နတ်ဘုရားရဲ့သားရဲငယ် - Part 16
![](https://novel.theatre2.me/wp-content/uploads/2023/11/Untitled-169x300.jpg)
“တပည့်လေး….ဒီလောက်ဆိုသဘောပေါက်သင့်ပြီနော်ရွှမ်ယွမ်ကငါ့ရဲ့ကိုယ်ရံတော်ပဲ….မင်းငါ့ကိုလုပ်ကြံချင်သေးရင်ငါ့ရဲ့ကိုယ်ရံတော်ကိုအရင်ဆုံးရင်ဆိုက်ရလိမ့်မယ်”
“ဟွန့်…သွားမယ်”
ရီရှီလည်းနှုတ်ခမ်းကိုကိုက်ကာ….မကျေမနပ်ဖြင့်ထွက်သွားရသည်…သူမရဲ့သိုင်းပညာကမြင့်တယ်ဆိုပေမဲ့လို့ဆရာကိုမမှီပေ…အခုအားနည်းနေလို့တိုက်ခိုက်မည်ဆိုရင်တောင်သူမရဲ့ကိုယ်ရံတော်ကိုယှဥ်ချလို့နိုင်မည်မထင်…ဒါ့ကြောင့်တစ်ခြားနည်းလမ်းကိုသူမကြံရတော့မည်….
“မိဖုရားပိုင်ရှောင်ဘာလုပ်လဲဆိုတာသေချာစောင့်ကြည့်ထား”
“ဟုတ်ကဲ့”
သူမကအစေခံအားအမိန့်ပေးလိုက်သည်….အစေခံကလည်းသူမပြောသည့်အတိုင်းစောင့်ကြည့်ရန်ထွက်ခွာသွားသည်….
“မီမီ…ဒီညကြယ်တွေကြည့်ဖို့အကောင်းဆုံးနေရာကိုခေါ်သွားပေးမယ်”
“တကယ်လား”
“တကယ်ပေါ့”
ရွှမ်ယီးကသူမမေးစေ့ကိုကိုင်ကာပြောလိုက်သည်…
“မီမီ…မင်းဘာလို့ဒီမှာနေနေမှာလဲကိုယ်နဲ့ထွက်သွားကြမယ်လေ”
“ရှင်ကလေ…အချိန်မတန်သေးလို့ပေါ့”
“ကောင်းပြီ…ဒါဆိုလုဟန်ကိုသတ်ပြီးကိုယ်ဘုရင်လုပ်လိုက်မယ်လေ”
“ရှင်ပြောသလောက်မလွယ်ဘူး…သူ့အနားမှာကစစ်သည်တွေကိုယ်ရံတော်တွေကအပြည့်ရှင့်သိုင်းပညာကသူ့ထက်သာရင်တောင်လူတွေကသူ့ကိုပဲဘုရင်အဖြစ်သတ်မှတ်ကြမှာ…အရေးကြီးတာကကျမတို့စစ်သည်တွေစုဆောင်းဖို့လိုတယ်”
“အင်း…ကောင်းပြီကိုယ့်တာဝန်ထားလိုက်”
“ဟင်းဟင်းဟင်းဟင်း”
သူမတို့ဥယျာဥ်ထဲမှာပြောနေကြသည်ကိုအစေခံကခိုးနားထောင်ရင်း….
“ဟွင့်….မိဖုရားကြီးကိုပြန်ပြောရမယ်မိဖုရားပိုင်ရှောင်ကမင်းကြီးကိုလုပ်ကြံပြီးနန်းလုဖို့ကြိုးစားနေတာပဲ”
သူလည်းထိုနေရာမှထွက်ခွာလာပြီးမိဖုရားကြီးထံအမြန်ပြန်သွားလိုက်သည်….
“ဘာ…မိဖုရားပိုင်ရှောင်ကမင်းကြီးကိုလုပ်ကြံဖို့ကြံစည်နေတယ်ပေါ့”
“ဟုတ်ပါတယ်….ဒါ့အပြင်မိဖုရားပိုင်ရှောင်ကသူ့ကိုယ်ရံတော်နဲ့ဒီညအပြင်ထွက်ဖို့ချိန်းဆိုထားပါတယ်”
“ဟွန့်….ပိုင်ရှောင်…နင်ကအကြံကြီးတာပဲ”
သူမလည်းမင်းကြီးထံသို့အမြန်သွားလျှောက်တင်ဖို့ထွက်လာခဲ့သည်….
“မင်းကြီး…မိဖုရားပိုင်ရှောင်နဲ့သူ့ကိုယ်ရံတော်တို့ဟာဒီညချိန်းတွေ့ကြမှာပါမင်းကြီးကျမပြောတာယုံပါ”
“ရီရှီ…မင်းဘာလို့ကိုယ့်ဆရာကိုအဲ့လောက်မုန်းနေတာလဲ”
“ဟမ်”
“ရီရှီမင်းစိတ်ပူနေတာတော်လောက်ပြီ…နောက်ထပ်ပြသနာတွေမဖန်တီးပါနဲ့ငါမင်းအပေါ်အားနာစရာမဖြစ်ချင်ဘူး”
“မင်းကြီး…ကျမကျိန်ဆိုပါတယ်…မင်းကြီးဒီညအနောက်ကလိုက်ပြီးတိတ်တဆိတ်စောင့်ကြည့်လိုက်ပါအကယ်၍ကျမလိမ်ညာခဲ့ရင်….ကျမအသက်ကိုမင်းကြီးယူနိုင်ပါတယ်”
လက်သုံးချောင်းထောင်ပြီးကျိန်ဆိုကာပြောနေသောရီရှိကြောင့်သူအနည်းငယ်စဥ်းစားရတော့သည်….
“မင်းပြန်လိုက်ပါတော့”
သူလည်းနေမထိထိုင်မသာဖြင့်ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်ဖြင့်တွေးနေသည်….တဖြေးဖြေးညအမှောင်ကဖုံးလွှမ်းလာပြီးကြယ်များပင်ထွက်လာသည်….သူမကိုယုံကြည်တယ်ဆိုပေမဲ့လို့သူမအဆောင်သို့သွားဖို့ရန်ခြေလှမ်းများကပြင်လိုက်သည်…..
“မီမီ….လာခဲ့”
“ဟင်”
လက်ချင်းချိတ်ကာပျော်ရွှင်မြူးထူးကာနန်းတော်အပြင်ဘက်သို့ပြေးထွက်သွားသောသူတို့နှစ်ယောက်ကိုမြင်လိုက်ရင်ပဲသူအလွန်အံ့သြသွားရသည်…သူလည်းသူ့ကိုမြင်မှာစိုးသဖြင့်ပန်းချုံတွေအနောက်မှာပုန်းနေလိုက်သည်…..သူမနဲ့ကိုယ်ရံတော်ကတော့သူ့ကိုတောင်သတိမမူပဲအပြင်သို့ရောက်သွားကြသည်
သူလည်းနောက်ကနေမသိမသာလိုက်လာပြီးနောက်ယောင်ခံလိုက်ခဲ့သည်….
