Daddy လူဆိုး - အပိုင်း 14
လုယာ ပြေကျနေတဲ့ ညဝတ်ဂါဝန်လေးအား
သေချာစွာဖြန့်တင်လိုက်ရင်း ရေချိုးခန်းထဲဝင်လာခဲ့၏။
တံခါးဖွင့်လိုက်ခင်မှာပင် မှောက်ခုံကားကားကြီး
အိပ်နေတဲ့ သူ့ကိုတစ်ချက်လှည့်ကြည့်ခဲ့မိသေးသည်။
ခန္ဓာကိုယ်အကြီးကြီးနဲ့ သူ့ကို လုယာကြက်သီးထရသည်က
ဟောင်းနွမ်းသွားသည်မရှိ။
ရေမြန်မြန်ချိုးပြီး ပြန်ထွက်လာတဲ့အထိ သူအိပ်နေသေး၍
ဗီရိုထဲကတွေ့ရာအဝတ်စားဆွဲယူလိုက်တော့မီးခိုးရောင်
လကဖောင်းဂါဝန်လေးဖြစ်သည်။
တစ်ခါပဲဝတ်ဖူးတဲ့ ဂါဝန်လေးမို့ နှစ်သက်သလိုရှိ၍
ထပ်ခါတလဲလဲမဝတ်ချင်…။
အခုလည်းမဝတ်ချင်ပေမဲ့ သူနိုးလာမှာစိုး၍
ထပ်ယူနေ လဲနေဖို့မလုပ်ချင်တော့တာကြောင့်
ရေချိုးခန်းထဲပြန်ပြေးကာ မြန်မြန်ပင်ဝတ်လိုက်ပြီး
မှန်တင်ခုံရှေ့လာရပ်လိုက်သည်။
အခုထိမထသေးတော့ သူရုံးများမသွားဘူးလားလို့
တွေးရင်း လက်ပတ်နာရီလေးကြည့်တော့
ကိုးနာရီထိုးနေပြီမို့ သေချာသလောက်တော့
မသွားတော့ဘူးထင်သည်။
သူမ သင်တန်းက ဆယ်နာရီတက်ရမည်မို့
နိုးရင်ကောင်းမလား မနိုးရင်ကောင်းမလား
စဉ်းစားရခက်နေသည်။မနိုးရင်တော့ သင်တန်းလည်း
ပျက်ရတော့မည်ထင်၏။
ဒီနေ့ သင်တန်းမပျက်ဖို့ ပိတ်ရက်မတိုင်ခင်ထဲက
ဆရာသေချာမှာထား၍ ဘယ်လိုလုပ်ရတော့မည်
စဉ်းစားမရ။
နှိုးဖို့ကျတော့လည်းကြောက်တယ်
ခင်ခင့်ကိုနှိူးခိုင်းဖို့ကျတော့ သူမက လုယာထက်ပိုဆိုးနေသည်။
ဒေါ်လေးဒေဝီလည်းမရှိတော့ လုယာ သနပ်ခါးလေး
ခပ်ပါးပါးလိမ်းနေတာတောင် စိတ်တွေမဖြောင့်ချင်…
“ကိုယ့်ကိုမနက်ကျရင်နှိုးလိုက်နော် ဘေဘီ”
ညတုန်းက သူ့ရဲ့စကားကို ပြန်ကြားမိပေမဲ့ နှိုးဖို့သွားတော့
လက်တွေတုန်နေသည်။မှန်ရှေ့သို့ပြန်လာရပ်ရင်း
မှန်ထဲက သူမခန္ဓာကိုယ်လေးအား ကြည့်မိသည်။
ဂါဝန်လေးက ခါးရှုံ့လေးတွေရှိလို့ သေးသွယ်တဲ့
ခါးလေးကို ချပ်ချပ်ကပ်ကပ်လေးဖြစ်နေသည်။
ရင်ဘတ်လေးအနည်းငယ်ဟိုက်ကာ အပေါ်ကိုဆွဲတင်လိုက်တော့ ပြည့်သိပ်တဲ့ရင်အုံလေး တင်းသွားသည်။
ပြီးပြည့်စုံနဲ့အလှတွေရှိတယ်လို့ ရပ်ကွက်ထဲက
အန်တီကြီးတေွပြောနေတတ်ပြီး သူမဖင်ကို
ရိုက်လည်းရိုက်ကြရင်းက
“သမီးလေးက ဖင်လေးကိုလုံးနေတာပဲ” လို့ စနောက်ကြ၏။
ရိပ်ကွက်ထဲကခင်မင်ခဲ့တဲ့ လူတွေကိုလည်း လုယာ
သတိရမိသည်။
“ဘေဘီ ”
“အမေ့!”
