နတ်ဘုရားရဲ့သားရဲငယ် - Part 9
“ဟုတ်တယ်…ဒါပေမဲ့…ရှောင်လုပြောသလိုတော့နတ်သမီးမဟုတ်ပါဘူး”
“အဖေ…”
“ဟင်းဟင်း…ရှောင်လုဘယ်လိုလုပ်ပြီးနတ်သမီးကလူတွေကိုကိုယ်ထင်ပြမှာလဲ…သားလေးကအတွေးလွန်နေတာပါ…သူကသိုင်ပညာအစွမ်းရှိတဲ့သူဒါမှမဟုတ်ထာဝရရှင်သန်သူအဖြစ်လေ့ကျင့်တဲ့သူဖြစ်မှာပါ”
“ဟွန့်…ရှောင်လုကတော့နတ်သမီးမမပဲ”
စူပုတ်သွားသောသားကိုကြည့်ရင်းလင်မယားနှစ်ယောက်လုံးပြုံးလိုက်ကြသည်…ညစာစားသောက်ပြီးနောက်အိပ်ယာအသီးသီးဝင်လိုက်ကြသည်….
အခန်းပြတင်းပေါက်ကနေမြင်နေရသောကောင်းကင်ကကြယ်တွေကြည့်ရင်းလုဟန်နတ်သမီးမမကိုသတိရသွားပြန်သည်….
“နတ်သမီးမမ…ရှောင်လုနတ်သမီးမမကိုလာရှာမယ်”
လေတွေတဖြူ းဖြူ းတိုက်နေပြီး…မက်မွန်ပင်အောက်တွင်အဖြူရောင်ဝတ်စုံတဲ့သူတစ်ယောက်ရပ်နေသည်….
“နတ်သမီးမမ…နင်လား”
သူကအရှေ့သို့တိုးလိုက်ပြီး…နတ်သမီးမမရှိရာပြေးလာခဲ့သည်…သို့သော်လည်းသူမကိုမတွေ့ရတော့ပေ…သူလည်းနေရာအနှံ့လိုက်ရှာရင်း…တစ်နေရာတွင်ခရမ်းရောင်ဝတ်စုံနဲ့အတူပျော်ပါးနေသောနတ်သမီးမမကိုတွေ့လိုက်သည်…
“ကလေး…မင်းကဘယ်သူလဲ”
“ငါ…ငါကလုဟန်…ခင်ဗျားကဘယ်သူလဲ…ဘာကိစ္စနတ်သမီးမမကိုဖတ်ထားတာလဲ”
“သူကငါ့ရဲ့မိန်းကလေး…ငါဖတ်တာဘာဖြစ်လို့လဲ”
“မရဘူး…နတ်သမီးမမ…ရှောင်လုကိုမသိဘူးလား”
“မင်းဘယ်သူလဲ”
“ဟမ်…နတ်သမီးမမကျွန်တော်ကိုကယ်ခဲ့တာလေမသိတော့ဘူးလား”
“ဘယ်တုန်းကလဲ”
သူကသူ့ကိုကယ်ခဲ့ပုံကိုရှင်းပြလိုက်သည်….ထို့နောက်သူမကအစွမ်းဖြင့်သူပြုတ်ကျခဲ့သောချောက်ကိုဖန်ဆင်းလိုက်သည်…
“ဒီမှာလား”
“ဟုတ်တယ်…နတ်သမီးမမမမေ့ဘူးမလား”
“ခုန်ချ”
“ဟမ်”
သူကအံ့သြသွားသည်…
“ခုန်ချ”
“ဘာလို့လဲ”
သူမကသူ့အားထိုချောက်ထဲတွန်းချလိုက်တော့သည်…
“နတ်သမီးမမ.. …အား….”
“ဒုန်း…အား…အား…သေပါပြီ…အမလေး”
“သခင်လေး…ဘာဖြစ်တာလဲ”
“ဟမ်…ငါ…ငါ..ငါအိမ်မက်နေတာပဲ
မဖြစ်ဘူးမဖြစ်ဘူး…အိမ်မက်မက်ပြီးပြုတ်ကျတာ”
“အဟင်း…”
“နင်ဘာရယ်တာလဲ”
“သခင်လေး…နင်ကြည့်အုံးအခုထိအိမ်မက်မက်ရင်ယောင်တုန်းပဲ…သခင်လေးအရွယ်ရောက်ပြီလေ…အခုထိကလေးလိုပဲ”
“ဟွန့်…နင်ကငါ့ကိုလှောင်နေတယ်ပေါ့…တွေ့မယ်”
“သခင်လေး…သခင်လေး…မလုပ်ပါနဲ့”
“လွှတ်အောင်ပြေး”
သူလိုက်ရိုက်တော့အထိန်းတော်ကခြံထဲဆင်းပြေးလေသည်…သူကနောက်ကလိုက်အထိန်းတော်ကပြေးနဲ့တစ်အိမ်လုံးသွက်သွက်ညံသွားသည်….
“ဘာဖြစ်နေတာလဲ”
“သခင်ကြီး…သခင်မကြီး”
“အဖေ…အမေ”
“ဟင်း…ရှောင်လု…ကစားနေပြန်ပြီလား”
“အဖေ…သား…ဟို…သူပေါ့…သားကိုအနိုင်ကျင့်တာ”
“ဟမ်…မဟုတ်သေးဘူးလေသခင်လေး…ကျွန်တော်”
“ရှောင်လု…ငါမြင်တာတော့မင်းအနိုင်ကျင့်တာပဲမြင်တယ်”
“အဖေ…ဟွန့်”
“ဟုတ်သားပဲ…သားလေးမင်းကအရွယ်ရောက်နေပြီလေ…မကစားနဲ့တော့”
“ဟုတ်ကဲ့…အဖေနဲ့အမေ…ရှောင်လုကိုယ်လက်သန့်စင်လိုက်ပါအုံးမယ်”
သူကပြေးထွက်သွားသည်….မနက်စာစားချိန်မှာတော့…
“အဖေ…အမေ…ရှောင်လုပြောစရာရှိတယ်”
“ပြောလေ”
“ခြန္းဝူ…”
သူစကားစလိုက်တာနဲ့အဖေနဲ့အမေကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်….
