တစ်ခုလပ်မ - Part1
ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ အိမ်သေးသေးလေးတွေ ဝိုင်းဖွဲ့ပြီး လူတန်းစားပေါင်းစုံ စုပေါင်းနေထိုင်ကြသည်။
”ဟဲ့ မိပု ငါ့ကို စောက်ဆံပေးစမ်း မပေးဘူးလား ခွမ်း”
ဆင်းရဲသားပေါင်းစုံရှိတာမို့ အပြောအဆိုစရိုက်တွေကလည်း ကြမ်းတမ်းလွန်းသည်။
အခုလည်း နံဘေးအိမ်က အရက်သမားဖိုးထောင် သောင်းကျန်းနေပြန်သည်။ မိသားစုအတွက် ဘာတစ်ခုမှ တာဝန်မကျေတဲ့အပြင် အရက်သောက်ဖို့ မိန်းမဖြစ်သူ သူများအိမ်က အဝတ်တွေ ငှားလျှော်ပြီး ပင်ပင်ပန်းပန်း ရလာတဲ့ ပိုက်ဆံတွေကို မညှာမတာ လုယူနေတော့သည်။ ဘယ်သူမှ ဝင်မဆွဲ ဝင်မတားကြဘဲ အိမ်နံဘေး ပတ်ဝန်းကျင်က ဖြစ်နေကျ ကိစ္စတစ်ခုလို သဘောထားကြသည်။ ဒါကတော့ သူတို့ရပ်ကွက်ရဲ့ ထုံးစံ…။
ထိုထဲတွင် ကြွေသုပန်းချီရဲ့ အဖေ ဦးကျော်မင်းဆိုသူလည်း ပါသည်။ ဦးကျော်မင်းနဲ့ ဖိုးထောင်တို့က အရက်သောက်ဖော်သောက်ဖက်..။
”ငါပြောတာကို လက်ခံလိုက်စမ်းပါ ကြွေရယ်၊ နင့်ဘဝ တိုးတက်အောင် ငါက စေတနာနဲ့ပါ၊ သူက နင့်ကိုတကယ်ကြွေနေတာ၊ ဆရာဝန်လောင်းက နင့်လို မိန်းမမျိုးကို အတည်တကျပေါင်းသင်းယူဖို့ ဆိုတာ လွယ်တယ်မှတ်လို့၊ နင်က ဘာကို အိုင်တင်ခံနေတာလဲ သဘောတူလိုက်စမ်းပါ၊ ကိုနေ့သစ်က လူရည်မွန်လေးပါအေ”
နေ့သစ်ဆိုတဲ့ ဆရာဝန်လောင်းလေးက သူမတို့ နေတဲ့ ဆင်ခြင်ဖုန်းရပ်ကွက်ရဲ့ ဆေးခန်းတစ်ခုမှာ တာဝန်လာကျနေသည်။ ကြွေသုပန်းချီဆိုတဲ့ ကျောင်းဆရာမလေးကို မြင်မြင်ချင်း စွဲလမ်းလို့ နားဖောက်နေတာ တော်တော် ကြာခဲ့ပါပြီ။ သူမဘက်က လက်မခံမချင်း အကြိမ်ကြိမ်အခါခါ တောင်းဆိုနေတာ ကြာလှပြီမို့ သူမလည်း ဘယ်လိုဆုံးဖြတ်ချက်တွေ ချရမှန်းမသိ ဇဝေဇဝါ ဖြစ်နေရသည်။
”လက်ထပ်ဖို့ကိစ္စက လွယ်တယ်များ ထင်နေတာလား မရွှေရယ်”
” နင်က သူ့ကို မချစ်ဘူးလို့ ပြောချင်တာလား၊ အချစ်လား အဟက် ဒီရပ်ကွက်မှာ ငါတို့လောကမှာ အချစ်ဆိုတာမရှိဘူး အကြွေးတွေပဲ ရှိတာ၊ စိတ်ကူးယဉ်မချင်စမ်းပါနဲ့ ကြွေရယ်”
”မရွှေကလည်းနော်..”
