တစ်ခုလပ်မ - Part5
”ဘယ်လိုလဲ အိမ်ထောင်ရေးက အဆင်ပြေတယ်မလား”
”အဆင်ပြေပါတယ် ”
အိမ်ထောင်ကျခါစမို့လို့လားတော့ မသိဘူး အရာရာ အဆင်ချောနေသေးသည်။ ဘယ်တော့ အဆင်မပြေထဖြစ်မလဲဆိုတာတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတုန်း။ သူကလည်းအိမ်ထောင်ဦးစီးတစ်ယောက်ရဲ့နေရာမှာ တာဝန်အပြည့်အဝ ကျေပွန်နေသည်။ အဲဒါလေးကိုပဲ ကြွေ သူ့ကို တစ်ဖက်သတ် ကျေးဇူးတင်နေရတာပင်..
”ကြွေ ကောင်းစားနေတာ မြင်ရတော့ အရမ်းဝမ်းသာတာပဲ”
”မရွှေ သားနဲ့သမီးကရော နေကောင်းရဲ့လား”
”ကောင်းတယ် ဒီလိုပဲပေါ့ ”
”ဒါနဲ့ ကြွေတို့အိမ် အခြေအနေကရော ဘာတွေကြားသေးလဲ”
”ဖအေကအစ ညီအစ်ကိုမောင်နှမတွေအားလုံး နင် ပေးထားတဲ့ ပိုက်ဆံနဲ့ ပါးပြောင်နေကြတုန်း၊ အခုထိတော့ အဆင်ပြေနေသေးတာပေါ့၊ ဘယ်အချိန်မှ ကုန်ခန်းသွားမလဲ မသိဘူး၊ ဒါပေမယ့် စိတ်ချပါ အဟက် သူတို့ ကုန်သွားရင်တော့ နင့်ဆီ ပြန်လာတောင်းကြလိမ့်မယ်”
မရွှေပြောတဲ့ အကြောင်းတွေ အားလုံးအမှန်တရားတွေချည်းပဲမို့ ကြွေအနေနဲ့ ဘာတစ်ခုမှ မချေပနိုင်ခဲ့။ ကြွေ မိသားစုအကြောင်း ကြွေအသိဆုံး။ မရွှေဆိုတာကလည်း ကြွေတို့ မိသားစုအကြောင်းကို အကုန်ခရေစေ့တွင်းကျ သိနေသူလေ။
”နေပါ သူတို့ အဆင်ပြေရင်ပဲ ရပါပြီ”
” ကြွေ..”
”ဟင် ဘာလဲ မရွှေ”
” တကယ်ရော အဆင်ပြေရဲ့လား ”
ဘယ်လိုပြောရမလဲ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေ ဘာတစ်ခုမှမရှိဘဲ ရေခဲရိုက်ထားတဲ့ မျက်နှာကြီးလို အေးစက်စက် ဖြစ်နေတာကို မရွှေက သတိထားမိတာနဲ့ တူပါရဲ့။
”ဒီလိုပါပဲ ပျော်အောင်နေရတာပေါ့၊ သူက ဆေးခန်းနဲ့ ဆေးရုံကို တစ်ချိန်လုံး ပြေးနေရတဲ့သူလေ၊ အိမ်မှာ အနေနည်းတယ်”
”ကြွေ တကယ်အဆင်ပြေတယ်ဆိုရင်ပဲ ရပါပြီ၊ ဒါနဲ့ အရဲစွန့်ပြီး တစ်ခုလောက် မေးချင်သေးတယ်၊ ဆရာဝန်လေးနဲ့ အိမ်ထောင်ပြုထားပြီးပြီဆိုတော့ သူ့ကို ကြွေ မချစ်လာသေးဘူးလား”