“ရှောင်လု…သူကဘယ်သူမှန်းမသိဘူးလေ…သူ့ကိုယ်သူပိုင်ရှောင်လို့ပြောပေမဲ့…ဘယ်ဘာလုပ်တယ်ဘာကိုင်တယ်ကမသိဘူးလေ”
“အဖေ…နတ်သမီးမမကလူကောင်းပါ…ခွန်းဝူတောင်ကိုလိုက်မပို့ရင်ရှောင်လုဒီနေ့ကစပြီးအဖေနဲ့အမေကိုစကားမပြောဘူး”
“ရှောင်လု…မင်းကအမေတို့ကိုခွဲသွားချင်လို့လား”
“အမေ…အမေနဲ့အဖေရှောင်လုကိုသတိရရင်လာတွေ့လေ”
“ကောင်းပြီ…ကောင်းပြီ…အခုတော့ထမင်းစားလိုက်အုံး”
လုပေါင်ကချော့မော့ကာပြောပြီးရှောင်လုအားစိတ်ချမ်းသာအောင်ပြောလိုက်သည်….
“ရှင်မ…ဘယ်လိုလုပ်ကြမလဲ…ရှောင်လုကမိန်းကလေးပိုင်ရှောင်ကိုအခုထိစိတ်စွဲနေတုန်းပဲ”
“ကျမလည်းမသိတော့ပါဘူး…ကျမတို့မိန်းကလေးပိုင်ရှောင်ကိုသူပြောတဲ့အတိုင်းခွန်းဝူတောင်ရှိမရှိရှာရင်ရော”
“အင်း….တကယ်လို့ရှာတွေ့ခဲ့ရင်တော့ကောင်းတာပေါ့…မတွေ့ခဲ့ရင်…”
လုပေါင်ကသက်ပြင်းချလိုက်သည်…
“ကယ်ကြပါ…”
အပြင်ကအော်သံကြောင့်သူတို့လင်မယားနှစ်ယောက်ထွက်ကြည့်လိုက်ကြသည်….အပြင်ရောက်တော့မိန်းကလေးတစ်ယောက်ကိုလူအများကဝိုင်းရိုက်နေကြသည်…
“ဟေ့…ရပ်စမ်း…ငါ့အိမ်ရှေ့မှာဘယ်လိုတောင်ပြုမူရဲတာလဲ”
“သူဌေး…ဒီမိန်းကလေးကဘယ်ကလာမှန်းလဲမသိဘူး…ကျူ ပ်ရဲ့မုန့်တွေကိုခိုးတယ်”
“ဟုတ်တယ်…ဟုတ်တယ်…သူကသူခိုး…သခိုး”
“နေပါအုံး….ငါမေးမယ်…မိန်းကလေး…မင်းကဘယ်သူလဲ”
“ငါ…ငါ…မသိဘူး”
သူမကြည့်တော့ပေတိပေစုတ်ဖြင့်ဘာမှမမှတ်မိပုံရသည်…
“မင်းဘာလို့သူများပစ္စည်းတွေခိုးတာလဲ…ဒါပြစ်မှုမြောက်တယ်ဆိုတာမသိဘူးလား”
“မသိဘူး…ငါ..ငါဗိုက်အရမ်းစာလို့ယူစားလိုက်တာ”
“အဖေ…ကျွန်တော်…ဟင်…နတ်သမီးမမ…မဟုတ်ဘူး…သူနဲ့ရုပ်ချင်းတူပေမဲ့သူကနတ်သမီးမမမဟုတ်ဘူး”
သူအပြင်ထွက်လာတော့အားလုံးကလည်းသူ့ကိုကြည့်လိုက်သည်…
“ဝေ့…နင်တို့ဘာလို့အနိုင်ကျင့်နေတာလဲ”
“ရှောင်လု…”
အဖေကသူ့အနားကပ်ပြီးတိုးတိုးလေးလာပြောသည်…
“အဖေ…သူကဘာမှမမှတ်မိတာဘဲသားတို့သူ့ကိုအစေခံအဖြစ်ခေါ်ထားရင်ရော”
“အင်း…”
လုပေါင်ကခေါင်းကိုတဆက်ဆက်ညိမ့်ကာ…
“သားအဆင်ပြေရင်ခေါ်ထားလေ”
“ဟုတ်ကဲ့”
“ကဲကဲ…ခင်ဗျားတို့ဟာတွေအတွက်ကျူ ပ်လျော်ကြေးပေးမယ်…ဒီမိန်းကလေးကိုမရိုက်နဲ့တော့”
သူကငွေသားအချို့ကိုအားလုံးကိုပေးလိုက်သည်…ထိုမိန်းကလေးအားအိမ်ထဲခေါ်လာခဲ့တော့သည်…ရေချိုးသန့်စင်စေပြီးအဝတ်တစ်စုံပေးလိုက်သည်….
