွေရယ်မောသံတွေကြောင့်ထျန်းချီကျေနပ်ပီတိဖြစ်နေသည်…
“ထျန်းချီ…ရှင်ဘာလို့ကျမကိုအဲ့လောက်ကြည့်နေတာလဲ”
ထျန်းချီကသူမအားစေ့စေ့ကြည့်ရင်းခါးလေးကိုဆွဲဖက်လိုက်တော့သည်…သူမကိုယ်လေးကသူ့ရင်ခွင်ထဲရောက်သွားပြီးမျက်နှာချင်းနီးကပ်သွားသည်…ထျန်းချီကမော့ကြည့်နေသောသူမအားသူ့မျက်နှာနှင့်အနီးကပ်ဆုံးထိအောင်ဆွဲယူလိုက်သည်…အကြည့်ချင်းကစုံသွားပြီးရင်ခုန်သံတွေကတဒုန်းဒုန်းလှုပ်ရှားနေတော့သည်…
“ထျန်းချီ…ရှင်”
စကားမဆုံးခင်ထျန်းချီရဲ့နှုတ်ခမ်းတစ်စုံကသူမနှုတ်ခမ်းပေါ်ထက်ရောက်ရှိသွားသည်…သူ့အနမ်းများကိုယွန်းမီမငြင်းပယ်ခဲ့ပေ…မျက်လုံးများစုံမှိတ်ကာထိုအနမ်းတို့ကိုပင်ကျေနပ်နေမိပါတော့သည်…..
[♥]]] [♦]]] [♣]]] [♠]]]
“ယွဲ့မိ…လူ့ပြည်ကနေကြည့်လိုက်တော့…ကြယ်တွေကအရမ်းလှပတယ်မင်းကလူသားတွေကိုပျော်ရွှင်အမှန်အကန်ပေးတယ်…ချစ်သူတွေတွက်ပြည့်စုံတဲ့ညကိုဖန်တီပေးတယ်…ယွဲမိ…မင်းကတကယ့်နတ်သမီးပဲ…ညဘက်စိုလူသားတွေကကြယ်တွေကိုအလှကြည့်ကြတယ်ခံစားကြတယ်”
မျက်ခင်းစိမ်းပေါ်လဲလျောင်းရင်းကောင်းကင်ကိုမော့ကြည့်ကာထျန်းချီပြောလိုက်သည်…
“ကျမ…တကယ်အကျိုးဆောင်ကောင်းပဲလူ့ပြည့်အတွက်တော့”
“မှန်တယ်…မင်းကကိုယ့်ရဲ့နတ်သမီး…ကိုယ့်ရဲ့ဝိဥာဉ်သခင်ပဲ”
“ဟွန့်…ကျမသာဝန်မခံခဲ့ရင်ရှင်ချစ်တာကျမဖြစ်နိုင်ပါ့မလား…ရှင်ကရှန့်ကူကိုပဲဂရုစိုက်ခဲ့တာလေ”
“မင်းသဝန်တိုနေတာလား”
“မဟုတ်ပါဘူး…ရှန့်ကူဆိုတာရှင်နဲ့ကျမလက်ပေါ်မှာပဲကြီးလာတာလေ…ကျမရှန့်ကူကိုတစ်ခါမှမနာလိုမဖြစ်ခဲ့ဘူး”
“ကိုယ်သိပါတယ်…မင်းကအကောင်းဆုံးပဲ”
“ထျန်းချီ”
“ဟင်း”
“ကျမကိုရှောင်မီလို့မခေါ်တော့ဘူးလား…အခုကျမကပိုင်ယွန်းမီလေ”
“မင်းသာသဘောကျရင်ကိုယ်ခေါ်မှာပေါ့”
“ဒါဆို…ယွဲ့မိကိုချစ်တာလား…အခုလက်ရှိကျမရဲ့ဒီရုပ်နာမ်ကိုချစ်တာလား”
“ဟင်….”
