Daddy လူဆိုး - အပိုင်း 26
အေးစိမ့်စွာ လူကိုသိမ့်ခနဲ တိုက်ခက်လာတဲ့
လေကြမ်းကြီးတစ်ချက်နဲ့အတူ လုယာ
မျက်ဝန်းတွေအားယူဖွင့်ပြစ်လိုက်သည်။
မျက်နှာကျက်ကို ဦးစွာမြင်တွေ့လိုက်ရပြီး
နဂိုထက်ကြောက်တဲ့စိတ်တွေ ကြက်ခိုးတွေနဲ့
အပ်ကွဲနေတဲ့အုပ်နံရံတွေကြောင့်ပို၍
တုန်လှုပ်ခြင်းနဲ့အတူ အားယူထပြစ်လိုက်တော့
သူမလက်တွေချုပ်နှောင်မှုတစ်ခုအောက်
ရုန်းထွက်လို့မရတော့ချေ။
ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်လိုက်တော့
ခုံတစ်ခုံပေါ် ကြိုက်းတုတ်မှုတွေနဲ့အတူ
ဘေးတိုက်ကြီးလဲကျနေရသည်။
ခုံရဲ့ လက်တင်ပေါ်က
သူမလက်တွေ ခိုင်မာတဲ့ ကြိုးတွေရဲ့
မညှာမတာရစ်ပတ်ခြင်းကြောင့်
ရုန်းကြည့်လိုက်တိုင်း နုနယ်လှတဲ့
အသားရည်ဟာ ပွန်းပဲ့နာကျင်မှုတွေ
ရင်ထဲအထိကျင်တက်သွားသလို
စူးခနဲခံစားချက်ကြောင့် လုယာ
မျက်ရည်တွေပါပျို့အိတက်လာသည်။
နုဖက်အုအစ်တဲ့အသားရည်လေးဟာ
ကြိုးတွေကြားထဲ သနားစဖွယ်…
ဟင့် သူ သူရော သူအဆင်ပြေရဲ့လား
သူမက အန္တာရယ်ကြားထဲရှိနေတာတောင်
သူ့ကိုတမ်းတ သတိရမိကာ စိုးရိမ်စိတ်များ
ပြောမပြတတ်အောင်
“ဘယ် ဘယ်သူမှ မ မရှိဘူးလားဟင်”
လုယာ ဗိုက်လည်းအောင့်လာသလို
ခါးတွေလည်းကိုက်ကာ နေရတာတစ်မျိုးကြီး
မအီမသာမျက်နှာလေးနဲ့ အားယူ
ထပေမဲ့ ဘေးတိုက်ကျနေတဲ့ကိုယ့်ကိုကိုယ်
ခုံကိုပါမပြီးမထနိုင်တော့ အသံလေးတွေတုန်ကာ
ငိုနေမိသည်။
နေရာကြီးက တိတ်ဆိတ်ပြီး
အုပ်နံရံတွေမှာ အမြစ်တွေတွဲသလို
အပ်ကြောင်းရာတွေဟာလည်း
သရဲကားတွေထဲကလို
ကြောက်စရာကောင်းနေ၏။
ဘေးတိုက်မြင်ကွင်းမြင်ရရုံနဲ့
တိုက်ပျက်ကြီးဆိုတာ လုယာတွေးလိုက်နိုင်သည်။
“သူသတိရလာရင်
ဘာလုပ်ဖို့ စဉ်းစားထားလည်း”
“ကိုယ်ဝန်ဖျက်ချမယ်
အဟွန့် ကိုယ်ဝန်ချက်ချင်း
မဖျက်ချပါဘူး ငါအဲ့ကောင်မကို
အစိမ်းသက်သက်ညှင်းပန်းဦးမှာ”
နောက်က ကျယ်လောင်စွာ
တိုင်ပင်နေသော လေသံနက်နက်တွေ
တစ်ဖြေးဖြေးနီးကပ်လာတာနဲ့အမျှ
လုယာရင်ထဲပြောမပြတက်အောင်
လန့်လာသည်။ကိုယ်ဝန်ဖျက်ချမယ်ဆိုတဲ့
စကားလုံတွေဟာအခုထိ လုယာ
နားထဲကမထွက်နိုင်သေးပဲ
မျက်ရည်ပူတွေတရစပ်ပြည့်ကျလာ၏။
လေနီကြမ်းကြီးတစ်ချက်
ဝေါခနဲအဖျားခက်လာကာ
စူးရှသောရေမွှေးနံကြီး
လုယာရင်ထဲအောင့်သက်စွာ
