Daddy လူဆိုး - အပိုင်း 5
“ဒေဝီ ဆန်ပြုတ်လုပ်ပေးထား
ပြီးရင် ကျွန်တော်ဆင်းယူမယ်”
ကားသံကြောင့် ဒေါ်ဒေဝီက ကြိုဖို့
အပြင်ထွက်လာသည်နှင့် ကားပေါ်က
ဆင်းလာတဲ့ သခင်ကြီးနဲ့သခင်မလေးကို
မြင်တော့ခေါင်းငုံ့အရိုသေပေးရုံရှိသေး
မိုးကြိုးသခင်ဆီက အမိန့်သံစူးစူးကြီးကြောင့်
ဟုတ်ဟုပြော၍ အရိုသေထပ်ပြုကာ
မရှေ့မနှောင်းမှာပင် မီးဖိုခန်းထဲ
လှည့်ထွက်သွားလေသည်။
“ဟို ရပါတယ် လုယာ
အရမ်းကြီးဖျားနေတာလည်းမဟုတ်ဘဲ”
မီးဖိုခန်းဘက် လျှောက်သွားနေတဲ့
ဒေါ်ဒေဝီကိုမျက်ဝန်းဖျားလေးနဲ့
နှုတ်ခမ်းလေးအဟသား အားတုံ့အားနာ
လှမ်းကြည့်ရင်းပြောနေတော့ လက်ကို
ဆွဲပြီး ဘာတစ်ခွန်းမှမပြောပဲ
မြွေလိုလိမ်ရစ်နေတဲ့ ရွှေရောင်ကိုမှ
အနီနဲ့စပ်ထားတဲ့ လှေခါးတွေဆီ
လျှောက်လာကြသည်။
အပေါ်ထပ်အခန်းထဲရောက်လာတော့
နောက်ကပါလာတဲ့သူ့ကြောင့်
ကြက်သီးတွေဖြန်းခနဲပင်။
ထို့အတူ အနီရောင်မွှေ့ရာခင်းကြီးဟာလည်း
အတိတ်ဆိုးတွေ နစ်မွန်းထားရခြင်းများ
သတိရလာစေကာ လူလည်း
ဒူးတွေမခိုင်ချင်တော့ ဘေးက
ကပ်ပါလာတဲ့သူ့ကို မဝန်မရဲလေးသာ
မော့ကြည့်မိရာ ခပ်တန့်တန့်
တင်းစေ့ထားသော နှုတ်ခမ်းပါးတစ်စုံနဲ့
စူးရှတဲ့မျက်ဝန်းနက်တွေ တည်ငြိမ်သော
သူ့မျက်နှာထက် အေးစက်စွာ…
သူ့ကိုကြည့်ရတာတော့ ပုံမှန်ပဲမို့
စိတ်ထဲဖြည်သိမ့်မိသည်။ပြီးတော့
ပြီးတော့လည်း လုယာနေမကောင်းဘူးဟာ
“မင်းအဝတ်တွေချွတ်လိုက်!”
“ဘုရားရေ”
ကုတင်နားရောက်တယ်ဆို လေသံဩဩကြီးနဲ့
ပြောလာတော့ တစ်ကိုယ်လုံးတုန်တက်သွားခြင်းနဲ့
သူ့ကိုပြူးဝိုင်းစွာ ဖျက်ခနဲကြည့်လိုက်တော့
မေးဆက်၍ ပြန်စိုက်ကြည့်တော့ လုယာ
အသားတွေပင် တစ်ဆက်ဆက်တုန်လာသည်။
“ကိုယ်မင်းကိုပြောတာ မကြားဘူးလား”
အနားကပ်ကာ မျက်နှာထားတင်းတင်း
ပြေနေသော လုယာ တုန်တုန်ရင်ရင်လေး
မျက်နှာလေးရှုံ့ကာ ရှိုက်သံသဲ့သဲ့လေးနဲ့
ပြန်ဖြေသည်။
“ကြား ကြားပါတယ်
ဒါ ဒါပေမဲ့ ဘာ ဘာလို့လည်းဟင်
လုယာ လုယာနေမကောင်းဘူးလေ”
ကပြာကယာလေး ပြူးကျယ်တုန်ရင်နေသည်။
သူ ရယ်ချင်သွားသည်။ရယ်ချင်စိတ်ကို
အတတ်နိုင်ဆုံးထိတ်ချုပ်ရင်း သူမရဲ့
အနိမ့်အမြင့်မြန်ဆန်နေသော ရွှေရင်အစုံဆီ
အကြည့်တွေ စူးကျသွားပြီး
“ဘာရှက်နေသေးတာလည်း
ကိုယ် မမြင်ဖူးတဲ့နေရာလည်း
ရှိမနေဘူးမလား”
“ဟင်!”
