နတ်ဘုရားရဲ့သားရဲငယ် - Part 13
![](https://novel.theatre2.me/wp-content/uploads/2023/11/Untitled-169x300.jpg)
အကြီးအကဲ ရဲ့ရယ်သံကယုတ်မာကောက်ကျစ်နေသည်….
“မိစ္ဆာကောင်…ဒီနေ့တော့…မင်းကိုကာကွယ်ဖို့လူတွေမရှိတော့ဘူး…ဟားဟား ဟားဟား”
“ဖီး…ဟိတ်လူ…ခင်ဗျားအကြီးအကဲဖစ်ပြီးတော်တော်အကြံပတ်စက်ပါလား…ခင်ဗျားတို့ကရော…သူပြောတိုင်းလုပ်နေတာအသိဥာဉ်မရှိကြတော့ဘူးလား”
“ဟင်းဟင်း…မင်းပြောနေလဲအပိုပဲ…အကြီးအကဲဖုန်းကလွဲပြီးသူတို့ကငါ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်”
“ဟင်…အကြီးအကဲဖုန်းရော…ခင်ဗျားဘာလုပ်လိုက်ပြီလဲ”
“စိတ်မပူပါနဲ့…အဆိပ်လေးနည်းနည်းကျွေးထားရုံပဲ”
“ခင်ဗျားတို့”
“ဘာကြည့်နေတာလဲ…မြန်မြန်ဖမ်း…အားလုံးကိုရုပ်သေးလုပ်ပစ်မယ်”
ဂိုဏ်းသားတွေလည်းသူ့နားကိုတဖြေးဖြေးဝိုင်းလာကြသည်….
[♥]]] [♦]]] [♣]]] [♠]]]
“အင့်…အား…ကျွတ်”
“အယ်…အားလီ…ရှင်သတိရပြီလား”
“ငါ..ငါ..ငါဘယ်ရောက်နေတာလဲ…ပြီးတော့ဟိုလူတွေရော…”
“သေပြီ”
“ဟင်…မင်းငါ့ကိုကယ်လာတာလား”
“ကျမမှမကယ်ရင်ဘယ်သူကရှင့်ကိုကယ်မှာလဲ…ဟွန့်”
“မဖြစ်ဘူး…လုဟန်…လုဟန်ဒုက္ခရောက်ပြီ”
သူပါးစပ်မှပြောရင်း…ဆရာမှာခဲ့သောစကားများကိုပြန်လည်သတိရမိသည်…
“ယွီမော့…မင်းကငါ့တပည့်ထဲမှာအသက်အကြီးဆုံး…စဉ်းစားတွေးခေါ်နိုင်ဆုံးပဲ…ရှောင်လုလုပ်ကြံခံရတာက…အဓိကပစ်မှတ်ကငါ့ကိုပဲ…မထင်မှတ်ပဲရှောင်လုရဲ့မိစ္ဆာစွမ်းအားကိုသူတို့သိသွားတယ်…အဲ့တာကြောင့်…ငါရဲ့အစွမ်းတစ်ဝက်ကိုသူ့ကိုယ်ထဲထည့်ထားတယ်ဒါမှသူ့ရဲ့မိစ္ဆာအစွမ်းတွေမပြတော့မှာ…ငါမရှိရင်မင်းသူ့ကိုသေချာစောင့်ရှောက်ပါ”
“အားလီ…ရှင်ဘာတွေးနေတာလဲ”
“မိန်းကလေး…ကျေးဇူးတင်ပါတယ်…ငါအခုခွန်းဝူတောင်ကိုအမြန်ပြန်ရမယ်”
“ကျမလည်းလိုက်မယ်”
“ဒုက္ခမရှာပါနဲ့”
“မရဘူး”
သူမကပြောလို့ရမည့်ပုံမပေါ်တာနဲ့သူလည်းမလိုက်နဲ့မပြောတော့ပေ…ခွန်းဝူကိုတော့အမြန်ဆုံးပြန်လာခဲ့တော့သည်…
“ယား…”
“ရွှမ်…ရွှမ်”
လုဟန်လည်းတိုက်ခိုက်လာသူတွေကိုပြန်လည်ခုခံလိုက်သည်…လက်အောက်ငယ်သားတွေကိုအနိုင်တိုက်နိုင်ပေမဲ့လို့အကြီးအကဲဟုန်းနဲ့ကျန်တဲ့အကြီးအကဲနှစ်ယောက်ပေါင်းပြီးသူ့အားတိုက်ခိုက်တော့…သူလည်းမတက်သာပေ…
“ယား…သေစမ်း”
“အား…အဟွတ်”
ဒီအခါမှာတော့သူ့ရဲ့နှလုံးသားကိုဆုပ်စွဲသလိုခံစားလိုက်ရသည်….
“မဖြစ်နိုင်ဘူး…ဟွန့်…ပြောစမ်း…မိစ္ဆာစွမ်းအားကိုဘာလို့ထုတ်မသုံးတာလဲ”
“အဖိုးကြီးရူးနေလား…ဘာမိစ္ဆာစွမ်းအားလဲ”
“ဟွန့်…ဘယ်ထိထိန်းချုပ်ထားမလဲကြည့်ရသေးတာပေါ့”
“ရပ်လိုက်”
“ရွှီး…ဝှစ်”
“ဟင်…အကိုမော့”
“ဟင်…မင်းမသေဘူးကို”
“လက်စသတ်တော့ငါ့ရဲ့အားလီကိုသတ်ခိုင်းတာနင်ကို…အဘိုးကြီး…သေဖို့သာပြင်ထား…”
ချန်ချန်းကသူ့ရဲ့အစွမ်းတွေကိုထုတ်ကာအကြီးအကဲဟုန်းနဲ့တိုက်ခိုက်လိုက်သည်…မထင်ထားသည်မှာအကြီးအကဲဟုန်းတွင်စွမ်းအားကသူမထက်ပင်သာနေသေးသည်…
“ဟင့်…မိစ္ဆာမကများ…ငါ့ကိုတိုက်ခိုက်ရဲတယ်…မှတ်ထားငါကနတ်သမီးရဲ့တပည့်ပဲ”
အကြီးအကဲဟုန်းကနတ်အစွမ်းကိုအသုံးပြုဖို့အတွက်သူ့လက်ထဲကပန်းတစ်ပွင့်ကိုထုတ်လိုက်ပြီးပန်းများစွားဖြစ်အောင်ဖန်တီးလိုက်ပြီးတိုက်ခိုက်လိုက်သည်…
“အားလီ…သတိထားပန်းတွေမှာအဆိပ်ရှိတယ်”
အခန်းထဲတွင်လေ့ကျင့်နေရင်းသူမခါးကသက်ရှိရုပ်ကြွင်းလေးကအချက်ပြလာသည်….
