Daddy လူဆိုး - အပိုင်း 17
ဆန်ပြုတ်လည်းသောက်ပြီး
ဆေးလည်းသောက်ပြီးပြီ
လုယာ အိပ်ဖို့ပဲကျန်တော့တာမို့မအိပ်ချင်၍
နှုတ်ခမ်းလေးဖိကိုက်ကာ
လက်လေးနောက်ပြစ်ရင်း အခန်းထဲ
ဟိုဒီလိုက်ကြည့်နေရင်း စောစောက အပြင်ခန
သွားမယ်ပြောသွားတဲ့ ဒယ်ဒီလည်း မရှိဘူးဆိုတာ
သိနေ၍ ခြေထောက်လေးတွေရှည်ချင်လာသည်။
ခင်ခင်လည်း အလုပ်များနေလောက်သလို
ဒေါ်လေးဒေဝီက ညနေမှ ပြန်ရောက်မည်ဟု
ခင်ခင်ပြောပြထားသည်။
လုယာ ခြေလှမ်းလေးတွေ တိတ်ဆိတ်ငြိမ်သက်တဲ့
အခန်းထဲကနေ လှေခါးအတိုင်းဆင်းဖို့
ဟန်ပြင်လိုက်တုန်း အိမ်တံခါးဝကနေ
သူ့အသံကြီးကြားလိုက်ရကာ နားထင်မွှေးတွေပါ
ထောင်တက်လာရရင် ချက်ချင်းပဲ ချာခနဲ
လှည့်ဝင်တော့ စောစောက ပိတ်ခဲ့မိတဲ့ တံကို
မတွန်းမိပဲ အတင်းပြန်ဆွဲနေမိသည်။
လောနေတဲ့ စိတ်တွေနဲ့ပဲ သတိကပ်တယ်ဆို
ခပ်ပြန်ပြန်တွန်းပြီးပြန်ပိတ်လိုက်တာ ဝုန်းခနဲ
အိပ်ရာပေါ်ပြေးတက်ကာ စောင်ဖြူကို
ခေါင်းမြှီးခြုံလိုက်ရင်း အိပ်ချင်ယောင်
ဆောင်လိုက်ပေမဲ့အသက်ရှူခြင်းတွေက
ပခုံးလေးတွေလှုပ်နေတဲ့အထိ မြန်ဆန်နေသည်။
သူအခန်းထဲဝင်လာပြီး ခပ်ကြမ်းကြမ်းလှုပ်နေတဲ့
ပခုံးစောင်းလေးတွေကိုမျက်မှောင်ကုတ်ကာ
ကြည့်ပြီးမှ နှုတ်ခမ်းလှုပ်ပြုံးမိသည်။
သူ စောစောက သူမဂါဝန်စလေးကိုဖျက်ခနဲလည်း
မြင်လိုက်သေးတာကြောင့် ခေါင်းရမ်းရင်း
ရေချိုးခန်းဆီတည့်တည့်လျှောက်သွားကာ
အထဲမဝင်ပဲတံခါးပိတ်သံကိုကျယ်ပြစ်လိုက်သည်။
လုယာ စောင်လေးဖယ်ကာ သာသာလေး
ချောင်းကြည့်တော့ အဖြူရောင်တံခါးချပ်ကြီး
ပိတ်နေတာကြောင့် ထထိုင်လိုက်ရင်း
ဟူးခနဲသက်ပြင်းချတုန်း သူမဘေးကနေ
ကုတင်ပေါ်ထိုင်လိုက်သော သခင့်ကြောင့်
“အမေ့!”
