နတ်ဘုရားရဲ့သားရဲငယ် - Part 7
“ရှောင်မီ…ရှောင်မီ”
“ဟမ်…”
“ဘာတွေစဉ်းစားနေတာလဲ”
“မဟုတ်ပါဘူး”
စောနကအတွေးကထျန်းချီကြောင့်ပျက်သွားရသည်…သူမလည်းနှာခေါင်းရှုတ်ကာရင်းဖန်အားကြည့်လိုက်သည်…
“ကောင်းပြီ…ငါလာမယ်”
“အာ…ထျန်းချီ…ရှင်…ဟွန့်…တော်ပြီကျမအရင်သွားနှင့်ပြီ”
သူမကခြေစောင့်ပြီးထွက်သွားသည်…
“နတ်မင်း…အရှင်မကနတ်မင်းဂရုစိုက်ပုံပဲ…သခင်ကိုတောင်မစောင့်ပဲထွက်သွားတယ်”
“ပန်းနတ်သမီး…မင်းအထင်လွဲနေပြီ…ရှောင်မီနဲ့ငါကသခင်နဲ့သားရဲလို့ဆက်ဆံရေးမဟုတ်ဘူး”
“ရင်းဖန်စကားမှားပါတယ်”
“ကိစ္စမရှိဘူး”
“ဒါဆိုရှင်ကျမကိုခွင့်ပြုပါအုံး”
ရင်းဖန်ထွက်သွားတော့မှရှောင်မီနောက်ကိုသူအပြေးတစ်ပိုင်းလိုက်ခဲ့သည်….
“ဟွန့်…ထျန်းချီ…ထျန်းချီ…ရှင်ကကျမကိုတောင်မျက်လုံးထဲမမြင်တော့ဘူး…အဲ့ဒီ့ရင်းဖန်…အဖွီး
ဒါနဲ့တာ့ဇယ်အိမ်တော်ကဒီလောက်ကျယ်တာငါလမ်းတွေမမှတ်မိတော့ဘူး…ထျန်းချီကိုစိတ်ဆိုးပြီးထွက်လာလိုက်တာဘယ်နေရာရောက်နေမှန်းတောင်မသိဘူး…ဟူး…ငါတော်တော်အဖြစ်ဆိုးတာပဲ…ထားလိုက်တော့အနီးအနားမှာအမတတွေတွေ့ရင်မေးလို့ရတာပဲ”
သူမလည်းလှည့်အထွက်တစ်ယောက်ယောက်နှင့်တိုက်မိကာလဲကျသွားသည်…
“အား….သေပါပြီငါခါး…ဒီမှာ…နင်မမြင်”
စကားမဆုံးခင်မော့ကြည့်လိုက်တော့ကျင်ကျန့်ဖြစ်နေသည်…
“နင်…ကျင်ကျန့်”
“ဟမ်…အရှင်မလူမှားနေပါပြီ…ကျွန်တော်မျိုးကကျင်ကျန့်မဟုတ်ပါဘူး…အရှင်ရရဲ့လား”
သူကဖေးမကာထူပေးလိုက်သည်…
“နင်…တကယ်ကျင်ကျန့်မဟုတ်ဘူးလား”
“မဟုတ်ပါဘူး”
“ဒါဆို…”
သူမကလက်ကိုဝေ့ယမ်းလိုက်သည်…ထိုသူ၏အဖြူရောင်အတောင်ပံများကထွက်ပေါ်လာတော့သည်…
“အဖြူရောင်ဇာမဏီ…ဒါတောင်မင်းကကျင်ကျန့်မဟုတ်ဘူးလို့ပြောချင်တာလား”
“အရှင်မ…တကယ်ကျင်ကျန့်မဟုတ်ရပါဘူး”
“ယွန်းမီ”
“အာ…ဖုန့်ရန်…လာလာ…အတော်ပဲ”
သူမကဖုန့်ရန်လက်ကိုဆွဲကာကျင်ကျန့်နဲ့တူသောသူရှေ့မတ်တပ်ရပ်ခိုင်းလိုက်သည်…
“ကျင်….ကျန့်”
ဖုန့်ရန်ကိုယ်တိုင်လည်းတွေဝေစွာငေးမောနေသည်…သူမရဲ့မျက်ဝန်းမှဝမ်းသာသောအရိပ်အယောင်များသမ်းနေသည်…ဝဲခိုတက်လာသောမျက်ရည်တို့ကိုထိန်းကာ…နှုတ်မှလည်းအပြုံးတို့ကအသက်ဝင်လာသည်…
“ကျင်ကျန့်…ကျင်ကျန့်ရှင်တကယ်ပြန်လာမယ်ဆိုတာကျမယုံကြည်တယ်…ရှင်မလိမ်ဘူးဘဲ”
ဖုန့်ရန်ကပြောရင်းထိုသူအားဖတ်လိုက်သည်…နှစ်ပေါင်းများစွာစောင့်မျှော်နေရသူအဖို့အခုလိုပြန်တွေ့ရတော့ပြောမပြနိုင်သောခံစားချက်ကိုမည်သူကသိနိုင်မှာလဲ…
“ကျင်ကျန့်…အဟင့်…ဟင့်…ကျမသိတယ်…ရှင်ဘယ်တော့မှကျမကိုမထားခဲ့ဘူးဆိုတာ…အခုကစပြီးကျမရှင့်ကိုအနိုင်မကျင့်တော့ဘူး”
“အရှင်…အရှင်မ…ကျွန်တော်…အရှင်မတို့ပြောတဲ့သူမဟုတ်ပါဘူး”