ရှူရှိုက်လိုက်မိ၏။
မျက်ဝန်းလေးထောင့်ကပ်ကြည့်တော့
ထီးထီးကြီးလက်ပိုက်ရပ်နေတဲ့
မျက်ဝန်းနက်တစ်စုံနဲ့ ရင်ဆိုင်မိလိုက်စဉ်
လုယာခေါင်းထဲမိုးချိန်းချလိုက်သည့်တိုင်း
“မလိုက်”
လုယာကို မေးဆက်ပြပြီး
ယောင်္ကျားတစ်ယောက်အား
အမိန့်ပေးနေသူက မြင်နေတွေ့နေဖူးတဲ့
ဖူးမြတ်သွယ်ဖြစ်နေ၍ သူမအတန်ကြာ
မှင်သက်နေမိသည်။
တရမ်းတကြမ်း ခုံကိုကိုင်မတော့
လုယာ လေကြမ်းနဲ့အတူ
အေးစိမ့်သွားရပြီး ခုံကြီးလည်း
ထောင်သွားတော့ ထိုင်လျက်သား
သူမရှေ့က အနက်ရောင်
လက်တစ်လုံးဂါဝန်ကိုယ်ကြပ်နှင့်
နီစွေးစွေးနှုတ်ခမ်းဖူးဖူးတွေတင်းစေ့ထားပြီး
လုယာကို မုန်းတီးစွာကြည့်နေတဲ့ ဖူးမြတ်သွယ်
မျက်ဝန်းအောက်လေးတွေနီရဲ၍
ငိုရလွန်းလို့ အသံတွေလည်းတုန်
မျက်လုံးတွေလည်းပူနေပါပြီ
“နင်အခုတော့ ဘာတတ်နိုင်သေးလည်း
အဟင်းဟင်း ကိုကိုက နင့်ကိုရွေးချယ်တယ်ဆိုတာ
နင့်ရဲ့သုံးစားမရတဲ့ခန္ဓာကိုယ်ပြပြီး
မြှူထားလို့နေမှာပေါ့ ငါကတော့ နင့်လို
အောက်တန်းမကျဘူး”
လုယာ ခေါင်းဆက်ကာ
ဟင့်ခနဲတစ်ချက်ရှိုက်လိုက်ပြီး
သူမအား လက်ပိုက်ပြီး
ခပ်ထေ့ထေ့ကြည့်နေသော ဖူးဖူးကို
မျက်လွှာပြန်ပင့်ကြည့်ကာ
ရဲတင်းစွာဖြင့် မျက်လွှာမချ
“ဟုတ်လို့လားဖူးဖူး
လုယာက ဒယ်ဒီတောင်းလွန်းလို့တောင်
ငြင်းဆန်ခဲ့တာ ဖူးဖူးကရော
ပိုင်ရှင်ရှိတဲ့ယောင်္ကျားတစ်ယောက်ကို
သူ့မိန်းမကိုဆေးထည့်ခိုင်းထားပြီး
ခန္ဓာကိုယ်ပေါ်မလုံ့တလုံ အဝတ်တစ်ထည်နဲ့
ကာမပိုင်ယောင်္ကျားတစ်ယောက်ရဲ့
အခန်းထဲကိုယ်တိုင်ဝင်လာဖူးတာကို
မေ့နေတာလား ဒါမှ မဟုတ်မေ့ချင်ယောင်
ဆောင်နေတာလား”
ဖူးဖူး အထိနာသွားသော စကားလုံးတွေ
အရှိုက်တည့်တည့်လာမှန်၍
စွေ့စွေ့ခုန်သွားရသည်။
တစ်လူးလူးတိုက်ခက်နေသော လေတွေ
ဒုတိယအလွှာရဲ့ မျက်နှာသာမှာ ကာရံခြင်း
မရှိတော့ ဝင်ချင်သလိုဝင်နေကြသည်။
ဖရိုဖရဲဖြစ်နေတဲ့ လုယာဆံနွယ်လေးတွေကို
ယှက်တိုက်နေ၍ ငိုထားတဲ့
မျက်မှာလေးပေါ်မျက်ရည်စတွေနဲ့
ကပ်ကုန်သည်။
ထိန်းသိမ်းမနိုင်တဲ့ဒေါများနဲ့
မျက်နှာပေါ်က ဆံကေသာအလှပကို
ဖူးဖူးသတိရသွားသည်။
သူ့ဘေးက သူခိုင်းထားတဲ့လူက
သူမဦးလေးရဲ့ တပည့်တွေဖြစ်သည်။
ဒါကြောင့်လည်းစိတ်ချလက်ချ
ညှင်းဆဲလို့ရနေတာပေါ့…။
“ကတ်ကြေးပေး”
“ဟင်!”
