Daddy လူဆိုး - အပိုင်း 16
သရက်သီးစားပြီးထဲက လုယာ တစ်ညနေလုံး
နေမထိထိုင်မသာ ဗိုက်အောင့်နေခဲ့ရပြီး
မျက်နှာလေးလည်း မအီမသာဖြစ်နေကာ
ဖြူစုတ်စုတ်ကလေးဖြစ်၏။
အပြင်ကပြန်လာတဲ့သူ ရေချိုးခန်းထဲဝင်သွားသည်။
ခင်ခင့်ဆီအပြေးလေးဆင်းလာခဲ့ကာ
ဆေးတောင်းတော့ အလင်္ကာမောင်နဲ့တိုးတော့တာပင်။
“နင် နင်မွှေပြန်ပြီ
သခင်သိရင် နင်ဆူခံရဦးမယ်”
“ခင်ခင်က မိန်းကလေးချင်း
ကိုယ်ချင်းစာလို့ကျွေးမိတာကို
ဘယ်လိုမိန်းကလေးမျိုးက
မကြိုက်ပဲနေမှာလည်းလို့”
လုယာ သူတို့မောင်နှမကိုလည်း ရှုံ့တွနေတဲ့
မျက်နှာလေးနဲ့ကြည့်ကာ
ဗိုက်ကိုလည်း လက်နှစ်ဖက်လုံးဖြင့်
ဖိကိုင်ထားရင်းက
“လုယာကိုဆေးအရင်ပေးပါလားလို့
ခင်ခင်ကျတော့ မအောင့်ဘူးလား”
စားနေကြလည်းဖြစ်နေလို့လားတော့ မသိပါဘူး
ခင်ခင်နည်းနည်းလေးတောင် မသိသာပေ။
မနက်ဖြန်စားဖို့အတွက်ပါ မချစ်စု
သရက်သီးတွေရွေးထားမိသေး၏။
ခင်ခင်က သူမမေးတာကို မျက်နှာလေး
ဘယ်ညာခါပြီးနှုတ်ခမ်းလေးဆူ၍
ကိုကို့ဘက်မော့ကြည့်ကာ
“ဆေးယူပေးလိုက် သခင်ကြီးကို
မပြောပါနဲ့ ခင်ခင်ကြောက်လို့ပါ”
“နင်က အမြဲအဲ့လိုကြီးပဲ”
“လုယာ ခင်ခင့်နာမည်မတပ်ပါဘူး
လုယာ့ဘာသာ စားလို့ဖြစ်တာလေ”
ကာရံပြောဆိုပေးနေတဲ့မျက်နှာလေး ဖျော့လျော့ပြီး
ရှုံ့မဲ့နေရှာသည်။ဆေးသွားယူပြီးပြန်လာတဲ့
အလင်္ကာ သူမလက်ထဲထည့်ပေးကာ
“ပရုတ်ဆီပါလိမ်းထား
နောက်ဆို မင်းလည်းဆင်ခြင်”
“ဟုတ်”
လုယာ အပေါ်သို့ ဗိုက်ကို ဖိပြီး
ပြေးတက်သည်။
ရေသံကြားနေရတာကြောင့် ရေချိုးခန်းထဲက
သူထွက်မလာသေးတာမို့ ရေဘူးလေးပြေးယူ၍
အလင်္ကာပေးတဲ့ပန်းရောင်ဆေးလုံးလေးကို
အမြန်သောက်လိုက်သည်။
ဆေးတစ်အားကြောက်တတ်ပေမဲ့
