နတ်ဘုရားရဲ့သားရဲငယ် - Part 10
တောင်ပေါ်ရောက်တော့သူတို့ကိုဂိတ်ဝဖွင့်ပေးသည်…သူတို့သုံးယောက်လည်းဂိတ်အတွင်းဝင်လိုက်ကြသည်…လုဟန်မထင်ထားသည်မှာသူတို့ကဲ့သို့လူတွေအစုလိုက်အစုလိုက်တွေ့လိုက်ရသည်…
“ရို့…ဒီအုပ်စုကနောက်အကျဆုံးပါလား…မထင်ထားဘူးဒီလိုလူဖျင်းတွေကလည်းခွန်းဝူကိုလာနိုင်လိမ့်မယ်လို့”
လူတစ်စုတွင်မျက်နှာပေါက်ခတ်ဆိုးဆိုးနှင့်ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူကသူတို့အားလှောင်ပြောင်ပြောဆိုနေကြသည်…
“ဟေ့…မင်းဘယ်သူ့ကိုလူဖျင်းပြောတာလဲ”
“နင်တို့ကိုလေ…ဘာလဲရုပ်လေးချောတာနဲ့ပဲခွန်းဝူကိုလာတာလား…မှတ်ထားခွန်းဝူကအသန်မာဆုံးလူတွေရှိတဲ့နေရာ”
“ဟုတ်လား…ငါတော့မင်းလိုစိတ်ဓာတ်ညံ့ဖျင်းသူတွေမရှိသင့်တဲ့နေရာလို့ထင်တယ်”
စူရှပြီးနားဝင်ချိုသာသောအသံနှင့်ပြောလိုက်သောအသံကြောင့်လုဟန်မျက်လုံးများတောက်ပသွားသည်…
“နတ်သမီးမမ”
သူ့နှုတ်မှရေရွတ်ပြီးသားဖြစ်သွားသည်….သူမကတော့သူ့ကိုသတိပင်မထားမိပေ…
“မိန်းကလေး…မင်းကဘာလဲခွန်းဝူမှာနေတာကြာပြီဆ်ိုပြီးငါ့လို…”
“ပါးစပ်ပိတ်စမ်း”
“ဟင်…ဦးလေး”
“နင်…ဂိုဏ်းချုပ်ကိုမြန်မြန်မတောင်းပန်သေးဘူးလား”
“ဟမ်…”
“ဂိုဏ်းချုပ်…”
အားလုံးနှုတ်ကနေအံ့သြစွာပြိုင်တူခေါ်မိလိုက်ကြသည်…ခွန်းဝူဂိုဏ်းချုပ်ကမထင်ထားလောက်အောင်ငယ်ရွယ်ပြီးလှပတဲ့မိန်းကလေးဖြစ်မည်မည်သူကထင်မည်နည်း…
“ငါဒီနေ့ကြည့်ရတာ…ခွန်းဝူတောင်ကိုလာတဲ့သူတွေရဲ့စိတ်ကိုအရင်စမ်းသပ်ရမယ်ထင်တယ်…ငါ့ရဲ့ငယ်ရွယ်မှုကြောင့်မလေးစားတာမျိုးငါမလိုချင်ဘူး”
“ဂိုဏ်းချုပ်…သူ..သူကနားမလည်လို့ပါကျွန်တော့်မျက်နှာထောက်ထားပြီးခွင့်လွှတ်ပေးပါ”
“ကောင်းပြီ…အားလုံးနားထောင်ကြ…ငါကခွန်းဝူတောင်ရဲ့ဂိုဏ်းချုပ်…ပိုင်ရှောင်…ငါ့ကိုအသက်ငယ်ပြီးနုနယ်တယ်ထင်ရင်မှားလိမ့်မယ်”
“ဟုတ်ကဲ့ပါဂိုဏ်းချုပ်”
“အားလုံးကိုအခန်းတွေဆီလိုက်ပြခိုင်းလိုက်…မနက်ဖြန်တွက်အခုကစပြီးကောင်းကောင်းအနားယူကြ”
“ဟုတ်ကဲ့”
ခွန်းဝူဂိုဏ်သားတစ်ယောက်ကသူတို့အားနေရမည့်အဆောင်တွေဆီလမ်းပြပေးသည်…
“ဝှီး…ဝှီး…”
လက်ထဲမှဓားကိုသေသပ်စွာကိုင်ရင်းဓားသိုင်းကိုဟာကွက်မရှိအောင်လေ့ကျင့်နေသောသူမအားလုဟန်မျက်တောင်မခတ်ကြည့်နေမိသည်…
ဓားကိုဝေ့ယမ်းရင်းလေပေါ်ပျံတက်သွားပြီးဘယ်ညာနှစ်ဖက်ကိုခွဲကာဓားကိုခုတ်ချလိုက်သည်…အောက်သို့ပြန်ကျလာပြီးဓားကိုသိမ်းလိုက်သည်…
“ထွက်လာခဲ့”
သူလည်းပုန်းကြည့်နေရာမှခတ်ကုတ်ကုတ်လေးထွက်လာခဲ့သည်….
“မင်းဘယ်သူလဲ”
“နတ်သမီးမမ…ကျွန်တော်လေလုဟန်”
“ဘယ်ကလုဟန်လဲ”
“ဟင်…နတ်သမီးမမ…မမှတ်မိဘူးလား…မကောင်းဆိုးဝါးလက်ကနေလုဟန်ကိုကယ်တင်ခဲ့တာလေ…”
သူမကအနည်းငယ်တွေဝေသွားပြီး…မှတ်မိဖို့ကြိုးလိုက်ပေမဲ့…ခေါင်းကမူးဝေကိုက်ခဲလာခဲ့သည်…
“အား…အား..”