“ရွှမ်ယွမ်…ကြည့်စမ်းအရမ်းလှတယ်”
“မင်းသဘောကျလား”
“အင်း…ကျမအရမ်းကြိုက်တယ်”
ကြယိတွေကိုသူမကလက်ညိုးထိုးရင်းသဘောကျနေသည်…လုဟန်ကတော့ကြည့်ရင်ဒေါသတွေတနုတ်နုတ်ထွက်နေလေပြီ…လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းဆက်ကြည့်နေလိုက်သည်….
“မီမီ…ကိုယ့်ကိုလက်ထပ်ပါ…လုဟန်ကိုထားခဲ့ပြီးကိုယ်နဲ့အတူနေပါ”
“အင်း”
သူမကခေါင်းညိမ့်ပြလိုက်သည်ကိုလုဟန်မြင်တော့စိတ်ထဲမရိုးမရွဖြစ်သွားသည်…
ရွှမ်ယွမ်ကသူမအားနမ်းဖို့ခေါင်းကိုငုံ့လိုက်စဥ်….
“ရပ်စမ်း!
“ဟင်….မင်းကြီး…ရှင်ဘယ်လိုလုပ်ပြီးရောက်လာတာလဲ”
“အဲ့ဒါငါမေးရမဲ့မေးခွန်း…မိဖုရားပိုင်ရှောင်…မင်းဘယ်လိုလုပ်ပြီးသူနဲ့ချိန်းတွေ့နေတာလဲ”
“ကျမ…ကျမ”
“လာကြစမ်း…သူတို့နှစ်ယောက်လုံးကိုဖမ်းခေါ်ခဲ့”
“မင်းကြီး”
သူကသူမအားမျက်လုံးများနီရဲနေအောင်စိုက်ကြည့်ရင်း…မျက်ရည်များမကျအောင်တင်းထားလိုက်သည်….သူမကတော့သူခိုးလူမိသလိုဘာမှမပြောနိုင်ဘဲစစ်သည်များဖမ်းချုပ်ခေါ်ဆောင်သွားခြင်းကိုခံလိုက်ရတော့သည်…..
“မီမီ…အခုလိုလုပ်တာတန်လို့လား”
“ရွှမ်ယီး…တန်တာမတန်တာကိုသတ်မှတ်လို့မရဘူး…ကျိန်စာပြယ်ဖို့ကလုဟန်ကျမကိုသတ်ရမယ်မလား”
“မီမီ…နင်လုပ်လိုက်ရင်အန္တရာယ်များတဲ့အလုပ်ကိုပဲရွေးတယ်….အခုလည်းလုဟန်အထင်လွဲအောင်လုပ်ပြီးပြီ…မကြာခင်စစ်ဆေးမေးမြန်းပြီးအပြစ်ပေးမှာပဲ…ငါကြည့်မနေနိုင်ဘူး”
“ရွှမ်ယီး…ရှင်ဘာလို့ကျမကိုကူညီပေးနေရတာလဲ”
“အာ….ဘာလို့ဆို…ဟို…အင်း…”
“ပြောပါ”
“မင်းကငါ့ရဲ့တစ်ဦးတည်းသောချစ်ရတဲ့သူငယ်ချင်းလေ…မင်းကငါ့ရဲ့မူလအရင်အမြစ်ကိုလည်းစုပ်ယူထားသေးတယ်…ငါကမင်းနောက်တစ်ချိန်လုံးလိုက်နေမှပေါ့…မဟုတ်ရင်ငါ့စွမ်းအားတွေပျက်ပြယ်ကုန်မှာပေါ့”
“အဟင်း…ရှင်ကလောဘကြီးတာ….ကျမဆီကနေရှင့်စွမ်းအားကိုတိုးစေလို့မလား…ဟမ်…ဟွန့်”
“ဟင်းဟင်း”
အချုပ်ထဲရောက်နေတာတောင်ရယ်မောနေကြသည့်သူတို့နှစ်ယောက်ကိုကြည့်ရင်းလုဟန်နံရံကိုလက်သီးဖြင့်ထိုးလိုက်လိုက်…
“ကျစ်…မိဖုရား…မင်းဘာလို့သစ္စာဖောက်ရတာလဲ…ဘာလို့လဲ…ဘာလို့လဲ”
သူ့မျက်ရည်ကအလိုလိုစီးကျလာပြီးဒေါသကြောင့်လားချစ်တဲ့စိတ်ကြောင့်လားမပြောတက်ရင်ထဲမှာဓားနဲ့မွှန်းသလိုခံစားနေရသည်….စိတ်ကိုတင်းကာသူတို့ရှိရာသို့ဝင်လာခဲ့သည်….
“အဟမ်း!
“မင်းကြီး”
သူဝင်လာတော့သူမတို့ကဒူးထောက်ပြီးခေါင်းကိုငုံ့ထားလိုက်ကြသည်…..
“ပိုင်ရှောင်…ဘာလို့လဲ…ဘာလို့သစ္စာဖောက်ရတာလဲ”
“ဟင်း….မင်းကြီးကျမချောက်ချခံရစဥ်တုန်းကရှင်ကျမဘက်ကရပ်တည်ပေးခဲ့လား…မှားမှားမှန်မှန်ရှင်ရပ်တည်ပေးဖူးလား”
“မပေးဖူးဘူး”
“ရွှမ်ယွမ်ကတော့ရှင်နဲ့မတူဘူး….သူကျမကိုကယ်ခဲ့တယ်…တကယ်လို့သူသာကျမအကြောင်းမပြောပြခဲ့ရင်မင်းကြီးကျမကိုထပ်တွေ့ချင်ပါအုံးမလား”
“ပိုင်ရှောင်…မင်းကငါ့မိဖုရားပါ…ငါမင်းကိုထိခိုက်အောင်လုပ်မယ်လို့ဘာလို့ထင်တာလဲ”
“ထင်တာ…ဟုတ်လား…ရှင်သိလားအဲ့တုန်းကအစောင့်တွေကျမကိုဘယ်လိုနှိပ်စက်ညှင်းပန်းခဲ့လဲဆိုတာ”
“ကိုယ်သိသိချင်းအပြစ်ပေးခဲ့တယ်လေ”
“နောက်ကျခဲ့ရင်ရော”
“ငါ…”
“နောက်ကျခဲ့ရင်ရှင်ကျမအလောင်းကိုလာယူပြီးမီးရှို့ဖို့လား”
လုဟန်လည်းဘာမှမပြာသာပေ….
“ဒါ့ကြောင့်ကျမကိုကာကွယ်ပေးတဲ့ရွှမ်ယွမ်ကိုကျမချစ်မိတာ”
“ကောင်းပြီ…ကောင်းပြီ…မင်းဒီလောက်တောင်သူ့ကိုချစ်နေမှတော့ငါလုပ်ပေးရမှာပေါ့…အစောင့်တွေလာကြစမ်း”
“ဟုတ်ကဲ့”
အစောင့်တွေကချက်ချင်းသူတို့နားရောက်လာပြီးဝိုင်းထားလိုက်ကြသည်….
