တစ်ခုလပ်မ - Part3
”ပါးစပ်လေး ဟပေးပါဦး သားရဲ့၊ ဦးက အဲဒါမှ သားရဲ့ သွားလေးတွေကို ကြည့်လို့ရမှာ”
”ဟင့်အင်း မကြည့်နဲ့ မကြည့်နဲ့ ဦးက သားသွားတွေကို နှုတ်ပြစ်တော့မှာ”
” အခုက သားသွားတွေက မကောင်းတော့ဘူးလေ၊ ဆရာက အဲ့ဒီ သွားတွေကို နှုတ်ပေးမှာ၊ အဲဒါမှ သားက သွားပိုးမစားတော့မှာ သွားကိုက်တာတွေ သွားကျဥ်တာတွေ မဖြစ်တော့မှာ ”
”ဟင့်အင်း သွားမနှုတ်ဘူးနော် သွားနှုတ်ရတာ တအားနာမှာ ဟီးအီး မနှုတ်ဘူးလို့”
ကလေးလေးနဲ့ နေ့သစ် အပြိုင်ပြောနေတာ တော်တော်လေးတောင် ကြာနေခဲ့ပြီ။ ကလေးလေးက အခုထိ လက်မခံသေး။
ဒါကို မြင်တဲ့ ဆရာမတစ်ယောက်က..
” ဒီကလေးက ဒီလိုပဲ နေပါဦး သားလေးအတန်းပိုင်ဆရာမက ဘယ်သူလဲ”
” ဪ ကြွေ အခန်းက ကလေးလေးပဲ ခဏလေး ကြွေကို သွားခေါ်လိုက်မယ်”
ဆရာမတစ်ယောက်က ထွက်သွားပြီး မကြာပါ။ အခြားဆရာမလေးတစ်ယောက်ပါ ခေါ်လာလေသည်။
”ဘာဖြစ်တာလဲ”
”ဪ ကြွေပါလား”
” ကိုနေ့သစ်ပဲ ဘာဖြစ်လို့လဲ”
”ဒီကလေးလေ သွားလေးတွေက မကောင်းတော့ဘူး၊ ဒါကြောင့် ကိုယ်က နှုတ်ပေးမလို့၊ လက်ခံအောင် ပြောနေတာ တော်တော်လေး ကြာပြီ အဆင်မပြေသေးလို့”
”အော်.. သား ပိုင်စိုးလေး ဘာလို့ ဆရာစကားကို နားမထောင်တာလဲ သားရဲ့”
”ဟင့်အင်း ဆရာမ ဒီဦးက သားကို နာအောင်လုပ်မှာ”
”မဟုတ်ပါဘူး ဆရာမကို ယုံလိုက်နော်၊ ဒီဦးဦးက သားရဲ့ နေမကောင်းဖြစ်နေတဲ့ သွားတွေကို ကောင်းအောင် ပြန်လုပ်ပေးမှာ ဘာမှမဖြစ်ဘူး ”
ထိုတော့မှ ပိုင်စိုးလေးက နာခံလာသည်။ ပိုင်စိုးလေးက အသားနာမှာ အရမ်းကြောက်တာ။ ဒါကြောင့် သားလေး လက်ကို ကြွေကသေသေချာချာ ထွေးယူဆုပ်ကိုင်ပေးတော့မှ နေ့သစ်ကလည်း လုပ်စရာရှိတာ လုပ်လို့ ရသွားသ ည် ။ အားလုံး အေးဆေး ပြီးသွားတော့ ကြွေလည်း ကိုယ့်အခန်းကို ပြန်မလိုလုပ်တုန်း နေ့သစ်က လှမ်းခေါ်လိုက်သည်။
”ကြွေ ခဏလေး ကိုယ် ပြောစရာလေးရှိလို့ပါ ”
”ဘာကိစ္စများလဲ”
”ကြွေနဲ့ ကိုယ့်ရဲ့ ကြားမှာ ပြောစရာရှိမှ စကားပြောရမှာလား၊ ကြွေဘက်က အရမ်းကိုသူစိမ်းဆန်တာပဲ”
” ဪ အဲလိုဖြစ်သွားရင် ကြွေက တောင်းပန်ပါတယ် ”
”ကိုယ် ပြောတာလေးကို ကြွေအနေနဲ့ ပြန်စဉ်းစားပေးလို့ရမလား ”
”နေရာနဲ့အချိန်ကို နည်းနည်းပါးပါးလေး သိတတ်ပေးရင် ကောင်းမယ် ”
