နတ်ဘုရားရဲ့သားရဲငယ် - Part 12
သူထွက်သွားတော့မှသူမလည်းသက်ပြင်းချမိသည်….
“ရှောင်လုစီမှာ…တကယ်ပဲမိစ္ဆာစွမ်းအင်ရှိနေတာလား…မိစ္ဆာစွမ်းအင်ရှိတာကိစ္စမရှိပေမဲ့တစ်ချိန်မှာသူ့ကိုယ်သူမထိန်းနိုင်ရင်ဒုက္ခပဲ…မဖြစ်ဘူး…ငါရွှမ်ယွမ်ဆီသွားမေးရမယ်”
သူမလည်းတွေဝေမနေဘဲရွှမ်ယွမ်ဆီထွက်လာခဲ့တော့သည်…
“ဝေး…ဟေ့…အဘိုးကြီးရှင်ထွက်လာခဲ့…အဘိုးကြီးရွှမ်ယွမ်ရှင်ဘယ်မှာလဲ”
“အိုက်ရို့…ပိုင်ရှောင်…တစ်ခါတစ်လေမှလာပြီးနားအူအောင်အော်မနေနဲ့…ငါဒီမှာ”
“ရှင်…အပင်ပေါ်ကဆင်းခဲ့”
“ကောင်းပြီ…ကောင်းပြီ”
သူလည်းသူမဆီဆင်းလာခဲ့သည်…
“အဘိုးကြီး…ရှင်ကနတ်တစ်ပိုင်းမလား”
“အယ်…ကောင်မလေး…ငါကနတ်တစ်ပိုင်းမဝုတ်ဘူးနတ်မင်းအစစ်”
“ဟွန့်…တော်စမ်းပါ…ကျမမေးမယ်…ရှင်ကံကြမ္မာကိုကြည့်နိုင်တယ်မလား”
“ပေါက်ကရတွေ”
“မလိမ်နဲ့…ရှင်နတ်မင်းဆိုပြောတော့…အခုကျမတပည့်လေးရဲ့ကံကြမ္မာကိုကြည့်ပေး…မဟုတ်ရင်…ဒီမှာတွေ့လား”
သူမကလက်ထဲကကြွက်ဖြူလေးကိုပြလိုက်သည်…
“အယ့်…နင်…နင်…ကောင်းပြီကောင်းပြီ”
သူလည်းလုဟန်ရဲ့နောင်ဖြစ်မည့်အရာကိုကြည့်လိုက်သည်….
“ဟင်”
ပိုင်ရှောင်များစွာအံ့သြသွားသည်…
“အနာဂတ်မှာရှောင်လုကရီရှီနဲ့ရေစက်ပါတာပဲ”
သူမတွေးရင်းသက်ပြင်းချလိုက်ပြန်သည်…
“အင်း…ပိုင်ရှောင်…လုဟန်ကမိစ္ဆာစွမ်းအင်ရှိတာအမှန်ပဲဒါပေမဲ့လို့သူကလူသားတွေအတွက်အကျိုးပြုမှာ…အင်း…ကြည့်ရတာတော့နတ်ပြည်ကနတ်မင်းကလူ့ပြည်ကစမ်းသက်ချက်ကိုလာခံစားတာထင်တယ်”
သူမကရွှမ်ယွမ်စကားအဆုံးမှာတော့ဘာမှမပြောပဲထွက်လာခဲ့သည်….
“ရှောင်လု”
“ဟင်…ဆရာ…ဆရာစိတ်ဆိုးပြေပြီလား”
“လာခဲ့”
သူမကလက်ယက်ခေါ်သဖြင့်သူလည်းပြေးသွားလိုက်သည်….
“ရှောင်လု…သေချာနားထောင်…မင်းကဘယ်လိုပဲဖြစ်နေပါစေလူတွေအားလုံးရဲ့အရိုအသေပေးမှုနဲ့ထိုက်တန်သူပဲဒါ့ကြောင့်…ငါဓားသိုင်းကိုအခုစပြီးသင်ပေးမယ်”
“ဆရာ…တကယ်လား”
“တကယ်ပေါ့…ဆရာကလိမ်ပါ့မလား…ဓားယူပြီးအနောက်ကလိုက်ခဲ့”
“ဟုတ်ကဲ့ဆရာ”
သူလည်းဝမ်းမြောက်ဝမ်းသာဖြင့်ဆရာ့နောက်လိုက်ခဲ့သည်….ဆရာကသူအမြဲလေ့ကျင့်နေကြနေရာတွင်သူ့အားဓားသိုင်းများကိုပြကာလေ့ကျင့်စေသည်…
“ရှောင်လု…မင်းကိုစတွေ့ကတည်းကမင်းမှာထူးခြားတဲ့စွမ်းအင်ရှိမှန်းငါသိတယ်…ဒါ့ကြောင့်သူများတွေမရိပ်မိအောင်ငါဖုံးကွယ်ထားခဲ့တာ…အခုတော့လူသားတွေအကျိုးကိုရည်မှန်းပြီးမင်းရဲ့စွမ်းရည်ကိုအသုံးချရမယ်”
ရေနွေးခွက်ကိုကိုင်ရင်းရှောင်လုလေ့ကျင့်တာကိုကြည့်ရင်းသူစိတ်ထဲကနေရေရွတ်မိလိုက်သည်….