“ဘုရင့်မိဖုရားကိုခိုးယူမှုကြောင့်မနက်ဖြန်မိုးလင်းတာနဲ့တစ်မြို့လုံးကိုပတ်ပြီး….ပြီးတာနဲ့ခြေတွေ က်တွေကြိုးတုတ်ပြီးကြိမ်ဒဏ်အချက်တစ်ထောင်ရိုက်ပြီးအမြင့်ဆုံးတောင်ပေါ်ကနေပစ်ချစေ…”
“ဘာ….မင်းကြီး…မလုပ်နဲ့…မလုပ်ပါနဲ့…ရွှမ်ယွမ်….မလုပ်နဲ့”
အစောင့်တွေကရွှမ်ယွမ်ကိုခေါ်ထုတ်သွားကြပြီးတစ်နေရာသို့ခေါ်ဆောင်သွားကြသည် …
“ရွှမ်ယွမ်….အင့်ဟင့်ဟင့်….မင်းကြီး…သက်ညှာပေးပါ”
“ပိုင်ရှောင်…မင်းကငါ့ရဲ့ဆရာဖြစ်ခဲ့ဖူးတာကိုထောက်ထားပြီးအမှားကိုပြန်သုံးသပ်နေ”
“မင်းကြီး”
သူမကသူ့ရဲ့ခြေထောက်ကိုဆွဲဖတ်လိုက်သည်….
“မင်းကြီး …ကျမတောင်းဆိုပါတယ်…ရွှမ်ယွမ်ကိုလွှတ်ပေးပါဒါကသူ့အပြစ်မဟုတ်ပါဘူး…ကျမခိုင်းလို့သူလုပ်တာပါ”
“ဟုတ်လား……မိဖုရားပိုင်ရှောင်ကိုသေချာစောင့်ကြည့်ထား….မနက်ဖြန်ကျရင်သူမကိုအဆောင်အယောင်အပြည့်နဲ့သူချစ်တဲ့သူကိုစီရင်တာကိုကြည့်ခိုင်းမလို့”
“ဟုတ်ကဲ့မင်းကြီး”
⚜️⚜️⚜️⚜️⚜️
“မိဖုရားကိုခိုးရဲတယ်…ဒီလူအတော်အတင်ရဲတာပဲ”
“ဟုတ်တယ်…ဟုတ်တယ်”
ပြည်သူတွေကသူ့အားဟင်းသီးဟင်းရွက်တွေနဲ့ပစ်ပေါက်ကြသည်…အချို့ကတံတွေးဖြင့်တွေးကြသည် ….ထိုထဲမှလူတစ်ယောက်ကဂဲလုံးတစ်လုံးကိုကောက်ကိုင်ကာ….
“လူယုတ်မာကောင်”
“ခွမ်း…!”
“အင့်…”
“ဟင်…ရွှမ်ယွမ်”
ဂဲလုံးကသူ့နဖူးအားမှန်သွားပြီးသွေးများဖြာထွက်လာသည်…ပိုင်ရှောင်ကသူ့အားစိုးရိမ်တကြီးခေါ်လိုက်ပေမဲ့လုဟန်ကသူမလက်အားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတော့သည်….
ရွှမ်ယီးကသူ့စွမ်းအားကိုအသုံးပြုဖို့လုပ်လိုက်ပေမဲ့သူမကခေါင်းခါပြလိုက်သည်….
သူမမျက်နှာကရွှမ်ယွမ်ကိုမကြည့်ရက်သည့်မျက်နှာဘေးကိုမြင်တိုင်းလုဟန်တစ်ယောက်ဒေါသတွေကပိုပိုထွက်လာမိသည်….
“ပိုင်ရှောင်…မကြာခင်အမြင့်ဆုံးတောင်ထိပ်ကနေမင်းချစ်သူပြုတ်ကျတာကိုမြင်ရတော့မယ်”
“မင်းယုတ်”
“အဟင်း…မင်းကြိုက်သလိုပြောပါမင်းကစပြီးဖောက်ပြန်ခဲ့တာလေ”
တောင်ထိပ်သို့ရောက်သောအခါ…သူတို့ကရွှမ်ယွမ်အားကြိမ်ဒဏ်များစွာရိုက်နှပ်ကြတော့သည်….
“လုဟန်…ရှင်ဘာလို့အဲ့လောက်ရက်စက်ရတာလဲ…အဲ့ကြိမ်ဒဏ်တွေကကျမခံယူသင်တာလေကျမကိုကျဘာလို့မရိုက်ရတာလဲ…လုဟန်”
သူမကငိုယိုပြီးတောင်းပန်သော်လည်းသူမသက်ညှာပေးပါ….အချက်တစ်ထောင်ပြည့်သည်အထိရိုက်နှိပ်စေလိုက်၏….
ရွှမ်ယွမ်တစ်ကိုယ်လုံးဒဏ်ရာအပြည့်နှင့်သွေးများချင်းချင်းရဲနေ၏…ပါးစပ်မှလည်းသွေးများအန်ထွက်ကျလာပြီးပစ်လဲကျသွားသည်…
“ရွှမ်ယွမ်…အ င့်ဟင့်ဟင့်…မလုပ်နဲ့…မလုပ်နဲ့…အီးဟီးဟီး…မလုပ်နဲ့”
“ပစ်ချလိုက်တော့!
“ဟင့်အင်း…မလုပ်နဲ့”
ဒီအခါမှာတော့လုဟန်ကသူမလက်ကိုလွှတ်ပေးလိုက်တော့သည်….
သူမကအပြေးသွားပြီးရွှမ်ယွမ်ကိုလှမ်းဆွဲပေမဲ့သူကတောင်အောက်သို့ပစ်ချခံပြီးချေပြီ….
“ရွှမ်ယွမ်….!
သူမအသံကတောင်ထိပ်တစ်ခုလုံးကျယ်လောင်သွားတော့သည်….
⚜️⚜️⚜️⚜️⚜️
“မိဖုရား…ကွေ့ဟွားမုန့်စားလိုက်ပါအုံး…ရွှမ်ယွမ်ကိစ္စပြီးကတည်းကမင်းဘာမှမစားသေးဘူး…ကျန်းမာရေးထိခိုက်မယ်”
“ကျမ…မစားဘူး”
“ခွမ်း!
“ဟင်…မင်း”
သူမကလုဟန်လက်ပေါ်ကမုန့်ပန်းကန်ကိုလက်ဖြင့်ပုတ်ချပစ်လိုက်သည်….
