နတ်ဘုရားရဲ့သားရဲငယ် - Part 11
“ကောင်းပြီ…ယွီမော့နဲ့ရီရှီ…လာခဲ့”
“ဟုတ်ကဲ့”
“ရှောင်လု…မင်းသူတို့နှစ်ယောက်နဲ့အပြိုင်ဓားကိုလေပေါ်ပျံအောင်လုပ်ကြည့်”
“ဟမ်…ဆရာ…ကျွန်တော်…”
“မရဘူးလား”
“အင်း…”
“ဒါပဲလေ…တောင်းတန်းတွေနဲ့မြစ်အကြောင်းအရင်လေ့လာမှမင်းရဲ့စိတ်စွမ်းအားကိုလေ့ကျင့်ဖို့အကူအညီရမှာ…မင်းအဲ့ဒါကိုနားလည်အောက်လုပ်ပါ”
“ဟုတ်ကဲ့”
သူလည်းဆရာပြောသည့်အတိုင်းတောင်းတန်းတွေနဲ့မြစ်အကြောင်းကိုထပ်ကာထပ်ကာလေ့လာနေလိုက်သည်….
“၁လခန့်ကြာပြီးသော်…”
“ဆရာ…ဆရာ…ဆရာ”
သူမဓားသိုင်းလေ့ကျင့်နေရင်းနဲ့…ရှောင်လုရဲ့အပြေးတစ်ပိုင်းနှင့်ခေါ်သောအသံကြောင့်လေ့ကျင့်မှုကိုရပ်လိုက်သည်….
“ဘာဖြစ်လာတာလဲ”
“ဆရာ…ကျွန်တော်နားလည်ပြီ…တောင်းတန်းတွေနဲ့မြစ်အကြောင်းကို”
“အင်း…ကောင်းတယ်”
“ဆရာ…ဒါဆိုကျွန်တော်အကိုမော့တို့နဲ့အတူလေ့ကျင့်လို့ရပြီလား”
“မရသေးဘူး”
“ဟမ်…ဆရာ”
သူကတော့မျက်နှာကြီးရှုံ့မဲ့ပစ်လိုက်ပေမဲ့ဆရာကတော့သူ့အဖြစ်ကိုကြည့်ကာကျေနပ်အားရသည့်အပြုံးပြုံးလိုက်သည်….
“အခုကစပြီးအမှိုက်လှဲ…ရေခပ်…ထင်ခွဲ…ဝေယျာဝိစ္စတွေအားလုံးမင်းလုပ်ရမယ်”
“ဆရာ…ဆရာသက်သက်မဲ့ညစ်တာမလား”
“အင်း…အဲ့တော့”
“နင်…ဟွန့်”
ကလေးတစ်ယောက်လိုသူနှုတ်ခမ်းစူလိုက်သည်….
“ရှောင်လု…ခွန်းဝူတောင်မှာငါ့ကိုလူညစ်လို့ပြောတာမင်းတစ်ယောက်ပဲရှိသေးတယ်…ဒါ့ကြောင့်…မင်းရေခပ်ရင်တောင်အောက်ကစမ်းချောင်းကနေတောင်းပေါ်ထိသယ်ရမယ်”
“ဘာ….!
“ဟင်းဟင်း….”
သူမကတော့ရယ်မောကာလှည့်ထွက်သွားသည်…
“ဟွန့်…မျက်နှာလိုက်တာပဲ”
“နင်ဘာပြောတာလဲ”
“အား…”
ပြန်ပြီအထင်နှင့်သူပြောလိုက်ပေမဲ့နောက်လှည့်ကြည့်တော့မှဆရာ့အားတွေ့လိုက်သဖြင့်သူလန့်ပြီးအော်မိသည်…
“ဆရာ…နင်မပြန်ဘူးလား”
“အင်း…မပြန်လို့မရဘူးလား”
“မဟုတ်ပါဘူး…မဟုတ်ပါဘူး…ဟီး”
“စောနကဘာပြောလိုက်တာလဲ…မျက်နှာလိုက်တယ်ဆိုလား…”
“အဲ့…ဆရာ…ဆရာနားကြားလွဲတာပါရှောင်လုကမနက်ဖြန်တောင်အောက်မှာရေခပ်ရင်းဆရာ့အတွက်မျက်နှာလှအောင်ဆေးပင်အချို့ခူးမလို့ပါ”
“ဟုတ်လား”
“အင်း…ဟုတ်တယ်”
“ကောင်းပြီ…များများလေးခူးခဲ့”
“ဟုတ်ကဲ့”
သူမလည်းပြောပြီးထွက်သွားပြန်သည်….ဒီတစ်ခါမှာတော့သူအလစ်မပေးတော့ပဲပန်တာပိုသေချာစောင့်ကြည့်နေလိုက်သည်….
“ဟူး…လန့်သွားတာပဲ…အခန်းထဲမန်မြန်ပြန်မှ…အေးလာပြီ…ဘယ်လိုစိတ်ကူးနဲ့များဒီလောက်အေးတဲ့နေရာထိလာပြီးဓားသိုင်းလေ့ကျင့်နေရတာလဲမသိဘူး”
သူလည်းအေးလာသည်မို့အမြန်ပြန်လာခဲ့တော့သည်….
