Sweety Baby - Part 34
“နွယ်…ထမင်းလေးဆင်းစားပါလား..
ဒါမှမဟုတ်…ကိုယ်အခန်းထဲယူလာခဲ့ပေးရမလား ”
“ဟင့်အင်း…နွယ်မစားချင်ဘူး…”
“အဲ့ဒီလိုလုပ်လို့မရဘူးလေကွာ…
နွယ်ဆေးလည်းသောက်ရအုံးမှာ ပြီးတော့ နွယ့်ကိုနွယ် မှန်ထဲလည်းထပြီးပြန်ကြည့်ပါအုံး ဖြူ ဖျော့နေပြီ…”
“နွယ် စားမယ်ဆိုရင်တောင်
စားလို့ဝင်မှာမဟုတ်ဘူး နွယ့်အတွက်ဒုက္ခမရှာပါနဲ့ကိုရဲနောင် နွယ့်ဘဝနဲ့နွယ်ရှိပါစေ ”
“နွယ်နဲ့ပတ်သတ်သမျှကိုဒုက္ခလို့ကိုယ်မမှတ်ယူပါဘူး နွယ်ထမင်းမစားချင်ဘူးဆိုရင် ဘာစားချင်လဲ ကိုယ်ဝယ်ပေးမယ် ”
“နွယ်ဘာမှမစားချင်သလို ဘာမှလည်းစားဝင်မှာမဟုတ်ပါဘူး နွယ်
သမီးလေးကိုပြန်လိုချင်တယ် ”
“ကလေးမလေးကမလွယ်ဘူးနွယ်
အတော့်ကိုဆိုးတာ ထိန်းမနိုင်သိမ်းမနိုင်လေး နေသားကျတဲ့နေရာမှာနေပါစေနွယ်ရယ် ”
“သမီးလေးကိုမကောင်းမပြောပါနဲ့ကိုရဲနောင် သမီးလေးကမဆိုးပါဘူး
အမေကိုက ဆိုးတာ
သမီးလေးဆိုးတယ်ဆိုရင်တောင်
သွေးသားအရင်းအချာမဟုတ်တဲ့
သူစိမ်းမောင်နှမက ဆိုးတာလေးကို
သည်းသည်းလှုပ်ချစ်ပြီး သည်းခံ
အလိုလိုက်ကြတယ်
သမီးလေးက နွယ်ရဲ့သွေးသားအရင်းအချာပါ အဲ့ဒါကို နွယ်ဘာလို့သည်းမခံနိုင်ရမှာလဲ မေမေကရော
ကိုယ့်မြေးအရင်းတစ်ယောက်ကို
ဘာလို့ အဲ့လောက်ရက်စက်နိုင်ရတာလဲ နွယ်နားမလည်နိုင်ဘူး..
ခု ကိုရဲနောင်ကလည်း သမီးလေးကို
မကောင်းပြောနေတယ်ဆိုတော့
ကိုရဲနောင်နဲ့နွယ် မိတ်ဆွေဖြစ်စရာ
ဘာအကြောင်းမှမရှိတော့ဘူး…”
“ကိုယ် စကားမှားသွားတယ် တောင်းပန်ပါတယ်နွယ် ”
စကားမှားသွားပါတယ်တဲ့လား။
ဘာလို့ ဘယ်သူကမှ မိခင်တစ်ယောက်ဖြစ်တဲ့နွယ့်ရဲ့ခံစားချက်တွေကို
ကိုယ်ချင်းမစားနိုင်ကြရတာလဲ။
~~~~~~~~~~~~~~~~•****
“ဟင့်…နင်တို့ကလည်း …ဒီအချိန်ကြီးမှလာရတယ်လို့ ….မနက်ကလာရမှာကို ”
“မဒီလေ…မနက်က…သူတို့အိမ်ကို
ဧည့်သည်တွေလာမှာမလို့…သူ့အမေချက်ပြုတ်နေရတာကို ကူးပေးနေရလို့လေ”
“နင်တို့လာတဲ့အချိန်လည်းကြည့်အုံး
ပါးတောင်ပြန်လာတော့မယ် ”
“ဦးရောင်လာေတော့ဘာဖြစ်လည်း”
“အေးလေ ဘာဖြစ်မှာမလို့လဲ ”
“ပါးရှိတဲ့အချိန် ပါးအနားမှားပဲနေချင်တာ နင်တို့တွေကိုအချိန်ဖဲ့မပေးချင်ဘူး
ရှင်းပြီလား..”