အချစ်!.. မရွှေ ပြောတော့မှ အချစ်ဆိုတဲ့ အရာကြီးကို သေသေချာချာ ပြန်စဉ်းစားယူရသည် ။ ကြွေအတွက် အချစ်တွေ မလိုတော့ပါဘူး။ အချစ်ဆိုတဲ့ ခံစားချက်ကြီးက ဘာဆိုဘာမှန်းလည်း ကြွေ ဘာသာမပြန်တတ်ပါဘူး။ အဲလိုပြောရင် ကိုနေ့သစ်အပေါ် မတရားရာကျနေမယ်ဆိုတာ သိပေမဲ့ အမှန်အတိုင်း ဝန်ခံရရင် ကြွေ ကိုနေ့သစ်ကို မချစ်ပါဘူး ဘာခံစားချက်မှ မရှိပေမဲ့ ကြွေရဲ့ အိမ်ထောင်ဘက်ပေါ် ဘာတာဝန်မှ မလစ်ဟင်းစေရဘူး ဘယ်အမျိုးသားနဲ့မှ မဖောက်ပြန်ပါဘူးဆိုတဲ့ ကတိကိုတော့ အသက်နဲ့ရင်းပြီး ပေးရဲပါသည်။ တစ်ခုပဲ တစ်ခုပါပဲ ကိုနေ့သစ်ကို မချစ်တာက လွဲလို့ပေါ့။
မျက်နှာလေး ပျက်ယွင်းသွားတဲ့ သူမရဲ့ မျက်နှာလေးဆီမှာ အဖြေက ပေါ်ပေါက်သွားပြီနဲ့ တူပါရဲ့။ မရွှေက ဆက်ပြီး မေးမလာတော့ပါ။
”အဆင်ပြေအောင်နေပါ ကြွေ ငါတို့မိန်းမတွေကလေ သိပ်ပြီးတော့ အားနည်းတတ်ကြတာ၊ တစ်ခုခုလုပ်ချင်ရင်လည်း ပတ်ဝန်းကျင်ဆိုတဲ့အရာကြီးက ငါတို့ကို သိပ်နှောင့်ယှက်တာပဲ ၊ အိမ်ထောင်တစ်ခု ပြုထားပြီးပြီပဲ မပြိုကွဲရလေအောင် မိန်းမဖြစ်သူက သေသေချာချာ တည်ဆောက်နိုင်မှ တော်ကာကျမှာ၊ ပြီးတော့ ကြွေ အခု နင်က ဆရာဝန်ကတော် ဖြစ်နေပြီနော်၊ ဒီလို ပုံတုံးတုံးကြီး နေလို့မရတော့ဘူး”
”မရွှေ ကြွေက ဘယ်လိုနေရမှာလဲ၊ ဒီလိုပဲတစ်သက်လုံး နေနေကျပဲဟာကို”
”ဟုတ်တာတော့ ဟုတ်တာပေါ့ အရင်ကျူးရပ်ကွက်မှာ နေတဲ့ပုံစံလိုမျိုး ဒီမှာ ဆရာဝန်ကတော်က မနေရဘူးလေ၊ အရာရာပြုပြင်ပြောင်းလဲစမ်းပါ ကြွေ၊ ကြွေကို စိုးရိမ်ရအောင် ပြောတာမဟုတ်ပေမဲ့ နည်းနည်းလေး သတိထားစေချင်တယ်၊ ကြွေက အလုပ်က ထွက်ပြီး အိမ်မှာနေတာ မှန်ပေမဲ့ ကြွေအမျိုးသားက ပညာတတ်ဘွဲ့ရဥစ္စပေါရုပ်ချောနော်၊ ပြီးတော့ အပြင်ထွက်ပြီး စီးပွားရှာနေတာ၊ ဒီလိုလူမျိုးတွေဆို မိန်းမတွေက သိပ်ကြိုက်ကြတာကိုး၊ အိမ်ထောင်ရှိသလားဘာရှိသလားလို့ မစဉ်းစားတတ်တော့ဘူး ”
”မရွှေ ပြောချင်တာက ကိုနေ့သစ်က ဖောက်ပြန်လာမယ်လို့ ပြောချင်တာလား”