“အကိုမော့…ပြောပါ…မဟုတ်ရင်ကျွန်တော်အပြစ်ပေးခံရမှာ”
“လုဟန်…မင်းဆရာ့ကိုဘာတွေပြောလိုက်ပြန်ပြီလဲ”
“ကျွန်တော်…ဟဲဟဲ…မျက်နှာလှတဲ့ဆေးပင်ရှာပေးမယ်ပြောခဲ့တာ…အကိုလည်းသိသားပဲဆေးပင်အကြောင်းကျွန်တော်မှနားမလည်တာ”
“မင်းကတော့လေ”
“လုဟန်…ဆရာ့ကိုဘာတွေပြသနာရှာပြန်ပြီလဲ”
အပြင်ကပြန်လာပြီးသူ့အနားဝင်ထိုင်ရင်းရီရှီကမေးလိုက်ပြန်သည်…
“ငါ…”
“ရီရှီညီမလေး…လုဟန်ကဆရာ့ကိုဂရုစိုက်တော့မျက်နှာလှအောင်ဆေးပင်ရှာပေးမလို့တဲ့လေ…ဟင်းဟင်း…ကတိတည်နိုင်ပါစေကောင်လေး”
ယွီမော့ကပြောပြီးသူ့အိပ်ယာထဲဝင်သွားသည်….
“အယ်…အကိုမော့ဆေးပင်ကဘယ်လိုဟာလဲပြောပြခဲ့အုံးလေ…အကိုမော့”
သူလည်းယွီမော့နောက်လိုက်သွားလိုက်သည်…
“လု…”
ရီရှီကခေါ်မည်လုပ်ပေမဲ့လို့သူကတော့ယွီမော့နောက်လိုက်သွားချေပြီ….
“လုဟန်…နင်…ဆရာ့ကိုအရမ်းဂရုစိုက်တာပဲ…ဆရာလည်းနင့်ကိုအရမ်းဂရုစိုက်တယ်…ငါမနာလိုဘူး”
သူမအတွေးတွေထဲသာပြောလိုက်သည်…လက်တွေ့မှာတော့သူမဆရာ့ကိုလေးစားသည်အားကျသည်…
“ဟူး…ငါဘာတွေတွေးနေတာပါလိမ့်…ဖီး…မကောင်းတဲ့တဲ့အတွေးတွေတွေးမိနေပါလား”
သူမလည်းအတွေးကိုရပ်ကာအိပ်ယာဝင်ခဲ့တော့သည်…
မိုးလင်းသည်နှင့်လုဟန်အိပ်ယာကိုကပျာကယာထကာရေဗုံးတွေဆွဲကာတောင်အောက်သို့အပြေးနှင်လိုက်သည်….
“သွားပြီ…သွားပြီ…နောက်ကျနေပြီ…ဆရာကမနက်တိုင်းရေချိုးနေကြ…ငါရေမခပ်ရသေးဘူး….သေပြီ…လုဟန်…နင်တော့”
သူ့ကိုယ်သူအပြစ်တင်ကာတောင်အောက်သို့မြန်မြန်ပြေးရတော့သည်….
ဒါကိုအမြင့်တစ်နေရာနေကြည့်နေသောသူတစ်ယောက်ကတော့ပြုံးလိုက်သည်….ထိုသူက…ဂိုဏ်းချုပ်ပိုင်ရှောင်ဖြစ်သည်…
“ဟူး….မောလိုက်တာ”
စမ်းချောင်းမှရေကိုလက်ခုပ်ဖြင့်ခပ်ကာမော့သောက်ရင်းသူအမောဖြေလိုက်သည်….
[♥]]] [♦]]] [♣]]] [♠]]]
“ဆရာ…လုဟန်အခုထိပြန်မလာသေးပါဘူး…ကျွန်တော်သွားကြည့်….”
“မလိုဘူး…သူ့ဘာသာပြန်လာပါစေ”
“ဟုတ်ကဲ့”
“မင်းရဲ့ဓားသိုင်းကအများကြီးတိုးတက်လာပြီ…ရီရှီကိုလည်းတိုးတက်အောင်ကူညီပေးပါ…သူကအနာဂတ်မှာဘုရင်မဖြစ်လာပြီးလူသားတွေကိုအုပ်ချုပ်ရမှာ…သူ့စိတ်တွေလွှင့်နေလို့မဖြစ်ဘူး”
“ဟုတ်ကဲ့ပါဆရာ…ယွီမော့အတက်နိုင်ဆုံးညီမလေးကိုကူညီမှာပါ”
“ဆရာ…ဆရာ…”
ရေဗုံးတွေသယ်ရင်းပြေးလာသောလုဟန်ကဆရာ့ကိုအရင်ခေါ်နေသည်…
“ဆရာ…ရေရောက်ပါပြီ”
“ရှောင်လု…မင်းကငါ့ကိုနေမြင့်အောင်စောင့်ခိုင်းထားတာပဲ…ငါရေချိုးဖို့နောက်ကျနေပြီ”
“ဆရာ…စိတ်မဆိုးပါနဲ့…ဆရာအတွက်ဆေးပင်ရှာနေလို့ပါ…ရော့…”
“ဟင်…ဒါဘာလဲ”
“အမ်…ဆရာ့မျက်နှာတွက်လှပအောင်ဆေးပင်ခူးလာတာလေ”
သူကြည့်လိုက်တော့မျက်နှာအသားအရည်အတွက်ကောင်းတဲ့ဆေးပင်မဟုတ်ဘဲကာမအားတိုးစေတဲ့ဆေးပင်ဖြစ်နေတော့သည်…
“လုဟန်…မင်း..ဒါ…ဒါ”
ယွီမော့ကတော့ပြုံးစိစိနှင့်သူ့အားလက်ညိုးထိုးကာစကားကိုအထစ်ထစ်အငေါ့ငေါ့ဖြင့်…ဆရာကတော့သူ့အားကိုက်စားတော့မည့်အလားမျက်လုံးစိမ်းကြီးနဲ့စူးစူးရဲရဲစိုက်ကြည့်ပြီး…လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်…
“ဆရာ…ဒါကိုရေထဲစိမ်ချိုးမယ်မလားအသားအရည်အတွက်အကျိုးရှိတယ်”
“ကောင်းလိုက်တဲ့ဆေးပညာ…လုဟန်…”
သူမကဒေါသထွက်ပြီးသူ့အမည်ကိုအော်ကာ…လက်သီးတစ်ချက်ကသူ့မျက်နှာထက်ကျရောက်လာသည်…
“ခွပ်…”
“အား…ဆ..ဆရာ…”
“သွား….ထွက်သွား”
ယွီမော့ကသူ့အားအမြန်ထွက်သွားဖို့မျက်နှာရိပ်ပြလိုက်သည်…
“ဟုတ်…ဟုတ်ကဲ့”
သူလည်းဆရာ့ရှေ့မှအမြန်ထွက်လာခဲ့တော့သည်…မဟုတ်ရင်နောက်ထပ်လက်သီးစာမိနေမှာလေ…
“အကိုမော့…နင်ပြောကြည့်…ငါဘယ်နေရာမှားသွားတာလဲနင်ပြောသလိုပဲဆေးပင်ကိုခူးခဲ့တာလေ”
“လုဟန်…နင်ခူးလာတာအလှအပအတွက်သုံးတဲ့ဆေးပင်မဟုတ်ဘူး”
“အမ်…ဒါဆိုဘာလဲ”
“ကာမအားတိုးစေတဲ့ဆေး”
“ဘာ…!
