တစ်ခုလပ်မ - Part4
”ကိုယ့်ကို လက်ခံပေးလို့ကျေးဇူးအများကြီးတင်ပါတယ်၊ ကြွေရဲ့ဘဝကို တစ်သက်လုံး တာဝန်ယူသွားပေးမှာပါ၊ ယောကျ်ားတစ်ယောက်ရဲ့ ကတိသစ္စာပါကြွေ၊ ကိုယ် ကြွေကို မြတ်မြတ်နိုးနိုး ချစ်တာပါ”
”ကြွေလည်း ကျေးဇူးအများကြီးတင်ပါတယ်”
နေ့သစ်က ကြွေရဲ့ လက်ဖဝါးကလေးကို နူးနူးညံ့ညံ့ ဆုပ်ကိုင်ကာ..
”တကယ်ပဲ ပွဲအကြီးကြီးတွေ မလုပ်ချင်တော့ဘူးလား ကြွေ”
” ဟင့်အင်း မလုပ်ချင်ဘူး၊ ဒီတိုင်း လက်မှတ်ထိုးပြီး ယူလိုက်ရင်လည်း ရတယ်မလား”
” ရတော့ရပါတယ် ကဲပါ ဟုတ်ပါပြီ ကြွေ မလုပ်ချင်ဘူးဆိုရင်လည်း သဘောပေါ့၊ ကိုယ် အသည်းအသန်မတောင်းဆိုပါဘူး”
မင်္ဂလာပွဲ အကြီးအကျယ်လုပ်ချင်တဲ့ ဆန္ဒကို ကြွေပထမဆုံး ငြင်းပယ်လိုက်မိသည်။ ကိုနေ့သစ်ကလည်း ကြွေရဲ့ ဆန္ဒကို လက်ခံပေးသည်။ ဒီတခုတော့ ကိုနေ့သစ်ကို ကျေးဇူးအများကြီးတင်တယ်မိသည်။ ကိုနေ့သစ် တင်တောင်းလာတဲ့ ငွေတွေနဲ့ ကြွေတို့တအိမ်လုံးရဲ့ ပူပင်သောကအားလုံးကို ချုပ်ငြိမ်းလိုက်သလို ဖြစ်သွားသည်။
မနေ့ကပဲ ကြွေတို့နှစ်ယောက် တရားရုံးမှာ တရားပွဲလက်မှတ်ထိုးခဲ့ပြီးပြီ။ အခုဆိုရင် ကိုနေ့သစ်နဲ့ ကြွေတို့က အကြင်လင်မယားဘဝသို့ ရောက်သွားပြီ။
”ကြွေ..”
”ဟုတ် ပြော ကိုနေ့သစ်”
” ကြွေကို ဆရာမအလုပ်က ထွက်စေချင်တယ်”
”ဘယ်လို!. ကိုနေ့သစ်”
ဘယ်လိုမှမထင်ထားတဲ့ စကားလုံးကို ကိုနေ့သစ်က ပြောလာတာကြောင့် အံ့ဩတကြီး ပြန်မေးလိုက်ရသည်။
”ဟုတ်တယ် ကြွေ ကိုယ့်ဝင်ငွေတစ်ခုတည်းနဲ့ ကြွေဘဝကို မတောင့်တမကြောင့်ကျအောင် ထားနိုင်ပါတယ်၊ ဒါကြောင့် ကြွေ အပြင်မှာ အလုပ်လုပ်စရာ မလိုဘူး၊ ပြီးတော့ ဘေးပတ်ဝန်းကျင်က မေးခွန်းထုတ်လာမှာကိုလည်း ကိုယ် မကြိုက်ဘူး၊ အဲဒါကြောင့် ကြွေကို အဲဒီအလုပ်ကနေ နားစေချင်တယ်”
”ကလေးတွေကို စာပေတတ်မြောက်အောင် သင်ကြားပေးရတဲ့ ဆရာမအလုပ်က ကြွေဝါသနာပါလွန်းတဲ့ အလုပ်ပါ၊ ကြွေရဲ့ အလုပ်က ကိုနေ့သစ်ပေါ် ထိခိုက်နိုင်ပါ့မလား”