“ကျေးဇူးတင်ပါတယ်”
“မင်းဗိုက်ဆာနေလား”
“အင်း”
“ဒီခုံပေါ်ကမင်းကြိုက်တာအကုန်စားလို့ရတယ်”
“တကယ်လား”
“အင်း…ငါမလိမ်ပါဘူး…ဒါပေမဲ့မင်းစကားပြောတာတစ်မျိုးပဲ…မှတ်ထားနောက်ဆိုငါ့ကိုသခင်လေးလို့ခေါ်”
“ဟုတ်ကဲ့”
“ငါ့အဖေကိုသခင်ကြီး…ငါ့အမေကိုသခင်မကြီးလို့ခေါ်”
“ဟုတ်ကဲ့”
ရှောင်လုလည်းသူမအားစကားအပြောအဆိုတွေသင်ပေးရင်းအချိန်ကုန်သွားတော့သည်…
“ယောကျာ်း…သားကအရင်ကလောက်သူ့ရဲ့နတ်သမီးမမကိုမမေးတော့ဘူး”
“ဟုတ်တယ်…ငါထင်တာတော့ဟိုမိန်းကလေးရောက်လာပြီးထဲကပဲ”
“ဟုတ်တယ်နော်…ကျမလည်းသတိထားမိတယ်…အမ်…သားလေးကသူ့ကိုသဘောကျနေတာလား”
“ဟမ်”
ဇနီးဖြစ်သူအပြောကြောင့်သူလည်းမျက်လုံးပြူ းသွားသည်…
“မဖြစ်နိုင်ဘူး….မဖြစ်နိုင်ဘူး…”
“အဖေ…အမေ…ဘာတွေပြောနေတာလဲ”
“ရှောင်လု…မင်းနတ်သမီးမမကိုမမေးတော့ဘူးနော်”
“ဟုတ်တယ်လေ…အဖေကတိပေးထားတယ်လေ..အဲ့ကြောင့်မမေးတာ…အယ်…အဖေကျွန်တော့်ကိုလိမ်နေတာလား”
“မ..မဟုတ်ပါဘူး…သားလေးကမမေးတော့…အဟီး…အဖေကထူးဆန်းလို့ပါ…အဖေနဲ့အမေအပြင်သွားအုံးမယ်နော်”
“ကောင်းပါပြီ”
အဖေနဲ့အမေအပြင်ထွက်သွားပြီးနောက်သူလည်းခြံထဲဆင်းလာသည်…
“ချီချီ…ချီချီ”
“သခင်လေး…ကျမဒီမှာပါ”
“လာလာ…ငါမင်းကိုမေးစရာရှိလို့”
“ဘာများလဲ”
“နင်…နတ်သမီးကလူယောင်ဖန်ဆင်းပြီးလူသားတွေကိုကိုယ်ထင်ပြလား”
“ဟမ်…နတ်သမီး…အဟားဟား..သခင်လေး…နင်ရူးနေတာလားမဖြစ်နိုင်တာ”
“ဟွန့်…ချီချီ…နင်လည်းတူတူပဲငါ့ဘက်မှာကိုမရှိဘူး”
“သခင်လေး…ရှင်ကငယ်ငယ်ကတွေ့ဖူးတဲ့အဲ့မိန်းကလေးကိုမမေ့သေးဘူးလား”
“ချီချီ…မင်းကသူနဲ့အရမ်းတူတယ်…ဒါပေမဲ့ငါနတ်သမီးမမကိုသတိရတုန်းပဲ”
“သခင်လေး…ရှင်မသွားလို့မရဘူးလား”
“မရဘူး”
“သခင်လေး…သခင်လေးသာထွက်သွားရင်ချီချီဘယ်သူနဲ့နေရမှာလဲ…မရဘူး…မသွားရဘူး”
“အယ့်…ချီချီနင်ဘာလို့စကားတွေအရမ်းတက်လာတာလဲ”
“ဟမ္…က်မ…က်မ”
“ထားလိုက်တော့…ငါမသွားတော့ဘူးဟုတ်ပြီလား”
ငိုမဲ့မဲ့ဖြစ်နေသောချီချီအားစိတ်ချမ်းသာအောင်သူပြောလိုက်သည်….အခွင့်ရတာနဲ့သူနတ်သမီးမမဆီကိုသွားမည်သာ….
ဒီနေ့တော့အပြင်ထွက်လည်ရင်းချီချီကိုပါခေါ်ခဲ့သည်….
“သခင်လေး…ကျမဒါလေးလိုချင်တယ်”
အသီးတုတ်ထိုးတွေကိုမြင်တော့ချီချီကလက်ညိုးထိုးပြီးသူ့အားပူဆာတော့သည်….
“ချီချီ…မင်းဒါစားမလို့လား”
“အင်း…ပြီးတော့ဒါရောပဲ”
“ဟင်…”
သကြားမုန့်ကိုထက်ပြီးလက်ညိုးထိုးပြန်သည်…
“နင်တော့…ဟူး…ကလေးကလားဆန်လိုက်တာ”
ထိုစဉ်….
“ဘေးဖယ်…ဘေးဖယ်…”
အသံနဲ့အတူစစ်သည်တွေနဲ့ဝေါယဉ်တစ်ခုသယ်လာသည်….လူတွေအားလုံးလဲဘေးဖယ်လိုက်ကြသည်…သူလည်းချီချီကိုဆွဲကာနောက်သို့ဆုတ်လိုက်သည်….
“ရပ်”
သောယဉ်ရပ်ပြီးနောက်ဝေါယဉ်ထဲမှမိန်းကလေးတစ်ယောက်ဆင်းလာသည်….အလွန်တစ်ရာချောမောလှပပြီးတည်ကြည်အေးချမ်းသောမျက်နှာထားဖြင့်….
