Daddy လူဆိုး - အပိုင်း 22
မြန်မာပြည်ရောက်ရင်
ပြစရာရှိတယ်ဆိုတာ
ဘာများလည်း…
အတွေးတွေဝဲပြည့်လာသည်။
တစ်ဆက်တည်းမှာပင်လုယာ သူ့ကို
ရင်ခုန်မိတဲ့အရာတွေခံစားမိ၏။
နှုတ်ခမ်းပါးတစ်စုံ နေနှစ်စင်းလို
တောက်ပတဲ့ မျက်ဝန်းနက်တွေ
စူးရှပြီး ရင်အခုန်ရဆုံးကတော့
ကြီးမားတဲ့ကြွက်သားတွေ
ရစ်ပတ်နေတဲ့ ခန္ဓာကိုယ်ကြီး
“လုယာ လုယာ ခန”
ခြံထဲ ခုံပေါ်ထိုင်နေရင်း
လုယာအတွေးတွေပျံ့လွင့်နေတုန်း
အိမ်ထဲက သူ့ရဲ့ခေါ်သံကြောင့်
ခေါင်းလေးမတ်လိုက်မိသည်။
ချက်ချင်းလည်းထရပ်ပြီးသား
ဖြစ်ကာ မျက်ဝန်းအိမ်လေး
ကျယ်သွား၏။
“ဟို ဟို ဘာခိုင်းမလို့လည်းဟင်”
လုယာလည်း အိမ်ဆီခြေလှမ်းတွေပြင်ကာ
လျှောက်ရင်း သူကလည်းထွက်လာ၍
ခဲရောင် တံခါးချက်ကြီးနားမှာ
ဆုံသွားကြရာ လုယာ ခြေလှမ်းများ
တိခနဲရပ်ပြစ်လိုက်သည်။
လက်ကောက်ဝတ်လေးကိုဆွဲ၍
အိမ်ထဲဆီသို့ ဝင်နေ၍ ဘာမှန်းမသိ
သူမလည်း သူ့နောက်ကပါသွားသည်။
မှန်စားပွဲကြီးထက်က ချောကလပ်
နှစ်ထပ်ကိတ်မုန့်အား မှင်သက်စွာ
မြင်လိုက်ရစဉ် လုယာ တောင့်တောင့်လေး
ဖြစ်သွားရှာ၏။
ကိတ်မုန့်ဘေးနားက သူ့ရဲ့မိဘတွေဟာ
အပြုံးတွေချို၍ လက်ခုပ်တီးရင်း
ကြိုဆိုနေကြသည်။
အသည်းပုံ ပူဖောင်းကြီးကို
ကြိုမျှင်မျှင်လေးတွေနဲ့
အပေါ်ဆွဲထားသော မိုးပျံပူဖောင်းတွေ
မျက်နှာကျက်ကိုထိလုမတက်
မှိတ်တုတ်မှိတ်တုတ်သော မီးရောင်လေးနဲ့
အရာအားလုံး လုယာစိတ်ကို
လှည့်ဖြားစေခဲ့ပြီ
နှုတ်ခမ်းလေးအပွင့်သား
မှင်သက်နေတဲ့ သူမကို
လက်ဖျောက်တီးကာ သတိပေးလိုက်တော့မှ
လုယာ မျက်တောင်ဖြားလေးတွေ
လှုပ်ခက်လာကာ ဟင်ခနဲ သူ့ကို
ကြည့်နေပြန်သည်။
“လုယာ ဘာလိုလိုလည်း
ကိုယ့်ကလေးလေးက အသက်နှစ်ဆယ်
ပြည့်ပြီနော်”
ဟင်! လုယာ စိတ်တွေခြောက်ခြားကုန်သလို
ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်သွားခဲ့၏။
သူ သူမရဲ့မွေးနေ့ကိုသိနေတယ်
အမှန်တိုင်းပြောရရင် နှစ်တိုင်
ခြောက်ကပ်ခဲ့ရတဲ့မွေးနေ့ဖြစ်လို့