ကျောင်းသားတွေအများကြီးရဲ့ ရှေ့မှာကို နေ့သစ်က ကြွေကို ပိုးပန်းစကားတွေ ပြောလာပြန်သည်။
”ဪ ဟုတ်သားပဲ ကိုယ်လောသွားတာ မနက်ဖြန်ကျရင် ကြွေတို့အိမ်ဘက်ကို လာခဲ့မယ် ”
”လာတာကတော့ ရပါတယ် ဒါပေမဲ့ ကြွေအိမ်မှာ ရှိပါ့မလားဆိုတာတော့ သိပ်မသေချာဘူး”
”ဟုတ်ပါပြီ ”
ကိုနေ့သစ်နဲ့ ဘာမှ ပြောစရာစကားမရှိတော့တာကြောင့် ကြွေလည်း နေရာကနေ လှည့်ထွက်လာလိုက်သည်။ အခြားဆရာဆရာမတွေက ကြွေနဲ့ ကိုနေ့သစ်ကို ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသည်။ အဲဒီအကြည့်တွေရဲ့ အထဲမှာ အရိပ်အယောင်တွေ အများကြီးပါနေတာ သိရတော့ အင်္ကျီလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်။
ဒီမိန်းမက ဘာများရှိလို့ ဒီလောက် ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်ကို တင်းခံနေရတာလဲ ဆိုပြီးတော့ပေါ့..။ ဟုတ်ပါတယ် ကြွေတို့မှာ ဘာတစ်ခုမှ မပြည့်စုံပါဘူး ဒါပေမယ့်လည်းလေ..။
????
”မတင်ပု စကားကို အေးအေးဆေးဆေး ပြောလို့မရဘူးလား”
”အဟက် ငါ့ဆီမှာ ပိုက်ဆံချေးတုန်းကတော့ ဒီလိုလေသံတွေ မဟုတ်ကြပါလား၊ အတိုးရောအရင်းပါ ပြန်မဆပ်နိုင်ကြတဲ့အပြင် ငါ့ကိုပါ ပြန်ဟစ်ကြလို့၊ ဒီမှာ နင်တို့ ငါ့ဆီမှာ စာချုပ်ချုပ်ထားတယ်ဆိုတာရော မေ့နေကြပြီလား၊ တရားစွဲလိုက်လို့ အားလုံး ဒုက္ခရောက်ကုန်မယ်၊ ငါကတော့ ရစရာရှိတာ ပြန်ယူရမှာပဲ၊ ဒီမှာ နင့်သမီးကို အိမ်အကူလုပ်ခိုင်းတာ ဘာများဖြစ်သွားမှာလဲ၊ နင်တို့အိမ်မှာတောင် ထမင်းနှပ်မှန်အောင်စားရလို့လား၊ ငါ့ဆီမှာနေရင် အစားရော အနေအထိုင်ပါ အကုန်လုံး အဆင်ပြေမှာတောင် နင်တို့က ဘာဖြစ်နေကြတာလဲ”
”ဒီမှာ မတင်ပု စကားပြောတာ ဆင်ခြင်ပေးပါ၊ သံသာက ဆယ့်ရှစ်နှစ်တောင် ပြည့်သေးတာမဟုတ်ဘူးနော်၊ အသက်မပြည့်သေးတဲ့ ကလေးကို အိမ်ဖော်အလုပ် လုပ်ခိုင်းတာ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတာ မသိဘူးလား”
ကြွေသုပန်းချီလည်း အိမ်အရှေ့မှာ အော်ဟစ်ရန်ဖြစ်ကျိန်းမောင်းနေတဲ့ မတင်ပုကို သည်းမခံနိုင်တော့တဲ့အဆုံး ပြန်ပြောမိသည်။
” ဪ သြော် အခုမှ ဥပဒေတွေ ဘာတွေနဲ့ ..ဟုတ်ပြီ နင်တို့ဘက်က ဥပဒေနဲ့ ပြောလာတော့လည်း ငါလည်း နင်တို့ကို ဥပဒေနဲ့ပဲ ပြန်ပြောရတော့မှာပေါ့၊ ကောင်းပြီလေ နင်တို့ဘက်က ငါ့ကို ဘာတစ်ခုမှ ပြန်မပေးနိုင်ရင် ဒီတစ်ပတ် စနေနေ့ရုံးမှာ တွေ့ကြတာပေါ့”