“ဟုန်ရိပေးတဲ့သက်ရှိရုပ်ကြွင်းကငါ့ဆီမှာပါလာသေးတာပဲ…အပြင်မှာအန္တရာယ်ဖြစ်နေပြီထင်တယ်…ငါ့ရဲ့စွမ်းအားကမပြည့်ဝသေးဘူး…ဒီတိုင်းရပ်လိုက်ရင်စွမ်းအားမတိုးတဲ့အပြင်ငါ့အစွမ်းတွေပျက်စီးတော့မှာပဲ…တစ်ယောက်ယောက်ကူညီပါ…ကူညီပါ”
သူမစိတ်ထဲတစ်ယောက်ယောက်လာကူညီဖို့တောင်းတမိလိုက်သည်….ထိုစဉ်…သူမကိုယ်ထဲကျဉ်သလိုခံစားလိုက်ရပြီးသွေးလည်ပတ်မှုကအရင်ကထက်ပို၍ကောင်းသလိုခံစားလိုက်ရသည်…တစ်ယောက်ယောက်ကသူမကိုစွမ်းအားပြောင်းလဲပေးနေသည်…
သူမမျက်လုံးအစုံကိုဖွင့်လိုက်လျှင်ပဲမြင်လိုက်ရသည်က….
“ရွှမ်ယီး”
သူမရွှမ်ယီးကိုမြင်လိုက်ရသည်…ကျင်ကျောင်းငရဲပြည်ကိုဝင်မွှေတာမထူးဆန်တော့ပါ…ရွှမ်ယီးကလူ့ပြည်မှရွှမ်ယွမ်အဖြစ်ပါဝင်ပတ်သက်နေတာကြောင့်ဖြစ်သည်…
“ပိုင်ရှောင်…မင်းနိုးပြီလား”
“ရွှမ်ယီး…ရှင်ဘယ်လိုလုပ်လူ့ပြည်မှာပါဝင်ပတ်သက်နေရပြန်တာလဲ”
“ဟင်…မီမီ…နင်လား…ငါ့ကိုအပြစ်မတင်နဲ့လေ…နင်ဘာလို့ထျန်းချီအတွက်မူလစွမ်းအားကိုခွဲထုတ်ပြီးဒီကိုလာလဲ…ငါ့ရဲ့မင်းသမီးလေးကိုကာကွယ်ဖို့ရောက်နေနာလေ”
“အရူး…ရှင်မရှိလို့ငရဲပြည်မှာဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တာ…ကျမသာမူလနတ်သားရဲစွမ်းအားနဲ့မစတေးခဲ့ရင်အားလုံးပရမ်းပတာဖြစ်ကုန်တော့မှာရှင်သိလား”
“အာ…ဒါဆို…”
“ဟုတ်တယ်…တော်သေးတယ်ကျမရဲ့မူလစွမ်းအားခွဲထုတ်ထားတာရှိနေသေးလို့မဟုတ်ရင်ရှင်ကျမကိုတွေ့နိုင်တော့မှာမဟုတ်ဘူး”
“မီမီ…တောင်းပန်ပါတယ်”
“တောင်းပန်မနေနဲ့…မြန်မြန်လုပ်အပြင်မှာပြသနာဖြစ်နေပြီ”
ရွှမ်ယီးလည်းသူ့ရဲ့စွမ်းအားအချို့ကိုအမြန်ဆုံးပြောင်းလဲပေးလိုက်သည်…
“ဟားဟား ဟားဟား.. .မထင်ထားဘူး…အစွမ်းတွေကိုစုပ်ယူနိုင်မယ်လို့…ဟားဟား ”
အကြီးအကဲဟုန်းကချန်ချန်ရဲ့အစွမ်းတွေအားစုပ်ယူကာ…တစ်ဖက်မှာလဲသူ့ရဲ့ထိန်းချုပ်မှုအောက်ရောက်နေတဲ့အကြီးအကဲနှစ်ယောက်ကိုယွီမော့နဲ့လုဟန်ကအသဲအသန်ခုခံနေရသည်….
“ဝုန္း”
တံခါးစောင့်ဖွင့်သံကဝုန်းကနဲမည်သွားပြီးလေကြမ်းများပင်တိုက်ခတ်သွားသည်…
“ဟင်…ဆရာ”
“ဆရာ”
သူတို့ကဆရာ့အားဝမ်းသာအားရခေါ်လိုက်ကြသည်…
“နတ်သမီး”
ချန်ချန်းမှာသူမအားမြင်တော့…ပျော့ခွေကျသွားသည်…
“အတင်ရဲလိုက်တာ”
ပြောရင်းသူမလက်ကိုဝေ့ယမ်းကာဆန့်ထုတ်လိုက်သည်….
“ဝုန္း”
“အား!
