နတ်ဘုရားရဲ့သားရဲငယ် - Part 15
![](https://novel.theatre2.me/wp-content/uploads/2023/11/Untitled-169x300.jpg)
“အား….!
“မိဖုရား…ဘာဖြစ်တာလဲ”
“အော့်….ဘာမှမဟုတ်ပါဘူး…ကျမလက်အပူလောင်သွားတာ”
“ဘာ!
“နည်းနည်းပါ…စိတ်မပူပါနဲ့”
“ဘယ်လိုပြောလိုက်တာလဲစိတ်မပူလို့ရမလား…ရှားရှားပါးပါးမိဖုရားလေးကို”
“ဟွန့်…အကဲပိုနေပြန်ပြီ”
“ပိုရမယ်…မင်းကကိုယ့်ရဲ့အမြတ်နိုးဆုံးမိန်းကလေးလေတစ်ခုခုဖြစ်သွားရင်ကိုယ်ရင်ကျိုးရမှာနော်”
“ရှောင်လု…ရှောင်လု…ရှင်တော်တော်စကားတွေတက်နေလိုက်တာ…ကျမကရှင့်ရဲ့ဆရာ…ရှင်ကမင်းကြီးဆိုပြီးပြောချင်တိုင်းပြောချွဲချင်တိုင်းချွဲမနေနဲ့….ရှင်စွန်လွှတ်ပြီးကစားနေတဲ့အချိန်က…ကျမကခွန်းဝူတောင်တစ်ခုလုံးကိုအမိန့်ပေးနေပြီ…ဟွန့်…လူကိုများကလေးတစ်ယောက်လို့ဆက်ဆံနေတယ်”
သူမရဲ့ချစ်စဖွယ်အမူအရာကြောင့်လုဟန်အသဲယားလာသည်…..
“အင်း…အခုတော့မင်းကပြန်ခံပြောနေပြီပေါ့…ငါမင်းကြီးအပြစ်ပေးမှရမယ်ထင်တယ်”
ပြောရင်းသူကပိုင်ရှောင်ရဲ့ပခုံးနှစ်ဖက်ကိုသူ့မျက်နှာနဲ့နီးကပ်အောင်ဆွဲလိုက်ပြန်သည်….
“ရှင်ဘာလုပ်မလို့လဲ”
“ဟင်းဟင်း”
သူကပြုံးလိုက်ပြီးသူမရဲ့နှုတ်ခမ်းကိုဖိနမ်းပစ်လိုက်သည်….သူမရဲ့မျက်လုံးကိုမှိတ်ကာ….လုဟန်ရဲ့အနမ်းများကိုမဖယ်ရှားနိုင်ခဲ့ပါ….
“လူဆိုး…ကျမကိုအလစ်ဖမ်းတယ်ပေါ့”
“ကျိန်းသေပေါက်အလစ်မဖမ်းပါဘူး…ကိုယ်ကမင်းကိုပိုင်ပြီးသားလေ”
“ရှင်ကလေ…တော်တော်ကိုစကားတွေတက်လာတယ်”
သူကလုဟန်ရဲ့နှာခေါင်းကိုဆွဲကာပြောလိုက်သည်…
“နောက်ဆိုအသေးအမွှားကအစဂရုစိုက်ရမယ်နော်…ချစ်မိန်းမလေး”
“လုဟန်…ရှင်ပိုပိုပြီးစကားတွေရဲတင်းလာပါလား…ဟမ်…ရှင်အခုကျမကိုအပြစ်တင်နေတာလား…ကျမကရှင့်တွက်စားဖို့ချက်ပေးနေတာနော်…တဲစုတ်ထဲမှာနေပြီးနန်းတော်ကိုမပြန်ချင်တော့လား…ရှင့်ကြောင့်သာမဟုတ်ရင်ကျမအပူလောင်ပါ့မလား”
နှုတ်ခမ်းစူကာပြောနေသောသူမကြောင့်….သူချက်ထားသောစားစရာကိုနှိုက်စားလိုက်သည်….
“ဝိုး…မိန်းမ…မင်းဟင်းချက်ကောင်းတာမသိခဲ့ပါလား”
“ဟွန့်….ဘယ်လိုလဲ…ကြိုက်သွားပြီလား”
“ဟီး…ဆွေးမျိုးမေ့ပဲ”
“မင်းကြီး…ကျမတို့ဘယ်တော့ပြန်မှာလဲ…ထွက်လာတာလဲကြာပြီ…ရီရှီစိတ်ပူနေလောက်ပြီ…ပြီးတော့…ရီရှီကလည်းရှင့်ရဲ့မိဖုရားလေ…ရှင်ကျမနဲ့အချိန်ဖြုန်းနေရင်သူဘယ်လိုနေမလဲ”
“စိတ်မပူပါနဲ့…ကိုယ်ပြောပြီးပြီ…သူ့ကိုကသူငယ်ချင်းလိုပါပဲလို့”
“ကျမထင်တယ်…သူကျမကိုမကျေနပ်မှာကို”
“ဘာဆိုင်လို့လဲ….မင်းကကိုယ်အစတည်းကချစ်ရတဲ့သူလေ…သူဘယ်လိုယှဥ်လို့ရမှာလဲ”
“ဟုတ်ပါပြီ…ဒါပေမဲ့ကျမတို့နန်းတော်ကိုပြန်သင့်နေပြီ…ကျမစိတ်တွေလေးနေတယ်”
“အင်း…မင်းကဒီမှာနေရတာမနေချင်တော့ဘူးဆိုရင်မနက်ဖြန်ပြန်ကြတာပေါ့”
“အင်း”
⚜️⚜️⚜️⚜️⚜️
“မင်းကြီးပြန်ကြွလာပါပြီ”
မင်းကြီးဆိုသည့်မိန်းမစိုးအော်သံကြားသည်နှင့်ရီရှီတစ်ယောက်ပြုံးပျော်သွားပြီးမျက်လုံးတွေလည်းတောက်ပလာသည်….