“အဲ့လိုဆိုမှတော့…စိတ်ချ….တို့နှစ်ယောက်လုံးအိမ်မပြန်တော့ဘူး…
ဒီနေ့ညနင့်အိမ်မှာပဲနင်နဲ့အတူအိပ်မှာ ”
“ဟယ်…ကြည့်စမ်း…မိန်းမတွေယုတ်မာတာ ”
“ယုတ်မာတယ် ဘာဖြစ်လဲ…နင့်ကိုမနာလိုလို့ကိုယုတ်မာတာ သည်းသည်းလှုပ်ဖြစ်နေတဲ့ဦးမင်းသက်တန့်ရောင်နဲ့
အကဲပိုတဲ့နင့်ကြားထဲမှာ လိုက်နှောက်ယှက်ပစ်မယ် ”
“သမီးတို့အတွက်…ဒီမှာ cakeနဲ့ အအေး….”
“မကျွေးနဲ့ကြီးကြီး..ာပြန်ယူသွား…
အဲ့မိန်းမတွေအကျင့်တစ်စက်မှကောင်းတာမဟုတ်ဘူး…”
“စားမှာပဲ…ဘာဖြစ်လဲ…တီဖြူကျွေးတာ…တီဖြူကသဘောကောင်းတယ်
နင့်လိုစိတ်ပုတ်မဟုတ်ဘူး ”
“တီဖြူကသဘောကောင်းတော့ ခုချိန်ထိချောတုန်းနုတုန်း…နင်ဆိုစိတိပုတ်လို့ ရုပ်ဒီလောက်ဆိုးနေတာ ”
“ငါ့ရုပ်ဒီလောက်ဆိုးလည်း…ငါဆိုးသမျှကို သည်းခံမယ့်ပါးရှိတယ် ငါ့လိုရုပ်ဆိုးလေးကိုချစ်တဲ့ပါးရှိတယ် နင်တို့ရှိလား ”
သွင်သွင်တို့စကားနိုင်လုနေကြသည်ကို ကြီးကြီးကပြုံးရယ်ပြီး ထွက်သွား၏။
“ဦးရောင်က ရှိလို့သာတော်ပါသေးတယ် ဦးရောင်သာမရှိရင် နင့်လိုစိတ်ပုတ်စွာကျယ်ကိုကြိုက်မယ့်သူမရှိလို့ အပျိုကြီးလုပ်ပြီးငှက်ပျောတုန်းကိုပဲလင်တော်ရတော့မှာလေ ”
“နင်တို့ပြောထားပါ ပါးလာရင် ကပ်ချွဲပြီးတိုင်ပစ်မယ် ”
မျက်ရည်လေးတွေရစ်သီလာပြီး ငိုမဲ့မဲ့လေးဖြစ်နေသည့်ရုပ်ကြောင့် ယုဝါနဲ့မဒီက တစ်ခစ်ခစ်ရယ်မိသွားရင်း…
“တိုင်ပေါ့…ငါကလည်းလေ…ဦးနိုင်လာရင်…ဦးနိုင်ကိုကပ်ချွဲပြီးတိုင်ပစ်မှာပေါ့..”
“စိတ်ကူးယဉ်နေလိုက်လေမိန်းမ…
ဦးနိုင်ကိုလည်းငါပိုင်တယ် နင့်ကိုမပေးနိုင်ပါဘူး..”