အတွေးတွေ လွင့်ပျံ့နေတုန်းသူ့ခေါ်သံကြီးကြောင့်
လုယာတစ်ကိုယ်လုံးတုန်တက်သွားရခြင်းဖြင့်
လည်ပင်းလေးလိမ်လှည်ြကည့်မိရာ မှောက်ခုံကြီးကနေ
ဘေးလှည့်လာ၏။
အိပ်ချင်မူးတူးမဟုတ်တော့တဲ့ ကြည်လင်နေသည့်
သူ့မျက်ကို လုယာကြည့်မိကာ ချက်ချင်းမျက်လွှာချပြစ်သည်။
“ဘေဘီက အဆင်သင့်ဖြစ်နေပြီလား
ဒယ်ဒီက ရုံးမသွားဘူး အပြင်သွားစရာရှိလို့
ဘေဘီလေးကိုလိုက်ပို့လို့အားပါ့မလားကွာ”
“ဟုတ် လုယာဘာသာကားနဲ့သွားလိုက်မယ်လေ”
“စိတ်မချဘူး လာပါဦးဒီကို”
သူခေါ်ရင်ကို စိတ်တွေခြောက်ခြားလာရရင်း
သွေးတွေပူလာတတ်သည်။
မခြောက်သေးတဲ့သနပ်ခါးတွေကြောင့်
မျက်နှာလေးအေးစက်နေတာလား
သူ့အကြည့်တွေကြောင့်များ ချမ်းစိမ့်နေတာလား
လုယာမဝေခွဲနိုင်…။
“လာဦး”
“ဟုတ် လု လုယာသင်တန်းနောက်ကျနေပြီဒယ်ဒီ”
“ကိုယ့်လောက်အရေးကြီးလို့လား”
သူ ဒီလိုတည်ပြီးပြောနေတော့ လုယာရှိန်ကာ
ခေါင်းလေးဝပ်ကာ နှုတ်ခမ်းလေးဖိရင်း
လျှောက်လာခဲ့၏။ကုတင်ဘေး သူ့မျက်နှာနားလေးမှာ
ိရို့ရို့လေးရပ်ရင်း ခေါင်းလေးငုံ့သည်။
လက်ကောက်ဝတ်လေးကိုဆွဲချလိုက်တော့
လက်လေးတစ်ဖက်ပင်ထောက်ကျလာရ၏။
ခါးလေးကိုညှစ်ပြီး အိပ်ရာပေါ်ဆွဲတင်လို့
လုယာ သူ့ခေါ်ရာဆီကမူဂရူလေးတက်ခဲ့ရသည်။
ရင်ခွင်ကြီးထဲနင့်နေအောင်ဖက်ထားပြီး
ကျောပြင်လေးအား အသာနမ်းလိုက်၏။
ဗိုက်လေးကို သူကျစ်နေအောင် နောက်ကနေ
ဖက်ထားရင်း ပေါင်သေးသေးလေးပေါ်
သူ့ခြေထောက်တွေတင်ကာ
“မွှေးနေတာပဲ သနပ်ခါးလေးက”
“ဟုတ်”
ဆံနွယ်တွေပေါ်ကနေ ဂုတ်လေးကိုနမ်းပြီး
တင်ထားတဲ့ခြေထောက်ပြန်ချ၍ လက်က
ဂါဝန်အောက်လေးထဲလျှိုဝင်သွားသည်။
“အဟင်း သင်တန်းသွားဖို့
တက်ကြွနေသလားလို့”
“ဟင် ဒယ်ဒီကလည်း
ပုံမှန်ပြင်ဆင်ချိန်အတိုင်းပါပဲ”
အသံလေးတိုးရှစွာပင်
သူမကို သူ့ရင်ခွင်အောက်သွင်းလိုက်သလို
အပေါ်ကခွမိုးရင်း ပခုံးတစ်ဖက်ကနေ
ပက်လက်အနေအထားအဖြစ်
ဆွဲလှည့်ခံလိုက်ရပြီး လူလည်းထိတ်ခနဲ
တုန်တက်ကာ မျက်ဝန်းလေး
လမင်းလေးလိုပြူးကျယ်သွားလျက်
နှုတ်ခမ်းလေးပွင့်ဟလို့နေသည်။
အပေါ်ကစီးမိုးစိုက်ကြည့်နေတာ သူမတစ်ကိုယ်လုံးကို
မျက်လွှာစင်းကြည့်နေတာ စားတော့ဝါးတော့မတက်
“ဘာ ဘာလို့လည်းဟင်”
“ဘာလို့အရမ်းလှနေတာလည်း”
