နတ်ဘုရားရဲ့သားရဲငယ် - Part 1
“ဘာ!…ကိုကို…နင်…နင်တကယ်ငါနဲ့လမ်းခွဲမယ်ပေါ့”
“ဟုတ်တယ်ဟာ…ငါသည်းမခံနိုင်တော့ဘူးနင့်ရဲ့အမူအကျင့်တွေကိုမဆိုင်တာတွေလည်းစွပ်စွဲနေတယ်…တကယ်စိတ်ပျက်တယ်”
“အော်…အခုတော့နင်ကစိတ်ပျက်ပြီပေါ့လေ…ငါ့ကို…ငါ့ဘဝကိုမဖျက်စီးခင်ကနင်ဒီစောက်ချိုးမဟုတ်ဘူး…အခုတော့နင်ကပေါ့ပေါ့တန်တန်လေးပြောလိုက်တာပေါ့လေ”
“ဟုတ်တယ်ဟာ…နင်ထင်ချင်သလိုသာထင်…!တောက်!..စိတ်ပျက်တယ်နင့်လိုမိန်းမကို”
“မဟုတ်သေးဘူးလေဟာ….ငါ..ငါတို့ပတ်သက်မှုကဒီလောက်…ဒီလောက်လွန်သွားပြီလေဟာ…”
“ကျစ်…!နင်တော်တော်မှဖြစ်နေလား…”
“ဇိုင်း….နင်…နင့်မှာညီမတွေရှိတယ်ဝဋ်လည်မှာမကြောက်ဘူးလားဟမ်…အစတည်းကနင်သူ့ကိုချစ်ရင်ငါ့ကိုမဖျက်စီးခဲ့ပါနဲ့လား..အခုတော့ဟာ…အဟင့်…နက်ကလူယုတ်မာပဲ”
“ဟ…တစ်ဖက်သက်ပိတ်မပြောနဲ့အဲ့ကိစ္စမှာနင်ကိုယ်တိုင်အလိုတူခဲ့တာနော်…အဟွန့်…အခုမှငါ့ကိုအပြစ်လာမပြောနဲ့နင်အညှာလွယ်တာ”
ဇိုင်းရဲ့စကားတွေကြောင့်သူမရင်တစ်ခုလုံးရစရာမရှိအောင်ကြွေမွစုတ်ပျက်သွားသည်…
“ဇိုင်းရန်…နင်ကလေ…နင့်လိုလူမျိုးကလေ…ငါ့ရဲ့နှလုံးသားနဲ့ရွေးချယ်ခဲ့လို့တန်ဖိုးထားခဲ့တာ…ဦးနှောက်နဲ့သာဆုံးဖြတ်ခဲ့ရင်နင်ကတစ်ပြားမှတန်ဖိုးမရှိဘူး”
“အဟေး…နင်အခုသိပြီပဲ…အေးဆေးနေပါတော့ဟာ…ငါတောင်းပန်ပါတယ်”
“ငါမကျေနပ်ဘူး”
သူမအသံကပို၍ကျယ်သွားသည်…
“နင့်ပါးစပ်ကြီးကိုပိတ်ထားပါသူများတွေကြည့်ကုန်ပြီ…ငါရှက်တယ်ဟာ”
“ရော…ကောင်းရော…ငါကရောမရှက်တက်ရဘူးလား…ဇိုင်း…နင်ငါဒီလောက်ချစ်ခဲ့တာကိုနော်ဖောက်ပြန်ခဲ့တယ်အဲ့ဒီ့စုစုအောင်ဆိုတဲ့မသာမနဲ့အစတည်းကတွဲလိုက်ပါလား”
“နင်မရိုင်းနဲ့…ငါထပ်သည်းခံမှာမဟုတ်ဘူးနော်”
“သည်းမခံနိုင်တော့နင်ဘာလုပ်ချင်လဲ”
“မလုပ်ချင်ပါဘူးဟာ…ပြန်ပါတော့…နော်…ပြန်”
“ငါမပြန်ဘူး…ငါနင့်ရဲ့ဟာမနဲ့အပြတ်ရှင်းရမယ်”
သူမကနှုတ်ခမ်းတစ်ဖက်ကိုဖိကိုက်ရင်းပြောလိုက်သည်
“ကို့…ဘာဖြစ်နေတာလဲ”
“အား…ချစ်ရယ်…ဒီဟာမလာနှောက်နေတယ်ကွာ…ပြောမရဆိုမရနဲ့”
“အော်…နင်ကိုး…နင်လာမရှုပ်ပါနဲ့တော့ဟာငါတို့ကယူတော့မှာအေးဆေးနေပါတော့”
“ဘာ!ဟဲ့ကောင်မနင့်စောက်ကြောင်းမပါရင်ဝင်မပြောနဲ့…တကယ်ဆိုသူကမှငါ့ရဲ့လင်ဟဲ့…နင်ကမယားငယ်အဆင့်…ကိုယ့်နေရာကိုယ်နေစမ်း”
“မနေရင်ရော”
“အေး…မနေရင်ဒါပဲ…’ဖြန်း!…မှတ်ပြီလားလင်လုမ”
“အား…!..နင့်…တကယ်ဆိုနင်တို့ကလက်မှတ်ထိုးထားလို့လား…နင်ကမှမယားငယ်…ငါနဲ့ကိုကအလုပ်အတူလုပ်ကတည်းကချစ်နေတာ…နင်ကဝင်ရှုပ်နေလို့သာနောက်မို့ဆိုငါတို့ယူပြီးပြီ”
“ဘာ…!
“ဟုတ်ပါတယ်ဟာ…ငါနဲ့ချစ်ကအစောကြီးကတည်းက”
သူ့စကားမဆုံးခင်မှာပဲသူမရဲ့လက်များကစုစုအောင်ပေါ်ထပ်မံကျရောက်သွားပြန်သည်…
“ဖြန်း…!ဖြန်း…!”