ရင်ဘတ်လေးကိုဖိပြီး အော်ဟစ်မိလိုက်တဲ့
သူမပါးစပ်ကိုလက်ချောင်းလေးနဲ့ ပိတ်ပြစ်လိုက်ကာ
မျက်ဝန်းညိုလေးတွေပြူးတူးစွာဖြင့်
စိုက်ကြည့်ပြီး
“ရေ ရေချိုးခန်းထဲဝင်သွားတာ
ဟုတ်ဘူးလားဟင်”
မျက်ဝန်းလေးလည်းဝိုင်းစက်ကာ
နှုတ်ခမ်းလေးဟ၍ မျက်တောင်မခက်ပဲ
မေးနေ၍ သူ့အမည်းရောင်လက်ပတ်နာရီကို
ဖြုတ်ပြီး ကုတင်ဘေးကစားပွဲပေါ်
တင်လိုက်ကာ လက်ကြယ်သီးတွေဖြုတ်ပြီး
နက်ခ်တိုင်ကိုဆွဲဖြုတ်သည်။ပြီးမှ
သူမ မျက်နှာလေးကိုကြည့်ရင်း
“ကိုယ်မရှိရင် ဘယ်ကိုခြေပေါက်မလည်း”
“အမ် မ မပေါက်ပါဘူး
ဟို ဟို လု လုယာက ခင်ခင့်ဆီ
ခနလေးသွားချင်ရုံပါ”
နက်ခ်တိုင်အောက်က ကြယ်သီးကို
ဖြုတ်လိုက်ပြီး သူမရှေ့တိုးကပ်ရင်း
မေးလေးကိုဆွဲကိုင်ကာမော့၏။
မျက်တောင်ရှည်လေးတွေနဲ့
နှုတ်ခမ်းသားအိအိလေးတွေကို
အနီးကပ်ကြည့်မိသည်။
လှပတဲ့မျက်နှာပေါက်လေးက
ဘယ်လိုကုသိုလ်ကံတွေကြောင့်
မွေးဖွားလာခဲ့လည်းမသိ။
လွန်ခဲ့သော နှစ်တွေထဲက သူမြတ်နိုး၍
ချစ်ကျွမ်းဝင်ခဲ့ရပါသော ဤမိန်းကလေးအား
အခုတော့ ရင်ခွင်ထဲ သိမ်းပိုက်နိုင်ခွင့်
ရရှိလေပါပြီ ပျော်တယ်ဆိုထက်
လေးနက်တဲ့ စကားလုံးတွေရှိရင်
ပြောမိဦးမည်ထင်ပါရဲ့
ဘာမှ မပြောပဲ စိုက်ကြည့်နေတဲ့ သူ့ကြောင့်
လုယာ မျက်လွှာလေးချလိုက်စဉ်
နှုတ်ခမ်းလေးအနား သူ့မျက်နှာတိုးကပ်လာ၏
ခန္ဓာကိုယ်လေး မသိမသာရို့မိတော့
ကျောပြင်လေးအား သူ့လက်ဝါးကြီးနဲပြန်ဆွဲ
ထားလိုက်တော့ အကြံတွေ ချောင်
ပိတ်မိသွားသည်။
နှုတ်ခမ်းသေးသေးလေးကို
ဖိကပ်နမ်းရှိုက်ပြီး စုတ်လုံးလေးလို
စုပ်ပြစ်ကာ မျက်ဝန်းလေးတွေဆီ
ပြန်စိုက်ကြည့်တော့ မျက်လွှာလေး
ပင့်လာတဲ့ မျက်နှာလေးဟာ
နီးရဲနေသည်။
“မနမ်းတက်ဘူးလား
အသက်ပဲ ဆယ့်ကိုးနှစ်ဆယ်ဖြစ်နေပြီ”
လူကို ပြဿနာရှာနေ၍
မျက်ဝန်းလေးတွေဖိညှစ်ပြီး
နှုတ်ခမ်းလေးလည်း ဆူချင်ယောင်ယောင်လေးနဲ့
“ဘယ်သူက ရည်းစားထားဖူးလို့လည်း”
“ကိုယ်လည်း မင်းနဲ့မှ
အရာရာ ပထမဆုံးတွေကြီးပဲ
ကိုယ်ကပဲ ဦးဆောင်နေရတယ်
တစ်ခါတလေ မင်းလည်းဦးဆောင်လေ
ဥပမာ ကိုယ်နမ်းနေရင်
မနမ်းတက်ရင်တောင်
နှုတ်ခမ်းလေးဟပေးထား
ကိုယ့်လျှာပါလာရင် မင်းလည်း
အလိုက်သင့်လျှာထုတ်ပေးလေ”
“အို!! လုယာမသိဘူး
အိပ်တော့မယ်”
“ဘယ်ကိုအိပ်မှာလည်း
ညနေစောင်းနေပြီ
ပြီးတော့ ပြန်ပြောရဲနေတာ
သက်သာနေရောပေါ့”
“ဟာ မသက်သာပါဘူး
ဟင့်အင်း မသက်သာဘူး”
“အဟင်း ဟုတ်လို့လား”
“ဟုတ်တယ်”
ပက်ခနဲ ပြန်ပြောနေ၍ လုယာကို
အသဲတွေယားလာသည်။
“အင်း ကိုယ်ရေချိုးပြီးရင်
အပြင်ခေါ်သွားမယ်”
“ဟင်! တ တကယ်လားဟင်”
မယုံသလိုလေး ပြန်မေးနေ၍
သူ အင်္ကျီကျယ်သီးတစ်လုံးချင်း
ဖြုတ်နေရင်းမှ
“ကိုယ့်စကားတွေ မဟုတ်ပဲ
ထွက်လာဖူးလို့လား ရေမချိုးရသေးဘူးမလား
အတူတူချိုးရအောင်”
“ဟင်!”