“ဟင် ဒယ်ဒီ လုယာ လုယာ”
“ဒီအင်္ကျီဟိုတစ်နေ့က ဝတ်သေးတယ်
ရင်ဘတ်ဟိုက်သလားလို့
ကိုယ်ကအိမ်မှာပဲမလို့ဘာမှမပြောတာ
သင်တန်းအထိဒါဝတ်သွားတာကတော့
ကိုယ့်စကားတွေကို အဖက်မလုပ်တာလား”
“အို ဒယ်ဒီကလည်း လုယာ လုယာ
ုဒယ်ဒီ့စကားတွေကို အဖက်မလုပ်ပဲ
နေရဖူးလို့လား ဟင့်အင်း
လုယာကို အဲ့လိုကြီးမကြည့်ပါနဲ့”
မျက်မှောင်ကြီးကျုံ့လိုက်သည်ကို
ကတုန်ကရင် ပြာပြာသလဲလဲလေး
ဖြစ်နေရှာသည်။
“အင်း ချစ်စရာကောင်းနေတာကို
ကိုယ်မကြိုက်ဘူးဘေဘီ
ဆင်ခြင်ပါ”
“ဟမ်!”
လုယာ တမင်လုပ်နေတဲ့ အရာတွေလည်း
မဟုတ်၍ သူပြောတာကို ကြောင်သွားသည်။
မျက်ဝန်းလေးတစ်ချက်ပင့်ကြည့်တော့
မီးလိုတောက်ပနေတဲ့ မျက်ဝန်းတစ်စုံနဲ့
တန်းခနဲဖြစ်သွားရတော့ရင်ထဲကအသံစုံ
မည်လို့သွားသည်။
“လုယာ”
သူမ နှုတ်ခမ်းဖူးဖူးလေးတွေ ဟလိုက်တုန်း
နွေးခနဲကျလာတဲ့ အနမ်းတစ်ပွင့်ကြောင့်
တန့်ခနဲဖြစ်သွားသည်။
“ဂါဝန်လဲပြီး မနက်စာ မစားရသေးရင်
စားပြီးစောင့်နေ ကိုယ်ရေချိုးဦးမယ်”
“ဟုတ်ဒယ်ဒီ”
အနမ်းတွေ ခနပဲကြာလိုက်တာကြောင့် လုယာ
အသက်ရှုချောင်ရကာ စိတ်တွေလည်း
ပေါ့သွားသည်။
စကားဆုံးအောင်ပြောပြီး ရေချိုးခန်းထဲ
သူလှည့်သွားနေ၍ အပေါ်ပိုင်းအင်္ကျီနဲ့
ကျောပြင်ကြီးအား မျက်လုံးလေးပြူးကာ
ကြက်သီးထခြင်းများနဲ့ ကြည့်နေမိသည်။
ဇိုးဇိုးဇက်ဇက်နိုင်တဲ့ သူ့လုပ်ရပ်တွေကို
လုယာရှောင်ချိန်မရ၍ ပိုကြောက်သည်။
?????
သင်တန်းအထိသူလိုက်ပို့ပြီး ဆရာနဲ့တောင်
စကားတွေပြောသွားသည်။အခန်းထဲကနေ
လှမ်းကြည့်ပေမဲ့ သူတို့ပြောနေတာတော့
လုယာမကြားရ။
ဘာဘဲဖြစ်ဖြစ်ဒယ်ဒီနဲ့ဆရာရ ရင်းနှီးကြတယ်ဆိုတာ
သိလိုက်ကပြီ။ဒါကြောင့်လည်း လုယာကို
မျက်စိဒေါက်ထောက်မတက်ကြည့်နေ၏။
“ဟယ် လုယာ လုယာ”
ဒယ်ဒီထွက်သွားပြီး ခနလေးကြာမှ
ဖြူစင်က ကျားလိုက်လာသလို ပြေးလာရင်း
လုယာကို အသည်းအသန်ခေါ်နေတော့
လုယာ မျက်လုံးလေးပြူးကာ နှုတ်ခမ်းလေးဟ၍
ကြည့်နေမိ၏။
ထူးဖို့လည်း မေ့နေခဲ့ကာ
ဖြူစင်က ခစ်ခနဲရယ်၍ လက်ကို
လာရိုက်တော့မှ ဟင် ဆိုပြီး ကြောင်တောင်တောင်လေးနဲ့
“အမ် ပြောပြောလေ”
“ခုန ခုနလေ အမည်းရောင်
နောက်ဆုံးပေါ်ကားကြီးနဲ့
အဲ့တာ အဲ့တာနင့် နင့်ဒယ်ဒီလား”
“ဟင်!”