“မှတ်ထား…အဲ့ဒါငါ့ကိုမယားငယ်ဖြစ်အောင်လုပ်တဲ့အတွက်ပဲ…ပြီးတော့နင်…ဟဲ့ကောင်ဇိုင်းရန်…နင်တစ်နေ့ငါပျက်စီးသလိုပျက်စီးစေရမယ်”
ပြောပြီးသူမလှည့်ထွက်လာသည်….နာကြီးစိတ်ကြောင့်လားအသဲကွဲလို့လားမသိမျက်ရည်တွေကတသွင်သွင်ကျနေသည်…သူမရဲ့မိုက်မဲမှုကြောင့်သူမမိဘများကိုပါအရှက်ရစေတော့မည်…တကယ်ဆိုဇိုင်းနဲ့သူအတွဲညီညီချစ်သူဖြစ်ခဲ့ဖူးသည်…အမှားအယွင်းလည်းရှိခဲ့ဖူးတာကြောင့်သူမတို့လက်ထပ်ဖို့ဆဲဆဲ…မထင်မှတ်ဘဲအခုလိုဇိုင်းလုပ်လိမ့်မည်မထင်ပေ…
“ဇိုင်း…နင်တို့ကိုငါဘယ်တော့မှခွင့်မလွှတ်ဘူးနင်ရောစုစုအောင်ရောငါမုန်းတယ်”
[♥]]] [♦]]] [♣]]] [♠]]]
“ပိုင်ယွန်းမီမီ…နင်ဒါတွေပဲကြည့်နေတော့မှာလား…တစ်နေ့တစ်နေ့ဇာတ်လမ်းတွဲပဲကြည့်နေတာမျက်စိမညောင်းဘူးလား”
“ပူး…”
“ဟမ်…ဘာလားဟ…ပူး…က”
“မညောင်းဘူးလို့ပြောတာ…အဟီး…”
“ကြည့်လည်းလုပ်…တော်ကြာနေနင်အဲ့ဒီ့ဇာတ်လမ်းတွဲထဲဝင်နေအုံးမယ်”
သူငယ်ချင်းရဲ့စကားကြောင့်ပိုင်ယွန်းမီမီပါးချိုင့်တစ်ဖက်ပေါ်အောင်ရယ်မိသည်…
“မိသက်…နင်ပြောကြည့်ငါသာနတ်ပြည်တက်နိုင်ရင်ဘယ်လောက်မိုက်မလဲ”
“ကြည့်…ပေါလာပြန်ပြီ…နင်ဟာလေအဲ့ဒါနဲ့ပဲသေမယ်…novelဖတ်လိုက်ကားကြည့်လိုက်နဲ့တော်ကြာနေမသေမျိုးလောကထဲရောက်နေမယ်”
“အဟိုး….နင်မသိဘူးလားငါလည်းအဲ့လိုရောက်ချစ်တာ”
“နင်တော့…ငါထုလိုက်ရ…ရွဲ့ပြောနေတာဟဲ့”
“နင်ကတော့ရွဲ့ပြောလိုက်တာပဲ…ငါ့မှာတော့နတ်ပြည်ရောက်နတ်သမီးကိုဖြစ်လို့…အဟိ”
“ပြောလေကဲလေ….ကဲဟယ်…ကဲဟယ်…”
“ဟိတ်မလုပ်နဲ့လေ…မလုပ်နဲ့မိသက်မှားမယ်နော်”
သူမအားမိသက်ကလိုက်ရိုက်တော့ဆိုဖာခုံကိုပတ်ပြေးလိုက်သည်…ထိုစဉ်သူမဖုန်းလာသဖြင့်ရပ်လိုက်သည်…
“ဟာ…အမားပဲ…ရှုး…တိုးတိုး”
မိသက်ကိုတိုးတိုးနေဖို့ပြောလိုက်သည်
“ဟဲလို…အမားပြောလေ”
“သမီးအိမ်ပြန်လာတော့လေ”
“မလာဘူးအိမ်မှာနေရတာစိတ်မချမ်းသာဘူး…အမေ့လင်ကမီ့ကိုအမြင်မကြည့်ဘူး”
“ပိုင်ယွန်းမီမီ.. .နင်အဖေကိုဘယ်လိုပြောလိုက်တာလဲ”
“ကြားတဲ့အတိုင်းပဲ…သူကမီ့အဖေရင်ရောဟုတ်ရဲ့လား…အဟက်…လူကိုတွေ့တာနဲ့တစ်ဇောင်းနဲ့မျက်ချေးလုပ်နေတာမဖြစ်ပါဘူးအမားနဲ့ကခဏခဏရန်ကဖြစ်သေးတယ်တော်ကြာနေတစ်ခုခုလုပ်မိရင်မီပဲငရဲရမှာမလာဘူး….မလာဘူး..ဒါပဲအိမ်ပြန်လာဖို့ဆိုဖုန်းမဆက်နဲ့”
ပြောရင်းသူမကဖုန်းကိုချပစ်လိုက်သည်…
“ပိုင်ယွန်းမီမီ.. .နင်ဟာ…ဘာလို့မိဘစိတ်ဆင်းရဲအောင်လုပ်နေတာလဲပြီးတော့နင့်အဖေအရင်းပဲဟာ”
“မသိချင်ဘူးဟာ…ငါ့အတွက်တော့အဖေဆိုတာအလကားလူနှစ်နှစ်ဆယ်ကျော်ဖိနှိပ်လာတဲ့အတ္တဆန်ဆန်လူပဲ”
“ဒါပေမဲ့ဟာ”
“မဟာနဲ့သူမူးလာရင်အမြဲပြသနာရှာတယ်မမူးရင်လည်းအလောင်းအစားလုပ်တယ်ငါ့အမေသည်းခံတယ်ဘာလို့လဲဆိုရင်ငါတို့မျက်နှာကြောင့်တဲ့လေ”
ပြောရင်းသူမပါးထက်မျက်ရည်တို့ကစီးဆင်းလာသည်…
“မငိုပါနဲ့ပိုင်ယွန်းရယ်…နင်အဖေကနင့်ညီမလေးပေါ်တော့ကောင်းပါတယ်”