“မင်းကြီး”
ခေါ်သံနှင့်အတူနန်းဆောင်ရှေ့ပြေးထွက်လာခဲ့သည်….
“မင်းကြီး…ရှင်ပြန်လာပြီပေါ့”
ပြောရင်းသူမကလုဟန်အားပြေးဖတ်လိုက်သည်…သူ့မရဲ့မျက်ဝန်းမှလည်းစိုးရိမ်ပူပန်နေသည်ကိုအထင်းသားပေါ်နေသည်….
“ရီရှီ….ဘာဖြစ်လို့လဲ…ဘာလို့ငိုတာလဲ”
“မင်းကြီး…ကျမ…ကျမထင်တာမင်းကြီးကျမအနားကနေထွက်သွားပြီထင်နေတာ…ကျမကိုထားခဲ့ပြီး…. ထားခဲ့ပြီး…”
ရီရှီရဲ့မျက်လုံးတွေကပိုင်ရှောင်ကို့စေ့စေ့ကြည့်လိုက်သည်….
“ကျမကိုထားခဲ့ပြီး…ဆရာနဲ့အတူ…ထွက်သွားပြီထင်ခဲ့တာ….ဆရာ…ကျေးဇူးပြုပြီးကျမဆီကမင်းကြီးကိုဆွဲထုတ်မသွားပါနဲ့…ဆရာပျော်ရွှင်ဖို့မင်းကြီးကိုကျမဆီကဆွဲထုတ်မသွားပါနဲ့….ရီရှီတောင်းပန်ပါတယ်…..အီးဟင့်ဟင့်”
ငိုယိုပြီးပြောနေရှာသောရီရှီကိုကြည့်ကာသူမဂရုဏာသက်သွားမိသည်….
“ရီရှီ….နင်ဘယ်လိုတောင်အတင်ရဲပြီးပြောဆိုရဲတာလဲ….ငါ့ဘာသာ….”
“မင်းကြီး”
လုဟန်ကိုဆက်ပြောခွင့်မပြုဘဲသူမကတားလိုက်၏…..
“မင်းကြီး…မိဖုရားကြီးကိုစိတ်မဆိုးပါနဲ့…သူကစိတ်ပူသွားလို့ပါ…မိဖုရားကြီးကျွန်တော်မျိုးမတောင်းပန်ပါတယ်….မိဖုရားကြီးကိုစိတ်ပူစေခဲ့မိပြီ”
“သွားရအောင်”
လုဟန်လည်းပိုင်ရှောင်ရဲ့လက်ကိုဆွဲကာရီရှီရှေ့မှထွက်လာခဲ့သည်….
“နေပါအုံး….မင်းကြီး…ကျမဆရာနဲ့နှစ်ယောက်ထဲစကားပြောချင်လို့ပါ”
“မရဘူး”
“မင်းကြီးကျမမိဖုရားနဲ့စကားပြောစရာရှိတာနဲ့အတော်ပဲ…စိတ်ချပါပြီးတာနဲ့ပြန်လာပါ့မယ်”
ပိုင်ရှောင်ကိုယ်တိုင်ကလိုလိုချင်ပြောနေသဖြင့်သူလည်းလက်လျော့လိုက်ရသည်…..
“မိဖုရားကြီး…ကြွပါ”
သူမတို့လည်းလျှောက်လာပြီး…ကန်ပေါ်ကတံတားပေါ်တွင်ရပ်လိုက်ကြသည်….
“မိဖုရားကြီး….ကျမကိုဘာများပြောစရာရှိနေတာလဲ”
“ဆရာ…ဆရာကောင်းကောင်းသိပါတယ်ပြောချင်တာကို”
“ရီရှီ…မင်းကမိဖုရားပါ…ငါလည်းမိဖုရားပဲ…ဒါပေမဲ့မင်းကြီးချစ်မြတ်နိုးတာနင်မဟုတ်ဘူး…ငါ…နင်ငါ့ကိုဆရာလို့ခေါ်နေတုန်းပဲမင်းရဲ့စိတ်ထဲမှာငါ့ကိုလေးစားမှုရှိတာငါသိတယ်ပြီးတော့မင်းငါ့ကိုမနာလိုစိတ်လည်းရှိတာပဲ…ဆရာတစ်ယောက်အနေနဲ့မင်းကိုပြောချင်တယ်…လုဟန်ကသာမန်မဟုတ်ဘူး…အချိန်တန်ရင်သူဖြစ်သင့်တာဖြစ်သွားမှာ…ဖြစ်သင့်တာဖြစ်ပြီးသွားရင်ရောက်သင့်တဲ့နေရာကိုရောက်မှာ…မင်းသူ့ကိုကပ်တွယ်နေလို့လဲတစ်ဘဝစာပဲ”
“ဒါဘာအဓိပ်ပာယျလဲဆရာ”
“မင်းနားမလည်ပါဘူး”
“ဆရာ…ကျမလုံးဝလက်မလျော့ဘူး”
“ကိုယ့်ကိုကိုလမ်းမှားမရောက်စေနဲ့”
သူမလည်းထိုနေရာမှလှည့်အထွက်…..
“ပိုင်ရှောင်…”
“ဟင်”
ထင်မှတ်မထားသောရီရှီရဲ့လုပ်ရပ်ကြောင့်သူမကိုယ်ကိုနောက်သို့ယိုင်သွားပြီးရီရှီရဲ့လက်ကိုဖမ်းဆုပ်ထားလိုက်သည်….
“ရီရှီ…နင်ဘာလုပ်တာလဲ”
“ဟွန့်….ဆရာ…ဆရာသာမရှိတော့ရင်…လုဟန်ကိုကျမစိတ်မပူရတော့ဘူး”
“ရီရှီ…အဓိပ္ပာယ်မရှိတာ”
“အဓိပ္ပာယ်မရှိလားရှိလားစောင့်ကြည့်နေလိုက်”
သူကနောက်လက်တစ်ဖက်ဖြင့်သူမအားတိုက်ခိုက်လိုက်ပြန်သည်….ပိုင်ရှောင်လည်းအသာခေါင်းကိုစောင်းငဲ့လိုက်သဖြင့်ချော်သွားသည်…
“ဟွန့်”
သူမကရီရှီလက်ကိုလိမ်လိုက်ပြီးသူမကျောပြင်ကိုလက်ဝါးဖြင့်တွန်းလိုက်သဖြင့်…ရီရှီလဲကျသွားသည်….