နို့စို့အရွယ်ကလေးလေးကို ရင်ဝယ်ပိုက်ကာ မရွှေက ကြွေ လက်ခံလာစေရန် နားချလေသည်။
” ဒီမှာ ကြွေ ငါတို့ရပ်ကွက်ထဲမှာ ကျောင်းဆရာမဆိုလို့ နင်တစ်ယောက်ပဲ ရှိတာ၊ ငါတို့က နင့်ကို ခင်တယ် နင်ဒုက္ခရောက်မယ့်အဖြစ်မျိုးကိုလည်း ငါတို့က ပြောတာ မဟုတ်ဘူး၊ ဆရာဝန်ကိုယ်တိုင်က နင့်ကို လိုချင်ပါတယ် နင်သာ လက်ခံရင် အခုချက်ချင်း လက်ထပ်ပွဲလုပ်ပေးပါ့မယ်ဆိုတဲ့ အပြောလေးနဲ့တင် ငါတို့က နင့်အတွက် ဝမ်းသာလှပါပြီ၊ ကြည့် ငါတို့လင်မယားနှစ်ယောက်ပဲကြည့် ဘယ်မှာလဲ အချစ်..”
တစ်နေ့တစ်နေ့ရန်ဖြစ်လုံးပန်းရင်းနဲ့ပဲ စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်းရုန်းကန်ရှာဖွေနေတဲ့ မရွှေတို့ လင်မယားမှာ သာယာပျော်ရွှင်မှုက နတ္ထိ။ သူတို့လင်မယားရဲ့ ဖြစ်စဥ်ကို သာဓက ပြပြီး ကြွေကို နားချလာသည်။
”မိကြွေရေ နင့်အစ်ကိုစွမ်းထက်အောင် ရန်ပွဲမှာ ဝင်ပါပြန်ပြီဟေ့”
အိမ်ရှေ့ကနေ သတင်းပေးသလို အော်သွားတဲ့ သတင်းစကားကို ကြားရပြီး ကြွေသုပန်းချီမှာ ရင်မောရပြန်သည်။ ဒီတစ်ခါလည်း ဘယ်သူ့ကိုလျော်ကြေးပေးရဦးမလဲမသိ။ ဘယ်အချုပ်ခန်းမှာ သွားထုတ်ရမလဲမသိ ဒုက္ခပါပဲ..။
မရွှေကတော့ လက်ကိုလက်ခံသင့်နေပါပြီဆိုတဲ့ အကြည့်တွေနဲ့ ကြည့်လာသည်။ ကိုနေ့သစ်ဆိုတဲ့ ဆရာဝန်လောင်းလေးကို ကြွေ ယူလိုက်ရင် ဒီလိုဒုက္ခတွေဆီက အနည်းငယ် ကူကယ်ရာရမလား ။
ရန်ပွဲတိုင်းပါတတ်လွန်းတဲ့ အရက်သမားအစ်ကိုစွမ်းထက်အောင်။ ခုမှ ဆယ်တန်းတက်ခါစ လမ်းစပျက်နေတဲ့ မောင်လေး နေဘုန်းအောင်။ မေနိုင်းလို့ခေါ်တဲ့ အစ်မကလည်း ဖဲသမားယောကျ်ားကို ယူထားပြီး လင်မယားနှစ်ယောက်က တကျက်ကျက် ရန်ဖြစ်ကြ။ သားသမီးတွေကလည်း များများနဲ့ ဒီလိုမိသားစုကနေ သူမခမျာ အသက်ရှူဖို့တောင် အနိုင်နိုင်။
”ကြွေ ဒီလိုပုံစံအတိုင်းသာဆို လက်ခံမှ ဖြစ်တော့မယ်နော် ”
”ကြွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြည့်ချင်သေးတယ်”
”လစာလေး တစ်ပဲခြောက်ပြားနဲ့ ဒီလိုမိသားစုကို နင်က ဘယ်လိုအစွမ်းအစတွေနဲ့ ကယ်တင်နိုင်မှာတဲ့လဲ၊ နင့်လစာလေးနဲ့ နင့်အစ်ကိုရန်ပွဲတစ်ပွဲတောင် ဆပ်လို့ ကျေနိုင်လို့လားဟယ်”
မရွှေရဲ့ စကားတွေက အမှန်တရားတွေချည်းပဲမို့ ကြွေသုပန်းချီ ခေါင်းလေးငုတ်စိုက်ကျသွားရတော့သည်။ တစ်ခါတလေ အမှန်တရားတွေက သိပ်ကိုခါးသက်တာကိုး..။
” ကြွေ..ကြွေ စဉ်းစားပါရစေဦး”
အရင်ကလို ဘူးခံမငြင်းတော့ပဲ လေသံလေးကနည်းနည်း ပျော့ပျောင်းလာတာက ကံကောင်းဖို့ လမ်းစပေါ်လာပြီမှန်း မရွှေ သတိထားမိလိုက်သည်။
ကိုယ့်ညီမလေးလို ချစ်ရတဲ့ ကြွေသုပန်းချီကို ဒီစိတ်ပျက်စရာကောင်းလွန်းတဲ့ လောကအသိုင်းအဝိုင်းကြီးကနေ အမြန် ရုန်းထွက်စေချင်ပြီ။
????