“ဦးနိုင်သာငါ့ဘက်ပါရင် နင်ဘာတက်နိုင်အုံးမလဲသွင်သွင်ရယ် ”
“အဟီး…ဟီး..ဟီး…ပါးလာရင်တိုင်မယ်…”
“ဟယ်…ဒီလောက်လေးစတာကို
ငိုနေလိုက်တာများ…မူကြိုကလေးကိုကျလို့…”
သွင်သွင်ငိုနေတော့ ခြံထဲကိုဝင်လာတဲ့ကားတစ်စီးကို ယုဝါနဲ့မဒီလှမ်းကြည့်လိုက်တော့ ဦးနိုင်ဖြစ်နေ၏။
အိမ်ထဲဝင်မယ်လုပ်သည့်ဦးနိုင်က ခြံထဲက သွင်သွင်တို့ကိုမြင်တော့ ခြေလှမိးကြဲတွေနဲ့ခပ်ကြဲကြဲလျှောက်လာသည်ကိုတွေ့ရ၏။
“အသေးလေး…ဘာဖြစ်တာလဲ…
ဘာလို့ငိုနေတာလဲ ဦးနိုင်ကိုပြော…ကလေး…”
ဦးနိုင်ရောက်လာမှပိုငိုပြတဲ့သွင်သွင်နဲ့
ကဲကဲသဲသဲဖြစ်နေတဲ့ဦးနိုင်ကြောင့်
မဒီနဲ့ယုဝါတစ်ခစ်ခစ်ရယ်မိပြန်သည်။
သွင့်သွင့်ကိုသည်းသည်းလှုပ်တာ ဦးရောင်ပဲထင်ခဲ့တာ။
ခုက ဦးနိုင်ကပါ မြေကိုင်မိလက်မကိုင်မိဖြစ်ရအောင်ကဲကဲသဲသဲဖြစ်နေတာမဟုတ်ပါလား။
“မင်းတို့ကဘာရယ်နေကြတာလဲ
အသေးလေးကိုငိုအောင်ဘယ်လိုလုပ်တာလဲ ”
“အော် ဦးနိုင်က အကဲပိုနေတာတွေ့တော့ရယ်ချင်မိသွားလို့ပါ ”
“အသေးလေးငိုတာကရယ်စရာမဟုတ်ဘူး မင်းတို့သိလား အသေးလေးက
ရောင့်အသက် အသေးလေးမျက်ရည်ကျတာကိုရောင်လုံးဝအဖြစ်မခံဘူး
မင်းတို့သူငယ်ချင်းကိုအဲ့လောက်ငိုအောင်စရလား…ရောင်သိရင်မလွယ်ဘူး ”
“အသေးလေး…ဘာဖြစ်လို့လဲ…ဦးနိုင်ကိုပြော ”
“သူတို့က သွင်သွင့်ကို ရုပ်ဆိုးတယ်
စိတ်ပုတ်တယ် စွာကျယ်တယ်တဲ့…
အဟင့်…ပြီးတော့…သွင်သွင့်လိုရုပ်ဆိုးက…ပါးသာမရှိရင်…ငှက်ပျောတုန်းကိုယောကျာ်းတော်ရမှာတဲ့…ပြီးတော့လေ. ဟင့်…”
ရှိုက်ငိုလိုက်ပြောလိုက်ဖြစ်နေတဲ့အသေးလေး။
“ဟုတ်ပြီ…နားနားပြောကလေး…
မောနေပါအုံးမယ် မငိုနဲ့တော့…
သူတို့အနိုင်ကျင့်မရဘူး…ဦးနိုင်ရှိတယ်”
“ပြီးတော့…ဦးနိုင်ကို…မဒီက…”
“ဟဲ့…သွင်သွင်…မပြောရဘူးလေ…”
ဦးနိုင်ကိုတည့်တိုးသွားပြောမည်ဆိုတော့ မဒီမျက်နှာဘယ်နားသွားထားရပါ့မလည်း။
“ပြောမှာဘဲ…”