”ဟို ကိုယ် ပြောတာက ကြွေကို အဲဒီသဘောနဲ့ပြောတာမဟုတ်ပါဘူး”
”ဆရာမအလုပ်နဲ့ ကြွေတို့တစ်မိသားစုလုံးကို လုပ်ကျွေးခဲ့ရတဲ့ အလုပ်ပါ၊ မဖူလုံဘူးဆိုပေမဲ့ ဂုဏ်ရှိတဲ့အလုပ်ပါ ကိုနေ့သစ်၊ ကိုနေ့သစ်လို သူတစ်ပါးရဲ့ အသက်ကို ကယ်တင်မှ မွန်မြတ်တဲ့အလုပ် မဟုတ်ပါဘူး၊ ကြွေတို့လို ဆရာမတွေကလည်း စေတနာကို အရင်းခံပြီး ကလေးတွေ စာတတ်အောင် သင်ပေးရတဲ့အလုပ်ပါ”
”ကြွေအလုပ်ကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး ဒါပေမဲ့ .. ကိုယ်ဘက်ကို နည်းနည်းပြန်ကြည့်ပေးပါလားကြွေ”
ကိုနေ့သစ် ပြောချင်တဲ့ အဓိပ္ပါယ်ကို ကြွေသိပါသည်။ ကြွေလို အညတရမိန်းမတစ်ယောက်ကို ကောက်ယူလိုက်ရတဲ့ ကိုနေ့သစ်အပေါ်မှာလဲ အနည်းနဲ့အများ သက်ရောက်မှုရှိမှာပင်။ အခုဆိုရင် ကြွေတစ်ယောက်တည်း မဟုတ်တော့ဘူးလေ။ ကိုနေ့သစ်ရဲ့ ဇနီးမယားတစ်ယောက်ဖြစ်သွားပြီဆိုတော့ ကိုနေ့သစ်ရဲ့စကားကို နားထောင်ရတော့မှာပေါ့။
”ဟုတ်ပါပြီ ကိုနေ့သစ် ဖြစ်စေချင်သလို ကြွေ လုပ်ပေးပါ့မယ်”
”ကျေးဇူးတင်ပါတယ် ကြွေ”
ကြွေရဲ့ ပခုံးလေးကနေ ဆွဲယူပွေ့ဖက်ပြီး ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်သည်။ ကိုနေ့သစ်ရဲ့ ရင်ခွင်ထဲကနေ ကြွေ သက်ပြင်းလေး တခို့တရို့ ချမိသည်။
???
” ဘယ်မှာလဲ ငါ့သား ယူလိုက်တဲ့ မိန်းမ ”
ဒေါ်ရွှေစင်နဲ့ မိန်းမတစ်ယောက်က အိမ်ပေါ်တက်လာပြီး ကြွေအား ခေါင်းအစခြေအဆုံး ကြည့်၍ မေးလာသည်။
ကြွေလည်း တစ်ခါမှ မမြင်ဖူးတဲ့သူမို့ ကြောင်ပြီး ရပ်ကြည့်နေစဥ် ထိုမိန်းမဆီက လေသံမာမာနဲ့ ထပ်ပြောလာသည်။
”ဟဲ့ ဘာကြောင်ကြည့်နေတာလဲ ငါ့သားကို မေးနေတာ နေ့သစ် ဘယ်မှာလဲ”
”ကိုနေ့သစ်လား”
”ဟုတ်တယ် ငါ့သား ဘယ်မှာလဲ”
”ဆေးခန်း သွားပါတယ်”
” မင်းက ..”
”ကိုနေ့သစ်ရဲ့ မိန်းမပါ”
”အော် ငါ့သား ယူလိုက်တဲ့ မိန်းမက နင်ကိုး”
ဒေါ်ရွှေစင်ရဲ့ လက်က ကြွေရဲ့မေးဖျားကို ခပ်ကြမ်းကြမ်း မော့ယူစေပြီး..