“ဆရာ”
“အင်း…လေ့ကျင့်တာဘာတွေထူးခြားလဲ”
“ဆရာ…ကျွန်တော်နားလည်ပြီ…ဆရာအရင်ကကျွန်တော်ကိုအမှိုက်လှဲခိုင်းတာရေခပ်ခိုင်တာထင်ခွဲခိုင်းတာ…အားလုံးကသိုင်းသင်ရင်အကျိုးသက်ရောက်မှုရှိစေလို့ပဲ…ကျေးဇူးတင်ပါတယ်ဆရာ”
“မင်းနားလည်ရင်ငါကျေနပ်ပါပြီ…နောက်ဆိုမင်းရီရှီနဲ့အတူတူလေ့ကျင့်ပါ…ငါရဲ့စွမ်းအားတွေကလျော့နည်းနေတယ်လေ့ကျင့်ဖို့လိုတယ်…နောက်ကိုမင်းကိုတွေ့နိုင်မှာမဟုတ်ဘူး”
“ဆရာ…ဆရာဘယ်ကိုသွားမလို့လဲ”
“အခန်းထဲမှာပဲလေ့ကျင့်မလို့ပါ…အနှောက်အယှက်မရှိအောင်စည်းတားထားမှာ…မင်းစိတ်မပူပါနဲ့ယွီမော့ကမင်းနဲ့ရီရှီကိုစောင့်ရှောက်ဖို့အရည်အချင်းရှိပါတယ်”
“ဆရာ…ဆရာဘယ်လောက်ကြာမှာလဲ”
“မပြောတက်ဘူး…မင်းအပြင်မှာကောင်းကောင်းနေပြီး…ပြသနာတွေမရှာဖို့ပဲလိုတာ”
“ဆရာ”
“ပြီးတော့မခိုမကပ်ဘဲလေ့ကျင့်ပါ”
“ဟုတ်ကဲ့”
“ကောင်းပြီး…ဒါဆိုငါသွားတော့မယ်”
“အယ်…ဆရာ…အခုချက်ချင်းကြီးလား”
“အင်း”
တိကျပြတ်သားစွားအင်းဟုတစ်လုံးပဲပြောပြီးဆရာကထွက်သွားတော့သည်….
“ဟူး…”
ထိုင်နေရင်းသူသက်ပြင်းတွေပဲချနေမိသည်…
“လုဟန်…ဆရာကမင်းကိုအချစ်ဆုံးပါ…မင်းကိုပစ်ထားတာမဟုတ်ပါဘူး…အပြစ်ပေးတုန်းကဆရာကဒဏ်ရာရထားလို့ကုသဖို့ပါမကြာခင်ပြန်ထွက်လာမှာ”
“မကြာခင်…အဲ့မကြာခင်ကဘယ်ချိန်ထိလဲ…ဆရာမရှိရင်ဒီကလူတွေကအာဏာပြဖို့အတွက်ပဲတွေးနေတာ…အရင်အခေါက်ကလည်းအတွင်းရန်သူကလုပ်ကြံတာ…ဆရာ့နေရာကိုမနာလိုသူတွေရှိတယ်”
“ဟင်းဟင်း…လုဟန်…မင်းလိုပဲဆရာ့ကိုငါနဲ့ညီမလေးလည်းစိတ်ပူတာပဲ…ဒါပေမဲ့မင်းကပိုလွန်းတယ်…ခွန်းဝူတောင်ပေါ်ရောက်တာဘယ်လောက်ကြာပြီလဲ…မင်းအမြဲတမ်းဆရာ့နောက်ကိုတကောက်ကောက်လိုက်ကပ်နေတာမလား”
“အကိုမော့…ဟွင့်…”
ယွီမော့စကားကြောင့်သူမျက်နှာမဲ့ရှုံ့သွားသည်….
“အွမ်း…အဟွတ်…”
စွမ်းအားလေ့ကျင့်ရင်းသူမပါးစပ်မှသွေးများအန်ထွက်လာသည်…
“ဟူး…မထင်ထားဘူးအပြစ်ပေးကျောက်တိုင်မှာတုန်းကဒီလောက်ပြင်းထန်လိမ့်မယ်လို့…အကြီးအကဲဟုန်း…နင်ကများငါ့ကိုလုပ်ကြံရဲသေးတယ်…မဖြစ်ဘူး…ငါမြန်မြန်ပြန်ကောင်းအောင်လုပ်ရမယ်…မဟုတ်ရင်ရှောင်လုကိုပြသနာရှာမှာစိုးတယ်”
သူမအတွင်းအားကိုစုစည်းရင်း…စိတ်ထဲမှာတော့တပည့်ကိုစိတ်ပူနေရသည်…
“ဆရာ…အခုဆိုတစ်လတောင်ရှိပြီ…အခုထိပြန်မထွက်လာသေးဘူး…ဆရာ့ဒဏ်ရာကအဲ့လောက်တောင်ပြင်းထန်လို့လား…စိတ်ချပါ…လုဟန်ဆရာ့ကိုစိတ်မပျက်စေရဘူး…ဆရာ့ကိုအခန်းထဲကပြန်ထွက်မလာမချင်းနေ့တိုင်းဆရာ့အဆောင်ရှေ့ကစောင့်နေပါ့မယ်”
တစ်နေရာတွင်ရီရှီကလုဟန်အားငေးကြည့်နေမိသည်…ဆရာ့ခန်းဆောင်ရှေ့နေ့တိုင်းသွားပြီးစောင့်နေလေ့ရှိသည့်လုဟန်အားသူအမြဲစောင့်ကြည့်မိပြန်သည်…လုဟန်ဆရာ့အားမျှော်နေသည်ကိုမြင်ရလျှင်သူမရင်တွေဘာ့ကြောင့်မှန်းမသိနာကျင်ရသည်…ဆရာ့ကိုဂရုစိုက်လျှင်သူမပို၍မနာလိုမိသည်…လုဟန်ပါးစပ်မှထွက်သည့်စကားလုံးတိုင်းကလည်း…ဆရာ…ဆရာ…အထပ်ထပ်ခေါ်သည့်အသံ…အားလုံးကသူ့တွက်နေရာမရှိသည့်အလား
“လုဟန်…ရှင်ဘာလို့ကျမကိုမမြင်ရတာလဲ…ကျမရှင့်ကိုခွန်းဝူဆီခေါ်ဆောင်လာသူပါ…ရှင့်ကိုခေါ်ဖို့အတွက်ကျမခမည်းတော်ဆီမှာသုံးရက်သုံးညနဲ့တစ်မနက်တိတိဒူးထောက်ခဲ့ရတယ်…ရှင်သိလား”
သူမစိတ်ထဲကနေလှမ်းပြောရင်း…ရင်ထဲမှာဝမ်းနည်းသလိုခံစားရသည်…တစ်ခုခုလိုအပ်နေသလိုလိုခံစားရပြန်သည်…အခုလိုဆရာ့ကိုစောင့်မျှော်နေသည်ကိုလည်းသူမမလိုလားပေ…သူ့အနားသွားဖို့ခြေလှမ်းပြင်လိုက်သည်…
“ဝှီး…ဒုတ်”
မြှားတစ်စင်းကသူမရှေ့တွင်စိုက်ကျလာသည်….