”နေဘုန်းအောင် နင် ကျူရှင်မတက်ဘူးလား”
”အစ်မကဗျာ ဘာတွေလာပြောနေတာလဲ ကျွန်တော်တက်မှာပေါ့”
”နင့်ကို ငါ ကျူရှင်တက်ခိုင်းတာနော်၊ နင့်ကို သင်နေတဲ့ ဆရာမကလည်း ငါနဲ့အသိပဲ၊ နင် ကျူရှင်တက်သလား မတက်ဘူးလားဆိုတာ ငါအကုန်ပြန်ကြားနေရတယ်၊ ဒါကြောင့် ငါနင့်ကို မေးနေတာ၊ နင် ဘယ်တွေသွားနေတာလဲ၊ ကျူရှင်လခ တစ်လတစ်လ ဘယ်လိုရှာနေရသလဲဆိုတာ နင်နည်းနည်းပါးပါး မစဉ်းစားပေးနိုင်ဘူးလား နေဘုန်းအောင် ”
တစ်အိမ်လုံးရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ရင်း မလိမ္မာတဲ့မောင်လေးကို ပြောဆိုနေမိသည်။ အခုတလော ခြေလှမ်းတွေ တော်တော်ပျက်ပြားလာတာ။ ဆယ်တန်းစာမေးပွဲလည်း နီးတော့မယ် အခုထိ ဟုတ်တိပတ်တိ စာတွေကျက်ဖို့မပြောနဲ့ စာအုပ်တောင် ကိုင်နေတာ တစ်ခါမှမမြင်ဘူးခဲ့။
အတန်းကြီးကျူရှင်မို့ လခကလည်း မနည်းဘူးလေ။ တစ်အိမ်လုံးမှာ အလုပ်လုပ်နေတာဆိုလို့ ကြွေသုပန်းချီတစ်ယောက်တည်းပဲ ရှိတာ။ သူမ လခ မဖြစ်စလောက်လေးနဲ့ တအိမ်လုံး ဖူလုံအောင် ဘယ်ဝန်ထမ်းနိုင်ပါ့မလဲ..။
ကြွေသုပန်းချီရဲ့ စကားတွေကို နေဘုန်းအောင်က ကြားတယ်လို့တောင် မထင်ခဲ့။ အသစ်စက်စက် ဖုန်းလေးတစ်လုံးကို ယူထုတ်ကာ နှိပ်နေတော့သည်။ သူ့လက်ထဲက ဖုန်းအသစ်ကို မြင်တော့ ကြွေမျက်ခုံးတွေ တွန့်ကွေးသွားပြီး ..