“အမလေး…လန့်လိုက်တာ…ဖြေးဖြေးအော်ပါ”
“အကိုမော့…နင်ပြောတဲ့ပုံစံပဲလေဆေးပင်ကဘာကွာလို့လဲ”
“အရူး…ငါပြောတာကိုနင်ဆုံးအောင်မှနားမထောင်ခဲ့တာ…အလှအပအတွက်ဆေးပင်ကပင်စည်မှာဆူးပါတယ်လေ”
“ဟွင့်…ဆရာတော့ငါ့ကိုအပြစ်ပေးအုံးမယ်ထင်ပါတယ်”
မျက်နှာကိုမှိုင်တွေရင်းသူအိပ်ယာထဲလှဲချပစ်လိုက်သည်…..
အခန်းထဲရောက်တော့အဝတ်များကိုချွတ်ကာရေထဲဆင်းစိမ်လိုပ်ပြီးလုဟန်အဖြစ်ကိုပြန်တွေးရင်းရယ်ချင်မိသည်…ဆရာ့အတွက်ဆိုပြီးပျာပျာသလဲလုပ်ပေးသမျှဟာတလွဲတွေပဲဖြစ်နေသည်….တပည့်လေးအားအပြစ်မယူရက်ပေမဲ့လို့ဒေါသထွက်စိတ်ဆိုးဟန်တော့ဆောင်ရသည်လေ….
“ဂီး..”
“ဘယ်သူလဲ”
ရေထဲမှထကာတန်းပေါ်ကအဝတ်များကိုဆွဲယူဝတ်လိုက်ပြီးအပြင်သို့ပြေးထွက်ခဲ့သည်…
“ဂီး”
“ငှက်ဆိုး…အတင်ရဲလိုက်တာ”
သူမကလက်ကိုဝေ့ယမ်းပြီးငှက်ကိုဖမ်းချုပ်လိုက်သည်….
“ဂီးယား…ဂိဂ္ိ”
“ပုံစံပြောင်းစမ်း”
“အား…အာ…တော်တော်…တော်ပါတော့”
“ဟင်”
ငှက်ကနေလူပုံစံပြောင်းသွားသည်…
“နင်ဘယ်သူလဲ…ဘာကိစ္စနဲ့ခွန်းဝူကိုကျူ းကျော်ရဲတာလဲ”
“အမ်…အရှင်မ…ကျမကိုမသိဘူးလား…ကျမချန်ချန်းလေ”
“ချန်ချန်း”
“အင်း…”
သူမကခေါင်းကိုညိမ့်ပြလိုက်သည်….နှစ်ယောက်သားအထဲဝင်ထိုင်ကာအရင်ကအကြောင်းတွေကိုချန်ချန်းကပိုင်ရှောင်အားပြောပြလိုက်သည်….
“ဘာ…ငါ…ငါကနတ်သမီး….ခိခိ…မဖြစ်နိုင်တာ…နင်…ခွန်းဝူကိုကျူ းကျော်လို့အပြစ်ပေးခံရမှာကြောက်လို့သက်သက်ဥာဉ်ဆင်နေတာလား”
“မဟုတ်တာ…အရှင်မ…ကျမလိမ်နေတဲ့ရုပ်ပေါက်လို့လား”
“ထားပါ…ဒါပေမဲ့ငါကမင်းပြောတဲ့ပိုင်ယွန်းမီမီတော့မဟုတ်ဘူး…ငါကပ်ိုင်ရှောင်…ခွန်းဝူတောင်ရဲ့ဂိုဏ်းချုပ်…အကြီးအကဲတွေမသိခင်ပြန်ပါ…မဟုတ်ရင်မင်းကိုဖမ်းလိမ့်မယ်”
“ကျမဂရုမစိုက်ဘူး…ဒါပေမဲ့အရှင်မသာအမိန့်ပေးရင်ကျမသွားမှာပါ…ကျမအားလီကိုလာရှာတာ”
“အားလီ…မင်းပြောတဲ့အားလီဒီမှာမရှိဘူး”
“မဖြစ်နိုင်ဘူး…ကျမသေချာပေါက်အားလီဒီမှာရှိတာကိုသိတယ်”
“မင်းကမိစ္ဆာတစ်ဝက်နော်…ခွန်းဝူမှာကမိစ္ဆာအငွေ့အသက်ကိုခံစားနိုင်တဲ့နေရာတစ်ခုပဲ…မင်းပြန်လိုက်ပါတော့”
“ကောင်းပြီ…ကျမထပ်လာခဲ့မယ်”
သူမလည်းထိုနေရာမှထွက်လာခဲ့တော့သည်….သူမထွက်သွားပြီးသည်အထိပိုင်ရှောင်မှာရေနွေးခွက်ကိုကိုင်ကာငေးမောနေသည်….