“ကိစ္စမရှိဘူး…ရှင်အခုမမှတ်မိလည်းနောက်ပိုင်းကျရင်မှတ်မိလာမှာပါ”
“ကျင်ကျန့်မူလဝိဥာဉ်ပြာဖြစ်သွားတဲ့အချိန်ကစပြီးဖုန့်ရန်ဒီလောက်ပျော်တာမမြင်ဖူးဘူး…ဒါအချစ်လားနာကျင်ရတယ်ဝမ်းနည်းရတယ်ပျော်ရွှင်ရတယ်…အရာရာကအချစ်နဲ့ပတ်သက်နေတာပေါ့…ဟီး…ဒါဆိုထျန်းချီနဲ့ပတ်သက်ပြီးငါပျော်နေရတာပေါ့..အဟီ့”
“ယွန်းမီ…ကျေးဇူးပါပဲ ”
“အာ”
ဖုန့်ရန်ပြောမှသူမတွေးနေတာမှသတိရသွားသည်…
“သူရော…ဘယ်ရောက်သွားတာလဲ.. .သူကကျင်ကျန့်မဟုတ်ဘူးပြောတယ်”
“ယွန်းမီ…သူကကျင်ကျန့်ပဲ…နတ်မင်းပေးထားတဲ့ဒီဟာလေးကအချက်ပြတယ်…သေချာတယ်သူကကျင်ကျန့်ပဲ”
“ဒါဆို…နင်ငါ့ကိုကျေးဇူးတင်တဲ့အနေနဲ့ကောင်းကင်နန်းတော်ကိုခေါ်သွားပေး”
“ကောင်းပြီ”
သူမတို့နှစ်ယောက်လည်းကောင်းကင်နန်းတော်ကိုသွားလိုက်သည်…ဖုန့်ရန်အခန်းမှာပဲသူမသေရည်ကိုအိုးလိုက်မော့နေသည်…
“ဟွန့်…အဲ့ထျန်းချီစုတ်…ငါ့ကိုလာမချော့ဘူးလား…တွေ့မယ်…နောက်ကျမှလာခေါ်လို့ကတော့…ဟော့လို…ဟော့လိုနားရွက်ဆွဲပြီးထိုင်ထအခါတစ်သောင်းလောက်လုပ်ခိုင်းလိုက်အုံးမယ်..ဟွန့်”
“ဟင်းဟင်း…”
သူမပုံစံက်ိုကြည့်ကာဖုန့်ရန်ကရယ်မောလိုက်သည်…
“ဖုန့်ရန်…နင်ဘာရယ်တာလဲ”
“မဟုတ်ပါဘူး…ငါအခုနင့်ကိုယွဲ့မိနတ်သမီးအဖြစ်ခစားရမလား…ယွန်းမီအဖြစ်ပြောရမလားမသိဘူး…တကယ်ဆိုနင်ကငါ့ထက်ပိုအဆင့်အတန်းမြင့်တဲ့နတ်သမီးလေ”
“အိုက်ယား…ဖုန့်ရန်…အဆင့်အတန်းဆိုတာစိတ်ဓာတ်ပဲ..ငါ့တွက်ယဉ်ကျေးမှုတွေမလိုဘူး…နင်ကငါ့သူငယ်ချင်း…ဟုတ်တယ်မလား”
လျှာလေးအာလေးဖြင့်သူမကဖုန့်ရန်အားပြောလိုက်သည်….
“ယွန်းမီ…မသောက်နဲ့တော့…နင်မူးနေပြီ”
“ဖုန့်ရန်…မတားနဲ့…အဲ့ထျန်းချီအခုထိငါ့ဆီမလာသေးဘူး…ငါစိတ်ကိုတိုအောင်လုပ်တယ်”
“ဟုတ်ပါပြီ…နတ်မင်ကအရေးကြီးကိစ္စရှိနေလို့မလာသေးတာထင်တယ်….မဟုတ်ဘူး…မဟုတ်ဘူး…နတ်မင်းကိုဒီကိုလာတာနက်မပြောခဲ့ဘူးမလား”
“အမ်…ဟုတ်သားဟ…ဒါပေမဲ့..သူလာရှာရမယ်လေ”
“ငါအကြောင်းကြားလိုက်မယ်”
“မလုပ်နဲ့…ငါသူလာရှာတာပဲလိုချင်တာ”
“ခေါင်းမာလိုက်တာ”
“အင်း…မာတယ်…မာတယ်”
မာတယ်ပြောရင်ခေါင်းငိုက်စိုက်ကြသွားသည်….ဖုန့်ရန်လည်းခေါင်းခါကာသူ့အိပ်ယာထက်ဆီသယ်မည်အလုပ်…
“ဖုန့်ရန်”
“အာ…နတ်မင်..လာတာအတော်ပဲယွန်းမီ”
“ငါ့ကိုပေး”
ထျန်းချီကသူမကိုဖုန့်ရန်တွဲထားသည်မှကောက်ယူပွေ့ချီလိုက်သည်…
“နတ်မင်းကောင်းကောင်းပြန်ကြပါ”
သူတို့နှစ်ယောက်လည်းထိုနေရာမှပျောက်သွားသည်…
ထောင်ယွဲ့တောအုပ်(မက်မွန်တောအုပ်)
“ဘယ်လိုတောင်သောက်ထားရတာလဲ”
“ဟင်…ထျန်း…ထျန်းချီ…ရှင်လာပြီလား”
“အရက်သမား…မင်းရဲ့ခန်းဆောင်ကိုရောက်တော့မယ်”
