Daddy လူဆိုး - အပိုင်း 23
ရင်ဝယ်မနိုင်တနိုင်လေး ပိုက်ထားတဲ့
မုန့်ထုတ်တွေနဲ့ လက်ဆွယ်အိတ်ထဲက
မုန့်တွေကိုတော့ သူကိုင်ပေးထားသည်။
“အဲ့လောက်အများကြီး
စားနိုင်လို့လား”
“ဟီးဟီး စားနိုင်တယ်
မယုံရင် တစ်ဆိုင်လုံးဝယ်ကျွေးကြည့်မလား”
မင်္ဂလာဆောင်အတွက်
ကျေနပ်သည်အထိ အဝတ်စား
ရွေးပြီးမှ သူမကမုန့်စားဖို့
နှုတ်ခမ်းလေးချွန်ကာပြော၍
မနေတတ်တော့တဲ့သူက
မုန့်ဆိုင်ထဲဝင်တော့
ရွေးလိုက်တဲ့မုန့်ဆိုတာ
တွေ့ရာလက်ညှိုးထိုးနေသည့်အတိုင်း
မေးတော့ အားလုံးက အကြိုက်တွေကြီးပါပဲတဲ့
သူ့ကို ရင်းနှီးလာတာနဲ့အမျှ
သူ့ပေါ်အတော်ဆိုးလာသည်။
ကားနားလျှောက်လာတဲ့အထိ
မုန့်ထုပ်လေးတွေကို
မနိုင်မနင်း ပြုတ်ကျခဲ့သမျှ
မုန့်ထုပ်ကို နောက်က သူက
ကောက်ရ၏။
ကားထဲထိုင်လိုက်တော့
မုန့်ထုတ်တွေကိုပြစ်ချပြီး
လက်ညှိုးလေးတစ်ထိုးထိုးနဲ့
ရွေးချယ်နေသည်။
“အာ ဒါလေးစားချင်နေတာ”
ချောကလပ်ချောင်းသေးသေးလေးတွေ
ပါတဲ့မုန့်ထုပ်ကိုယူ၍
နှုတ်ခမ်းဖူးဖူးလေးတွကလည်း
ရေရွတ်နေသည်။
သူ ကားစက်နှိုးရင်း အသဲယားလာ၍
ဖျက်ခနဲအနားကပ်ကာ မေးလေးကို
ဆွဲလှည့်တော့ သူ့ကိုကြောင်ကြည့်နေတဲ့
သူမမျက်ဝန်းလေးတွေကို
ကြင်နာစွာကြည့်ရင်း မျက်ခွံလေးနဲ့
နှာဖူးလေးအား ကြင်နာစွာ
နမ်းလိုက်တော့ သိသိသာသာလေး
ငြိမ်ကျသွားရှာ၏။
“စား စား အဟင်းချစ်လို့”
ရှက်သွေးဖြာသွားတဲ့
မျက်နှာလေးဟာ
ရဲပြီး စင်းနေတဲ့နှာတံလေးနဲ့
ဖူးပွင့်နေတဲ့ နှုတ်ခမ်းလေးတစ်စုံကို
မက်မောမိသည်။
မုန့်ထုပ်လေးကို ဖောက်သာ
ဖောက်မိတာ ရင်တွေခုန်လွန်းလို့
မစားမိသေး…
ကားစက်နှိုးသံကြားတော့မှ
လည်ပင်းလေးကုပ်၍
ရှက်ကိုးရှက်ကန်းဖြစ်ရသည်။
အရင်နဲ့မတူတော့ပဲ
သူ့ရဲ့နူးညံ့ခြင်းတွေကြောင့်
လုယာ ကြောက်တဲ့စိတ်တွေ
လျော့ပါးလာခဲ့ရကာ
သူ့ကိုရင်ခုန်မိလာသည်။
??????
!နှစ်လခန့်ကြာသော်!