ပုံမှန် သင်တန်းခြံတံခါးရှေ့လောက်အထိသာ
ပို့ပေးတတ်သလို လုယာကိုလည်း
ကားထဲကနေဘဲကြည့်နေသည်။အခု အတန်းထဲအထိ
လာပို့တော့ အတန်းသူတွေရဲ့ အကြည့်တွေက
လုယာဆီရော သူ့ဆီမှာပါ အပြူံးတွေနဲ့
ရစ်သီနေ၏။လုယာရှက်လွန်းလို့ ခေါင်းလေး
အတင်းငုံ့ထားတာ ဇက်လေးနာမတတ်။
သူထွက်သွားမှ အကြည့်တွေလည်း
ပြေကျသွားလောက်ပြီအထင် ခေါင်းလေး
မော့ကြည့်တုန်း ဖြူစင်ရဲ့အလောတကြီးနဲ့
မေးခွန်းက အစကနေ ခေါင်းလေး
ပြန်ဝပ်စေသည်။
“ဟုတ်လားလို့”
မဖြေပဲကြောင်နေတုန်း သိချင်စိတ်လေးကြောင့်
အတင်းထပ်မေးလာသော ဖြူစင်က
လက်မောင်းလေးကိုပါလုပ်ကိုင်လာသည်။
“ဟင်လို့”
ထပ်ပြီးမေးလာတော့မှ လုယာ မဖြေလို့
မရတော့တဲ့ အခြေနေဖြစ်သွားပြီမှန်း
မှတ်ချက်ချကာ နှုတ်ခမ်းလေးဖိညှစ်ပြီး
“ဟုတ် ဟုတ်တယ်”
“အားးး!!”
“ဟင် ဘာ ဘာဖြစ်တာလည်းဟင်
သူ သူများတွေကြည့်ကုန်ပြီလို့”
အော်ဟစ်လိုက်တဲ့ ဖြူစင်ကြောင့် ဘေးဘီကအတန်းသူတွေ
ဖျက်ခနဲကြည့်လာပြီမို့ လုယာ မျက်ဝန်းဖြားလေးနဲ့သာ
လှည့်ကြည့်ရင်း သူမ ပါးစပ်လေးကိုအတင်း လုယာ
လက်တွေနဲ့ပိတ်ပြစ်လိုက်သည်။
မချိမဆန့်မျက်နှာလေးက မျက်တောင်လေးဖြာ၍
မျက်ဝန်းညိုလေးတွေပြူးကျယ်နေသည်။
ဖြူစင်က အသက်ရှူသံခပ်ပြင်းပြင်းနဲ့
“အရမ်း အရမ်းမိုက်တယ်ဟယ်
အရပ်ကြီးကလည်းအရှည်ကြီး
နင်နဲ့ဆို ခန္ဓာကိုယ်တစ်ခြမ်းကွာမှာ
ရင်ဘတ်ကြီးတွေ ကြွက်သားတွေက
သူ့ဆွယ်တာအင်္ကျီပြင်ကနေတောင် အသိသာကြီး
ချောလိုက်တာဟယ် အရမ်းချောတာပဲ
မျက်ခုံးကြီးက မျှော့ကြီးတွေတင်ထားသလို
မည်းနက်နေတာ နှုတ်ခမ်းက ညိုသလိုလိုရဲသလိုလို
အားး နင်နဲ့အရမ်းလိုက်တယ်ဟယ်”
စကားသိပ်ပြောလေ့မရှိတဲ့ ဖြူစင်
ဒယ်ဒီ့ကို မြှောက်နေလိုက်တာ
အသေးစိတ်ပင်။လုယာနဲ့ရှေ့သွားနောက်လိုက်
ဆိုတာကြီးမှာတော့ နှာခေါင်းလေးရှုံ့လိုက်မိသည်။
လုယာတို့ အတွင်းကိစ္စကို မသိသေးလို့
အားကျနေနိုင်တာပါလို့ ရင်ထဲကနေပဲ
ရေရွတ်လိုက်မိသည်။
အတန်းသူတွေလည်း လုယာအနား
ခေါင်းတွေပြူကာ အုံ့စိုင်းလာကြသည်။
အဲ့လောက်ထိ ထိုလူက စိတ်ဝင်စားစရာ
ကောင်းတာလားလို့ တွေးမိသေးသည်။
မေးခွန်းများစွာ လုယာပေါ်ပုံကျလာတော့
မျက်နှာလေးမချိမဆန့်ဖြစ်ရသည်။
“သူ့အသက်ဘယ်လောက်လည်း”
“နင်တို့ စတွေ့တာ ဘယ်လိုလေးလည်း”
“သူ သူနင့်ကိုအလိုလိုက်မှာပဲနော်”
“နာမည်ဘယ်လိုခေါ်လည်း”
စသဖြင့် မေးခွန်းတွေ အစုလိုက်အပြုံလိုက်
ဝင်လာလေသည်။
???????