”ဒီဖုန်းက ဘယ်ကရလာတာလဲ”
”မမကဗျာ အာရုံမနောက်စမ်းပါနဲ့ ကိုယ့်ဘာသာကိုယ် နေစမ်းပါ”
”ငါက နင့်အစ်မနော် ပြောစမ်း ဒီဖုန်းကို ဘယ်ကရလာတာလဲ”
နေဘုန်းအောင်က ပြန်မဖြေပေ။ ဘယ်ကနေဘယ်လို ဒီလို ဖုန်းအသစ်စက်စက်ကြီးကို ဒီကောင်လေးက ဝယ်နိုင်မှာတဲ့လဲ။
”ဟဲ့ မဖြေဘူးလား မဖြေရင် ငါ ဒီဖုန်းကို ပစ်ခွဲမှာနော်”
သူ့လက်ထဲက ဖုန်းကို လုယူကာ ပစ်ခွဲမလို့ ပြင်တော့မှ နေဘုန်းအောင်က ထိတ်ထိတ်လန့်လန့်နဲ့ ..
”မလုပ်နဲ့ မလုပ်နဲ့နော် ကျွန်တော် ဖြေပါ့မယ်”
”ပြော ဒီဖုန်းကို ဘယ်ကရလာတာလဲ”
” ဟို ကိုနေ့သစ် ဝယ်ပေးလိုက်တာပါ”
”ဘာ!.. ဘယ်လို ပြောလိုက်တယ်”
နေဘုန်းအောင် စကားကြောင့် သူမနားကိုတောင် ပြန်ပြီး မယုံနိုင်တော့။ ဘယ်လို ..ဘာစကားပြောလိုက်တာလဲ ဒီဖုန်းကို ကိုနေ့သစ်က ဝယ်ပေးလိုက်တာတဲ့လား..။
”သူ ဝယ်ပေးတာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ နင် သွားတောင်းလို့ နေမှာပေါ့ ၊ ငါ့ကို အမှန်အတိုင်း ဖြေ၊ သူ ဝယ်ပေးတာလား နင် သွားတောင်းလိုက်တာလား”
ဘာစကားမှ ပြန်မဖြေလာပုံထောက်ရင် ကြွေ မှန်းတာ မှန်နေပါပြီ။
”နင်သွားတောင်းလာတာပေါ့ နေဘုန်းအောင် တစ်နေ့တစ်နေ့ ငါ့ကို ပြဿနာမရှာဘဲ နေလို့မရဘူးလား၊ နင်တို့အိမ်မှာ ငါ တစက်ကလေးမှ မနေချင်တော့ဘူး၊ နင်တို့ ငါ့ကို မသနားကြဘူးလားဟင် ၊ ဘာလို့ ငါ့ကို ပြဿနာတွေချည်းပဲ ပေးနေရတာလဲ၊ ကိုနေ့သစ်နဲ့ ငါက ဘာဆိုင်သေးလို့ နင်တို့က ဒီလို သွားလုပ်ရတာလဲ၊ ဒီလူ ငါ့ကို ဘယ်လိုမျိုး အထင်အမြင်သေးနေမလဲ၊ နင်တို့ နည်းနည်းလေးမှ မစဉ်းစားတတ်ဘူးလား၊ နဂိုကတည်းက ငါတို့က ဆင်းရဲနုံချာနေတာပါအေ၊ ငါတို့မှာ ထူနိုင်ထောင်နိုင်တာဆိုလို့ မာနတစ်ခုတည်းပဲ ရှိတာ၊ အဲဒီလက်ကျန်မာနလေးကို နင်တို့ ဟာ လုပ်ရက်တယ်”
ပြောရင်း ပြောရင်း သူမဘဝလေးကို ရင်နာရလွန်းလို့ ဝမ်းနည်းလာရသည်။
”ပေးစမ်း ငါ့ကို အဲဒီဖုန်း”
နေဘုန်းအောင် လက်ထက်က ဖုန်းကို လုယူပြီး ကိုနေ့သစ်ဆီ ပြန်သွားပေးဖို့ ဆုံးဖြတ်လိုက်သည်။