“ငါကဘာလဲ…မအိပ်ခင်ကအဖြစ်အပျက်တွေကိုဘာလို့မေ့ကုန်တာလဲ…ပြီးတော့ဂိုဏ်းချုပ်နေရာအတွက်အကြီးအကဲတွေကဘာလို့မနာလိုတာလဲ…အပေါ်ယံမှာကောင်းပြီးစိတ်ထဲကမကျေနပ်ဘူး”
သူမလည်းတွေးရင်းတွေးရင်းအဖြေကထွက်မလာသဖြင့်အိပ်ယာဝင်ခဲ့တော့သည်….
“ရှောင်လု”
“အမ်…ဆရာ…ဆရာ…ဘာခိုင်းစရာရှိလို့လဲ”
“အဟမ်း…မင်းတောင်အောက်ဆင်းရမယ်”
“ဟင်…ဘာလို့လဲ”
“ခွန်းဝူမှာစရိတ်ပျက်နေပြီ…ရော့…ဒီငွေစတွေနဲ့ရသလောက်ဝယ်ခဲ့”
သူမကမ်းပေးသောငွေစအထုပ်ကိုလှမ်းယူလိုက်ပြီးသူလဲတောင်အောက်သို့ဆင်းခဲ့ရပြန်သည်….
“ဟွန့်…ဟိုကောင်သွားပြီလား”
“ဟုတ်ကဲ့အကြီးအကဲဟုန်း…သူ့နောက်လိုက်…ပြီးရင်အားလုံးကိုဖျက်စီးပစ်လိုက်”
“ဟုတ်ကဲ့”
“ဟင်းဟင်း…ပိုင်ရှောင်…နင့်ကိုနင်မာန်တက်နေတာ…ဂိုဏ်းချုပ်နေရာနဲ့နင်မထိုက်တန်ဘူးဆိုတာငါသက်သေပြမယ်…ဟားဟား…ဟားဟား”
အကြီးအကဲဟုန်းကအားရစွာရယ်မောလိုက်သည်…
“ကျော့…ကျော့…ကျော့”
လှည်းကိုမောင်းလာရင်း…သူလေလေးချွန်လာလိုက်သည်…ထိုစဉ်…
“ဟီး….”
မြင်းရှေ့တွင်လူတစ်ယောက်လဲနေသဖြင့်မြင်းလှည်းကိုရပ်လိုက်သည်…သူဆင်းကြည့်ဖို့ပြင်လိုက်စဉ်…
“ဝီး…”
“ဟင်”
အနက်ရောင်ဝတ်စုံများနဲ့မျက်နှာကိုဖုံးကွယ်ထားသောလူဆယ်ယောက်ခန့်ကသစ်ပင်ပေါ်တွင်ပုန်းနေရာမှဆင်းလာကြပြီးသူ့အားဝိုင်းထားကြသည်…
“နင်တို့ဘယ်သူတွေလဲ”
“မင်းသိဖို့မလိုဘူး…လှည်းကိုထားခဲ့ပြီးသွားတော့”
“မသွားဘူး…ဒါ…ဒါဓားပြတိုက်နေတာပဲ”
“ဟင်းဟင်း…သေချင်နေပြီ”
“ခင်ဗျား…ခင်ဗျားတို့…ရှေ့…ရှေ့…တိုး…တိုး…မလာ..နဲ့နော်…မ…ဟုတ်…ရင်…ခွန်း…ခွန်း…ခွန်းဝူဂိုဏ်းကအပြစ်ပေးလိမ့်မယ်”
စကားကိုအထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်သည်….ကြောက်နေတာတော့အမှန်အကန်ပင်….တကယ်ဆိုဆရာကသူ့အားဘာသိုင်းပညာမှမသင်ရသေးပေ….
“သတ်…”
“အာ…ပြောလို့လဲမရဘူးဟ”
သူလည်းမတက်သာသည့်အဆုံးပြေးဝင်လာသောလူနှစ်ယောက်ကိုလက်တစ်ဖက်စီဆုပ်ကိုင်လိုက်ပြီးကိုယ်ကိုငုံ့ရှောင်လိုက်သည်….
“အယ်…တကယ်ချတာဟ…ကယ်ကြပါ…အား….”
သူလည်းလှည့်ပတ်ပြေးကာ…ဝင်လာသောဓားချက်များကိုရှောင်ရှားနေရ၏….
“ဒုန္း….!
“ဟင်…သွားပြီ…သူ…သူတို့လှည်းကိုဖျက်စီးလိုက်ပြီ…ဆရာဝယ်ခိုင်းတဲ့စရိတ်တွေ…ကုန်ပါပြီ”
ထိုလူအချို့ကလှည်းကိုကန်ချပြီးအထဲကစရိတ်တွေကိုပြန့်ကြဲနေအောင်ဖျက်စီးလိုက်ကြသည်….
“လူရမ်းကားတွေ…ငါ့ဆရာကိုဒုက္ခပေးချင်တယ်ပေါ့ရိက္ခာတွေကိုဖျက်စီးပြီး”
သူလည်းဒေါသထွက်ကာ…အသားများပင်တဆက်ဆက်တုန်လာသည်…တကယ်တော့ဓားပြမဟုတ်ဘဲလုပ်ကြံသူတွေဆိုတာသူသဘောပေါက်သွားသည်…သူ့အားသတ်ဖို့ပစ်မှတ်ထားခြင်းလည်းမဟုတ်…ရိက္ခာလုယူခြင်းလည်းမဟုတ်…သို့သော်…ရိက္ခာတွေအားဖျက်စီးခြင်းသည်…ခွန်းဝူဂိုဏ်းချုပ်ကိုပြသနာတက်အောင်သက်သက်လုပ်တာဖြစ်သည်ဟုသူခန့်မှန်းမိလိုက်သည်….