အကြီးအကဲဟုန်းနှင့်ထိန်းချုပ်ခံရသူများလွင့်စင်သွားပြီးမြေကြီးပေါ်သို့လဲကျသွားတော့သည်…ပါးစပ်နဲ့နှာခေါင်းမှသွေးများယိုစီးကျလာတော့သည်…
“မင်း…ဘာလို့ဒီလောက်မြန်မြန်စွမ်းအားရသွားတာလဲ”
“နင်သိဖို့မထိုက်တန်ဘူး…သစ္စာဖောက်”
သူမကလက်နောပ်တစ်ဖန်ဝေ့ယမ်းကာအကြီးအကဲဟုန်းအားအဆုံးသတ်ပေးလိုက်သည်…အကြီးအကဲဟုန်းသေတော့မှာအားလုံးလည်းထိန်းချုပ်မှုကနေလွှတ်မြောက်သွားကြတော့သည်…
“ဟင်…ဘာဖြစ်တာလဲ”
“ဘာဖြစ်သွားတာလဲ”
အားလုံးကဘာဖြစ်သွားမှန်းမသိတော့ဘဲကြောင်အမ်းနေကြသည်…
“ဂိုဏ်းချုပ်…”
“ရှင်တို့အားလုံး…အကြီးအကဲဟုန်းရဲ့လှည့်စားတာခံလိုက်ရတာပဲ”
“ဟင်…ဟာ…ဟမ်”
အားလုံးကဟင်ကနဲ့ဟာကနဲ့ဖြစ်ကုန်ကြသည်…
“ဆရာ…အကြီးအကဲဖုန်းအဆိပ်မိထားတယ်”
သူတို့လည်းအကြီးအကဲဖုန်းရှိရာသို့အမြန်လာပြီးအဆိပ်ကိုစမ်းသက်လိုက်သည်….
“ဒါက…”
သူမမျက်လုံးများဝိုင်းစက်သွားသည်….
“ရွှမ်ယွမ်…အဆိပ်ဖယ်ရှားဖို့လိုအပ်တယ်…ဒါကသာမန်အဆိပ်မဟုတ်ဘူးစွမ်းအားကိုအသုံးပြုမှရမယ်”
“မီမီ…အဲ့…ပိုင်ရှောင်…မင်းကအခုမှစွမ်းအားရတုန်းရှိသေးတယ်မပြည့်ဝသေးဘူး…မင်းအခုစွမ်းအားအသုံးပြုရင်…မင်း…”
“ကျမလုပ်ရမယ်…အားလုံးထွက်သွားကြ…ရွမ်ယွမ်နဲ့ငါနှစ်ယောက်ထဲပြောစရာရှိတယ်”
သူမပြောရင်ပဲအားလုံးကအပြင်သို့ထွက်သွားကြသည်…
“ရွှမ်ယီး…အကြီးအကဲဖုန်းကဂိုဏ်းမှာလိုအပ်သူတစ်ယောက်…ကျမနတ်စွမ်းအားမရှိတော့ရင်တောင်အသက်ရှင်လို့ရတယ်…ဒါပေမဲ့အကြီးအကဲဖုန်းကအဆိပ်သာမဖယ်ရှားရင်သေမှာ”
“မီမီ”
“ရွှမ်ယီး…ရှင်ရောကျမရောအခုလူ့ပြည်မှာ…လူ့ပြည်မှာရှိတဲ့ပိုင်ရှောင်နဲ့ရွှမ်ယွမ်လိုနေရမယ်မလား…နတ်ပြည်ကပိုင်ယွန်းမီ…ငရဲပြည်ကရွှမ်ယီးလိုနေလို့မရဘူး”
“မီမီ…မင်းတွက်အန္တရာယ်များတယ်နော်…သတိထား”
“အင်း…ဒီပန်းကိုသေချာသိမ်းထားပေး”
သူမကစောနကအကြီးအကဲဟုန်းတိုက်ခိုက်သောပန်းကိုရွှမ်ယီးအားပေးလိုက်သည်…ပြီးတော့သူမရဲ့အစွမ်းနဲ့အကြီးအကဲဖုန်းရဲ့အဆိပ်အားဖယ်ရှားလိုက်တော့သည်….
[♥]]] [♦]]] [♣]]] [♠]]]
ယွီမော့တစ်ယောက်ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နှင့်ဂနာမငြိမ်ဖြစ်နေသည်…
“အမ်း…အကိုမော့…အကိုမော့ဒီလောက်စိးုရိမ်တာတစ်ခါမှမမြင်ဖူးဘူး…ဒီမိန်းကလေးကအကို့တွက်အတော်လေးအရေးပါတာပဲ”
“လုဟန်…မနောက်နဲ့တော့…သူကငါ့အသက်ကိုကယ်ခဲ့ဖူးတယ်ငါအကြွေးတင်နေတာ”
“အော်…မိန်းမလှလေးကအကိုမော့ကိုကယ်လိုက်တာပေါ့…ဟွင်းဟွင်း”
“လုဟန္”
လုဟန်လည်းယွီမော့ရှက်သွားမှန်းသိတော့ရယ်ကျဲကျဲလုပ်နေသည်…
“ရှောင်လု…ယွီမော့”
“ဆရာ”
“အင်း…အဆင်ပြေရဲ့လား”
“ဆရာ…ကျွန်တော်တို့အဆင်ပြေပါတယ်…ဒါပေမဲ့…”
ယွီမော့ရဲ့မျက်လုံးတွေကအိပ်ယာပေါ်ဆီရောက်သွား၏….သူမလည်းလိုက်ကြည့်မိတော့….
“ချန်ချန်း…သူဘယ်လိုလုပ်”
သူမလည်းဘာမှမပြောတော့ပဲအနားကိုသွားလိုက်ပြီးစမ်းသက်လိုက်သည်….
