Sweety Baby - Part 14
“ပါး…”
စားပွဲပေါ်ကို…တင်ပြီး…နှုတ်ခမ်းလေးကိုနမ်းရှိုက်မည်ပြုတော့…babyက
ရောင့်ရဲ့..နှုတ်ခမ်းရှေ့ကို..လက်လေးဖြင့်ကာလာ၏။
“ပါးကbabyအပိုင်ဆို…”
“ဟုတ်တယ်လေပါးရဲ့…အဲ့ဒါဘာဖြစ်လဲ…”
“ပါးကbabyရဲ့အပိုင်ဆိုပြီး…လမ်းတစ်လျှောက်လုံး…babyသက်သေပြပြီးပြီလေ…အဲ့ဒီတော့…babyကပါးရဲ့အပိုင်ဆိုတာကိုသက်သေပြရမယ်လေ…”
“အင်း…အဲ့ဒါက…”
မျက်နှာလေးလွှဲသွားဖို့ပြင်လိုက်တဲ့babyလေးရဲ့နှုတ်ခမ်းတစ်စုံကို…အမိအရ..စုပ်ယူနမ်းရှိုက်လိုက်လေတော့။
~~~~~~~~~~~~~~~~~~~•❤❤❤
မနေ့က..မမဖြူနဲ့ကိုယ့်ကို..ရောင်စိတ်တိုသွားတာ..
ဒီနေ့ရော..ရောင်စိတ်တိုနေသေးရင်
ကိုယ်ဘယ်နားနေရမလဲမသိသေး။
အခန်းတံခါးကို…ခပ်ကြောက်ကြောက်နှင့်ဖွင့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်…နိုင်မျက်လုံးတွေပင်ပြူးသွားရ၏။
သူတို့နှစ်ယောက်လည်း…နိုင့်ဘက်ကိုလှည့်ကြည့်လာလေတော့…
“ဟ်ို…ရောင်…ငါ..marketingဘက်ကိုတစ်ချက်သွားစစ်လိုက်အုံးမယ်..”
မျက်နှာဟာမဲ့သွားတဲ့အသေးလေး။
မကျေနပ်သလိုကြည့်လာသည့်ရောင်။
ပြုံးဖြီးပြလိုက်ကာ…မြန်မြန်ထွက်သွားရတော့သည်။
~~~~~~~~~~~~~~~~~~~•❤❤❤❤
“ဟီး..အဲ့ဒါပါးကြောင့်..”
ပါးရဲ့ရင်ဘက်ကိုထုရိုက်ကာ…ငိုနေလေပြီ။
“ဦးနိုင်မြင်သွားပြီ..ဟီး..ရှက်တယ်…”
“မငိုပါနဲ့babyရယ်…ဘာရှက်စရာရှိလဲ…”
“ရှက်တာပေါ့….သူများရှေ့ကြီးမှာ…
ပါးကbabyကိုနမ်းတယ်…ဟီး…”
ဆက်ပြီးရိုက်နှက်ဖို့ရွယ်လိုက်တဲ့babyလေးရဲ့..လက်ကိုဖမ်းကိုင်ရင်း…
“ပါးပြောပြမယ်…ခုနကလမ်းမှာ..
Babyပဲ..ပါးကbabyရဲ့အပိုင်ပါဆိုပြီး..
နမ်းလာလိုက်တာတစ်လျှောက်လုံး..
အဲ့မှာဆို…ဝန်ထမ်းတွေရှေ့မှာတောင်နမ်းလာတာလေ…ခုမြင်တာက…နိုင်လေ..တစ်ခြားသူတောင်မဟုတ်ဘူး…”
ထိုအခါမှ..လက်ကလေးကအားလျှော့သွားသလို…
“ဟင့်…”
“ကြည့်ပါအုံး…ဘာမှမဟုတ်တာလေးအတွက်နဲ့…ပါးရဲ့babyလေးမျက်ရည်ကျရတယ်လို့…”
မျက်ရည်လေးတွေကိုသုတ်ပေးလိုက်ပြီး…နှာခေါင်းလေးကို..အသည်းယားလာသည်ကြောင့်ဖွဖွလေးဖျစ်လိုက်သည်။
“ပါးက…babyကိုနမ္းတာကို…”
နှုတ်မခမ်းလေးဆူကာပြောနေတဲ့babyကြောင့်…ခပ်ဟဟလေးရယ်လိုက်ရင်း..
“ချစ်လို့နမ်းတာပေါ့babyလေးရဲ့…
ပါးကbabyကိုအရမ်းချစ်တာလေ…
မသိသေးဘူးလား…”
“သိတာပေါ့ပါးရဲ့…ပါး..babyကိုချစ်တဲ့အချစ်က…ဘယ်သူမှမချစ်နိုင်လောက်တဲ့အထိခမ်းနားတယ်ဆိုတာသိတာပေါ့..”