“စစ်သူကြီး….ကျမလမ်းလျှောက်မယ်…အားလုံးကိုလည်းနေသာသလိုနေခိုင်းလိုက်ပါ”
“ဟုတ်ကဲ့…မင်းသမီး”
သူမကအပြုံးချိုချိုလေးတွေဖြင့်အားလုံးကိုကြည့်လိုက်သည်…
ထိုစဉ်….
“ဝှီး….”
“ဟင်…သတိထား”
လုဟန်ကမင်းသမီးအားဆွဲလိုက်သဖြင့်မြှားကသူ့လက်မောင်းအားရှပ်ထိသွားသည်….
“သခင်လေး”
သူလည်းဟန်ချက်မထိန်းနိုင်ပဲလဲကျသွားသည်….မင်းသမီးကလည်းသူ့အပေါ်သို့လဲကျသွားတော့နှစ်ယောက်သားမျက်နှာချင်းနီးကပ်သွားတော့သည်…
“လုပ်ကြံသူရှိတယ်…မင်းသမီးကိုကာကွယ်ကြ”
စစ်သည်တွေကမင်းသမီးအားဝန်းရံလိုက်သဖြင့်သူနဲ့ချီချီပါအလိုလိုကာကွယ်ပြီးသားဖြစ်သွားသည်…
“သခင်လေး…နင်အဆင်ပြေရဲ့လား”
ချီချီကသူတို့နှစ်ယောက်ကိုဆွဲထူရင်းမေးလိုက်သည်…
“ကိစ္စမရှိပါဘူး.. .မင်းသမီး…အဆင်ပြေရဲ့လား”
“ကျမအဆင်ပြေပါတယ်…ကူညီပေးတာကျေးဇူးတင်ပါတယ်”
“မင်းသမီး…ဝေါယဉ်ထဲပြန်ဝင်ပါ”
“ဒါပေမဲ့သူ…ဒဏ်ရာရထားတယ်”
“ကောင်လေး…ကျေးဇူးတင်ပါတယ်…ဝေါယဉ်ထဲတူတူဝင်ပါ”
စစ်သူကြီးပြောနေရင်းသူခြေထောက်မခိုင်ဘဲလဲကျသွားသည်…
“အယ်…သခင်လေး…သခင်လေး..”
ချီချီအသံက်ိုကြားနေပေမဲ့သူ့မျက်လုံးများကပြာဝေလာပြီးအမှောင်ထုကကြီးစိုးသွားတော့သည်….
[♥]]] [♦]]] [♣]]] [♠]]]
“သူအဆိပ်မိသွားတာပါ…စိတ်မပူရတော့ပါဘူးဖြေဆေးတိုက်ပြီးပါပြီခဏနေရင်သတိရလာပါလိမ့်မယ်မင်းသမီး”
“သမားတော်ကိုကျေးဇူးတင်ပါတယ်…ဒါကရီရှီရဲ့ကျေးဇူးတင်တဲ့အနေနဲ့ပါ”
မင်းသမီးကသူမလက်ကောက်အားသမားတော်ကိုပေးလိုက်သည်…
“ကျေးဇူးတင်ပါတယ်…မင်းသမီး”
“အား…ကျွတ်…ကျွတ်…”
“အယ့်…ရှင်သတိရပြီလား”
မျက်ဝန်းဝိုင်းဝိုင်းလေးနှင့်သူ့အားစိုက်ကြည့်ကာမေးနေသောသူကိုငေးမောကြည့်နေသည်…အဆောင်အယောင်တွေအပြည့်နှင့်သူမရဲ့လှပမှုကိုပို၍ပေါ်လွင်စေသည်…
“မင်းသမီး”
“မင်းကြီးကြွချီလာပါပြီ”
“ခမည်းတော်…”
“အာရှီ…ဘယ်လိုဖြစ်တာလဲ”
“မင်းကြီးကိုအရိုအသေပေးပါတယ်”
အစေခံတွေအားလုံးအရိုအသေပေးလိုက်သဖြင့်သူလဲအိပ်ယာထက်မှကြိုးစားထပြီးဦးညွှတ်ဖို့လုပ်လိုက်သည်…
“အဲ့…ရှင်မထနဲ့အုံးလေ”
“သူက”
“ခမည်းတော်…ဒီလူငယ်လေးကသမီးတော်ကိုကာကွယ်ခဲ့တာပါသူသာမကူညီရင်အိပ်ယာထက်မှာလဲနေသူကရီရှီဖြစ်နေမှာ”
“လူငယ်လေး…ငါ့ရဲ့သမီးတော်အသက်ကိုကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်…ငါတို့မှာအာရှီတစ်ယောက်ပဲရှိတာ…မင်းကအနာဂတ်ရဲ့ဘုရင်မလောင်းကိုကယ်လိုက်တာပဲ”
“မင်းကြီး…ကျွန်တော်မျိုးမခံယူဝံ့ပါဘူး”
“လူငယ်လေး…မင်းလိုချင်တာတောင်းပါ”
“ဟမ်”
“ဟင်းဟင်း…မင်းအတွက်ဆုလာဒ်တွေတောင်ဆိုလို့ရပါတယ်”
“မင်းကြီး…ကျွန်တော်မျိုးဘာမှမလိုချင်ပါဘူး”
သူ့တကယ်လည်းဘာမှမလိုချင်ပါသူ့ဘဝမှာလိုချင်တာရပြီးသားလေ…
“ကောင်းပြီအကူအညီလိုရင်အချိန်မရွေးလာပါ”
“သခင်လေး…သခင်လေး”
အလောတကြီးပြေးဝင်လာသောချီချီကြောင့်အားလုံးသူ့ကိုကြည့်လိုက်သည်….
