Daddy လူဆိုး - အပိုင်း 10
ဖူးဖူးက မျက်နှာလေးကို
သူထည့်ထားတဲ့မိတ်ကပ်တွေနဲ့
ဖုံးပေးထား၍ လုငယ်ကို
ဒယ်ဒီ ရိပ်မိဖို့ခက်သွားသည်။
ကောင်းပါတယ် မဟုတ်ရင်
ပြနာတွေ ပိုရှုပ်ကုန်မှာစိုးသည်မလား
ဆံပင်လေးတွေနဲ့ လည်ပင်းက
လက်သည်းရာကို ဖြန့်ဖုံး၍
အနက်ရောင်ကားဆီ
ဖိုင်းလေးပိုက်ကာလျှောက်ခဲ့ရင်း
နာကျင်မှုတွေကြောင့်
ဝမ်းနည်းခြင်းတွေလှိုက်တတ်လာ၏။
မျက်ရည်ဝဲလာ၍
မျက်တောင်လေး အတင်းပုတ်ခက်ပြစ်ပြီး
နှုတ်ခမ်းလေးစုပြစ်လိုက်ကာ
ခေါင်းလေးငုံ့ထား၏။
ကားနံရံကိုမှီရင်း စောင့်နေတဲ့သူက
ခေါင်းလေးငုံ့ကာ လျှောက်လာတဲ့
လုယာထိုင်ဖို့ တံခါးဖွင့်ပေးရင်း
နှဖူးလေးကိုဦးစွာနမ်းရင်း
ပါးလေးကိုဖွဖွလေးထိကာ
“အဆင်ပြေလား”
သူမေးမှ ငိုချင်လာသည်။
နောက်ကြည့်နေလောက်မဲ့
ဖူးဖူးကြောင့် လုယာ မျက်တောင်လေးအတင်းခါထုပ်ရင်းက အနမ်းခံလိုက်ရတာမို့ ရှက်သွေးဖျာသွားရ၏။
သူမခါးလေးထဲ ဖူးဖူးပေးခဲ့တဲ့
အဖြူရောင်ဆေးပြားလေးကို
သေချာစွထိုးထည့်ထားတာကိုလည်း
ပြုတ်ကျသွားမလား သူသိသွားမလား
စိတ်ပူခြင်းများနဲ့ ခနခနစမ်းနေရတာ
အိမ်သို့ရောက်လာတဲ့အထိပင်။
ကားပေါ်ကဆင်းဆင်းချင်းမှာပဲ တွေ့နေကြအတိုင်း
ဒေါ်ဒေဝီနဲ့ ခင်ခင့်ကိုတွေ့လိုက်ရသည်။
သူမတို့က ဒီလိုပဲ အမြဲကြိုနေကြဖြစ်သည်မို့
သင်တန်းမှာမုန့်မှာထားခဲ့မိပြီး မစားပဲ
တမင်အိမ်အထိယူလာခဲ့သော အာလူးကြော်နဲ့
အကင်တွေကို သူမထုတ်ပေးရင်းက ခင်ခင့်ကို
“ခင်ခင်ကြိုက်မယ်ထင်ပါတယ်
ဟို ပိုတာတွေ မဟုတ်ဘူးနော်
မစားပဲတမင်ချန်ခဲ့တာတွေပါ”
စိတ်ချရအောင်လည်း နှုတ်ခမ်းလေးဖူးပြည့်လေးနဲ့
မျက်ဝန်းလေးဝိုင်းနေလျက်ရှေ့သွားနှစ်ချောင်းလေး
ပေါ်အောင်ရယ်ရင်းပြောသည်။
ခင်ခင်က သခင်ကြီးကို မဝန်မရဲကြည့်ရင်း နှာခေါင်းထဲ
တိုးရှိုက်လာတဲ့ ရနံ့လေးတွေက စားချင်စိတ်ကို
ဆွဲဆောင်လွန်းနေပေသော မယူရဲတဲ့ပုံစံလေးနဲ့မို့
ခင်ခင့်လက်ထဲသေချာထည့်ပေးရင်း လုယာက
သူ့ကိုလည်းတစ်ချက်လှည့်ကြည့်၏။ပြီးမှ
“ဟို လုယာလည်း အစာခံထားတာမှ
မဟုတ်တာ စားထားတာပဲကို
ဒယ်ဒီမုန့်ဖိုးပေးတာက နှစ်သောင်းတောင်
အဲ့တာ လုယာတစ်ရက်ထဲဘယ်လိုကုန်မှာ”