“ဘာမှမဖြစ်ဘူး…သူမအားနည်းသွားလို့ပါ…ယွီမော့သူမကိုကောင်းကောင်းပြုစုပေးလိုက်ပါ…မင်းမှာဆေးပညာပါရမီပါပြီးသားပဲကြိုးစားကြည့်ပါ”
“ဟုတ်ကဲ့”
“ဆရာ…ဆရာသက်သာသွားပြီလား…ဆရာ…တစ်နေရာရာနာကျင်တာရှိလား…ဆရာ…ဘာစားချင်လဲ…ဆရာ…ရေချိုးချင်လား…ဆရာ…”
“တော်ပါတော့”
သူမအားမနားတမ်းမေးနေသောရှောင်လုအားကြည့်ကာရယ်ချင်မိသည်…နတ်ပြည်ကထျန်းချီလိုမရင့်ကျက်ပဲလူ့ပြည်မှာကောင်ဆိုးလေးဖြစ်နေသည့်ရှောင်လု…
“ရှောင်လု…မင်းငါမရှိခင်လေ့ကျင့်မှုရောရှိရဲ့လား”
“ဆရာစိတ်ချပါ…ကျွန်တော်အများကြီးတိုးတက်လာပြီ”
“ဟုတ်လား…ငါစမ်းသက်ကြည့်ရတော့မှာပဲ”
ပြောရင်းသူမကအရင်အလစ်ဝင်ပြီးတိုက်ခိုက်လိုက်သည်…
“ဆရာ”
အမှတ်တမဲ့တိုက်ခိုက်မှုကြောင့်လုဟန်လည်းနည်းနည်းကို့ရို့ကားယားဖြစ်သွားသည်…သို့သော်လည်းကိုယ်ကိုပြန်တည့်မတ်လိုက်ပြီး…ပြန်လည်တိုက်ခိုက်လိုက်သည်….
“ဖြောင်း”
လက်ဝါးချင်းရိုက်ချက်မှာတော့…ဆရာကနောက်သို့လေးငါးလှမ်းလောက်ရောက်သွားသည်…
“အင့်…”
“ဆရာ…အဆင်ပြေရဲ့လား”
လုဟန်ကဆက်ပြီးမတိုက်ခိုက်တော့ပဲရပ်လိုက်ပြီးသူမနားကိုပြေးသွားလိုက်သည်….
“ကိစ္စမရှိဘူး”
သူမကလက်ကိုနောက်ပစ်လိုက်ပြီး…တည့်တည့်မတ်မတ်ရပ်လိုက်သည်….
“ဆရာ…ဆရာရဲ့အတွင်းအားကဘာလို့ဒီလောက်လျော့နည်းသွားရတာလဲ”
“အရူးလေး…ငါ့အစွမ်းကိုအထင်သေးတာလား”
“မဟုတ်ဘူး…မဟုတ်ဘူး…တပည့်ဆရာ့ကိုအထင်မသေးရဲပါဘူး”
“ငါ့ရဲ့အစွမ်းကလျော့မသွားပါဘူး…မင်းရဲ့စွမ်းအားကတိုးတက်လာတာ”
“တကယ်လားဆရာ”
“ဒါပေါ့…ရှောင်လု…နောက်ဆိုဒီ့ထက်ပိုကြိုးစားရမယ်နော်”
“ဟုတ်ကဲ့…ကျွန်တော်အခုပဲလေ့ကျင့်မှုစလိုက်မယ်”
လုဟန်ကသူ့နားကနေပြေးထွက်သွားကာသိုင်းလေ့ကျင့်တဲ့နေရာသို့သွားတော့သည်…သူထွက်သွားတော့မှရွှမ်ယီးလည်းအနားရောက်လာသည်…
“မီမီ…ထျန်းချီကလူ့ပြည်ရဲ့စမ်းသက်ချက်ကိုခံစားရမယ်…မင်းသူ့ကိုမကာကွယ်နိုင်ဘူး….ပြီးတော့ဒါကလူ့ပြည်ရဲ့သဘာဝနတ်ပြည်မှာလိုမဟုတ်ဘူး…မင်းသူ့ကိုနတ်စွမ်းအားနဲ့ကာကွယ်ပေးသမျှကမင်းကိုမင်းပြန်ထိခိုက်စေမှာနော်
သူကရှင်ဘုရင်ဖြစ်လာမဲ့သူ…ရီရှီနဲ့သူကကံပါလာပြီးသားမင်းခံစားရမှာစိုးတယ်”
“ရွှမ်ယီး…အခုသူနဲ့ကျမဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာသိပါတယ်…ကျမကသူ့ရဲ့လူ့ဘဝမှာရှိတဲ့ဆရာတစ်ယောက်သက်သက်ပဲ…ဒါပေမဲ့ကျမတပည့်ထိခိုက်တာမျိုးလုံးဝအဖြစ်မခံနိုင်ဘူး”
“မီမီ”
ရွှမ်ယီးကသူမအားဂရုဏာသက်စွာကြည့်လိုက်သည်….
[♥]]] [♦]]] [♣]]] [♠]]]
“ဖုန့်ရန်ကိုယ်မှတ်မိပြီကိုယ်အခုဖုန့်ရန်အနားမှာပဲအမြဲနေမယ်”
ဖုန့်ရန်ရဲ့လက်ကိုဆုပ်ကိုင်ရင်းသူမရဲ့အိပ်နေသောမျက်နှာလေးအားစေ့စေ့ကြည့်ကာပြောနေမိသည်…
“ကျင်ကျန့်”
“ဟင်…ဖုန့်ရန်သတိရပြီလား”
“ကျမ…ကျမ…ဘယ်လိုပြန်ရောက်နေတာလဲ…ကျင်ကျန့်”
“ဖုန့်ရန်…ဒါက”
“ယွန်းမီရော…ယွန်းမီဘယ်မှာလဲ…ကျမအိမ်မက်မက်တယ်…သူ..သူ..ပြာအဖြစ်ပြောင်းလဲသွားတယ်…ကျင်ကျောင်း….ယွန်းမီကိုသတ်လိုက်ပြီလား”
သူမရဲ့အမေးတွေကိုသူဘယ်လိုဖြေရမှန်းမသိပေ…စိတ်မကောင်းစွာဖြင့်သူမအားကြည့်ရင်း….