“အမ်…မပြန်ဘူး…ကျမမက်မွန်ပင်တွေကြားမှာနေချင်သေးတယ်…ရတယ်မလား”
“အပြင်မှာအရမ်းအေးတယ်လေတွေတိုက်နေတာကိုမင်းဖျားလိမ့်မယ်”
“အဟင်းဟင်း…ကျမကဒီလောက်စွမ်းအားကြီးတာလေတိုက်တာလောက်နဲ့ဘာမှမဖြစ်ပါဘူး”
ထျန်းချီလည်းပွေ့ထားရာမှအသာချပေးလိုက်သည်…သူမကဒယီးဒယိုင်ဖြင့်လျှောက်လမ်းနေပြန်သည်…လေတစ်ချက်ဝေ့တိုင်းပန်းပွင့်များကမြေပြင်ဆီတဖြုတ်ဖြုတ်ကြွေဆင်းလာသည်…
“ထျန်းချီ…ကျမ…ပန်းနတ်သမီးထက်ပိုလှတယ်မလား”
ပြောရင်းသူမကဝတ်ရုံစကိုမကာတစ်ပတ်လှည့်ပြလိုက်သည်…မူးနေသောကြောင့်ခြေမခိုင်ဘဲလဲအကျ…ထျန်းချီကဆွဲဖမ်းလိုက်သဖြင့်သူတို့နီးကပ်သွားသည်…
ရွှန်းလက်ဝေဆာသောအကြည့်တွေကြားနှစ်ဦးသားရင်ခုန်စိတ်လှုပ်ခြားသွားသည်…ထိုနေ့မှရှောင်မီကအရင်ကထက်ပိုပြီးလှပနေသလိုစွဲဆောင်နေသည်…ထျန်းချီကြည့်ရင်းစိတ်မထိန်းနိုင်ပဲသူမရဲ့နှုတ်ခမ်းလှလှလေးကိုနမ်းလိုက်သည်…
“ရှောင်မီ…ကိုယ်တို့အမြဲထာဝရအတူနေကြမယ်”
“ကျမရှင့်ကိုချစ်တယ်”
ထျန်းချီလက်ကဝေ့ယမ်းပြီးမက်ပွန်ပန်းများကိုစုစည်းကာသူတို့နှစ်ယောက်အတွက်အကာအကွယ်အဖြစ်ပြုလုပ်လိုက်သည်…
ထိုညမှာတော့သူတို့ရဲ့မပြီးပြည့်စုံသေးတဲ့အချစ်ခုကမက်မွန်ပန်းလေးများနဲ့အတူကာရံကာ…အချစ်ရဲ့ညအဖြစ်စီးမျှောလိုက်ကြသည်…
“ထျန်းချီ…ရှင်ကျမကိုခွဲမသွားရဘူးနော်”
“အရူးမလေး…ဘာတွေစိုးရိမ်နေတာလဲ”
ထျန်းချီကမက်မွန်ပင်ကိုမှီထားရင်းသူမကတော့ထျန်းချီပေါင်ကိုခေါင်းအုံးထားလိုက်သည်…
“ကျမ…ရှင့်ကိုဘာလို့အဲ့လောက်သဘောကျလဲမသိဘူး”
ပြောရင်းသူမလက်ကထျန်းချီပါးနှစ်ဖက်ကိုသူမလက်ဖြင့်ညှစ်လိုက်သည်…
“ဧကန္တ…ကိုယ်ကအရမ်းခန့်ညားနေလို့နေမှာ”
“မဟုတ်ပါဘူး…ကျမချစ်လို့ရှင်ကခန့်ညားနေတာပါ”
“ဟုတ်လား”
“ဟုတ်တယ်”
“ရှောင်မီ…အရမ်းအေးနေတယ်မလား”
“အင်း…အရမ်းအေးတယ်”
“ဒါဆိုခန်းဆောင်ကိုပြန်ကြမယ်လေ”
“ဟင့်အင်း…ကျမအရမ်းအေးတယ်…ဒါပေမဲ့ရှင့်ဆီကအနွေးဓာတ်ရနေတယ်လေကျမမချမ်းဘူး…ရှင်သာကျမကိုဖတ်ထားရင်…ကျမဘယ်တော့မှချမ်းမှာမဟုတ်ဘူး”
“ကောင်းပြီ…ကိုယ်ဖတ်ထားမယ်…ကိုယ်ဖတ်ထားရင်ဟောဒီ့ကကိုယ့်အချစ်လေးဘယ်တော့မှမချမ်းစေရဘူး”
အပင်ခြေရင်း၌ပင်အတူလှဲကာ…သူ့ရင်ခွင်ထဲသူမအားဆွဲဖက်ထားလိုက်တော့သည်…
တိုက်ခတ်လာသောလေပြေကြောင့်အအေးဓာတ်ကရှိသော်လည်းအံတုကာသူ့ရင်ခွင်ထဲတိုးတိုးလာသောသူမအားသူတင်းတင်းလေးဖတ်ထားပေးလိုက်သည်….
“မက်မွန်ပင်ခြေရင်းက
အချစ်သက်သေ
မက်မွန်ပန်းလေးများကို
တိုင်တည်ကာထာဝရမခွဲကြေး
အမြဲချစ်သွားမယ်”
ထျန်းချီကကဗျာတစ်ပုဒ်ကိုရွတ်ဆိုလိုက်သည်…
[♥]]] [♦]]] [♣]]] [♠]]]
“ဝါး…အင်း”
တဝါးဝါးသမ်းရင်းသူမထလိုက်သည်….