“နတ်သမီးမမ…အဆင်ပြေရဲ့လား”
“ရတယ်”
“မင်းနာမ်မည်ဘယ်သူလဲ”
“လုဟန္”
“လုဟန်…ငါဒီအမည်ကိုရင်းနှီးနေတယ်ဒါပေမဲ့ငါမမှတ်မိဘူး…အရင်ကအကြောင်းအရာတွေငါမသိဘူး…လက်ရှိမှာငါကခွန်းဝူဂိုဏ်းချုပ်တစ်ယောက်…မင်းငါ့ကိုလေးစားသင့်တယ်…မဟုတ်ရင်မင်းတွက်ရလဒ်မကောင်းဘူး”
“မဖြစ်နိုင်ဘူး…နတ်သမီးမမအရင်ကအဲ့လိုမဟုတ်ပါဘူး…အခု…ဘယ်လို…”
“ဟုတ်တယ်…အရင်ကဘာဖြစ်လဲငါမသိဘူး…ငါဂိုဏ်းကိုဆက်ခံဖို့အတွက်ဂူပိတ်ပြီးငါးနှစ်လေ့ကျင့်ခဲ့တယ်…ငါးနှစ်လောက်ငါဟာလွင့်မျောနေခဲ့တာ…သာမန်ပြောရရင်ငါအိပ်ပျော်နေခဲ့တယ်…ငါပြန်နိုးလာတော့မအိပ်ပျော်ခင်ကအရာတစ်ချို့မေ့သွားတယ်”
သူမကပြောပြီးထွက်သွားသည်….
[♥]]] [♦]]] [♣]]] [♠]]]
“အားလုံးပဲ…စမ်းသက်မှုစပါမယ်…ဒီစာရွက်တွေမှာမေးခွန်းတွေကိုဖြေရမယ်…အားလုံးဖြေဆိုနိုင်သူကဂိုဏ်းချုပ်ရဲ့တပည့်အဖြစ်အရွေးခံရမယ်…တစ်ကနေတစ်ဆယ်ထိအဆင့်လိုက်သတ်မှတ်တယ်…မဖြေခင်အချိန်၃ရက်ရမယ်ကြိုတင်ပြင်ဆင်မှုအတွက်…စာကြည့်ဆောင်မှာလေ့လာလို့ရတယ်…အချိန်ပြည့်တာနဲ့အဖြေလွှာတွေပေးရမယ်…မပေးနိုင်သူကထွက်ရမယ်…အုပ်စုလိုက်အဖွဲ့နဲ့ဖြေလို့ရတယ်…ဒါပေမဲ့အုပ်စုဖွဲ့ရင်တော့အဲ့ထဲကတစ်ယောက်ယောက်ကကျရှုံးရင်အားလုံးထွက်ရမယ်…မေးခွန်းကတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ဘူး”
“အကိုမော့…အဖွဲ့ဖွဲ့မလား…စုပေါင်းခြင်းကလည်းအနိုင်ရတယ်မလား”
“ဒါပေမဲ့…ကျမတို့…တစ်ယောက်ယောက်ကျခဲ့ရင်ဘယ်လိုလုပ်မလဲ”
“ရီရှီညီမလေးပြောတာမှန်တယ်တစ်ယောက်ကျရင်အကုန်ကျမယ်…လုဟန်…မင်းဘာစဉ်းစားမိလို့လဲ”
“စဉ်းစားကြည့်…ငါတို့မေးခွန်းကတစ်ယောက်နဲ့တစ်ယောက်မတူကြဘူး…ငါတို့ကသုံးယောက်…မေးခွန်းသုံးခု…အကိုမော့မဖြေနိုင်တဲ့မေးခွန်းကိုကျွန်တော်ထဲကတစ်ယောက်ကဖြေနိုင်နေရင်ရော…ဝိုင်းကူဖြေလို့ရတယ်လေ”
“ဘာပဲဖြစ်ဖြစ်.. .ကျမတို့ကလာကတည်းကသုံးယောက်…အေးအတူပူအမျှပေါ့”
“ကောင်းပြီ…ငါတို့ကြိုးစားမယ်”
သူတို့သုံးယောက်လက်ချင်းထပ်လိုက်ကြသည်….
[♥]]] [♦]]] [♣]]] [♠]]]
“ဟွန့်…ပိုင်ယွန်းမီ…နင်ကငါ့အချစ်ကိုလုယူနေတာပဲ…ငါမကျေနပ်ဘူး”
“မယ်တော်…စိတ်ချော့ပါ”
“တိတ်စမ်း…ရင်းဟွာ…မင်းလည်းအခုထိနတ်အဆင့်ကိုမတက်နိုင်သေးဘူး…ငါ့ကိုစိတ်ပျက်စေတယ်”
“မယ်တော်…ရင်းဟွာကြိုးစားပြီးသင်ယူပါ့မယ်…”
“မင်းသင်းယူနေတာဟိုရွှေနဂါးဆီကလား”
“ဟင်းဟင်း…ဟင်းဟင်း…ပန်းနတ်သမီးကရယ်စရာတွေပြောတာပဲ”
“ဟင်…ကျင်ကျောင်း…နင်ဘယ်လိုလုပ်”
“ဟွန့်…အံ့သြသွားလား…သုံးလေကမှာတစ်ဦးတည်းသောရွှေနဂါးကပန်းတိုင်းပြည်လိုအနုတ်စုတ်ဂုတ်စုတ်နေရာလေးကိုမလာနိုင်စရာအကြောင်းမရှိပါဘူး”
“ကျင်ကျောင်း…မင်းကအပြစ်သားဝူဟွမ့်ရဲ့သမီးပဲ”
“အဲ့တော့ဘာဖြစ်လဲ…တကယ်ဆိုရင်ငါကသာကောင်းကင်ရဲ့ဧကရီဖြစ်သင့်တာ…ရှန့်ကူကြောင့်သာမဟုတ်ရင်ငါတို့မိသားစုလေးသာယာနေမှာ…ငါကအပြစ်သားရဲ့သမီး…မင်းကရော…ရင်းဖန်”
ကျင်ကျောင်းကရင်းဖန်အားစေ့စေ့ကြည့်လိုက်သည်….