”ရုပ်ကလေးကတော့ လှသားပဲ ဒါကြောင့် ငါ့သားက နင့်ကို ယူလိုက်တာနေမှာ”
ကြွေရဲ့ရှေ့မှာ ရှိနေတဲ့ မိန်းမကြီးက ကိုနေ့သစ်ရဲ့ အမေ ထင်ပါရဲ့။ ကိုနေ့သစ်မှာ မိသားစုဘယ်နှယောက်ရှိလဲ ကြွေမသိသေး။ ကြွေလည်း စိတ်မဝင်စားခဲ့။ အခု ကြွေ သိတာဆိုလို့ ကြွေဟာ ကိုနေ့သစ်ရဲ့ ဇနီးမယားဆိုတာလောက်နဲ့ ဇနီးတစ်ယောက်အနေနဲ့ တာဝန်ကျေရမယ်ဆိုတာလောက်ပဲ ကြွေ ဦးနှောက်ထဲမှာ အသိထည့်ထားသည်။ ကျန်တာကိစ္စ ကြွေနဲ့ လားလားမှမဆိုင်သလို။
” မောင်လေးက သူ့အနားမှာ ပြီးပြည့်စုံ မိန်းကလေးတွေ အများကြီးရှိပါလျက်နဲ့ ဒီမိန်းမကိုမှ ရွေးရတယ်လို့”
ဒေါ်ရွှေစင်ရဲ့ အနောက်က မိန်းမကလည်း ကြွေကို အထင်သေးသလို ပြောလာသည်။ သူတို့လို ဂုဏ်ဒြပ်အသိုင်းအဝိုင်းတွေထဲ ကြွေလို အညာတရ မိန်းကလေးတစ်ယောက်ကို ဝိုင်းဝန်းအထင်သေးကြတာလဲ မဆန်းပါဘူး။
” ဒီမှာ ငါတို့ကိုလည်း သေချာမှတ်ထား၊ ဒါက နင့်ယောကျ်ားရဲ့အမေ ဒေါ်ရွှေစင်၊ ငါက နင့်ယောကျာ်းရဲ့ အစ်မ ကေခိုင်၊ ဒါနဲ့ နေပါဦး နင်ကကျောင်းဆရာမအလုပ်လုပ်တယ်ဆို ”
”ဟုတ်ပါတယ်”
” နင်တို့အိမ်က ကျူးရပ်ကွက်ထဲမှာဆို”
”အဲဒါလည်း ဟုတ်ပါတယ်”
”အမလေး ငါ့မောင်လေးကလည်းနော် ဘယ်ကနေဘယ်လို သွားရှာလာတာလဲမသိဘူး၊ ဒီလောက်အခြေအနေတွေက စုတ်ပြတ်သတ်နေတာတောင် ဘယ်လို မျက်လုံးတွေနဲ့ သွားရွေးချယ်လိုက်သလဲမသိပါဘူး၊ ငါ့မောင်လေးတို့ ကိုယ်ကျိုးနည်းတော့မှာပဲ ”
”ဒီမှာ မကေခိုင် စကားပြောဆင်ခြင်ပေးပါ၊ မှန်ပါတယ် ကြွေက အဲဒီလိုမိသားစုက ကြီးပြင်းလာတဲ့မိန်းမတစ်ယောက်ပါ၊ ကြွေက ဆင်းရဲတယ် ဟုတ်တယ် အဲဒါ ဘာဖြစ်လဲ၊ ဘဝပေးအခြေအနေက အဲဒီလို ဘဝမှာ လူလားလာဖြစ်ရတာ ဘာဖြစ်လဲ၊ ကြွေ ဆင်းရဲလို့လည်း တခါမှ စိတ်ဓာတ်မကျဖူးဘူး၊ လူတစ်ယောက်ရဲ့အရေးကြီးဆုံးက ရှင်တို့ပြောသလို ငွေကြေးဂုဏ်ဒြပ်တွေ မဟုတ်ပါဘူး၊ အရေးကြီးဆုံးက စိတ်ဓာတ်ပါ၊ ကြွေ စိတ်ထားက မှန်တယ် ရိုးရှင်းတယ် ဖြူစင်တယ်၊ ရှင်တို့လို ငွေရှိမှ ဂုဏ်ရှိမှ ပေါင်းသင်းမယ်ဆိုတဲ့ စိတ်ထားတွေလို မဟုတ်ဘူး”