လုယာ မေ့ချင်သလိုတောင်
ဖြစ်နေပါပြီ…
ခုနအထိတောင် ဒီနေ့ဟာ လုယာအတွက်
သာမန်နေ့တစ်နေ့ဖြစ်နေသေးတာ
ချောကလပ်ကိတ်အနား သူကဆွဲခေါ်တော့
ကြောင်စီစီလေးဖြင့်လှမ်းသွားရကာ
ကြေးလုယာ ဆိုတဲ့ အနီရောင်ခရင်နဲ့
နာမည်ဟာ အရုပ်ဖယောင်းတိုင်လေးပါလို့
ပို၍လှပနေသည်။
လုယာ မျက်ဝန်းမှ မျက်ရည်များ
အိတက်လာကာ ဝမ်းသာလွန်းလို့
ဟင့်ခနဲရှိုက်သံလေးကိုတောင် မထိန်းထား
လိုက်နိုင်ပေ။
“ဟာ လုယာလေးကလည်း
ဒီနေ့ကမွေးနေ့ဆိုတော့ မငိုရဘူးလေ”
“ဂျပန်မှာ ဂျပန်မှာ မြန်မာနာမည်ထိုးလို့ရတာလား
အဲ့လိုဆိုင်သီးသန့်ရှိတာလား”
“ဒါက ကိုယ်နဲ့မာမီရဲ့လက်ရာပါကွာ”
သူ့အပြောကြောင့် မယုံနိုင်တဲ့
မျက်ဝန်းများ မော့ကြည့်လာသည်။
ပြည့်သိမ့်နေတဲ့မျက်ရည်စက်တွေ
တစ်ပေါက်ချင်းကျသွားတော့
နှုတ်ခမ်းထောင့်လေးမှာရပ်တန့်နေ၏။
ဘိုမရုပ်လေးလို နုဖက်နေတဲ့
မျက်နှာလေးဆီ သူအသေးစိတ်
ခုံမင်စွာစိုက်ကြည့်ရင်း ဟက်ခနဲပြုံးကာ
ပါးအိအိလေးတွေထက်က
မျက်ရည်နွေးနွေးလေးတွေကို
ကြင်နာစာသုတ်ပေးရင်း ကိတ်လှီးဖို့
အဖြူရောင်ကော်ဓားကို
ကိတ်မုန့်ဘေး ကော်ပန်းကန်နားက
လှမ်းယူပြီးပေးသည်။
“အဟင်း မွေးနေ့ဆုတောင်းစကားကတော့
အများကြီးမဆုတောင်းပေးတတ်ဘူး
ဘာလို့ဆို မင်းဆုတောင်းတာထပ်
ပိုအောင်ကိုယ်ကစိတ်ချမ်းသာအောင်
ဖြည့်ဆည်းပေးမှာဆိုတော့
ကိုယ့်ကို မင်းချစ်လာဖို့ပဲ
ဆုတောင်းတော့မယ်”
“ဟင်!”
လုယာ ကော်ဓားလေးကို
ကျစ်နေအောင်ကိုင်မိရင်း
နားသယ်စနောက်ဆံနွယ်တွေ
အတင်းသပ်ကာ သူ့ကို
မကြည့်မိအောင်နေသည်။
နောက်က သူ့မိဘတွေက လုယာကို
လက်ခုပ်တီးပြီးဆုတောင်းပေးနေမှ
အကြည့်တွေရွှေ့မိကာ မျက်ရည်တွေနဲ့
လုယာပြုံးနေရသည်။
ခန်းနားတဲ့ မီးရောင်တွေအောက်က
တင့်တယ်လှတဲ့အပြုံးလေတွေကို
သူ့နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးသော
နေရာတစ်ခုမှလုံခြုံစွာဝှက်ထားလိုက်မိသည်။
တကယ်ပဲ မင်းပြုံးနေရင်
ကိုယ်အရာရာ အဆင်ပြေနေတဲ့
လူစားပါ…
???????????