“မကောင်းကြည့်ပါလားငါအသတ်ချင်းလဲပစ်မှာ”
မိသက်ကပိုင်ယွန်းကိုကြည့်ရင်းခေါင်းခါလိုက်သည်…သူငယ်ချင်းလုပ်သူကိုလည်းအပြစ်မတင်ရက်သူမနှိပ်စက်ခံရသည်ကသူကိုယ်တိုင်အသိလေ…တစ်ခါတစ်လေသူတောင်ထင်မိသည်ပိုင်ယွန်းအဖေကအရင်းမှဟုတ်ရဲ့လားပေါ့…
“ဒေါက်…ဒေါက်…”
“ဘယ်သူလဲ”
“မိသက်…အန်တီပါ”
“ဟာ…အန်တီ…လာလာထိုင်သမီးအန်တီ့တွက်အအေးယူခဲ့မယ်”
“နေ…နေပါစေတော့သမီးရယ်…ပိုင်ယွန်းမီမီ ဆီအန်တီလာတာပါသူရော…”
“အပြင်သွားလေရဲ့…ဘာပြောမလို့လဲသမီးကိုပြောခဲ့လေသူလာရင်ပြောလိုက်မယ်”
“နေပါစေ…အန်တီစောင့်နေမယ်မိသားစုရေးကိစ္စလေ”
“အော်…ဟုတ်ကဲ့ပါ”
တော်တော်လေးကြာကြာစောင့်လိုက်ရသည်…
“ဟင်…အမားရောက်နေတာပဲ”
“သမီး…ပိုင်ယွန်းမီမီ.. .လာ…အမေ့နားကိုထိုင်ပါအုံးကွယ်”
သူမလည်းမေမေ့နားထိုင်လိုက်သည်…
“ကြည့်စမ်းပါအုံး…အမေ့သမီးလေးကချစ်စရာကောင်းလိုက်တာ”
သူမမျက်နှာကိုကိုင်ပြီးသေချာကြည့်ကာပြောနေသောမေမေ့ကြောင့်သူမအံ့သြနေသည်…
“အမား…အမားဘာပြောချင်နေတာလဲ”
မေမေ့ကမိသက်ကိုတစ်ချက်ကြည့်လိုက်တော့သူမကမိသက်ကိုရှောင်ဖို့မျက်လွှာပင့်လိုက်သည်..
“အော်…အန်တီတို့ပြောနေကြနော်သမီးနောက်မှာလုပ်စရာလေးတွေရှိလို့”
အလိုက်တသိမိသက်ထွက်သွားတော့မှမေမေကစကားစလာသည်..
“သမီး…မေမေနောက်အိမ်ထောင်ပြုတော့မယ်”
“ရှင်!…ဘာယ်လို”
သူမလည်းအလွန်ပဲအံ့အားသင့်သွားသည်
“အမား…အမားဘာတွေပြောနေတာလဲ”
“ဟုတ်တယ်…အမေသမီးအဖေနဲ့ကွာရှင်းလိုက်ပြီ”
“ဒါနဲ့များဘာလို့အိမ်ထောင်ထပ်ပြုလိုက်ရမှာလဲအမားယောကျာ်းတွေကိုစိတ်မကုန်နိုင်သေးဘူးလားအမားရယ်”
“အဟင်း…ငါ့သမီးကငယ်ပါသေးတယ်…အမေ့ကိုနားလည်မှာမဟုတ်ဘူး”
“ဟုတ်ပါပြီထားပါတော့ယူမဲ့သူကအရက်သမားလားအလောင်းကစားသမားလားမိန်းမပွေရှုပ်လားအမေသိလို့လား”
“သူကလူကောင်းပါသမီး…လူမျိုးခြားပေမဲ့သူကမြန်မာမှုကိုချစ်တယ်”
“လူမျိုးခြား…အမားနောက်နေတာလားဒါမဖြစ်နိုင်ဘူးနော်အဖေအရင်းတောင်မကောင်းခဲ့တာပထွေးဆိုတာပိုမဖြစ်နိုင်ဘူးအခုကလူမျိုးခြားတဲ့ပိုပိုပြီးမဖြစ်သင့်ဘူးလုံးဝပဲ”
သူမကအပြင်းအထန်ကန့်ကွက်နေသော်လည်းမေမေကစိတ်ပိုင်းဖြတ်ထားပုံရသည်…
“သမီးတောင်မှလူမျိုးခြားတဲ့ဇာတ်လမ်းတွဲတွေကြည့်တယ်မလား”
“အမား…ဒါကမျက်စိရသလေအမားကပ်မပြောနဲ့”
“အမေသမီးကိုအသိလာပေးရုံပဲ…အမေတို့မနက်ဖြန်အိမ်မှာဆွမ်းကျွေးမှာ…ပြီးရင်သူ့နိုင်ငံကိုအလည်အပတ်လိုက်သွားကြမှာသမီးလိုက်ချင်လားလာမေးတာသမီးကတရုတ်စကားပြောလည်းတက်တော့လေ”
“တော်….!မီစကားပြောသင်တာကဇာတ်လမ်းတွဲကြည့်ရတာအဆင်ပြေယုံပဲမီမလိုက်နိုင်ဘူးအမားပြီးတော့ငယ်လေးကိုလည်းမထွေးနှိပ်စက်မှာမလိုလားဘူး”
“စိတ်ချပါသူကလူကောင်းပါ”
“အဟွန့်…လူကောင်းလူကောင်းနဲ့ငယ်လေးသာတစ်ခုခုဖြစ်ကြည့်…အမားနော်…မီ့အကြောင်းသိပါတယ်…ဘယ်နေရာဘယ်ရောက်ရောက်လိုက်သတ်မှာအဲ့လူကို”
“စိတ်ချပါ…အမေပြန်တော့မယ်နော်”
“ဟူး….”