“ရီရှီ…မင်းကိုငါသင်ပေးခဲ့တာ…နောက်ကျောကိုဓားနဲ့လုပ်ကြံဖို့မဟုတ်ဘူး”
ထိုစဥ်….လုဟန်လာသည်ကိုမြင်လိုက်သောရီရှီကထပြီးသူမအားတိုက်ခိုက်သလိုလုပ်လာတော့သူမလည်းသူ့ရဲ့ရင်ဖက်ကိုလက်ဖြင့်တွန်းလိုက်သည်….
“အား….!
“ဟင်….ရီရှီ”
“ဝုန်း!
ရီရှီကရေထဲပြုတ်ကျသွားတော့သည်…
“ဟမ်…ငါတွန်းလိုက်တာအဲ့လောက်အားမများပါဘူးသူဘာလို့ရေထဲကျသွားတာလဲ”
“ကယ်ပါ…ကယ်ပါ”
“ရီရှီငါလာပြီ”
“ကယ်ကြပါ….ကယ်ကြပါ”
သူမရဲ့အော်သံကြောင့်နန်းတော်ထဲကလူများကအနားသို့ရောက်လာကြသည်….တစ်ချို့ကလည်းသူမလုပ်သလိုပုံစံမျိုးဖြင့်တီးတိုးပြောဆိုကြသည်…တစ်ချို့ကလည်းမိဖုရားနှစ်ယောက်စကားများရင်းသူမကတွန်းချသည်ဟုပြောဆိုကြသည်….လုဟန်ကတော့ရေထဲသိုပြေပြီးခုန်ချလိုက်သည်….
“မင်းကြီး”
သူမခေါ်နေစဥ်မှာပဲသူကရီရှီရေနစ်နေသည်ကိုဆင်းကယ်လိုက်သည်….အပေါ်သို့ပြန်လာပြီးနောက်လုဟန်ရင်ခွင်ထဲမှာရီရှီကလဲနေသည်….ပြီးတော့သူမအားကြည့်ရင်း….
“ဆရာ…ဆရာဘာလို့ကျမကိုမုန်းနေတာလဲရှေ့တင်မှာကောင်းပြပြီးအခုလိုလူကွယ်ရာမှာလုပ်ကြံတာတော့မကောင်းပါဘူး”
“ငါ…ရီရှီ…နင်”
“တော်စမ်း”
သူမစကားမဆုံးခင်မှာပဲမင်းကြီးကအော်လိုက်သည်….
“ပိုင်ရှောင်….မင်းကငါ့ကိုယ်တော်ချစ်မြတ်နိုးတာနဲ့ပဲမိဖုရားကြီးကိုတောင်လုပ်ကြံရဲတယ်ပေါ့”
“ဘာ….မင်းကြီး…ကျမမလုပ်ဘူး”
“ငါကိုယ်တိုင်မြင်ခဲ့တာတောင်မင်းကငြင်းချင်သေးတယ်ပေါ့”
“မင်းကြီး…ဆရာ့ကိုအပြစ်မတင်ပါနဲ့…ဆရာကမင်းကြီးကိုချစ်တဲ့စိတ်နဲ့ပါ”
“ရီရှီ….မင်းမပြောနဲ့ငါကချစ်တာနဲ့ကျေးဇူးတရားခွဲခြားသိပါတယ်…မင်းကိုထိခိုက်စေမိပြီ”
“ဟုတ်တယ်…မိဖုရားကြီးကိုတောင်လုပ်ကြံရဲတယ်…စိတ်ပုပ်လိုက်တာ”
“ဟုတ်တယ်…ဟုတ်တယ်”
“မင်းကြီးသာရောက်မလာခဲ့ရင်မိဖုရားကြီးတော့မတွေးရဲစရာပဲ”
“ဟုတ်တယ်…ဒါတောင်မင်းကြီးကိုယ်တိုင်မြင်လို့မဟုတ်ရင်…ရိုးသားဟန်ဆောင်အုံးမယ်တောသူမက”
သူမအားအမျိုးမျိုးသောဝေဖန်မှုနဲ့အပြစ်တင်ပုတ်ခတ်သံများကဆူညံသွားသည်….
“မင်းကြီး…ကျမမလုပ်ဘူး”
“လာကြစမ်း…မိဖုရားကိုအချုပ်ထဲဆွဲခေါ်သွားကြစမ်း”
“အယ့်…နင်တို့”
ရဲမက်တွေကသူမအားဆွဲကာခေါ်ဆောင်လိုက်သည်….
“မင်းကြီး…မင်းကြီး…အဟင့်ဟင့်…မဟုတ်ဘူး”
သူမအားဆွဲသွားသည်ကိုမြင်တော့သူရင်ထဲမီးစနဲ့ထိုးသလိုပူလောင်နာကျင်သွားသည်….သို့ပေမဲ့သူ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာပိုင်ရှောင်ကရီရှီကိုတွန်းလိုက်တာကို…
“နင်ကများမိဖုရားကြီးကိုရေထဲကျအောင်လုပ်ရဲတယ်ပေါ့လေ”
“အဟက်…ငါမလုပ်ဘူးပြောရင်ရောဘယ်သူကယုံမှာလဲ”
“အကျောမာတယ်ပေါ့…ရိုက်စမ်း”
“ရွှမ်း….ရွှမ်း”
သူမကရိုက်ချက်ကိုအံကိုကြိတ်ကာခံလိုက်သည်….သူတို့ကလည်းသူမအားနည်းမျိုးစုံဖြင့်နှိပ်စက်ကြပြန်သည်….သူမရဲ့လက်တွေကိုကြိုးတုတ်ပြီးရေနွေးပူထဲလက်ကိုထည့်ကြသည်….