“ပြော…စမ်း…နင်တို့ဘယ်သူလဲ…ငါ့ဆရာကိုအခက်တွေ့အောင်သက်သက်လုပ်တာပဲ…အတွင်းရန်သူကကြံစည်တာပဲ”
“ဟိတ်…သူရိပ်မိသွားပြီ…တစ်ခါတည်းနှုတ်ပိတ်ပစ်”
“ယား…”
ညာသံပေးကာသူ့ထံသို့ဓားကိုယ်ဆီဆွဲကိုင်ကာပြေးဝင်လာကြသည်….သူ့ရဲ့မျက်လုံးများပြာဝေသွားပြီးသူကသူမဟုတ်သည့်အလားစိတ်တွေကခတ်ထန်လာပြီး…ခြေထောက်စောင့်ကာလေပေါ်သို့မြင့်တက်သွားသည်….ကောင်းကင်မှခရမ်းရောင်လျှပ်စီးများကတလက်လက်ဝင်းလာပြီးသူ့လက်ကိုဆန့်ထုတ်လိုက်ရင်ဘဲ….လုပ်ကြံသူအားလုံးတစ်စစီလွှင့်ထွက်သွားသည်….
“မကောင်းတော့ဘူး…ရှောင်လုတစ်ခုခုဖြစ်နေပြီထင်တယ်”
ပိုင်ရှောင်လည်းချက်ခြင်းဆိုသလိုတောင်အောက်သို့ဆင်းလာခဲ့သည်…သူမရဲ့မရှေ့မနောက်မှာပင်ဂိုဏ်းရဲ့အကြီးအကဲများကလိုက်ပါလာတော့သည်….
“ဟား….”
“ဝုန္း…”
“အား…အင့်”
လုပ်ကြံသူများအတုံးအရုံးလဲကျရင်း…သူကတော့လက်ကိုအသာလေးလေပေါ်သို့မြောက်လိုက်ရင်ဘဲလဲနေသူအချို့ပါလေပေါ်သို့ယက်ကန်ယက်ကန်ဖြင့်ပါလာသည်…
“ပြောစမ်…ဘယ်သူကလုပ်ကြံခိုင်းတာလဲ”
“အား…အား…ပြော…ပြော…ပြောပါ့မယ်…အဲ့တာ…အဲ့တာ”
“သေစမ်း…”
“ဝှီး…”
“အား”
အကြီးအကဲဟုန်းကသူ့လက်ထဲကဓားဖြင့်အားလုံးကိုသတ်ပစ်လိုက်တော့သည်…
“နင်…”
လုဟန်လည်းဒေါသထွက်ကာ…အကြီးအကဲဟုန်းအားတိုက်ခိုက်လိုက်သည်…
“မလုပ်နဲ့”
ပိုင်ရှောင်ကရှေ့ကနေဝင်တားလိုက်တော့သူလက်ကိုပြန်ရုတ်သိမ်းလိုက်သည်…
“ရှောင်လု”
“ဟင်…ဆရာ”
သူလည်းဆရာ့ကိုမြင်မှစိတ်လျော့လိုက်သည်…သူ့ရဲ့အားအင်တွေကုန်ခန်းသွားသလိုခံစားရပြီး…မျက်လုံးများကမှေးမှိန်သွားကာသတိလစ်မေ့မျောသွားတော့သည်….
သူသတိရလာတော့အနားမှာဆရာ့ကိုတွေ့လိုက်သည်…
“ဆရာ…သူ..သူတို့က”
“စကားမပြောနဲ့…အနားယူအုံး”
“ဆရာ…တကယ်တော့ငါ…ငါ…”
“စကားမများနဲ့”
“ဂိုဏ်းချုပ်…ခန်းမထဲမှာအကြီးအကဲတွေအားလုံးရောက်ပါပြီ”
“ငါသိပြီ”
“ဟုတ်ကဲ့”
“ရှောင်လု…စိတ်အေးအေးထား…မင်းဘာမှမဖြစ်ဘူးဆရာရှိတယ်…မင်းကိုစောင့်ရှောက်ဖို့ရီရှီကိုပြောထားတယ်…ငါအခုသွားလိုက်အုံးမယ်”
သူမလည်းရှောင်လုအားပြောပြီးခန်းမထဲသွားလိုက်တော့သည်…ဂိုဏ်ချုပ်နေရာကိုဝင်ထိုင်လိုက်ပြီးအားလုံးရဲ့စကားကိုစောင့်နေလိုက်သည်…
“ဂိုဏ်းချုပ်…လုဟန်ကရိက္ခာတွေကိုဖျက်စီးလိုက်တာပဲ…ရိက္ခာတွေမရှိရင်ခွန်းဝူမှာအခက်အခဲတွေကြုံရမှာပဲ”
“အကြီးအကဲဟုန်း…ရှောင်လုကရိက္ခာတွေဖျက်စီးခဲ့တာလား…ဒါမှမဟုတ်တစ်ယောက်ယောက်ကရိက္ခာတွေကိုဖျက်စီးဖို့ကြံစည်ခဲ့တာလား”
“ဟမ်…”
သူမကအကြီးအကဲဟုန်းအားစူးစိုက်ကြည့်လိုက်သည်…
“ဂိုဏ်းချုပ်…လုဟန်ကဖျက်စီးခဲ့တာမဟုတ်ပေမဲ့ရိက္ခာတွေကိုကောင်းကောင်းဂရုမစိုက်ခဲ့တာပဲအပြစ်ကတော့ပေးရမှာပဲ”
“မှန်တယ်”
“မှန်တယ်”
တစ်ခြားလူများကပါထောက်ခံနေတော့သည်…
“ဂိုဏ်းချုပ်…လုဟန်အပေါ်ဂိုဏ်းချုပ်ဂရုစိုက်တာသိပေမဲ့လို့…စည်းကမ်းအရအပြစ်ကတော့ပေးရမယ်…ပိုဆိုးတာကသူ့မှာမိစ္ဆာစွမ်းအားရှိနေတာပဲ”
“မဖြစ်နိုင်ဘူး…ငါ့တပည့်ကစိတ်စွမ်းအားတောင်မလေ့ကျင့်ရသေးတာ…မိစ္ဆာအတက်ဘယ်လိုတက်မှာလဲ”
“ဂိုဏ်းချုပ်…ဆရာတိုင်းကတပည့်တွေအတွက်ကာကွယ်ရတာပဲ…ဒါပေမဲ့လို့လုဟန်မိစ္ဆာစွမ်းအင်ကိုသုံးတာအားလုံးအသိပဲ”
အကြီးအကဲဟုန်းကအသာစီးပြီးပြောလိုက်သည်….