အညှိုးကြီးနေတဲ့ မျက်နှာနဲ့
ထူနက်သွားသော အသံတွေဆီ
လုယာကြောင်စီစီလေး
ကြည့်မိ၏။
ကတ်ကြေးသွားယူသလိုထွက်သွားပြီး
ပြန်ရောက်လာတော့ ဘာတွေထည့်ထားလည်း
မသိတဲ့လေးထောင့်ပုံးကြီးတစ်ပုံးကို
လက်ကိုင်းကနေဆွဲကိုင်လာသည်။
“ရပါပြီ မမလေး”
ဖူးဖူးထိုပုံးကိုယူကာ အောက်မှာချလိုက်ပြီး
အဖုံးလှန်လိုက်သည်။ဓားဆိုဒ်မျိုးစုံနဲ့
ကတ်ကြေးမျိုးစုံအပြင် တစ်ခြား
လုယာမပြောတတ်တဲ့ သံချောင်းလိုလို
ဟာတွေလည်းအများကြီးရှိနေသည်။
လုယာ ကြောက်တဲ့စိတ်တွေ တားမရတော့ပေ။
သို့သော ဟန်မပျက်သာတင်းထားရင်း
ကတ်ကြေးကိုင်ပြီးထလာတဲ့ ဖူးဖူးအား
နှုတ်ခမ်းပါးလေးတင်း၍ မျက်ဝန်းလွှာလေး
မျက်တောင်မခက်ပဲကြည့်နေသည်။
ရက်စက်ကြမ်းကြုတ်မှုတွေ
မျက်နှာဖူးဖူးလေးနဲ့မလိုက်
လှပတဲ့နှုတ်ခမ်းဖူးရဲရဲလေးအား
အရုပ်ဆိုးစွာမဲ့ထားပြီး
လုယာအနောက်မှာရပ်၏။
လှည့်ကြည့်လို့မရ၍ မျက်ဝန်းလေးသာ
ထောင့်ကပ်ထားရင်း တုန်ရင်ချင်တဲ့
အသံတွေအားထိန်းပြစ်ကာ
“နင်ဘာလုပ်မလို့လည်းဖူးမြတ်သွယ်”
လုယာ ရင်တွေပူလာသည်။
လေပြင်းကြီးနဲ့အတူ သူ့အား
အခုချက်ချင်းရောက်လာစေချင်တဲ့
စိတ်တွေဟာလည်း ရူးကြောင်ကြောင်နိုင်စွာ
*ကိုကိုက နင့်ဆံပင်တွေကို
သိပ်သဘောကျတာလေ”
တစ်လုံးချင်းပြော၍ မနာလိုမှုတွေနဲ့အတူ
အေးစက်စက်မဲ့ပြစ်သည်။
ပိတုန်းရောင်လို နက်မှောင်ပြီး
ရှည်လျားတဲ့ဆံနွယ်လေးတွေအား
မညှာမတာဆုပ်ကိုင်လိုက်ရင်း
ဝင်းလက်နေတဲ့ကတ်ကြေးကိုဟပြစ်လိုက်ချိန်
တွန့်ဆုတ်သွားသလိုလုယာကို
ကျေနပ်စွာစိုက်ကြည့်ကာ
တိခနဲညှပ်ပြစ်လိုက်သည်။
“ဟင်!!!”