နို့နှစ်ရောင် ဂါဝန်လေးနဲ့ တင်းကျပ်နေသော
ခန္ဓာကိုယ်လေးကိုကြည့်ကာ သခင်
နှုတ်ခမ်းတွေတွန့်ကွေးစွာပြုံးသည်။
မနေ့ညနေ့ဘက်ကပဲ မြန်မာပြည်
ပြန်ရောက်သည်။တစ်လကြာမယ်
ထင်ထားပေမဲ့ အစည်းရက်က
ထင်သလောက်နောက်မကျခဲ့တော့
ဂျပန်မှာလည်း လုယာကဆက်မနေ
ချင်တော့ဘူးပြောတာကြောင့်
အလုပ်ပြီးတယ်ဆို တန်းပြန်လာခဲ့
ဆယ်ရယ်ဝန်းကျင်သာ ကြာလိုက်သည်။
ရောက်တယ်ဆို တန်းနေအောင်
အိပ်လိုက်တာ မိုးလင်းတဲ့အထိ
တစ်ကျိုးတည်းပင်။
နိုးလာမလား ဗိုက်ဆာတယ်ပြောမလား
စောင့်နေတဲ့ သူကသာ တစ်ညလုံး
ဖြောင့်ဖြောင့် မအိပ်ခဲ့ရ
နိုးတယ်ဆို ရေချိုးခေါင်းလျှော်ပြီး
နို့နှစ်ရောင်ဂါဝန်လေးနဲ့ သွယ်နေသော
ကိုယ်လုံးလေးမှာ လိုက်ဖက်စွာ
“ပြီးပြီလား”
“ဟို…”
သနပ်ခါးရေကျဲလေးလိမ်းနေတုန်း
နောက်က သူ့ရဲ့အမေးဆီ
နှုတ်ခမ်းလေးဟ၍ကြည့်ပြီး
ချက်ချင်းဘာမှမပြောနိုင်သေးပဲ
တစ်ဟိုဟို တစ်အင်အင်လေး
လုပ်နေသည်။
“ဘယ်သွားဦးမလို့လည်းဟင်”
“မသွားပါဘူးဗျာ ဒီတိုင်းပဲ
အလှပြင်နေတာပြီးပြီလားမေးတာ”
ပြတင်းဝနား သူမကို လက်ပိုက်ကြည့်နေရင်း
ထိုလူကပြောနေ၍ သနပ်ခါးတောင်
ဆက်မလိမ့်ရဲတော့ပေ။
“ဟွန့်! ဟိုမှာသနပ်ခါးမှ မရှိတာ
မျက်နှာကခြောက်ကပ်ကပ်ဖြစ်နေလို့
လုယာမျက်နှာဝက်ခြံတောင်
ထွက်နေပြီ”
အဝေးကြည့်တာတောင်
ဖြူဖွေးဝင်းလက်နေတဲ့ မျက်နှာဖူးဖူး
နှုတ်ခမ်းလေးရဲကာ နှာတံထိပ်လေး
နီရဲနေတဲ့ ဝက်ခြံလေးတစ်လုံးကို
နှာခေါင်းလေးရှုံ့၍ လက်ညှိုးလေးထိုးပြကာ
ပြောနေ၏။
သခင့် ရယ်ကျဲကျဲနှင့် လုယာ
အနားလျှောက်လာခဲ့၏။
မှန်တင်ခုံနားက သူမခပ်ရို့ရို့လေးထလာခဲ့တော့
ခါးသိမ့်သိမ့်လေးကိုဆွဲဖက်ပြစ်လိုက်သည်။
“ကိုယ့်ကလေးက ဘယ်ချိန်ကြည့်ကြည့်
ချစ်စရာကောင်းနေလိုက်တာ
ကိုယ်တော့ မနာလိုဖြစ်ရလွန်းလို့
အသက်တိုရတော့မယ်”
နှာဖူးလေးကို ဖွနမ်းကာ
နှာခေါင်းချင်းပွတ်သပ်ရင်း
လေငွေ့တွေ သူမမျက်နှာလေးဆီ
ခပ်နွေးနွေးရိုက်ခက်နေသည်။
“အောက်မှာ မုန့်ဟင်းခါးချက်ပေးထားတယ်
ဒေါ်လေးဒေဝီရဲ့လက်ရာနော်”
“အာ ဒေါ်လေးဒေဝီက
ဟင်းချက်တောင် ဒီလောက်ကောင်းတာ
ဟီး လုယာစားမယ် စားမယ်”
မျက်တောင်ရှည်လေးတွေပြန့်ကားပြီး
သူ့ကိုမော့ကြည့်ပြီး ကလေးလေးလို
ခေါင်းလေးဆက်ကာပြောနေ၏။
လုယာ သူ့လက်ကိုချိတ်၍
အောက်ထပ်သို့တက်ကြွနေတဲ့
ခြေလှမ်းလေးတွေဖြင့်
???????