သူအဖြေရခက်သွားသည်…တကယ်ဆိုသူကိုယ်တိုင်လည်းဒါကိုမစဉ်းစားမိပေ…ရှောင်မီကယွဲ့မိဖြစ်ပေမဲ့…ရှောင်မီမူလလာတဲ့နေရာကသူနဲ့မတူတဲ့လောကသစ်တစ်ခုကလေ…
“ကိုယ်မသိဘူး”
“ဒါဆိုရင်…ယွဲ့မိရဲ့မူလဝိဥာဉ်သာကျမကိုယ်ထဲမရှိခဲ့ရင်…ရှင်ချစ်ပါ့အုံးမလား…ကျမကကျမရဲ့စိတ်ဝိဥာဉ်ကိုကိုယ်ပိုင်စိတ်ဝိဥာဉ်အဖြစ်ပြောင်းလဲပြီးသားလေ…တကယ်လို့များကျမရဲ့မူလစွမ်းအားကတစ်ခြားသူထံမှာရှိနေရင်…ရှင်ဘယ်လိုရွေးမလဲ”
“ကိုယ်မရွေးဘူး…ဘာလို့လဲဆိုရင်…မင်းကလည်းယွဲ့မိပဲလေနောက်လူဆိုတာရှိလာမှာမဟုတ်ဘူး…ကိုယ့်ရဲ့ယွဲ့မိကတစ်ယောက်ထဲအဲ့ဒါရှောင်မီ”
“ထျန်းချီ….တကယ်လို့များကျမကနှစ်ယောက်ဖြစ်ခဲ့ရင်…ရှင်ဘာလုပ်မှာလဲ”
“မင်းကတစ်ယောက်ထဲ”
“က်မ…”
“ထပ်မပြောနဲ့”
သူကယွန်းမီစကားဆက်မပြောဖြစ်အောင်အနမ်းပွင့်များကိုခြွေလိုက်ပြန်တော့သည်….သူမလက်များကသူ့ရင်ဘက်ကိုတွန်းထုတ်သော်လည်းသူမလက်များပါသူကချူ ပ်ထားပစ်လိုက်တော့သည်…
ကြည်လင်လှပနေသည့်ကောက်းကင်ယံတစ်ခုလုံးတိမ်မဲတိမ်စိုင်များကကြယ်များကိုဖုံးလွှမ်းပစ်လိုက်ပြီးရာသီဥတုကချက်ချင်းဆိုသလိုပြောင်းလဲလာသည်…
“ဘာဖြစ်တာလဲ”
ထျန်းချီကဘာမှမပြောသေးဘဲစာရေးကာနတ်ပြည်ကိုပို့လိုက်သည်….
“ရှောင်မီ…ကိုယ်နဲ့လိုက်ခဲ့”
သူမလည်းမအူမလည်ဖြင့်သူ့နောက်လိုက်လာခဲ့သည်….
“ကယ်ကြပါအုံး.. .ရေတွေကြီးပြီးလေတွေတိုက်ကုန်တာအိမ်တွေပြိုကုန်ပြီ…အီးဟီး…ဟီး…”
“ကပ်ဘေးကြီးကျရောက်လာပြီပြေး…ပြေးကြ”
လူသားများကငိုသူကကိုအော်သူအော်နှင့်ပြေးကြလွှားကြလုပ်နေကြသည်…သူမကိုဟုန်ရိပေးထားတဲ့သက်ရှိရုပ်ကြွင်းလေးကလှုပ်ခတ်လာပြီးအရောင်လက်လာသည်…
“ဟင်…အန္တရာယ်ရှိနေပြီ”
“ရှောင်မီ…တစ်ယောကယောက်တော့လူ့ပြည်ကိုနှောက်ယှက်ဖျက်စီးချင်နေပြီ…ကိုယ်တို့အမြန်လှုပ်ရှားရမယ်နှောက်ယှက်သူကိုလိုက်ရှာရမယ်”
“ကောင်းပြီ”
သူတို့နှစ်ယောက်လည်းလေပေါ်သို့ခုန်တက်သွားပြီးနှောက်ယှက်သူအားရှာဖွေလိုက်ကြသည်…
“ရှောင်မီ…ကိုယ်အရင်ရှာလိုက်မယ်…လူသားတွေကိုကာကွယ်ပေးထားလိုက်”
“ထျန်းချီ…ရှင်ဂရုစိုက်နော်”
“ကောင်းပြီ”
ပြောပြီးထျန်းချီကပျောက်ကွယ်သွားသည်….သူမလည်းလူသားတွေထံရောက်ရှိလာသောရေလှိုင်းများကိုမလွှမ်းမိုးနိုင်အောင်အကာအရံလုပ်လိုက်သည်….