နာကျင်လွန်းလို့အော်ဟစ်ချင်ပင်မဲ့လည်းသူတို့ကသူမပါးစပ်ကိုအဝတ်စဖြင့်စည်းထားသည်….သူမရဲ့ခြေထောက်အောက်ကိုဖန်ကွဲစတွေထားပြီးတက်နင်းစေကြသည်…သူမပျော့ခွေသွားတော့မှလက်ကိုကြိုးတုပ်ပြီးတန်လန်းဆွဲထားကြသည်သူမကိုယ်ကတော့ပျော့ခွေယိုင်နေတော့သည်….
“တံခါးဖွင့်လိုက်”
အသံကမာန်တက်နေမှုအပြည့်….
“ရီရှီ”
သူမနှုတ်မှတီးတိုးခေါ်လိုက်သည်…..
“ဆရာ…ကျမစိတ်မကောင်းပါဘူးရလာတဲ့အခွင့်အရေးကိုအသုံးချလိုက်ရုံပါ”
“ဟင်းဟင်း”
သူမကရီရှီအားခနဲ့သလိုရှိသမျှအားကိုယူကာရယ်လိုက်သည်….
“ရီရှီ….မင်းငါ့ကိုဆရာလို့ခေါ်ချင်တုန်းလား…မင်းရှက်သင့်တယ်”
“ဆရာ…အခုထိကျမဆရာ့ကိုလေးစားတုန်းပဲဆရာတစ်ယောက်အဖြစ်နဲ့ ….ဒါပေမဲ့ချစ်သူလုဖက်ဆိုရင်တော့ကျမယုတ်မာတာသဘာဝကျပါတယ်”
“ရီရှီ….ဘာမဟုတ်တဲ့လူ့ဘဝကအချစ်နဲ့မင်းစိတ်ကိုအမှောင်းမတိုက်ချင်စမ်းနဲ့”
“ဟားဟားဟားဟား….ဆရာ…ဆရာပြောမှပဲကျမလည်းပြောရအုံးမယ်…ဘာမဟုတ်တဲ့လူ့ဘဝကအချစ်ကိုရှင့်လိုခွန်းဝူဂိုဏ်းချုပ်ကလည်းကျမနဲ့ပြိုင်ယူနေတာဘာ့ကြောင့်လဲ…ဆရာ…ကိုယ့်ကိုကိုကျဘာလုပ်လုပ်လုပ်ခွင့်ရှိပြီး…ကျမလိုလူကရောမရဘူးလား”
“ရီရှီ….မင်းမှားနေပြီမင်းကမင်းငါကငါမတူဘူး”
“ဘာ…မတူဘူးဟုတ်လား….ဘာမတူတာလဲ….ဟွန့်…မကြာခင်မင်းကြီးကကျမဆီအဆောင်တော်ကူးလာတော့မယ်အချိန်မရှိလို့အဖော်ပြုပြီးစကားမပြောနိုင်တော့ဘူး”
ရီရှီကထွက်သွားတော့သည်….
“ရေ….ရေ”
“ဘာလဲ…ရေသောက်ချက်လို့လား…ရော့…သောက်…ဟားဟားဟားဟား”
သူတို့ကသူမရှေ့မှာတင်ရေဗူးထဲကရေကိုအောက်သို့သွန်ချပစ်လိုက်ကြသည်….
“ငါထင်တာ…ထောင်ဆိုတာအပြစ်လုပ်သူအတွက်ပဲထင်တာ…မထင်ထားဘူးထောင်ထဲမှာစားဖားတွေလည်းရှိမယ်လို့”
“ဘာ…ဘာစားဖားလဲ”
သူမကမဲ့ပြုံးပြုံးလိုက်သည်….
“သိချင်လား…ဆုတောင်းနေလိုက်ဒါကငါ့ကမ္ဘာရဲ့စကား”
“အရူးမ”
“ဖြန်း…ဖြန်း”
သူမရဲ့ပါးကိုဘယ်ညာရိုက်ချလိုက်သည်….ပါးတစ်ခုလုံးစပ်ဖျင်းသွားပြီးနှုတ်ခမ်းမှသွေးများပင်ထွက်လာသည်…..နောက်ထပ်ထက်ရိုက်ဖို့လက်ရွယ်စဥ်…..
“ရပ်စမ်း…ဘယ်သူကငါ့မိဖုရားကိုနှိပ်စက်နေတာလဲ”
“ဟင်….မင်းကြီး…တောင်း…တောင်းပန်ပါတယ်…ကျွန်တော်မျိုးအပြစ်သားကိုစစ်မေးနေတာပါ”
“အပြစ်သား…ငါတောင်အပြစ်သားလို့မပြောဘူးနင်ကဘာလို့ငါ့မိဖုရားကိုအပြစ်သားလို့ပြောရဲတာလဲ”
“တောင်း….တောင်း…တောင်းပန်ပါတယ်မင်းကြီး…ကျွန်တော်မျိုးသေသင့်ပါတယ်”
“ဟုတ်တယ်…မင်းသေသင့်တယ်”
“မင်းကြီး….ဟီးအီး…တောင်းပန်ပါတယ်”
စောနကသူမအားနှိပ်စက်နေသူကလုဟန်ရှေ့မှာတော့ဖင်ကိုထောင်နေအောင်မှောက်ပြီးတောင်းပန်နေတော့သည်….
“လာစမ်း…မိဖုရားကိုနာကျင်အောင်လုပ်တဲ့ထောင်မှူးကိုသေဒဏ်ပေးလိုက်”
“မလုပ်နဲ့”
သူမပြောလိုက်သောကြောင့်ထိုသူကသူမအားအားကိုးသလိုပြန်ကြည့်လိုက်သည်….
