Daddy လူဆိုး - အပိုင်း 9
သင်တန်းဆရာနဲ့ ဒယ်ဒီ စကားပြောနေကြတာကို
ရုံးခန်းအပြင်ကနေ ဖူးမြတ်သွယ်နဲ့ သူမစောင့်ရင်း
ရပ်ကြည့်နေကြသည်။
ထွက်ပြေးဖို့အများကြီးစဉ်းစားနေရင်းက
မလွတ်မြောက်လို့ သူ့ရင်ခွင်ထဲပဲ
ပြန်ရောက်ရင်လည်း လုယာသာ သူ့အစားခံဘဝနဲ့
ပင်ပန်းရဦးမည်။
တစ်နေ့ကတုန်းကဆို ဒေါ်လေးဒေဝီက
နုငယ်ကို အကြင်နာဆုံးမျက်ဝန်းတွေနဲ့
စိုက်ကြည့်ရင်းပြောလာသည်။
“သခင်ကြီးကိုမထားခဲ့ဖို့
ဒေါ်လေးတောင်းပန် တောင်းဆိုပါရစေ
သခင်ကြီးက ဘယ်မိန်းမကိုမှ
ရောသောနေတာမဟုတ်ဘူး”
လုယာ ဟုတ်ပါ့မလားလို့တောင်
မတွေးနိုင်။ဖူးမြတ်သွယ်ကသာ
တစ်ဖက်သတ်ကြီးလိုက်ရောနေတဲ့အတိုင်း
သူက ခပ်တန့်တန့်ဆက်ဆံသည်။
မနေ့ညတုန်းဆို ထမင်းစားပြီး
ခြံထဲခနဆင်းကြရင်းက
လုယာဘေးကနေ ကိုကို ကိုကိုဆိုပြီး
သူ့လက်ကိုအတင်းဆွဲနေတာ
လုယာကိုတမင်လုပ်ချင်တာလည်း
ပါမှာပေါ့…ဒါပေမဲ့ သူကတကယ့်ကို
တည်တည်ငြိမ်ငြိမ်ကြီး
သူ တကယ်အရောမဝင်ဘူးဆိုတာ
လုယာမြင်သာပေမဲ့ သူ့ကိုချစ်မှမချစ်တာ
အကြွေးနဲ့သိမ်းခံထားရလို့ကို
ပိုပြီးမုန်းသည်။
ထိုကဲ့သို့ပြောပြီးအပြင် ဒေါ်ဒေဝီက
ထပ်မံ၍
“သခင်ကြီးက စိတ်ကောင်းရှိတယ်
ဟိုမောင်နှမနှစ်ယောက်ကို အခုထိ
အပြစ်မမြင်ပဲတင်ကျွေးထားတာဘဲကြည့်လေ”
“ဟုတ် လုယာသိပါတယ်
ဒါပေမဲ့ဒေါ်လေး လုယာ
သူ့ကိုမချစ်နိုင်လို့ သူ့အနားမနေနိုင်ပါဘူး”
ထိုဖြင့် ပြန်ပြောလိုက်တော့ ဒေါ်ဒေဝီမျက်နှာက
ညှိုးမှိုင်းသွားတာကို လုယာတစ်ချက်သာ
ကြည့်နိုင်ခဲ့ပြီးလှည့်ထွက်လာခဲ့မိသည်။
သူခပ်ကင်းကင်းနေတာကိုတော့ လုယာသိပေမဲ့
ဖူးဖူးဆိုတဲ့မိန်းကလေးကို လုယာ
လန့်တယ်…အခုလည်း သူနဲ့သင်တန်းအတူတူ
တက်ရမှာ သူကတော့စိတ်ချခြင်းများနဲ့သာ
ရှိနေပြီး လုယာကတော့ တစ်နေ့တာ
ကျော်ဖြတ်ရမဲ့အချိန်တွေဟာ ငရဲခန်းဆိုတာ
ကြိုတွေးမိပြီးသားပါ။
သူထွက်လာတော့ လုယာ အတွေးတွေ
ဖျက်လိုက်ကာ ခေါင်းလေးငုံ့ထားသည်။
“ဘယ်လိုလည်းကိုကို
အဆင်ပြေလား”
“ပြေတယ် မပြေစရာ
ဘာအကြောင်းရှိလို့လည်း
မင်းရဲ့အနောက်ဘက်ကွန်ပျူတာခန်းမှာ
ကြေးလုယာတက်ရမယ်”
“ဟင် အနောက်ခန်း
ဘာလို့ တစ်ခန်းထဲ မဟုတ်တာလည်း”
သူ့စကားပင်မဆုံးခင် ပက်ခနဲ
ပြန်မေးတော့ လုယာ ကြောက်လန့်ကြီးစွာ
ကိုင်မိကိုင်ရာ အားကိုးတကြီး
ကိုင်လိုက်မိတာ သူ့လက်ကိုဖြစ်နေသည်။
အလန့်တစ်ခြားဖြင့် ပြန်လွှတ်လိုက်တော့
သခင်ကလစ်ခနဲပြုံး၍
“ကိုယ့်ကိုလွမ်းနေရတော့မှာစိုးလို့လား”
“ဟင်!”