“ဦးနိုင်…မဒီကလေ…သွင်သွင်ပါးကိုကပ်ချွဲသလိုမျိုး…ဦးနိုင်ကိုသူကကပ်ချွဲမယ်တဲ့…သွင်သွင်အချွဲမခံနိုင်ပါဘူး…
ဦးနိုင်ကိုသွင်သွင်ပိုင်တာ…”
အသေးလေးစကားကြောင့် နိုင်ထိုကလေးမကိုလှမ်းကြည့်မျက်နှာတစ်ပြင်လုံးနီရဲနေ၏။
“သွင်သွင်…နင်..အရမ်းဆိုးတာပဲ ”
“ဟင့်…နင်တို့်အရင်လာအနိုင်ကျင့်တာကို ”
“ဦးနိုင်…လက်ထဲကမုန့်တွေက သွင်သွင့်အတွက်လား…”
နိုင်ကိုင်ထားတဲ့လက်ထဲက မန္တလေးထိုးမုန့်ကိုသွင်သွင်မြင်သွား၏။
တစ်ကယ်တော့ မမဖြူကမန္တလေးထိုးမုန့်စားချင်တယ်ဆိုလို့ မန္တလေးကမိတ်ဆွေတစ်ယောက်ကိုမှာထားတာရက်အနည်းငယ်ကြာပြီ။
ခုမှရောက်သည်မို့ မမဖြူကိုလာပို့ခြင်းပင်။
သူ့ဖို့လို့ပြောရင်တော့အငိုတိတ်နိုင်အုံးမယ်ထင်သည်။
မဟုတ်ရင် ရှိုက်ကြီးတငင်ငိုနေအုံးမယ့်မမလေး။
“ဟုတ်ပါတယ်ဗျာ…အသေးလေးဖို့ဦးနိုင်ယူလာတာ ”
“မန္တလေးထိုးမုန့်တွေပဲ…သွင်သွင်အရမ်းကြိုက်တာ ဦးနိုင်ကအလိုက်သိသားပဲ ခုပဲစားတော့မယ်နော် သူငယ်ချင်းတွေကိုလည်းမျှကျွေးလိုက်အုံးမယ် ”
“မန္တလေးထိုးမုန့်လား ဟီး ငါတို့အကြိုက်ပဲ ”
“ဟင့်…နင်တို့မကြိုက်တာဘာရှိလဲ ”
မဒီနဲ့ယုဝါနဲ့အတူ ဝေစားနေသည့်အသေးလေးက အပြောင်ပင်တီးပစ်တော့မည်လား ..ရောင်စိုးထင့်နေ၏။
“အသေးလေး….မမဖြူ ဖို့ချန်…”
“ကြီးကြီးကဦးနိုင်ဝယ်ပေးတာဆိုစားမှာမဟုတ်ဘူး…ဦးနိုင်ကိုကြီးကြီးကကြိုက်မှာမကြိုက်တာ…”
“မမဖြူမကြိုက်ဘူးလို့ဘယ်သူပြောလဲ…”
“ဟာ…ဦးနိုင်နော်…”
နှုတ်ခမ်းလေးစူလာသည့်အသေးလေးက စားလက်စမုန့်ကိုရပ်ကာပင်ငိုတော့မည့်ဟန်။
“ဦးနိုင်ကစတာပါကွာ ”
“ဟင့်…ပြီးတာပဲ သွင်သွင်မသိခင်
ခိုးကြိုက်ကြရင်တော့ သွင်သွင်ဟိုးအဝေးကြီးကိုထွက်သွားပစ်မှာ ”
“ဘယ်မှတော့ထွက်မသွားပါနဲ့ အသေးလေးရယ်
တော်ကြာမမဖြူရင်ကွဲနေပါ့မယ် ”
“အဲ့ဆိုဆင်ခြင်နေကြပေါ့…”
“ဟုတ်ကဲ့ပါဗျ ”