လုယာရင်ထဲ ဟာတာတာကြီးခံစားလိုက်ရကာ
ရှည်လျားတဲ့ဆံနွယ်တွေကို ညှပ်ပြီး
တစ်ဟားဟားရယ်ဟာ လုယာမျက်နှာလေးရှေ့
လာထောင်ပြရင်း လက်ထဲက ညှပ်ပြီးသား
ဆံပင်ကို ထပ်ခါထပ်ခါညှပ်ပြစ်လိုက်တာ
အမှုံမွှားလေးတွေအတိုင်းကြမ်းပြင်ပေါ်
ကျတဲ့ဟာကကျ လေတွေဆွဲခေါ်ရာ
ပါသွားတာကပါသွားနဲ့ နောက်ဆုံး
ဖူးဖူးလက်ထဲ ကတ်ကြေးသာရှိတော့၏။
တစ်ခနအတွင်း လုယာမြတ်နိုးတန်ဖိုး
ထားခဲ့ရပါသောဆံနွယ်လေးတွေ
မျက်စိရှေ့ပျောက်ကွယ်သွားလေသည်။
ဖရိုဖရဲကျန်ခဲ့တဲ့ ဂုတ်သာသာဆံနွယ်တွေပေမဲ့
သူမရဲ့အလှတရားတွေလျော့မသွားတော့
ဖူးဖူးထပ်၍မဲ့လိုက်၏။
ပြီးတော့ရှေ့ကိုထပ်ကပ်ကာ
ယူကျုံးမရစွာကြိတ်ငိုနေတဲ့
လုယာမျက်ရည်တွေကို
ကျေနပ်နေသည့်အသွင်ဖြင့်
လက်ခုပ်တီးကာရယ်သည်။
“နင်အဲ့လိုငိုနေတာကို
ငါသဘောကျတယိ ငါအရမ်းကြိုက်တယ်”
သွေးအေးအေးမျက်နှာက
မရွှင်မပြ
လုယာ ဟက်ခနဲရယ်ကာ
“ဘာဘဲဖြစ်ဖြစ်ပါဟာ
ငါက ဒယ်ဒီအချစ်ကို
လုယူစရာမလိုပဲရနတောဟ”
ခပ်အေးအေးပြန်ပြောလိုက်တော့
ဖူးဖူးမျက်လုံးပြူးကြည့်ကာ
စက်ဆုပ်ဖွယ်မဲ့လိုက်သည်။
“အဲ့ကောင်မကို အဲ့ကောင်မကို
အခုချက်ချင်းလုပ်ပြမယ်
ပေး ဓား!!”
စွေ့စွေ့ခုန်နေသော ဒေါသတရားတွေဟာ
မျက်နှာလေးနဲ့နည်းနည်းမှမလိုက်ပဲ
ကြောက်စရာ သတ္တဝါကြီးအတိုင်း
နောက်ကလူက ဓားပေးတော့
လုယာကြောက်ပေမဲ့
ဒီလိုပြန်ပြောမှ သူ့အကြောင်းသူသိမည်မဟုတ်လား
လုယာမှ သူ့ဆီကနေ ဒယ်ဒီ့ကိုမလုခဲ့တာ
ဘာတွေလောင်ပြနေတာလည်း
ဓားကိုကျစ်ကျစ်ပါးဆုပ်ကိုင်ပြီး
လုယာလက်တွေကို ယှက်ပြစ်၏။
ခုံလက်တန်းနဲ့အတူ ချည်ခံထားရသော
ဖွေးဥတဲ့လက်လေးတွေ သွေးတွေအဖြစ်
ပြောင်းလဲကုန်သည်။
လုယာ မအော်ပဲကြိတ်ခံကာ
“နင်သာ သတ္တိရှိရင်
နင်သာ ပြိုင်ဆိုင်သူ မဟုတ်ရင်
ငါ့ကို ဒီလိုကြိုးတုတ်ပြီး
မညှင်းဆဲဘူး”
“တော်တော် သတ္တိကောင်းနေတယ်ပေါ့
အဲ့ကောင်မငါနဲ့ယှဉ်ချင်တာ
ကြိုးဖြည်ပေးလိုက်”
ကြိုးတွေဖြည်ပြီးသည်နဲ့ လုယာ
ထထွက်ဖို့အပြင် ဝဲခနဲ
လက်တစ်ဖက်ခပ်ပြင်းပြင်းမြှောက်လိုက်ပြီး
နူးညံ့သောလုယာပါးပြင်ဆီ
ကြမ်းတမ်းစွာ…
ခုံအောက်သို့ ဘုတ်ခနဲလဲကျသွားစဉ်
အပေါ်ကခွမိုး၍ လုယာလည်ပင်းကိုညှစ်ကာ
ဘယ်ညာပါးပြင်လေးအား မညှာမတာ
ဘေးက သူ့လူနှစ်ယောက်
သွေးအေးအေးရပ်ကြည့်နေသည်။
လည်ပင်းကိုညှစ်ခံထားရ၍
အသက်ရှူမဝဖြစ်လာရကာ
မျက်နှာလေးလည်းနီမြန်းလာသည်။
အပေါ်က ထီးထီးကြီးပြူးကြည့်ကာ
“ပေး ဆေး!!”