“ဟင်…ငါဘယ်လိုလုပ်ပြီးငါ့အခန်းပြန်ရောက်နေတာလဲ”
“အရှင်မကိုထျန်းချီနတ်မင်းလာပို့သွားတာပါ”
နတ်အစေခံမလေးစကားကြောင့်သူမညကအဖြစ်အဖျက်များကိုပြန်တွေးလိုက်သည်…
“ဟီး…အား….ရင်ခုန်ဖို့ကောင်းလိုက်တာ…ပိုင်ယွန်းမီ…ပိုင်ယွန်းမီနင့်ကိုနင်ယွဲ့မိဖြစ်နေတာကံကောင်းတာပဲ…ငါအမြဲတမ်းထျန်းချီကိုစိတ်ကူးယဉ်ခဲ့ရတာ…အခုတော့ငါဒီလောကမှာအရမ်းပျော်နေပြီ
မဖြစ်ဘူးငါထျန်းချီကိုသွားရှာရမယ်…ညကသူနဲ့ငါ…သူနဲ့ငါ…ဟီး…ရှက်လိုက်တာ…ဘယ်လိုတောင်မူးသွားလိုက်ပုံလဲထျန်းချီနဲ့အတူအိပ်ခဲ့တယ်”
သူမလည်းပြုံးစိစိနဲ့ထိုက်ချူ ခန်းဆောင်ဘက်ထွက်လာသည်…
“ထျန်းချီ…ထျန်းချီ…ထျန်း…မဟုတ်ဘူး….ငါကသူ့ကိုယောကျာ်းလို့ခေါ်ရမှာမလား”
သူမလည်းတွေးရင်းတွေးရင်းအထဲရောက်သွားသည်…အထဲမှာတော့ညကကဗျာလေးကိုသူ့ခုံမှာစာရွတ်ဖြင့်ရေးထားတာတွေ့လိုက်သည်…
“သူဘယ်သွားတာပါလိမ့်”
သူမလည်းထျန်းချီအားနတ်ပြည့်အနှံ့လိုက်ရှာကြည့်လိုက်သည်…နောက်ဆုံးဘိုးဘေးကျောက်တုံးနားရောက်သွားတော့သည်….
“ဟင်…ရင်းဖန်နင်ဘာတွေမကောင်းကြံမှာလဲခွေးသေးပန်းမ”
သူမလည်းပန်းတိုင်ပြည်ကိုလိုက်သွားတော့သည်….
[♥]]] [♦]]] [♣]]] [♠]]]
“အဟင်း…နတ်မင်းကပန်းတွေကိုသဘောကျရဲ့လား…ဒါဆိုရင်ရင်းဖန်နတ်မင်းကိုနေရာတစ်ခုလိုက်ပြပါ့မယ်”
“ပန်းနတ်သမီး…မင်းအပြစ်တွက်ဒီလောက်အပင်ပန်းခံရရုံနဲ့ရပါပြီ…ငါသဘောထားမသေးပါဘူး”
“ကျမကြားတာ…နတ်မင်းကအရင်ကနတ်သမီးအပေါ်မှာသနားညှာတက်ဆုံးသူတဲ့…အခုရင်းဖန်တွေ့ရတာမမှားဘူးဘဲ”
“အဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကပါ”
“အော်…ဒါနဲ့…ရင်းဖန်…နတ်မင်းကိုပြစရာရှိတယ်”
“ပန်းနတ်သမီး…မလိုက်ပြနဲ့တော့ပြည့်စုံနေပါပြီ”
“နတ်မင်းကြားဖူးလား…ပန်းတိုင်းပြည်မှာကံကြမ္မာကိုကြည့်လို့ရတဲ့နေရာရှိပါတယ်…အကယ်၍အရှင်သိချင်တာများရှိရင်ကြည့်လို့ရပါတယ်နတ်ပြည်လိုစည်းကမ်းတွေမတင်းကျပ်ထားပါဘူး”
“ဟုတ်လား…”
“နတ်မင်း…ကြွပါ…”
ရင်းဖန်ကဦးဆောင်ပြီးနေရာတစ်ခုဆီခေါ်သွားသည်….ထိုနေရာမှာပန်းပေါင်းစုံပေါက်ရောက်နေပြီးမြူ တွေလည်းအုံ့ဆိုင်းနေသည်….
“နတ်မင်း…ကံကြမ္မာကြည့်တာကျမလိုက်လို့မသင့်တော့ပါဘူး…ဒီနားကပဲစောင့်နေမယ်…အရှေ့ဆက်သွားရင်ရေကန်တစ်ခုတွေ့ပါလိမ့်မယ်…သတိထားရမှာကကံကြမ္မာကိုကြည့်ဖို့အတွက်ပန်းပင်တစ်ခုကိုခူးပြီးကိုယ်ကြည့်မဲ့ကံကြမ္မာကိုဆုတောင်းရတယ်ပြီးရင်ကန်ထဲပစ်ချလိုက်ပါ”
“ကောင်းပြီ…”
“နတ်မင်း….နတ်မင်းသတိထားပါ…ကန်နားမှာအဆိပ်ရှိတဲ့အပင်တွေလည်းပေါက်ပါတယ်…နတ်မင်းဂရုစိုက်ခူးပါ…အချစ်ကျိန်စာအပင်ကိုမခူးမိပါစေနဲ့”
“ငါသိပြီ”
ထျန်းချီလည်းအရှေ့သို့ဆက်သွားလိုက်သည်…သိပ်မကြာခင်ရေကန်တစ်ခုကိုတွေ့လိုက်သည်….သူလည်းပန်းပင်တွေကိုလိုက်ကြည့်လိုက်ရင်းဘယ်ဟာခူးရမလဲမသိအားလုံးကလှပနေသည်…
“သွားပြီ…ဘယ်ပန်းကအချစ်ကျိန်စာပန်းလဲမသိဘူး…ဘယ်လိုပုံစံရှိတယ်ဆိုတာငါမမေးမိဘူး…ထားလိုက်တော့…အဆိပ်ရှိတဲ့ပန်းကကျိန်းသေရုပ်ဆိုးတဲ့ပန်းနေမယ်
သူလည်းအလှဆုံးပန်းတစ်ပွင့်ကိုခူးလိုက်သည်…ပြီးတော့သူနဲ့ရှောင်မီရဲ့ကံကြမ္မာကိုကြည့်ဖို့ဆုတောင်းလိုက်သည်…ပြီးတော့ပန်းကိုရေထဲပစ်ချလိုက်သည်…
“ခစ်ခစ်…ခစ်ခစ်…ဟားဟားဟားဟား ”
ရယ်မောသံနဲ့အတူသူနဲ့ရှောင်မီပြေးလွှားကာချစ်ကြည်နူးနေသည်ကိုတွေ့လိုက်ရသည်…တစ်ဆက်ထဲမှာပဲသူမကိုလူ့ပြည်မှာတွေ့လိုက်ရပြန်သည်…
“ဟင်…ရှောင်မီကလူ့ပြည့်မှာဘယ်လိုပေါ်လာရတာလဲ”
သူဆက်ကြည့်ရင်းပျော်စရာတွေပဲတွေ့လိုက်ရသည်….မထင်မှတ်ထားသည်ကအဆုံးသတ်မှာတော့…
“ဟားဟား…ဟားဟား…သတ်မယ်…ငါနင်တို့နတ်ပြည်တစ်ခုလုံးကိုသတ်မယ်…အားလုံးကိုပြာအဖြစ်ပြောင်းပြီးပြန်မဝင်စားနိုင်အောင်ငါလုပ်မယ်”
သူမကအမှောင်စွမ်းအားနဲ့အတူနတ်ပြည်တစ်ခွင်ကိုဖျက်ဆီးနေတော့သည်….