“ပိုင်ရှောင်…သူကမင်းကိုဒီလောက်နှိပ်စက်ထားတာတောင်သူ့အတွက်ကာကွယ်ပေးနေသေးတာလား”
“ဟင်း…ရှင်တောင်ကျမကိုမယုံလို့အချုပ်ထဲဖမ်းထားပြီးပြီးမလား…စစ်ဆေးသူကစစ်ဆေးတာဘာအမှားလဲ”
“မဟုတ်ဘူး…ကိုယ်မယုံကြည်တာမဟုတ်ဘူးဒါကအားလုံးအမြင်ပဲမင်းရီရှီကိုရေထဲကျအောင်လုပ်တာ”
“ဒါပဲလေ…ရှင်မြင်တာကိုပဲရှင်ယုံကြည်ခဲ့တာကျမကိုမဟုတ်ဘူး”
“ပိုင်ရှောင်….ကိုယ်…”
“ကိစ္စမရှိဘူး…ရှင်ကျမကိုမယုံလို့ရတယ်”
“ပိုင်ရှောင်…ရီရှီကိုတောင်းပန်လိုက်ပါ…ကိုယ်မင်းအပြစ်ကင်းတာကိုလိုချင်တယ်”
“ဟင်း ….ကျမရီရှီကိုလုပ်ကြံတာမဟုတ်ဘူး”
“ဒါဆိုဘာလို့ရေထဲကျအောင်လုပ်တာလဲ”
“ကျမမလုပ်ဘူး”
သူမြင်ခဲ့တာအသေအချာပင်ပိုင်ရှောင်ကရီရှီကိုတွန်းချခဲ့တာပါ….သူမကတော့ဘူးခါငြင်းနေလို့သူစိတ်ရှုပ်သွားရပြန်သည်….
“ပိုင်ရှောင်….ဘာလို့လဲ…ဘာလို့လိမ်နေတာလဲကိုယ်ကိုတိုင်မျက်မြင်သက်သေရှိနေတာ”
“ကျမပြောပြီးပြီ….ရှင်ကျမကိုမယုံလို့ရတယ်”
“မင်း…ခေါင်းမာလိုက်တာ…ရီရှီကမင်းတောင်းပန်တာကိုပဲလိုချင်တာ…မင်းကတော့…”
“ဟုတ်လား”
” ဟုတ်တယ်…သူမကမင်းအတွက်ပါတောင်းပန်ခဲ့သေးတယ်”
“ဟွန့်….ရှင်အဆောင်တော်ကူးတာကိုသိသာအောင်ပြောမနေနဲ့”
“ကိုယ်…မဟုတ်”
“ရှင်မလိမ်နဲ့…ကျမသိတယ်”
“ကိုယ်မေးမယ်…မင်းရီရှီကိုတောင်းပန်မှာလား….ဒီထဲမှာဆက်နေမှာလား”
“ကျိန်းသေပေါက်ရီရှီကိုမတောင်းပန်ဘူးပေါ့”
“ကျစ်”
အလွန်ခေါင်းမာသောမိဖုရားကြောင့်သူအကျပ်အိုက်သွားသည်….ပြောမရသည့်အဆုံးသူလည်းပြန်လာခဲ့သည်…..
“မီမီ”
“ဟမ်….ရွှမ်ယီး”
“ချွမ်း!
ရွှမ်ယီးကသူမလက်ကကြိုးကိုဖြတ်လိုက်သည်…သူမလည်းမထိန်းနိုင်ပဲလဲကျသွားတော့သာကသူမအားပွေ့ထားလိုက်သည်…
“မီမီ…ဘာလိုဖြစ်တာလဲ…ငါခဏလေးထွက်သွားမိတာ…ဘယ်လိုလုပ်ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာတွေရကုန်တာလဲ….ဘာလို့ထောင်ထဲရေညက်နေတာလဲ….မင်းကိုလုဟန်ဘာလုပ်လိုက်တာလဲ”
“ရွှမ်ယီး…ဖြေးဖြေးမေးပါလား…ကျမအရမ်းနာကျင်နေပြီ”
သူမနှုတ်ခမ်းတွေကဖြူရော်နေပြီးမျက်လုံးများကလေးလံလာတော့သည်….
“မီမီ…မီမီ”
သူ့လက်ထဲမှာတင်သူမကသတိလစ်သွားတော့သည်…..
သူလည်းသူ့ရဲ့စွမ်းအားဖြင့်သူမဒဏ်ရာတွေကိုပျောက်အောင်လုပ်ပေးကာစွမ်းအားကိုသူမဆီထည့်ပေးရပြန်တော့သည်…..
“အရူးမလေး…ငါသာမင်းကိုလာမရှာခဲ့ရင်လူတွေနှိပ်စက်လို့သေတဲ့နတ်သမီးဖြစ်တော့မှာပဲ”
သူကပြောရင်းသူမအားအသာအယာလဲထားလိုက်သည်…
“မင်းဘယ်သူလဲ”
လုဟန်နောက်ထပ်ထပ်လာကြည့်တော့….လူတစ်ယောက်ကိုတွေ့သဖြင့်အံ့သြသွားသည်….ဒီလောက်အစောင့်အကျပ်များတဲ့နေရာကိုသူဘယ်လိုဝင်လာတာလဲပေါ့…..