“ဖုန့်ရန်…နတ်သမီးက…သူ..သူ..ကျင်ကျောင်းကိုစတေးခံပြီးတားလိုက်တယ်”
“ဘာ!
ဖုန့်ရန်မယုံကြည်နိုင်လောက်အောင်မှိုင်ကျသွားသည်…
“ကိုယ်တောင်းပန်ပါတယ်ဖုန့်ရန်…ဒါတွေကကိုယ့်ညီမကြောင့်ဖြစ်ရတာတွေပါ”
“ဟင့်…ယွန်းမီ…သူကအားလုံးတွက်စတေးခဲ့တာလား….ယွန်းမီ…အီးဟီး…ဟင့်ဟင့်”
သူမငိုတာမြင်တော့ကျင်ကျန့်လည်းရင်ထဲမချိအောင်ဝမ်းနည်းရသည်…ဝဲတက်လာသောမျက်ရည်တွေကနတ်သမီးယွန်းမီကိုသနားတာလားဖုန့်ရန်ငိုကြွေးနေတာကြောင့်လားမသဲကွဲပေ….သေချာတာတော့သူလည်းဝမ်းနည်းမိတာအမှန်ပါ….
“ကျင်ကျန့်…ရှင့်အမေ…ရှင့်ညီမဘယ်ထိများယုတ်မာနေကြအုံးမှာလဲ…နောက်ထပ်ရှင့်အကို…ရှင်…ထပ်ပြီးဒီလိုလုပ်ရပ်မျိုးမလုပ်ပါဘူးလို့ပြောနိုင်လား..ဟမ်”
“ဖုန့်ရန်…ကိုယ့်ကိုယုံကြည်ပါ…ကိုယ်သေကျေနေတာတွေကိုမြင်ချင်သူမဟုတ်ပါဘူး”
“ရှင်ကမဟုတ်ပါဘူး…ဒါပေမဲ့ရှင့်ရဲ့အမေ…ညီမ…လုပ်ရပ်တွေကကျမရှင့်ကိုစိတ်ပျက်သွားစေတယ်…တစ်နေ့မှာရှင့်အကိုပြန်လာပြီးအခုလိုလုပ်ခဲ့ရင်…ရှင့်လက်နဲ့ရှင်ပြန်သတ်မှာလား”
“ဟင်”
သူမအမေးကြောင့်သူတွေဝေနေသည်….
“ရှင်မလုပ်နိုင်ပါဘူး..ဟွန့်”
“ဖုန့်ရန်…ကိုယ်မလုပ်နိုင်ဘူး…ဒါပေမဲ့ဘယ်သူလုပ်လုပ်ကိုယ်မတားဘူး”
“အဟင့်….ဟင့်…ကျင်ကျန့်…ရှင်နဲ့ကျမကဘယ်လိုရေစက်ပါလိမ့်…ကျမရှင့်ကိုနှစ်ပေါင်းများစွာစောင့်စားခဲ့တယ်…နှစ်ပေါင်းခုနှစ်သောင်း…မဟုတ်ဘူး…နှစ်ပေါင်းခုနှစ်သိန်းဆိုလည်းကျမစောင့်မျှော်နေမှာ..ဒါပေမဲ့စောင့်စားခဲ့ရတဲ့ရလဒ်က…ကျမရဲ့သူငယ်ချင်းကိုစတေးလိုက်ရတယ်…ပြီးတော့ရှင့်ရဲ့မိသားစုတွေရှင်ဆုံးရှုံးရတယ်…ကျင်ကျန့်…နောက်ထပ်ရှင့်အကိုအတွက်ကျမတို့ဝေးဝေးနေရအောင်”
“ဖုန့်ရန်…ကိုယ်”
“တော်ပါတော့…ကျမစောင့်နိုင်တယ်…ရှင်ပြန်လာပြီပဲကျမဝမ်းသာပါတယ်…ဒါပေမဲ့ကျမတို့ဝေးဝေးနေရအောင်”
မျက်ရည်စတွေနဲ့ပြောလာသောဖုန့်ရန်ရဲ့ခံစားချက်ကိုသူနားလည်သည်…သူမနဲ့သူကနီးစပ်ဖို့မဖြစ်နိုင်သူမပြောတာတွေကမှန်နေသည်…သူနဲ့သာဆိုရင်သူ့ရဲ့မိသားစုလည်းဆုံးရှုံးရသလိုသူမအတွက်လည်းအာမခံချက်မရှိဘူးမို့လား…သူ့အကိုထွက်သွားခဲ့တာကြာပြီ…ပြန်လာပြီးကျင်ကျောင်းလိုမလုပ်ဘူးလို့မပြောနိုင်ဘူး….ဒါပေမဲ့သူဖုန့်ရန်ပြောသလိုဝေးဝေးမနေနိုင်မှာစိုးမိသည်….
“ကောင်းပြီ…မင်းကကိုယ်နဲ့ဝေးဝေးနေချင်ရင်ကိုယ်မင်းဆန္ဒကိုလိုက်လျောပေးမယ်…ဖုန့်ရန်…တကယ်ချစ်တဲ့သူကစွှန့်လွှတ်ဖို့အချက်တွေများနေရင်တောင်မှမစွှန့်လွှတ်ဖို့အချက်တစ်ခုကိုမရရအောင်ရှာတယ်…ကိုယ်မင်းကိုမစွှန်လွှတ်ဘူး”
ကျင်ကျန့်လည်းပြောပြီးသူမအားကျောခိုင်းခဲ့သည်…ရင်ထဲမှာမျိုသိပ်ထားတဲ့ဝမ်းနည်းမှုကသူမအားကျောပေးလိုက်ရင်ပဲမျက်လုံးမှတဆင့်မျက်ရည်အသွင်ပြောင်းကာစီးကျလာတော့သည်….