”ဘာ! နင်ကများ ငါတို့ကို ပြန်ပြောတယ်ဟုတ်လား၊ နင့်ယောက္ခမနဲ့ ယောက်မကို ပြန်ပြောရဲတယ် ဟုတ်လား၊ အင်းပေါ့ အဆင့်အတန်းမရှိတဲ့ ပတ်ဝန်းကျင်ကနေ ကြီးပြင်းလာတာဆိုတော့ ဒီလိုစရိုက်ရှိတာ မထူးဆန်းပါဘူး”
ကေခိုင်ကလည်း ကြွေသုပန်းချီလို မလျော့တဲ့လေသံနဲ့ ပြန်အော်လာသည်။
” ဒါက ဘယ်လိုဖြစ်နေကြတာလဲ မေမေ အစ်မ ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
နေ့သစ် ဆေးခန်းကနေ အမြန်ပြန်လာခဲ့တာ မှန်သွားသည်။ အမေနဲ့အစ်မက ကြွေက်ို ဘယ်လိုတွေပြောနေတော့မလဲဆိုတာ မျက်နှာတွေ ကြည့်လိုက်တာနဲ့ သဘောပေါက်ပါသည်။
”ငါသား အိမ်ထောင်ယူသွားတာ ငါတို့ကို ဘာတစ်ခုမှ မပြောသွားတော့ မနေနိုင်တဲ့ ဒီအမေကိုယ်တိုင်က လိုက်လာရပြီပေါ့၊ နေ့သစ် ငါ နင့်ကိုပညာတတ်ကြီးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တယ်၊ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ နင်ကိုယ်တိုင်ကလည်း ဦးနှောက်ရှိမယ်လို့ ငါ ယုံကြည်ခဲ့တယ်၊ အခုတော့ ဘယ်လိုလုပ်ရပ်တွေ လုပ်နေရတာလဲ၊ နေ့သစ် နေ့သစ် နင်ယူထားတဲ့မိန်းမကို ပြန်ကြည့်လိုက်စမ်း၊ ငါတို့ကို တစ်ခွန်းမကျန် ပြန်ပြောနေတာ အဆင့်အတန်းမရှိလိုက်ပုံများ ”
”ဟာ အမေ ကြွေက ဒီလိုမိန်းမမျိုး မဟုတ်ပါဘူး”
”အော် မင်္ဂလာဆောင်တာတောင် တစ်ပတ်တောင် မပြည့်သေးဘူး မိန်းမဘက်က ပါနေရတယ်လို့ ၊ ကောင်းပြီ ပြောစမ်း နင်မိန်းမယူတာ ဘာလို့ ငါတို့ မသိရတာလဲ”
”အမေတို့ကို ပြောရင် အမေတို့က လက်ခံမှာမို့လို့လား ”
”အဲဒါနဲ့ပဲ အဲဒီမိန်းမကို ကောက်ယူလိုက်တယ်ဆိုပါတော့”
”ကောက်ယူလိုက်တာ မဟုတ်ပါဘူး တရားရုံးမှာ တရားဝင်လက်မှတ်ထိုးပြီး ယူလိုက်တာပါ”
” အဲဒီတော့ ငါတို့က အသိမှတ်ပြုမယ်လို့ နင်ကထင်လိုက်တယ်ပေါ့”
”မထင်ပါဘူး ဒါကြောင့်ပဲ ကြွေနဲ့ ကျွန်တော် နှစ်ယောက်တည်း ဒီမှာ အေးအေးဆေးဆေး လာနေတာ ”