“မင်းလည်းအပြစ်သားပဲလေ…မဟုတ်ဘူးလား…ဟားဟားဟားဟား ”
“နင်ဘာလိုချင်တာလဲ”
“ငါလိုချင်တာကမင်းတို့သားမိကိုငါနဲ့ပူးပေါင်းဖို့ပဲ”
“မင်းကငါ့ကိုထိန်းချုပ်ချင်နေတာပဲ….မရဘူး”
ရင်းဖန်ကလက်ကိုဆန့်ထုတ်လိုက်သည်…သို့သော်လည်းကျင်ကျောင်းကအသာရှောင်လိုက်ပြီးရင်းဖန်အားလက်ဝါးဖြင့်ရင်ဘက်ကိုရိုက်ချလိုက်သည်…
“အင့်…နင်…”
“အဟင်း…ဘယ်လိုပဲငါကအပြစ်သားရဲ့သမီးဆိုစေအုံး…နင့်လိုပန်းနတ်သမီးလောက်ကတော့အသာလေးပဲ…မမေ့နဲ့ငါကရွှေနဂါးနင့်ထက်နှစ်ပေါင်းများစွာလေ့ကျင့်မှုပိုများတယ်”
“နင်ဘာဖြစ်ချင်နေတာလဲ ”
“ငါခိုင်းတာလုပ်”
“ဘာလဲ”
“ငါကြားခဲ့တယ်…မနက်ဖြန်ဖုန့်ရန်ကအသူရာချောက်ကိုသွားလိမ့်မယ်…မင်းဆီကအကူအညီလိုတယ်”
“ဟင်….”
လေတွေတဟူးဟူးတိုက်ခတ်နေပြီးနီကျန့်ကျန့်သစ်ရွက်များကတဖြုတ်ဖြုတ်ကြွေကျနေသည်….
“အဖေအမေ…ဖုန့်ရန်အရိုအသေပြုပါတယ်…ဖုန့်ရန်အခုဆိုကောင်းကင်ကိုအုပ်ချုပ်နေရပြီ…သုံးလောကတွက်တာဝန်တွေသမီးထမ်းဆောင်နေတယ်…ဒါတွေကရှန့်ကူနတ်သမီးကြောင့်ပဲ…သူသာအဖေနဲ့အမေကိုလွှတ်မပေးခဲ့ရင်ဖုန့်ရန်ဆိုတာရှိလာမှာမဟုတ်ပါဘူး…ကောင်းကောင်းအနားယူပါ”
သူမကမီးအိမ်ထဲမီးများထွန်းလိုက်ပြီးအနီးအနားမှာကြွေကျနေသောသစ်ရွက်တို့ကိုရှင်းလင်းလိုက်သည်….
လေတိုးသံကပုံမှန်မဟုတ်ဘဲအနီးအနားရှိသစ်ရွက်များကိုပါလှုပ်ခတ်သွားသည်…
“မိစ္ဆာစွမ်းအားပဲ…ဘယ်သူလဲ…ထွက်စမ်း”
“ဟားဟား ဟားဟား.. .ကောင်းကင်အရှင်မဖုန့်ရန်အတွက်ဒီနေ့လိုနေ့မျိုးလည်းရှိအုံးမယ်မထင်ထားဘူး”
“မင်းဘယ်သူလဲ”
“မင်းသိဖို့မလိုဘူး”
“ဟွန့်…မျက်နှာတောင်မပြရဲတဲ့သူကငါနဲ့တိုက်ချင်နေသေးတယ်”
“ဖုန့်ရန်…နင်သေနေ့ကျပြီ”
မျက်နှာဖုံးနဲ့သူကသူမအားအရင်စတင်တိုက်ခိုက်လေသည်….သူမလည်းမီးကြာပွတ်ကိုထုတ်ကာပြန်လည်တိုက်ခိုက်လိုက်သည်…
“ရွှမ်း…ဝုန်း!
မျက်နှာဖုံးနဲ့သူကသူမရဲ့ကြာပွတ်စာမိကာအနောက်သို့လွှင့်စင်သွားသည်….သူမလည်းရှေ့သို့တဖြေးဖြေးတိုးလာရာ…
“ဟွန့်…လာလေ”
ဖုန့်ရန်ကကြာပွတ်ကိုကိုင်မြောက်လိုက်ချိန်တွင်…ထိုသူကလက်ထဲကအမှုန့်ဖြင့်သူမအားပတ်လိုက်သည်…
“ဟင်…”
သူမမျက်လုံးများပြာဝေသွားပြီးအသက်ရှုများကျပ်လာတော့သည်…
“အဟွတ်…အဟွတ်…နင်….”
“ဟင်းဟင်…မထင်ထားဘူး…ကောင်းကင်ရဲ့ဧကရီကလည်းငါ့လှည့်ကွက်ထဲဝင်လာမယ်လို့”
“နင်…အောက်တန်းကျလိုက်တာ”
“ဟားဟား.. .ဟားဟား.. .အောက်တန်းကျတော့ဘာဖြစ်လဲ…နင်သေဖို့ပဲလိုတာဘယ်နည်းသုံးရသုံးရငါဂရုမစိုက်ဘူး”
“ဟုတ်လား”
ဖုန့်ရန်ကသူမရဲ့မူလစွမ်းအားကိုအသုံးပြုကာအဆိပ်ကိုထိန်းလိုက်ပြီးကြာပွတ်ကိုကိုင်မြောက်လိုက်သည်….