လုယာ ကြက်သီးတွေ စိုင်းမဆင့်ဗုံမဆင့်
ထောက်တက်လာပြီး အတည်ပေါက်ကြီးနဲ့
သူ့မျက်နှာကြောင့်ပိုပြီး လန့်လာကာ
ဘယ်က ဘယ်လိုစငြင်းရမည်စဉ်းစားနေရင်း
အရေးကြုံရင် စကားလုံးတွေရှာမတွေ့တတ်တဲ့
ကိုယ့်ကိုကိုယ်လည်းစိတ်တိုမိသည်။
“ဟို လုယာရေချိုးထားတယ်”
ရှာတွေ့တဲ့စကားလုံးကိုလည်း မစဉ်းစားမိတော့ပဲ
ကောက်ခနဲဖြေလိုက်တော့ ဒယ်ဒီငြှင်းဆဲဆဲကြည့်ကာ
ရယ်သည်။မျက်ဝန်းလေးပြူးကျယ်ကာ နှုတ်ခမ်းလေး
ဖိကိုက်ပြီးခေါင်းလေးမော့၍ ပြန်ကြည့်တော့
သူ့ခန္ဓာကိုယ်ကြီး ကြောက်စရာ
ကောင်းအောင်ညွန့်လာပြီမို့ လုယာ
ကုတင်ပေါ်ကထပြေးချင်လာသည်။
“ရေချိုးပြီး ဒီဂါဝန်ပြန်ဝတ်ထားတယ်လို့တော့
မပြောနဲ့နော်”
သူပြောမှ ငုံ့ကြည့်မိခါ မျက်နှာလေးရှုံ့၍ ကိုယ့်နှဖူး
ကိုယ်သာ ပိတ်ရိုက်လိုက်ချင်သည်။
“ဟို ဟို လု လုယာ”
“မလိမ်တတ်ဘဲ မလိမ်နဲ့
ကိုယ်က သူခိုးဖမ်းတော်တယ် အဟင်း”
လက်ကောက်ဝတ်ကို သူဆွဲနေရင်းပြောတော့
လုယာ ပြန်ရုန်းရင်းက ပါသွားရရှာ၏။
ရေချိုးခန်းရှေ့ရောက်တော့ ခြေထောက်တွေ
လေးလာချင်သည်။
???????