“ရှောင်မီ…မလုပ်နဲ့….မလုပ်နဲ့”
“ဟားဟားဟားဟား ”
နောက်ဆုံးတွင်သူကိုယ်တိုင်ရှောင်မီကိုသတ်လိုက်ရသည့်ပုံရိပ်ကိုတွေ့သွားတော့သည်…
“အော့…အဟွတ်”
သူ့ပါးစပ်မှသွေးများအန်ထွက်သွားသည်….
“သွားပြီ…”
သူပစ်ချသောပန်းမှာအချစ်ကျိန်စာအပင်ဖြစ်နေသည်…
“ဒါ…ဒါ…ဧကန္တအချစ်ကျိန်စာအပင်ကငါ့နဲ့ရှောင်မီကံကြမ္မာကိုဆက်စပ်နေတာလား”
[♥]]] [♦]]] [♣]]] [♠]]]
“ရင်းဖန်…နင်ထွက်လာခဲ့…နင်ထွက်လာခဲ့စမ်း…ခွေးသေးပန်းစုတ်…ထျန်းချီကိုနင်ဘာလုပ်လိုက်တာလဲ”
“မိန်းကလေး…ဒါဝင်လို့မရပါဘူး”
“ဘယ်သူတားရဲလဲ…နင်တို့သခင်မဘယ်မှာလဲ”
“သူ…သူ…ပြောလို့မရပါဘူး”
“ကောင်းပြီ…ဒါဆိုငါ့ကိုအပြစ်မတင်နဲ့”
သူမရဲ့မြစိမ်းရောင်လေးကိုထုတ်ကာပန်းနတ်သမီးအစေခံများနဲ့တိုက်ခိုက်လေတော့သည်…
“ဟွန့်…အမတတွေကများငါ့ကိုရန်စရဲတယ်…သေပေတော့”
“ဝှီး…ရွှီး…ဒုတ်…”
“အား…အင့်…”
သူမကြောင့်အစေခံများအတုံးအရုံးလဲကျကုန်သည်…
“မြန်မြန်မပြောကြသေးဘူးလား…မဟုတ်ရင်ငါ…ပန်းတိုင်းပြည်တစ်ခုလုံးကိုဖျက်စီးပစ်မယ်”
သူမအသံကစူးရှပြီးဒေါသရိပ်များဖုံးလွှမ်းနေသည်…
“အပြင်မှာဘယ်သူကအတင်ရဲနေတာလဲ”
“ငါ”
“ဟင်…ပိုင်ယွန်းမီ”
ရင်းဟွာမျက်လုံးပြူ းသွားသည်…သူမကရင်းဟွာရှေ့ကိုရောက်သွားပြီးလည်ပင်းအားညှစ်ကာ…
“ပြော…နင့်အမေဘယ်မှာလဲ”
“က်မဒီမွာပါ”
သူမကချက်ချင်းပဲရင်းဖန်ရှေ့ရောက်သွားပြီးသူ့လည်ပင်းအားညှစ်ထားလိုက်သည်….
“ထျန်းချီဘယ်မှာလဲ”
“ဟင့်…ငါမပြောရင်ရော”
“ကောင်းပြီ…ပန်းတိုင်းပြည်တစ်ခုလုံးကိုအမှုန့်ချေပစ်ရတာပေါ့”
ပြောပြောဆိုဆိုသူမကမျက်လုံးများနီလာပြီးသူမလက်ဝါးပေါ်တွင်မီးလုံးများကိုပြုလုပ်လိုက်သည်…တစ်ဖက်ကလည်းရေလုံးနဲ့မိုးကြိုးရောနေတဲ့အစွမ်းကိုလုပ်လိုက်သည်…
ပန်းတိုင်းပြည်ဟာတဖြေးဖြေးအငွေ့များထွက်လာပြီး…အချို့ကတော့စွမ်းအားတွေကပြာအဖြစ်တဖြေးဖြေးပြောင်းလာသည်….