သူမသက်ပြင်းချမိသည်…နဂိုကတည်းကဖယိုဖရဲဖစ်နေသည့်မိသားစုအခုလိုတစ်ကွဲတစ်ပြားထပ်ဖြစ်တော့ပိုင်ယွန်းမီမီပို၍လူ့ဘဝကြီးကိုစိတ်ပျက်လာမိသည်…အရင်ကတည်းကစိတ်ထွက်ပေါက်အနေဖြင့်ဇာတ်လမ်းတွဲကြည့်novelဖတ်နဲ့အချိန်ကုန်ခဲ့သည်မို့အခုသူမအမေနဲ့ညီမကပါတစ်ခြားကိုသွားမည်ဆိုတော့အရင်ကထပ်ပို၍ဇာတ်ကားများထဲသာစိတ်နှစ်ထားလိုက်တော့သည်…
[♥]]] [♦]]] [♣]]] [♠]]]
“ဟေး…ပိုင်ယွန်း…ပိုင်ယွန်းရေ…”
“အေ့…ဖလူး…”
ဇာတ်ကားကြည့်ရင်းရေသောက်နေစဉ်…မိသက်ရဲ့အလန့်တကြားခေါ်သံကြောင့်ပါးစပ်ထဲမှရေများသီးကုန်သည်
“ဟဲ့…အော်…နင့်မလဲနော်ရေတွေသီးကုန်ပြီ”
“နင်ကပဲပြောရသေးတယ်…နင်သာအလန်တကြားမအော်ရင်ငါရေသီးစရာလား”
“ထားပါထားပါ…ငါတို့တော့မိုက်ဟေ့”
“ဘာလဲဟ”
“ငါတို့အဖွဲ့ကိုအလုပ်ရှင်ကတရုတ်ပြည်ခရီးစဉ်တဲ့ဟ”
“ဟေ…တ..တကယ်လား..”
“တကယ်ပေါ့…ဒါ့အပြင်ကို့သူငယ်ချင်းတွေပါခေါ်လို့ရတယ်တဲ့…နင်လိုက်ခဲ့လေနော်…ပြီးတော့နင့်အမားဆီလည်းဝင်လို့ရတာပဲ”
“ဟုတ်တယ်နော်…ငါလိုက်မယ်…ငယ်လေးလည်းလွမ်းတယ်”
“ဒါဆိုအဆင်သင့်ပြင်ထားမနက်ဖြန်လေယာဉ်နဲ့သွားမှာ…တော်ကြာနေဇာတ်လမ်းတွဲကိုက်ပြီးမလိုက်နိုင်နေမယ်သွားသွား”
“ဟုတ်ပါပြီဟုတ်ပါပြီ”
ပြောပြောဆိုဆိုသူမကထပြီးအဝတ်အစားများနဲ့လိုပ်တာများကိုစထည့်လေတော့သည်…
[♥]]] [♦]]] [♣]]] [♠]]]
“မြန်မြန်…လာလာတက်ကြ”
“မိမိသက်သူကနင့်သူငယ်ချင်းလား”
“ဟုတ်ကဲ့ဂျာကြီး…”
“ဒါဆိုလည်းမြန်မြန်တက်ထိုင်နေကြ”
“ဟုတ်ကဲ့…လာပိုင်ယွန်း”
မိသက်ကသူမလက်ဆွဲကာလေယာဉ်ပေါ်တက်လိုက်သည်အထဲရောက်ကာမှမထင်မှတ်သောမြင်ကွင်းကြောင့်ပိုင်ယွန်းမီစိတ်ပျက်သွားသည်…
“ဟားကွာ…မမြင်ချင်တဲ့ဟာတွေနဲ့လာတွေ့နေတယ်…”
“ဟာ…ပိုင်ယွန်မီမီ…နင်ပါလား…”
“ဟင်…ဦးလေးဟန်…ဦးလေးကရောပါလာပဲလား”
“ငါတင်မကဘူး…ဟိုမှာနင့်အချစ်ဟောင်းကြီးနဲ့စုစုအောင်လေ”
“တွေ့သားပဲ…အမှိုက်ဆိုတာကြွက်တွေအတွက်လေအမဲရိုးကိုလည်းလူမကြိုက်ဘူး..ဒါပေမဲ့လည်းတစ်ချို့ဝက်မိစ္ဆာတွေကအရိုးကြိုက်ကြတာပဲ…ဘယ်တက်နိုင်မလဲတူရာတန်ရာပေါ့လေ”
“ကဲပါပိုင်ယွန်းမီမီရယ်ပြသနာမရှာပါနဲ့တော့နော်…ငါ့မျက်နှာထောက်ထားပြီးခွင့်လွှတ်ပေးလိုက်စမ်းပါ”
“Noပါ…ဦးလေးမိတ်ဆွေဖြစ်တာနဲ့ပဲမီကခွင့်လွှတ်ပေးရရိုးလား…ဆယ်ဘဝလောက်ဖင်ထောင်ပြီးဆုတောင်းနေလို့ပြောလိုက်”