ခင်ခင့်အတွက် မုန့်ဝယ်လာပြီးမှ
ဒေါ်လေးဒေဝီရောက်နေမှန်းသိတဲ့ လုယာ
အားနာစွာပြုံးရင်း သူမစားဖို့အတွက်
ဝယ်လာမိတဲ့ ကြက်ကင်တွေကို
အတင်းပေးလိုက်မိသည်။
အရေးပေါ်ကိစ္စကြောင့် ကားရပ်ပြီး
လုယာကိုခြံထဲသေချာထားခဲ့ပြီးမှ
သူပြန်မောင်းထွက်သွား၍ ခြံကြီးထဲ
လုယာနဲ့ ခင်ခင်စကားပြောရင်း
ကျန်ခဲ့ရ၏။
သူ ကားပြန်မကွေ့ခင် ခင်ခင့်ကို
တံခါးသေချာပိတ်ဖို့ပြောနေရင်း
သူကိုယ်တိုင်အပြင်ကပိတ်သွားပါသေးသည်။
ဒါတောင် အရေးပေါ်ကိစ္စဖြစ်နေသေးလို့ပေါ့
“မမလေး”
“ဟင်”
ဒေါ်လေးဒေဝီက ဟင်းချက်ဖို့
ထွက်သွားပြီး ကြက်ကင်တွေပြန်ပေးခဲ့တာကြောင့်
တစ်ဝက်ပဲရှိထားမိသည်။ကြက်ကင်စားနေရင်း
ခင်ခင်က မုန့်စားပြီးစကားစလာတော့
ဟင်ဟု ထူးကာ မျက်လွှာလေးလွှဲ၏။
“မမလေးဖေဖေ့ကို
လွမ်းဘူးလား”
“အွန်း လွမ်းတယ် လွမ်းပေမဲ့
အဟင်း လုယာကိုဖေဖေက
ခင်ခင်ရင်းနှီးပေးသလောက်တောင်
မရင်းနှီးပါဘူး”
ခပ်ပေါ့ပေါ့သာ ပြုံးရင်း စားရင်း
ပြောနေပေမဲ့ ဝမ်းနည်းခြင်းကြောင့်
ဝါးပြီးမြိုချရခက်နေပေမဲ့
မသိသာအောင်နေသည်။
ကိုင်ထားမိတဲ့ ကြက်ကင်ကို
ထပ်မစားဖြစ်သေးပဲ မျက်နှာလေးမှာ
အပြုံးလေးချိုထားမိကာ
“ခင်ခင်ရော မလွမ်းဘူးလား”
“ခင်ခင်ငယ်ငယ်ထဲက မိဘတွေ
ဆုံးသွားတာပါ မေမေရောဖေဖေရော
သိပ်မကွာဘူး သခင်ကြီးက
ဒီအချိန်ထိ ကိုကိုနဲ့ခင်ခင့်ကို
ကြည့်ရှု့တယ်လို့ပြောလို့ရတယ်”
“အင်း လုယာလည်း
မေမေ့ကိုအရမ်းလွမ်းတာပဲ
သူတို့ပြန်လာလို့ရရင်
သိပ်ကောင်းမယ်”
“ဘယ်တတ်နိုင်မှာလည်း”
“အွန်းပါ”
ခံစားချက်တူနေတာကြောင့်
လုယာရော ခင်ခင်ပါ
မျက်နှာလေးတွေညှိုးပြီး
အသံလေးတွေတိုးရှသွားရှာသည်။
မမလေးမျက်နှာ သေးသေးလေးသာ
ရှိတော့၍ ခင်ခင်က
စကားလှည့်လိုက်သည်။
ထိုအခါမှ သွားလှလှလေးတွေ
ဖွေးအောင်ပြုံးရင်း ခေါင်းလေး
တစ်ဆက်ဆက်ဖြင့်ငြိမ့်ကာ
ရယ်လေတော့သည်။
မမလေးပြုံးနေရင်ပဲ
ခင်ခင်လည်းပြုံးရသည်။
????????