“မုန့်ဟင်းခါး ကြိုက်တယ်ဆိုလို့
ဒေါ်ဒေဝီကိုရှယ်ချက်ခိုင်းထားတာ”
အင်္ကျီလက်တွေဆွဲတင်ရင်း
မုန့်ဟင်းခါးပန်းကန်ထဲ
အကြော်လှမ်းယူထည့်ပေးကာ
အပြုံးချိုချိုတွေနဲ့ပြောနေသည့် သူ့ကို
လုယာ မျက်ဝန်းလေးဝိုင်းကြည့်တော့
ငရုတ်သီးမှုန့်နည်းနည်းပါ
ထည့်ပေးနေ၏။
ပြုံးမိသွားသည်။
စိတ်ကောင်းတွေဝင်နေလိုက်တာ…
အရင်လို သူသိပ်လည်းမချုပ်ချယ်တော့ပါ။
စားဖို့ ခေါင်းလေးငုံ့လိုက်တုန်း
အရင်က မွှေးအီနေတဲ့
မုန့်ဟင်းခါးက လုယာနှာခေါင်းထဲ
ညှီပြီးတိုးဝင်လာလေသည်။
ပြို့တက်လာတဲ့ ခံစားချက်ကြောင့်
ရင်ဘတ်လေးဖိပြီးမျက်နှာလေးလည်း
မအီမသာလေးဖြစ်သွားရသည်။
သူ့ပန်းကန်ထဲအကြော်ထည့်နေတုန်း
ဘေးက မစားသေးတဲ့မျက်နှာလေးဘက်
လှည့်မှ စိုးရိမ်ခြင်းတွေနဲ့
“ဘာဖြစ်တာလည်းလုယာလေး”
“လု လုယာ လုယာ အန်ချင်တယ်
မ မစားချင်ဘူး ယူ ယူသွား ဖယ်ပေး”
ခါးခါးသီးသီးလေး ငြင်းနေတော့
သူဖြစ်ကြောင်သွားရ၏။
သိပ်ကြိုက်လို့ တရစပ်ပူစာနေခဲ့တာ
မနေ့ကအထိ
အခုမှ မစားချင်ဘူးတဲ့
နေများမကောင်းလို့လား
သူကတော့ဗိုက်နာမှာစိုးလို့
ရက်တွေရွှေ့နေခဲ့တာ
စိုးရိမ်နေတဲ့ မျက်နှာက
မျက်ခုံးထူထူတွေကျုံ့လို့ထားသည်။
ပြီးတော့ သူမမျက်နှာလေးအား
တစ်ယုတယလေးဆွဲမော့၍
အတင်းလိုက်ကြည့်၍
မေးနေပေမဲ့ တစ်အော့အော့ဖြင့်
ပျို့တက်နေတဲ့ လုယာလေး
သူ့ကိုဘာမှမဖြေတာကြောင့်
ပို၍စိုးရိမလာလေသည်။
“ပြောလေကွာ”
“အော့ ဝေါ့ ဟင့်အင်း”
သူ့လက်တွေကို တွန်းဖယ်ကာ
လုယာ ပြေးထွက်သွားတော့
ဟာ ခနဲကျန်ခဲ့ရကာ
သူနောက်ကလိုက်၏။
ဒီရက်တွေမှာ လုယာ
သားရေစာတွေပဲစားပြီး
ထမင်းလည်းသေချာမစား
ဆန်ပြုတ်ဆိုလည်း မစားသလို
ကြက်ပြုတ်ရေတောင်
သေချာမသောက်တော့
မုန့်ဟင်းခါးဆိုလို့ ချက်ခိုင်းလိုက်တော့လည်း…
ဘေလ်စင်အထိ ပြေးအန်နေ၍
နောက်ကထပ်ကြပ်မကွာ
သူလိုက်ပြီး ကျောပြင်လေးအားပွတ်ပေးသည်။
“သက်သာလား
အစားမှားလို့များလား”
ခင်ခင်နဲ့ အပြင်တွေလျှောက်ထွက်နေတာ
သူ မတားချင်ပေမဲ့ မတည့်တာများ
စားသလား…
“ခင်ခင် ခင်ခင်!”