“ရွှမ်ယီး….ရွှမ်ယီး…ရှင်ကျမခေါ်တာကြားလား…ရွှမ်ယီး”
“မီမီ”
“ရှင်လာပြီလား”
သူမခေါ်လိုက်တဲ့ခဏအတွင်းမှာပဲရွှမ်ယီးကရောက်လာသည်…
“မီမီ…ဒါက…”
“ကျမလည်းမသိဘူး…လူ့ပြည်ကိုတစ်ယောက်ယောက်ကဝင်နှောက်ယှက်နေတာ”
သူမနဲ့အတူရွှမ်ယီးကအကူအညီပေးလေသည်….
“နေအုံး…ဒီရေတွေကိုခဲအောင်ကျမလုပ်လိုက်မယ်”
“ရွှီ….ရွှီ….”
သူမကသူမရဲ့လက်ကိုဆန့်ထုတ်လိုက်ပြီးရေတွေကိုခဲအောင်လုပ်လိုက်သည်….
“ရွှမ်ယီး…ရှင့်ကူညီမှုအတွက်ကျမနတ်ပြည်ကိုတင်ပြပေးပါ့မယ်…လူသားတွေကိုကြည့်ထားပေးပါ….ကျမထျန်းချီနောက်လိုက်သွားရမယ်”
“အယ်…မီ…”
ရွှမ်ယီးခေါ်လို့မပြီးခင်မှာပဲသူမကပျောက်သွားသည်….သူလည်းအပြင်းအထန်တိုက်ခတ်နေသောလေပြင်းများလူသားတွေကိုမထိခိုက်စေအောင်ကာရံထားလိုက်တော့သည်….
[♥]]] [♦]]] [♣]]] [♠]]]
လေပြင်းများတိုက်ခတ်နေသောချောက်ကမ်းပါးတစ်ခုတွင်အနီရောင်ဝတ်ရုံကိုဝတ်ထားသောသူကိုထျန်းချီတွေ့လိုက်သည်…ထိုသူကလက်ထဲမှာအနီရောင်မှော်ပညာကိုသုံးကာလူ့ပြည်ကိုလှုပ်စေသည်…
“ရပ်လိုက်စမ်း ”
ထိုသူကမခိုးမခန့်မဲ့ပြီးသူ့ဘက်လှည့်လာတော့သည်….
“ရှင်နဲ့ဘာဆိုင်လို့လာတားနေတာလဲ…မဆိုင်ရင်ဘေးဖယ်”
ပြောရင်းသူမကလက်တစ်ဖက်ကိုဆန့်ထုတ်ကာသူ့ရဲ့အနီရောင်မှော်ပညာဖြင့်ထျန်းချီကိုတိုက်ခိုက်လိုက်သည်….သူလည်းအသာရှောင်တိမ်းလိုက်ပြီး…
“အမှန်တရားနတ်မင်းကိုတောင်အာခံရဲတယ်…သေပြီတော့”
“ရွှမ်း….ရွှမ်း…”
ထျန်းချီကသူ့ရဲ့ခရမ်းရောင်ကြာပွတ်ဖြင့်ပြန်လည်တိုက်ခိုက်လိုက်တော့သည်….
“ဝှီး….ဝှီး…ရွှမ်း…ရွှမ်း…”
တိုက်ခိုက်သံတွေကဆူညံနေပြီးအနီရောင်မိန်းကလေးမှာသူ့ရဲ့ကြာပွတ်ရိုက်ချက်ကိုအသဲအသန်ရှောင်နေရတော့သည်…
“ရွှမ်း…အား…!