သူ ဘာမှဝင်မပြောလို့ ခင်ခင်က ယူ၏။လုယာ
ဒေါ်ဒေဝီကို အားတုံ့အားနာလေးကြည့်ပြီး
“ဟို ဒေါ်လေးက ဘာကြိုက်တတ်မှန်း
လုယာမသိလို့ ဒါတွေက လူငယ်တွေစားတာ
များတယ်လေ အဲ့တာ ဟို”
လည်ပင်းလေးကုတ်လိုက် ဆံပင်လေးတွေကိ သပ်လိုက်
လုပ်နေတဲ့ လုယာကို ဒေါ်ဒေဝီက ကြည့်ပြီး
ဘာမှမဖြစ်ကြောင်း ခေါင်းရမ်းပြရင်းမှ
“မဟုတ်တာကွယ် ဒေါ်လေးက
လုယာကို စိတ်ခုစရာလား”
“ဟီး ဟုတ်”
နေသာထိုင်သာရှိသွားသလိုလေး လုယာပြုံးပြီး
“ဟို လုယာ ခင်ခင်နဲ့ဝိုင်းကူချင်တယ်
သင်တန်းက မနက်ဖြန်တစ်ရက်ပိတ်တယ်လေ”
သူ ကြိုသိပြီးသားပေမဲ့ သူမလေးများ လိမ်နိုင်လား
သိချင်လို့တမင်ဘာမှမပြောပဲနေခဲ့သည်။ဒါပေမဲ့
တကယ့်ကို အဖြူထည်လေးမို့ သခင်စိတ်ချသလို
ပြုံးမိသည်။
ခင်ခင်နဲ့ဒေါ်ဒေဝီကိုသာ ကြည့်ပြီး ပြောနေ၍ လုယာကို
လက်လေးကနေဆွဲယူပြီး အိမ်ထဲသို့ခေါ်လာတော့
စကားပြောမပြီးသေးတဲ့လုယာ ကျန်ခဲ့တဲ့လူတွေကိုလည်း
အားနာသလိုလေး မျက်လုံးလေးဝိုင်းကာ ကြည့်နေမိပေမဲ့
သူကတော့ခက်တန်တန့်ပဲဖြစ်သည်။
“ဟို ဘာလို့”
“မင်း ဘာကိုဝိုင်းကူချင်လို့လည်း
ပြီးတော့ ဗိုက်ဆာနေပြီလား”
အဆက်စပ် မရှိတဲ့ စကားလုံးတွေက သူမကိုစိုးရိမ်
စိတ်ပူစွာပြောနေတာမိုးဆိုတာ သူ့မျက်ဝန်းနက်နက်
တွေထဲကနေမြင်နေရသည်။
လုယာ ခါးက ဆေးကိုစမ်းကြည့်တော့ရှိနေသေး၍
မျက်လွှာလေးချကာ စိတ်အေးသလိုပြုံးမိသည်။
ဝိုင်းမကူရင် သူ့ကိုဒီဆေးဘယ်လိုထည့်ရမှာ
လုယာ ကိုယ့်အတွေးနဲ့ကိုယ် မျက်လွှာလေးချထားပြီး
အတန်ကြာမှ အရှေ့ဘက်လှည့်၍
“ဟို လုယာ လုယာဘာစာမှမပါဘူး
အဲ့တာ ပျင်းလို့လေ ဒီတိုင်းကြီးကျတော့”
“ပျင်းရင် ကိုယ်နဲ့ F**kမလား!”
“ဟင်! ဒယ် ဒယ်ဒီ လုယာ လုယာ
ရေချိုးချင်တယ် ပူလို့”
ချက်ချင်းပဲ ရှိုထွက်ကာ အပေါ်သို့တက်သွားသည်။
ထိုကိစ္စဆိုရင် အတော်လေးကြောက်ရှာတဲ့ လုယာကို
သူပိုစချင်သည်။
အပေါ်သို့လွှားခနဲပြေးတက်သွားတာ တစ်ချက်တောင်
သူ့ဘက်ပြန်လှည့်မလာချေ။
အောက်နှုတ်ခမ်းတွေသူဖိကိုက်ပြစ်ရင်း ဒီကလေးကြောင့်
သူရူးရတော့မည်။
??????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)