လုယာ မျက်ဝန်းလေးအားယူဖွင့်လိုက်သည်။
သူမ သူမဗိုက်ထဲက သူ့ရဲ့ကလေး…
ဟင့်အင်း သူ သူသိပ်လိုချင်နေတဲ့ကလေး
ရှိသမျှအားလေးတွေစုပြီး
ရင်ဘတ်ကိုစောင့်တွန်းချလိုက်တော့
ဘေးကျသွားတဲ့ဖူးဖူး ဖျက်ခနဲ
မျက်ထောက်နီကြီးနဲ့လှည့်လာ၏။
လုယာကုန်းရုန်းထရင်း မခိုင်ချင်သော
ခြေထောကိတွေအား အားယူထားသည်။
ဗိုက်လေးကို ဖွဖွလေးကိုင်ကာ
မျက်ရည်စီးကြောင်းလေးအတိုင်း
“နင့်ကို မိုးနတ်မင်းက
ခွင့်လွှတ်မှာမဟုတ်ဘူး
ငါ့ကလေးကိုထိခိုက်တဲ့အတွက်
ငါသေရင်တောင် ဒယ်ဒီနင့်ကို
အစားထိုးချစ်လိုက်မယ်ထင်လား”
“ကောင်မ နင်ငါ့ကိုပြောရအောင်
နင်နဲ့အဆင့်ချင်းတူလို့လား”
လုယာဆဲပင်ကို ပြေးကပ်ဆွဲပြီး
အံကြိတ်သံကြီးနဲ့ပြောနေ၍
ဖူးဖူးဆံပင်ကိုပြန်ဆွဲကိုင်ကာ
“အခုဆိုရင် အဆင့်ချင်း
တူသွားပြီမလား”
“နင် နင် အဲ့ကောင်မကိုချုပ်ထားကြ!!”