”အဲ့လို ယတိပြတ်ကြီးတော့ မပြောရဘူးပေါ့၊ ယောက်ျားဆိုတာက ဘာတစ်ခုမှ ယုံရတာမဟုတ်ဘူး၊ အိမ်ထောင်တစ်ခုမှာ အမျိုးသားဖြစ်သူက သုံးဆယ်ရာခိုင်နှုန်းပဲ ထိန်းသိမ်းနိုင်တာ၊ ကျန်တဲ့ခုနစ်ဆယ်ရာခိုင်နှုန်းက မိန်းမတစ်ယောက်ရဲ့တာဝန်ပဲ၊ လှလှလေးနေ ကြွေ၊ ပြီးတော့ ကိုယ့်အမျိုးသား တစ်နေ့တစ်နေ့ ဘာလုပ်တယ် ဘာကိုင်တယ်ဆိုတာ လွှတ်ထားပေးလို့မရဘူး၊ အမြဲစုံစမ်းစစ်ဆေးနေမှ ဖြစ်မှာ၊ အိမ်ထောင်သက်တမ်း နုနေကြတုန်းတော့ ငါပြောတာကို ကြွေနားလည်သဘောပေါက်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိပါဘူး ကြွေ ”
မရွှေပြောတဲ့ သဘောသဘာဝကို ကြွေအနေနဲ့ အတန်ငယ်တော့ သဘောပေါက်ပါသည်။ ဘာကိုဆိုလိုချင်တာလဲဆိုတာလည်း အပြည့်အဝနားလည်ပါသည်။
မိန်းမတစ်ယောက်က လှပနေမှ အိမ်ထောင်ရေးတည်မြဲတာလား။ မိန်းမတစ်ယောက်က ဇနီးမယားတာဝန်ကျေပွန်နေမှ အိမ်ထောင်တစ်ခုက တည်မြဲနေတာလား။ အမျိုးသားဖြစ်သူ ဘာပဲလုပ်လုပ် လိုက်စောင့်ကြည့်မှ အိမ်ထောင်ရေးကခိုင်မြဲမှာတဲ့လား။
ပြောလို့သာ ပြောရတာ ကြွေဖြစ်လေ အဲဒီအိမ်ထောင်ရေးကြီးကို စိတ်ကုန်လိုက်တာမှ လွန်ပါလေရော။
”မရွှေ ပြောတာတွေ သဘောပေါက်ပါတယ်၊ ကြွေလည်း ဒီလိုပုံစံနဲ့ တသက်လုံး မနေပါဘူး ”
”မရွှေ ပြောတဲ့ စေတနာတွေ နားလည်ရင်ပဲ ကျေနပ်ပါပြီ”
မရွှေရဲ့သားသမီးကိစ္စတွေ ကျောင်းကိစ္စတွေ အိမ်ကိစ္စတွေ အားလုံး ပြောပြီးတဲ့နောက် စကားပြောနေကြတာ သုံးနာရီတောင် ကျော်လာခဲ့သည်။ မရွှေ ပြန်သွားတော့မှ မရွှေနဲ့ ပြောခဲ့တဲ့အကြောင်းအရာတွေကို သေသေချာချာ စဉ်းစားမိသည်။ အိမ်ထောင်တစ်ခုကို ကြွေတို့ စတင်တည်ထောင်လိုက်ပြီးကတည်းက ကိုနေ့သစ်ရော ကြွေအပေါ် ဘယ်လိုမျိုး သဘောထားနေခဲ့လဲ။ ကြွေကရော သူ့အပေါ် ဘယ်လို သဘောထားနေသလဲ။ နှစ်ယောက်သား သည်လိုကိစ္စနဲ့ ပတ်သက်ပြီးသေသေချာချာ မတိုင်ပင်ဖြစ်သေးပါ။
????
”ကိုနေ့သစ် ထမင်းစားတော့မလား”
”မစားတော့ဘူး ကိုယ် ဒီနေ့ အိမ်ပြန်သွားတာ၊ အိမ်မှာ အမေနဲ့ အတူတူ ထမင်းစားလာခဲ့တယ်၊ ကိုယ် မစားတော့ဘူးလေနော်”
”ဟုတ်”
ကိုနေ့သစ် ထမင်းမစားတော့ဘူးဆိုတော့ သူ့အတွက် ပြင်ပေးထားတဲ့ ထမင်းတွေကို နေရာတကျ ပြန်ထားရသည်။
အရင်ကဆို မျက်နှာလေးက ဘာမှ မလိမ်းခြယ်ထားတာမို့ ပြောင်ပြောင်ဝင်းဝင်းလေး ဖြစ်နေသည်။ အခုတော့ မိတ်ကပ်လေး နည်းနည်း ခြယ်သထားတော့ မျက်နှာလေးက တစ်မျိုးတမည် လှပနေတာကို ကိုနေ့သစ်က ..