“ရွှမ်း….”
ကြာပွတ်ကထိုသူ၏မျက်နှာပေါ်ကျရောက်မည့်အချိန်တွင်….သူမအားတစ်ခုခုကချုပ်နှောင်ထားသလိုခံစားလိုက်ရသည်…သူမလက်ကမီးစနဲ့ထိုးသလိုခံစားလိုက်ရပြီးကြာပွတ်ပါလွှတ်ကျသွားသည်…
“အား….”
“နင်…”
“အဟက်…တုံးလိုက်တာငါကမနိုင်မှန်းသိတဲ့သူကိုတိုက်ဖို့တစ်ယောက်ထဲလာမယ်ထင်လားဖုန့်ရန်”
သူမအားထောက်ချောက်ဆင်ကာနောက်ထပ်အပေါင်းအပါနှစ်ယောက်ကသူမမျက်နှာဖုံးနဲ့သူကိုအာရုံစိုက်နေချိန်တွင်အချုပ်အနှောင်ဖွဲ့စီးပြီးချုပ်လိုက်ကြသည်…သူမရုန်းသော်လည်းအဆိပ်မိထားသည့်အတွက်အားအင်းများနည်းပါးသွားသည်…
“ဖုန့်ရန်…နင်သေရင်ကောင်းကင်နန်းတော်ကိုငါသေချာဂရုစိုက်ပါ့မယ်…အနားယူလိုက်ပါအုံး…ဇာမဏီငှက်ဧကရီ”
ကျင်ကျောင်းကသူမလက်ကနေစွမ်းအားကိုသုံးကာဖုန့်ရန်အားတိုက်ခိုက်လိုက်သည်…
“ယား…”
သူမလက်ကိုဆန့်ထုတ်လိုက်ချိန်မှာတော့…အဖြူရောင်အတောင်ပံနှင့်လူတစ်ယောက်ရောက်လာပြီးအချုပ်အနှောင်အားဖျက်စီးပြီးဖုန့်ရန်အားကယ်ထုတ်သွားသည်…
“ဘယ်သူလဲ…ဟင်…အကို၂”
“ဘယ်သူကများအတင်ရဲပြီးကောင်းကင်ဘုရင်မကိုလုပ်ကြံရဲတာလဲ”
သူကလက်တစ်ဖက်ကိုဝေ့ယမ်းကာတိုက်ခိုက်လိုက်သည်…အမှတ်တမှတ်တိုက်ခိုက်လိုက်တာကြောင့်ကျင်ကျောင်းအားထိသွားသည်…
“အင့်…အား”
“ငါတို့သွားရအောင်…”
ရင်းဖန်ကကျင်ကျောင်းလက်ကိုဆွဲကာထိုနေရာမှထွက်ပြေးလာခဲ့ရသည်….
“အရှင်မ…အဆင်ပြေရဲ့လား”
“ကျင်ကျန့်…ရှင်လာပြီလား”
သူမကသူ့အားကျင်ကျန့်ဟုခေါ်ကာသတိလစ်မေ့မြောသွားတော့သည်…သူလည်းအရှင်မအားပွေ့ကာနေရာကောင်းတစ်ခုကိုရှာလိုက်သည်…
“အရှင်မကအဆိပ်မိထားပုံပဲ…အသူရာချောက်နားမှာဆေးပင်တွေရှိလောက်မယ်”
သူလိုက်ရှာရင်းတစ်နေရာတွင်တဲစုတ်လေးတစ်လုံးကိုတွေ့လိုက်သည်…သူလည်းအစွမ်းဖြင့်ပြန်ကောင်းအောင်းပြင်ဆင်လိုက်ပြီးသူမအားတဲထဲခေါ်ပြီးအနားယူစေလိုက်သည်…သူလည်းဆေးပင်းကိုအမြန်ရှာကာတဲလေးဆီပြန်လာခဲ့သည်…
“ကျင်ကျန့်…ကျင်ကျန့်”
“အရှင်မ…သက်သာရဲ့လား”
“ကျင်ကျန့်…ကျမကိုရှင်ကယ်လာတာလား”
“အရှင်မ…ကျွန်တော်မျိုးကျင်ကျန့်မဟုတ်ပါဘူး…ချန်းမင်ပါ”
“ဟုတ်သားပဲ…ကျင်ကျန့်ကအရင်ဘဝကိုမှတ်မိသေးတာမဟုတ်ဘူးဒီတစ်ခေါက်တော့သူ့ကိုအနားမှာခေါ်ထားရမယ်”
“အရှင်မ…အဆင်ပြေရဲ့လား”
“အော့်…ရတယ်…ဒါနဲ့စောနကလူတွေရော”
“ထွက်ပြေးကုန်ပါပြီ”
“ကျမအဆိပ်မိတာကိုရှင်ဖြေပေးတာလား”
“ဟုတ်ကဲ့”
“ကောင်းပြီ…အခုကစပြီးမင်းကောင်းကင်နန်းတော်မှာတာဝန်ထမ်းဆောင်ရမယ်…ငါ့ရဲ့အပါးတော်အမြဲခစားစေ”
“ကျေးဇူးတင်ပါတယ်အရှင်မ”
[♥]]] [♦]]] [♣]]] [♠]]]
“အကို၂…တကယ်ပဲအကိုလား…အကိုကအခုထိဖုန့်ရန်ကိုကာကွယ်နေတုန်းပါလား….”