” မမရာ ဟိုက ကြည်ဖြူလို့ပဲ ကျွန်တော့်ကိုပေးလိုက်ပြီပဲ၊ သူ့အတွက် ဖုန်းလေးတစ်လုံးက ဘာမှမဖြစ်ပါဘူး ပြန်သွားမပေးပါနဲ့ ”
”ဟဲ့ဘယ်ဖြစ်မလဲ နေဘုန်းအောင် ငါနင့်ကို အပြတ်ပြောလိုက်မယ်နော်၊ နောက်ထပ် သူ့ဆီသွားတာကိုလည်း ငါမကြိုက်ဘူး၊ သူ ဘာပေးပေး နင် လက်မခံရဘူး၊ နင်ကလည်း သူ့ကို ဘာမှ သွားမတောင်းရဘူး၊ သူ့ဆီက ပစ္စည်းတစ်ခုခု ငွေကြေးတစ်စုံတစ်ရာ လက်ခံလာတယ်လို့ ငါကြားတဲ့နေ့က နင့်အသေပဲ”
တစ်ဦးတည်းသောမောင်လေးကို ကြိမ်းမောင်းပြောဆိုကာ ထွက်လာခဲ့လိုက်သည်။ ကျောင်းစာအရွယ်မှာ ကျောင်းစာကို ဂရုတစိုက်မသင်မကြားဘဲ အပြင်အာရုံတွေ အရမ်းလုပ်ချင်နေသည်။ ဒီပုံစံနဲ့ ဆယ်တန်းကို ဘယ်လိုအောင်မှာတဲ့လဲ နေဘုန်းအောင်ရယ်..တစ်လတစ်လ ကျူရှင်လခ ငါဘယ်လိုရှာနေရသလဲဆိုတာ နင်သိရင် ငါ့ကို နည်းနည်းပါးပါး သနားပါဦးလား..။
????
”ကြွေ ကိုယ့်ဆီလာတယ်ဟုတ်လား”
”ဟုတ်တယ် ပြောစရာလေးရှိလို့ပါ”
နေ့သစ်က ကြွေသုပန်းချီကို မြင်တာနဲ့ ဝမ်းသာအားရ လူနာတွေကို ပစ်ကာ သူမဆီ တန်းဝင်လာသည်။
” ဘာပြောစရာရှိလို့လဲဟင် ပြောလေ ကိုယ် နားထောင်နေပါတယ်၊ ကြွေက ကိုယ့်ဆီ တစ်ခါမှ မလာဖူးတော့ တစ်မျိုးဖြစ်နေလို့ပါ”
”ဟို လူနာတွေရှိတယ်မလား၊ လူနာတွေကိုပဲ အရင်သွားကြည့်လိုက်လေ၊ ကြွေက ရပါတယ်”
”ဒါဆို ခဏလေးနော် ဆေးပေးခန်းထဲ ဝင်ထိုင်နေပါလား၊ ကိုယ့်မှာလည်း တစ်ယောက်နှစ်ယောက်ပဲ ကျန်တော့တာ၊ ပြီးရင် ကိုယ် လိုက်လာခဲ့မယ်လေ”
”ဟုတ်ကဲ့ ကိုနေ့သစ်”
ကိုနေ့သစ် ပြောတဲ့အခန်းလေးထဲကို ဝင်၍ ကြွေ သူ့ကို ထိုင်စောင့်နေလိုက်သည်။ ဆေးပေးခန်းထဲမှာလည်း Nurseလေးတွေကလည်း ရှိနေတော့အဆင်ပြေပါသည်။
နောက်ဆယ့်ငါးမိနစ်ကြာတော့မှ ကိုနေ့သစ်က ကြွေဆီ ပြန်လာသည်။
”ဘာပြောစရာရှိလို့လဲဟင်”
ကြွေအိတ်ထဲက ဖုန်းလေးတလုံးကို ယူထုတ်ကာကိုနေ့သစ်ဆီ ထိုးပေးလိုက်ပြီး..
”နောက်ဆို ကြွေမောင်လေးကို ဒီလိုအရာတွေ မပေးပါနဲ့”
” ကိုယ်က စေတနာသန့်သန့်နဲ့ ပေးတာပါကွာ ယူပါ၊ နေဘုန်းအောင်ကလည်း ကိုယ့်ညီလေးလိုပါပဲကွာ”
”မရပါဘူး ကြွေလက်မခံပါစေနဲ့၊ ကြွေ မလိုချင်ဘူး”
”ကိုယ်က စေတနာသန့်သန့်နဲ့..”