ကြာပွတ်ရိုက်ချက်ကဒီအခါမှာတော့ထိုမိန်းကလေးကြောပြင်အားထိသွားသည်….ပါးစပ်မှသွေးတို့ယိုစီးကျလာသည်…လဲနေရာမှအားယူထရင်း…
“ဟား….ဟား…ဟား…ဟား…”
သူမကအားရပါးရရယ်မောရင်းနှုတ်ခမ်းများတွန့်ကွေးသွားအောင်မဲ့ပြုံးတစ်ချက်ကိုပြုံးလိုက်သည်…
“ရှင်က…အမှန်တရားနတ်မင်း…ဒါပေမဲ့ဘာလို့အမှန်တရားကိုရှင်ရှာလို့မတွေ့လဲ…ဒီလူသားတွေကအမှန်ကိုဖုံးကွယ်ထားကြလို့ပဲ….လူဖြစ်ဖြစ်…မိစ္ဆာဖြစ်ဖြစ်…နတ်ဆိုးဖြစ်ဖြစ်…နတ်မင်းဖြစ်ဖြစ်…မကောင်းတာတွေကျူ းလွန်နေရင်မကောင်းစိုးဝါးပဲ…ဒါပေမဲ့ရှင်တို့ကအမှန်တရားနတ်မင်းပဲ…နတ်ဘုရားတွေကရောအမှားမလုပ်ကြတော့ဘူးလား…ဟွန့်…ကျမနဲ့အတူဒီလူသားတွေပျက်စီးရမယ်”
သူမကထပ်ပြီးမှော်ပညာကိုဖန်တီးလိုက်ပြီးလူ့ပြည်ကိုအမှောင်ဖုံးအောင်လုပ်တော့သည်…
“အမှန်တရားနတ်မင်းရှေ့မှာအမှန်တရားဘာဆိုတာမင်းသင်ပြစရာမလိုဘူး”
“ရွှမ်း…”
ထျန်းချီကနောက်တစ်ကြိမ်ရိုက်ချလိုက်စဉ်…
“မလုပ်ပါနဲ့”
“ဟင်….အားလီ…ရှင်ဘယ်လိုလုပ်ရောက်လာတာလဲ”
“ချန်ချန်း…အမှားတွေမလုပ်ပါနဲ့တော့”
“ဟွန့်…ငါ…ငါကလားအမှားလုပ်တာ…ဒီလူတွေပဲအမှားလုပ်ကြတာလေ…သူတို့ငါ့အပေါ်ကိုအမှားလုပ်ကြပြီးငါကပြန်လုပ်တော့ငါ့အမှားတဲ့လား….မတရားဘူး”
“ချန်ချန်း….ငါမင်းကိုချစ်တယ်…ဘယ်သူတွေဘာပြောပြောမင်းကငါချစ်ရတဲ့သူပဲ…ငါချစ်ရတဲ့သူအမှားတွေလုပ်မှာငါခွင့်မပြုဘူး…ငါ့ကိုယုံပါ…မင်းရဲ့မကောင်းတဲ့စွမ်းအင်တွေကိုကိုယ်ပျောက်အောင်ကုသပေးမယ်…ပြန်လိုက်ခဲ့ပါနော်”
“မလိုက်ဘူး…အားလီ…ရှင်လည်းမတားနဲ့…ဒီလူတွေကဘာများကောင်းလို့လဲ…အမှန်တရားနတ်သမီးကလူပြည်ကိုဖန်တီးပေးလိုက်တယ်အမှားအမှန်ခွဲခြားဖို့ဥာဉ်ရည်မထည့်ပေးလိုက်ကြဘူး….အဲ့တော့ကျမကိုလာမတားနဲ့…ရှင်ကကျမသူငယ်ချင်း…ကျမပေါ်ကောင်းတယ်ရှင်လည်းအသက်မသေချင်ရင်ဒီကနေထွက်သွားပါ”
“မသွားဘူး…ကိုယ်နဲ့ပြန်လိုက်ခဲ့ပါ”
“ခေါင်းမာတယ်”
သူမကအားလီအားအစွမ်းဖြင့်တွန်းထုတ်လိုက်သည်…
“မကောင်းစိုးဝါးမ…အသိမရသေးဘူး”
ထျန်းချီလည်းသူ့ရဲ့ကြာပွတ်ကိုဝေ့ယမ်းကာသူမအားတိုက်ခိုက်လေတော့သည်….
“ရွှမ်း..”
“အာ့…!
ဒီအခါမှာတော့သူမလဲကျသွားပြီးသွေးများအန်ထွက်လာပြန်သည်…
“နတ်မင်းစုတ်…ငါ့ကိုသတ်လိုက်…မဟုတ်ရင်လူ့ပြည်တင်မကဘူးသုံးလောကကိုပါဖျက်စီးပစ်လိုက်မယ်”
“ကောင်းပြီ…အမှားကိုမပြုပြင်ဘူး…အသတ်အသေခံမယ်မင်းကိုငါသေခွင့်ပြုမယ်”
ထျန်းချီကသူ့ကြာပွတ်ဖြင့်ရိုက်ချလိုက်သည်….
“မလုပ်နဲ့…ရွှမ်း…အား…”
“ဟင်..”
“ဟာ”
ထျန်းချီရောသူမပါအံံ့သြသွားသည်….ထျန်းချီရဲ့ရိုက်ချက်ကိုအားလီကအစားဝင်ခံလိုက်သည်….