“ကျင်ကျောင်း…မင်းဘာလို့မတိုက်ပဲငေးနေရတာလဲ…မင်းကိုငါသာမကယ်ရင်အခုချိန်အိပ်ယာထက်လဲနေသူကဖုန့်ရန်မဟုတ်ပဲနင်ဖြစ်နေပြီ”
“တိတ်စမ်း…ရင်းဖန်…နင်ဘာနားလည်လို့လဲ…မမေ့နဲ့နင်ကငါ့လပ်အောက်ကလူ”
“ဟွန့်…ဖုန့်ရန်ကမသေဘူး…ပြီးတော့ဟိုတစ်ယောက်ကပါလုပ်ကြံတာသိသွားသေးတယ်…အကယ်၍ငါတို့မှန်းသာရိပ်မိရင်…မင်းဘယ်လိုတာဝန်ယူမှာလဲကျင်ကျောင်း”
“ဖြန်း!
ကျင်ကျောင်းကဒေါသထွက်ပြီးရင်းဖန်အားပါးရိုက်ပစ်လိုက်သည်…
“တိတ်စမ်း…မင်းငါ့စိတ်ကိုမဆွပေးနဲ့”
ပြောရင်းသူမလက်တွေကရင်းဖန်လည်ပင်းအားညှစ်ထားသည်…
“အဟွတ်…အင့်”
“ကျင်ကျောင်း…မယ်တော့်ကိုလွှတ်ပေးလိုက်ပါ…ငါတောင်းပန်ပါတယ်”
“ဟွန့်…”
ရင်းဟွာတောင်းပန်လိုက်သဖြင့်ကျင်ကျောင်းကလွှတ်ပေးလိုက်သည်…
“ရင်းဖန်…နင်ကရင်းဟွာလောက်တောင်အလိုက်မသိပါလား…နင်ဖုန့်ရန်ကိုကယ်လိုက်သူကိုလက်ဖျားနဲ့တောင်မထိရဘူး”
“ဟင့်…”
ရင်းဖန်ကခြေစောင့်ပြီးလှည့်ထွက်သွားသည်….
“ကျင်ကျောင်း…ငါတောင်းပန်ပါတယ်မယ်တော်ကသိပ်မာနကြီးတယ်…နင်ငါ့မယ်တော်နဲ့ရန်မဖြစ်ပါနဲ့လား”
“ရင်းဟွာ…မင်းရူးနေတာလား…ရင်းဖန်ကမင်းကိုဒီလောက်တင်းကျပ်နေတာကို”
“ဘာဖြစ်ဖြစ်လေသူကငါ့မယ်တော်”
“ဟူး”
ကျင်ကျောင်းခေါင်းကိုခါရမ်းကာသူငယ်ချင်းဖြစ်သူကိုအားမလိုအားမရဖြစ်မိသည်….
[♥]]] [♦]]] [♣]]] [♠]]]
“ဖုန့်ရန်…ဘယ်လိုဖြစ်ရတာလဲ”
လူမလာခင်အသံကအရင်ရောက်လာသည်….
“ယွန်းမီ…အရင်လာပါအုံး”
“ပြော…ငါ့ရဲ့ဖုန့်ရန်ကိုဘယ်သူကလုပ်ကြံရဲတာလည်း”
“မျက်နှာအုပ်ထားလို့ဘယ်သူဘယ်ဝါဆိုတာမပြောနိုင်ဘူး”
“ဟွန့်…ဒီကိစ္စကိုငါရအောင်စုံစမ်းရမယ်…ဘယ်သူကများအတင်ရဲတာလဲ”
“အရှင်မရဲ့အဆိပ်ကဖြေပြီးပြီးဆိုပေမဲ့မူလစွမ်းအားကတော့ထိခိုက်သွားလို့အနားယူရပါမယ်…စိုးရိမ်တာကအဲ့လုပ်ကြံသူတွေဘာတွေများအကွက်ရွေ့မလဲမသိဘူး”
“ယွန်းမီ…ကျင်ကျန့်.. .အဲ့…ချန်းမင်ကငါ့ကိုကယ်လာခဲ့တာ…ဒါပေမဲ့ငါ့ရဲ့မူလစွမ်းအားကမတည်ငြိမ်သေးဘူး…ငါ့တာဝန်တွေကိုလစ်လျူ ရှုမိမှာစိုးတယ်”
ဖုန့်ရန်စကားကြောင့်…သူမလက်ကိုသူ့ရဲ့ကျောပြင်အားထိကာစွမ်းအားကိုထိန်းပေးလိုက်သည်….
“ရပြီ…နင့်ရဲ့မူလစွမ်းအားကိုငါကုပေးပြီးပြီ…စွမ်းအားပြည့်အောင်အနားယူလိုက်တော့”
“အင်းပါ”
“ချန်းမင်…ငါနဲ့ခဏလိုက်ခဲ့”
“ဟုတ်ကဲ့”
သူတို့ဖုန့်ရန်ကိုအနားယူစေပြီးအပြင်ထွက်လာကြသည်…..
“ချန်းမင်…ငါရှင်းရှင်းပဲပြောမယ်.. .မင်းကကျင်ကျန့်…မင်းရဲ့မူလဝိဥာဉ်ကအတိတ်ကအရာတွေကိုမမှတ်မိဘူးဒါပေမဲ့ဖုန့်ရန်နဲ့ကျင်ကျန့်ကကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်…ဖုန့်ရန်ကိုကာကွယ်ဖို့သူစတေးရဲခဲ့တယ်…မင်းမမှတ်မိတာကိစ္စမရှိဘူးဒါပေမဲ့မင်းမှတ်မိဖို့ကြိုးစားသင့်တယ်…ဖုန့်ရန်ကနှစ်ပေါင်းများစွာစောင့်ဆိုင်းနေခဲ့တာ…မင်းသူ့ကိုထပ်မစောင့်ခိုင်းပါနဲ့တော့”
“ဟမ်…”
ချန်းမင်ကအံ့အားသင့်နေသည်သူမစကားတွေကြောင့်….