”ကိုနေ့သစ်ဘက်က ဘယ်လောက် စေတနာမှန်တယ်ပြောပြော ကြွေယူရမှာ မသန့်လို့ပါ တောင်းပန်ပါတယ် နောက်ထပ် ကြွေတို့မိသားစုအပေါ် ဘာတစ်ခုမှ မပေးကမ်းပါနဲ့”
ဆင်းရဲပေမဲ့ မာနလေး ရှိနေတာကို နေ့သစ် သတိထားမိလိုက်သည်။ အင်းပေါ့ မာနရှိလို့သာ သူကမ်းလှမ်းတာကို လက်မခံနိုင်တာ။ ဘယ်လိုပဲပြောပြော ဆရာဝန်တစ်ယောက်က တင်တောင်းပါမယ်လို့ ကမ်းလှမ်းတာတောင်မှ လက်မခံနိုင်သေးတာ သူမရဲ့ မာနလေးပဲမလား။ ရွှေတွေငွေတွေစည်းစိမ်တွေဂုဏ်ပကာသနတွေနဲ့ လောင်းကြေးထပ်ပြီး တင်တောင်းမယ်ဆိုတာတောင်မှ သူမလေးက လက်မခံခဲ့ဘူးလေ။
” ကောင်းပါပြီ ကြွေစိတ်ချမ်းသာမယ်ဆိုရင် ကိုယ် ပြန်ယူထားလိုက်ပါ့မယ်၊ ဟို ဒါနဲ့ ကိုယ် ကြွေကို တစ်ခုလောက် ပြောချင်တယ်၊ အမြဲတမ်း အောင်သွယ်တွေနဲ့ လွှတ်ပြီး ပြောနေရတာ အဆင်မပြေဘူးလေ၊ အခု ကိုယ်ကိုယ်တိုင် ကြွေကို ခွင့်တောင်းပါရစေ၊ ကိုယ် ကြွေကို ချစ်တယ် ကိုယ် ကြွေကို လက်ထပ်ချင်တယ်၊ ကိုယ် ကြွေဘဝကို အမြင့်ဆုံးမှာ ထားပေးချင်တယ်၊ လက်ခံပေးပါကြွေ ကိုယ် မင်းကို တကယ်ချစ်တာပါ..”
…
တွေဝေမိသည် တွေဝေသွားသည် တစ်အိမ်လုံးမှာ အလုပ်ရှိတာဆိုလို့ သူ့မတစ်ယောက်တည်း။ မဖြစ်စလောက်ဝင်ငွေရှိတာဆိုလို့ သူမတစ်ယောက်တည်း။ သူမတစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ တစ်မိသားစုလုံး ဖူလုံအောင် ဘယ်လိုနေရမလဲ..။
အရက်ချည်းပဲ သောက်နေတဲ့ အဖေ..ရန်ပွဲတွေတိုင်း မပါမဖြစ် မိုက်ကန်းဆိုးသွမ်းနေတဲ့အစ်ကို ..ကျောင်းသားအရွယ်မှာ ကျောင်းမတက်ဘဲ ဘိန်းတွေဆေးတွေ ရှူနေတဲ့ မောင်လေး..ဖဲသမားကို ယောက်ျား လုပ်ပြီး ကလေးနှစ်ယောက်နဲ့ ဒုက္ခရောက်နေတဲ့အစ်မ..
ဒါတွေဒါတွေရဲ့ တာဝန်က သူမ ခေါင်းပေါ်ပုံကျနေသည်။ အဲဒါတွေဆီက လွှတ်ကင်းနိုင်ရိုးမှန်ရင် အိမ်ထောင်ယူလိုက်ရမလား.. ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရမလား။ အချစ်မပါဘဲနဲ့လေ အချစ်မပါဘဲ အိမ်ထောင်တစ်ခုကို လွယ်လွယ်ဆုံးဖြတ်လိုက်ရမှာလား။ အဲလို ဆုံးဖြတ်လိုက်ပြီး အိမ်ထောင်ရေးဘဝမှာ သာယာပျော်ရွှင်နိုင်ပါ့မလား..။
” ကြွေ..ကြွေ.. စဉ်းစားပါရစေဦး ”
???
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)