“ရှောင်မီ…”
“ဟင်….ထျန်းချီ”
သူမအစွမ်းတွေချက်ချင်းသိမ်းကာထျန်းချီအားပြေးဖက်လိုက်သည်…
“ရှင်သိလား…ကျမဘယ်လောက်စိတ်ပူနေရလဲ…ဘယ်လောက်စိုးရိမ်နေရလဲ…ရှင့်ကိုပန်းတိုင်းပြည်မှာသွေးအန်တာမြင်လို့ကျမလိုက်လာခဲ့တာ”
သူမဘာပြောပြောထျန်းချီကတော့မတုန်လှုပ်ပေ…
“ရှောင်မီ…ပြန်တော့”
“အာ….”
“ပြန်တော့”
“ထျန်းချီ…ကျမ”
“ငါမင်းကိုပြန်တော့လို့ပြောနေတယ်လေ”
ထျန်းချီအသံကအနည်းငယ်မာထန်သွားသည်…သူမကိုလည်းစိတ်ဆိုးနေပုံရသည်…သူမရဲ့ဖတ်ထားသောလက်များကိုသူကဖြုတ်ချပစ်လိုက်သည်…
“ထျန်းချီ…ရှင်ဘယ်လိုဖြစ်ရတာလဲ”
“မင်းငါ့ကိုပြန်မေးနေသေးတယ်…မင်းဖျက်စီးထားတာတွေကိုကြည့်စမ်း…မင်းငါ့ကိုစိတ်ပျက်စေတာပဲ”
“ထျန်းချီ”
“ပန်းနတ်သမီး…အားလုံးကိုအရင်တိုင်းဖြစ်အောင်ငါလုပ်ပေးမယ်”
ထျန်းချီကပန်းတိုင်းပြည်ကိုသူ့အစွမ်းဖြင့်ပြင်ဆင်ပေးလိုက်သည်…အရင်ကလိုပြန်ဖြစ်သွားတော့သည်….
“ပန်းနတ်သမီး…ပိုင်ယွန်းမီကပန်းတိုင်းပြည်အပေါ်အပြစ်ပြုလုပ်မိပြီ…မင်းဘာတောင်းဆိုချင်လဲ”
“ရင်းဖန်အပြစ်မတင်ဝံ့ပါဘူးအရှင်မကို”
“အပိုတွေ…ဟန်ဆောင်ပြမနေနဲ့ပန်းစုတ်မ”
“ပိုင်ယွန်းမီမီ”
ဒီအခါမှာတော့ထျန်းချီအသံကပို၍ကျယ်လောင်စွာဖြင့်သူမအမည်ကိုခေါ်လိုက်သည်…
“ကောင်းပြီ…မနက်ဖြန်ကစပြီး…မင်းတို့သားမိတစ်ယောက်ယောက်ပဲဖြစ်ဖြစ်ငါ့ရဲ့ခန်းဆောင်မှာတာဝန်ထမ်းဆောင်စေ…”
“ကျေးဇူးတင်ပါတယ်နတ်မင်း”
ပြောပြီးထျန်းချီကပျောက်ကွယ်သွားသည်…..ပန်းနတ်သမီးတို့သားမိကတော့အောင်နိုင်သူလိုအပြုံးဖြင့်သူမအားကြည့်ကာလှောင်သောမျက်လုံးများဖြင့်သရော်ခဲ့ကြသည်…
“ထျန်းချီ”
သူမလည်းနတ်ပြည်သို့ပြန်လာခဲ့သည်…
“ထျန်းချီ….ထျန်းချီ…ရှင်ဘာဖြစ်တာလဲ…ကျမကိုရှင်းပြပါ”
“အထဲမဝင်ခဲ့နဲ့”
“ဟမ်”
သူမလည်းထျန်းချီစကားကြောင့်ငေးကျန်နေခဲ့ရသည်…ထျန်းချီဘယ်သွားမလဲစောင့်ရင်းထျန်းချီထွက်လာတော့သူမနောက်ကနေတကောက်ကောက်လိုက်လာသည်…
“ရှောင်မီ…ထွက်လာခဲ့”
“ထျန်းချီ…”
“ငါက…မင်းရဲ့သခင်ဖြစ်သေးလား”
“ကျိန်းသေတာပေါ့”
“ဒါဆို…ငါပြောတာနားထောင်…မင်းငါနဲ့ခပ်ဝေးဝေးနေ…ငါစိတ်ရှုပ်တယ်”
“ဘာ…ဘာပြောတယ်”
“မင်းမကြားလိုက်လို့လား….ငါပြန်ပြောရအုံးမလား”
“နေစမ်းပါအုံး…ကျမကရှင့်ကိုစိတ်ပူလို့လိုက်ခဲ့တာလေ…ကျမမှားတာကိုဝန်ခံတယ်…ရှင်အပြစ်ပေးချင်လည်းပေးလို့ရတယ်ဒါပေမဲ့…”
“တော်လောက်ပြီ…ငါမင်းကိုမမြင်ချင်ဘူး”
ထျန်းချီစကားတွေကြောင့်သူမများစွာထိန့်လန့်သွားသည်….ဝမ်းနည်းမှုတို့ကတရိပ်ရိပ်တက်လာပြီးမျက်ရည်စတို့ကအခွင့်မပါပဲကျဆင်းလာသည်….