”ကိုယ့်မိန်းမလေးက ဒီနေ့ လှလို့ပလို့နေပါလား”
”ဪ..”
မျက်နှာမှာ မိတ်ကပ်အနည်းငယ် လိမ်းခြယ်ထားတာကို ကိုနေ့သစ်က ပြောတာဖြစ်သည်။
”ဟုတ်တယ် မိတ်ကပ်ပစ္စည်း ဝယ်ထားတာကြာပြီလေ၊ ဘယ်လို သုံးရမှန်းမသိတော့ ထားထားတာ၊ ဒီနေ့တော့ နည်းနည်းလေး လိမ်ထားတာ၊ ဟို ကြွေနဲ့ အဆင်ပြေရဲ့လား မသိဘူး ”
”လှပါတယ် ကိုယ့်မိန်းမက အစကတည်းက လှနေပြီးသားလေ”
”ကျေးဇူးတင်ပါတယ် ကိုနေ့သစ်…”
”ကိုနေ့သစ် ကိုနေ့သစ်နဲ့ ကြွေနဲ့ ကိုယ်လက်ထပ်ထားတာ ၅လတောင်ရှိပြီနော်၊ အခုချိန်အထိ အခေါ်အဝေါ်တွေက သူစိမ်းဆန်နေတုန်းပဲလား”
”တောင်းပန်ပါတယ် ကြွေ ဘယ်လို ခေါ်ရမလဲ မသိသေးလို့ပါ”
”ရပါတယ် ကြွေ အဆင်ပြေသလိုသာ ခေါ်ပါ၊ ဒါနဲ့ ကြွေကို ကိုယ်ပေးထားတဲ့ ငွေတွေ လောက်ငှရဲ့လား”
”လောက်ပါတယ် ဘာဖြစ်လို့လဲ ကိုနေ့သစ်”
” မနေ့က စွမ်းထက်အောင် ကိုယ့်ဆေးခန်းကို လာတယ်”
”ဘယ်လို!.. အစ်ကိုက ကိုနေ့သစ် ဆေးခန်းကို လာတယ် ဟုတ်လား”
ကိုနေ့သစ် ပုံစံက စကားစပ်မိလို့ ပြောတာ မဟုတ်ဘဲ တမင် ကြွေသိအောင် ထုတ်ပြောလာခြင်းဖြစ်သည်။
”ဟုတ်တယ် ဆိုင်ကယ်တစီး လိုချင်လို့တဲ့”
”ဘယ်လို ဆိုင်ကယ်တစီး ဟုတ်လား”
”အင်း ကိုယ့်ကို ငွေထုတ်ပေးဖို့ လာပြောတာ”
..
”ဆေးခန်းမှာလည်း လူနာက များမှများနဲ့ ပြီးတော့ ကိုယ့်အသိဆရာဝန်တွေလည်း ရှိတယ်လေ၊ အဲဒီမှာ သူက ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ကိုယ့်ကို ပိုက်ဆံလာတောင်းတာ ”
”ကြွေ..ကြွေမိသားစုနဲ့ ဒီကြားထဲ မတွေ့ဖြစ်သေးလို့ပါ တောင်းပန်ပါတယ်၊ အစ်ကိုလုပ်ရပ်အတွက် ကိုနေ့သစ်ကို ကြွေ အနူးအညွတ်တောင်းပန်ပါတယ်”
” ရပါတယ် ကိုယ်က ကြွေ သိထားရအောင်လို့ ပြောပြတာပါ”
နေ့သစ်ကတော့ ပြောပြီး အခန်းအပြင်သို့ ထွက်သွားတော့သည်။ ကိုနေ့သစ် ထွက်သွားတော့မှ ကြွေ ဒီအခြေအနေကြီးကို သိမ်ငယ်လွန်းလို့ ထွက်သာ ပြေးလိုက်ချင်တော့သည်။ ဘယ်တုန်းကမှ ကြွေရဲ့ မိသားစုက ကြွေအပေါ် မသိတတ်ပါ။
???