“ဟင်…ခမည်းတော်”
မြှားမှာပါလာသောစာရွက်ပိုင်းလေးအားကောက်ယူကာဖတ်လိုက်သည်…သူမတစ်ခုခုကိုလေးလေးနက်နက်တွေးတောရင်း…လုဟန်ဆီသွားမည့်ခြေလှမ်းများကနောက်သို့ပြန်ဆုတ်ခဲ့ရတော့သည်…
[♥]]] [♦]]] [♣]]] [♠]]]
“ဂျိမ်း…ဝုန်း…”
ကောင်းကင်မျက်နှာပြင်တစ်ခြမ်းမဲမှောင်ပြီးမိုးကြိုးလျှပ်စီးများဖြင့်ကောင်းကင်နဲ့နတ်ပြည်တစ်ခုလုံးသိမ့်သိမ့်တုန်အောင်တုန်ခါနေတော့သည်…
အမှန်တရားနတ်မင်းများသည်…ထိုင်နေရင်းလက်ထဲမှရေနွေးခွက်များကိုချလိုက်သည်….ကျစ်ယန်ကအရင်အားလုံးဆီကိုအကြောင်းကြားစာလွှာပို့လိုက်သည်….
စာလွှာတွေကိုလက်ခံပြီးသည့်နောက်သူတို့အားလုံးစုရုံးလိုက်သည်…
“ရှန့်ကူ…ယွန်းမီရော”
“ကျစ်ယန်…ငါသူ့ကိုမတွေ့မိဘူး”
“သူကထျန်းချီရဲ့သားရဲငယ်ပဲ…ထျန်းချီမရှိရင်သူကထျန်းချီနေရာမှာရပ်တည်ရမှာမဟုတ်လား”
သူတို့လည်းပျာယာခတ်ကုန်ကြသည်….
“ဟုန်ရိရေ…ငါလူ့ပြည်သွားလို့မဖြစ်တော့ဘူး…ငရဲပြည်မှာတစ်ခုခုမူမမှန်တော့ဘူး…ငါရှန့်ကူတို့ဆီသွားရမယ်”
ပြောပြီးသူမကဟုန်ရိဘေးကနေပျောက်သွားသည်….ဟုန်ရိလည်းကောင်းကင်ပေါ်ကမဲမှောင်နေသောတိမ်စိုင်ခဲများကိုကြည့်ကာ…သူမနောက်လိုက်ခဲ့တော့သည်….
“ရှန့်ကူ…ငါလာပြီ”
“ယွန်းမီ…ထျန်းချီရဲ့ခရမ်းရောင်ကြာပွတ်ကိုနင်အသုံးပြုနိုင်လား”
“မသေချာဘူး”
“ဟမ်”
“အရင်ဆုံး…ငါတို့ငရဲပြည်ကိုသွားကြမယ်”
“ကောင်းပြီ”
သူတို့လေးယောက်လည်းငရဲပြည်ရဲ့တံခါးဝရှေ့ရောက်သွားကြသည်…သိပ်မကြာခင်မှာပဲဖုန့်ရန်နဲ့ချန်းမင်ပါရောက်လာသည်…
“နတ်မင်းတို့…ငရဲပြည်မှာတစ်ခုခုဖြစ်နေမှန်းသိလို့လိုက်လာတာ…ဘာဖြစ်တာလဲ”
“ရွှမ်ယီးများတစ်ခုခု…”
“မဟုတ်ဘူး”
ရှန့်ကူစကားမဆုံးခင်ယွန်းမီကဝင်ပြောလိုက်သည်….
“ရွှမ်းယီးသာလုပ်ချင်ရင်…ကျမကိုအသုံးချမှာပဲ…ပြီးတော့ငရဲပြည်ကိုတစ်ခြားသူဝင်ဖို့ရွှမ်ယီးကခွင့်ပြုမျာမဟုတ်ဘူး…ကျမစိုးရိမ်တာကနတ်အဆင့်အောင်မြင်ပြီးသူမှသာဝင်လို့လွယ်ကူမှာ”
“မင်းပြောချင်တာကနတ်အဆင့်ရောက်သူတစ်ယောက်ယောက်ကငရဲပြည်ကိုချိုးဖျက်ချင်တာလား”
“ဟုတ်တယ်…ပိုင်ကျွယ်…အမြန်သွားရအောင်”
သူတို့လည်းငရဲပြည်ထဲဝင်လိုက်ကြသည်…
“ဟင်…ကျင်ကျောင်း”
အားလုံးပြိုင်တူခေါ်လိုက်ကြသည်….