“ကျင်ကျန့်…ရှင့်အတွက်ပါ…ကျမရှင့်မိသားစုနဲ့ကျမကြားမှာရှင့်ကိုအခတ်မတွေ့စေချင်ဘူး”
ဖုန့်ရန်ပါးထက်မှစီးကျလာသောမျက်ရည်တို့ကိုမသုတ်နိုင်ပေ…ယွန်းမီကြောင့်ဝမ်းနည်းရတာတစ်မျိုး….အချစ်အတွက်ဖြစ်ချင်တာကိုထိန်းရင်းဖြစ်သင့်တာအတွက်အဝေးကိုတွန်းပို့မိတာမျိုး…သူမရင်ထဲမည်သို့ခံစားနိုင်မည်နည်း….
“ကျင်ကျန့်….အဟင့်ဟင့်”
သူမတွက်ငိုခြင်းမှတစ်ပါးအခြားမရှိတော့ပေ…..
မက်မွန်ပင်တွေကြားရပ်ကာဝမ်းနည်းပူဆွေးနေသည့်သူတစ်ယောက်…မျက်ဝန်းအိမ်မှလည်းမို့မောက်နေပြီးမျက်ရည်စတွေကပြည့်လျှံနေတော့သည်…ထိုသူက…ရှန့်ကူဖြစ်သည်…
“ယွဲ့မိ…ငါနင့်ကိုနောက်ထပ်တစ်ခါဆုံးရှုံးရပြန်ပြီ…နင်စိတ်ချပါဒီထောင်ယွဲ့တောအုပ်(မက်မွန်တောအုပ်)ကမင်းအတွက်အမြဲတမ်းကြိုဆိုနေမှာပါ…”
ကြွေကျလာသောမက်မွန်ပန်းပွင့်လေးများကိုလက်ဖြင်ခံရင်း…သူမယွန်းမီကိုသတိရမိတော့သည်…
[♥]]] [♦]]] [♣]]] [♠]]]
ခန်းမတစ်ခုထဲတွင်လူတွေအားလုံးတန်းစီကာညီညာနေတော့သည်…အားလုံးကတူညီဝတ်စုံများနဲ့သေသပ်စွာရပ်နေကြသည်…
ပိုင်ရှောင်လည်းဂိုဏ်းချုပ်ထိုင်ခုံရှိရာသို့တည့်တည့်မတ်မတ်လျှောက်လှမ်းလာခဲ့သည်…ခုံပေါ်တွင်ဟန်ပါပါထိုင်ချလိုက်သည်…
“ဂိုဏ်ချုပ်ကိုဂါရဝပြုပါတယ်”
အရိုအသေပေးသံကသံပြိုင်ညီစွာထွက်ပေါ်လာတော့သည်…
“အားလုံးပဲသက်သက်သာသာနေနိုင်ပါပြီ”
“ကျေးဇူးတင်ပါတယ်ဂိုဏ်းချုပ်”
အားလုံးလည်းထိုင်ရန်ပြင်ဆင်ထားသောနေရာတွင်ဝင်ပြီးထိုင်လိုက်ကြသည်….
“ဂိုဏ်းချုပ်…အခုလိုအားလုံးစုစည်းခိုင်းတာဘာအတွက်ကြောင့်လဲ”
“အကြီးအကဲဖုန်း…နောက်ပိုင်းမှာဂိုဏ်းကိုရှင့်ဆီမှာပဲစိတ်ချထားချင်တယ်…ဂိုဏ်းချုပ်တံဆိပ်ပြားကိုရှင်ကဆက်လက်ထိန်းသိမ်းပါ”
“ဟင်…ဂိုဏ်းချုပ်…ဒါက”
“ဟင်း…မငြင်းနဲ့…ကျမမှာလုပ်စရာတွေရှိတယ်…အကယ်၍ဂိုဏ်းကိုမစောင့်ရှောက်နိုင်မှာစိုးလို့ပဲ…ရှင်ကအကြီးအကဲတစ်ဦးဖြစ်သလိုဖြောင့်မတ်တဲ့သူမို့လို့ကျမစိတ်ချယုံကြည်ပါတယ်”
“ဂိုဏ်းချုပ်ကဘာလုပ်မှာလဲ”
“ကျမ…ခရီးထွက်ချင်လာလို့ပါ”
သူမတို့စကားပြောနေရင်းအဝေးဆီမှမြင်းခွာသံများကျယ်လောင်စွာကြားရတော့သည်….
“ဟီး”
“ခွပ်…ခွပ်”
“ဒါက…စစ်သည်တော်တွေမလား”
စစ်သည်များခြံရံလျှက်ဝေါယဉ်တစ်ခုကသူတို့ခန်းမရှေ့ရပ်လိုက်သည်…
အထဲမှခြေထောက်တစ်စုံကအရင်ဆင်းသက်လာပြီး…အဆောင်အယောင်တွေပြည့်နေသည့်မိန်းကလေးတစ်ဦး…
“ဘုရင်မကိုအရိုအသေပေးပါတယ်”
စစ်သည်တွေကဒူးတစ်ဖက်ထောက်လက်ကိုယှက်ကာခေါင်းကိုငုံ့ပြီးအရိုအသေပြုလိုက်ကြသည်….