”မလုပ်..မလုပ်ပါနဲ့ မတင်ပုရယ် မလုပ်ပါနဲ့ ကျွန်မ ရှိကြီးခိုးပါတယ်၊ ခဏလေး..ခဏလောက်စောင့်ပေးပါ”
”နင်တို့ ယူထားတာ တစ်နှစ်မကတော့ဘူးဟဲ့၊ နင်တို့ ပိုက်ဆံလိုတိုင်း ငါ့ဆီမှာ လာယူနေကြတာ ငါက နင်တို့အတွက် ငွေထုတ်တဲ့ဘဏ်ကြီးလား၊ ရှင်းရှင်း ပြောမယ် ဒီတစ်ပတ်အတွင်း ပိုက်ဆံပေးရင်ပေး မပေးရင် အကြီးမကို ငါ့အိမ်မှာ အိမ်ဖော်လာလုပ်ခိုင်း၊ အဲဒါပဲ ပြောချင်တယ်”
မတင်ပုက ပိုက်ဆံအိတ်ကို ဂျိုင်းကြားညှပ်ပြီး အော်ဟစ်သောင်းကျန်း၍ ပြန်သွားတော့သည်။ မတင်ပု ပြန်သွားတော့မှ ညီအစ်မနှစ်ယောက် ဖက်ပြီး ပြိုင်ငိုရတော့သည်။
”ဘယ်လိုလုပ်ကြမလဲ ကြွေ ငါတော့ ဒုက္ခရောက်ပြီထင်တယ်”
”ကိုကျော်ထင်ကရော ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးမယ်လို့ ပြောလဲ”
”ဒီကောင်အကြောင်းကို မပြောပါနဲ့တော့ဟယ်၊ အိမ်ကို ပြန်မလာတာ နှစ်ရက်သုံးရက်ဖြစ်ပြီ၊ အိမ်ကို ပြန်လာတိုင်း ငါလည်း ဒီကိစ္စကို ပြောလွန်းလို့ အိမ်ကို ပြန်မလာတော့တာ”
”ဒါဆို ဘယ်လိုလုပ်ကြမလဲ”
”ငါလည်း မသိတော့ဘူး ကြွေ ငါသေသာ သေလိုက်ချင်တော့တယ်”
” အစ်မရယ် ငါလည်း ဒီငွေတွေ အများကြီး ဘယ်ကနေ ဘယ်လို ရှာပေးရမလဲတောင် မသိတော့ဘူး၊ မနေ့ကလဲ ကိုစွမ်းကို အချုပ်ထဲကနေတောင် မထုတ်ပေးနိုင်တော့ဘူး လျော်လိုက်ရတဲ့ ပိုက်ဆံတွေ၊ ဒီကြားထဲ အငယ်ကောင် နေဘုန်းအောင်ကလည်း ကျူရှင်မသွားကျောင်းမသွားဘဲ ဆေးရှူနေလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ခေါ်ဆုံးမတာ ခံလိုက်ရပြီ၊ အဖေကလည်း အရက်ဆိုင်မှာ ခေါင်းထိုးစိုက်၊ တစ်အိမ်လုံးရဲ့ ပြဿနာတွေ ငါ့ရဲ့ ဝင်ငွေဖြစ်စလောက်လေးနဲ့ ဖြေရှင်းနေရတာ အဟင့် ”
”ငါ သေသာ သေလိုက်ချင်တော့တယ်၊ သံသာကလည်း ငါ့သမီးပါဟယ်၊ ငါသာ သူများတံတွေးခွက်မှာ မျှောခံလိုက်မယ်၊ ငါ့သမီးလေးကိုတော့ သူများအိမ် အိမ်ဖော်မဖြစ်စေချင်ဘူး၊ လုပ်ပါဦး ငါတို့သားအမိကို ကယ်ပါဦး ကြွေရယ် အဟင့် ”
”ခဏလေး ကြွေ စဉ်းစားပါရစေအုံး”
ဒီဖြစ်စဉ်အကုန်လုံးကို မြင်တွေ့လိုက်ရတဲ့ လူတစ်ယောက်လည်း အနားမှာ ရှိနေခဲ့သည်။
”ကြွေ”
”ဟင် ကိုနေ့သစ် ဒီကို ဘယ်လိုလုပ်ပြီး..”