“ချီချီ…မင်းဘာရပ်လုပ်နေတာလဲ…ဟွင့်ဟွင့်”
လုဟန်ကအနားရောက်လာသောချီချီအားမျက်စပစ်ကာအရိုအသေပေးဖို့ပြောလိုက်သည်…သူမကတော့အူတူတူကြည့်ကာဘာမှန်မသိပေ…
“သခင်လေး…နင့်ရဲ့စကားပြောစွမ်းရည်ပျောက်သွားတာလား”
“ချီချီ”
လုဟန်ကမျက်စထက်ပစ်ပြလိုက်ပြန်သည်….
“ဟွင့်ဟွင့်…”
သူမကသူမကိုယ်တိုင်လုဟန်လုပ်သလိုလိုက်လုပ်နေတော့သည်….
“မင်းကြီး…အပြစ်မယူပါနဲ့ကျွန်တော်မျိုးရဲ့အစေခံကနားမလည်လို့ပါ”
“ကိစ္စမရှိဘူး…သမီးတော်ရဲ့အသက်ကိုကယ်ထားတာပဲမင်းရဲ့အစေခံကရိုးအတဲ့ပုံပဲ…လူငယ်လေး…မင်းကဘယ်မိသားစုကလဲ”
“လုမျိုးရိုးကပါ…ကျွန်တော့်အဖေကလုပေါင်ပါ”
“လုပေါင်…”
မင်းကြီးရဲ့မျက်လုံးတွင်ဝမ်းသာကျေနပ်သောအရိပ်အယောင်များတွေ့လိုက်ရသည်…
“ကောင်းပြီ…အခုကစပြီးမင်းနန်းတော်ထဲကိုတံခါးမရှိဓားမရှိဝင်နိုင်ပြီ”
“ဗျာ…အဲ့လောက်တောင်လား”
လုဟန်ကသူ့ကိုယ်သူအံ့အားသင့်သွားသည်…
“ချီချီ”
“ဟင်”
“နင်တော့…ဇာတ်ဖြတ်ခံရဖို့မသိမသာလေးလိုသွားတယ်”
“အမ်…ဘာလို့လဲ”
“ဟွင်း…နင့်ရှေ့မှာဘုရင်တစ်ယောက်လုံးရှိတာတောင်အရိုအသေမပေးဘူး…ငါသာမကယ်ရင်နင်ခေါင်းနဲ့လူတစ်ခြားစီဖြစ်တော့မှာ”
“ဟုတ်လား…ဒါဆိုဘာလုပ်ရမှာလဲ”
“ထားလိုက်တော့…နင်ကတုံးလွန်းတယ်…ဒါနဲ့နင့်နှုတ်ခမ်းတွေကဘာလို့အက်ကွဲသလိုခြောက်နေတာလဲ”
“ဟင်…ဟုတ်လား”
“ဟုတ်တယ်”
“မဖြစ်ဘူး…မဖြစ်ဘူး”
သူမကစကားပြောလက်စနှင့်ထွက်ပြေးသွားသည်…
“ဝေ့…နင်မပြေးနဲ့လေ”
သူနောက်မှလှမ်းပြောသော်လည်းသူမကအဝေးသို့သာထွက်ပြေးသွားသည်…
[♥]]] [♦]]] [♣]]] [♠]]]
“ဝူး….ဝု…ဝူး…ဝု…ဝု”
ဆွဲဆွဲငင်ငင်အူနေသောခွေးသံကြောင့်သူလည်းအိပ်မရဘဲဟိုလှိမ့်လိုက်ဒီလှီမ့်လိုက်ဖြင့်…
“ဝူး…ဝုဝုဝု”
“အိုက်ယား…ဘယ်ကခွေးကလာဟောင်နေတာပါလိမ့်”
ခွေးအူသံကြောင့်တော်တော်နှင့်အိပ်မရပဲညဉ်နက်တော့မှသာသူအိပ်ပျော်သွားသည်….
မနက်မိုးလင်းတော့…သူအိပ်ယာထလာပြီးခြံဝန်းထဲဆင်းလာတော့အားလုံးကစုစုရုံးရုံးဖြစ်နေသည်…
“ဘာဖြစ်တာလဲ…”
မေးရင်းနဲ့သူပါရှေ့တိုးကြည့်လိုက်တော့…
“ဟင်…အမလေး…!
မြင်လိုက်ရသောမြင်ကွင်းကြောင့်သူလန့်သွားသည်…သူ့အိမ်ကအစေခံတစ်ယောက်ကအကောင်တစ်ကောင်ကိုက်ခံရသည့်အလားလည်ပင်းနဲ့ဝမ်းဗိုက်မှာဟောင်းလောင်းပွင့်နေသည်…
မျက်လုံးပြူးး မျက်ဆန်ပြူး းနှင့်တစ်ခုခုကိုအထိတ်တလန့််မြင်သွားပုံရသည်….