ဖူးဖူး တစ်ယောက် အဒေါ့်လက်ကို
ဆွဲထားပြီး သူ့ခြံရှေ့မှာရပ်ကာ
လူခေါ်ဘဲလ်တီးလိုက်သည်။
သူ ခြံရှေ့ကိုလှမ်းကြည့်တော့
အနီရောင်လွှမ်းမိုးထားသော ဖူးဖူး
မုန့်ဟင်းခါး စားဖို့ပြင်နေတုန်းမှာမို့
ထမင်းစားခန်းထဲက ဒေါ်ဒေဝီ
ပြေးထွက်လာတော့ အိမ်တံခါးဝနားမှာ
သခင်နဲ့လုယာလေးတို့ကိုမြင်လိုက်တော့
သူမလည်းရှေ့သို့ခေါင်းစောင်းကြည့်၍
ဖူးဖူးကိုမြင်တယ်ဆို ဟန်တောင်မဆောင်
နိုင်ပဲ မျက်နှာတင်းမိသည်။
လုယာက ဘယ်ကိုမှ ဆက်မကြည့်တော့ပဲ
သက်ပြင်းဖွချကာ ထမင်းစားခန်ဆီ
ခြေဦးတည့်တော့ သူမနောက်က
သူခြေလှမ်းကျဲကြီးနဲ့လိုက်၏။
လူကြီးပါမြင်တာကြောင့်
ဒေါ်ဒေဝီက အနေခက်ရချေရဲ့ဟု
စိတ်ထဲကတွေးပြီး မျက်နှာရှုံ့၍
ခေါင်းတွင်တွင်ခါရမ်းမိကာ
ခြံတံခါးဆီထွက်တော့ အပင်တွေရေလောင်းနေတဲ့
ခင်ခင်ကမြင်သွားတော့ ပိုက်ကို
ပြစ်ချခဲ့ပြီး သူမဆီပြေးလာ၏။
“ဒေါ်လေး ဘာလို့”
“ဖူးဖူးတို့ကို တံခါးသွားဖွင့်ပေးလိုက်ဦး”
ခင်ခင်ခေါင်းငြိမ့်ကာ စိတ်မပါပေမဲ့
သခင်ကြီးမျက်နှာရှိသေးသည်ဟု
တွေးမိ၍ လှည့်ပြေးခဲ့သည်။
“ငရုတ်သီးမှုန့်တွေကို”
လုယာ မျက်စောင်းလေးရွယ်ကာ
ဘာဖြစ်လည်း စားမှာပဲဆိုတဲ့
အကြည့်လေးဖြင့် ခပ်လက်စ
ငရုတ်သီးမှုန့်တွေပန်းကန်ထဲ
ထည့်လိုက်သည်။
“ဟာ ကြည့်ပြောနေရင်းနဲ့ကို”
ဖွေးသွားတဲ့ သူမပန်းကန်ထဲက
ငရုတ်သီးမှုတ်တွေကို သူပြန်ခပ်ထုတ်ရင်း
“ဗိုက်အောင့်ရင် ကလေးက
အောင့်ရုံအောင့်တာ ကိုယ်က
အသည်းပါနာတာ”
လုယာ ဘာမှ မပြောနိုင်တော့အောင်
မျက်ဝန်းလေးတွေလည်း
ဝိုင်းစက်ကာ နှုတ်ခမ်းလေးဟွန့်ခနဲ
ဆူပြစ်၏။ခဲထားတဲ့မျက်စောင်းလေးလည်း
ပြန်မပြေသေးပဲ
“ကိုယ့်ကလေးက စကားပြောရဲလာတော့
ပြန်ပြောရဲနေပြီနော်”
“ဟာ ဘယ်သူက ပြန်ပြောလို့
မိန်းကလေးဆိုတာ ငရုတ်သမီးမှုန့်အသည်းစွဲ
အစပ်အသည်းစွဲဆိုတာ ဒယ်ဒီသိမှာပေါ့”
“သိပေမဲ့ အသည်းနင့်အောင်
ချစ်လို့ ဗိုက်မအောင့်စေချင်တာပေါ့ဗျာ”
တစ်ယောက်တစ်ခွန်း ကျီစားနေတဲ့
စကားသံတွေကို မြန်ဆန်သော
ခြေလှမ်းတွေနဲ့ အလှမ်းနီးလာသမျှ
ဖူးဖူးနှုတ်ခမ်းပါးတစ်စုံ
တင်းခဲပြစ်ပြီးသား
“အော် ကိုကို”
ဝင်လာတဲ့ နှစ်ယောက်က
ထည်ဝါမှုတွေပေါ်လွင်နေသည်။