“မင်းကိုယ့်ကိုစိတ်ဆိုးနေတာသိပါတယ်…တောင်းပန်ပါတယ်ကိုယ်မင်းကိုသိပ်ချစ်လို့ပါ”
“အရူး…ရှင်ကကျမချစ်ရသူနဲ့ခွဲပစ်ခဲ့တာပဲကျမရှင့်ကိုကလဲ့စားပြန်ချေမှာ…ရှင်ကျမကိုအခုသတ်လိုက်မဟုတ်ရင်ရှင့်ကိုကျမသတ်မှာ”
“မိဖုရား…ကိုယ်”
“မထိနဲ့…ရှင့်လက်တွေနဲ့ကျမကိုမထိနဲ့….ထွက်သွား…ထွက်သွား”
“ကောင်းပြီ…မင်းစိတ်ပြေမှကိုယ်ပြန်လာခဲ့မယ်”
လုဟန်လည်းသူမအခန်းမှပြန်လည်ထွက်သွားတော့သည်….ဒီတော့မှသူမလည်းထိုင်ချလိုပ်ပြီးသက်ပြင်းချလိုက်သည်…
“ဟူး…”
“အို…ငါ့ရဲ့မင်းသမီးလေးဘာတွေလက်မိှုင်ချနေတာလဲ”
“ဟင်…ရွှမ်ယီး…ရှင်ဘယ်တွေပျောက်နေတာလဲ…ကျမစောင့်နေတာတစ်လပြည့်တော့မယ်”
“အိုက်ယား…မီမီ…နင်ငါ့ကိုပဲအပြစ်တင်မနေနဲ့လေ…အဲ့ထျန်းချီလူဝင်စားကငါ့ကိုအသေသတ်ဖို့ကြံရွယ်ထားလားမှတ်ရတယ်…ငါသာသာမန်လူဆိုငါ့ဘဝကမတွေးရဲစရာပဲ…ဟူး…မီမီနင်ပြောကြည့်….ထျန်းချီကအရင်ကငါ့ပေါ်မကျေနပ်လို့များအခုလိုလုပ်နေတာလား”
“ရွှမ်ယီး…စနောက်မနေနဲ့တော့”
“ဒါပေမဲ့ဒါကတကယ်နာတာဟ”
“လာလာ…ကျမတို့နောက်ထပ်အစီအစဥ်တစ်ခုလုပ်ရမယ်…ကျမဖောက်ပြန်တာတောင်သူကကျမကိုမသတ်ဘူး”
“နင်ဘာလုပ်အုံးမလို့လဲ”
“နန်းလုမယ်”
“ဘာ!
သူမစကားကြောင့်ရွှမ်ယီးမျက်လုံးပြူးသွားပြန်သည်….
“မီမီ….ငါ…ငါ…ငါကသေ…သေပြီးပြီနော်”
“အိုက်ယား…ငါ့ဘာသာလုပ်မှာပေါ့”
“အမ်…နင်ကနန်းလုဖို့လား”
“အင်း”
ထိုစဥ်အပြင်ဘက်မှလူရိပ်တစ်ခုတွေ့လိုက်သောကြောင့်….ရွှမ်ယီးကကိုယ်ဖျောက်လိုက်သည်….
“ဘယ်သူလဲ”
သူမအသံကြားဆိုလူရိပ်ကလစ်ကနဲထွက်ပြေးသွားတော့သည်….သူမလည်းအပြင်သို့ထွက်ကြည့်လိုက်သည်….ထိုလူကိုမတွေ့ရတော့ပေ….
⚜️⚜️⚜️⚜️⚜️
“မင်းကြီး…မိဖုရားပိုင်ရှောင်ကတွေ့ခွင့်တောင်းပါတယ်”
လုဟန်လည်းကြည့်လက်စစ်ဗျူဟာစာအုပ်ကိုပစ်ချလိုက်ပြီးမျက်နှာမှာပြုံးရိပ်သမ်းသွားသည်…
“မိဖုရား…မိဖုရားလာပြီပေါ့…ကုန်းကုန်း…မိဖုရားကိုမြန်မြန်လွှတ်လိုက်”
“ဟုတ်ကဲ့မင်းကြီး”
ကုန်းကုန်းလည်းမိဖုရားအားအထဲသို့ပေးဝင်လိုက်သည်….
“မင်းကြီး…ကျွန်တော်မျိုးမကိုယ့်အမှားကိုသိပါပြီ…ဒါ့ကြောင့်မင်းကြီးကိုလာတောင်းပန်တာပါ”
“ကိစ္စမရှိဘူး”
“ဒါပေမဲ့…ကျွန်တော်မျိုးမကိုယ့်ကိုကိုအပြစ်တင်လို့မဆုံးပါဘူး…ဖြစ်နိုင်ရင်မင်းကြီးကျွန်တော်မျိုးမကိုအပြစ်ပေးပါ”
“အဟင်း…မိဖုရား…ဘာလို့အပြစ်ပေးရမှာလဲ…ကိုယ်ကခွင့်လွှတ်ပြီးသား”
“ကျေးဇူးတင်ပါတယ်မင်းကြီး”
“မကောင်းတော့ဘူး…မကောင်းတော့ဘူး”
အပြင်ဘက်မှအော်သံကြောင့်သူတို့စကားကိုရပ်လိုက်သည်..
“ဘာလဲ”
“မင်းကြီး….အပြင်မှာလုပ်ကြံသူတွေနန်းတော်ကိုဝင်စီးနေပါပြီ”
“ဟမ်…လုပ်ကြံသူ”
သူမပို၍အံ့သြသွားသည်….
“ဘယ်သူကအတင်ရဲတာလဲ”
လုဟန်ကဓားကိုဆွဲကာအပြင်ထွက်ဖို့လုပ်လိုက်သည်….
“မင်းကြီး”
သူမကသူ့လက်ကိုဖမ်းဆုပ်ထားပြီးစိုးရိမ်သလိုကြည့်လိုက်သည်….
“မင်းစိတ်မပူပါနဲ့ကိုယ်ရန်သူတွေကိုသုတ်ငင်ပြီးတာနဲ့ပြန်လာခဲ့မယ်….မင်းအပြင်ကိုလုံးဝထွက်မလာနဲ့နော်”
လုဟန်ကသူမလက်ကိုဖြုတ်ချပြီးအပြင်သို့ထွက်သွားတော့သည်….
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”
သူမကရွှမ်ယီးနဲ့ပြောခဲ့သည်များကိုပြန်စဥ်းစားလိုက်သည်….
“မီမီ…စောနကဘယ်သူလဲ”
“ကျမလည်းမသိဘူးဘယ်သူဘယ်ဝါဆိုတာ…သူကထွက်ပြေးသွားတယ်”
“နန်းတွင်းကလူတွေကခိုးနားထောင်တာဝါသနာပါပုံပဲ”
“ဒါနဲ့…ကျမသာနန်းလုရင်စစ်ပွဲတွေဖြစ်မှာပေါ့အဲ့ကျရင်အပြစ်မဲ့တဲ့သူတွေသေကုန်မှာ”
“အမှန်ပဲ…မင်းထျန်းချီကိုပြန်လာစေချင်ရင်စတေးရမှာပဲ”
“မဖြစ်နိုင်ဘူး…ကျမအဲ့လိုလူတွေကိုမသတ်ပစ်နိုင်ဘူး”
“ဒါဆိုမင်းဘာလုပ်မှာလဲ”
သူမကခဏကြာအောင်စဥ်းစားလိုက်ပြီးမှ…
“ရွှမ်ယီး…ကျမသိပြီ…ဘယ်လိုလုပ်ရမလဲသိပြီ”
“ဘယ်လိုလဲ”
“ကျမလုဟန်နဲ့အဆင်ပြေအောင်ပြန်လုပ်မယ်…ပြီးတော့မှသူအထင်လွဲအောင်သူ့ကိုလုပ်ကြံသလိုလုပ်မယ်…အဲ့အခါသူနဲ့ကျမနဲ့တိုက်ရင်သူဓားချက်ကိုကျမမရှောင်ပဲအထိုးခံလိုက်မယ်လေ”
“မီမီ….နင့်ဟာကလည်းအန္တရာယ်မရှိတဲ့လမ်းပဲရွေးလို့မရဘူးလား”
“မရဘူး”
သူမလည်းထိုညကတည်းကနန်းလုဖို့အစီအစဥ်ကိုဖျက်လိုက်ပြီးပြီအခုဘာလို့လုပ်ကြံသူတွေပေါ်လာရတာလဲသူမလည်းစဥ်းစားမရပေ….