ထိုကိစ္စကြောင့်လုပေါင်သည်အခန်းထဲတွင်ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နှင့်ခေါင်းစားနေပုံရသည်…
“အဖေ…ခေါင်းမူးအုံးမယ်”
“နင်…နင်ဘာသိလဲ…အခုဆိုအိမ်ကလူတွေသေတာဘယ်နှစ်ယောက်ရှိပြီလဲ…အကုန်လုံးကပုံစံတူတူပဲ”
“အဖေ…သူတို့ကိုကျားကိုက်တာများလား”
“အိုက်ယား…ဘယ်နေရာကကျားကလာရှိမှာလဲ…တောထဲမှာမှမဟုတ်တာ”
“ယေကျာ်း…ကျမတို့ဘာလုပ်ကြမလဲ…အစေခံတွေကလည်းကြောက်လန့်ပြီးထွက်တဲ့သူကထွက်ကုန်ကြပြီ”
“ဒါကပေါ့သေးသေးမဟုတ်ဘူး…မင်းတို့သားမိကိုအသိမပေးခဲ့တာ…အရင်ရက်တွေထဲကအိမ်ကတိရိစ္ဆာန်တွေပျောက်ပျောက်လာတာငါသတိထားမိတယ်…လည်ပင်းနဲ့ဝမ်းဗိုက်အဖောက်ခံထားရတယ်…အစကပေါ့ပေါ့လေးထင်ခဲ့တာ…အခုတော့…အိမ်မှာမကောင်းဆိုးဝါးရှိနေပြီထင်တယ်”
“မကောင်းဆိုးဝါး ”
သားမိနှစ်ယောက်ပြိုင်တူပြောလိုက်ကြသည်…
“ကျမတို့ဘယ်လိုလုပ်ကြမလဲ”
“မကောင်းဆိုးဝါးနိုင်တဲ့သူရှာရမှာပေါ့”
[♥]]] [♦]]] [♣]]] [♠]]]
“ရွှမ်…ရွှမ်…ကလောင်ကလောင်”
“ဟင်…ချူ သီးကအသံမြည်ပါလား…ဒါဆိုဒီအိမ်ထဲမှာ…မဖြစ်ဘူး…ငါဒီတိုင်ဝင်သွားရင်မကောင်းဆိုးဝါးကသိသွားမယ်”
ယွီမော့လည်းထိုအိမ်နှင့်မလှမ်းမကမ်းကနေညရောက်သည်အထိစောင့်ကြည့်နေလိုက်တော့သည်…
[♥]]] [♦]]] [♣]]] [♠]]]
“ဟုန်ရိ…ဟုန်ရိ”
“ဘာလဲ…မူးရင်လည်းအိပ်ပါတော့ယွန်းမီရယ်…ငါလည်းထျန်းချီနတ်မင်းမရှိကာမှပိုင်ကျွယ်နတ်မင်းရဲ့သားရဲမဖြစ်ဘဲနင့်ခိုင်းတာပဲလုပ်နေရတယ်”
“ခွေးလေ…ပြန်ပြောလိုက်စမ်း…နင့်ကိုပိုင်ကျွယ့်ဆီမှာငါတောင်းထားပြီးသားနင်စကားမရှည်နဲ့တော့…ဟုတ်ပြီလား”
“ဟွန့်…စွမ်းအားကြီးတိုင်းအနိုင်ကျင့်နေတယ်”
ဟုန်ရိကသူမမကြားအောင်တိုးတိုးလေးပြောလိုက်သည်…
“ဟုန်ရိ…နင်ဘာပြောတာလဲ”
“မပြောပါဘူး”
“ဟွန်းနော်…ထားလိုက်ပါတော့…ငါ..ငါထျန်းချီဆီသွားအုံးမယ်”
သူမကပြောရင်းပင်ပျောက်သွားသည်…
“အယ်…ယွန်းမီရာငါ့စောင့်ပါအုံး”
သူလည်းယွန်းမီနောက်လိုက်သွားလိုက်သည်…
“ယွန်းမီ…နင်ဘာလို့ငါ့မစောင့်တာလဲ”
“နင့်စောင့်ရင်အရမ်းကြာမှာစိုးလို့”
“နင့်…ဆင်ခြေဆင်လက် နဲ့…ဟွန့်”
သူတို့လည်းလုဟန်ရဲ့အိမ်ခေါင်မိုးပေါ်ကနေအသာကြည့်နေလိုက်သည်….ခြံထဲတွင်မီးခိုးရောင်အငွေ့တွေပျံဝဲနေသည်…တဖြေးဖြေးလေကြမ်းများတိုက်ခတ်လာပြီးခွေတွေကအူလာပြန်သည်…
လုဟန်တို့သားမိသားဖသုံးယောက်လည်းနေရာအကာအကွယ်ယူကာချောင်းကြည့်နေလိုက်ကြသည်…အိမ်ထဲမှအစေခံတွေကရုပ်သေးရုပ်များကဲ့သို့ခြံထဲကိုရောက်လာကြသည်…မျက်တောင်မခတ်စကားမပြောပေ…သိပ်မကြာခင်ပဲအစေခံများရှေ့တွင့်မီးခိုးရောင်အငွေ့တွေဆင်းသက်လာပြီးလူတစ်ယောက်အသွင်ပြောင်းသွားသည်…
“ဟင်…”
“ဟာ…”
သူတို့လည်းအံ့သြသွားသည်…အကြောင်းမှာထိုသူကတစ်ခြားလူမဟုတ်ဘဲ…ချီချီဖြစ်နေသည်…သူမကအစေခံတွေဆီကနေသွေးကိုသောက်ရန်လည်ပင်းအားလက်သည်ချွန်တွေဖြင့်ထိုးဖောက်မည်လုပ်နေစဉ်…
“မကောင်းဆိုးဝါး.. .ရပ်စမ်း”
“ဝှီး…”
လူတစ်ယောက်ချီချီအားဝင်ပြီးတိုက်ခိုတ်လိုက်သည်…
“ဝှီး…”
လေသံကဲ့သို့အစွမ်းများနှင့်တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေသည်…
“ယား…ဝုန်း!