သူ ပြောတဲ့ စကားတိုင်း
ကြက်သီးထစဖွယ်ပင်။
မျက်ဝန်းလေးမှိတ်သွားကာ
တံတွေးလေးမျိုချရင်း
“အခုက ဘာလို့လည်းဟင်”
“နေမကောင်းမှတော့
ရေပတ်တိုက်မလို့ပေါ့”
အို! ရေပတ်တိုက်ဖို့ ပြောတာကြီးကလည်း
လူကို သေချင်စိတ်ပါပေါက်အောင်
“ဒါပေမဲ့ ရပါတယ်
လုယာ မဖျားပါဘူး
ဆန်ပြုတ်သောက်ပြီး
ဆေးသာက်ပြီးအိပ်လိုက်ပါ့မယ်”
သူ ဆက်မငြင်းချင်တော့လို့
ခေါင်းငြိမ့်လိုက်၏။
ဒေါ်ဒေဝီက ခင်ခင့်ကို ဆန်ပြုတ်အိုးကြည့်ခိုင်းခဲ့ကာ
ခြံတံခါးဖွင့်ပေးဖို့ထွက်လာတော့ ခြံရှေ့တွင်
လုယာရဲ့ဖခင်ကိုမြင်လိုက်ရသည်နဲ့
မျက်လုံးပြူးသွားသည်။
?????
တစ်ညလုံး အဖျားတွေတက်ပြီး
ညည်းနေတဲ့ သူမကြောင့်
သူသေချာမအိပ်ရ၍ နည်းနည်း
နောက်ကျမှထဖြစ်သည်။
ရေချိုးကာ အဝတ်စားလဲပြီး
အောက်ထပ်သို့ဆင်းလာတော့
ကျွန်းခုံတွေပေါ်က သူမဖခင်ကိုမြင်လိုက်ရသည်နဲ့
ကြည်လင်နေတဲ့ သူ့စိတ်တွေ
ရှုပ်သွားရကာ မျက်နှာလည်း
ပိုမာသွားသည်။
ဒါကို ဒေါ်ဒေဝီရော သူမကပါ
သေချာသတိထားမိတာကြောင့်
တစ်ယောက်မျက်နှာတစ်ယောက်
မျက်နှာငယ်လေးတွေနဲ့ ကြည့်ကြသည်။
ခင်ခင်က ခေါင်းလေးမဖော်စတမ်း။
“ဒါက ဘယ်လိုတွေဖြစ်နေတာလည်း
ဒေါ်ဒေဝီ ကျွန်တော်လည်းမသိရပါလား”
“ဦး ဦးအတင်းကြီးတောင်းဆိုမိတာပါ
သမီးလေးနဲ့တွေ့ချင်လို့ပါ
ပြီးရင်ပြန်မှာပါ”
လုယာ ဖေဖေ့လက်ကို ဆုပ်ကိုင်ထားရင်း
မျက်ရည်များတစ်သွင်သွင်စီးကျနေသည်။
သူ့ကိုလည်း မရဲတရဲလေးခိုးကြည့်ကာ
ဖေဖေ့လက်ကိုလည်းမလွှတ်ပေးနိုင်။
“သမီးကိုတွေ့ချင်တာလား
ငွေလိုတာလား”
ပြတ်သားသော စကားလုံးတွေကြောင့်
မျက်နှာပျက်သွားရတဲ့ ဖေဖေ့ကို
လုယာသနားလည်းသနားသွားသည်။
ဒါပေမဲ့ တကယ်ဘဲဖေဖေကငွေလိုနေတာထင်သည်။
ဘာမှ မဖြေဘဲ မျက်စိပျက် မျက်နှာပျက်
ဖြစ်နေသူကို သူနှုတ်ခမ်းမဲ့ကြည့်ကာ
“သိန်းငါးဆယ်ထပ်ပေးလိုက်မယ်
နောက်လာမရှုပ်ဘူးဆိုတဲ့
စာချုပ်မှာလက်မှတ်ထိုးရအောင်”
ရတိပြတ်ပင်။
လုယာ ဘာမှဝင်မပြောရဲ။
တကယ်ဘဲဖေဖေက လုယာကို
ပြန်ခေါ်ဖို့ မဟုတ်ဘူးလားဟင်
နှုတ်ခမ်းထပ်က ဖွင့်ဟမမေးရဲတော့
မျက်ရည်တွေက ထွက်ကျလာပြန်သည်။
ဖေဖေရယ် ရက်စက်လိုက်တာ
?????