သူမတို့လည်းတိုင်းပြည်ရဲ့ရှင်ဘုရင်ဆိုသည်နှင့်ဦးညွှတ်ကြရတော့သည်…
“ထပါ…အားလုံးအေးအေးဆေးဆေးနေကြ”
“ကျေးဇူးတင်ပါတယ်ဘုရင်မ”
“ဆရာ…ရီရှီအရိုအသေပေးပါတယ်”
“ရီရှီ…မင်းတောင်ဘုရင်မနေရာဆက်ခံပြီပဲ”
“ဟုတ်ပါတယ်…ရီရှီအခုလာရတာကလည်းလုဟန်ကြောင့်ပါ”
“ဟင်…လုဟန်”
“လုဟန်ကိုကျမရဲ့ကြင်ယာတော်အဖြစ်တင်မြှောက်ဖို့ပါ”
“ဘာ!
“မဖြစ်နိုင်ဘူး…ရီရှီ…နင်ရူးနေလား”
“တိတ်စိမ်း…ရှောင်လု…သူကအရင်ကမင်းသူငယ်ချင်းမဟုတ်ဘူးဘုရင်မတစ်ပါး…သူ့ရဲ့တစ်ချက်လွှတ်အမိန့်ကမင်းအသက်ကိုပါယူနိုင်တယ်”
“ဆရာ…”
“ရှောင်လု…ဘုရင့်အမိန့်ကိုမြန်မြန်မနာခံဘူးလား”
“လက်မခံနိုင်ဘူး…ဆရာ…မတားပါနဲ့”
“လုဟန်…မင်း”
“ဆရာ…ကျွန်တော်ရီရှီကိုမချစ်ဘူး…ဆရာကျွန်တော့ကိုရီရှီဆီဘယ်လိုပဲပို့ပို့ကျွန်တော်လုဟန်မြတ်နိုးတာဆရာတစ်ယောက်ထဲပါပဲ”
သူ့စကားကြောင့်အားလုံးလည်းအံသြသွားကြသည်…ပိုစိုးသည်က…ရီရှီ…သူမရဲ့မျက်ဝန်းအစုံမှာမနာလိုမှုဝမ်းနည်းမှုတို့ကပေါင်းစပ်နေသည်…
“ရှောင်လု…မင်းဘာစကားတွေပြောနေတာလဲ…မင်းနဲ့ငါကဆရာတပည့်…ဒီ့ထက်မင်းကိုငါမပိုခဲ့ဘူး”
“ဆရာ”
“မြန်မြန်အမိန့်ကိုနာခံစမ်း”
“မဟုတ်ဘူး”
“ရှောင်လု…မင်းငါ့ကိုဆရာလို့သတ်မှတ်သေးရင်အမိန့်ကိုနာခံစမ်း…မင်းအခုပြောတဲ့စကားတွေကြောင့်ဆရာတပည့်ဆက်ဆံရေးကိုထိခိုက်စေရုံမကဘူး…ငါ့ရဲ့သိက္ခာကိုပါစော်ကားလိုက်တာပဲ”
“မှန်တယ်လုဟန်…ဆရာပြောတာမှန်တယ်…နင်ငါ့ရဲ့ဘုရင်လုပ်စမ်းပါ…နင်သာဆန္ဒရှိရင်ငါ့ရဲ့ဘုရင်မနေရာကနင့်အတွက်ရှင်ဘုရင်အဖြစ်ပေးနိုင်တယ်လုဟန်”
“ဆရာ…ကျွန်တော်”
သူဆရာ့ကိုစော်ကားလိုခြင်းကြောင့်ပြောတာမဟုတ်သော်လည်းဆရာကအထင်လွဲသွားချေပြီ…
“ဆရာ…ဆရာတကယ်ပဲကျွန်တော့်ကိုရီရှီနဲ့လက်ဆက်စေချင်နေတာလား”
“ဟုတ်တယ်”
“ဆရာ…ကျွန်တော့်အပေါ်နည်းနည်းမှစိတ်မယိုင်ခဲ့ဘူးလား”
“မယိုင်ခဲ့ဘူး…မင်းကိုငါ့တပည့်လိုပဲသဘောထားခဲ့တာအပိုအလိုမရှိ”
“ဆရာ…ဒါဆိုတစ်ချိန်လုံးကျွန်တော့်ကိုဂရုစိုက်တာကရော”
“ဟွန့်…ဒါကမင်းအရမ်းအားနည်းလို့လေ…တပည့်မကောင်းဆရာ့ခေါင်းမဖြစ်အောင်ပါ”
“ဆရာ…ဆရာအရမ်းတစ်ကိုယ်ကောင်းဆန်တာပဲ”
သူမကဘာမှမပြောပဲတိတ်နေလိုက်သည်…
“လုဟန်…ဆရာကနင်နဲ့ငါ့ကိုလိုက်ဖက်တယ်လို့ပြောတာပဲနင်ကငြင်းချင်းသေးလား”
“ဟင့်…တော်စမ်းပါ…ငါငြင်းချင်ရင်တောင်ငြင်းဖို့အခွင့်အရေးရှိရဲ့လား”
“ကောင်းပြီ…ကျမခွန်းဝူတောင်မှာတစ်ရက်လောက်အနားယူချင်သေးတယ်”
“ဘုရင်မ…ဒီလိုနေရာမှာလား”
ဘေးနားကမူးမတ်တစ်ယောက်မေးလိုက်သောကြောင့်သူမမျက်စောင်းကထိုသူ့အပေါ်ကျရောက်သွားသည်…
“ဒီလိုနေရာကဘာဖြစ်လို့လဲ”
“တောင်းပန်ပါတယ်…တောင်းပန်ပါတယ်ဘုရင်မ”
“ဆရာ…နှစ်ယောက်ထဲပြောလို့ရမလား”
“အင်း”
သူတို့နှစ်ယောက်လည်းလူတွေရှင်းတဲ့နေရာတစ်ခုသို့လာခဲ့သည်….