သူဆူမှာသိလို့ မြန်မြန်သက်သာချင်စိတ်တစ်ခုသာ
ကြီးစိုးနေတာမို့ လုယာ အမြန်ဆုံးသောက်ပြီး
ဗိုက်လေးကိုလှန်ကာ ပရုတ်ဆီလေး
လူးပြီး အိပ်ရာပေါ်တက်လှဲလိုက်ကာ
အားလုံးစိတ်ချရသွားတော့မှ မျက်လုံးလေးမှိတ်
ပြစ်လိုက်သည်။
ထိုးထိုးအောင့်နေတာကြောင့် အတင်းဖျစ်ညှစ်
အိပ်ပါသောလည်း အိပ်လို့မရတဲ့အထိကို
မခံစားနိုင်တော့တာကြောင့် လုယာ
မျက်ရည်လေးတွေနဲ့ ထထိုင်လိုက်ကာ
ဗိုက်ကိုအသကုန်ဖိထားပြစ်ရင်း
တိုးတိုးလေးရှိုက်ငိုနေမိသည်။
အစပ်စားတုန်းကတော့ ဒီရုပ်မဟုတ်သလို
ဒီလိုလည်းမတွေးမိခဲ့…။လုယာ ဗိုက်ဆာနေတဲ့အချိန်
ငရုပ်သီးများများစားပြစ်ခဲ့တာကြောင့်
လိုတာထပ်ပိုအောင့်နေရခြင်းဖြစ်သည်။
“အားး သေတော့မယ်ထင်တယ်”
ခပ်ကြိတ်ကြိတ်လေးအော်ပြီး ဗိုက်လေးအားဖိထားချိန်
တံခါးချပ်ကြီး ချောက်ခနဲပွင့်လာကာ
သူ့ရှေ့က သူ့အားမျက်ရည်အဝိုင်းသားမျက်လုံးလေး
ပြူးကြည့်နေတဲ့ လုယာကိုမြင်လိုက်ရတော့
မျက်ခုံးနှစ်ဖက်ဖိကျုံ့သွားရပြီး ကပြာကယာ
ခြေလှမ်းကြီးချဲလှမ်းကာ
“ဘာဖြစ်လို့လည်းလုယာ”
“ဟင် လု လုယာ ဘာမှမဖြစ်ပါဘူး”
ငိုသံတွေကိုထိန်းထားတာတောင်
ကတုန်ကရင်ထွက်သွားသေးသည်။
မျက်နှာလေးနီရဲပြီး မျက်ဝန်းလေးရဲတက်ကာ
ပါးအိအိလေးဆီ မျက်ရည်ကြည်တွေဟာ
ပိုးပိုးပေါက်ပေါက်စီးကျလာ၏။
သူ့လက်တွေကိုလည်းခါထုတ်ရင်း အနောက်ဆုတ်နေတော့
စိတ်ဆက်သူပီပီ လက်ကောက်ဝတ်အား
ဆုပ်ကိုင်ထားရင်း ပခုံးလေးတစ်ဖက်ကိုညှစ်ကိုင်ကာ
မျက်နှာလေးအား တည့်တည့်ကြီး ကြည့်ပြီး
“ကိုယ်မင်းကို မေးနေတယ်
မင်းတစ်ခုခုဖြစ်နေတာမလား
ကိုယ့်ကိုအမှန်တိုင်းဖြေ ဘာလို့လည်း”
ခေါင်းလေးဝပ်ကာ မဖြေပဲ
အတင်း ခေါင်းခါပြနေသည်။
“ကိုယ့်ကိုပြောလို့ပြောနေတယ် လုယာ!”