“ဟွန့်…မိစ္ဆာတွေခွန်းဝူကိုမလာရတာဂိုဏ်းချုပ်အသိပါ…စည်းကမ်းကစည်းကမ်းပဲ”
“,တိတ်စမ်း…အကြီးအကဲဟုန်း…စည်းကမ်းအကြောင်းငါ့ကိုလာသင်ပြစရာမလိုဘူး”
သူမကဒေါသမာန်ဖြင့်ပြောလိုက်သဖြင့်အကြီးအကဲဟုန်းငြိမ်သွားသည်…
“ကောင်းပြီ…မင်းတို့…အားလုံးကိုငါစစ်ဆေးရမယ်…ရိက္ခာတွေဝယ်ဖို့ငါလုဟန်ကိုခိုင်းခဲ့တာ…အကယ်၍ဓားပြဆိုရင်ရိက္ခာတွေဖျက်စီးမှာမဟုတ်ဘူး…ပြီးတော့ဒီလမ်းကြောင်းကခွန်းဝူကလူတွေပဲသိတာ”
“ဂိုဏ်းချုပ်…သက်သေမရှိပဲစစ်ဆေးမလို့လား”
“ငါသာစစ်ဆေးမယ်ဆိုရင်သက်သေလိုသေးလားအကြီးအကဲဟုန်း…သက်သေတွေကိုလက်စသတ်ပစ်ခဲ့တာရှင်နော်…ဧကန္တ…အကြီးအကဲဟုန်းကလုပ်ကြံသူတွေဖွင့်ဟပြောမှာစိုးတာလား”
“ဂိုဏ်းချုပ်…နားလည်မှုလွဲနေပါပြီ…ကျွန်တော်ကဂိုဏ်းချုပ်ကိုသူများတွေကကဲ့ရဲ့မှာစိုးမိတာပါ”
“ဟွန့်…ကောင်းပြီ…လုဟန်ကိုရိက္ခာဝယ်ခိုင်းတာငါ…ဒါ့ကြောင့်နောက်ဆက်တွဲအပြစ်ကငါ့တာဝန်ပဲ…ငါ့တပည့်ကအဲ့တုန်းကမိစ္ဆာအတက်ကိုသုံးခဲ့တယ်…ငါဆရာအသင်အပြညံ့ဖျင်းမှုကြောင့်ရှောင်လုကိုပြသနာတက်စေခဲ့တယ်…ဒီတော့တပည့်ရဲ့အပြစ်ကငါ့ရဲ့အပြစ်ပဲ…အပြစ်ပေးကျောက်တိုင်မှာငါကိုယ်တိုင်အပြစ်ခံယူမယ်”
“ဂိုဏ်းချုပ်”
“ဟင်း”
သူမကအကြီးအကဲဖုန်းအားလက်ကာပြလိုက်သည်…
“တပည့်လုပ်သမျှကဆရာ့မှာတာဝန်အပြည့်ရှိတယ်…အကြီးအကဲဖုန်း…ရှင်ကဒီမှာအပြစ်ပေးစေတဲ့တာဝန်ကိုယူထားတာ…လာပါ…ငါ့ကိုအပြစ်ပေးဖို့မိန့်ပေးပါ”
“ဂိုဏ်းချုပ်…ဒါ…”
“လာပါ”
သူမကထိုင်နေရာမှထလိုက်ပြီးအားလုံးရှေ့မတ်တပ်ရပ်လိုက်သည်…
“ရိက္ခာတွေပျက်သုန်းမှုတွက်ကြိမ်ဒဏ်အချက်၅၀…မိစ္ဆာကိုတပည့်အဖြစ်လက်ခံထားလို့ကြိမ်ဒဏ်အချက်…၁၀၀”
အကြီးအကဲဖုန်းကအသံတုန်ကာစည်းကမ်းချက်ကိုပြောလိုက်သည်….
အပြစ်ပေးကျောက်တိုင်ရှေ့တွင်ရပ်လိုက်ပြီးသူမရဲ့လက်နှစ်ဖက်အားသံကြိုးများဖြင့်သော့ခတ်လိုက်သည်…ကြာပွတ်ကိုကိုင်ကာသူမရှေ့ဟန်ပါပါနဲ့ရောက်လာအကြီးအကဲဖန်က…
“အပြစ်ပြုမိပါပြီဂိုဏ်းချုပ်”
သူကပြောပြီးလက်ကိုအားကုန်လွဲလိုက်ပြီး…ကြာပွတ်ကိုတရွှမ်းရွှမ်းမြည်အောင်သူမကိုရိုက်ချလိုက်သည်….