လက်လေးကိုပြန်လွှတ်ချလိုက်တော့
သူကပြန်ဆွဲကိုင်လိုက်ရာ
လုယာရင်ထဲဒိန်းခနဲတုန်လှုပ်သွားရသည်။
“လာ ဆရာ့ဆီ”
“ဟုတ်”
ဖူးဖူး သူမမျက်လုံးထဲ
အတူတူလက်တွဲသွားတဲ့
ကျောပြင်တွေကို မုန်းတီးစွာ
လိုက်ကြည့်မိသည်။
ငယ်ငယ်ထဲက ကိုကိုနဲ့
နေလာခဲ့တာ ကိုကို့မိဘတွေကလည်း
အရမ်းချစ်ကြတယ်
ပြီးတော့ သူမနဲ့ကိုကို့ကို
လက်ထပ်ဖို့အထိ သဘောတူကြတာဟာ
ဘယ်လိုလူကဝင်နှောက်ယှက်ရဲမှာလည်း
ဖူးဖူးလက်သီးတင်းတင်းဆုပ်ပြစ်ပြီး
မျက်ဝန်းတစ်စုံနီရဲလာတဲ့အထိ
ဒေါသတွေပြည့်လာရသည်။
ကျိခနဲအံကြိတ်ပြစ်လိုက်ကာ
နှုတ်ခမ်းလေးဖိကိုက်လိုက်၏။
ရက်ပိုင်းအတွင်းဝင်လာရုံနဲ့
ကိုကို့ဘေးနားထာဝရနေရမယ်ထင်လား
ဖူးဖူးရဲ့ အညှိုးကြီးသော
စကားလုံးတွေကို သူမလေးတော့မသိရှာ
?????
နှုတ်ခမ်းနီရဲရဲလေးဆိုးလိုက်တော့
ထောင့်လေးတွေအထိပေကုန်ကာ
စိတ်ကမရှည်တော့၍ မျက်နှာပြေးသစ်ပြီး
ဖိုင်လေးပိုက်ကာ အောက်သို့ဆင်းလာခဲ့သည်။
“ကိုယ်အလုပ်သွားဖို့နောက်ကျတော့မယ်
ဘာတွေလုပ်နေတာလည်း”
“ဟင် မ မလုပ်ပါဘူး”
နှုတ်ခမ်းလေးလိုတာထပ်
ပိုရဲနေတာကို သတိထားမိသွားတဲ့
သခင် မျက်မှောင်တွေ အလိုလို
ကုပ်ခြစ်လာပြီး အနားတိုးကပ်ကာ
သေသေချာချာအကဲခတ်နေသည်။
နှုတ်ခမ်းအိအိလေးပေါ်
သူ့လက်မကြီးပွတ်ဆွဲလိုက်တော့
မပြောင်သေးတဲ့နှုတ်ခမ်းနီ
အနည်းငယ်ပေလာတော့
သူမျက်မှောင်ကြီးဖိကုပ်သထက်
ပိုကုပ်လာကာ နှုတ်ခမ်းပါးတွေ
တင်းသွားသည်။
“ကြေးလုယာ အလှပြင်ထားတာလား”
“ဟမ်! အဲ့တာ အဲ့တာ
နည်းနည်းလေးကို”
“မင်းအခန်းမှာ ယောင်္ကျားလေးမရှိဘူးနော်
ပြီးတော့ ဘာလို့အလှပြင်တာလည်း
ကိုယ်သင်တန်းတက်စေချင်တာက
အလုပ်ဝင်ဖို့လည်းမဟုတ်သလို
ဘာမှခိုင်းစားဖို့လည်းမဟုတ်ဘူး
အိမ်မှာနေရတာ တစ်ယောက်ထဲ
ပျင်းနေမှာစိုးလို့ ပြီးတော့ စိတ်ချရတဲ့သင်တန်း
တစ်ခြားဘာမှ မကြားချင်ဘူး”
