နတ်ဘုရားရဲ့သားရဲငယ် - Part 17
“ကျမသိပါတယ်…မယ်တော်”
“သိရက်သားနဲ့မင်းရူးရလား…မင်းကိုအသုံးချခံသက်သက်ငါပျိုးထောင်ခဲ့တာ…ဒါတောင်မင်းငါ့ကိုစိတ်မနာဘူးလား”
“ရင်းဟွာမယ်တော်ကိုတစ်ခါမှမငြိုငြင်ခဲ့ပါဘူး”
သူမကပြောပြီးအပြစ်ဒဏ်ခံယူဖို့ထွက်သွားတော့သည်….
“ရင်းဟွာ….မလုပ်နဲ့”
သူမကတော့လှည့်မကြည့်ပဲမိုးကြိုးများကိုခံယူလိုက်သည်….သူမကိုယ်ကတဖြေးဖြေးမိုးကြိုးကြောင့်အငွေ့အဖြစ်ပြောင်းသွားတော့သည်….
“ရင်းဟွာ…မင်းကငါ့ရဲ့သမီးအဖြစ်ပန်းတိုင်းပြည်မှာအသိအမှတ်အမြဲတမ်းပြုပေးမှာပါ”
“ရင်းဖန်…မင်းအခုကိုယ့်အမှားကိုယ်မသိသေးဘူးလား”
“ရင်းဖန်အမှားသိပါပြီ”
အံကိုကြိတ်ရင်းမျက် ရည်တို့မကျအောက်ထိန်းရင်းသူမလှည့်ထွက်ခဲ့တော့သည်….
တစ်နေရာတွင်ငေးနေသောဖုန့်ရန်ကိုယွန်းမီမြင်လိုက်သည် …
“ဖုန့်ရန်”
“ယွန်းမီ”
“ဘာဖြစ်နေတာလဲ…မျက်နှာလည်းမကောင်းပါလား”
“ဘာမှမဖြစ်ပါဘူး”
“နင်ကျင်ကျန့်နဲ့အဆင်မပြေဘူးလား”
“ထားလိုက်ပါ…ကျင်ကျန့်နဲ့ငါလမ်းခွဲလိုက်ပြီ”
“ကျင်ကျောင်းကြောင့်လား”
“အင်း”
“ဖုန့်ရန်…ဒါတွေကကျင်ကျောင်းကြောင့်လေကျင်ကျန့်နဲ့ဘာမှမဆိုင်ဘူး”
“ယွန်းမီ…သူနဲ့မဆိုင်မှန်းငါသိတယ်ဒါပေမဲ့ငါနဲ့ပတ်သက်နေရင်သူခက်ခဲနေရမှာမလိုလားဘူး”
“ဖုန့်ရန်…ကျင်ကျန့်ကိုအခွင့်အရေးပေးလိုက်ပါ…ငါလည်းအခုပြန်လာပြီပဲ”
သူမဖြောင့်ဖြနှုကြောင့်ဖုန့်ရန်တွေဝေနေသည်…
“ရှောင်မီ”
“နတ်မင်း”
“ထျန်းချီ”
“မင်းဘာလုပ်နေတာလဲကိုယ်လိုက်ရှာနေတာ”
“ထျန်းချီ….လာလာ”
“ဟင်”
သူမကထျန်းချီလက်ကိုဆွဲကာခပ်လှမ်းလှမ်းတွင်ထျန်းချီနားကပ်ကာတီးတိုးပြောဆိုနေကြသည်…
ထျန်းချီကခေါင်းကိုတဆက်ဆက်ညိမ့်ကာ
“ကောင်းပြီ…ကိုယ်တို့ဖုန့်ရန်နဲ့ကျင်ကျန့်ကိုအတူရှိနိုင်အောင်ကူညီကြတာပေါ့”
“အင်း ….ဟီး”
သူတို့နှစ်ယောက်ကဖုန့်ရန်ရှိရာပြန်လျှောက်လာပြီး…
“ဖုန့်ရန်”
“ဟုတ်ကဲ့နတ်မင်း”
“မင်္ဂပွဲမှာနင်ကိုယ်တိုင်စီမံပေးရမယ်…ဘယ်လိုလဲ”
“အမ်…ကျမလား”
“ဟုတ်တယ်…နင်ကိုယ်တိုင်ငါတို့မင်္ဂလာပွဲကိုအခမ်းအနားမှုးလုပ်ပေးရမယ်”
“အမ်…ယွန်းမီရေနင်ဘာပြောတာလဲငါနားမလည်ဘူး”
“ခိခိ…ဒါကငါ့နေတဲ့ကမ္ဘာကစကားလေ”
“ဖုန့်ရန်နင်လုပ်နိုင်လား”
“နတ်မင်း…ဖုန့်ရန်ကိုအသိအမှတ်ပြုတဲ့အတွက်ဖုန့်ရန်ကသာဝမ်းသာရမှာပါ”
“ကောင်းပြီဒါဆိုငါရှောင်မီကိုခေါ်သွားတော့မယ်”
ပြောပြီးသူကသူမအားပွေ့ခေါ်သွားတော့သည်….