“မဖြစ်ဘူး…ငါရွှမ်ယီးကိုရှာရမယ်”
သူမလည်းအပြင်သို့ထွက်လာခဲ့တော့သည်…..
အပြင်ရောက်တော့လူသေအလောင်းတွေပြည့်နေပြီး…အချို့ကလည်းပြန်လည်ခုခံတိုက်ခိုက်နေကြသည်….
“မီမီ”
“ဟင်…ရွှမ်ယီး…ဒါဘယ်လိုဖြစ်ရတာလဲ”
“မကောင်းတော့ဘူး…ဒါကတကယ်လုပ်ကြံမှုပဲငါမင်းကိုခေါ်သွားပေးမယ်”
ရွှမ်ယီးကသူမအားလက်ကိုဆွဲကာထိုနေရာမှပျောက်သွားတော့သည်….တောင်ကုန်းတစ်ခုသို့ရောက်လာပြီး…
“ရွှမ်ယီး…ကျမကိုလွှတ်…ကျမကိုလွှတ်လို့”
“ဘာလို့လဲမီမီ”
“ရှောင်လု…ကျမရှောင်လုကိုကယ်ရမယ်”
“မီမီ…မင်းကသူ့ကိုလုပ်ကြံဖို့လုပ်ခဲ့တုန်းကမှတ်မိလား…အဲ့ညမှာလူရိပ်တွေ့လို့မင်းထွက်ကြည့်လိုက်တယ်မလား”
“အင်း”
“ငါထင်တာမမှားရင်းတစ်ယောက်ယောက်ကမင်းကိုချောက်ချနေပြီထင်တယ်”
“ဘာ…ဒါဆို…လုပ်ကြံမှုက”
“ဟုတ်တယ်…မင်းကိုချောက်ချဖို့ဖြစ်နိုင်တယ်”
“နေအုံး…အမိန့်ပြား…ကျမအမိန့်ပြား”
သူမကသူမရဲ့ခါးနားကိုစမ်းကြည့်လိုက်တော့တံဆိမ်ပြားကမရှိတော့ပေ…
“အဲ့ညက…ကျမတံဆိပ်ပြားပါအခိုးခံရတာပဲ”
“မိဖုရား…မိဖုရားခိုင်းတဲ့အတိုင်းမင်းကြီးလုဟန်ကိုမြှားခေါ်ခဲ့ပါပြီ”
“ဘာ!
“ပိုင်ရှောင်…မင်း…”
“ရှောင်လု…ကျမ…မဟုတ်”
သူမအတွေးတစ်ချက်ဝင်လာသည်….ရွှမ်ယီးကတော့ကိုယ်ဖျောက်ထားသဖြင့်မည်သူမှမမြင်ပေ…
မဟုတ်ဘူးလို့သူမပြောချင်ပေမဲ့ထျန်းချီနိုးထလာဖို့အတွက်အခွင့်ကောင်းကိုအသုံးချရတော့မည်….
“မင်း….ငါ့ကိုလုပ်ကြံဖို့အဲ့လောက်တောင်အပင်ပန်းခံခဲ့တာပဲ”
“ဟုတ်တယ်…အားလုံးကျမရဲ့အကြံတွေကြီးပဲ…လုဟန်…ရှင်ကျမချစ်ရသူနဲ့ခွဲပစ်ခဲ့တာကိုကျမလုံးဝမမေ့ဘူး…အခုရှင့်အလှည့်”
သူမအားမယုံကြည်နိုင်သလိုကြည့်ရင်းလုဟန်ကခေါင်းကိုခါယမ်းလိုက်၏….
“မင်းကြီး…သတိထား”
အနောက်မှာပြေးလာသောရီရှီနဲ့စစ်သည်အချို့ကသတိပေးလိုက်သည်.. .
“မင်းကြီးသူမကိုသတ်…သူမကိုသတ်”
“ပိုင်ရှောင်…ငါ့ကိုမကျေနပ်ရင်ငါ့ကိုပဲလုပ်လေအပြစ်မရှိတဲ့သူတွေကိုဘာလို့သတ်ပစ်ရတာလဲ”
“အဟွန့်….သူတွေကကျမကိုမထောက်ခံလို့သတ်ပစ်လိုက်တာ …ဟားဟားဟားဟား….ရွှမ်ယွမ်အတွက်ကလဲ့စားကိုအခုချေပစ်မယ်”
သူမကအရင်လုဟန်အားပြေးပြီးတိုက်ခိုက်လေတော့သည်….အစပိုင်းမှာလုဟန်ကသူမအားပြန်လည်မခုခံပဲရှောင်ရှားလိုက်သည်….
“လာလေ…ရှင်ဓားမထုတ်ရဲဘူးလား”
“မင်းကြီး…သူမကမင်းကြီးအချစ်နဲ့မတန်ဘူး”
ရီရှီကလည်းပြန်မတိုက်ခိုက်သောသူ့အားအားမလိုအားမရဖြင့်ပြောလိုက်သည်….
“ရွှမ်..”
“အား”
သူမဓားကသူ့နဲ့ညာဘက်လက်မောင်အားထိရှသွားတော့သည်…
“မင်းကြီးသေချာစဥ်းစားပါ…မင်းကြီးသူ့ကိုချစ်လို့ဘာမှမလုပ်ရင်သေသွားတဲ့သူတွေကိုဘယ်လိုဖြေရှင်းချက်ပေးမှာလဲ…မင်းကြီး”
“မင်းကြီး”
ရီရှီနဲ့အစေခံစစ်သည်များကဒူးထောက်လိုက်ကြပြီးသနားခံလိုက့်ကြသည်….
သူ့ခေါင်းထဲမှာသေဆုံးသူတွေရဲ့ပုံရိပ်တွေအော်ဟစ်သံတွေကပဲ့တင်ကြားလာရတော့သည်….
“ကောင်းပြီ….ပိုင်ရှောင်…မင်းချစ်တဲ့သူနောက်ကိုငါအရောက်ပို့ပေးမယ်”
သူကဓားအိမ်ထဲမှဓားကိုဆွဲထုတ်ကာသူမဆီပြေးသွားလိုက်သည်….