“ဟားဟား.. .ဟားဟား…လာပြီလား…နင်တို့ဘာလို့နောက်ကျနေတာလဲ…ငါတောင်အသားစားပန်းတွေဆီကနေစွမ်းအားတွေစုပ်ယူပြီးပြီ”
“ကျင်ကျောင်း…နင်ကနင့်အမေလိုပါပဲလား”
“ဟားဟား…ဟားဟား.. .ဘာလဲနတ်ပြည်ကိုဖျက်စီးမှာကြောက်နေပြီလား…ရှန့်ကူ…မယ်တော့်အတွက်နင်ပြန်ပေးဆပ်ရလိမ့်မယ်…ပြီးတော့ဖုန့်ရန်နင်…ဧကရီနေရာကငါ့အတွက်ပဲဖြစ်သင့်တာ…ဟွန့်…အခုငါလိုချင်တာတွေပြန်ယူဖို့အချိန်ကျပြီ”
“မင်းတော့…ရူးသွားပြီ…ကျင်ကျောင်း…ရှန့်ကူကမင်းတို့တွေကိုလွှတ်ပေးခဲ့တာယွဲ့မိငါ့ကြောင့်ပဲ…ဘာလို့လဲဆိုရင်ငါ့ရဲ့တပည့်အရင်းနင့်အဖေမုကွမ်းကသနားစာခံခဲ့ပြီးသူ့အသက်နဲ့နင်တို့ကိုကာကွယ်ခဲ့လို့ပဲ…ဒီစာနာမှုကိုတောင်နားမလည်နိုင်ဘူးပဲ”
“ဟွန့်…ယွဲ့မိ…ယွဲ့မိ…ငါ့မယ်တော်ကတစ်ခါလေးအမှားလုပ်မိတာနဲ့ထျန်းချီကကလဲ့စားချေဖို့ကြိုးစားတယ်…ပြီးတော့ရှန်ကူနင်…ငါ့အမေကိုဒုက္ခဆင်းရဲခံစားရတဲ့ခန္ဓာဖြစ်အောင်လုပ်ခဲ့တယ်…တရားလား…အမှန်တရားနတ်မင်းတွေကလည်းလှည့်စားတက်တာပဲ”
“တော်စမ်း…မကောင်းမှုတွေလုပ်နေတဲ့သူကိုအပြစ်ပေးရမှာပဲ…ကျစ်ယန့်…ရှန့်ကူ…ယွန်းမီ”
ပိုင်ကျွယ်ကအားလုံးကိုအချက်ပြလိုက်ပြီး…ကျင်ကျောင်းအားဖိနှိမ့်စွမ်းအားကိုအသုံးပြုကြတော့သည်….တစ်ဖက်မှာလည်းဖုန့်ရန်နဲ့ချန်းမင်ကဝိုင်းကူလိုက်သည်…
“ဟားဟား.. ..နင်တို့ငါ့ကိုနိုင်မယ်ထင်နေလား”
ကျင်ကျောင်းကလည်းအားလုံးကိုပြန်လည်ခုခံရင်း…အသားစားပန်းတွေကိုသူ့ဆီမှာပတ်ပတ်လည်ဝန်းရံလိုက်တော့သည်….
“မဖြစ်ဘူး…ဒါက….”
“ဟားဟား ဟားဟား.. .မင်းတို့အားလုံးသေစေရမယ်…”
“ဝုန္း….”
“အင့်…အား”
“ဖုန့်ရန်”
ဖုန့်ရန်ကအသားစားပန်းရဲ့အစွမ်းကြောင့်နောက်သို့လွှင့်သွားသည်…ချန်းမင်လည်းစိုးရိမ်တကြီးနဲ့သူမအားအမြန်ဆွဲဖမ်းထားလိုက်သည်….ကျင်ကျောင်းရဲ့တိုက်ခိုက်မှုကဖုန့်ရန်ကိုမထိဘဲချန်းမင်အားထိသွားတော့သည်….
“ချန်းမင်….သတိထား”
အမှန်တရားနတ်မင်းတွေဖိနှိမ့်နေသည့်ကြားကနေကျင်ကျောင်းကလွှတ်မြောက်အောင်နည်းအမျိုးမျိုးသုံးလိုက်သည်….သူမရဲ့သွေးတွေကိုအသားစားပန်းနဲ့ပေါင်းစပ်လိုက်ပြီးစတေးခံလိုက်၏….
“ဟင်….”
အားလုံးဆီကနေအစွမ်းတွေပြန်လည်စုပ်ယူနေတော့သည်….
“အား…”
“ဖုန့်ရန်….”
ပထမဆုံးဖုန့်ရန်ရဲ့အစွမ်းတွေကစုပ်ယူခံနေရတော့သည်….ချန်းမင်လည်းအရင်ကအဖြစ်အပျက်အချို့ကခေါင်းထဲတရေးရေးပြန်ပေါ်လာသည်…အနက်ရောင်စွမ်းအားတွေကဖုန့်ရန်အားရစ်ပတ်သွားပြီးသူမအားချုပ်ကိုင်ထားတော့သည်….
“ဖုန့်ရန်….မလုပ်နဲ့…ကျင်ကျောင်း…မလုပ်နဲ့”
ကျင်ကျန့်ကသူ့ရဲအဖြူရောင်အတောင်ပံကိုဖြန့်ကာကျင်ကျောင်းရဲ့တိုက်ခိုက်မှု့ကိုပြန်လည်ခုခံလိုက်သည်….