ပြောလည်းပြော နှုတ်ခမ်းလေးကို
သူ့လက်နဲ့ခပ်ဖိဖိပွတ်ဆွဲ၍
နှုတ်ခမ်းလေးပင်ပူရှိန်းသွားရသည်။
“သနပ်ခါးလိမ်းရင်လည်း
လှနေအောင်လိမ်းတာနဲ့
ဆွဲဖျက်မှာ နောက်တစ်ချက်က
အဝတ်စား ဒူးပေါ် လက်မောင်းပေါ်
ခါးပေါ်ဝတ်ကြည့်လိုက်
မြင်တာနဲ့ဆွဲချွတ်ပြစ်မယ်”
ခန္ဓာကိုယ်ကြီးကိုင်းလာသည်နဲ့
သူမ ကိုယ်လုံးလေးရို့ထားတော့
ခါးလေးကိုဆွဲဖက်ပြီးပြော၏။
“ကြားလား”
“ကြား ကြားပါတယ်”
သေချာတဲ့အဖြေ ကြားလိုက်ရမှ
လွှတ်လိုက်သည်။
သူဝတ်ဖို့ပြထားတဲ့အထဲမှာ
အတိုအပြတ်ပါတာ သူမမြင်မိပါ။
အဲ့တာတောင် တစ်ဇွတ်ထိုးကြီး
ပြောနေသည်။
????
“ဆရာပြောတာတွေ သေချာမှတ်မယ်
စာအုပ်ကိုလည်းကြည့် ကီးဘုတ်ကိုလည်း
ကြည့်မယ်”
အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့
လေးထောင့်ဆန်တဲ့မျက်နှာထပ်
ပါဝါမျက်မှန်တပ်ထားပြီး
ဆံပင်တွေအပေါ်လှန်ဖြီးထားသော
သင်တန်းဆရာက ခဲရောင်လက်ရှည်အင်္ကျီနဲ့
အမည်းရောင်ဘောင်းဘီကို
အင်္ကျီစတွေထည့်ကာဝတ်ထား၍
ခန့်ညားကာ ကြည့်လို့ကောင်းနေသည်။
ဆရာ့ရဲ့ စကားအတိုင်း
အတန်းသူတွေလိုက်ကြည့်နေရသလို
လုယာလည်း သေချာလိုက်ကြည့်၏။
ဆရာနဲ့ ဒယ်ဒီက
အသက်တူတူလောက်ဖြစ်မည်။
သင်တန်းလာအပ်တုန်းကလည်း
အခုမှ သိကြတဲ့လူတွေလိုဟုတ်မနေ။
နောက်ပြီး နာရီဝက်နားချိန်ပေးပေမဲ့
လုယာကတော့ အခန်းပြင်
ထွက်လို့မရပဲ သူငယ်ချင်းတွေနဲ့
မုန့်မှာခိုင်းတတ်၏။
ထို့အပြင် ဆရာအပြင်ထွက်သွားတိုင်း
ဆရာ့ညီလို့မိတ်ဆက်ပေးဖူးတဲ့
လူတစ်ယောက်က အမြဲတန်း
အခန်းထဲရောက်လာတတ်၏။
ဆရာနဲ့ဒယ်ဒီတို့ သူငယ်ချင်းများဖြစ်နေမလား
အတန်းဆင်းချိန်ဆိုလည်း
ဒယ်ဒီ့ကားကိုမြင်မှ
လုယာ အခန်းပြင်ထွက်ရတတ်သည်။
“အခန်းတစ်ခန်းပြတ်ရင်
တစ်ရက်ပိတ်ပေးမယ်”
ဆရာက အသင်အပြကောင်းသလို
စာလုပ်ချင်စိတ်ရှိအောင်လည်း
အပြောကချိုသည်။
?????