“ငါဘယ်သူဘယ်ဝါဆိုတာအရေးမကြီးဘူး…မီမီသာတစ်ခုခုဖြစ်ကြည့်မင်းကဘာကြီးဖြစ်ဖြစ်ငါဂရုစိုက်မှာမဟုတ်ဘူး”
“ခင်ဗျား…ပိုင်ရှောင်နဲ့အသိလား”
“ဒါပေါ့…မီမီနဲ့ငါကနှစ်ပေါင်းကြာရှည်အတူနေလာကြတဲ့….မိတ်ဆွေတွေ…အခုသူမကမင်းကြောင့်တော်တော်လေးနာကျင်နေရပြီ…ငါခေါ်သွားရမယ်”
“မရဘူး…ပိုင်ရှောင်ကငါ့မိဖုရား…ငါ့အပိုင်”
“ဟင်းဟင်း…အဲ့တော့မင်းဘာလုပ်မလဲ….ကိုယ့်မိဖုရားကိုတောင်မကာကွယ်နိုင်တဲ့သူ”
“ပိုင်ရှောင်ကအပြစ်လုပ်ထားလို့သူအပြစ်ပေးခံရမှာပဲ”
“ကျစ်….နတ်ပြည်ကစည်းကမ်းတွေကိုဘာလို့လူ့ပြည်ထိသယ်လာရတာလဲ”
“ဘာပြောတာလဲ”
“ဟင့်….ပြောပါအုံးဒီလောက်အားနည်းနေတဲ့ငါ့မင်းသမီးလေးကဘာလို့အပြစ်လုပ်မိတာလဲ”
“နင်ဘာပြောလိုက်တယ်…သူမကအားနည်းတယ်ဟုတ်လား”
“မင်းတော့တုံးချက်ပဲ…ကိုယ့်မိဖုရားအခြေအနေကိုမသိဘူးဘဲ…တောင်ပေါ်မှာမင်းကြောင့်သာမဟုတ်ရင်သူမကအခုလိုနှိပ်စက်တာနဲ့အားနည်းသွားမယ်ထင်လို့လား”
“ဟင်…ဧကန္တ…ဆရာလေ့ကျင့်ပြီးပြန်ထွက်လာကတည်းကလား”
“ဟုတ်တယ်…မင်းကိုကယ်ဖို့အတွက်သူဘယ်လောက်ပေးဆပ်ထားလဲမင်းမသိပါဘူး…ဒါတောင်မင်းကသူ့ကိုသံသယဝင်နေသေးတယ်….မင်းကမီမီရဲ့ပေးဆပ်မှုအချစ်နဲ့နည်းနည်းမှမတန်ဘူး”
ပြောပြီးသူကသူမအားခေါ်ကာပျောက်သွားသည်…
“ဟင်…ဘယ်ရောက်သွားတာလဲ”
သူလည်းသူ့မျက်လုံးကိုပင်မယုံနိုင်ပေ….အဲ့နေ့ကတောင်းပေါ်မှာသူနဲ့သိုင်းချတော့သူမရဲ့အားကအရမ်းနည်းနေတာကိုသတိထားမိသည်….သ်ု့သော်လည်းသူမကသူတိုးတက်လာပြီဆိုပြီးပြောခဲ့တာလေ….
“မင်းကြီး…မင်းကြီး”
“ဘာလဲ”
“မိဖုရားကြီးမေ့လဲသွားပါတယ်”
“ဘာ”
သူလည်းအမြန်ဆုံးထွက်လာခဲ့တော့သည်….
“ဟင်….မိဖုရားကဘယ်ရောက်သွားတာလဲမင်းကြီးလွှတ်ပေးလိုက်တာတော့မဟုတ်လောက်ဘူး”
သတင်းပို့သူကထောင်ထဲကိုကြည့်ရင်းတီးတိုးပြောလိုက်သည်….
⚜️⚜️⚜️⚜️⚜️
“ရွှမ်ယီး…ကျမဘယ်လိုလုပ်ပြီးတိမ်ဖြူရောင်ဥယျာဥ်က်ုပြန်ရောက်နေတာလဲ”
“အရူးမလေး…ငါမခေါ်လို့ဘယ်သူကခေါ်မှာလဲ…ချန်ချန်းလည်းမရှိဘူး…သူကသူ့ရဲ့အားလီလို့ခေါ်ရမလား…ယွီမော့လို့ခေါ်ရမလားအဲ့လူနောက်ကိုတကောက်ကောက်လိုက်နေတာဒီကိုတောင်ပြန်မလာဘူး”
“ဝေ့…ရွှမ်ယီး…ရှင်ကျမတပည့်ကိုဝေဖန်စရာမလိုဘူး”
“ဟုတ်ပါပြီ…မပြောတော့ဘူး”
“ရွှမ်ယီး…ကံကြမ္မာကိုကြည့်လို့ရသေးလား”
“ဘာလဲ…လုဟန်အတွက်ပဲလား”
“မဟုတ်ဘူး…ထျန်းထျီအတွက်”
ရွှမ်ယီးကသူ့အစွမ်းဖြင့်ကံကြမ္မာကိုကြည့်လိုက်သည်.. .