သွင်သွင့်ရဲ့ခေါင်းကိုခပ်ဖွဖွလေးကိုင်ထားတဲ့ဦးနိုင်ကိုကြည့်ပြီး မဒီတွေးမိသည်က ဦးနိုင်က ဦးရောင်နီးပါးတော့
ချစ်တက်ဂရုစိုက်တက်မည့်ပုံပင်။
“ဦးနိုင်…ပါးကဘာလို့တန်းမရောက်လာသေးတာလဲ ”
“ရောင်က. အလုပ်ကိစ္စဆွေးနွေးနေလို့အသေးလေးရဲ့…”
“ဟမ်…အဲ့ဒီ့ပါး…ညနေစောစောပြန်လာပါဆိုတာကို အလုပ်ကိုအရေးပေးပြန်ပြီလား…သွင်သွင့်ကိုစောင့်ခိုင်းတယ်လား…”
“သိပ်မကြာစေရပါဘူးလို့အမှားတော်ပါးလိုက်ပါတယ် သူ့အသည်ူအသက်လေး ရွှေစိတ်တော်ညိုမှာစိုးလို့ပါတဲ့…”
“ဟင့်…ပါး..အပြောပဲကောင်းတယ်
တစ်ကယ်လည်းbabyကိုမချစ်ဘူး..”
“ရောင်ကသွင်သွင့်ကိုဘယ်လောက်ချစ်လည်းဆိုတာဦးနိုင်အသိဆုံးပါ
ဒီကမ္ဘာမှာ ရောင့်လောက်အသေးလေးကိုချစ်တဲ့သူမရှိဘူးအသေးလေးရဲ့ ”
“ဦးနိုင်ကပါးဘက်ကလိုက်တာ ဦးနိုင်ပြန်တော့ ”
“ဟို မဟုတ်ဘူးလေအသေးလေးရဲ့
ဦးနိုင်ကရောင့်ဘင်ကလိုက်တာမဟုတ်ပါဘူး အမှန်တရားကိုပြောတာပါ
”
“ဦးနိုင်ပြန်တော့လို့ ”
စူးစူးဝါးဝါးအော်ချလိုက်တဲ့အသံကြောင့်
အိမ်ထဲမှာချက်ပြုတ်နေတဲ့ဖြူပင်ကြားရပြီး အလန့်တကြားပြေးထွက်လာ၏။
“နိုင် ဘာဖြစ်တာလဲ ”
“ဦးနိုင်ပြန်…”
“သွင်သွင်လေး…ဦးနိုင်ကိုအဲ့လိုမောင်းမထုတ်ရဘူးလေ…”
ရုတ်တရက်စားပွဲပေါ်မှမြင်လိုက်တဲ့မန္တလေးထိုးမုန့်ကိုမြင်တော့ မှားထားသည်ကိုသတိရပြီး…
“နိုင်…မမဖြူမှာထားတဲ့ထိုးမုန့်လာပေးတာလား…ကျေးဇူးပဲ မမဖြူစားချင်နေတာကြာပြီ…”
“သြော်…ဦးနိုင်ကကြီးကြီးအတွက်ဝယ်လာတာပေါ့…အဲ့ဒါကိုဘာလို့သွင်သွင့်ဖို့လို့ပြောတာလဲ…”
“ဟို အသေးလေးစိတ်ဆိုးမှာဆိုးလို့ပါ”
“အဲ့လိုမှန်းသိရင်သွင်သွင်မစားပါဘူး
သွင်သွင်မန္တလေးကိုသွားဝယ်ပြီး ဦးနိုင်ကိုပြန်ရော်ပေးမယ် ဦးနိုင်ပြန် ”
အငိုသန်တဲ့ကလေးက မျက်လုံးစုံမှိတ်ချပြီး ငိုနေလေသည်ကြောင့် နိုင်နဲ့မမဖြူစိတ်ညစ်ရချေပြီ။
ရောင်ပြန်လာတာနဲ့တွေ့ရင်မလွယ်။
“ဦးနိုင်ကိုအဲ့လိုမပြောရဘူးလေ..