စိုးရိမ်ဒေါသကြောင့် လေသံမာသွားရပြီး
သခင့်မျက်နှာကြီးတည်သွားတော့ လုယာ တုန်တက်
သွားကာ သူ့အား ပြူပြူဝိုင်းဝိုင်းလေးကြည့်ရင်း
မျက်ရည်တွေကိုပွတ်သုတ်ဖို့ပြင်တော့
သူ့လက်ခုံနဲ့ ဖွဖွလေးသုတ်ပေးပြီး မေးလေးကို
လက်ညှိုး လက်မဖြင့်ဆွဲယူမော့လိုက်ကာ
ဖြူဖျော့နေတဲ့ မျက်နှာသေးသေးလေးကို
သက်ပြင်းဖွကာကြည့်၍
“ဗိုက်အောင့်နေတာလားပြော”
ဝန်မခံလို့လည်းမရအောင် သူ့မျက်နှာကြီးက
တည်ကြည်နေတာသည်။ပြီးတော့ လုယာ
ထပ်မခံစားနိုင်တော့ပါ။
နှုတ်ခမ်းလေးဖိကိုက်ပြီး လက်သီးလေးဆုပ်ပြစ်ရင်း
ဟင့်ခနဲရှိုက်သံလေးတစ်ချက်ဖြင့်
“ဟုတ် ဟုတ်တယ် အောင့်တယ်
လုယာ လုယာ သေတော့မယ်ထင်တယ်”
“အာ ပေါက်ပေါက်ရှာရှာကွာ”
မျက်ရည်တွေကလည်းအဆက်မပျက်ကျနေတာကြောင့်
မခံမရပ်နိုင်အောင့်နေတယ်ဆိုတာလည်း သခင်သိလာ၍
ကုတင်ပေါ်ကဆင်း၍ ဗီရိုထဲက တွေ့ရာ အဝတ်တစ်စုံ
ခပ်မြန်မြန်ဆွဲယူ၍ ဖြစ်ချင်သလိုဖြစ်ဆိုတဲ့ပုံစံ
ဝတ်လိုက်ကာ သူမကိုပွေ့ချီ၍ အောက်သို့ဆင်းလာ
ခဲ့ပြီး အလင်္ကာကိုကားထုတ်ခိုင်း၏။
“မသက်သာဘူးလား”
သခင်ကြီး ရင်ခွင်ထဲ မျက်ရည်တွေနဲ့ ဗိုက်ကိုဖိပြီး
လိုက်ပါလာတဲ့ လုယာကိုမြင်တော့ သူစိတ်ပူဇောကြောင့်
ဘာမှမစဉ်းစားပဲမေးလိုက်မိပြီးမှ သခင်ကြီးကို
ကြည့်မိပြီး မျက်လွှာချရင်း ကားဂိုထောင်ဘက်
အပြေးတစ်ပိုင်း
ခင်ခင်ကတော့ မမလေးဖြစ်နေတာကိုကြည့်၍
စိတ်မကောင်းသလို ကြောက်လည်း
ကြောက်နေရင်း မျက်နှာငယ်လေးဖြစ်သာ
ကျန်ရစ်ခဲ့သည်။
မမလေး အမြန်ဆုံးသက်သာပါစေ…
???????
“သက်သာပြီလား”
ဆေးထိုးပြီး အိပ်ဆေးအရှိန်ကြောင့် လုယာ
အိပ်ပျော်သွားခဲ့ရာ နိုးတော့မှ လက်ကိုကိုင်ပြီး
စိုးရိမ်တကြီးမေးနေတဲ့ သူ့မျက်နှာကို
မြင်ပြီး ခေါင်းလေးငြိမ့်ပြလိုက်သည်။
အဖြူရောင်မျက်နှာကျက်ကြီးနဲ့ ဘေးဘီကို
မျက်ဝန်းလေးဖြင့်သာ ကြည့်မိရင်း
လုယာ နှုတ်ခမ်းလှူပ်ရုံလေးမေးလိုက်တော့
“အင်း ဆေးရုံမှာလေ မနက်ကျမှ
ဆင်းမယ်ပြောထားတယ်”
“ဟုတ် လုယာ သက်သာပြီ”
“အင်း အိပ်ချင်သေးရင်
အိပ်တော့ မနက်နှစ်နာရီတောင်ရှိပြီ”
“ရှင်”