“ဒါဆို…လုဟန်ကသူချစ်ရသူကိုကိုယ်တိုင်သတ်နိုင်မှကျိန်စာပြယ်မှာ….ရွှမ်ယီးကျမကိုကူညီပါ”
“ကောင်းပြီ”
“ကျမတို့ပြန်သွားရမယ်”
⚜️⚜️⚜️⚜️⚜️
“ရီရှီ…သက်သာရဲ့လား”
“ကျမသက်သာပါပြီ”
“ကောင်းတယ်…မင်းအခုလိုသက်သာတာငါ့အတွက်ကောင်းတယ်…ပြီးတော့ပြောစရာလဲရှိတယ်”
“ဘာများလဲ”
“အဟင်း….မင်းဘာတွေထပ်လုပ်မလဲလို့မေးမလို့”
“မင်းကြီး…ဒါကဘာစကားလဲ…ကျမသက်သက်ဟန်ဆောင်တယ်ထင်နေတာလား”
“ဟင်း ဟင်း…မထင်ပါဘူး…မနေ့ကတောင်အချုပ်ထဲမှာပိုင်ရှောင်ကိုသွားတွေ့ခဲ့ပြီး…နောက်နေ့ချက်ချင်းနေမကောင်းဖြစ်သွားတယ်….တိုက်ဆိုင်လိုက်တာ”
“ဟုတ်ကဲ့…တိုက်ဆိုင်လိုက်တာ”
“မင်းအချုပ်ထဲဘာသွားလုပ်ခဲ့တာလဲ”
“ကျမ…ကျမ….ကျမဆရာ့ကိုသွားကြည့်တာပါ”
“ဟုတ်လား…ရေထဲကျအောင်လုပ်ထားတာတောင်မင်းကသဘောထားကြီးတာပဲ”
“ဘာဖြစ်ဖြစ်သူမကဆရာပဲလေ”
“အင်း….မှန်တာပေါ့…ဒါပေမဲ့ဆရာ့အကြောင်းမင်းမသိခဲ့ဘူးလားသူမကမင်းကိုရေထဲကျလောက်အောင်ထိလုပ်ဖို့အားအင်မရှိတာ”
“ဘာ…ကျမကလိမ်နေတယ်ထင်တာလား”
“ရီရှိ …မင်းမသိခဲ့လို့ပိုင်ရှောင်ကခွန်းဝူမှာကတည်းသူ့စွမ်းအားတွေအများကြီးဆုံးရှုံးသွားခဲ့တာ…အခုထိပြန်မကောင်းသေးဘူး…မင်းလိမ်တာပိရိတယ်ဆိုပေမဲ့ဒီအကြောင်းကိုငါသိထားတယ်….သူမနဲ့ငါတိုက်ခိုက်စဥ်ကသူမအရမ်းအားနည်းနေတာငါသတိထားမိပြီးသား…သူမတိုက်ခိုက်မယ်ဆိုရင်တောင်မင်းကိုသူမနိုင်ဘူး”
“ဟင် …မင်းကြီး…ဒါက”
“မလိုဘူး…မင်းရှင်းပြဖို့မလိုဘူး…ငါလည်းအစကပိုင်ရှောင်ကမင်းကိုရေထဲကျအောင်လုပ်ခဲ့တယ်ပဲထင်တာ….ပြီးတော့မင်းကငါ့အပေါ်ကျေးဇူးရှိတာပဲ…တကယ်လို့မင်းသူမကိုထပ်ပြီးပြသနာပေးမယ်ဆိုရင်…ငါထီးနန်းကိုမင်းကိုပဲပြန်ပေးပါရစေပိုင်ရှောင်နဲ့ငါထွက်သွားမယ်”
“မလုပ်ရဘူး….လုဟန်…ရှင်မလုပ်ရဘူး”
“ဒါဆိုငါပိုင်ရှောင်ကိုပြန်ခေါ်ဖို့လုံလောက်သွားပြီမလား”
သူကပြောပြီးလှည့်ထွက်လာခဲ့သည်…..
“ရှောင်လု”
ခေါ်သံကြောင့်သူလှည့်ကြည့်လိုက်တော့ပိုင်ရှောင်ဖြစ်နေသည်…..
“ပိုင်ရှောင်…တကယ်မင်းလား”
“ကျမမှမဟုတ်ရင်ဘယ်သူကရှင့်ကိုအမည်တပ်ခေါ်ရဲမှာလဲ”
“မင်းဘယ်တွေရောက်ပြီးဘယ်လိုပြန်လာတာလဲ”
“ဟင်းဟင်း…ဒါလျိုဝှက်ချက်ပြောပြလို့မရဘူး”
“ပြီးတော့….ဒဏ်ရာတွေရောပျောက်သွားပြီလား”
“ရှင်ကြည့်လေ….ဒဏ်ရာတွေမရှိတော့ဘူး”
သူမကသူ့ကိုယ်လေးကိုချာလည်ပတ်လည်လှည့်ပြလိုက်သည်…
“မိဖုရား…တောင်းပန်ပါတယ်….ကိုယ်သတိမထားမိလိုက်ဘူး….မင်းကိုဒုက္ခရောက်စေမိပြီတောင်းပန်ပါတယ်”
“ကိစ္စမရှိဘူး…ရှင်နားလည်ရင်ရပြီ…ပြီးတော့လည်းရီရှီကရှင့်ကိုစိတ်မချဖြစ်လို့သာလုပ်တာပါ”
“ဘာလို့လဲ”
“သူ့ဆီကရှင့်ကိုကျမဆွဲထုတ်သွားမှာကြောက်နေတာလေ…တကယ်ဆိုရှင်သူ့ကိုများများလေးဂရုစိုက်သင့်တာ”
“အင်းပါ…နောက်ဆိုကိုယ်ကြိုးစားပါ့မယ်”
“အင်း…အော်…ဒါနဲ့ပြောရအုံးမယ်…ကျမတွက်နန်းတော်မှာနေရင်နောက်ထပ်ဒုက္ခတွေမကြုံရအောင်…ရွှမ်ယွမ်…သူ့ကိုကျမကိုယ်ရံတော်အဖြစ်ထားချင်တယ်”
“ဟင်….သူ…သူက”
အချုပ်ထဲထိသူမကိုလာကယ်သွားသောသူဖြစ်နေသည်….
“ဟုတ်တယ်…သူကရွှမ်ယွမ်…ခွန်းဝူတောင်ပေါ်မှာတုန်းကကျမတို့ကအရမ်းရင်းနှီးတဲ့မိတ်ဆွေတွေလေ”
သူကရွှမ်ယွမ်ဆိုသည့်လူကိုတစ်ချက်ကြည့်လိုက်ပြီး….
“ကောင်းပြီလေ…မိဖုရားအဆင်ပြေတယ်ဆိုရင်ပြီးတာပါပဲ…မင်းစိတ်တိုင်းကျလုပ်ပါ”
“ကျေးဇူးပါ”
“ကဲပါ…ပြန်နားလိုက်ပါအုံးကိုယ်လိုက်ပို့မယ်”
“အင်း”
သူလည်းသူမအားသူမခန်းဆောင်သို့လိုက်ပို့ပေးကာပြန်လညခဲ့တော့သည်….
ညီလာခံတွင်မူးမတ်များစုဝေးနေပြီးအချင်းချင်းတီးတိုးပြောဆိုနေကြသည်….