နာရီဝက်နားချိန်ဖြစ်လို့ လုယာ
သန့်စင်ခန်းသွားဖို့ ဆရာ့ညီကို
ခွင့်တောင်းတော့အဖော်တစ်ယောက်
အတင်းလိုက်သွားခိုင်း၏။
ဆရာ့ညီက လုယာတို့နဲ့
အသက်တူတူလောက်ပင်။
တစ်ယောက်ထဲ သွားဖို့
လုံးဝခွင့်မပေးတော့လည်း
ဖြူစင်ဆိုတဲ့ မိန်းကလေးနဲ့
အတူတူထွက်လာရသည်။
အတန်းသူတွေသီးသန့်သုံး
သန့်စင်ခန်းသုံးလုံးရှိသည်။
သန့်စင်ခန်းရှေ့နားကိုတော့
အုပ်တံတိုင်းကြီးက လုံခြုံစွာဖြင့်
ကာရံထားသေးသည်။
လုယာတို့အခန်းကနေ ဖူးဖူးအခန်းကို
ဖြတ်ပြီးဆင်းမှ သန့်စင်ခန်းဆီ
သွားလို့ရ၏။
အနောက်က ဖူးဖူးထွက်လာလိမ့်မယ်လို့တော့
မထင်ထားမိတဲ့ လုယာ သန့်စင်ခန်းထဲ
ဝင်လိုက်တော့ နောက်ကနေဆံပင်ကို
လှမ်းဆွဲလိုက်ခြင်းကြောင့်
လည်ပင်းလေးကျိုးတော့မတတ်
ခေါင်းလည်းကျိန်းစက်သွားရကာ
အလန့်တစ်ခြားအော်လိုက်မိ၏။
“နင် ကိုကို့ကိုဘာတွေနဲ့မြှူထားတာလည်း
ျာသယ်မ ျာခံမစားဘဲ ငါ့ကိုကိုကို
ခန္ဓာကိုယ်ပြပြီးခြူထားပုံပဲ”
သူမ ဆံပင်ကိုဆွဲထားသော
လက်တွေကိုပြန်အုပ်ကိုင်၍
အတင်းရုန်းပြစ်လိုက်တော့
နှစ်ယောက်သားခပ်ခြဲခြဲ ဖြစ်သွားရကာ
လုယာက သန့်စင်းခန်းတံခါးဘေးနားတွင်
ကျောမှီလျက်သားဖြစ်သွားရကာ
ရှေ့က ဒေါသတွေနဲ့ အသက်ရှူသံ
ပြင်းပြနေသော ဖူးဖူးမျက်နှာ
ရဲဖြာနေသည်။
အသက်ရှူသံတွေလည်းမြန်ဆန်နေကာ
မျက်ဝန်းမှ မျက်ရည်လေးတွေဝဲတက်လာသော
ရှေ့ကလုယာကို နှုတ်ခမ်းတွေမဲ့ပြီး
ခပ်စူးစူးကြီးစိုက်ကြည့်နေသည်။
လုယာ ဘေးဘီကိုကြည့်တော့
ဖြူစင်ကလည်း အုပ်တံတိုင်း
အပြင်ဘက်မှာရပ်နေခဲ့တာဖြစ်ပြီး
အခုလည်း ဖူးဖူးနဲ့လုယာ
နှစ်ယောက်ဘဲရှိနေ၏။
ရှေ့သို့တိုးလာတဲ့ ဖူးဖူးကြောင့်
လုယာအနောက်ဆုတ်ပြစ်သောလည်း
သူမကျောပြင်တွေနံရံတစ်ခုမှာဖိကပ်နေရပြီး
တိုးဆုတ်စရာနေရာပင်မကျန်တော့
မျက်ရည်းလေးတွေ တစ်လူးလူး
ဖြစ်လာကာ ဖြူစင်ကိုအော်ခေါ်ပေမဲ့
တုန့်ပြန်သံမလာ…
“ခေါ်မနေနဲ့ ဘယ်ကောင်မမှ မရှိဘူး”
လုယာ ကြက်သီးလေးတွေဖြန်းခနဲ
လူကိုသည်းကြီးမည်းကြီး
အညှိုးကြီးစွာစိုက်ကြည့်နေသော
ဖူးဖူးက ကျားရဲကြီးအလား
တိုက်ခိုက်ဖို့အသင့်ဖြစ်နေသည်။
လုယာကတော့ ခုခံနိုင်စွမ်းတောင်