“ဆရာ…ေက်းဇူးပါ”
“ဘာအတွက်လဲ”
“စောနကကျမဘက်ကလိုက်ပြောပေးတဲ့အတွက်ပါ…ဆရာ…ကျမအမြဲတမ်းဆရာ့ကိုအားကျခဲ့ရသူပါ”
“ဟုတ်လား…ဒါဆိုဘာလို့ငါ့ကိုတောင်နှုတ်မဆက်ပဲခွန်းဝူကနေထွက်သွားတာလဲ”
“ဆရာ…အထင်မလွဲပါနဲ့အဲ့ချိန်ကဆရာကတံခါးပိတ်ပြီးလေ့ကျင့်နေခဲ့တာလေ…ရီရှီမှာအခွင့်အရေးမရှိခဲ့ပါဘူး”
“ထားပါတော့…ရီရှီ…ရှောင်လုကမင်းကိုမနှစ်သက်ဘူး…ဒါပေမဲ့လို့သူကဘုရင်ဖြစ်လာမည့်သူ…မင်းသူ့ကိုကောင်းကောင်းဆက်ဆံပေးပါ”
“ဆရာစိတ်ချပါ…ကျမရီရှီကလုဟန်ကိုလိုချင်နေတဲ့သူပါ”
“ကောင်းပြီ…မင်းကိုစိတ်ချမယ်…တစ်နေ့နေ့မှာမင်းကြောင့်ရှောင်လုဒုက္ခရောက်ခဲ့ရင်ငါခွင့်မလွှတ်ဘူး”
“ဆရာ…တကယ်ဆိုဆရာလည်းလုဟန်ကိုချစ်နေတာမလား”
ရီရှီရဲ့အမေးကိုသူမဖြေ….
“ဟွန့်…တိတ်ဆိတ်နေပုံကိုကြည့်ရတာ…ကျမထင်တာမလွဲဘူးပဲ”
“ရီရှီ…ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိုမင်းမသိချင်နဲ့…မင်းရှောင်လုကိုလက်ထပ်နိုင်ပြီပဲလေ”
“မဟုတ်ဘူး…ကျမကလုဟန်ရဲ့ချစ်မေတ္တာကိုပါလိုချင်တာ…ဒါပေမဲ့သူကဆရာ့ကိုပဲ”
“တော်စမ်း….ရီရှီ…မင်းကငါ့ကိုဆရာလို့ခေါ်တယ်…ငါမင်းကိုဘုရင်မအဖြစ်အရိုအသေပေးရမလားတပည့်အဖြစ်အမိန့်ပေးရမလား…မင်းကိုယ်တိုင်ဆုံးဖြတ်….တကယ်လို့ဘုရင်မအဖြစ်ဆိုရင်မင်းအခုရှောင်လုကိုရပြီမင်းအာဏာအောက်မှာပဲငါကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးတယ်…အကယ်၍တပည့်အဖြစ်ဆိုရင်…ငါမင်းကိုရှောင်လုနဲ့လက်ထပ်ခိုင်းတယ်အဲ့ဒါရှောင်လုအတွက်ပဲဆိုတာမင်းကောင်းကောင်းသိတယ်”
“ဆရာ…ကျမစိတ်လောသွားတယ်…တကယ်ဆိုကျမဆရာ့ကိုမနာလိုဘူး…လုဟန်ကဆရာတစ်ယောက်ထဲကိုပဲဂရုစိုက်တယ်…ဒါပေမဲ့ကျမဆရာ့ကိုလေးစားတယ်”
“အချိန်မနည်းတော့ဘူး….အနားယူလိုက်ပါအုံး ”
ပိုင်ရှောင်ကအရင်ဆုံးထွက်လာခဲ့တော့သည်….
“ဆရာ…ဆရာ”
သူမအနောက်ကနေရှောင်လုပြေးလိုက်လာသည်….
“ဆရာ…ဆရာတကယ်ပဲဆန္ဒရှိတာလားရီရှီနဲ့ကို”
“ဟုတ်တယ်”
“ဆရာ”
လုဟန်ကမထင်မှတ်ပဲဆရာဟုခေါ်ကာသူမအားဆွဲဖတ်လိုက်သည်…သူမလည်းအမှတ်တမှတ်မို့ကြောင်နေမိသည်….
“ဆရာ…ဆရာကျွန်တော့ကိုမချစ်ရင်ဘာလို့မရုန်းတာလဲ”
ဒီတော့မှသူမသတိရကာရှောင်လုရင်ဘက်ကိုစောင့်တွန်းလိုက်သည်…
“မရေမရာတာတွေ…မင်းကိုတပည့်တစ်ယောက်လိုချစ်တာကိုအထင်မလွဲနဲ့”
သူမပုံစံကအေးတိအေးစက်နိုင်နေသည်…
“ကောင်းပြီ….ကျွန်တော်ရီရှီကိုလက်ထပ်ပါ့မယ်”
ပြောရင်းသူ့မျက်ရည်ကစီးကျလာသည်…သူမကတော့ကျောက်ရုပ်ပမာမလှုပ်မယှက်…သူလည်းဆရာ့ရဲ့ပြတ်သားမှုကြောင့်ထွက်လာခဲ့တော့သည်…
“ထျန်းချီ…ရှင်အခုလူ့ဘဝမှာအချစ်စမ်းသက်ချက်အောင်မြင်မှသာနတ်ပြည်ကိုပြန်နိုင်မှာလေ…လက်ရှိမှာရှင်နဲ့ရီရှီကကံကြမ္မာပါလာတယ်လေ…ကျမနှလုံးသားတွေကွဲကြေရင်တောင်ရှင်ပြန်နိုးထလာဖို့အတွက်ပဲလုပ်မှာ”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)