ပြောပြီးသူမကထိုင်ရမည့်ခုံမှာစောင့်ထိုင်ချလိုက်သည်…
“လူစုံကြပြီလား…စုံရင်ထွက်မယ်”
တဖြေးဖြေးလေယာဉ်လေးကကောင်းကင်ထက်ဆီမြင့်မြင့်လာတော့သည်ပိုင်ယွန်းမီမီလည်းသူမကြည့်ထားသောဇာတ်လမ်းလေးကိုတွေးကာဘေးမှန်ကာအကြည်ရောင်ကမြင်နေရသောမိုးသားတိမ်ဆိုင်တို့ကိုကြည့်ကာပြုံးမိလိုက်သည်…တွေးရင်းတွေးရင်းသူမလည်းတစ်ရေးမှေးလိုက်တော့သည်……
“ပိုင်ယွန်း…ပိုင်ယွန်း…ထအုံး…ထအုံး”
“ဟမ်…ဘာဖြစ်လို့လဲ ”
သူမကိုမိသက်ကနှိုးလိုက်သောကြောင့်လန့်နိုးသွားသည်…
“ပိုင်ယွန်းမီ…နင်အိပ်နိုင်သေးတယ်နော်သူများတွေပျာယာခက်နေတာကို”
“ဘာဖြစ်လို့လဲဟ”
“လေယာဉ်တစ်ခုခုချို့ယွင်းတာထင်တယ်…လေထီးတွေအဆင်သင့်ဆောင်ထားကုန်ပြီ…နင်ဘာလုပ်နေတာလဲမြန်မြန်အဆင်သင့်လုပ်ထားလေ”
ပြောနေရင်းလေယာဉ်ကယိမ်းထိုးလာပြီးလူတွေလည်းရုတ်ရုတ်သဲသဲဖြစ်လာကြသည်…
“မရတော့ဘူး…ခုန်ချ…ခုန်ချကြ”
ပိုင်းလော့၏စကားကြောင့်အားလုံးသွေးပျက်ကုန်သည်…
“လေယာဉ်ကဘာဖြစ်တာလဲ”
“မသိဘူးထူးထူးဆန်ဆန်းပဲလာခါနီးစစ်တုန်းကအကောင်းကြီးအခုကြမှဘယ်လိုမှထိန်းချုပ်လို့မရတော့လို့”
“ဟင်”
ပိုင်ယွန်းမီမီလည်းသက်ပြင်းကိုချလိုက်သည်…အားလုံးလည်းအသီသီလေထီးဖွင့်ကာခုန်ချရတော့သည်…ဖြစ်ချင်တော့ပိုင်ယွန်းမီမီခါးပတ်ကချွတ်မရပဲရှိနေတော့သည်…
“ပိုင်ယွန်းအမြန်လုပ်…မြန်မြန်”
“အေးပါငါလုပ်နေပါတယ်နင်အရင်ခုန်ချနှင့်”
မိသက်လည်းခုန်ချသွားသည်…အားလုံးခုန်ချပြီးသူမတစ်ယောက်ထဲအထဲမှာကျန်ခဲ့တော့သည်…ခါးပတ်ကချွတ်မရသည့်အပြင်တံခါးကပွင့်နေသဖြင့်လေများကတဟူးဟူးတိုက်ကာအထဲမှာသူမအခတ်ကြုံနေရသည်…
“လုပ်စမ်းပါ…အရေးထဲခါးပတ်ကချွတ်မရဘူး…”
ထိုစဉ်အလင်းတန်းကြောင်းတစ်ခုထဲလေယာဉ်ကဝင်သွားသည်…
“ဟင်…ဘာလဲဟ”
လေပွေလှိုင်းကဲ့သို့မိုးတိမ်များကြားလေယာဉ်ကချာချာလည်အောင်ရောက်သွား၏…လေယာဉ်ကဇောက်ထိုးဖြစ်လိုက်အတည့်ဖြစ်လိုက်နှင့်သူမလည်းအထဲမှာလှိမ့်နေသည်…
ကံကောင်းချင်တော့ခါးပတ်ကချွတ်လို့ရသွားသည်…ခါးပတ်ချွတ်လိုက်သည်နှင့်လေဆွဲအားကြောင့်သူမလည်းအပြင်ဘက်ကိုလွှင့်ထွက်သွားသည်….
“အား…..!”
လေဟာနယ်ကဲ့သို့အထဲမှာသူမအသက်မရှုနိုင်ပဲသတိလစ်မေ့မျောသွားသလိုခံစားလိုက်ရသည်…
[♥]]] [♦]]] [♣]]] [♠]]]
“အား…ကျွတ်..ကျွတ်…ဟင်…ငါ…ငါဘယ်ရောက်နေတာလဲ”
ပတ်ဝန်းကျင်အားဝေကြည့်လိုက်တော့မှဒီနေရာကိုသူမရင်းနှီးနေတော့သည်….