”ကိုယ် အိမ်ပေါ်တက်လို့ရမလား”
” ရပါတယ် ”
ခုနက ကိုနေ့သစ် အဖြစ်အပျက်တွေ အလုံးစုံ အားလုံးကို မြင်ပြီးကြားပြီးပြီနဲ့ တူပါရဲ့။
ယိုင်နဲ့နဲ့ ဖြစ်နေသော ပျဥ်ထောင်အိမ်လေးပေါ်သို့ ကိုနေ့သစ်က ဝင်ထိုင်နေပါသည်။
” ကိုနေ့သစ် ဘာသောက်မလဲဟင်”
”နေပါ ရပါတယ် ကိုယ်မသောက်တော့ပါဘူး၊ ကြွေ ကိုယ့်ကို စပ်စုတယ်လို့ မထင်ပါနဲ့ ကြွေ၊ ကို ယ် ခုနက အားလုံး မြင်လိုက်တယ်၊ ကိုယ် ရောက်နေတာ နည်းနည်းလေးတော့ ကြာပြီ”
”ဟုတ် ကြွေတို့မှာ ဘာမှ ရှက်စရာ မရှိပါဘူး၊ သူတစ်ပါးပိုက်ဆံတွေ ယူထားတော့လည်း အပြောခံရတာ မဆန်းပါဘူးလေ၊ ဒါနဲ့ ကိုနေ့သစ်က ဒီကို ..”
”ကိုယ် ကြွေဆီ တမင်လာခဲ့တာပါ”
”ဟုတ်ကဲ့ ”
”ဘယ်လိုမှ မအောက်မေ့ပါနဲ့ ကြွေ ကိုယ့်ကို လက်ခံပေးပါတော့လား၊ ကြွေကို ဒီလို အပူတွေကြားမှာ တစ်ယောက်တည်း မနေစေချင်ဘူး၊ ကိုယ့်ရဲ့ အိမ်ထောင်ဘက်အနေနဲ့ ကြွေ လက်ခံပေးပါလားကွာ”
”ဘယ်လို!..”
ဒေါက်တာက ကြွေသုပန်းချီကို ဘယ်လို..
အစ်မမေနိုင်းကလည် မျက်လုံးအပြူးအပြဲနဲ့ ကြည့်နေတော့သည်။ သတင်းတွေသဲ့သဲ့ ကြားနေရပေမဲ့ ဒီလိုလူတစ်ယောက်က ညီမလေးအပေါ်ကို ဒီလိုစိတ်မျိုး ထားတယ်ဆိုကတည်းက ဘယ်လောက် ကံကောင်းနေခဲ့ပြီလဲ။ ဘယ်လိုမှ မယုံနိုင်ပေမဲ့ နားနဲ့ဆတ်ဆတ် ကြားရလို့သာ ယုံကြည်နိုင်တော့သည်။
ဒီလို ပြီးပြည့်စုံတဲ့ လူတစ်ယောက်က သူမ ညီမလေးကို တောင်းတောင်းပန်ပန် ပြောဆိုနေတယ်ဆိုတာကိုပဲ အံ့ဩနေရသည်။ ညီမလေးမျက်နှာကတော့ ခပ်တင်းတင်းပင်။
” ဒီကိစ္စတွေကို ကိုနေ့သစ် စိတ်ပူစရာအကြောင်းမရှိပါဘူး၊ ကိုနေ့သစ်နဲ့လည်း ဘာမှမဆိုင်ဘူး၊ အဲဒါက ကြွေကိစ္စ ကြွေအပူတွေပါ”
” ကိုယ် မမြင်ရက်လို့ ပြောနေတာပေါ့ ကြွေပူလောင်နေရတာကိုလည်း ကိုယ် ရင်နာရတယ်၊ အဲဒါကြောင့် မပြေလည်တဲ့ ကြွေ ဘဝလေးကို ကိုယ် မြှင့်တင်ပေးချင်တယ်၊ ကိုယ့်ကို လက်ခံပေးပါတော့လား”
”ညီမလေး!..”