“ကျင်ကျောင်း…မလုပ်နဲ့…ညီမလေး”
“ဟင်…အကို၂…တကယ်လား…အကို၂လား”
“ကျင်ကျောင်း…ညီမလေးမလုပ်နဲ့”
“အကို၂”
ကျင်ကျောင်းကဖုန့်ရန်အပေါ်ကစွမ်းအားကိုပြန်ရုတ်သိမ်းလိုက်ပြီး…အမှန်တရားနတ်မင်းတွေဆီကိုပိုပြီးအားထည့်လိုက်သည်….
“ကျင်ကျန့်…ရှင်မှတ်မိလာပြီလား”
“ဖုန့်ရန်…အဆင်ပြေရဲ့လား”
“ကျင်ကျန့်…ဒီဘဝမှာလည်းကျမတို့တွေရန်သူဖြစ်ရအုံးမှာလား”
ပြောရင်းဖုန့်ရန်ကသတိလစ်သွားတော့သည်….
“ကျင်ကျန့်…ဖုန့်ရန်ကိုပြန်ခေါ်သွားလိုက်တော့”
ယွန်းမီပြောလိုက်သောကြောင့်သူတွေဝေသွားသည်…
“အရှင်မ…ကျင်ကျောင်းက…”
“ကျင်ကျန့်…ငါတို့ကအကောင်းအဆိုးတော့ခွဲခြားနိုင်သေးတယ်…မင်းအခုဖုန့်ရန်ကိုခေါ်မသွားရင်…သူမတွက်မကောင်းဘူး…မင်းသူမအပေါ်အကြွေးထပ်တင်ချင်သေးလား…ကျင်ကျန့်”
ယွန်းမီကကျင်ကျန့်အားအော်လိုက်သည်….သူလည်းဖုန့်ရန်အားခေါ်ကာထိုနေရာမှပျောက်သွားသည်….
“ပိုင်ကျွယ်…ရှင်တို့အားလုံးစွမ်းအားတွေစုပ်ယူမခံနဲ့တော့…မကောင်းစိုးဝါးမ ကိုချုပ်နှောင်ဖို့ငါ့ရဲ့မူလနတ်သားရဲစွမ်းအားကိုအသုံးပြုမယ်…ငါကိုယ်တိုင်စတေးခံမယ်”
“မဖြစ်ဘူး….ယွန်းမီ…ထျန်းချီကိုငါတို့ဘယ်လိုဖြေရှင်းရမှာလဲ”
“ဒါဆို…ယွမ်ချီကိုရောနင်တို့ဘယ်လိုစောင့်ရှောက်မလဲ…ကျစ်ယန်…ကျမပြောတာနားထောင်…ကျမရဲ့မူလနတ်သားရဲစွမ်းအားနဲ့ကျင်ကျောင်းကိုချုပ်နှောင်မယ်…ပိုင်ကျွယ်နဲ့ရှန့်ကူကိုပြန်ခေါ်သွား”
“မလုပ်နဲ့…ယွန်းမီ…မလုပ်ပါနဲ့…နင်နောက်ထပ်တစ်ခါမနာကျင်ခိုင်းတော့ဘူး….ယွန်းမီ…နင်ကယွဲ့မိပါ…မလုပ်နဲ့…လွန်ခဲ့တဲ့နှစ်ပေါင်းခုနှစ်သောင်းထဲကနင်ပြန်ဝင်စားဖို့မနည်းကြိုးစားခဲ့ရတာ…မလုပ်ပါနဲ့”
“ရှန့်ကူ…စိတ်ချပါ…ငါပြန်လာမယ်…ငါကအမြဲတမ်းထျန်းချီရဲ့နတ်သားရဲအဖြစ်ရှိနေမှာ”
ပြောရင်းသူမကပိုင်ကျွယ်နဲ့ရှန့်ကူဘက်ကိုသူမလက်ဝေ့ယမ်းလိုက်သည်…
“ကျစ်ယန်…သွားတော့”
ကျစ်ယန်ကသူတို့အားခေါ်ဆောင်ကာပျောက်သွားသည်…
“ကျင်ကျောင်း….ဒီနေ့…နင်ဘယ်တော့မှမဝင်စားနိုင်အောင်လုပ်ပစ်မယ်”
သူမရဲ့အစိမ်းရောင်အတောင်ပံအားဖြန့်ကာ…မူလနတ်သားရဲစွမ်းအားကိုထုတ်ကာကျင်ကျောင်းအားဖိနှိမ့်လိုက်သည်….
“ဟင်…”
ကျင်ကျောင်းပေါ်သို့အစိမ်းရောင်အလင်းတန်းများကျရောက်လာပြီး…သူ့ကိုယ်တစ်ခုလုံးထုံကျင်လေးလံလာသည်….
“မဖြစ်ဘူး…မလုပ်နဲ့”
ကျင်ကျောင်းကမလုပ်ဖို့တောင်းပန်သော်လည်းသူမကမြစိမ်းရောင်လေးကိုတင်ကာ….မြှားကိုကျင်ကျောင်းရဲ့နှလုံးသားတည့်တည့်ကိုပစ်သွင်းလိုက်သည်….
“ပိုင်ယွန်းမီ…နင်ရူးနေပြီလား…ဒါကနင်ကိုပြာဖြစ်အောင်လုပ်လိမ့်မယ်…နတ်ပြည်အတွက်မင်းပေးဆပ်မှုကတန်မယ်ထင်လား”
“တန်တာ…မတန်တာငါ့ရဲ့ဆုံးဖြတ်ချက်ပဲ”
“ဝှီး….”
“အား…!”
မြှားဦးကသူ့နှလုံးသားတည့်တည့်စိုက်ဝင်သွားပြီးသူမရဲ့မူလစွမ်းအားတွေကအမှုန်အဖြစ်ပြောင်းကာ…ယွန်းမီရဲ့မူလနတ်သားရဲစွမ်းအားကစုပ်ယူပစ်လိုက်သည်…ထို့အတူယွန်းမီခန္ဓာကတဖြေးဖြေးအရောင်မှိန်လာပြီးအမှုန်တွေထွက်လာသည်….