“ပါးရဲ့babyလေးကစကားတွေတတ်လှချည်လား…ဘယ်သူကသင်ပေးထားတာလဲ..ပြောပါအုံးbabyရဲ့…”
သွင်သွင်…ပါးရဲ့..ပခုံးပေါ်ကိုလက်နှစ်ဖက်တင်လိုက်ပြီး…
“အဲ့ဒါက…ပါးရဲ့အချစ်တွေကနေ…babyသိလာတာပါနော်…”
“အဲ့ဒါဆိုပါးက..babyကိုသင်ပေးတာပေါ့…”
“ဟုတ်တာပေါ့ပါးရဲ့…”
“ဟား…ဟား..ဟား…ဟုတ်ပါပြီဗျာ…”
ချစ်စဖွယ်အမူအရာလေးနဲ့စကားတက်နေတဲ့babyကြောင့်..ဟန်မဆောင်နိုင်အောင်ရယ်ချလိုက်လေရင်း။
~~~~~~~~~~~~~~~~~~•❤❤❤❤
“ဟိတ်..အသေးလေး..ဘာတွေလုပ်နေတာလဲ…စာဖတ်နေတာလား..”
ရောင့်ရုံးခန်းထဲဝင်လာရင်း…အသေးလေးကိုလှမ်းမေးလိုက်ရာ…အသေးလေးကမော့ကြည့်လာပေမယ့်…ဘာမှမဖြေသလို…
“Babyကိုသွားမနှောက်ယှက်နဲ့….ဘာလာလုပ်တာလဲပြော…”
စကားသံအရ….မနေ့ကကိစ္စကို..စိတ်ဆိုးမပြေသေးဘူးဆိုတာသိလိုက်ရလေပြီ။
“စိတ်ဆိုးနေသေးတာလား..”
“ပေါက်ကရတွေ…စိတ်ဆိုးရအောင်ငါကမိန်းမမဟုတ်ဘူး…မင်းလိုရင်းကိုပြော..”
“ဒီနေ့..ရှယ်ယာဝင်တွေအားလုံးအတွက်…meetingရှိတယ်လေ…အရင်က..ပုဂံကHotelလုပ်ငန်းကိုရပ်လိုက်တာ…ခုပြန်စတင်မယ့်အကြောင်းဆွေးနွေးဖို့…”
“ဟာ…ဟုတ်သားပဲ..ငါ..အဲ့ကိစ္စကိုလုံးလုံးမေ့နေခဲ့တာ…meetingက10နာရီနော်…ခုဘယ်ချိန်ရှ်ိပြီလဲ..”
“10နာရီကွက်တိပါပဲ…mettingသွားဖို့လာခေါ်တာ…”
ဒီနေ့meetingသွားဖို့ကိုမေ့ပြီးbabyကိုခေါ်လာမိတာ။
ခုmeeting Roomထဲဝင်ရတော့မည်ဆိုတော့…တစ်ယောက်တည်းထားခဲ့ရမှာစိတ်မချတော့။
“Baby..”
ရောင်ခေါ်လိုက်တော့…ဝင်းလက်တောက်ပနေတဲ့မျက်ဝန်းတွေနှင့်အတူကြည့်လာပြီး…
“ဟုတ်..ပါး…”
“ပါး..meetingရှိတယ်…babyတစ်ယောက်တည်းဆိုရင်လည်းပါးစိတ်ချမှာမဟုတ်ဘူး…ပါးနဲ့လိုက်ခဲ့မလား…”
“ဘယ်လောက်ကြာမှာလဲ…”
“အဲ့ဒါတော့မသိသေးဘူးဘူးbabyရဲ့…”
“meeting roomထဲကို babyမုန့်တွေယူလာလို့ရတယ်မလား…”
အစားမက်တဲ့babyလေးက…ရောင်..ဝန်ထန်းတစ်ယောက်ကိုဝယ်ပို့ခိုင်းထားတဲ့…စားပွဲပေါ်မှမုန့်တွေအချိုရည်တွေကိုကြည့်ပြီးမေးလာသည်ကြောင့်…
“ရတာပေါ့..”
“အဲ့ဒါဆိုလိုက်မယ်…”
“ရောင်…ခုကရှယ်ယာရှင်တွေအစည်းအဝေးလေ…အသေးလေးကိုခေါ်လာတာက…ရှယ်ယာရှငိတွေကိုအနှောက်အယှက်ပေးသလိုဖြစ်နေမယ်…”
“meeting roomထဲမှာ…babyက4နှစ်အရွယ်ကလေးလိုဆော့နေမှာမလို့လား..ငါ့ဘေးမှာပဲအသာနေနေမှာကို..ဘာအနှောက်အယှက်ပေးမှာလည်း..”
ရောင်ပြောတော့လည်းဟုတ်သား…
မနေ့ကစိတ်တိုတာပင်မပျောက်သေး။
ဒီနေ့ထပ်ပြီးစိတ်တိုသွားမည်ဆိုးသည်ကြောင့်…စားပွဲပေါ်မှမုန့်တွေကိုသိမ်းယူဖို့ကြံနေတဲ့အသေးလေးဆီကိုပြေးကာ…
“ဦးနိုင်ယူပေးမယ်…အသေးလေးသာ..
ရောင်နဲ့လွတ်လွတ်လပ်လပ်သွား…”
သွင်သွင်လည်း..ဦးနိုင်ကိုသာမုန့်တွေသယ်ခိုင်းလိုက်ပြီး..ပါးနှင့်အတူ…ရှေ့မှထွက်လာလေ၏။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)