“ဒါ…ဒါ…အပျက်အစီးပုံစံနေရာပဲ…ဟမ်…ငါဘာဖြစ်သွားတာလဲ…အိမ်မက်လား…အချိန်ခရီးသွားလား…မဟုတ်သေးပါဘူးဒါကဇာတ်လမ်းတွဲထဲကယွဲ့မိရုပ်တုမလား…ဘာတွေလဲ…ဘာတွေဖြစ်ကုန်တာလဲ..ငါ့..ငါ့လေယာဉ်ရော”
သူမစဉ်းစားနေရင်းလေတိုက်သလိုဖြစ်ပြီးသူမခန္ဓာကိုယ်ကအပေါ်သို့အနည်းငယ်မြောက်တက်သွားပြီးရုပ်တုနားရောက်သွားသည်…သူမလည်းရုပ်တုအားအကြောင်းမဲ့ထိတွေ့လိုက်သည်
မထင်မှတ်ပဲရုပ်တုကကွဲအပ်လာပြီးရွှေရောင်အလင်းမှုန့်လေးများအဖြစ်ပြောင်းကာသူမကိုယ်ထဲပေါင်းစပ်သွားသည်…သူမကိုယ်တစ်ခုလုံးရေခဲရိုက်ထားသလိုကျင်တက်လာပြီးရွှေရောင်ကဲ့သို့အလင်းမှုန့်များကဝန်းရံလိုက်ကြတော့သည်….တဖြေးဖြေးသူမလည်းထိုနေရာမှအောက်ဆီပြုတ်ကျလာခဲ့တော့သည်
“ရှန့်ကူ…ရှန့်ကူ”
“ထျန်းချီ…ထျန်းချီ…”
သူမနှုတ်မှရေရွတ်ရင်းလန့်နိုးလာတော့နေရာသစ်တစ်ခုဆီရောက်နေပြန်သည်…
“ဒါဘယ်နေရာလဲ…ဟင်…အသားစားပန်း…ဒါ…ဒါငရဲပြည်မလား…အိုက်ယား…ငါရူးများသွားပြီလားဇာတ်ကားထဲကအရာတွေပဲမြင်နေတယ်…ဒါမှမဟုတ်ငါအိမ်မက်မက်နေတာလား…အဟေး..ဒါဆိုရင်တော့မြန်မြန်နိုးလို့မဖြစ်ဘူး”
“မင်းသတိရပြီလား”
“ဟင်….ရွှမ်ယီး”
“မင်းငါ့ကိုသိတာလား…မင်းကဘယ်သူလဲ…မင်းအဝတ်အစားတွေကထူးဆန်းတယ်…မင်းကိုယ်ထဲမှာယွဲ့မိရဲ့နတ်ဝိဥာဉ်အပိုင်းအစတွေရှိတယ်ဘယ်လိုဖြစ်တာလဲ”
“ငါ…ယွဲ့မိ…နင်ဘာပြောနေတာလဲငါကအိမ်မက်မက်နေတာမဟုတ်ဘူးလား”
“ထူးဆန်းတယ်…ယွဲ့မိကမင်းကိုဘာလို့ရွေးခဲ့တာလဲမသိဘူး”
“ဒါနဲ့ရှင်ကရော…ပြာဖြစ်သွားပြီမဟုတ်ဘူးလားပိုင်ကျွယ်ရှင့်ကိုသတ်လိုက်ပြီလေ…အခုမှသတိရတယ်ရှင်ကလူဆိုးပဲ…အဲ့မဟုတ်ဘူးနတ်ဆိုး…နတ်ဆိုး…ကယ်ကြပါ…”
“တိပ်စမ်း!
ရွှမ်ယီးကငေါက်လိုက်သဖြင့်သူမပါးစပ်အားလက်ဖြင့်ပိတ်လိုက်သည်…
“ငါမေးတာဖြေ…မင်းဘယ်သူလဲ”
“ပိုင်ယွန်းမီမီ”
“ဘယ်လိုလုပ်ရောက်လာတာလဲ”
“လေယာဉ်ပျက်ကျတာလေ…အပျက်အစီးပုံစံရှိတဲ့နေရာကို…နောက်တော့လေထဲမြောက်ပြီး…အဲ့…ကျန်တာမမှတ်မိတော့ဘူး”
“ထျန်းချီရဲ့အပျက်အစီးပုံစံကငရဲပြည်နဲ့နီးတယ်ဒါ့ကြောင့်ကို”
သူကပြောရင်းသူ့ညာလက်ကိုသူမနဖူးဆီစမ်းလိုက်သည်…
“တကယ်ပဲလား…”
“ဘာလဲ”
“မင်းနားမလည်ပါဘူး”
“အော့်…ဒါနဲ့မီမေးတာမဖြေသေးဘူးရှင်ကသေပြီမဟုတ်လား”
“အဟင်းဟင်း…ငါကလောကပါလနတ်မင်းခေါင်းဆောင်လေငါပြာဖြစ်ရင်တောင်အသက်ရှင်နိုင်သေးတယ်ငါ့အမြုတေကလွှင့်ပျယ်နေတာ…မထင်မှတ်ပဲမင်းအသားစားပန်းပင်ပေါ်ကျလာပြီးအားလုံးကိုစုတ်ယူပစ်လိုက်တယ်….မင်းမှာဘာအစွမ်းအစတွေကြောင့်အခုလိုလုပ်နိုင်ရတာလဲ….မင်းကခန္ဓသန့်စင်ပြီးပြီးဆိုပေမဲ့လူသားအတိုင်းပဲ”
“ရှင်ဘာတွေပြောနေတာလဲ…ငါတစ်ခုမှနားမလည်ဘူး”
သူကပြုံးလိုက်ပြီး…သူမမျက်လုံးကိုသေချာကြည့်လိုက်သည်…
“အင့်…အဟွတ်…”
“ဒါ…ဒါမဖြစ်နိုင်ဘူး…မင်းဘယ်သူလဲ…ငါမင်းကိုဘာလို့ညို့လို့မရတာလဲ”
“ကျမကလူမို့လို့နေမှာပေါ့”
“မဟုတ်ဘူး…လူသားခန္ဓာနဲ့အသားစားပန်းကိုစုပ်မယူနိုင်ဘူး…ဒါပေမဲ့မင်းကနတ်လည်းမဟုတ်…မိစ္ဆာလည်းမဟုတ်”
“အား…ခေါင်းရှုပ်လာပြီမပြောနဲ့တော့…အယ်…ရှင်နတ်ပြည်ကိုမတိုက်တော့ဘူးလား”