“အင့်…”
ချီချီရဲ့လက်ဝါးရိုက်ချက်ကထိုသူ့အားထိသွားသည်…ပါးစပ်မှလည်းသွေးများပင်စီးကျလာသည်…
“မကောင်းစိုးဝါးမ.. .သေပေတော့”
ယွီမော့လည်းအတွင့်အားတွေစုစည်းကာစွမ်းအားကိုသူ့လက်ဝါးဆီသို့ပို့လိုက်ပြီးမကောင်းဆိုးဝါးအာရိုက်လိုက်သည်…မကောင်းဆိုးဝါ မကလည်းပြန်လည်ပြီးလက်ဝါးချင်းရိုက်ချလိုက်ပြီး….
“ဝုန်း!ဆိုသည့်အသံနဲ့အတူယွီမော့နောက်သို့လွှင့်သွားသည်…
ခေါင်းမိုးပေါ်တွင်ကြည့်နေသည့်ဟုန်ရိနဲ့သူမဘက်သို့ထိုမကောင်းဆိုးဝါကမျက်နှာလှည့်ရပ်လိုပ်သည်…
“ဟင်…”
“ယွန်းမီ…နင်”
ဟုန်ရိကသူမအားကြည့်ကာမျက်လုံးပြူ းသွားသည်…
“ဟွန့်…ဘယ်လိုမကောင်းဆိုးဝါးကများငါ့နဲ့တူအောင်လုပ်ရဲတာလဲ”
သူမကသူမရဲ့လက်နှစ်ချောင်းကိုအသုံးပြုကာအစွမ်းဖြင့်ထိုမကောင်းစိုးဝါးပုံစံပေါ်အောင်လုပ်လိုက်သည်…သူမနှင့်တူသောမကောင်းစိုးဝါးမှာတဖြေးဖြေးသေးသေးသွားပြီးနောက်ဆုံးတွင်ဖယောင်းရုပ်တစ်ရုပ်ဖြစ်သွားတော့သည်…
“ဟင်…”
အားလုံးလည်းသတိပြန်ရလာကြသည်….
“ဟုန်ရိ…သွားစို့”
သူမတို့ကတော့ပျောက်သွားကြသည်…ယွီမော့ကပတ်ဝန်းကျင်ကိုဝေ့ဝဲကည့်လိုက်ပေမဲ့ဘာမှမတွေ့ရတော့ပေ…
“မြင့်လိုက်တဲ့စွမ်းအား…တစ်ချက်တည်းနဲ့မကောင်းဆိုးဝါးကိုသေစေတယ်”
သူလည်းပြန်ထလိုက်ပြီး…
“သခင်လေး…သခင်လေး…ခဏလေးနေပါအုံး…ကျေးဇူးတင်ချင်လို့ပါ”
လုဟန်တို့လည်းထိုသူအားသွား၍နှုတ်ဆက်စကားဆိုလိုက်သည်…အစေခံတွေလည်းအသိဝင်လာ၍သူတို့ဘာလုပ်မိမှန်မသိသောကြောင့်တစ်ယောက်တစ်ပေါက်ဖြင့်…
“ဘာဖြစ်တာလဲ…ငါတို့ဘာဖြစ်ကြတာလဲ”
ဆူဆူညံညံဖြစ်သွားကြသည်..
“ဒီကသခင်လေး…အချိန်လည်းမနည်းတော့ဘူး…ဒီမှာပဲအနားယူလိုက်ပါလား”
ယွီမော့လည်းမငြင်းတော့ပဲခေါင်းညိမ့်လိုက်သည်…
[♥]]] [♦]]] [♣]]] [♠]]]
“ဘာ!
“ဒါဆို…ချီချီက…မဟုတ်ဘူး…ဖယောင်းရုပ်မကောင်းဆိုးဝါးကအစေခံတွေကိုစားတာပေါ့”
“မှန်တယ်…ခင်ဗျားတို့မကောင်းဆိုးဝါးနဲ့အတူနေခဲ့ကြတာပဲ”
“ကံကောင်းလို့သာပေါ့…ညကသခင်လေးသာရောက်မလာခဲ့ရင်ကျမတို့တော့မတွေးရဲစရာပဲ”
“ပုံမှန်အားဖြင့်ဖယောင်းမကောင်းဆိုးဝါးကအိပ်နေတဲ့သူကိုပဲညို့ယူလို့ရတာ…ကံကောင်းချင်တော့ညကအဒေါ်တို့တွေကမအိပ်ပဲစောင့်ကြည့်နေပေလို့သာ…ပိုပြီးထူးဆန်းတာကညကတစ်ယောက်ယောက်ကကျူ ပ်ကိုကူညီခဲ့တယ်…ဖယောင်းရုပ်မကောင်းဆိုးဝါးကိုချလို့မနိုင်ဘူး…ကူညီတဲ့သူကအရမ်းစွမ်းအားမြင့်တယ်”
“ဘာပဲဖြစ်ဖြစ်.. .သခင်လေးကိုကျေးဇူးတင်ပါတယ်”
“အကိုမော့…ကျူ ပ်တို့အရင်ကတွေ့ဖူးလား”
“ဘာဖြစ်လို့လဲ”
“မဖြစ်ပါဘူး…ရင်းနှီးနေသလိုခံစားရလို့…အကိုမော့စိတ်မရှိရင်ကျွန်တော်နဲ့ညီကိုဖွဲ့ကြမယ်လေ”
“ကောင်းပြီ”
“လုသခင်လေး”
“ဟင်…ကုန်းကုန်း”
“မင်းကြီးမိန့်လိုက်တယ်…နာခံစေ”
“ဟုတ်ကဲ့”
မင်းကြီးအမိန့်ဆိုတော့သူတို့လည်းအားလုံးဒူးထောက်လိုက်ကြသည်….