“အယ့်…ထျန်းချီရှင်ဘာလုပ်တာလဲကျမကိုအောက်ချ.. အောက်ပြန်ချပေး”
“မချဘူး”
“ချပေး”
“မချပေးဘူး”
“ချပေး…အောက်ချပေး”
“ကောင်းပြီ”
သူလည်းရှောက်မီကိုမွေ့ယာထက်ချပေးလိုက်သည်….
“ရှင်ဘာလုပ်တာလဲ”
“မင်းသိပါတယ်”
“အယ့်…ရှင်…အွင်း”
သူမစကားမပြေညနိုင်အောင်သူကသူမရဲ့နှုတ်ခမ်းကိုဖိနမ်းပစ်လိုက်တော့သည်…
⚜️⚜️⚜️⚜️⚜️
“ဟင်း…ပိုင်ယွန်းမီမီ…နင့်ကိုငါဘယ်လိုပြန်လုပ်မလဲကြည့်ထား…ရင်းဟွာအတွက်ကလဲ့စားပြန်ချေပေးမယ်…နတ်မင်းကငါ့အပိုင်ဖြစ်ရမယ်…ဒီတစ်ခါနောက်ဆုံးလက်နက်ကိုသုံးရတော့မယ်”
ရင်းဖန်ကသူ့လက်ထဲမှစွမ်းအားတစ်ခုကိုသူ့ကိုယ်ထဲထည့်လိုက်သည်….
သူမတစ်ကိုယ်လုံးနာကျင်ကိုက်ခဲလာပြီးထောင်ပေါင်းများစွာသောအပ်တို့နဲ့ထိုးနေသလိုခံစားရတော့သည်….
“အား….”
အော်သံကပန်းတိုင်းပြည်တစ်ခုလုံးဖုံးလွှမ်းသွားတော့သည်…
“ရွှမ်ယီး…ကူညီပါနော်…နတ်ပြည်ကဝတ်စုံတွေကျမသဘောမကျဘူး”
“မီမီနင်ဟာလေ….ထျန်းချီကံကောင်းတယ်”
“ဘာလို့လဲ”
“မေးရဲသေးတယ်…နင်အနိုင်ကျင့်သမျှထျန်းထျီကမခံရပဲငါ့လိုလောကအရှင်ကခံနေရတယ်”
“ဟဲဟဲဒါတော့ရှင်စိတ်ချ…ဟုန်ရိလည်းပါတယ်”
“နင့်…”
“လုပ်ပါ…ရှင်ကအကြင်နာဆုံးမလား…ဟင်”
သနားစရာကောင်းလောက်အောင်ချွဲပြနေသောသူမကြောင့်ရွှမ်ယီးလက်လျော့ကာ…
“ကောင်းပြီ…ကောင်းပြီ”
သူကလက်ကိုဝေ့ယှမ်းလိုက်ရင်ပဲသိပ်အဖြူရောင်ဝတ်စုံကသူမကိုယ်မှာဝတ်ဆင်ပြီးသားဖြစ်သွားသည်….