နှစ်နာရီဆို၍ လုယာ မျက်လုံးလေးပြူးသွားသည်။
တစ်ဆက်တည်းမှာပင် ပိုက်တွေရှိတဲ့
လက်လေးကိုဘေးလှည့်ထောက်ပြီး
ခန္ဓာကိုယ်လေးရို့ကာ ထထွက်ဖို့ပြင်နေသည်နဲ့
ပခုံးလေးနှစ်ဖက်ကနေ ညှင်သာစွာပြန်လှဲလိုက်ရင်း
သူ့ကိုယ်လုံးကြီးညွန်းကျကာ
“ဘာလို့ထဦးမလည်း
သန့်စင်ခန်းသွားချင်လို့လား”
“ဟမ့်အမ်း ဒယ်ဒီ မအိပ်ဘူးလား
ဒီမှာအိပ်လေ လုယာထိုင်နေမလို့”
“ဟော ကိုယ်ကအကောင်းကြီး
အိပ်တော့ ကိုယ်အိပ်ထားတယ် ခုနမှနိုးတာ”
“ဟင် ဘယ်မှာအိပ်တာ”
“ဟိုမှာဆိုဖာကြီးလေကွာ”
သူလက်ညှိုးထိုးပြတော့ အညိုရောင်
ဆိုထာကြီးက ထောင့်မှာကပ်လျက်
ရှိနေ၏။
လုယာ ခေါင်းလေးလည်းငြမ့်ရင်း
ဟုတ် ဟုပြောကာ စိတ်ချလက်ချ
မျက်လုံးလေးပြန်မှိတ်တော့ သူ့လက်ကြီး
တစ်ဖက် လုယာဗိုက်ပေါ်ဖွဖွလေး
ပွတ်သပ်နေတော့ရာ ပိုပြီးသက်သာသလို
ခံစားရသည်။
လုယာ နှဖူးပေါ်က ချွေးစလေးတွေကို
လက်ခုံနဲ့ အသာလေးပွတ်ရင်း နှဖူးလေးကို
ငုံ့လျှိုနမ်းပြီး လက်လေးကို သူ့လက်နဲ့
ထပ်ဆုပ်ကိုင်လိုက်ပြီး ခေါင်းလေးကို
ပွတ်သပ်ရင်း သူထိုင်လိုက်သည်။
သူမလေးကိုဆေးရုံခေါ်လာပြီးထဲက
သူတစ်စက်လေးမှ မအိပ်ရသေးပေမဲ့
ညာမပြောရင်လည်း ရစ်နေဦးမည်ဆိုတာ
ကြိုသိသည်နေ၍ ဖြစ်လေ၏။
အိပ်ဆေးအရှိန်တွေကြောင့် ခနလေးအတွင်း
ထပ်အိပ်ပျော်သွားရှာတဲ့ မျက်နှာလေးကို
တစ်စိမ့်စိမ့်ကြည့်ရင်း တိတ်ဆိတ်သည့်
ညတစ်ညဟာ အလှပလေးကို ရစ်မူးရင်း
သူ အချိန်ကြာကုန်ဆုံးခဲ့လိုက်ရသည်။
?????
ဆန်ပြုတ်ကိုယ်တိုင်ချက်နေတဲ့ သခင်ကြီးရဲ့
ကျောပြင်ကြီးကို ခင်ခင် အသာလေး ချောင်းကြည့်ရင်း
ရင်ဘတ်ကိုဖိပြီး သန့်ရှင်းရေးလုပ်ဖို့ရာ
အထဲပြန်လှည့်လိုက်၏။
အပေါ်ထပ်က မမလေးကိုလည်း
ကြည့်ချင်တာကြောင့် တံမြတ်စည်းလေးကို
ချလိုက်ပြီး လှေခါးပေါ်ခပ်သွက်သွက်လေးလှမ်းရင်း
ပြေကျနေတဲ့ ဆံပင်လေးအား ဖြစ်ကလက်ဆန်း
ထုံးသင်းလိုက်မိသေး…
တံခါးသံကြောင့် လုယာ မျက်နှာလေးလှည့်ကြည့်တော့
အသံမကြားအောင် တံခါးပြန်စေ့နေတဲ့ ခင်ခင်
လုယာလည်း ထထိုင်လိုက်ပြီး နှုတ်ခမ်းဖျော့လေးများ