သူမမိုးပေါ်သို့မျှော်ကြည့်ရင်း…နှုတ်ခမ်းမှခပ်ယဲ့ယဲ့အပြုံးတစ်ချက်ပြုံးလိုက်သည်….
“ထျန်းချီ…ရှင်ပြန်လည်နိုးထလာရင်…ကျမကိုမမေ့သွားပါနဲ့…ကျမကအမြဲတမ်းရှင့်ရဲ့သားရဲအဖြစ်ရွေးချယ်အုံးမှာပါ”
သူမတစ်ကိုယ်လုံးပြာမှုန်အဖြစ်သို့ပြောင်းလဲသွားကာတစ်နေရာသို့ရောက်ရှိသွားသည်….ထိုနေရာက….ခွန်းဝူတောင်ဖြစ်နေတော့သည်…
“မက်မွန်ပင်ခြေရင်းက
အချစ်သက်သေ
မက်မွန်ပန်းလေးများကို
တိုင်တည်ကာထာဝရမခွဲကြေး
အမြဲချစ်သွားမယ်”
“ထျန်းချီ”
“ယွန်းမီ…မလုပ်နဲ့..မလုပ်ပါနဲ့”
“အယ်…ငါမီးချီလင်ကနင့်လက်ထဲကျမှခွေးဖြစ်ရတော့တယ်”
“မီမီ…မလှဘူးလား”
“ယွန်းမီ…တကယ်ဆိုနင်ကအဆင့်အတန်းမြင့်တဲ့နတ်သားရဲပါ…ငါဖုန့့်ရန်အရိုအသေပြုရမှာပါ”
တရေးရေးနဲ့သူမခေါင်းထဲတွင်နတ်ပြည်ကအကြောင်းအရာတွေကမှတ်မိလာတော့သည်…သူမအတွေးအာရုံထဲတွင်ပိုင်ရှောင်နဲ့ပိုင်ယွန်းမီတို့ပေါင်းစပ်လိုက်ကြသည်….
သူမရဲ့မျက်လုံးအစုံကိုဖွင့်လိုက်သည်….
“ငါက…ငါက…ပိုင်ယွန်းမီမီ…ထျန်းချီကရှောင်လု…မဖြစ်ဘူးငါအမြန်လုပ်ရမယ်”
သူမကသူမရဲ့စွမ်းအားကိုတည်ငြိမ်အောင်လုပ်လိုက်သည်….
“အင်း…ငါ့ရဲ့စွမ်းအားကနတ်ပြည်မှာလောက်မကောင်းတော့ဘူး…ငါဆက်ပြီးလေ့ကျင့်ဖို့လိုအပ်သေးတယ်”
သူမလည်းမျက်လုံးကိုပြန်မှိတ်လိုက်ပြီးစိတ်အာရုံကိုပြန်စုစည်းလိုက်သည်….
[♥]]] [♦]]] [♣]]] [♠]]]
“လုဟန္”
သိုင်းလေ့ကျင့်နေရင်းအနောက်မှခေါ်သံကြောင့်သူလေ့ကျင့်တာရပ်လိုက်သည်….
“ရီရှီ…လာခဲ့လေ”
“လုဟန်…ငါပြောစရာရှိတယ်”
“အင်း…ပြောလေ”
“တကယ်တော့…တကယ်တော့…ငါ…ငါ…နန်းတော်ကိုပြန်ရတော့မယ်ထင်တယ်”
“ဟမ်…ဘာလို့လဲ”
“ခမည်းတော်ကျန်းမာရေးကမကောင်းဘူး…ပြီးတော့ရန်သူတွေကလည်းစစ်ပြုဖို့အခြေအနေမှာရှိနေပြီ…ငါဘာလုပ်ရမလဲ…လုဟန်မြို့တော်မှာလည်းမငြိမ်းချမ်းတော့ဘူး…လူတွေအကြောင်းအရင်းမရှိဘဲသေနေတယ်တဲ့…ဒါကခွန်းဝူနဲ့ပတ်သက်မှာပဲဆိုးတယ်”
“ခွန်းဝူ…ခွန်းဝူနဲ့ဘာလို့ပတ်သက်ရမှာလဲရိရှီ”
“အခြေအနေကရှုပ်ထွေးတယ်…ဘယ်ဟာအမှန်လည်းပြောလို့မရသေးဘူး…ဒါပေမဲ့လူတွေသေနေတာကခွန်းဝူရဲ့လက်နက်ကြောင့်လို့ဖော်ပြနေတယ်”
“ဟင်…ဆရာ…ဧကန္တဆရာ့ကိုချောက်ချဖို့လားမသိဘူး”
“လုဟန္”
“ဟမ်”
ရီရှီကစောက်ရင်းအောင်းရင်းသူ့အမည်ကိုခေါ်လိုက်သဖြင့်သူတောင်ကြောင်သွားသည်…
“ရီရှီ….နင်ဘာဖြစ်တာလဲအကောင်းသားကြီးကနေ”
“လုဟန်…ငါပြောနေတာငါ့အကြောင်းငါ့တိုင်းပြည်ရဲ့အကြောင်း…ဘာလို့ဆရာ့အကြောင်းပါလာရပြန်တာလဲ…အဟွန့်”
“မဟုတ်ပါဘူးဟာ…ခွန်းဝူဆိုတော့ပစ်မှတ်က…ဆရာ…”
“တော်…အမြဲတမ်းဆရာ့အကြောင်းပဲ…နင်…နည်းနည်းလောက်တော့ဆရာ့အကြောင်းမပြောပဲနေပေးပါလား…အနည်းဆုံးငါစိတ်ချမ်းသာအောင်”
“ရီရှီ…နင်ဘာတွေပြောနေတာလဲ…ဆရာက…ငါ့တို့အားလုံးရဲ့ဆရာပဲလေနင်ဘာလို့နားလည်မှုလွဲနေတာလဲ”
“ဟုတ်တယ်…ငါနားလည်မှုလွဲတယ်…ဘာလို့ဆိုရင်ငါ…ငါနင့်ကိုသဘောကျလို့ပဲ”
“ဟင်…”
ရီရှီဆီမှမထင်မှတ်ထားသောစကားကြောင့်သူအံ့အားသင့်သွား၏….