“လျှောက်တင်စရာရှိတာလျှောက်တင်ကြ…တီးတိုးပြောမနေကြနဲ့”
“မင်းကြီး…လျှောက်တင်ပါတယ်…ပိုင်ရှောင်မိဖုရားနန်းတော်ကိုပြန်ရောက်ပြီလို့ကြားပါတယ်…ဒါကမိဖုရားခေါင်ကြီးကိုထိခိုက်မှာစိုးမိပါတယ်”
“ဘယ်လိုထိခိုက်မှာလဲ…အခုဖြစ်သွားတာကမတော်တဆပဲ…အခုလိုကိစ္စလေးကြောင့်နဲ့တိုင်းပြည်ကိုကယ်ခဲ့တဲ့မိဖုရားပိုင်ရှောင်ရဲ့ကျေးဇူးကိုမေ့ပျောက်ပစ်လိုက်ရတော့မှာလား”
“မင်းကြီး…မိဖုရားပိုင်ရှောင်ကစစ်ပွဲမှာမင်းကြီးကိုကယ်ပြီးတိုင်းပြည်ကိုရန်သူတွေမကျူးကျော်ရဲအောင်ကယ်ခဲ့တာမှန်ပေမဲ့မိဖုရားကြီးကိုထိခိုက်စေမှာတော့မလိုလားပါဘူး”
“တော်စမ်း…ဘယ်လိုတောင်အတင်ရဲပြီးပြောတာလဲ”
“မင်းကြီး…စိတ်လျော့ပါ…ကျွန်တော်မျိုးကမဖြစ်သင့်တာမဖြစ်အောက်ပြောပြရုံပါ”
“ကောင်းပြီ…ငါ့အသက်နဲ့ရင်းပြီးအာမခံတယ်မိဖုရားပိုင်ရှောင်ကြောင့်မိဖုရားကြီးမထိခိုက်စေရဘူး”
သူကချက်ချင်းထရပ်လိုက်သည်….
“ညီလာခံနားမယ်”
သူလည်းထိုနေရာမှထွက်ခွာလာခဲ့သည်….
⚜️⚜️⚜️⚜️⚜️
“ဘာ…ပိုင်ရှောင်ရဲ့ဒဏ်ရာကပျောက်ကင်းသွားပြီပေါ့”
“ဟုတ်ပါတယ်မိဖုရားကြီး…မင်းကြီးကလည်းအရင်ကထက်ပိုပြီးဂရုစိုက်လာတယ်”
“တော်စမ်း…ဟွန့်…ငါအခုပဲမိဖုရားပိုင်ရှောင်ဆီသွားမယ်”
“ဟုတ်ကဲ့….မိဖုရားကြီး”
အထိန်းတော်နဲ့အခြွေအရံတွေကရီရှီနောက်နေလိုက်ပါလာကြတော့သည်….
“ဒုန်း!
တံခါးကိုစောင့်ဖွင့်ကာသူအထဲသို့ဝင်လာလိုက်သည်….အထဲမှာတော့သူမကအပင်ငယ်လေးတစ်ပင်ကိုပိုင်ရှောင်ကတယုတယရေလောင်းနေသည်ကိုတွေ့ရသည်….
သူမကတော့အေးဆေးသည့်လေသံဖြင့်….
“ဘယ်လိုလဲတပည့်လေး….ကိုယ့်ဆရာရဲ့အခြေအနေကိုလာကြည့်တာလား”
“နင်…ဟွန့်….မိဖုရားကြီးကိုဘယ်လိုတောင်အတင်ရဲပြီးပြောဆိုရဲတာလဲ”
“ဟင်းဟင်း….ရီရှီ…နင်မပြောနဲ့မင်းကြီးတောင်ငါဂရုမစိုက်ဘူး….ပြီးတော့နင်ကငါ့ပြိုင်ဘက်မဟုတ်ဘူးနင်ရောရှောင်လုရောကငါ့ရဲ့တပည့်သာသာပဲ”
“နင်”
ရီရှီကသူမလက်ကိုမြှောက်လိုက်ပြီးသူမအားရိုက်ဖို့ရွယ်လိုက်သည်….
“ကျွီ….ဝှစ်”
“ဟင်”
ရီရှီကသူမလက်အားလက်နက်ပုန်းဖြင့်ပစ်လိုက်သောကြောင့်လက်ကိုပြန်ရုတ်သိမ်းလိုက်ရတော့သည်….
“ဘယ်သူလဲ”
“တပည့်လေး…မင်းကငါ့ကိုအထင်သေးတာပဲ…ငါ့မှာအရင်ကလိုအားအင်မရှိပေမဲ့ကူညီမဲ့သူရှိတယ်…ရွှမ်ယွမ်ထွက်လာတော့”
“ငါ့ရဲ့မင်းသမီးလေးကိုနင်ကများလက်ရွယ်ရဲတယ်ပေါ့”
“ဟွန့်….ဘယ်ကအဆင့်အတန်းမရှိတဲ့သူလဲရိုင်းစိုင်းလိုက်တာ”
“ရို့…မင်းလိုသာမန်လူသားကများ…ငါ့လို….”
“ရွှမ်ယွမ်”
သူစကားတွေမလွန်သွားအောင်သူမကဟန့်တားလိုက်သည်….ရွှမ်ယီးကိုသူမကမျက်စပစ်ပြီးခေါင်းခါယမ်းလိုက်သည်….
“ဟုတ်ကဲ့…မင်းသမီး”
“မင်းသမီး. ..သူကဘယ်တုန်းကမင်းသမီးလဲ”
“မင်းတို့ဘယ်လိုပဲဆက်ဆံနေပါစေသူမကငါ့ရဲ့မင်းသမီးပဲ”
“တပည့်လေး….ဒီလောက်ဆိုသဘောပေါက်သင့်ပြီနော်ရွှမ်ယွမ်ကငါ့ရဲ့ကိုယ်ရံတော်ပဲ….မင်းငါ့ကိုလုပ်ကြံချင်သေးရင်ငါ့ရဲ့ကိုယ်ရံတော်ကိုအရင်ဆုံးရင်ဆိုက်ရလိမ့်မယ်”
“ဟွန့်…
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)