အတန်းလွှတ်ချိန်ဖြစ်ဖြစ်ကာ လုယာလက်ကို
ဖြူစင်က လှမ်းဆွဲသည်။လုယာ မျက်လုံးလေးမှေးကာ
ပြုံး၍ လိုက်ပါလာခဲ့ချိန် နောက်က ဖူးဖူးရဲ့
ခေါ်သံကြားလိုက်ရကာ ခြေလှမ်းတွေရပ်တန့်သွားသည်။
“ဟဲ့ဖြူစင် နင်သွားလို့ရပြီ
ကိုကိုနဲ့အတူတူငါလည်းပြန်မှာ
လုယာ လာ”
မျက်နှာချို၍ အပြုံးတွေက အတုအပဆိုတာ
လုယာအသိ။ဖြူစင်ကလည်းပြုံးရင်း
“ဟီးဟီး ရတယ်
ကားနားအထိ ဖြူလိုက်ပို့ချင်လို့”
“ဘာလို့နင်က လိုက်ပို့ချင်တာလည်း”
“ဟင် ဘာဖြစ်လို့ ဖြူစင်က လိုက်ပို့လို့
မရမှာလည်း ဖြူစင်နဲ့လုယာလည်း
သူငယ်ချင်းဥစ္စာ ဖူးဖူးလည်းလာလေ”
ဖြူစင်ရဲ့ အကြောတင်းချင်းကို ဖူးဖူးစိတ်တိုလာသည်။
ဟိုတစ်ခါတုန်းက ဖြူစင်လည်းနေသိပ်မကောင်းလို့
သန့်စင်ခန်းရှေ့က ပြန်သွားခိုင်းလို့ ချောချောချူချူ
ပြန်တာထင်ပါရဲ့။
ဖြူစင်ဆုံးသော အပြုံးတွေနဲ့ လုယာလက်မောင်းလေးကို
ဖက်ပြီးပြောနေတာ ဒေါသမပါ။
ဖူးဖူးတင်းချင်တဲ့မျက်နှာလေးကိုအတင်းပြင်ကာ
သက်ပြင်းတစ်ချက်ခပ်ဖွဖွနှင့်လှမ်းလာတော့
လုယာလန့်လာသည်။
“ဟီး နင့်ဒယ်ဒီ့ကို ကြည့်ချင်သေးတယ်
နင့်ယောင်္ကျားမှာ ညီများရှိရင်ငါ့ကိုချိတ်ပေး
သူ့လိုချောမှာ နင်နဲ့တစ်အားလိုက်တာပဲ”
ဖြူစင်ရဲ့စကားတွေကြောင့် လုယာကို
ခပ်မှုန်မှုန်နောက်ကကြည့်ရင်း လူမမြင်တာကြောင့်
နှုတ်ခမ်းတွေအရုပ်ဆိုးစွာမဲ့ပြစ်ကာ
လိုက်လာခဲ့သည်။
နင်နဲ့ကိုကိုက တန်လို့လား
ငါ့ကိုမလှိမ့်တစ်ပတ်လုပ်သွားတဲ့ နင့်ကို
အကွက်ကောင်းကောင်းထဲ သင်ခန်းစာလှလှလေးပေးပြမယ်
?????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)