မေနိုင်းကလည်း ကြွေကို တောင်းတောင်းပန်ပန် မျက်လုံးတွေနဲ့ ကြည့်လာသည်။ သိနေတယ် မေနိုင်း ကြွေကို လက်ခံစေချင်နေတယ်ဆိုတာ.. ဒါပေမဲ့လည်းလေ..။
”ကြွေကို သေချာစဉ်းစားခွင့်ပေးပါ”
”ကောင်းပါပြီ ကိုယ် ပျော်ရလောက်မဲ့ အဖြေမျိုးပဲ ကြွေဆီက ကြားချင်ပါတယ်၊ ဒါဆို ကိုယ် ပြန်လိုက်ဦးမယ် ၊ နောက်ပြီး ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကိုယ် ကြွေကို အပူအပင်ကြောင်းကျမရှိတဲ့ ဘဝမျိုးမှာ ထားနိုင်တယ်ဆိုတာတော့ အသက်နဲ့ လောင်းကြေးထပ်ပြီး ကတိပေးပါတယ် ယုံကြည်ပေးပါ”
ကိုနေ့သစ်ကလည်း ကတိတွေ အထပ်ထပ်ပေးပြီး ပြန်သွားလေသည်။
”ကြွေ!..”
အစ်မဘာတွေပြောနေတော့မယ်ဆိုတာ သူမ သိပါသည် ဒါပေမဲ့..
” သူ့ကို လက်မခံချင်ဘူး”
”ဘာကိစ္စနဲ့ ငြင်းနေရတာလဲ ကြွေ၊ ဒီလူနဲ့ ဒီလူဆိုတာ အိပ်မက်တောင် မက်ခွင့်မရနိုင်တဲ့အနေအထားပါ၊ ဒီလိုအနေအထားက ကိုယ့်အရှေ့တန်းတန်းမတ်မတ် ရောက်နေတာကို ဘာလို့လက်ဆုပ်လက်ကိုင် မဆွဲထားချင်ရတာလဲ ညီမလေး နင် သိပ်မိုက်တာပဲ ၊အစကတည်းက ငါသိခဲ့ရင် နင့်ကို အဲဒီဒေါက်တာလက်ထဲကို ငါထည့်တယ်၊ ဒါပေမဲ့ အခုတော့လည်း သိပ်မနောက်ကျသေးပါဘူး၊ ငါတို့တစ်မိသားစုလုံး ကောင်းစားမယ့် အရေးနော်၊ နင် လက်ခံလိုက်ပါလား၊ နင့်တူမလေးကို သူများအိမ်က အိမ်ဖော်အနေနဲ့ မြင်ရက်သလား၊ တောင်းပန်ပါတယ် ကြွေ ငါတို့ကို ကယ်ပေးပါ၊ ငါ ဒူးထောက်တောင်းပန်ရမယ်ဆိုလည်း ရပါတယ် ”
မေနိုင်းက ပြောလည်းပြော ကြွေရှေ့ ဒူးထောက်ချမလို လုပ်တော့ ပြာပြာသလဲ တားလိုက်ရသည်။ အပူတွေ ပေးတဲ့အပြင် ငရဲပါ ပေးအုံးမလို့တဲ့လား..။
”အစ်မရယ် ငါ့ကို စဥ်းစားခွင့်လေး ပေးပါဦးလား ”
”ငါတို့မှာ အချိန်မရှိတော့ဘူး ကြွေ၊ ငါတို့မှာ ပိုက်ဆံရော ဘာအင်အား ဘာဆိုဘာမှမရှိဘူး၊ နင့်တူမလေးမျက်နှာကို ထောက်ထားပြီး လက်ခံလိုက်ပါလား ကြွေ ငါတောင်းပန်နေတာပါ ”
”အစ်မရယ်..”
တွေဝေနေရတဲ့ကြားထဲ အစ်မဖြစ်သူကပါ ထပ်လောင်းပြောလာတော့ ကြွေတစ်ယောက် ဘာကို ဆုံးဖြတ်ချက်ချလို့ ချရမှန်းမသိ လမ်းပျောက်နေရသည်။ တကယ်ပဲ ကိုနေ့သစ်နဲ့ ယူလိုက်ရင် တစ်မိသားစုလုံး ကောင်းစားသွားမလား။ ဘာပဲဖြစ်ဖြစ်ဆိုပြီး မျက်လုံး ဇွတ်မှိတ်ပြီး ရှေ့ဆက်တိုးလိုက်ရမလား ..။
???
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)