“အားလီ…အားလီ…အဟင့်…ရှင်ဘာလို့အဲ့လောက်ရူးရတာလဲ…ရှင်ဘာလို့ကျမကိုကာကွယ်နေရတာလဲ”
“ချန်ချန်း….ကိုယ်ကျေနပ်တယ်…နတ်မင်း…ချန်ချန်းကိုချမ်းသာပေးလိုက်ပါ”
“မဟုတ်ဘူး…အားလီ…ရှင်မသေရဘူး”
အားလီကအစွမ်းတွေပေးမည်လုပ်နေသောထျန်ချန်းလက်ကိုဆုပ်ကိုင်လိုက်ပြီး….
“ချန်ချန်း…မလုပ်နဲ့…”
“နတ်မင်းစုတ်…ရှင်ဘာလို့ကျမကိုမသတ်လဲ”
“မင်းဘာလို့သူ့အစားဝင်ခံတာလဲ…မိုက်မဲလွန်းတယ်ဒီလက်နက်ကနတ်ဘုရားရဲ့လက်နက်မင်းကိုထိခိုပ်မိရင်အသက်သေနိုင်တယ်ဆိုတာမတွေးဘူးလား”
“နတ်မင်း…ကျွန်တော်သိပါတယ်…ဒါပေမဲ့ဒီဘဝမှာချန်ချန်းကိုကာကွယ်ဖို့ကအဓိကပါ…ချန်ချန်းကိုကာကွယ်နိုင်ခဲ့တယ်”
“ရူးမိုက်တာပဲ…လူတွေကိုဒုက္ခရောက်အောင်လုပ်တဲ့သူကိုမင်းကာကွယ်နေတာပဲ”
“နတ်မင်း…အကယ်၍နတ်မင်းကျွန်တော့်လိုအခြေအနေနဲ့ကြုံလာခဲ့ရင်နားလည်လိမ့်မယ်…ကိုယ်ချစ်ရတဲ့သူအတွက်သူမဘာအမှားကြီးပဲလုပ်လုပ်သူမကိုနတ်မင်းကာကွယ်ပေးလိမ့်မယ်”
“အားလီ…ရှင်စကားတွေအများကြီးမပြောနဲ့နော်…ကျမရဲ့မူလစွမ်းအားနဲ့ရှင့်ကိုကယ်မယ်”
“မလုပ်နဲ့…မင်းကောင်းကောင်းအသက်ရှင်ရမယ်…ကိုယ်ကိုကတိပေးပါ”
“ဟင့်အင်း…မပေးဘူးကျမကတိမပေးနိုင်ဘူး”
“ချန်…ချန်း…ငါ…ငါ…ငါ…နောက်ဘဝ…မှာ…မင်းနဲ့…ထပ်ဆုံးပါစေလို့…ဆု…ဆုတောင်း”
စကားမဆုံးခင်ပဲအားလီမျက်လုံးများမှေးစက်သွားတော့သည်….
“အား….လီ!
သူမအသံကုန်အော်ဟစ်ကာသူ့အမည်ကိုခေါ်လိုက်သည်….သူ့ရင်ခွင်ထဲပွေ့ပိုက်ထားသောအားလီကိုကြည့်ကာရငနှင့််မမျှအောင်ခံစားကာင်ိုးကြွေးနေတော့သည်…
“အားလီ…ရှင်ကကျမကိုအမြဲကောင်းခဲ့တယ်ရှင့်အပေါ်အကြွေးတင်နေခဲ့ပြီးရှင့်အချစ်ကိုလျစ်လျူ ပြုထားမိတယ်…လူတွေကျမကိုနှိပ်စက်ကြတယ်ရှင်သာကာကွယ်ပေးသူပဲ…ဒီလောကကြီးမှာရှင်တစ်ယောက်ပဲကျမကိုနားလည်ပေးသူပဲ…ရှင်မရှိတော့ကျမကိုဘယ်သူကဖေးမအုံးမှာလဲ…ကျမဘာကိုဂရုစိုက်နေရအုံးမှာလဲ…ကောင်းပြီ…ရှင်မရှိမဲ့တူတူ…ကျမရှင်နဲ့အတူလိုက်သေမယ်”
သူမကထပ်ပြီးအနီရောင်မှော်ပညာကိုသုံးကာလူ့ပြည်ကိုပြသနာဖြစ်အောင်ဖန်တီးလိုက်ပြန်သည်…
“နတ်မင်း…ကျမလူ့ပြည်ကိုဒုက္ခရောက်အောင်လုပ်နေပြီ…ရှင်ကျမကိုအဆုံးသတ်လိုက်တော့”
“ကောင်းပြီ…”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)