“ငါ့စွမ်းအားလွှင့်ပြယ်သွားပြီ…ပြီးတော့မင်းပဲစုပ်ယူလိုက်တာလေ…ရှန့်ကူ…ပိုင်ကျွယ်…ထျန်းချီ…ကျစ်ယန်…သူတိုကိုငါမချနိုင်တော့ဘူး…အရင်ကအမှားတွေကိုပြင်ဆင်ပြီးငရဲပြည်မှာပဲဆင်ချင်သုံးသပ်တော့မယ်”
“တော်ပါတော့…ငါတစ်ခုမှနားမလည်ဘူးဒါဆိုငါအိမ်မက်မက်တာမဟုတ်ဘူးလား”
သူမလည်းလက်မှိုင်ချလိုက်တော့သည်
[♥]]] [♦]]] [♣]]] [♠]]]
“မကောင်းတော့ဘူး…အပျက်အစီးပုံစံနေရာမှာတစ်ခုခုဖြစ်နေပြီ…ပိုင်ကျွယ်…ရှင်ဒီမှာနေခဲ့အုံးကျမသွားကြည့်လိုက်အုံးမယ်”
“ရှန့်ကူ”
“စိတ်မပူပါနဲ့”
ပြောရင်းသူမကအပျက်အစီးပုံစံနေရာသို့ပြောင်းလိုက်သည်…
“ဟင်…ယွဲ့မိ…ယွဲ့မိရော”
သူ့ခြေထောက်နားကရုပ်တူကွဲစတွေကိုသတိထားမိလိုက်သည်…
“ယွဲ့မိ…နင်ပြန်လာပြီလား”
သူမအပြုံးတွေဝေဆာသွားသည်…ထျန်းချီသိရင်ဝမ်းသာမှာအမှန်ပင်သူမလည်းစောက့်ဆိုင်းမနေပဲနတ်ပြည်ကိုပြန်လာခဲ့တော့သည်…
“ပိုင်ကျွယ်”
“ရှန့်ကူ…မင်းပြန်လာပြီလား”
“ပိုင်ကျွယ်…ကျမတို့ထျန်းချီအတွက်လုပ်ပေးရတော့မယ်”
“အဲ့ဒါက…မင်းအပျက်အစီးပုံစံနေရာကပြန်လာကတည်းကပြုံးနေတာ…ဧကန္တ…ယွဲ့မိ”
“မှန်တယ်…ယွဲ့မိပြန်ဝင်စားလာပြီ”
[♥]]] [♦]]] [♣]]] [♠]]]
“ဟွန့်…ရွှမ်ယီးကအတူလိုက်ခဲ့ပါဆိုမလိုက်ခဲ့ဘူး…အခုတော့ငါတစ်ယောက်ထဲရယ်…ဒီကလူတွေကလည်းငါ့ကိုအထူးအဆန်းကျနေတာပဲဝိုင်းကြည့်နေတယ်…ဟုတ်လည်းဟုတ်တာပဲငါ့အဝတ်အစားကဟိုကပါလာတဲ့ဟာတွေပဲသူတို့နဲ့တူမှမတူတာ…မဖြစ်ဘူး…ငါရွှမ်ယီးဆီပြန်ရမယ်”
သူမလည်းနောက်ကြောင်းပြန်လှည့်ကာပြန်လာခဲ့တော့သည်…
“ရွှမ်ယီး…ရွှမ်ယီး”
“ဘာဖြစ်လာတာလဲ…နင်လူတွေနေတဲ့နေရာမှာနေမယ်ဆိုဘာလို့ပြန်လာတာလဲ”
“ရွှမ်ယီး…ငါမှားမှန်းသိပါပြီဟာငါ့ကိုအဝတ်တစ်စုံလောက်လုပ်ပေးပါလား…နင်ကြည့်ငါ့အဝတ်တွေအားလုံးကနင်တို့နဲ့မတူဘူး…အကုန်လုံးကကွဲပြားနေတယ်…နော်”
“ကောင်းပြီ”
ရွှမ်ယီးကလက်ကိုဝှေ့ယမ်းလိုက်ရင်ပဲသူမတွက်ဝတ်ရုံလှလှလေးတစ်စုံဝတ်ဆင်ပြီးသားဖြစ်သွားသည်
“ရွှမ်ယီး…နင်အရမ်းကောင်းတာပဲ”
ပြောပြီးသူမကပြန်လည်ထွက်သွားသည်…
ရွှမ်ယီးပြုံးလိုက်သည်….နှစ်ပေါင်းခုနှစ်သောင်းအတွင်းမည်သူတစ်ဦးတစ်ယောက်ကမှသူ့ကိုစိတ်ရင်းနဲ့မဆက်ဆံခဲ့ဖူးပေ…သူမကတော့သူ့ကိုကြောက်လန့်ခြင်းမရှိသည့်အပြင်သူငယ်ချင်းလိုတောင်ပြောသည်…သူမရဲ့ပုံစံကိုရွှမ်ယီးသဘောကျသည်မကောင်းတာတွေမလုပ်ဖို့လည်းသတိပေးတက်သည်
“ဝုတ်…ဝုတ်…ဝုတ်”
“ခွေး…ခွေးဟောင်သံပဲ”
သူမကြည့်လိုက်တော့လူတွေကခွေးလေးတစ်ကောင်အားဝိုင်းဖမ်းနေသည်
“သွားပြီ…သွားပြီ…ယွမ်ချီကပြန်မလာသေးဘူး…ငါတော့လူတွေသတ်လို့သေတဲ့နတ်သားရဲဖြစ်တော့မယ်”
“ရပ်စမ်း…နင်တို့ဘာလို့ခွေးလေးကိုအနိုင်ကျင့်နေတာလဲ”
“မိန်းကလေး…မင်းနဲ့မဆိုင်ရင်မဆိုင်သလိုနေ…ငါတို့ကခွေးအမဲလိုက်မုဆိုးတွေ”
“နင်တို့…နင်တို့ဒီလောက်ချစ်စရာကောင်းတဲ့တိရိစ္ဆာလေးတွေကိုဘာလို့သတ်နေတာလဲလူစိတ်မရှိဘူးလား”
“တော်တော်ပြောရခတ်တယ်…အကိုကြီးခွေးသားကင်ရင်းမိန်းမလှလေးပါအဖော်ပြုပေးရင်ပိုမကောင်းဘူးလား…ဟားဟား.. .ဟားဟား ”
ပြောရင်းသူတို့ကသူမဆီဝိုင်းလာကြသည်
“နင်တို့…နင်တို့ဘာလုပ်မလုပ်လဲ”
သူမကနောက်ဆုတ်ရင်းဆုတ်ရင်းခလုတ်တိုက်ကာလှဲကျသွားသည်သူမလည်းဘေးနားကတွေ့သောသစ်ကိုင်းစကိုကောက်ယူကာအနားလာသောသူအားရိုက်ပစ်လိုက်သည်…
“ခွပ်…”
“အား!