“ရွှမ်း…ရွှမ်း…ရွှမ်း”
“အင့်…အင့်”
ကျောပေါ်သို့ကျလာသောဒဏ်ချက်တွေကိုအံကြိတ်ခံရင်း…မာန်ကိုတင်းထားလိုက်သည်…
“ခင်ဗျား…ဘာလုပ်နေတာလဲ”
“ယွီမော့…သွားပါ…စိတ်မပူနဲ့”
“ဆရာ…ဒါက…ဆရာ…ဆရာကဂိုဏ်းချုပ်ပဲ…ဘာလို့အခုလိုဖြစ်ရမှာလဲ”
“ထွက်သွား…ယွီမော့ငါအမိန့်ပေးနေတယ်သွား”
“ဆရာ…ဆရာ”
ဆရာဖြစ်သူအပြစ်ခံနေမှုကိုမြင်ရတော့ယွီမော့ရင်တွေနာကျင်လှသည်…ဆရာကိုယ်တိုင်ကအပြစ်ပေးခံနေပြီး….ဝေဒနာကိုတင်းခံနေသည်…
“မလုပ်နဲ့…ဆရာ…အီးဟီး…မလုပ်ကြပါနဲ့”
တရွှမ်းရွှမ်းမြည်ကာသူမကျောပြင်ထက်ရိုက်နေသောကြာပွတ်သံကိုသူမခံစားနိုင်ပေ…သူ့အားဂိုဏ်းသားသုံးလေးယောက်ကအတင်ဆွဲခေါ်သွားသည်….
“ဆရာ”
သူ့အသံကဟိန်းထွက်သွားသည်…လုဟန်ဆီအတင်းပြေးလာပြီး…
“လုဟန်…လုဟန်…လု”
“ရူး…အကိုမော့…တိုးတိုး”
“ရီရှီ…လုဟန်ဘာဖြစ်တာလဲ”
“အကိုမော့…အရင်ဆုံးအမောဖြေလိုက်အုံး”
“အား…က်စ္”
“လုဟန်…ရှင်နိုးလာပြီလား”
“အင်း…အကိုမော့…မျက်နှာလည်းမကောင်းပါလားဘာဖြစ်လာတာလဲ”
“လုဟန်…မင်းတောင်အောက်ကိုဆင်းတော့ဘာတွေဖြစ်လာခဲ့တာလဲ”
လုဟန်လည်းဖြစ်သမျှကိုပြောပြလိုက်သည်….
“အကိုမော့…ဘာလို့လဲ”
“လုဟန်…ဆရာအပြစ်ပေးခံနေရပြီ”
“ဘာ!
သူလည်းအပြစ်ပေးကျောက်တိုင်နားအပြေးလာခဲ့တော့သည်…
“ဆရာ…ရပ်စမ်း…ဘယ်သူကအတင်ရဲတာလဲ”
“ရှောင်…လု…”
“ဆရာ”
ဆရာ့ရဲ့ဒဏ်ရာမှသွေးတို့ကိုကြည့်ရင်းသူ့ရင်တွေကြွေမွသလိုနာကျင်ရပါသည်…လက်နှစ်ဖက်ကိုသံကြိုးခတ်ထားသောကြောင့်သူမရဲ့လက်တွေကကားနေပြီးဒူများကခွေကျလျှက်ဖြင့်…ခန္ဓာတစ်ခုလုံးသွေးတွေနီရဲနေပြီးအားအင်ကုန်ခန်းနေသည်…
သူမအားကြည့်ရင်းသူ့ရင်တွေမခံနိုင်ပဲမျက်ရည်တို့စို့နစ်လာသည်…
“ရှောင်လု…မှတ်ထား…အပြစ်ရှိရင်ဂိုဏ်းချုပ်မကလို့ဘာပဲဖြစ်ဖြစ်အပြစ်ပေးခံရမမှာပဲ”
“မဟုတ်ဘူး…ဒါတွေကကျွန်တော့်ကြောင့်ဖြစ်ရတာ…ကျွန်တော်ပဲအပြစ်ခံယူသင့်တာ…ဆရာ…ဆရာအခုလိုအစားခံစရာမလိုပါဘူး…အကြီးအကဲများ…ကျွန်တော်ပဲအပြစ်ခံယူပါရစေ”
“ရှောင်လု…မင်းကငါ့တပည့်ငါပြောတာနားထောင်…တပည့်ရဲ့လုပ်ရပ်တိုင်းကဆရာ့တာဝန်ပဲ”
“ဆရာ….ဟင့်ဟင့်…မလုပ်ပါနဲ့…ဆရာ့မှာဒဏ်ရာတွေကြီးပါပဲ…အကြီးအကဲဖန်…ထပ်မရိုက်ပါနဲ့တော့”
“အတင်ရဲလိုက်တာ…ဒါကအပြစ်ပေးတဲ့နေရာမင်းဝင်ရှုပ်ဖို့မဟုတ်ဘူး…သွားစမ်း”
“ရွှမ်း…ရွှမ်း”
“ဆရာ…!
“ရွှမ်း..”
“အား”
“ဟင်…ရှောင်လု”
အကြီးအကဲဖန်ရိုက်သောကြာပွတ်အားသူကပြေး၍ဝင်ခံလိုက်သည်…ဆရာ့မျက်နှာကိုကြည့်ရင်းပါးစပ်မှသွေးစတို့ကိုသူ့လက်ဖြင့်သုတ်လိုက်သည်…
“ရှောင်လု…သွား”
“ဟင့်အင်း…ကျွန်တော့ဆရာ့ကိုနာကျင်မှာမမြင်ချင်ဘူး”
“တောက်…မင်းတော်တော်ရိုင်းပါလား.. .အပြစ်ပေးနေရာကိုလာရှုပ်ရဲတယ်”
အကြီးအကဲရဲ့ရိုက်ချက်တွေကပို၍မြန်ဆန်လာပြီးသူ့အပေါ်သို့ကျရောက်လာပြန်သည်….