”နေ့သစ် နင်က အဆုံးထိတောင် တွေးပြီး လုပ်ချလိုက်ပြီပေါ့၊ ငါ့ကို နင့်အမေလို့ တွေးထားသေးလား၊ နင့်ဦးနှောက်ထဲမှာ နင့်အတွေးထဲမှာ ငါက န င့်အမေဆိုတာ နည်းနည်းလေး အသိမှတ်ပြုထားရဲ့လား”
”အမေ အမေက အမေပါပဲ ဒါပေမဲ့ ကျွန်တော့်ရဲ့အိမ်ထောင်ဘက်ကိုတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲ ရွေးချယ်ချင်တယ်”
အတိအကျပြောလာတဲ့ နေ့သစ် စကားကြောင့်အားလုံးက အံ့ဩသက်သွားရသည်။
”မောင်လေး နင်ဘာလို့ ဒီလောက် မွှန်နေရတာလဲ၊ ဒီမိန်းမ နင့်ကို ဘာတွေနဲ့ ပြုစားလိုက်တာလဲ”
”မကေခိုင် ကျွန်တော်တို့လင်မယားကို ဒီလို သွေးခွဲတဲ့ စကားတွေ လာမပြောပါနဲ့၊ ကျွန်တော်တို့ ဒီအိမ်ထောင်ရေးကို အခုမှ စတင်ခါစပဲ ရှိသေးတယ်၊ ဒီလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ မလိုချင်ဘူး”
သားဖြစ်သူ ကိုယ်တိုင်ကပါ လိုလိုလားလားဖြစ်နေတော့ ဒေါ်ရွှေစင်လည်း ဘာတစ်ခုမှ မပြောနိုင်တော့ပြီ။
”ကေခိုင် နင်ဘာတွေပြောနေသေးတာလဲ၊ နင့်မောင်လေးကိုယ်တိုင်က ဒီလိုလမ်းကို ရွေးချယ်သွားတာ နင်က ဘာတွေ မျှော်လင့်နေသေးတာလဲ”
”အမေ သမီးမောင်လေးကို နှမြောလို့ပါ”
”သူ့ကိုယ်တိုင်က ဒီလိုမိုက်တွင်းနက်ချင်တာကို နင်က ဘာလို့ ဆွဲထားချင်နေရတာလဲ ထားလိုက်စမ်းပါ ၊ ငါးက ငါးနေရာ ငှက်က ငှက်နေရာ နေရာအဆင့်အတန်း မတူဘူးဆိုတာ သိသွားရင် နင့်မောင်လေး သဘောပေါက်လာမှာ၊ လာ ငါတို့ ပြန်ကြရအောင်”
ဒေါ်ရွှေစင်လည်း ကေခိုင်လက်ကို ဆွဲကာ သားဖြစ်သူရဲ့ မျက်နှာကို စိတ်နာနာနဲ့ တစ်ချက်ကြည့်ပြီး ထွက်သွားတော့သည်။
ငယ်ငယ်ကတည်းကနေ ပြုစုပျိုးထောင်ပေးခဲ့တာ ဒီလိုအဆင့်အတန်းမရှိတဲ့ မိန်းမတစ်ယောက်ကို ယူဖို့ မဟုတ်ဘူးလေ။ သားဖြစ်သူကို မြင့်မားတဲ့ ဘဝလမ်းကြောင်းပေါ်မှာ ခန့်ခန့်ညားညားကြီးရပ်တည်နေတာလေးကို မြင်ချင်ခဲ့တာကို သားက မသိတတ်လိုက်ပုံများ။
”ကိုနေ့သစ် ကြွေကြောင့်နဲ့..”