“ကဲဟယ်…ကဲဟယ်”
သူမကလက်ထဲမှတုတ်ချောင်းကိုမွှေ့ယမ်းပြီးရိုက်လိုက်ရာထိုလူများလန့်ပြီးပြေးသွားကြသည်…
“ပြေး…ပြေး…သူကသိုင်းတက်တယ်”
“ဟွန့်…ငါပိုင်ယွန်းမီမီရန်ဖြစ်လာတာပွဲပေါင်းမနည်းတော့ဘူး”
သူမလည်းခွေးလေးအားပွေ့ချီယူလိုက်သည်သူမရင်ခွင်ထဲပိုက်ကာရှေ့ဆက်လျှောက်လာခဲ့သည်…
“ဝါး….ပေါက်စီ…ပေါက်စီ…သူဌေး..အသားပေါက်စီနှစ်လုံးပေးပါ”
“ရမယ်…ရမယ်…အယ့်…ဒါနဲ့မိန်းကလေးဘယ်ကလဲ…မင်းကိုတစ်ခါမှမမြင်ဖူးဘူး”
“ဟုတ်တယ်…ကျမက…ကျမက…အယ်…ဟို”
သူမစကားကိုရပ်လိုက်…အနည်းငယ်ကြာတော့မှ…
“ကျမကအရမ်းဝေးတဲ့တောအုပ်တစ်ခုကပါ”
“ပေါက်စီရပြီ”
“ေက်းဇူးပါ”
သူမလည်းပြန်လာခဲ့သည်…တောတစ်ခုဆီဖြတ်လျှောက်ရင်းစမ်းချောင်းတစ်ခုကိုတွေ့လိုက်သဖြင့်ခဏထိုင်လိုက်သည်…ပေါက်စီကိုစားလိုက်သည်…
“နင်စားချင်လို့လား…နင့်ကြည့်ရတာဆာနေပုံပဲ”
ပေါက်စီတစ်လုံးအားချကျွေးလိုက်သည်…
“ငါရေချိုးချင်လာပြီ…နင်လျှောက်မသွားနဲ့နော်မုဆိုးတွေဖမ်းလိမ့်မယ်”
သူမလည်းအဝတ်များချွတ်လိုက်သည်…
“ရိုင်းလိုက်တာ…ဘယ်လိုမိန်းကလေးလဲမသိဘူး…ဟုန်ရိ…ဟုန်ရိရေ…နင်တော့ယွမ်ချီကြောင့်သိက္ခာကျပါပြီ”
သူစိတ်ထဲကပြောရင်းတစ်ဖက်လှည့်လိုက်သည်…သူမကတော့ရေထဲဆင်းပြီးရေချိုးနေသည်…
“မဖြစ်ဘူး…ငါယွမ်ချီကိုရှာရမယ်…”
သူမသိမသာလေးထွက်လာသည်….
“ဟူး…လန်းဆန်းသွားတာပဲ”
အဝတ်ပြန်ဝတ်ခါနီးသူမပြသနာတက်ပြီလေ…
“သွားပြီ…သွားပြီ…ရွှမ်ယီးပေးတဲ့အဝတ်အစားတွေငါမဝတ်တက်ဘူး…အဟီး…ရွှမ်ယီး…ကယ်ပါအုံး…”
“မီမီ…နင်ဘာဖြစ်တာလဲ”
“အယ်…ရွှမ်ယီး…နင်ငါခေါ်တာကိုကြားတယ်လား…ငါ…ငါအဝတ်မဝတ်တက်ဘူး…နင်ကြည့်နင်တို့အဝတ်အစားတွေကရှုပ်နေတာပဲဘယ်လိုဝတ်ရမယ်ဆိုတာငါတကယ်မသိဘူး”
ရွှမ်ယီးကသူမအားစိုက်ကြည့်ရင်းဖယိုဖရဲဝတ်ထားသောသူမပုံစံကိုပြောင်းလိုက်သည်…
“အယ်…နင်တကယ်တော်တယ်”
“ပျော်လို့ဝပြီလား”
“အင်း….ရွှမ်ယီး…နင်ကအပြင်မထွက်ဘူးမလား”
“မီမီ…နင်ပြသနာကြုံရင်သာခေါ်ဖို့မမေ့နဲ့…ကြားလား”
“ကောင်းပါပြီ…သိပါပြီ…ဒါပေမဲ့ငါလေပေါ်ပျံချင်တယ်…နင့်အကူအညီမပါပဲ…နင်…နင်ငါ့ကိုလေထီးယူပေးလို့ရမလား”
“လေထီး…လေထီးကဘာလဲ”
“ဟုတ်သား…သူလေထီးကိုမသိဘူး…အဟိ…ထားလိုက်တော့နင်ငါ့ကိုငရဲပြည်ကိုသာပြန်ခေါ်သွားပေး”
“ကောင်းပြီ…”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)