သူပြေးလာတာကိုသူမကပြုံးပြုံးကြီးကြည့်ကာလက်ထဲမှဓားကိုလွှတ်ချပစ်လိုက်သည်…
အင့်!ကနဲစိုက်ဝင်လာသောလုဟန်ဓားဦးကသူမရဲ့ဘယ်ဘက်ရင်အုံတစ်ခုလုံးစူးကနဲနေအောင်ဖြစ်သွားသည်….
“ဟင်…မင်းဘာလို့မရှောင်တာလဲ”
အံ့သြမှုနဲ့အတူသူ့မျက်ဝန်းတွင်မျက်ရည်စတို့ကတွဲခိုပါလာလျှက်…
“ရှောင်လု…ကျမရှင့်ကိုချစ်တယ်ကျမရှင့်ကိုနှစ်ပေါင်းများစွာစောင့်နေခဲ့တာ ….ကျမပေးဆပ်ရတာတန်ပါတယ်”
သူမကပြောရင်းလုဟန်ရဲ့ဓားသွားကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ရင်းသူမရင်ဘက်သို့စိုက်သွင်းပစ်လိုက်သည်…
“အင့်…!
“ပိုင်ရှောင်…မလုပ်နဲ့”
ဓားကသူကျောထိထိုးဖောက်သွားပြီးသူမပါးစပ်မှသွေးများစွာယိုစီးကြလာတော့သည်….
“ထျန်း…ထျန်း…ချီ…ကျမ…လုပ်…နိုင်…ခဲ့…ပြီ”
“ယား…”
သူမကဓားကိုဆွဲထုတ်လိုက်သည်….
ရင်တစ်ခုလုံးတဆက်ဆက်နာကျင်ပြီးဒဏ်ရာမှသွေးများသည်ချင်းချင်းရဲနေတော့သည်…
“ပိုင်ရှောင်”
လုဟန်ကသူရှေ့တိုးလာပေမဲ့လို့…သူမကတော့အသိအာရုံတွေမှောင်မိုက်သွားပြီးတောင်စွန်းနေရာမှလဲကျသွားပြီးအောက်သို့ပြုတ်ကျသွားတော့သည်…
“မဟုတ်ဘူး…ပိုင်ရှောင်”
သူမကတော့တရွေ့ရွေ့နဲ့အောက်သို့ကျဆင်းသွားပြီးမြင်ကွင်းမှပျောက်ကွယ်သွားတော့သည် ….
⚜️⚜️⚜️⚜️⚜️
“တစ်နှစ်ကြာပြီးနောက်”
“ပိုင်ရှောင်….ပိုင်ရှောင်”
အိပ်ယာထဲလဲလျောင်းရင်းသူမအမည်ကိုသာတတွက်တွက်ခေါ်နေသည်….
“မင်းကြီး…မင်းကြီးရဲ့ကျန်းမာရေးကိုဂရုစိုက်ပါ…ပိုင်ရှောင်သေဆုံးပြီးကတည်းကအိပ်ယာထဲလဲနေတာအခုဆိုတစ်နှစ်တောင်ရှိပြီပဲ…မင်းကြီးအခုလိုမနေပါနဲ့တော့”
“ဟင်းဟင်း…ငါပိုင်ရှောင်ကိုအရမ်းလွမ်းတယ်…ငါမြင်နေရတယ်ဟိုးကောင်းကင်ပေါ်မှာသူငါ့ကိုလက်ယက်ခေါ်နေတယ်…ငါသူ့ဆီကိုလာဖို့စောင့်နေမယ်တဲ့”
“မင်းကြီး…အီးဟီး”
မင်းကြီးစကားတွေကြောင့်ရီရှီတစ်ယောက်စိတ်မကောင်းစွာငိုကျွေးလိုက်သည်….မင်းကြီးရဲ့အဖြစ်ကိုမကြည့်ရက်နိုင်ဘဲမျက်နှာလွဲလိုက်သည်….
“ငါ့ရဲ့မနာလိုမှုကြောင့်မင်းကြီးကိုပါဘေးသင့်စေခဲ့ပြီ…ငါသာအဲ့လုပ်ကြံမှုကိုမလုပ်ဘဲဆရာ့ကိုချောက်မချမိခဲ့ရင်မင်းကြီးအခုလိုအချစ်ဝေဒနာကိုခံစားရမှာတဲ့လား”
သူ့ကိုယ်သူအပြစ်တင်ရင်းရီရှီတစ်ယောက်ယူကျိုးမရခံစားလိုက်ရသည်….
“စိတ်ချ…ကျမအကောင်းဆုံးသမားတော်ကိုရှာပြီးရှင်သက်သာအောင်ကုခိုင်းမယ်”
သူမလည်းသမားတော်တွေရှာကာမင်းကြီးကိုကုသခိုင်းပေမဲ့မထူးလာပေ….
“မိဖုရားကြီး…မင်းကြီးအခြေအနေကရောဂါတစ်ခုဆိုတာထက်…လွမ်းဆွတ်မှုကြောင့်ပေါ်လာတဲ့ဝေဒနာပါ…မိဖုရားကြီးခွင့်လွှတ်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်မျိုးကုသဖို့ရာအဆင့်မမှီပါဘူး”
သမားတော်ကဒူးထောက်ကာခေါင်းငုံ့လိုက်သည်…
“ထပါ…ရှင်တို့အပြစ်မဟုတ်ပါဘူး…မင်းကြီးကိုအခုလိုဖြစ်သွားအောင်လုပ်မိသူကကျမ…ကျမအပြစ်ပါ”
ပြောရင်းသူ့မျက်ရည်တွေကစီးကျလာပြန်တော့သည်….
“ရှင်ပြောပါ…မင်းပြီးမှာအချိန်ဘယ်လောက်ကျန်သေးလဲ”
“မကျန်တော့ပါဘူး”
“ကောင်းပြီ…ရှင်တို့သွားလို့ရပြီ”
“ဟုတ်ကဲ့မိဖုရား”
သမားတော်နဲ့စကားပြောပြီးတာနဲ့သူမကမင်းကြီးအနားသွားလိုက်သည်…မင်းကြီးလက်ကိုဆုပ်ကိုက်ကာ…
“ဒါတွေကကျမအပြစ်ပါ…ရှင်စိတ်ချပါ…ကျမနောက်နောင်ကိုမနာလိုမှုတွေမရှိစေရဘူး…ရှင်မရှိရင်တိုင်းပြည်ကိုအကောင်းဆုံးဘုရင်မအဖြစ်လူတွေလေးစားတဲ့ဘုရင်မအဖြစ်…မေတ္တာတရားရှိတဲ့ဘုရင်မအဖြစ်ကျမအကောင်းဆုံးကြိုးစားမှာပါ”
သူမဆုပ်ကိုင်ထားသောလက်တို့ကတဖြေးဖြေးပြေလျော့သွားကာလွှတ်ကျသွားသည်…
“မင်းကြီး….မင်း…မင်းကြီး…အားဟားဟား…အီးဟီး….မင်းကြီးကံကုန်ပြီ”
“မင်းကြီး”
အားလုံးသူမနဲ့အတူဦးညွှတ်ကာမင်းကြီးအတွက်ပူဆွေးငိုကျွေးကြကုန်တော့သည်…
ထိုနေရာတွင်ပဲရွှမ်ယီးနဲ့ပိုင်ယွန်းမီတို့ကမည်သူမှမမြင်အောင်ရပ်ကြည့်နေကြတော့သည်…
ကောင်းကင်တစ်ခုလုံးအလင်းရောင်တွေတောက်ပလာခဲ့ပြီးတုန်ခါသွားတော့သည်….