“လုဟန်…တကယ်ဆိုရင်ငါကသာနင့်ကိုခွန်းဝူတောင်ဆီအရောက်ခေါ်ခဲ့သူပါ…နင်ဘာလို့နားမလည်နိုင်ရတာလဲ”
“ရီရှီ…နင်အထင်လွဲနေပြီ…ငါတို့ဆက်ဆံရေးကသာမန်ပဲသူငယ်ချင်းထက်မပိုဘူး…ပြီးတော့ခွန်းဝူတောင်ကိုနင်ခေါ်မလာခဲ့ရင်တောင်ငါကအရောက်လာမှာ…နင်နဲ့မတွေ့ခင်အချိန်ထဲကဆရာကငါ့ဘဝမှာအလေးစားရဆုံးနဲ့မြတ်နိုးမိသောသူပဲ”
“နင်…လုဟန်…ကောင်းပြီ…ငါမှားတာ…ငါတစ်ယူသန်မိတာပါ…ဒါပေမဲ့ငါနင့်ကိုချစ်တဲ့အချစ်ကဘယ်နတ်ဘုရားကမှမတားစီးနိုင်ဘူး…ဒါ့ကြောင့်ငါနင့်ကိုပိုင်ဆိုင်ရဖို့ဘာမဆိုလုပ်နိုင်တယ်”
“ရီရှီ…နင်ထပ်ပြောနေရင်ငါပြန်တော့မယ်…မထင်ထားဘူး…နင်ကဆရာ့ကိုမနာလိုနေတာပဲ”
“ဟုတ်တယ်…ငါမနာလိုဘူး…နင်ရဲ့ဂရုစိုက်မှုတွေရတဲ့ဆရာ့ကိုငါမနာလိုဘူး…ဒါပေမဲ့ငါ့ရဲ့ဆရာအဖြစ်နဲ့အလေးစားရဆုံးသူကဆရာပဲ…လုဟန်…ငါနင့်ကိုချစ်တယ်…အချစ်ကိုလုရင်တော့ဘယ်သူဖြစ်ဖြစ်ခွင့်မလွှတ်ပေးဘူး”
“ရီရှီ…မင်းအတ္တကြီးတာပဲ”
“ဟွန့်…ငါအခုနန်းတော်ကိုပြန်ရမယ်…ထီးနန်းဆက်ခံပြီးရင်ငါပြန်လာအုံးမယ်…အခုတော့ငါပြန်ရမယ်…ငါပြန်လာခဲ့ရင်နင့်ကိုဘုရင်အဖြစ်ငါပေးမယ်”
“ရီရှီ…နင်ရူး…”
သူ့စကားမဆုံးခင်မှာပဲရီရှီကထွက်သွားတော့သည်….
“အကိုမော့…ရီရှီရူးသွားတာလား…သူဘာလို့အဲ့လောက်ခတ်ထန်နေရတာလဲ”
“လုဟန်…ရီရှီကဘုရင်မဖြစ်လာမည့်သူလေ…မာနကြီးတာအထူးအဆန်းမဟုတ်ပါဘူး…စိတ်မပူပါနဲ့သူအဆင်ပြေမှာပါ”
ဘယ်လိုပင်ရန်ဖြစ်ပါစေ…သူရီရှီကိုစိတ်ပူမိတာတော့အမှန်ပါ…လိုချင်တာမှန်သမျှရနေသူက…ဘာမဆိုရအောင်ယူမည့်သူမျိုးလေ…
“အကိုမော့…သူဆရာ့ကိုတော့ရန်မပြုလောက်ဘူးမလား”
“အဟင်း…လုဟန်…မင်းစိတ်ပူနေရင်ဆရာ့ကိုသွားစောင့်လေ…ငါလည်းတောင်အောင်ဆင်းပြီးဆေးပင်ရှာအုံးမယ်”
“အယ်…အကိုမော့အခုမှသတိရတယ်…နင်ကမကောင်းဆိုးဝါးနှိမ်နှင်းတာမလား…ဘာလို့ဆေးပင်တွေအကြောင်းစိတ်ဝင်စားနေတာလဲ”
“ငါလည်းမသိဘူး”
“ဟမ်”
ယွီမော့ကဘူးခါပြီးသူ့အနားကနေထွက်သွားပြီးတောင်အောက်ဆင်းခဲ့လေသည်…သူကတော့ဆရာ့ခန်းဆောင်ရှေ့မှာစောင့်မျှော်နေပြန်တော့သည်…
လမ်းကျဉ်းလေးအတိုင်းလာရင်းဟိုဟိုဒီဒီသူရှာလိုက်သည်…ဆေးပင်တွေကနေရာစုံမှာရှိနေတက်သည့်မို့သူမျက်စိရှင်ရှင်ထားပြီးကြည့်ရသည်…
“အားလီ”
မိန်းကလေးတစ်ယောက်ရဲ့အသံကြောင့်သူပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်သည်…
“မိန်းကလေး…မင်းဘယ်သူ့ကိုခေါ်တာလဲ”
“အဟီး…အားလီ…ဒီနေရာမှာရှင်နဲ့ကျမနှစ်ယောက်ပဲရှိတာလေ…ရှင့်မှမခေါ်ရင်ကျမ…ဒီသစ်ပင်တွေကိုခေါ်ရမှာလား..ဟွန့်”
“မိန်းကလေး…မင်းငါ့ကိုသိလို့လား”
“အားလီ.. .ရှင်ကျမကိုမမှတ်မိဘူးလား…ကျမချန်ချန်းလေ”
“ချန်ချန်း…ငါ…ငါမကြားဖူးဘူး”