”အစ်ကို ထတော့ ”
”အော် သူဌေးမလေးပါလား အိမ်ကို အခုမှ လာတာ ဘာလဲ လင်နဲ့ ရန်ဖြစ်လာတာလား”
အပြင်မှာ ရန်ဖြစ်ရင်ဖြစ် မဖြစ်ရင် အိမ်မှာ အရက်မူးပြီး အိပ်ပျော်နေတဲ့ စွမ်းထက်အောင်ဆီသို့ ကြွေ ဒီနေ့လာခဲ့သည်။ သူနဲ့ ရှင်းရမယ့် ကိစ္စတွေက အများကြီးပဲမလား။
” အစ်ကို!..”
”သူဌေးမကလည်း”
”ကြွေကို ဒီလိုမခေါ်စမ်းပါနဲ့၊ ကြွေ သူဌေးမ မဟုတ်ပါဘူး”
”ဟုတ်ပါပြီ ဆရာဝန်ကတော်ရယ် ”
အရက်မူးရူးနေတဲ့ သူနဲ့ဖက်ပြိုင်ပြီး ပြောရတာ ကြွေကပဲ ငထူငအပါ။
” မနေ့က ကိုနေ့သစ်ရဲ့ ဆေးခန်းကို သွားတယ်ဆို”
”ဟုတ်တယ်လေ ယောက်ဖတော်ရဲ့ ဆေးခန်းကို သွားတာ ဘာအပြစ်ရှိလို့လဲ”
” မဟုတ်သေးဘူးလေ ကိုနေ့သစ်က အစ်ကို့ရဲ့ယောက်ဖဖြစ်ပေမဲ့ ဒီလို လူကြားထဲမှာ ပိုက်ဆံသွားတောင်းတာတော့ မဟုတ်သေးဘူးမလား”
”ဒီကောင် ပြန်တိုင်လိုက်တာလား ”
”လာတိုင်တာမဟုတ်ဘူး အစ်ကို၊ သူလည်း သူ့အသိုင်းအဝိုင်းကြားမှာ မျက်နှာပျက်လို့ ကြွေကို အသိပေးလာတာပါ”
” နေစမ်းပါဦး အိမ်မှာ သွားစရာလာစရာဆိုလို့ ဆိုင်ကယ်တစီးတောင်မှ မရှိတာ၊ အဲဒါ ဘာဖြစ်လဲဆိုင်ကယ် လိုချင်လို့ ဆိုင်ကယ် တောင်းတာ ဘာဖြစ်လဲ၊ ငါတို့ကတောင် ညီမတစ်ယောက်လုံးတောင် ရင်းထားရတာလေ”
”အစ်ကို!..”
စွမ်းထက်အောင် စကားတွေကြောင့် ကြွေသုပန်းချီ သူမအစ်ကိုကို အသံကုန်ဟစ် အော်လိုက်မိသည်။
”အစ်ကို ကြွေကို ပစ္စည်းတစ်ခုလို သဘောထားနေတာလား၊ ဒီလူထိုးပေး ဟိုလူထိုးပေးရအောင် ကြွေက ပစ္စည်းလား၊ ဘာတန်ဖိုးမှ မရှိတဲ့ ပစ္စည်းလား”
”ကြွေ နင်ဘာဖြစ်နေတာလဲ၊ စကားလေး တစ်ခွန်းစနှစ်ခွန်းစကို ဘာလို့ အထအနတွေ ကောက်နေရတာလဲ၊ ဟုတ်တယ် ငါ သူ့ဆီ သွားတယ် ငါ ပိုက်ဆံလိုချင်လို့ ငါဆိုင်ကယ်လိုချင်တယ် အဲဒါဘာဖြစ်လဲ”
”ဆိုင်ကယ်လိုရင် ပိုက်ဆံလိုရင် အလုပ်လုပ်လေ၊ အလုပ်ကျတော့ မလုပ်ဘဲ ဘာလို့ သူများမှာ ပိုက်ဆံအလကားသွားတောင်းနေရတာလဲ၊ ကိုနေ့သစ်ကရော ပိုက်ဆံက အလကားရနေလို့လား၊ သူလည်း အလုပ်လုပ်မှ ပိုက်ဆံရနေတာလေ”