“မင်းထူးဆန်းနေလား…ရော့…ဒါကကျင်ကျန့်နဲ့ဖုန့်ရန်ရဲ့အမှတ်တရတွေကိုကြည့်လို့ရတယ်”
သူမကချန်းမင်အားမှန်တစ်ချပ်ပေးလိုက်သည်….
“မင်းဒါကိုကြည့်ပြီးရင်….ဖုန့်ရန်ကိုဂရုစိုက်ပါ…အတိတ်ဘဝမှာမင်းမိသားစုကဖုန့်ရန်အပေါ်အကြွေးတင်ခဲ့ကြတယ်”
“အရှင်မ…ချန်းမင်ဧကရီဘုရင်မနဲ့မထိုက်တန်ပါဘူး”
“တိတ်…ဘာလို့မထိုက်တန်ရမှာလဲ….မင်းကကျင်ကျန့်…မင်းလည်းဖုန့်ရန်ကိုစိတ်ထဲကရင်းနှီးနေတယ်မလား”
“ဟုတ်ကဲ့…အမှန်တိုင်းပြောရရင်အရှင်မဖုန့်ရန်ကိုစတွေ့မိကတည်းကခံစားမိပါတယ်…ဒါပေမဲ့ချန်းမင်ကနိမ့်ကျလွန်း….”
“တော်တော်…မင်းကကိုယ့်ကိုကိုသိမ်ငယ်စေတာပဲ…မင်းနတ်မင်းဖြစ်ဖို့လေ့ကျင့်ပါ…ပြောလို့မရဘူးအတိတ်ကိုပါမှတ်မိလာနိုင်တယ်”
“ဟုတ်ကဲ့ပါအရှင်မ”
“ဒါဆိုငါသွားပြီ…ဖုန့်ရန်ကိုဂရုစိုက်ပါ”
“ဟုတ်ကဲ့”
သူမလည်းနတ်ပြည်သို့ပြန်လာခဲ့တော့သည်…..
[♥]]] [♦]]] [♣]]] [♠]]]
လူတွေအားလုံးရုတ်ရုတ်သဲသဲနှင့်တီးတိုးပြောနေကြသည်….မည်သူကများဂိုဏ်းချုပ်ရဲ့တပည်ရင်းချာဖြစ်မည်လဲ…ဂိုဏ်းရဲ့အကြီးအကဲလေးယောက်နှင့်တကွဂိုဏ်းချုပ်ကိုယ်တိုင်ကခန်းဆောင်အတွင်းအသီးသီးနေရာယူနေကြသည်….
ဂိုဏ်းသားတစ်ယောက်ကမေးခွန်းစမ်းသက်မှုအဖြေတွေအားဂိုဏ်းချုပ်နှင့်အကြီးအကဲများကိုတင်ပြလိုက်သည်…ဂိုဏ်းချုပ်ကအားလုံးကိုစီစစ်ပြီး၁၅ယောက်ရွေးလိုက်သည်….
“ယွီမော့…ရီရှီ…လုဟန်…”
နောက်ဆုံးသူတို့အမည်များပါတော့မှသက်ပြင်းချနိုင်တော့သည်…
“ဟေး…ရေး…အကိုမော့ကျွန်တော်တို့လုပ်နိုက်ပြီ”
“ကောင်းပြီ…အခုတပည့်ရွေးရမယ်…မရွေးခင်ငါကိုယ်တိုင်မေးခွန်းမေးရမယ်”
“ဟုတ်ကဲ့”
“တစ်ယောက်ချင်းစီမေးမှာမို့လို့အလှည့်ကျတန်းစီပြီးအပြင်ကနေစောင့်ပါ”
အားလုံးလည်းအပြင်ကိုထွက်ကာတန်းစီ၍စောင့်နေကြသည်…တစ်ယောက်ချင်းစီခေါ်ကာအထဲဝင်သွားကြသည်…သူတို့အလှည့်ကိုသာစောင့်မျှော်နေလိုက်သည်…..
“ရီရှီ”
“ကျမသွားပြီ”
ရီရှီအမည်ခေါ်တော့သူမကခတ်သွက်သွက်လေးဝင်သွားသည်….
“မင်းကရီရှီလား”
“ဟုတ်ပါတယ်”
“မင်းက…ဘုရင့်သမီးတော်အနာဂတ်မှာဘုရင်မဖြစ်လာမဲ့သူ…မင်းရဲ့ဒီလိုလာတဲ့ရည်ရွယ်ချက်ကဘာလဲ”
“ဂိုဏ်းချုပ်…ခွန်းဝူကလူသားတွေကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေအရည်အချင်းတွေနဲ့စိတ်ဓာတ်ခိုင်မာလာအောင်ပျိုးထောင်ပေးတဲ့ဂိုဏ်းပါ…ရီရှီကအနာဂတ်ရဲ့ဘုရင်မဖြစ်လာရင်ပြည်သူတွေကိုဘယ်လိုအုပ်ချုပ်ရမလဲတိုင်းပြည်တွက်လိုအပ်ချက်တွေတွက်နားလည်နိုင်ရပါမယ်…ဒီ့ထက်ပိုပြီးလမ်းပြနိုင်တဲ့ခွန်းဝူကိုမလာချင်ပဲရှိပါ့မလား”
“ကောင်းတယ်…သိပ်ကောင်းတယ်…ရီရှီ…မင်းကိုငါ့တပည့်အဖြစ်ထားလိုက်ပြီ”
“ရှင်…ကျမ…ကျမနာခံပါတယ်”
ရီရှီအလွန်ပျော်ရွှင်သွားပြီးဝမ်းသာအားရဖြင့်အပြင်သို့ပြန်ထွက်လာသည်….