“အားလီ…ရှင်”
သူမကသူ့အားရိုက်ဖို့လက်ရွယ်ပြီးမှ…လက်ကိုပြန်ချလိုက်သည်…
“ထားပါတော့…အရင်ကရှင့်အပေါ်တင်နေတဲ့အကြွေးကြောင့်ကျမခွင့်လွှတ်လိုက်မယ်…ဒါပေမဲ့တစ်ခြားမိန်းကလေးကိုချစ်ရင်…ရှင့်အသက်ကိုလာယူမယ်…ဟွန့်”
“အာ”
ကန့်ကန့်လန်အောင်သူ့အားရန်တွေ့သွားသည့်မိန်းကလေးအားကြည့်ကာသူရယ်ရမလိုငိုရမလိုဖြစ်သွားသည်…
“အရူးမလေး…ငါလည်းမသိပါဘူး…ငါ့ကိုအားလီတဲ့အဟက်…လူမှားတာနေမယ်”
သူလည်းရှေ့ဆက်လျှောက်လာရင်းဆေးပင်အချို့ကိုတွေ့လို့ခူးမည်အလုပ်….
“ဝှီး….”
“ဟင်”
လက်နက်ပုန်းများကအပင်တွေကြားမှထွက်ပေါ်လာပြီးသူ့လည်ပင်းနားရောက်လာသည်…သူလည်းအသာအယာပင်ရှောင်လိုက်ပြီး…အတွင်းအားသုံးကာသစ်ရွက်များကိုလေပေါ်တွင်ပစ်ချလိုက်သည်….လက်နက်ပုန်းများကသစ်ရွက်များပေါ်တွင်ထိုးစိုက်သွားပြီး…မျက်နှာအုပ်ထားသောသူအယောက်၂၀ခန့်ကအပင်တွေပေါ်မှဆင်းသက်လာကြသည်….
“သတ်…ယား…”
ထိုသူများကဓားကိုယ်စီဆွဲထုတ်ကာ…သူ့အားဝိုင်းပြီးတိုက်ခိုက်ကြလေသည်…သူလည်းခေသူမဟုတ်တော့သတိထား၍ပြန်လည်ခုခံတိုက်ခိုက်လိုက်သည်….
“ဝုန်း…အုန်း”
လူငါးယောက်လောက်ကသူ့လက်ချက်ဖြင့်အဝေးသို့လွှင့်စင်သွားပြီးမြေပြင်ထက်အရုပ်ကြိုးပျက်သလိုလဲကျသွားသည်.. …
သို့သော်လည်း….နောက်ထက်လေးသမားများကထွက်လာပြီးသူ့အားမြှားဖြင့်ချိန်ရွယ်လိုက်သည်…
“ဝှီး..”
“ဒုတ်…အင့်”
မြှားချက်တွေကသူ့ဆီပစ်လွှတ်လိုက်သည်…မြှားတစ်ချောင်းကသူ့ရဲ့လက်မောင်းအားရှပ်ထိသွားသည်…ခဏဆိုသလိုပင်သူ့မျက်စိများအာရုံတွေလွှင့်လာတော့သည်…အမြင်အာရုံကဝိုးတဝါးဖြစ်လာပြီး…မူးဝေသလိုဖြစ်လာသည်…ခြေထောက်များကယိုင်တိယိုင်တိုင်ဖြင့်တိုက်ခိုက်လာသူများကို…မနည်းရှောင်ရှားနေရသည်…နောက်ဆုံးမှာတော့သူမခံနိုင်ဘဲလဲကျသွားသည်….
သူလဲကျသည်နှင့်ထိုသူထဲမှသူတစ်ချို့ကသူ့အားဓားများချိန်ရွယ်ကာဝင်လာကြသည်…သူ့မှာခုခံနိုင်စွမ်းကကုန်နေပြီလေ. ..
“ရပ်စမ်း”
မိန်းကလေးတစ်ယောက်အသံမှန်းသိသော်လည်း…သူမျက်လုံးများကမှိတ်သွားပြီးဝန်းကျင်တစ်ခုလုံးဘာဖြစ်သွားသည်လဲမသိတော့ပေ….
“ဟွန့်…ဘယ်လိုအောက်တန်းစားတွေကများအားလီကိုရန်ပြုရဲတာလဲ”
ချန်ချန်းကသူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်ရင်ပဲထိုသူများအတုန်းအရုံးလဲကျသွားတော့သည်…..
[♥]]] [♦]]] [♣]]] [♠]]]
“ဖမ်းလိုက်”
“ဟင်…နင်တို့…”
အကြီးအကဲဟုန်းကာဦးဆောင်ပြီးကျန်အကြီးအကဲများကိုခေါ်ကာ…ဂိုဏ်းသားအချို့အားသူ့ကိုဖမ်းချုပ်ဖို့ပြောလိုက်သည်….
“အကြီးအကဲဟုန်း…ခင်ဗျား…ခက်ဗျားဘာလုပ်တာလဲ”
“ဟင်းဟင်း”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)