“ထျန်းချီ…ကျမမေးမယ်…ရှင်ပန်းတိုင်းပြည်မှာဘာဖြစ်ခဲ့တာလဲ…ရှင်တစ်ခုခုဖြစ်ခဲ့တယ်မလား”
“မဟုတ်ဘူး”
“ရှင်ကျမကိုမလိမ်ပါနဲ့”
ပြောရင်းသူမအသံတို့ကစို့နစ်ကြေကွဲလာသည်…ထျန်းချီကတော့အေးစက်စွာပင်မျက်နှာလွဲထားသည်…
“ရှင်ကြည့်ပါ…ဒါဆို..မနေ့ညကအဖြစ်အဖျက်တွေကရော…အားလုံးကပန်းတိုင်းပြည်ကိုတစ်ခေါက်လောက်သွားလိုက်တာနဲ့ပျက်ပြယ်ကုန်ရောလား…ကျမကပန်းနတ်သမီးတို့သားမိလောက်ရှင့်ရင်ထဲမှာမဝင်ဆံ့တော့တာလား”
“ဟုတ်တယ်”
တိကျပြတ်သားသောဖြေသံနဲ့အတူထျန်းချီကသူမကိုပစ်ပယ်လိုက်သည်…
“အဟွန့်…လက်စသတ်တော့ရှင်က…ရှင်က…အမှန်တရားနတ်မင်းဆိုပြီးလုပ်ချင်ရာလုပ်ပြီးကျမကိုအပျော်သက်သက်ကစားခဲ့တာကို”
“ဟုတ်တယ်”
“မက်မွန်ပင်ခြေရင်းက ကတိသစ္စာကရော…ရှင်သာယာပျော်ရွှင်ဖို့အတွက်ပဲလား”
“ဟုတ်တယ်”
“ကောင်းပြီ…အခုကစပြီး…ကျမရှင်နဲ့မတွေ့အောင်ဂရုစိုက်ပါ့မယ်…တကယ်တော့ယောကျာ်းတွေကအနှစ်မပါတဲ့အချစ်နဲ့…လှည့်စားတက်တာပဲ”
ပြောပြီးသူမလှည့်ထွက်သွားသည်….သူမသွားတော့မှသူ့စိတ်တင်းထားသည်ကိုလျော့လိုက်သည်…
“အော့…”
“ထျန်းချီ…အဆင်ပြေရဲ့လား”
“ပိုင်ကျွယ်…ငါဘာမှမဖြစ်ဘူး…ဒီအကြောင်းကိုရှန့်ကူကိုတောင်မပြောပါနဲ့”
“အင်းပါ…ဒါပေမဲ့မင်းယွန်းမီကိုအခုလိုဆက်ဆံနေရင်သူအထင်လွဲလိမ့်မယ်”
“ငါလိုချင်တာဒါပဲလေ…သူငါ့ကိုမုန်းသွားရင်ပိုကောင်းတယ်…ဒါဆိုသူ့အတွက်ကာကွယ်ရာရောက်ပါတယ်…မဟုတ်ရင်သူတွက်အန္တရာယ်ကျရောက်လာမှာ”
“အချစ်ကျိန်စာပန်းက…ဖြေဆေးမရှိဘူးလား”
“မရှိဘူးလူပြန်ဝင်စားခြင်းကပဲရမယ်…ငါသာလူပြန်ဝင်စားရင်ရှောင်မီလည်းဒီတိုင်းမနေလောက်ဘူးနှစ်တစ်ရာလောက်သူငါ့ကိုမုန်းအောင်လုပ်လိုက်မယ်”
“ငါနားလည်ပြီ…ငါမင်းကိုကူညီမယ်”
သူနဲ့ပိုင်ကျွယ်တော်တော်ကြာကြာဆွေးနွေးခဲ့ကြသည်….
“ဘာ!…ယွန်းမီ…ထျန်းချီကတကယ်ပဲအဲ့လိုလား”
“ငါပြောတယမယုံရင်သွားမေးကြည့်ပါ…သူကပန်းနတ်သမီးသားမိကြောင့်ငါ့ကိုစွှန့်လွှတ်တယ်…”
“မဖြစ်ဘူး…ငါဒါကိုမေးရမယ်”
ရှန့်ကူလည်းဒေါသထွက်ကာထျန်းချီဆီလာခဲ့သည်…
“ထျန်းချီ”
“ရှန့်ကူ”
“နင်ဘာလုပ်လိုက်တာလဲ”
“ဘာဖြစ်လို့လဲ”
“နင်ယွန်းမီက်ိုဘယ်လိုလုပ်တာလဲ…သူမကယွဲ့မိ…နင့်တွက်နဲ့သူတစ်ခါသေခဲ့ပြီးပြီ…ဒါတောင်မှသူ့ကိုနားမလည်ဘူးလား”
“ရှန့်ကူ…ဒါကငါနဲ့ရှောင်မီကြားကကိစ္စပါ…မင်းဝင်မပါနဲ့”
“ပိုင်ကျွယ်…ရှင်ကြားတယ်မလား”
“အင်း”
“ဒါဆိုဘာလို့…”
သူမစကားမဆုံးခင်ပိုင်ကျွယ်ကရှန့်ကူအားပွေ့ကာ…ခေါ်ထုတ်သွားသည်…
“ပိုင်ကျွယ်…ရှင်လွှတ်…လွှတ်”
“ရှန့်ကူ…ရှန့်ကူ…မင်းနားမလည်ပါဘူး…ဒါကသူတို့အချစ်ရေး”
“ပိုင်ကျွယ်…ယွဲ့မိကကျမအချစ်ဆုံးသူငယ်ချင်း..ထျန်းချီသူ့အပေါ်မကောင်းရင်ကျမသည်းမခံဘူး”
“ရှန့်ကူ…ထျန်းချီမှာတစ်ခုခုအခက်အခဲရှိလို့နေမှာပါ”
“ရှင်နဲ့ထျန်းချီကတူတူပဲ…ယွဲ့မိနာကျင်နေတာတွေကျမမြင်နေရတယ်…ဒါပေမဲ့လစ်လျူ ရှုထားတယ်…မကောင်းဘူး”
“ဟင်”
နေရင်းထိုင်ရင်းပိုင်ကျွယ်တစ်ယောက်ရှန့်ကူရဲ့စိတ်ဆိုးတာခံလိုက်ရပါတော့သည်…
“ရှန့်ကူ…ရှန့်ကူ”
သူလည်းရှန့်ကူနောက်ကိုလိုက်ချော့လိုက်သည်…
“ရှန့်ကူ”
“ရှင်မလာခဲ့နဲ့”
သူမကဝတ်ပြုခန်းဆောင်တံခါးကိုပိတ်ပစ်လိုက်သည်…
“ဟွန့်…ယောကျာ်းတွေတူတူပဲ…အစပိုင်းနာပျင်အောင်လုပ်တယ်ပြီးရင်သူတို့ပဲသူရဲကောင်းလုပ်ချင်တယ်…ဟွန့်”
“ရှန့်ကူ…မင်းထွက်မလာကိုယ်ဝတ်ပြုခန်းဆောင်ရှေ့ရပ်နေမှာနော်”
ပိုင်ကျွယ့်အော်သံကိုမကြားချင်ယောင်ဆောင်လိုက်သည်….