“လုဟန်သည်…အိမ်ရှေ့စံမင်းသမီးနဲ့အတူပညာသင်ရန်ခွန်ဝူတောင်သို့သွားရမည်”
ခွန်းဝူလို့ပြောလိုက်သည်နှင့်လုဟန်စိတ်တွေလှုပ်ခြားသွားသည်…
“ကျွန်တော်မျိုးလုဟန်မင်းကြီးရဲ့အမိန့်ကိုနာခံပါသည်”
“လုဟန်…မင်းကြီးကမင်းကိုတော်တော်အရေးပေးတယ်…မျက်နှာမပျက်စေနဲ့”
“ကျေးဇူးပါကုန်းကုန်း…အော်ဒါနဲ့ရှောင်လုရဲ့ညီကိုတော်ရောခေါ်လို့ရမလား”
“ဒါကတော့…အဲ့…မင်းသမီးကိုမေးကြည့်ပါ…ကျုပ်ကပေးတဲ့တာဝန်အတိုင်းလာရတာပါ”
“နားလည်ပါပြီ”
ခွန်းဝူကိုသွားရမည်ဆိုတော့သူအတော်လေးပျော်သွားသည်….
“အဖေ…အမေစိတ်ချပါမကြာခဏပြန်လာပါ့မယ်…ဒါကမင်းကြီးအမိန့်ဆိုတော့မသွားရင်အပြစ်ပေးခံရမှာမလား…ရှောင်လုအဖေနဲ့အမေ့ကိုဒုက္ခမရောက်စေပါဘူး…ဟဲဟဲ”
“သွား…မင်းအစတည်းကသွားချင်နေတာ…မင်းကြီးအမိန့်ကိုအသုံးမချစမ်းနဲ့…ဟွန့်”
“အမေ…စူပုပ်နေတာကလူကိုအိုစေတယ်…မကောင်းဘူး”
“အယ်…ဒီကောင်စုတ်လေး…ငါ့ကိုများ…ငါအသက်ကြီးပေမဲ့မအိုသေးဘူး…ဟင့်…”
သားဖြစ်သူထွက်သွားမည်ဆိုတော့သူတို့ရင်ထဲဟာနေသည်…ဒီကောင်ဆိုးလေးမရှိရင်သူတို့ပျင်းနေမှာအသေအချာပင်…
“အဖေအမေ…သားသွားပြီနော်…ဂရုစိုက်ကြပါ”
လက်ပြနှုတ်ဆက်ရင်းထွက်လာပေမဲ့လို့တကယ်တမ်းမိဘနဲ့ခွဲခွာရတော့သူ့ရင်ထဲမကောင်းပေ….
[♥]]] [♦]]] [♣]]] [♠]]
သူတို့ခရီးနှင်လာသည်မှာနေ့တစ်ဝက်ပင်ရှိသည်…တောင်ခြေတစ်ခုအားရောက်လာကြသည်…တောင်ခြေကစမ်းချောင်းမှာကိုယ်လက်သန့်စင်ကြပြီးခရီးတစ်ထောက်နားကြလေသည်…
“ကျမတို့ခွန်းဝူတောင်ကိုရောက်ဖို့သိပ်မလိုတော့ဘူး…ခဏနားပြီးခရီးဆက်ကြတာပေါ့”
“ကောင်းပြီး…မင်းသမီး…ငါတစ်ခုလောက်မေးလို့ရမလား”
“အင်းမေးလေ…ဘာများလဲ”
“မင်းသမီး”
“ခဏ…ကျမကိုမင်းသမီးမင်းသမီးဆိုပြီးခေါ်မနေနဲ့အခုကနန်းတော်ထဲမှာမဟုတ်ဘူး…ရီရှီလို့ပဲခေါ်ပါ…အခုကသူငယ်ချင်းတွေပဲဟာ”
“ကောင်းပြီ”
“စောနကဘာမေးမလို့လဲ”
“မင်း…ခွန်းဝူတောင်ကိုဘယ်လိုသိတာလဲ”
“ရှင်တုံးလိုက်တာ…ခွန်ဝူတောင်ကအရည်အချင်းရှိတဲ့သူတွေမွေးထုတ်ပေးတဲ့နေရာလေ…ရှင်တော့ဘာမှမသိဘူးပဲ…နန်းတော်မှာရှိတဲ့အရာရှိတိုင်းကသူတို့သားသမီးကိုခွန်းဝူတောင်ကိုပညာသင်ဖို့အားထုတ်ကြတာ…ရှင်ကလည်းသူဌေးသားဖြစ်ပြီးမသိဘူးလားခွန်းဝူတောင်ဂုဏ်သတင်းကို”
“မသိဘူး…ငါငယ်ငယ်တုန်းကတော့ခွန်းဝူတောင်ကိုတစ်ခါကြားဖူးတယ်အဲ့လောက်ကြီးထင်ရှားမယ်လို့ငါမသိခဲ့ဘူးအဖေနဲ့အမေကလည်းမသိဘူးပြောတယ်”
“ထားလိုက်တော့ထားလိုက်တော့ကျမတို့ခရီးဆက်ရအောင်”
“ကောင်းပြီ”
ညနေမစောင်းခင်သူတို့တောင်ပေါ်သို့ရောက်သွားကြသည်…မင်းသမီးရဲ့အစေခံတွေကလိုက်ပို့ပြီးမင်းသမီးအားနှုတ်ဆက်ကာပြန်သွားကြသည်
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)