မေးတာ မဖြေတဲ့ အူတူတူ သူ့မိန်းကလေးကို
မဆူရက်၍ ခင်ခင်ကို အသံနက်ကြီးနဲ့
ခေါ်တော့ ကပြာကယာရောက်လာတဲ့ခင်ခင်
သူ သူမခန္ဓာကိုယ်လေးအား ရင်ခွင်ထဲ
ထည့်ထားပြီးပခုံးလေးကိုကိုင်ထား၏
“မနေ့က ဘာတွေစားကြလည်း!”
“ဟင့်အင်း စာအုပ်ဆိုင်ပဲ
သွားတာ အအေးတစ်ဘူးပဲ
သောက်ကြတာပါ”
ခင်ခင်က သူ့ကိုမလိမ်ရဲတာကြောင့်
ဘာမှဆက်မမေးတော့ပဲ
လုယာမျက်နှာလေးကိုဆွဲမော့လိုက်ပြီး
“ကိုယ်မသိအောင်
ဘာတွေခိုးစားထားလည်း”
ဖျော့ရော့နေတဲ့မျက်နှာလေးဟာ
မျက်တောင်လေးတောင်
မနည်းခက်နေရပုံ
ဖြူစုပ်ဖြူလျော့မျက်နှာလေးကို
သူ စိတ်မချမ်းသာစွာကြည့်ပြီး
ဒူးကွေးကနေပွေ့လိုက်တယ်ဆို
ခင်ခင့်အား
“ဒေါက်တာ့ကိုဖုန်းဆက်လိုက်”
“ဟုတ် သခင်လေး”
ခင်ခင် လှည့်ထွက်သလို သူလည်း
အခန်းဆီတက်လာသည်။
နာရီဝက်လောက်ကြာတော့
သူ့မိဘတွေလက်ထပ်ထဲက
ကုသနေကြ Family Doctor ရောက်လာကာ
ဖြူဖက်ဖြူလျော့လုယာလေးကို
စမ်းသက်သည်။ဆရာဝန်က
တာဝန်အရ လက်ကောက်ဝတ်လေးကို
ကိုင်တာတောင်သူအတော်
စိတ်လျှော့ထားရတဲ့အထိ
သူမကလေးကို သူပဲထိတွေ့ချင်ပါရဲ့
သဝန်တိုစိတ်တွေကို အတင်းဖြေလျှော့၍
သက်ပြင်းချလိုက်တုန်း
ဒေါက်တာက သူ့အား
အပြုံးတွေနဲ့ကြည့်၏။
ဝမ်းသာနေသော အပြုံးတွေကို
မျက်မှောင်ကြီးကျုံ့ကြည့်နေတဲ့သူ
အဲ့လောက်တော့ စဉ်းစားရမခက်ပေ။
ဒါပေမဲ့ သေချာချင်၍
ဆရာပြောလာမှာကိုသာ စောင့်နေသလို
မျက်နှာထားနဲ့ပဲ
“စိုးရိမ်စရာမရှိဘူးမလားဗျ”
“အင်း သခင်လေးတော့
ကလေးအဖေဖြစ်တော့မယ်
ကိုယ်ဝန်ရှစ်ပတ်ရှိနေပြီ”
သူ ပျော်သွားသည်။ရင်ထဲလည်း
အေးချမ်းသလိုရှိကာ
နှုတ်ခမ်းတစ်ချက်သပ်၍
ဆေးထိုးထားတဲ့အရှိန်နဲ့
မေးလုနီးနီးမျက်ဝန်းလေးကိုကြည့်တော့
မျက်တောင်လေးခက်ကာ
တစ်ဖက်လွှဲသွား၏။
သူ သူမလေးရဲ့ကလေးအဖေ
ဖြစ်ချင်ခဲ့တာ ကြာနေပါပြီ…
ဒေါက်တာက ဆေးတွေရေးပေးပြီး
ဆောင်ရန် ရှောင်ရန်တွေပြောကာ
ထွက်သွသလို လုယာလေးလည်း
အိပ်ပျော်သွားသည်။
ကုတင်ပေါ် သူမဘေး တင်ပါးလွှဲထိုင်ကာ
ချွေးလေးတွေဝန်းရံနေတဲ့
မျက်နှာနုနုလေးကို ငုံ့နမ်းလိုက်သည်။
ကိုယ်တော့ ပိုဂရုစိုက်ရတော့မှာပဲ…
????????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)