“ထျန်းချီ…ရှင်ပြန်လာပြီပေါ့”
⚜️⚜️⚜️⚜️⚜️
“ဟူး…”
“မီမီ…နင့်နတ်စွမ်းအားကမနည်းတိုးတက်လာပြီပဲ…ဒါပေမဲ့လူ့ပြည်မှာရခဲ့တဲ့ဒဏ်ရာတွေကအချင်းမပျောက်သေးဘူးနတ်ပြည်ကိုပြန်ဝင်ဖို့နင်ခက်ခဲလိမ့်မယ်”
“ထျန်းချီနတ်ပြည်ကိုပြန်ရောက်လာတော့မယ်…ဘယ်လောက်ခက်ခဲပါစေကျမရအောင်လုပ်မယ်”
“မီမီ…ငရဲပြည်ကမင်းရဲ့စွမ်းအားကိုဘာလို့ပြန်မယူသေးတာလဲ”
“အဲ့ဒါကကောင်းပါတယ်…ကျင်ကျောင်းကိုကျမမူလနတ်သားရဲစွမ်းအားနဲ့ချုပ်ထားခဲ့တာ…ကျမသာအစွမ်းတွေပြန်ယူရင်ရှင့်နေတဲ့ငရဲပြည်တစ်စစီဖြစ်ကုန်လိမ့်မယ်…ပြီးတော့သုံးလောကတစ်ခုလုံးကပ်ဆိုက်သွားလိမ့်မယ်ငရဲပြည်သာပျက်စီးရင်”
“ဒါဆိုမင်းငရဲပြည်မှာလေ့ကျင့်တာပိုကောင်းမယ်…မင်းစွမ်းအားအရင်းအမြစ်ကအဲ့မှာလေ”
“အင်း…ဒါပေမဲ့ကျမစဥ်းစားမရတာတစ်ခုရှိနေတယ်”
“ဘာများလဲ”
“ကျမထျန်းချီနောက်ကိုလိုက်ဖို့အတွက်မူလစွမ်းအားကိုခွဲထုတ်ခဲ့တာ…ခွန်းဝူမှာကျမအိပ်ပျော်သွားခဲ့တော့လုဟန်ကိုမေ့သွားခဲ့တယ်…ကျမတစ်ခုခုအခိုးခံလိုက်ရသလိုပဲ”
“မင်းအအိပ်လွန်တာနေမှာ”
“ယား…ရွှမ်ယီးနော်”
“ဟင်းဟင်း…စိတ်မဆိုးပါနဲ့ငါကစတာပါ…တကယ်လည်းမင်းကအအိပ်မက်တာပဲလေ”
“ရွှမ်းယီးနော်…ဟွန့်”
⚜️⚜️⚜️⚜️⚜️
“ပိုင်ကျွယ်…ပိုင်ကျွယ်”
“ရှန့်ကူ…ဘာဖြစ်လာတာလဲ”
“ထျန်းချီပြန်လာတော့မယ်…ဘိုးဘေးကျောက်တုံးကနေအလင်းတန်းတွေတွေ့ခဲ့တယ်”
သူတို့လည်းကျောက်တုံးနားသို့အပြေးသွားလိုက်ကြသည်….
ကျောက်တုံးပတ်ပတ်လည်တွင်ခရမ်းရောင်အလင်းတန်းများပေါ်လာပြီးစုစည်းသွားတော့သည်…
အလင်းတန်းများစုစည်းပြီးနောက်မှာတော့ထျန်းချီရဲ့ပုံရိပ်ကဝိုးတဝါးပေါ်လာတော့သည်….
“ထျန်းချီ”
ထျန်းချီရဲ့နှုတ်ခမ်းမှပြုံးလိုက်သည်….
“ရှန့်ကူ….ပိုင်ကျွယ်…ကျစ်ယန်”
“ရှင်ပြန်လာပြီပေါ့”
“ထျန်းချီ….!
အော်သံနဲ့အတူထိုနေရာမှာပေါ်လာသူကပိုင်ယွန်းမီဖြစ်သည်….
“ရှောင်မီ”
“ဟင်…ယွန်းမီ”
အားလုံးကသူမကိုအံ့အားသင့်စွာငေးကြည့်နေကြသည်…သူမကတော့ထျန်းချီကိုပြေးဖတ်လိုက်သည်….
“ထျန်းချီ…ရှင်သိလားကျမရှင့်ကိုစောင့်နေခဲ့တာ”
“ရောင်မီ…ကိုယ်ပြန်လာပြီ”
“နင်တို့အရမ်းလန့်မသွားပါနဲ့ငါရှင်းပြပါ့မယ်”
သူမအားတအံ့တသြကြည့်နေသောနတ်မင်းများကိုသူမမူလစွမ်းအားခွဲထုတ်လိုက်သည့်အကြောင်းပြောပြလိုက်သည်….
“ယွန်းမီ…ဒါ…ဒါကအရမ်းနာပျင်ရတယ်ဆိုတာနင်မသိဘူးလားအခက်မသင်ရင့်နင်ဘယ်တော့မှရှင်သန်လာမှာတောင်မဟုတ်ဘူး”
ရှန့်ကူကနှုတ်ခမ်းစူကာသူမအားကြိမ်းဝါးခိုက်သည်….