သူ ဖူးဖူးကိုတော့ မျက်နှာထားတင်းတင်းပဲ
ကြည့်သလို သူမအဒေါ်ကိုတော့
နှုတ်ခမ်းလှုပ်ကာပြုံးပြလိုက်သည်။
“တစ်ခါထဲ စားသွားလိုက်ဗျ”
“အဟင်း သားရယ်
မနေ့ကမှ အန်တီပြန်ရောက်တယ်
ပြန်ရောက်တယ်ဆို
ပြောစရာရှိလို့ အရင်က
လူကြီးတွေ ကိစ္စကိုပေါ့”
မုန့်ဟင်းခါး ခပ်ပြီး ပါးစပ်ထဲ
ထည့်ဖို့ ပြင်လိုက်တုန်း
ထိုစကားကြောင့် သခင် မျက်နှာပျက်သွားသည်။
တင်းသွားတဲ့ မျက်နှာကို လုယာဘက်လှည့်၍
ပြုံးလိုက်သည်။
ထိုမိန်းမကြီးက လုယာကို
ခပ်စွေစွေကြည့်၍ တူမဖြစ်သူ
ဖူးဖူးဘက် နှုတ်ခမ်းရွဲ့ပြလိုက်သေးသည်။
ဒေါ်ဒေဝီမျက်နှာသိသိသာသာကို
တင်းထာ ပန်းကန်နှစ်ချက်ပြင်ပေးသည်။
“ဒေါ်ဒေဝီ သေချာဧည့်ခံလိုက်ဗျ
ကျွန်တော် မင်္လာကိစ္စအတွက်
လိုအပ်တာတွေစီစဉ်ရအောင်
ချိန်းထားတဲ့အချိန်ရှိလို့”
သူချက်ချင်းထရပ်တော့
လုယာ စားလက်စ ပန်းကန်ကို
ကြည့်လိုက် သူ့ကို ကြည့်လိုက်ဖြင့်သာ
ကြောင်ပြီးထိုင်နေမိဆဲ
အကြည့်တွေအားလုံး
မတ်တပ်ရပ်နေတဲ့ သူ့ဆီရောက်လာကြကာ
ဖူးဖူးလည်းမျက်နှာကြီးတင်း၍
ထရပ်၏။ပြီးတော့ လုယာကို
အပြစ်ရှိသူလို အညှိုးကြီးကြီးစူးကြည့်သည်။
“ကိုကို ဒေါ်လေး အမေရိကန်က
ပြန်ရောက်လာတာ
ဘာကြောင့်လည်းမမေးတော့ဘူးလား”
“မေးစရာမလိုအောင်
အဖြေက ကြိုသိနေတာပဲလေ
အဲ့တော့ ငါ့အဖြေကလည်း
မင်းအတွက်ရှင်းနေတယ်
ကြိုပြောထားမယ် ငါ့မိန်းမက
ကြေးလုယာဘဲ ဘယ်လိုစည်းရုန်းမှုတွေ
ဘာကတိစကားတွေ ငါဘာတစ်ခုမှ
ောက်ဂရုစိုက်နေမဲ့ကောင်မဟုတ်ဘူး
ငါ့စိတ်နဲ့ငါနေတဲ့ကောင် အန်တီ
ကောင်းကောင်းစားပြီး
သေချာနားနော် မိန်းမလုယာ သွားရအောင်”
“အမ်!”
သူခုံကိုတွန်းရင်း လုယာကို
ကြည့်၍ပြောတော့ မျက်လုံးလေးပြူးကာ
ထထွက်လိုက်၏။
“ဘာအရောင်ကြိုက်လည်း”
“အာ ဒယ်ဒီ့သဘောလေ”
“တစ်သက်မှာတစ်ခါလေ
မင်းလေးသဘောပေါ့”
“ဟုတ် အာ့ဆိုရွေးမယ်”
“ကြိုက်တာရွေးစေဗျာ”
ပြောဆိုသွားတဲ့ အသံတွေဟာ
ဖူးဖူးရဲ့ အတ္တနဲ့နှလုံးသားကို
ဟားတိုက်လှောင်ပြောင်သွားသလို
ဒေါ်လေးဘက်လှည့်တော့
ပခုံးတွန့်ကာ ခေါင်းရမ်းပြ၏။
!တောက်!!
အညှိုးကြီးစွာ တောက်ခက်လိုက်သံဟာ
အခန်းကြီးကို ပဲ့တင်ထပ်သွားစေသည်။
?????????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)