“ကောင်းပြီ…မင်းကိုယ့်ကိုမတွေ့ချင်မှတော့အပြစ်ခံယူလိုက်မယ်”
စကားအဆုံး၌…
“ဝုန်း!ဆိုသည့်အသံကြားလိုက်ရသည်…ရှန့်ကူစိုးရိမ်သွားပြီးကပျာကယာဝတ်ပြုခန်းဆောင်ရှေ့ပြေးထွက်သွားသည်…
“ပိုင်ကျွယ်…”
အပြင်ရောက်တော့ပိုင်ကျွယ်ကပြုံးပြီးကြည့်နေသည်…
“ရှင်…ဟွန့်…ကျမကိုလှည့်စားရဲတယ်”
သူမကနှုတ်ခမ်းစူသွားသည်…ပိုင်ကျွယ်ကသူမလက်ကိုဆုပ်ကိုင်လိုက်ပြီး…
“မင်းကိုယ့်ကိုမပစ်ပယ်ဘူးဆိုတာသိတယ်…ရှန့်ကူ…ကိုယ်တို့ကြားမှာအချစ်ရဲ့အခက်အခဲတွေအများကြီးကိုဖြတ်ကျော်လာခဲ့ရတယ်…ဒါတောင်မှထျန်းချီနဲ့ယွန်းမီတို့နှစ်ယောက်ရဲ့ခံစားချက်ကိုနားမလည်ဘူးလား”
“ရှင်ကရှင်…ထျန်းချီကထျန်းချီလေပြီးတော့ယွန်းမီကကျမမှမဟုတ်တာ”
“ဒါဆိုရင်ဘာလို့ထျန်းချီကိုအပြစ်တင်နေတော့မှာလည်း…ကိုယ်တို့ကြည့်နေရုံပဲရမယ်…သူတို့သာရွေးချယ်ရမဲ့အရာလေ”
ပိုင်ကျွယ်ပြောတော့လည်းဟုတ်နေတာပဲ…အရင်ကသူမလည်းပိုင်ကျွယ့်ကိုအပြစ်တင်ဖူးတာပဲလေဒါပေမဲ့မုန်းဖို့မလုံလောက်ခဲ့ဘူးဘိုးဘေးတွေရှေ့မှာနှစ်ပေါင်း၅၀၀ရာဒူးထောက်ခဲ့ရသည်မဟုတ်လား
“ထားပါတော့…ဒါဆိုရင်ထျန်းချီဘာဖြစ်လာလဲရှင်သိတယ်မလား…ကျမကိုပြောပြ”
“သေချာပေါက်မင်းယွန်းမီကိုပြန်ပြောမှာမလား…ထျန်းချီကယွန်းမီကိုမသိစေချင်ဘူး”
“ရှင်…ရှင်တို့အရမ်းလျိုဝှက်တာပဲ”
“ပြုံးလိုက်ပါ…မင်းစိတ်ဆိုးပုံကကြည့်ရဆိုးတယ်”
“အမ်…ရှင်ကကျမကိုရုပ်ဆိုးတယ်ပြောချင်တာလား”
“မဟုတ်ပါဘူး…မင်းရုပ်ဆိုးတယ်…မပြောမိပါဘူး”
“ဟွန့်…ထပ်ပြောပြနပြီ…ရှင်တော့သေပြီသာမှတ်”
ရှန့်ကူကပိုင်ကျွယ့်အားလိုက်ဖြင့်ထုရိုက်တော့ပိုင်ကျွယ်ကလှည့်ပတ်ပြေးတော့သည်…
“ရှင်ပြန်လာ…မပြေးနဲ့”
“ကယ်ကြပါ…ကျူ ပ်နောက်ကိုရုပ်ဆိုးမလိုက်ကပ်နေတယ်”
“ပိုင်ကျွယ်…ရှင်သေပြီမှတ်”
စနောက်ကာပြေးလွှားနေသောပိုင်ကျွယ်နဲ့ရှန့်ကူကိုကြည့်ကာယွန်းမီပြုံးလိုက်သည်….
[♥]]] [♦]]] [♣]]] [♠]]]
“နတ်မင်း…ရေနွေးသုံးဆောင်ပါအုံး”
“ခ်ထားခဲ့ပါ”
“နတ်မင်း…အရှင်မကထောင်ယွဲ့တောအုပ်ထဲမှာအမြဲမူးနေတယ်လို့ကြားပါတယ်”
“ပန်းနတ်သမီး…မင်းထိုက်ချူ ခန်းဆောင်မှာတာဝန်ထမ်းဆောင်ရင်တစ်ခြားကိစ္စတွေမပြောနဲ့”
“ဟုတ်ကဲ့”
“အား…”
ရင်းဖန်ကရေနွေးကယားကိုတမင်မှောက်ချလိုက်ကာအပူလောင်သွားသည်
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)