တွန့်ကာပြုံးရင်းမှ မျက်တောင်လေးခက်ပြစ်ကာ
“လာလေ ခင်ခင် လုယာ
အိပ်ရာထဲနေရတာ ငြီးစူးစူးကြီး
ပျင်းလည်းပျင်းနေတာ
ဒယ်ဒီက အပြင်မထွက်ရဘူးတဲ့သိလား
သင်တန်းဆရာကိုလည်း သက်သာမှ
သူစိတ်ချမှလိုက်ပို့ပေးမယ်လို့
လုယာရှေ့တင်ဖုန်းဆက်တာ”
ခင်ခင်က ကုတင်အောက် ထိုင်တော့
လုယာက လက်ကိုဆွဲပြီး ကုတင်ပေါ်
ထိုင်စေလိုက်ကာ ကြက်တူရွေးလေးလို
စကားတွေထော်ပြောနေသည်။
ခင်ခင်ကလည်း သူမပယောဂ မကင်းတဲ့ အသွင်ပြင်
မျက်နှာလေးဟာ ညှိုးငယ်ပြီး မမလေးလက်ကို
လှမ်းကိုင်လိုက်သည်။
“ခင်ခင် နောက်မကျွေးတော့ဘူး”
“ဟင် ခင်ခင်ကလည်း
လုယာ ဗိုက်ဆာနေတာကို
အစာမရှိပဲ အစပ်အရမ်းစားလိုက်မိလို့ပါ
ခင်ခင်နဲ့မဆိုင်ပါဘူး”
“ဟုတ်”
“လုယာ”
သူ တံခါးဖွင့်ရင် အသံပါပေးလာ၍
နှစ်ယောက်သား မလုံမလဲတိတ်သွားကြပြီး
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။
“ခင်ခင် အလုပ်သွားလုပ်တော့မယ်နော်”
ချက်ချင်း ဝုန်းခနဲထရပ်ပြီး ပြေးထွက်သွားတဲ့
ခင်ခင့်ကို သူတစ်ချက်လှည့်ကြည့်ပြီး
သူ့ကို ပြူးကြည့်နေတဲ့ အပြစ်လုပ်ထားသလို
မျက်နှားလေးဆီလှည့်ကာ မေးဆက်ပြရင်း
“ဘာလို့လည်း”
“ဟမ် ဟမ့်အမ်း”
ဆံနွယ်ရှည်ကြီး လှုပ်သွားတဲ့အထိ ခေါင်းလေးလည်း
တသွင်ခါလို့ သူ လက်ထဲက ဆန်ပြုတ်ပန်းကန်ကို
ကုတင်ဘေးကစားပွဲပေါ်တင်လိုက်ရင်း သူမရှေ့
တင်ပါးလွှဲထိုင်၏။
ဗိုက်ကို ဖွဖွလေးလှမ်းထိတော့ ခန္ဓာကိုယ်လေးကို
ရို့ပြစ်တာကြောင့်
“ဘာမှမလုပ်ပါဘူး မင်းမသက်သာသေးဘူးမလား
ဆန်ပြုတ်သောက်ပြီး ဆေးသောက်ပြီးအိပ်ရမယ်”
“ဟုတ်”
“ကိုယ် မမေးရသေးဘူးနော်
ဘာကြောင့်ဗိုက်အောင့်တယ်ဆိုတာကို”
“ဟင် လု လုယာ”
“အဟင်းဟင်း နောက်မှမေးမှာပါကွာ
အခုဖြေဖို့ မလိုသေးဘူး
အပြစ်လွတ်တဲ့ အဖြေမျိုးလည်း
စဉ်းစားလို့ရတာပေါ့ မဟုတ်ဘူးလား”
သူမနားသယ်စလေးကို သူ့လက်ဝါးနဲ့ ဖွဖွလေးကိုင်ပြီး
နှုတ်ခမ်းလေးဆီ လက်မနဲ့သာသာပွတ်တိုက်ရင်း
မျက်နှာကြီးနီးကပ်စွာပြောနေ၍ လုယာ ဖျားပါ
ဖျားချင်လာသည်။
??????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)