“အကိုမော့…လုဟန်…ငါ…ငါ..ငါဂိုဏ်းချုပ်ရဲ့တပည့်ရင်းဖြစ်သွားပြီ….”
“အာ….တကယ်လား….ဂုဏ်ယူပါတယ်ရီရှီ”
“ရီရှီညီမလေး…ဂုဏ်ယူပါတယ်”
“ယွီမော့….ဝင်ခဲ့”
“ဟုတ်ကဲ့”
ယွီမော့လည်းအထဲသို့ဝင်သွားလိုက်သည်….
“ယွီမော့…မင်းခါးမှာချိတ်ထားတာဘာလဲ”
“ဒါက…မကောင်းဆိုးဝါးဖမ်းတဲ့လှောင်အိမ်ပါ”
“အင်း…မင်းမှာကိုယ်ပိုင်အစွမ်းအစရှိနေတာပဲခွန်းဝူကိုဘာလို့လာသေးလဲ”
“ဂိုဏ်းချုပ်…ပညာဆိုတာဘယ်တော့မှဆုံးခန်းမတိုင်ပါဘူး…အသစ်တွေကကိုယ်မသိဘဲအမြဲတမ်းရှိနေတာပါ…ဒီနေ့မကောင်းဆိုးဝါးတစ်ကောင်ဖမ်းမိပေမဲ့နောက်နေ့မှာမကောင်းဆိုးဝါးနှစ်ကောင်ကလူသားတွေကိုအန္တရာယ်ပေးလာပါလိမ့်မယ်…တကယ်လို့ယွီမော့မှာအစွမ်းအစနည်းရင်ဘယ်လိုရင်ဆိုင်နိုင်မှာလဲ”
“အင်း…ဖြေတာမဆိုးဘူး…ဒါပေမဲ့ငါထပ်မေးချင်သေးတယ်…မိစ္ဆာနဲ့မကောင်းဆိုးဝါးသိပ်မကွာဘူး…မင်းဘယ်လိုခွဲခြားမလဲ”
“ကောင်းတာနဲ့မကောင်းတာ…ကျွန်တော်ကြားဖူးတဲ့ရှန့်ကူဘုံမှာအမှန်တရားနတ်မင်းလေးပါးရှိတယ်…ဒါပေမဲ့ထျန်းချီနတ်မင်းကတော့မိစ္ဆာနတ်မင်းဖြစ်ပြီးမိစ္ဆာတွေရဲ့ကျင့်ကြံမှုကိုခရမ်းရောင်လကနေအားဖြည့်ပေးတယ်…လူတွေမှာတောင်လူဆိုးနဲ့လူကောင်းရှိသေးတာပဲမိစ္ဆာ…မကောင်းဆိုးဝါး…မကောင်းမှုလုပ်ပြီးလူသားတွေကိုဒုက္ခရောက်စေသူကမကောင်းဆိုးဝါးလို့ခွဲခြားမယ်”
“ကောင်းတယ်…ငါ…မင်းအဖြေကိုသဘောကျတယ်…မင်းငါ့တပည့်အဖြစ်ခန့်လိုက်ပြီ”
“ကျေးဇူးတင်ပါတယ်ဂိုဏ်းချုပ်”
သူလည်းကျေနပ်စွာပြုံးပြီးအပြင်သို့ထွက်လာခဲ့တော့သည်….
“လုဟန်…ဝင်လာပါ”
“ဟုတ်ကဲ့”
“လုဟန်…ကြိုစားထား”
“အင်း”
သူလည်းယွီမော့နဲ့ရီရှီအားခေါင်းည်ိမ့်ပြကာအထဲဝင်လာခဲ့တော့သည်….
“လုဟန်…မင်းကရော…”
“ဟမ်…”
သူ့ကိုအစမရှိအဆုံးမရှိမေးလိုက်သောကြောင့်ကြောင်အမ်းနေသည်….
“မင်းကရော…ဘာအတွက်လာခဲ့တာလဲ”
“နတ်သမီးမမအတွက်”
“ဟင့်…ဟာသလုပ်နေတာလား…မင်းကိုဂိုဏ်းချုပ်ကမေးနေတာဒီကိုဘာရည်ရွယ်ချက်တွေနဲ့လာခဲ့တာလဲ”
“အကြီးအကဲ…ကျွန်တော်အမှန်တိုင်းပဲပြောတာ…နတ်သမီးမမအတွက်လာခဲ့တာ”
“တောက်…ရဲတင်းလိုက်တာ”
“အကြီးအကဲဖု”
“ဟုတ်ကဲ့ဂိုဏ်းချုပ်”
“သူဖြေတာအဓိပ္ပါယ်မရှိဘူး…ဒါပေမဲ့အဲ့ကလေးကကျမကိုမြင်ကတည်းကနတ်သမီးမမလို့ပြောတယ်…ဖြစ်နိုင်တာကကျမရဲ့မမှတ်မိတဲ့မှတ်ဥာဉ်တွေမှာသူနဲ့ပတ်သက်ဖူးတယ်ထင်တယ်”
“ဂိုဏ်းချုပ်…ဒါက”
“ဟင်း…”
သူမကအကြီးအကဲဖုအားလက်ကာပြကာ….
“မင်းပြော…မင်းဘာလို့ဒီကိုလာတာလဲ”
“နတ်သမီး…အဲ့…ဂိုဏ်းချုပ်ကိုယ်တိုင်လွန်ခဲ့တဲ့ခြောက်နှစ်ကခွန်းဝူတောင်ကိုလာခဲ့ဖို့ပြောခဲ့တာလေ”
သူမအနည်းငယ်တွေဝေပြီးစဉ်းစားလိုက်သည်….