လုယာရှောင်ချိန်မရအောင်
သူ့လူနှစ်ယောက်က လုယာလက်တစ်ဖက်စီကို
ချုပ်ကိုင်ထားလိုက်သည်။
ပွယသွားတဲ့ဆံပင်တွေကို
သပ်တင်ကာ ပုံးထဲက ဓားကိုယူရင်း
ရှေ့ထပ်ကပ်လာချိန် မိုးချိန်းသံထပ်
စူးနင့်သွားသော သေနတ်သံကြီး
တိုက်ကြီးထဲဟိန်းသွားသည်။
လုယာ အားရှိသွားသလို လိုက်ကြည့်တော့
အဝင်ဝနားက အလင်္ကာမြတ်
သူ့ရဲ့နောက်ကထပ်ဝင်လာသော ရဲတွေ
“လုယာ”
ဖူးဖူးရော သူ့လူတွေပါ တုန်လှုပ်ကုန်ကာ
မထူးဇာတ်ခင်းချင်တဲ့ ဖူးဖူး
အာရုံတွေထွေးဖြာကုန်၍ အနီးစပ်ဆုံးသော
လုယာကို လက်ထဲက ဓားနဲ့ထိုးပြစ်ဖို့
လက်ရွယ်ရင်းပြေးကပ်ချိန်
ခါးလည်တည့်တည့်ဖောက်ဝင်သွားသော
ကျည်တစ်ချက်ဟာ ဗိုက်ဝအထိ
ပွင့်ဟကုန်၍ သွေးတွေပြည့်ထွက်လာရင်း
နေရာမှာတင် လဲကျသွားခဲ့သည်။
ဘေးကနှစ်ယောက်ကတော့
သေနတ်များစွာရဲ့အလည်
အသက်ကိုနှမြောစွာလိုက်မြှောက်လိုက်ကြ၏။
ရင်တွေတုန်လှုပ်နေလျက်
ခြေလှမ်းတွေယိုင်နဲ့ကာ အလင်္ကာဆီ
လျှောက်လာရင်း သွေးအိုင်ထဲ
မှောက်လျက်လဲကျနေသော
ဖူးဖူးအားတစ်ချက်ကြည့်မိ၏။
!ကိုယ်ပြုသည့်ကံ ပဲ့တင်သံ!တဲ့
ရဲတွေက သွေးအိုင်ထဲက လူသတ်သမားဆီ
ပြေးသွားကြသလို ထိုလူနှစ်ယောက်ကို
ဖမ်းတဲ့သူကဖမ်းဖြင့်ရှိနေတာ
လုယာ စိုးရိမ်သလိုလာဆွဲကိုင်တဲ့
အလင်္ကာလက်ကို ပြန်ကိုင်လိုက်မိသည်။
“သူ သူရောဟင်”
အလင်္ကာ ခေါင်းသာဖြေးညှင်းစွာ
ရမ်းပြတော့ လုယာရင်တွေ
အဆမတန်ပူလောင်လာပြီး
လက်ကိုဖြုတ်ချရင်း လှေခါးတွေဆီ
ကြမ်းတမ်းစွာပင်ပြေးဆင်းတော့
စိုးရိမ်တကြီးလှမ်းတားသံဟာ
အလင်္ကာ့ဆီကမဟုတ်ပဲ
သူမရှေ့ကဖြစ်၍ ခြေလှမ်းတွေ
နှေးချသွားသည်။လှေခါးကွေ့နား
လှေခါးထစ်မှာ ထိုင်နေတဲ့လူ
လုယာကိုမြင်တော့ထလာသည်။
မျက်နှာတစ်ပြင်လုံးလည်း
ဖြူစွတ်တာ သွေးစုပ်ဖုတ်ကောင်ကြီးအတိုင်း
နှုတ်ခမ်းတွေဟာလည်း
မိုးရေထဲက လူလိုပြာနှံ့နှံ့
သူမကိုသာပြုံးပြနေတာ
သူ့ကိုကြည့်ရတာ အဆင်ပြေပုံမပေါ
အနားပြေးဆင်းပြီး
ရင်ခွင်ထဲဝင်ကာ
ခါးကိုရစ်ပတ်ဖက်ပြစ်လိုက်တော့
ခပ်တိုးတိုးအော်လိုက်သံက
လုယာရင်ထဲ ဗလောင်ဆူပွက်သွားစေတဲ့အထိ
မော့ကြည့်လိုက်တော့ အံကြိတ်ခံနေတဲ့သူ
အခုမှသတိထားမိတာ သူတစ်ခုခုဖြစ်နေတာလား
“ဘာဖြစ်တာလည်းဟင်”
သူခေါင်းရမ်းတုန်း အလင်္ကာက
“ဓားထိုးခံရတာလေ
ဖူးမြတ်သွယ်မလုပ်ကြံတာ”
“ဟင်!”