“ဒါပေမဲ့ငရဲပြည်မှာတုန်းကအခုလိုမူလစွမ်းအားသာခွဲမထုတ်ထားရင်ငါပြန်လာနိုင်ပါ့မလား…လက်ရှိမှာငါ့စွမ်းအားကသာမန်ပဲ”
“ရှောင်မီ…ဒါဆိုရင်ငရဲပြည်မှာမင်းရဲ့စွမ်းအားတွေချိတ်ပိတ်ခဲ့ရတာပေါ့”
“ဟုတ်တယ်….နောက်ဆိုကျမရှင့်ကိုမကာကွယ်နိုင်မှာစိုးတယ်”
“ဘာမှမဖြစ်ဘူး…မင်းကိုကိုယ်ကာကွယ်ပေးမယ်”
“ယွန်းမီ…အီးဟီး”
လက်ထဲကပစ္စည်းတွေပစ်ချရင်းငိုးကြီးတငင်နဲ့သူမအားပြေးဖတ်လာသောဟုန်ရိကြောင့်အားလုံးကြောင်သွားကြသည်…
“ဟုန်ရိ…ဟုန်ရိ…ငါအသက်ရှုကျပ်နေပြီ”
“အော့်…တောင်းပန်ပါတယ်…ငါနင့်ကိုမြင်တော့အရမ်းပျော်သွားလို့ပါ…နင်လေ…နောက်ဆိုအလစ်ပေးလို့မရတော့ဘူး”
“ဘာလို့လဲ”
“ဟွန့်…နတ်မင်းဒီယွန်းမီကလေအန္တရာယ်များတာတွေပဲလုပ်တယ်သူမပြာဖြစ်သွားလို့ကျွန်တော့်မှာဝမ်းနည်းလိုက်ရတာ”
“ဟုန်ရိ…နင်စိတ်ချပါ…နောက်ဆိုမင်းသူငယ်ချင်းကိုငါကောင်းကောင်းဂရုစိုက်ပေးပါ့မယ်”
“ကဲပါ…တိုင်နေတာတော်သင့်ပြီ…ငါလုပ်တာသုံးလောကအတွက်ပဲဟာ”
“နင်တစ်ယောက်ထဲမလုပ်ရဘူး”
“ကောင်းပြီကောင်းပြီ…ကျစ် ..ကလေးကလားနဲ့ဟွန့်”
“ရှောင်မီ…ကိုယ်မင်းကိုလက်ထပ်မယ်”
“အာ”
ထျန်းချီစကားကြောင့်သူတို့အားလုံးပါးစပ်အဟောင်းသားဖြစ်သွားကြသည်….
“သုံးလောကကိုအခုပဲကြေညာမယ်…ငါ့ရဲ့လက်ထပ်ပွဲကို”
⚜️⚜️⚜️⚜️⚜️
“ဘာ!…နတ်မင်းကမင်္ဂလာရက်သတ်မှတ်ပြီးပြီပေါ့…ငါအခုပဲနတ်ပြည်ကိုသွားရမယ်”
ခန်းဆောင်တွင်နတ်မင်းများ…အမတများ…မိစ္ဆာများအားလုံးစုရုံးနေသည်….
“ရို့…အားလုံးရောက်နေကြပြီးကျမတို့ပန်းတိုင်းပြည်ကိုကျဘာလို့အကြောင်းမကြားတာလဲ”
“ရင်းဖန်”
“ရင်းဖန်နတ်မင်းအားလုံးကိုအရိုအသေပေးပါတယ်”
“ရင်းဖန်…မင်းဘာလာလုပ်တာလဲ”
“ကျမလည်းနတ်မင်းရဲ့မင်္ဂလာကိစ္စကိုလာဆွေးနွေးပေးတာ…မရဘူးလား”
“မင်းနဲ့မတန်ဘူး…ထွက်သွား”
“ရှန့်ကူနတ်သမီး…ရင်းဖန်မှာပြောပြစရာရှိပါတယ်”
“ဘာလဲ”
“ထျန်းချီနတ်မင်းရဲ့သားရဲကလူ့ပြည်မှာဝင်စွတ်ဖက်ခဲ့တယ်စည်းကမ်းတွေမလိုက်နာဘဲနဲ့လူတွေကိုဒုက္ခပေးခဲ့ပါတယ်”
“ဟုတ်လား…ငါကလူသားတွေကိုဒုက္ခပေးတယ်ပေါ့လေ”
“ယွန်းမီနတ်သမီး…ကျမရဲ့ကြေးမုံမှန်ကမလိမ်တက်ပါဘူး…ကြည့်လိုက်ပါအားလုံး”
သူမကသူ့ရဲ့ကြေးမုံကိုထောင်ပြလိုပ်သည်…ထိုအခါလူ့ပြည်မှာပိုင်ယွန်းမီလူသားတွေရဲ့ဝိဥာဥ်ကိုစုပ်ယူနေတာကိုတွေ့လိုက်ရသည်…
“ဟွန့်…ပန်းနတ်သမီးကဒီလောက်ပြောနေမှတော့ငါမငြင်းတော့ဘူး…အားလုံးပဲကြည့်ကြည့်”
သူမကလက်ထဲမှဖယောင်းရုပ်ကိုအပေါ်သို့မြှောက်တင်ကာအစွမ်းဖြင့်အသက်သွင်းလိုက်သည်…ဖယောင်းရုပ်ကအသက်ဝင်လာပြီးသူမနဲ့တစ်ပုံစံတည်းတူတဲ့သူဖြစ်သွားသည်…
“ဟင်…ဟာ”
အားလုံးလည်းဟင်ကနဲဟာကနဲ့ဖြစ်သွားသလိုရင်းဖန်လည်းမျက်နှာပျက်သွားသည်…
“ပြီးတော့…ဒီပန်း”
“ဟင်…”
“ရင်းဖန်…နင်ငြင်းရဲသေးလားဒါကငါ့ကိုလုပ်ကြံတဲ့ဟာပဲဒီပန်းကပန်းတိုင်းပြည်မှာမရှိဘူးလို့တော့မပြောနဲ့”
“ဟင့်…ရင်းဖန်နင်ကများပိုင်ယွန်းမီကိုပြသနာရှာရဲသေးတယ်…သူမကိုမူလစွမ်းအားထိခိုက်သည်အထိမိုးကြိုးပစ်ဒဏ်ပေးလိုက်”
“ရှန့်ကူနတ်သမီး…တောင်းပန်ပါတယ်…ကျမမှားသွားပါတယ်”
“နတ်သမီး…ဒါတွေကိုမယ်တော်လုပ်တာမဟုတ်ပါဘူး…ရင်းဟွာလုပ်ခဲ့တာပါ”
“ဟင်…ရင်းဟွာ”
ရင်းဟွာကရင်းဖန်အားပြုံးပြီးကြည့်လိုက်သည်…
“ကျမကိုအပြစ်ပေးပါ…လူ့ပြည်ကိုနှောက်ယှက်ပြီးယွန်းမီနတ်သမီးကိုအပြစ်ပုံချမိပါတယ်…မယ်တော်နဲ့မဆိုင်ပါဘူး”
“ကောင်းပြီ…ဒါဆိုမင်းအပြစ်သွားခံချေ”
“ဟုတ်ကဲ့”
ရင်းဖန်ကအံ့သြစွာကြည့်ရင်း….ရင်းဟွာကိုငေးကြည့်နေမိသည်…
“မဟုတ်ဘူး…ရင်းဟွာ”
သူကရင်းဟွာနောက်ပြေးလိုက်ရင်း…
“ရင်းဟွာ…မင်းဘာလို့ဒီလိုလုပ်ရတာလဲမင်းနဲ့မဆိုင်ဘူးလေ”
“မယ်တော်..မယ်တော်ကဒီလောကမှာရင်းဟွာလေးစားရတဲ့သူပါ…မယ်တော့်အတွက်ရင်းဟွာသေဖို့ဆန္ဒရှိပါတယ်”
“အရူးမလေး…မင်းအဲ့လောက်တုံးရလား…မင်းကငါ့သမီးမဟုတ်ဘူးမင်းကငါ့အစွမ်းနဲ့ပြုလုပ်ထားတဲ့သက်ရှိတစ်ခုပဲလေ”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)