“ရွမ်း”
“အင့်…”
“ရှောင်လု…သွားပါ”
“မသွားဘူး”
သူမသွားခိုင်းသော်လည်းလုဟန်ကမသွားဘဲသူမအားပွေ့ဖက်ကာသူမပေါ်ကျလာမည့်ကြာပွတ်ဒဏ်ကိုသူကခံပေးနေသည်…
“ရှောင်လုကိုမရိုက်နဲ့…မရိုက်နဲ့”
“ဂိုဏ်းချုပ်…အပြစ်ပေးတဲ့နေရာကိုကစားစရာမလုပ်နဲ့”
“ရွှမ်း…”
“ယား…ရှောင်လုကိုမရိုက်နဲ့”
သူမအသံကခတ်ထန်သွားပြီးမျက်လုံးများကနီရဲပြီးချုပ်နှောင်ထားသောသံကြိုးတို့ကိုစောင့်ဆွဲလိုက်သဖြင့်ပျက်ထွက်ကုန်တော့သည်…
“ဟင်…ဘယ်လိုဖြစ်နိုင်မှာလဲ…သူမဒီလောက်အရိုက်ခံထားရတာကို”
သူမနဲ့အတူလုဟန်ပါလေပေါ်မြောက်တက်သွားပြီးသူမကစွမ်းအားတွေပွင့်ထွက်သကဲ့သို့အော်ဟစ်လိုက်သည်…
“ယား…..!
“ဝုန္း!
အပြစ်ပေးကျောက်တိုင်များပင်တစ်စစီကျိုးပဲ့သွားတော့သည်….
“သူမ…သူမဘာလို့အဲ့လောက်အစွမ်းကြီးရတာလဲ”
အကြီးအကဲလည်းဆက်ပြီးအပြစ်မပေးရဲတော့ပဲထိုနေရာမှအမြန်ပြေးထွက်ခဲ့တော့သည်…
သူမကတဖြေးဖြေးအောက်သို့ဆင်းလာပြီးအောက်ရောက်တော့သူ့လက်ပေါ်တွင်သတိလစ်သွားတော့သည်….
[♥]]] [♦]]] [♣]]] [♠]]]
“ရှောင်လု”
“ဆရာ…ဆရာသတိရလာပြီလား”
“အင်း”
အင်းဟုဆိုကာသူမကလှဲနေရာကနေထထိုင်လိုပ်သည်…
“အယ်…ဆရာ…ဒဏ်ရာက”
“ကိစ္စမရှိဘူး…ရတယ်”
“ဆရာ…ကျွန်တော့်ကိုစိတ်ဆိုးနေတာလား”
“မဟုတ်ဘူး”
“ဟင်…ဒါဆိုဘာလို့…မျက်နှာတည်နေတာလဲ”
သူ့အမေးကိုဆရာကမသိဟန်ဆောင်နေသည်….
“ယွီမော့…နောက်ထပ်ရိက္ခာတွေသွားဝယ်ခဲ့ပါ…ရီရှီပါလိုက်သွား”
“ဟုတ်ကဲ့”
“ဆရာ…တောင်းပန်ပါတယ်…အားလုံးကကျွန်တော့်အပြစ်ပါ”
“မင်းအပြစ်ကဘာလဲ”
“ဟမ်…ဆရာ…ကျွန်တော်ရိက္ခာတွေကိုကုန်အောင်လုပ်မိလို့မဟုတ်ဘူးလား”
“မဟုတ်ဘူး”
“ဒါဆို…မိစ္ဆာစွမ်းအင်ကြောင့်လား”
“မဟုတ်ဘူး”
“ဟင်…”
သူနားမလည်နိုင်သလိုကြည့်လိုက်သည်…
“ရှောင်လု…ငါမင်းကိုစိတ်ပျက်တယ်…အဲ့ဒါကမင်းပြောတဲ့အရာတွေကြောင့်မဟုတ်ဘူး…မင်းငါ့အမိန့်ကိုမနာခံလို့ပဲ…အပြစ်ပေးကျောက်တိုင်မှာမင်းဘာလုပ်ခဲ့တာလဲ…မင်းအမြဲတမ်းတစ်လွဲလုပ်တာကိုငါခွင့်လွှတ်ပေးနိုင်တယ်…ဒါပေမဲ့မင်းဒီနေ့ငါ့စကားကိုနားမထောင်ခဲ့ဘူး”
“ဆရာ…ဆရာကျွန်တော့်ကြောင့်အပြစ်ခံနေတာမကြည့်ရက်ဘူး…ဒါ့ကြောင့်…”
“ဒါ့ကြောင့်…မင်းဝင်ခံတာလား”
သူမအသံကအနည်းငယ်မာကျောသွားသည်….
“ရှောင်လု…မင်းစည်းကမ်းချက်တွေကိုအခါတစ်ရာကူးရေးပြီးအမှားကိုသုံးသပ်”
“ဆရာ”
“ငါ့ရှေ့ကထွက်သွား”
ဆရာအခုလိုသူ့အားတစ်ခါမှမအော်ငေါက်ဖူးတာကြောင့်သူအံ့သြရသည်…ဝမ်းနည်းရသည်…နောက်ဆုံးဆရာပြောသည့်အတိုင်းသူဆရာ့ရှေ့ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်သည်….
“ဟုတ်ကဲ့”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)