အလင်္ကာကိုကြည့်ပြီး
သူ့အကြောင်းပြောလိုက်လို့
အလင်္ကာကို မျက်လွှာပင့်ကြည့်နေတဲ့
သူ့ကိုမျက်စောင်းလေးပြန်ထိုးကြည့်ကာ
ကျောပြင်ဘက် တိုးလျှောက်ပြီး
အင်္ကျီလှန်ကြည့်တော့
ပတ်တီးဖွေးဖွေးထက်က
သွေးတစ်ချို့စိမ့်နေသေး၏။
“ဘာလို့လိုက်လာတာလည်း”
“မင်းကိုစိုးရိမ်တာ
ကိုယ်ရဲတွေခေါ်ပြီးသွားမယ်ဆိုတာ
စိတ်ချလို့မရမကလိုက်လာတာ
ကားစီးလာတာကလည်း
အဆင်ပြေပုံမရပါဘူး လမ်းက
ဒီနားတစ်လျှောက် ချိုင့်တွေ အထစ်တွေကြီး”
မပြောဖို့ မျက်စိဖြင့် အမိန့်ပေးနေတာတောင်
သူ့ကိုမကြည့်ပဲ လုယာ့ကိုလှမ်းကြည့်၍
ပြောနေတဲ့ အလင်္ကာကြောင့်
သူမကိုသူမကြည့်ဖြစ်တော့ပါ။
“အခုလည်း လုယာဘာမှ
မဖြစ်တော့တဲ့ဟာကို
ဘယ်လိုသိတာလည်းဟင်”
ဘာမှ မဖြစ်တော့ဘူးသာပြောနေတာ
ဆံပင်လည်းတို လက်မှာလည်း
သွေးတွေနဲ့ သူပြေးပွေ့ချင်ပေမဲ့
သေချာတောင်မရပ်နိုင်တဲ့
သူ့အနေအထားကြောင့်
အားယူရပ်နေရသည်။
“အားလုံးရဲစခန်းလိုက်လာပေးကြပါဦးဗျ
ကျွန်တော်တို့ စခန်းမှာဆုံကြတာပေါ့”
ရဲတွေဆင်းလာကြတော့
ပြိုင်တူကြည့်မိကြသည်။
ခေါင်းဆောင်တစ်ယောက်က
ရပ်နေခဲ့ရင်း ပြောပြီးထွက်သွားသည်။
အလင်္ကာလည်း နောက်ကလိုက်သွားတော့
လုယာနဲ့သူသာကျန်ခဲ့၏။
“အင်း ဒီနေရာကို ပြုပြင်ပြီး
သူနဲ့အတူ အလုပ်တွဲလုပ်ဖို့ပြောဖူးတယ်”
လုယာ ဟိုဘက်ဒီဘက်ကြည့်ပြီး
ခြောက်ခြားဖွယ်တိုက်ပျက်ကြောင့်
ပခုံးလေးကျုံ့ပြစ်ကာ
“ကြက်သီးထစရာကြီး
သူတို့ပိုင်တာလား”
“အင်း မတရားသမှုနဲ့ပေါ့
သွားရအောင် ဆေးထည့်ပေးမယ်နော်
ကိုယ့်ကလေးလေး ကိုယ်နောက်ကျသွားတာ
တောင်းပန်ပါတယ်”
လက်လေးမြှောက်ပြီး လက်ချောင်းရာ
ထင်းနေတဲ့ လုယာမျက်နှာလေးကို
ပွတ်ပေးဖို့ရွယ်တော့ တစ်လမ်းလုံး
အောင့်ခံလာသမျှ အခုတော့
တစ်စစ်စစ်နဲ့လက်တောင်မမြှောက်နိုင်
မျက်နှာရှုံ့သွားတဲ့ သူ့ကြောင့်
လုယာငိုချင်လာသည်။
“ပြန်မယ်နော် လု လုယာတောင်းပန်တယ်နော်”
ငိုသံလေးတွေနဲ့လုယာကို
သူ မျက်တောင်ခက်ပြုံးကြည့်ပြီး
ခေါင်းငြိမ့်လိုက်တော့ သူ့ကိုကူတွဲတဲ့
သူမလက်လေးတွေ သွေးတစ်ချို့ခဲနေသည်။
ဖူးမြတ်သွယ် မင်းလူထပ်မဖြစ်ဖို့
မျှော်လင့်မိတယ်…
“ကိုယ်ရတယ် ကလေးသာ
သေချာလျှောက်”
“အင်းပါ ဒယ်ဒီလည်း
အောက်ကိုကြည့်”
“ဟုတ်ပါပြီကွာ”
???????????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)