နေကောင်းသွားပြီမို့ သူပြန်မလာသေးတဲ့
အချိန်လေး အခန်းပြင်ထွက်လာရင်း
ခင်ခင်တားနေတာတောင် ညလေညှင်းများ
ခံယူဖို့ရာ ခြံထဲဆင်းလာခဲ့သည်။
ခုံမှာထိုင်ရင်း တစ်ဖျက်ဖျက်
ကြယ်လေးတွေငေးမောကာ
မျက်လုံးလေးမှိတ်ယှက်၍
လေညှင်းအေးတွေခံယူနေသည်။
အနွေးထည်လာပေးတော့
ယူထားလိုက်ပြီးပေမဲ့
မဝတ်ဖြစ်…
ခင်ခင်က အမိန့်ပေးရဲသူမဟုတ်လို့
သာသာလေးလှည့်ထွက်သွားပါသည်။
မိနစ်ပိုင်းလောက်နေပြီး
အနည်းငယ် နေသာထိုင်သာ
ရှိသွားပြီမို့သူလည်းမလာသေး၍
အခန်းထဲပြန်တက်နေဖို့
ဟန်ပြင်တုန်းကားဟွန်းသံကြီး
နားထဲကြက်သီးထစဖွယ်…
သူ သူအကျင့်မကောင်းအောင်
အကောင်ကြီးကြီးနဲ့ခွေးတစ်ကောက်ကို
ခြံတံခါးနား သံကြိုးချည်ထားရာ
ထိုခွေးကလူစိမ်းဖြတ်သွားရင်ကို
ဟောင်နေလေသည်။
ဒါကြောင့် ခြံလည်လောက်အထိသာ
လုယာသွားလာရဲသည်။
ကားကို ရပ်နေကျနေရာ
မရပ်တော့ဘဲ သူမလေးကိုမြင်၍
ကားရပ်၍ဆင်းခဲ့၏။
သူ့ကိုမြင်တော့ အတန်ကြာအထိ
နှုတ်ခမ်းလေးပွင့်ဟလျက်သာ
ငေးကြည့်နေရှာ၏။
ခါးလေးကိုဆွဲဖက်ကာ
ညိုညစ်ညစ်နှုတ်ခမ်းပါးတစ်စုံ
ဖူးပြီးပွင့်အာနေတဲ့ သူမ နှုတ်ခမ်းလေးဆီ
ငုံ့ရှိုကာနမ်းလိုက်သည်။
တစ်ဆက်တည်းမှာပင် လည်တိုင်လေးတွေကို
အတင်းကပ်နမ်းကာ နှာတံလုံးလုံးလေးကို
ဖွကိုက်၍ အနီးကပ်ကြီးစိုက်ကြည့်ကာ
“မင်းနေကောင်းသွားပြီဆိုတော့
ကိုယ်လည်း အရင်နှစ်ရက်ကျော်က
အောင့်အီးထားတာတွေ ပြန်ယူလို့ရပြီမလား”
“ဟင်!”
လုယာ မျက်ခုံးလေးတွေထိလုနီးနီး
စုကျုံ့သွားရကာ အနောက်ရို့လိုက်ပေမဲ့
သူက ခါးကိုပွေ့ထားတာကြောင့်
ရင်အုံမာမာကြီးဆီ သူမရဲ့ နူးညံ့တဲ့
ရင်သားလေးတွေပူးကပ်နေရသည်။
“ဟင့်အင်း လုယာနေလို့မှမကောင်းတာ”
အေးစက်စက်ဖြစ်နေတဲ့ သူမ အသားကို
သူထိကပ်ခံစားနေရရင်း ပြုံးလိုက်သည်။
“ထမင်းစားမယ်
မင်းမစားရသေးဘူးမလား”
သူဘဲ ထမင်းစားဖို့
စောင့်ပါလို့ ဖုန်းဆက်ထားပြီး
မျက်စောင်းထိုးချင်စိတ်ကို
အတင်းပြင်ထားရကာ
ခေါင်းလေးငြိမ့်ရင်းမှ
“ဟုတ် မစားရသေးဘူး”
လက်တစ်လုံးကြိုးလေးကြောင့်
ညမီးရောင်အောက်က လည်တိုင်လေးဟာ
ဖွေးခနဲထင်းဟပ်နေသည်။
ရင်အုံပြည့်ပြည့်လေးတွေက
သူ့ကိုအာခြောက်စေ၏။
“ဒါဆို ကိုယ်ထမင်းအရင်စားမယ်”
“ဟင်!”
ဆွဲခေါ်သွားတဲ့ အကြောစိမ်းများေ
ထာင်နေသော သူ့လက်ကြီးကိုနဲ့
ကျောပြင်ကိုသာ ရင်တုန်စွာ
ကြည့်မိနေရင်း ငေးငေးငူငူလေး
ပါသွားရရှာသည်။
သူ တကယ်ကြောက်ဖို့ကောင်းတဲ့လူ…
?????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)