“မင်းသွားတော့.. .”
“အမ်…ကျွန်တော်…”
“သွား”
“ဟုတ်…ဟုတ်ကဲ့”
သူလည်းမအူမလည်နှင့်အပြင်သို့ပြန်ထွက်လာခဲ့သည်…သူ့အားမည်သူမျှတပည့်အဖြစ်မသတ်မှတ်သလိုပြန်တော့ဟုလည်းမပြော….
“လုဟန်…ဘာတဲ့လဲအဆင်ပြေလား”
သူခေါင်းကိုခါယမ်းလိုက်သည်….
“မသိဘူး…ဘယ်သူမှတပည့်အဖြစ်မရွေးချယ်ကြဘူး”
“ဘာ…အိမ်ပြန်ခိုင်းတာလား”
သူခေါင်းကိုနောက်တစ်ခေါက်ခါယမ်းလိုက်ပြန်သည်…
“လုဟန်…ဘာသဘောကြီးလဲတပည့်အဖြစ်လဲမရွေးဘူးပြန်လဲမပြန်ခိုင်းဘူးဆိုတော့”
“ရီရှီ…စိတ်မပူပါနဲ့ငါ့မှာမျှော်လင့်ချက်ရှိအုံးမှာပါ”
သူတို့သုံးယောက်လုံးမတပ်ရပ်စောင့်မျှော်နေလိုက်သည်…တစ်ခြားသူတွေအသီးသီးတပည့်အရွေးခံရပြီးအခန်းဆီပြန်ကြသည်…သူတို့သုံးယောက်ကတော့ညနေနေဝင်ထိစောင့်ဆိုင်းနေလိုက်ကြတော့၏…..
“အကိုမော့…ရီရှီ…မင်းတ်ို့ကဂိုဏ်ချုပ်ရဲ့တပည့်ရင်းတွေဖြစ်ကြပြီ…ပြန်နားကြပါတော့”
“မဖြစ်နိုင်ဘူး…ငါဆရာကိုမေးရမယ်”
“ရီရှီ…စိတ်လိုက်မာန်ပါမလုပ်ပါနဲ့”
“မင်းတို့အခန်ထဲမပြန်ကြသေးဘူးလား”
“ဂိုဏ်းချုပ်”
သူတို့အားလုံးအရိုအသေပေးလိုက်ကြသည်….သူမကတော့ပြုံးပြီးတည့်တည့်မတ်မတ်ရပ်နေသည်….
“ငါကမင်းတို့ရဲ့ဆရာဖြစ်နေပြီ…အခေါ်အဝေါ်ပြောင်းကြစို့”
“အမ်…ဟမ်…”
သူတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်….
“ဆရာ…ဒါပေမဲ့…လုဟန်က…”
ရီရှီကစကားကိုရပ်လိုက်သည်….
“လုဟန်…လုဟန်ကဘာဖြစ်လဲ”
“ဟမ်…ဆရာ…သူ့ကိုဘယ်သူမှတပည့်မရွေးဘူး”
“ဘယ်သူပြောလဲ”
“ဟမ်”
“တပည့်မရွေးဘူးလို့ဘယ်သူပြောလဲ…ဟင်းဟင်း…မင်းတို့အခုထိအခြေအနေကိုနားမလည်သေးဘူးလား”
“အာ….ဆရာ”
လုဟန်လည်းဝမ်းသားအားရဖြင့်သူမအားမော့ကြည့်ပြီးပြုံးလိုက်သည်….သူမကတော့အရင်တိုင်းပဲမပြောင်းလဲပေသူ့ကိုကယ်ခဲ့သည့်အချိန်ကလိုပင်အပြုံးတွေကနွေးထွေးနေသည်…
“ရှောင်လု…မင်းကငါ့ရဲ့တပည့်ရင်းပဲ…ငါ့ရဲ့အငယ်ဆုံးနောက်ဆုံးတပည့်”
“ဆရာ”
တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာပျော်ရွှင်မှုတွေကလေပြေနဲ့အတူသာယာနေတော့သည်…
“ဂုဏ်ယူပါတယ်ညီငယ်လေး…ဟဲဟဲ…မထင်ထားဘူးဆရာကလူကိုစိတ်လှုပ်ရှားအောင်လုပ်တက်သားပဲ”
“အယ်…ရီရှီ…နင်ငါ့ကိုဘယ်လိုခေါ်လိုက်တယ်”
“ညီငယ်လေး”
“နင်…နင်”
“နင်…နင်ဘာဖြစ်လဲဆရာပြောတာမကြားဘူးလားအငယ်ဆုံးတပည့်လေး…ခိခိ”
“ရီရှီ….မစနဲ့အကိုမော့ဒီတိုင်းကြည့်နေမှာလား”
“တကယ်ပဲမင်းကညီငယ်လေးပဲဟာ”
“အကိုေမာ့”
အကူခေါ်ကာမှယွီမော့ကပါစနောက်နေတော့သည်…
“ဆရာ…တောင်းတန်းတွေနဲ့မြစ်အကြောင်းဘာလို့သင်နေတာလဲ”
“ရှောင်လု…မင်းမှာစိတ်စွမ်းအားရှိပြီလား”
“မရှိဘူး”
“အင်း…မှန်တယ်…မင်းမှာစိတ်စွမ်းအားမရှိဘူး…နည်းနည်းလေးတောင်မှ…အဲ့ဒါကြောင့်တောင်တန်းတွေနဲ့မြစ်အကြောင်းမင်းသင်ရမယ်”
“အာ…အကိုမော့နဲ့ရီရှီကျတော့ဘာလို့မသင်ရတာလဲ…ကျွန်တော်ပဲသင်နေရတယ်”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)