တနင်္ဂနွေနေ့လည်းဖြစ်ပြီး
သူလည်းရုံးပိတ် လုယာလည်း
သင်တန်းပိတ်မည့်မနက်ဖြန်ကြောင့်
စောစောလည်းမအိပ်ချင်ပါ
“ကလေးမင်းမအိပ်သေးဘူးလား”
“ဟုတ် လုယာ အိပ်မပျော်လို့”
“အော် ဇာတ်ကားကြည့်ချင်လား”
“ဟင့်အင်း လုယာလေ ခင်ခင့်ဆီ
စကားသွားပြောချင်တယ်နော် နော်ဒယ်ဒီ”
မျက်ခုံးလေးပင့်ပြီး နှုတ်ခမ်းလေးဆူချိတ်၍
အတင်းတောင်းဆိုနေ၍ လုယာဘက်လှည့်ကာ
“မိုးချိန်းနေတယ် မကြောက်ဘူးလား”
“ဟင် ကြောက်ပေမဲ့ လုယာ
ပျင်းလို့ပါ”
“လာ ကိုယ့်ဆီ”
သူ တီဗီကြည့်နေရာ ကုတင်ပေါ်ကြီး
ခြေဆင်းထိုင်ထားသည်။
လုယာက ဆိုဖာပေါ်မှမို့ သူ့အနားမလာရဲဘဲ
တောင်းဆိုခြင်းဖြစ်သည်။ဒါကို အနားလာဖို့
ခေါ်နေ၍ လုယာ မျက်တောင်လေးတွေ
အဆက်မပျက်ခက်ရင်း တစ်ဟင်းဟင်း
ရယ်လျက်မှ
“မ မသွားတော့ဘူးနော် ဒယ်ဒီ
လုယာ လုယာဒီတိုင်းလေးပဲ”
“မိုးရွာတော့မယ်ဆို ကဲကြည့်ရွာပြီ”
သူပြောနေရင်း မိုးစက်တွေတစ်ဖွဲဖွဲ
ကျလာ၍ လုယာ မျက်ဝန်းလေးကျယ်ကာ
အဝါရောင်ညမီးအိမ်အောက်က
သူ့ရဲ့မျက်ဝန်းနက်တွေကိုစူးရှစွာ
မြင်နေရသည်။
ပြတင်းပေါက်ကနေ မိုးစက်ပြင်းပြင်းတွေကို
ကြည့်ရင်း မျက်ဝန်းနက်တွေကိုလည်း
ကြည့်မိကာမှ ကျောချမ်းစရာ
“ဟို လု လုယာ”
“မိုးအေးအေးနဲ့ မင်းကိုဖက်ပြီး
အရက်သောက်ချင်တယ်”
အဓိက မသွားရဲတဲ့ အကြောင်းပြချက်က
သူ အရက်တစ်မြေ့မြေ့နဲ့သောက်နေတာကို
မြင်နေရလို့ဖြစ်သည်။
ကုတင်ဘေးက စားပွဲပေါ်တွင် ဘီယာဘူး
သုံးဘူးနဲ့ အရက်ပုလင်းကြီးတစ်လုံး
ခြေခဲပုံးအသေးထဲမှာ တစ်လက်မ
ဝန်းကျင်လေးထောင့်ရေခဲတုံးသေးသေးလေးတွေကို
ညှပ်နဲ့သူယူနေတာမြင်သည်။
ဖန်ခွက်ထဲ သောက်လက်စ အရက်တစ်ဝက်ကလည်း
ရှိနေသေးသည်။သူမူးရင်ဆိုးတာ လုယာ
အသိဆုံးပါ။
ပြီးတော့ ကြောက်လည်းကြောက်ရတာမို့
မသွားလို့မဖြစ်တဲ့အျမအထားကြီးဖြစ်သည်။
လုယာ လေပူတွေခိုးမှုတ်ထုတ်ကာ
မလှမ်းချင်သော ခြေလှမ်းတွေက တုန်ရင်စွာနဲ့
ကုတင်ပေါ်လက်လေးနှစ်ဖက်ထောက်ပြီး
ဒူးလေးနဲ့တက်လိုက်သည်။သူ့ဘေးရောက်တော့
ခါးလေးကနေ တစ်ချက်ဆွဲပွေ့ပြီး
သူ့ပေါ်ပေါ်တင်ပြစ်သည်။
“လုယာ”
မြန်ဆန်နေတဲ့ နှလုံးခုန်သံတွေကို
နီးကပ်စွာ သူကြားနေရရင်း
ပြုံးမိသည်။သူလက်ကျန်ခွက်ကိုလှမ်းယူရင်း
ပြန်ချလိုက်၏။ပြီးမှ ဘီယာဘူးကိုဆွဲယူကာ
ဖောက်လိုက်တော့ လုယာ မျက်လုံးလေးတွေ
ဝိုင်းစက်နေသည်။
“အင်း သောက်”
“ဟမ်!”