မရှိတဲ့ယုန်ငယ်လေးအတိုင်း
ကြောက်တဲ့စိတ်တွေနဲ့သာ
ကြည့်နေခဲ့မိသည်။
လုယာအနားဖျက်ခနဲကပ်လိုက်ပြီး
လည်ပင်းကိုညှစ်ရင်း
ပါးတွေရိုက်ပြစ်သည်။
အလူးအလဲခံနေရတဲ့ လုယာ
သူမလည်ပင်းကိုအားနဲ့ညှစ်ထားတာကြောင့်
အသက်ရှူရခက်လာရကာ
မျက်နှာလေးပါရဲလာသည်။
ထိုလက်တွေကိုကုပ်ဖဲ့ပေမဲ့
မလွှတ်တဲ့အပြင် နောက်လက်တစ်ဖက်နဲ့ပါ
လည်ပင်းလေးကိုမညှာမတာညှစ်နေသည်။
“အု…အင့်”
အသက်ရှူခွင့်တွေတစ်ဖြေးဖြေး
နည်းပါးလာတော့ မျက်နှာကြီးနီနေတာကို
သတိဝင်ကြည့်မိတော့မှ မဲ့ပြုံးအေးစက်စက်နှင့်
လွှတ်ပေးလိုက်တော့ တစ်ဟွတ်ဟွတ်ချောင်းသံနဲ့
အသက်လုရှူနေသည်။
“အဟင်း ငါ့ကိုကိုက ငါ့အတွက်ဘဲဆိုတာ
ောက်ကောင်မနင့်ောက်ဦးနှောက်ထဲ
ထည့်မှတ်ထား”
သူမနားထင်ကိုလက်ညှိုးနဲ့ထိုးပြစ်ကာ
လေသံတွေမာထန်နေ၏။
“လုယာဖူးဖူးရဲ့ကိုကို့ကို
မချစ်ပါဘူး လိုလည်းမလိုချင်ဘူး”
“ဒါဆို ကိုကို့အနားကထွက်သွားပြ”
ပိတ်ငေါက်လိုက်တော့ ပူရှိန်းနေတဲ့
မျက်နှာလေးအား လက်ခုံနဲ့ပွတ်သပ်ကာ
ဟင့်ခနဲရှိုက်ပြီး
“ထွက်သွားလို့ရအောင် ဖူးဖူးကူညီမလား”
ဖူး မျက်နှာတစ်မျိုးပြောင်းသွားပြီး
ဟွန့်ခနဲမဲ့ကာ လက်ပိုက်လိုက်၏။
“နင်ထွက်သွားမှာသေချာရင်
ငါရအောင်လုပ်ပေးမယ်”
လုယာ ခေါင်းလေးငြိမ့်၏။
မျက်နှာလေးရဲဖြာနေသည်။
“ဒီည ကိုကို့အရက်ခွက်ထဲ
ငါပေးတဲ့ဆေးထည့်ရမယ်
ပြီးရင်ငါ့ကိုခေါ်”
“ဘာ ဘာဆေးလည်းဟင်”
“စိတ်ကြွဆေး”
“ဟင်!!”
လုယာ မျက်ဝန်းလေးဝိုင်းကျယ်ကာ
မျက်ရည်စီးကြောင်းလေးအတိုင်း
ပြူးကြည့်ရင်း ဘာမှထပ်မပြောနိုင်။
တကယ်ကြီးလုပ်ရမှာလား
ဆိုတဲ့အကြည့်လေးနဲ့ ကြည့်နေ၍
လုယာကို ဖူးဖူးက အသေအချာပဲ
ဆိုသောအကြည့်နဲ့ ပခုံးလေးပါပင့်သည်။
လုယာ သူနဲ့ဝေးရရင်
ဘာဘဲဖြစ်ဖြစ်လုပ်ပါ့မယ်ဆိုတဲ့
ပုံစံလေးနဲ့ခေါင်းလေးငုံ့နေသည်။
လုယာ ထပ်လည်းညှင်းပန်းမခံနိုင်တော့၍
ထိုနည်းလမ်းက အကောင်းဆုံးဖြစ်လောက်မည်
ထင်ပါသည်။
အူတူတူလေးနဲ့မျက်ဝန်းလေးထောင့်ကပ်ကာ
စဉ်းစားနေဟန်လေးလုပ်နေသည်။
ဖူးဖူကတော့ ကိုယ့်အတွေးနဲ့ကိုယ်
နှုတ်ခမ်းတွေညွန့်ပြုံးနေသည်။
?????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)