ဦးနိုင်စိတ်မကောင်းဖြစ်နေပါအုံးမယ်”
“ဦးနိုင်မပြန့ရင် သွင်သွင်ဒီအိမ်ကထွက်သွားမှာနော်…”
စိတ်ကြီးလွန်းတဲ့အသေးလေးအကြောင်းကိုနိုင်သိသည်ကြောင့်…နိုင်ပြန်မှပင်ဖြစ်တော့မည်။
“ဟုတ်ပြီ…ဟုတ်ပြီ ဦးနိုင်ပြန်တော့မယ်နော် ”
“သွင်သွင်လေး..အဲ့လောက်ထိမဆိုးရဘူးလေ ”
“သွင်သွင့်ကိုကြီးကြီးကဆိုးတယ်ပြောတယ် ကြီးကြီးကသွင်သွင့်ကိုမချစ်တော့ဘူး ကြီးကြီးကဦးနိုင်ဘက်လိုက်တယ် ဦးနိုင်ကိုချစ်တာ ”
“မဟုတ်တာသွင်သွင်လေးရယ်
ကြီးကြီးကသွင်သွင်လေးကိုချစ်တာပါ”
ထိုအချိန်မှာပဲ ခြံထဲကိုနောက်ထပ်ဝင်လာတဲ့ကားတစ်စီးက ရောင်ပင်။
ရောင်က နိုင်နဲ့မမဖြူတို့ဝိုင်းနေသည်က
babyပင်ဖြစ်မည်ဆိုတာကိုသိပြီး
အမြန်ပင်ပြေးလာရတော့၏။
်အနားရောက်တော့အသည်းတသန်ငိုနေတဲ့babyရယ်၊ချွေးစောတွေပင်ပြန်နေသည့်နိုင်နှင့်မမဖြူ ရယ်၊ကြောင်ကာထိုင်နေသည့်babyသူငယ်ချင်းတွေကိုတွေ့ရ၏။
“baby…”
“ပါး…ပါးbabyကိုပစ်ထားတယ် ”
ငိုနေတဲ့babyကိုလက်နှစ်ဖက်အောက်ကပွေ့ချီလိုက်၏။
“ပစ်ထားတာမဟုတ်ပါဘူးကလေးလေးရယ် babyလေးကိုလွမ်းလွန်းလို့ ပအမြန်ပြန်ခဲ့ရတာ babyကိုဘယ်သယအနိုင်ကျင့်တာလဲ ပါးကိုပြော”
“ပါးလေ…”
“ဟမ် babyကိုအနိုင်ကျင့်တာက ဘယ်လိုဖြသ်လို့ပါးဖြစ်ရတာလဲbabyရ .”
“ပါးကbabyလွမ်းရအောင်လုပ်တာကို
babyကပါးကိုလွမ်းနေတာ ”
“အာ ပါးကလေးလေးကလွမ်းနေတာလား ပါးတော်တော်ဆိုးတာပဲ
ကဲ အခန်းထဲရောက်ရင် ပါးကိုကြိုက်သလောက်အပြစ်ပေးကွာ ခုပါးတို့အထဲသွားကြစို့”
ရောင့်လက်ထဲမှလက်ဆွဲအိတ်ကိုဖြူကအလိုက်တသိဆွဲယူလိုက်၏။
“ဦးနိုင်ပြန်.. ”
“ဟုတ်တယ် နိုင်….မင်းပြန်တော့ ”
ရောင်က ကလေးဆိုးလေးတစ်ယောက်လိုသွင်သွင့်ကိုပွေ့ချီသွားလေမှ
အားလုံးသက်ပြင်းချလျက်ကျန်ခဲ့ရတော့သည်။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)