မထင်ထားတာကြောင့် လုယာ
မျက်လုံးလေးပြူးသွားသည်။
ပေါင်ပေါ်ထိုင်ထားပြီး သူ့ဘက်မျက်နှာ
မူနေရတဲ့အနေအထားကြီးကိုမှ
ဘီယာဘူးလည်းပေးပြီး ခြေထောက်လေး
နှစ်ဖက်ကိုဆွဲဟလိုက်တော့ သူ့ပေါင်ပေါ်
ခွလျက်သားဖြစ်သွားတော့ လုယာ
ကြက်သီးမွှေးညှင်းများဖြာတက်နေသည်။
ဘီယာဘူးကိုင်ထားတဲ့ လက်တွေတုန်နေ၍
ဘီယာတွေပါ သူ့ပေါ်ဖိတ်ကျလာသည်။
“သောက်ခိုင်းတာ မမှောက်ခိုင်းဘူး”
“ဟုတ် ဟုတ်”
သူမေးဆက်ပြောနေတော့ တည်ငြိမ်တဲ့
မျက်နှာထားကြီးကို ကြောက်လွန်းလို့
လုယာမျက်နှာလေးရှုံ့ပြီး ခါးသက်တဲ့
အရည်တွေကိုသောက်နေသည်။
လည်တိုင်ထဲပူပြင်းစွာစီးကျသွားတဲ့အရသာကြီးကို
ဘယ်လိုများ အရသာ ခံသောက်ကြလည်းမသိ။
မျက်နှာလေးရှုံ့ပြီး လည်တိုင်လေး
လှုပ်သွားပုံအစ အသေးစိတ်ကြည့်မိကာ
သူ့ရဲ့အချစ်စိတ်တွေ ပြင်းထန်လာသည်။
လည်တိုင်လေးကိုလှမ်းဟပ်နမ်းလိုက်တော့
ငုံထားတဲ့ဘီယာတွေ ထွီးခနဲလန့်ဖျန့်ကာ
ထွေးလိုက်မိတာ သူ့မျက်နှာချောချောကြီးပေါ်
“ဟာ ဟာ ကန် ကန်တော့ လု လုယာ
တောင်းပန်ပါတယ်”
အတင်းတွေ တောင်းပန်နေတာ
ပြူပြူပြာပြာဖြစ်နေတော့
သူ သူမထွေးထုတ်လိုက်လို့ ပေကျန်သွားတဲ့
နှုတ်ခမ်းပေါ်က ဘီယာစက်တွေကိုလျှာနဲ့ဖြေးညှင်းစွာ
သပ်ပြစ်လိုက်ပြီး ဟွန့်ခနဲပြုံးသည်။
“ပြန်သုတ်ပေး မင်းအင်္ကျီနဲ့”
“ဟင်!”
“အဟွန့် ကိုယ့်ဟာကိုယ်သုတ်မယ်”
ပြောပြောဆိုဆို သူ့မျက်နှာက ဗိုက်နားသို့
တိုးကာ ပေနေတဲ့အရက်တွေပွတ်သုတ်ပြစ်လိုက်သည်။
“ဟင် ဒယ် ဒယ်ဒီ”
ရင်တွေလည်းတုန်လာသလို မျက်နှာလေးလည်း
ရဲလာ၏။မိုးရွာခြင်းကြောင့် အေးနေလား
သူ့ကြောင့်ချမ်းနေတာလားမသိ
သေချာတာတော့ လုယာ တုန်ပါတုန်လာသည်။
“သောက် မူးပြီးရင်
မင်းဦးဆောင်လို့ရတာပေါ့”
“ဟမ်!”
သူမ ဂါဝန်လေးပေါ်ကပေါင်လေးတွေကို
ဖွဖွလေးကိုင်နေရင်း လည်တိုင်လေးကို
လှမ်းရှိုက်နေသည်။
“ဒယ်ဒီ”
“ဗျာ”
“ဟင်!”
လုယာ မျက်နှာလေးရဲနေလျက်
ကြက်သီးထလို့ခေါ်လိုက်ပေမဲ့
သူကအရွဲ့တိုက်ပြီးပြန်ထူးနေတာမို့
ကျောထဲရင်ထဲပါချမ်းစိမ့်စိမ့်နဲ့ပင်။
“ကိုယ်မင်းကို ဒီထပ်ပိုချစ်မိရင်
အချစ်ခံရတဲ့မင်း ပိုပင်ပန်းရတော့မယ်”
“အို…”
?????????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)