”ထားလိုက်ပါ သူတို့က ဒီလိုပဲ နည်းနည်းလေး ဂုဏ်မောက်တယ် ပြောရမယ် ကြွေ ကိုယ့်ကြောင့်စိတ်ညစ်သွားပြီလား”
”ဟင် မညစ်ပါဘူး ဒီလိုပါပဲ”
”ကိုယ်တောင်းပန်ပါတယ် မျက်နှာပူပူနဲ့ပဲ ကြွေကို တောင်းဆိုစရာရှိတယ်၊ တကယ်လို့ အမေနဲ့ နောက်ထပ် မျက်နှာချင်းဆိုင်တွေ့ရတဲ့အခါမျိုးမှာ အမေ့ကို ပြန်မပြောပါနဲ့၊ အမေက သူ့ကို ပြန်ပြော ရင် သိပ်မကြိုက်တတ်ဘူး၊ ကိုယ်လည်း ယောက္ခမနဲ့ချွေးမကို အဆင်ပြေပြေ ဖြစ်နေတာကို မြင်ချင်လို့ပါ”
”ဟုတ်ကဲ့ပါ နောက်ဆို ကြွေ ဘာတစ်ခုမှ ပြန်မပြောတော့ပါဘူး ”
ကိုနေ့သစ်က ပညာတတ်လိုက်တာ ပညာတတ်ဆိုတော့လည်း ပညာရှိနည်းလမ်းနဲ့ပဲ ပြောလာသည်။ သူ့အမေ ဘာပြောပြော ခေါင်းငုံ့ခံရမယ်လို့ တည့်မပြောရုံတမယ်ပါပဲ။
ကြွေ လိုက်ခံနိုင်ပါတယ် ကိုနေ့သစ်ရဲ့ မိန်းမဖြစ်သွားပြီပဲ ဒါတွေကြုံတွေ့လာရမယ်ဆိုတာ ကြွေနားလည်ထားပါတယ်။
”ကျေးဇူးတင်ပါတယ် ကြွေ”
ဆေးခန်းက ပြန်လာတာနဲ့ ဒီလိုမြင်ကွင်းမျိုး မြင်လိုက်ရကတည်းက အမောဆို့နေတော့သည်။
”ကိုနေ့သစ် ခဏလေးနားပြီး ရေမိုးချိုးလိုက်ပါလား၊ ကြွေ အစားအစာတွေ အဆင်သင့် ပြင်ထားပြီးပါပြီ”
”အင်း ကောင်းပြီလေ”
ကြွေသုပန်းချီက ဘယ်လိုပြောရမလဲ နန်းဆန်တဲ့အလှမျိုး တော်ဝင်ဆန်တဲ့အလှမျိုးပေါ့။ သူ့ရဲ့ဆေးခန်းရှေ့ကနေ ကျောင်းသွားကျောင်းပြန် မြင်ကတည်းက ဒီကောင်မလေးကို တစ်ဖက်သတ် ပိုင်ဆိုင်ချင်နေခဲ့တာ။ အခုတော့ သူ့ဆန္ဒတွေ ပြည့်စုံသွားပြီ ဆိုပါတော့..။
” မရွှေ ”
”ဟုတ်တယ်ဟေ့ ငါ့ညီမလေး ကောင်းစားသွားတာ မြင်တော့ ငါကိုယ်တိုင် လာဂုဏ်ပြုတာ၊ အမလေး တိုက်နဲ့ကားနဲ့ ခြံနဲ့ဝင်းနဲ့ ငါ့ညီမလေးက ကတော်ရုပ်ဆိုတော့ ဒီလိုမြင်ကွင်းမျိုးနဲ့ မြင်လိုက်ရတာ အရမ်းစိတ်ချမ်းသာတာပဲ”
အိမ်နီနားချင်း ဖြစ်တဲ့ မရွှေက ကြွေဆီ တကူးတက အလည်လာသည်။ အိမ်ထောင်ပြုပြီးကတည်းက မရွှေနဲ့ ပထမဆုံးအကြိမ် ပြန်တွေ့တာဖြစ်သည်။
ဂုဏ်ယူသလိုပြောလာတဲ့ မရွှေတို့က ဆင်းရဲပေမဲ့ စိတ်ဓာတ်လေးက မှန်ကန်သည်။ သူတစ်ပါးချမ်းသာတာကို မနာလိုမရှုစိမ့်မဖြစ်တဲ့အပြင် လိုလိုလားလားသူကိုယ်တိုင်လို ဝမ်းမြောက်ဝမ်းသာစိတ် ဖြစ်ပေးတာကိုက ဂုဏ်ယူဖို့ကောင်းတဲ့ စိတ်ထားလေးတခု..။
????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)