” ဟူး ညီမတစ်ယောက်လုံး သူ့ဆီ ပို့ထားရတာတောင် တင်တောင်းငွေတွေနဲ့ပဲ ငါတို့က ကျေနပ်နေရမှာလား၊ ပြီးတော့ သူ နင့်ကို ယူထားကတည်းက ငါတို့ကို ကတိတွေ ပေးတယ်လေ၊ လိုချင်တာ လိုအပ်တာ အကုန် သူ ဖြည့်ဆည်းပေးပါ့မယ်ဆိုတဲ့ ကတိကို ငါတို့တစ်မိသားစုလုံးအပေါ် သူပေးထားတာပဲ”
” ဒီလိုကတိပေးထားမိတာနဲ့ပဲ တစ်အိမ်လုံးရဲ့ တစ်မိသားစုလုံးရဲ့ စားဝတ်နေရေးကို ကိုနေ့သစ်က ခေါင်းခံထားရမှာလား၊ မဟုတ်သေးဘူးနော်အစ်ကို ဒီလိုမျိုးက လုံးဝမဖြစ်သင့်ဘူး”
”နားညီးလိုက်တာဟာ ဆိုင်ကယ် လိုချင်လို့ပိုက်ဆံလေး သွားတောင်းတာ ဒီလောက်ထိ ဖြစ်စရာလား၊ သူဌေးတွေက ကပ်စေးကိုနည်းတယ်၊ ဒီမှာ ကြွေသုပန်းချီ ငါ့ကို ဟောက်ချင်တိုင်း ဟောက်နေရအောင် ငါက နင့်သူငယ်ချင်း မဟုတ်ဘူး ငါက နင့်အစ်ကိုပါ”
”အစ်ကိုဆိုရင် အစ်ကိုနေရာမှာ လေးစားခံချင်အောင်နေလေ၊ အစ်ကို့ကို ကြွေ ပြောမယ်၊ ကိုနေ့သစ်ဆီ မသွားပါနဲ့၊ ဒီလိုလုပ်တာ ကြွေမိသားစုက သူ့ကို ဒီလိုလုပ်လိုက်တာ သူ ဘယ်လောက် အထင်သေးလိုက်မလဲ၊ နဂိုကတည်းက ကြွေတို့မိသားစုက ဆင်းရဲနေတာပါ၊ အဲဒီအချက်နဲ့တင် လူက တော်တော်လေးကို သိမ်ငယ်နေရတာပါ ”
”ဟုတ်ပြီလေ ဒီကောင့်ဆီ မသွားစေချင်ရင် ငါမသွားတော့ဘူး၊ အေး ဒါပေမဲ့ ငါ ပိုက်ဆံလိုတိုင်း ငါနင့်ဆီကို လာမယ် ဘယ်လိုလဲ ‘
စွမ်းထက်အောင်ကလည်း မလျော့သော လေသံဖြင့် ပြန်အော်လာသည်။ အလုပ်လုပ်ဖို့ လုံးဝမစဉ်းစားဘဲ ပိုက်ဆံကို အလွယ်ရတဲ့နည်းနဲ့ ရအောင် တောင်းနေသည့် အစ်ကိုဖြစ်သူကို စက်ဆုပ်ရွံရှာလာမိသည်။
ဆက်ပြောနေရင် ပြဿနာတက်တော့မှာ သိနေတော့ ကြွေသုပန်းချီ လှည့်ပြန်ဖို့ပဲ စဉ်းစားလိုက်သည်။
”နေဦး”
”ဘာလဲ”
”ပိုက်ဆံပေးသွားခဲ့”
ကြွေသုပန်းချီ စိတ်ပျက်လက်ပျက်နဲ့ အိတ်ထဲက တစ်သောင်းတန်တစ်အုပ်ကို အစ်ကိုဆီ ပေးခဲ့လိုက်ရသည်။
” ကိုနေ့သစ်ဆီ သွားမရှာပါနဲ့တော့”
”ဟုတ်ပါပြီ ကိုယ့်ညီမအလိမ္မာလေး ရှိနေတာပဲ ၊ သူ့ကို သွားရှာစရာ မလိုတော့ပါဘူး ဟားဟား ”
ကြွေသုပန်းချီ လှည့်ထွက်လာခဲ့တဲ့ တစ်လျှောက် အစ်ကိုဖြစ်သူရဲ့ ရွံရှာစရာ ရယ်သံကြီးက ပေါ်ထွက်လာလေသည်။
???
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)