“ဘယ်လိုလဲ…ကြိုက်ရဲ့လား”
“ကျမကြိုက်တယ်…အရမ်းကြိုက်တယ်”
“မင်းလက်ထပ်ပွဲမှာနတ်ပြည်ကစိတ်တိုင်းကျအောင်ဝတ်စုံမလုပ်ပေးနိုင်ဘူး…ငါ့ဆီမှာတော့ရတယ်…မီမီနင်ပြောနတ်ပြည်ကသူတွေထက်ငါကပိုတော်တယ်မလား”
“တော်ပါပိုင်ကျွယ်ရဲ့ထိုပ်ချန်းလှံကရှင့်ကိုပြာဖြစ်အောင်လုပ်လိမ့်မယ်”
“မင်း…ဟင်း…လိုချင်တာရပြီးရင်အဲ့တိုင်းပဲ”
“ဟီး…စိတ်မဆိုးပါနဲ့ရှင်မကျေနပ်ရင်မင်္ဂလာအရက်လာသောက်လေ”
“မီမီ…နင်ကနတ်ပြည်ကသူတွေငါ့ကိုအာရုံစိုက်အောင်လုပ်နေတာလား”
“ရှင်မလာရဲဘူးလား”
“ကျိန်းသေပေါက်လာရဲတာပေါ့”
“ကောင်းပြီ…ဒါဆိုကျမပြန်ပြီ”
“အင်း”
သူခေါင်းညိမ့်ပြရင်ပဲသူမကပျောက်သွားသည်…
“ဒါတွေ…ဒါတွေ…အားလုံးသေချာပြင်လိုက်”
“ဟုတ်ကဲ့”
“ဖုန့်ရန်”
“ကျင်ကျန့်”
“နတ်မင်းကအမိန့်ပေးလိုက်တယ်…မင်းကိုကူညီဖို့”
“မလိုဘူး…ကျမဘာသာလုပ်နိုင်တယ်”
သူမကကျင်ကျန့်ရှေ့ကနေထွက်သွားမည်အလုပ်အပေါ်မှမင်္ဂလာပွဲအတွက်ပြင်ဆင်ထားသောပန်းအိုးကပြုတ်ကျလာသည်….
“ဖုန့်ရန်”
ကျင်ကျန့်ကသူမခါးလေးအားဆွဲဖတ်လိုက်သဖြင့်နှစ်ယောက်စလုံးလဲကျသွားသည်…
“ခွမ်း!
“အား”
“ကျင်ကျန့်”
ပန်းအိုးကကျင်ကျန့်ပခုံးပေါ်သို့ပြုတ်ကျသွားတော့သည်…
“ကျင်ကျန့်ရှင့်ပခုံး”
သူ့ပခုံးမှာအကွဲစနဲ့ထိုးမိပြီးသွေးများစီးကျလာသည်….
“ဘာဖြစ်တာလဲ”
“နတ်မင်း”
“အို့…ကျင်ကျန့်သွေးတွေ”
“ဖုန့်ရန်…ကျင်ကျန့်အတွက်ဆေးထည့်ပေးလိုက်ပါ”
“ဟမ်”
“ဖုန့်ရန်မြန်မြန်သွားလေ”
“ယွန်းမီ…ငါ…”
“မြန်မြန်”
ထျန်းချီနဲ့သူမကဖုန့်ရန်နဲ့ကျင်ကျန့်အားအတူရှိအောင်သွားခိုင်းလိုက်သည်….
“ဘယ်လိုလဲကျမတော်တယ်မလား”
“အင်း…အရမ်းတော်တယ်…ဒါပေမဲ့ကျင်ကျန့်တော့မနည်းနာသွားမှာပဲ”
“ခိခိ”
“ရှောင်မီ”
“ဟင်”
“မင်းပြော…မင်းနဲ့ကိုစိတ်ကောက်ရင်ရောကိုယ့်ကိုအဲ့လိုလုပ်မှာလား”
“မပြောတက်ဘူးလေ”
“ဘာပြောတယ်…အခုတည်းကကြံစည်နေတာပေါ့လေတွေ့မယ်”
ထျန်းချီကသူမခါးကိုကလိထိုးလိုက်တော့သည်…
“အယ်…ထျန်းချီမလုပ်နဲ့…ယားတယ်”
“မှတ်ပြီလား”
“ဟုတ်ကဲ့”
မင်္ဂလာမောင်နှံနှစ်ဦးကတော့ပြုံးပျော်ကြည်နူးနေကြတော့သည်….
ဖုန့်ရန်ကကျင်ကျန့်ပခုံးကိုပေါ်အောင်ဖော်လိုက်ပြီးဒဏ်ရာကိုဆေးများထည့်ပေးလိုက်သည်…
“ဖုန့်ရန်”
ကျင်ကျန့်ကဆေးထည့်နေသောသူမလက်ကိုဆုပ်ကိုင်လိုက်ကာ…
“ဖုန့်ရန်…တကယ်တော့ကိုယ်”
“စကားမများနဲ့ဆေးထည့်ပေးမယ်”
“ကိုယ်”
“တိတ်နေ”
“ဖုန့်ရန်…ကိုယ့်ကိုစိတ်ပူနေတာလား”
“ကျမပြောနေတယ်တိတ်နေလို့”
“ကောင်းပြီ”
သူမကဆေးကိုသေချာထည့်ပေးပြီးပြန်သိမ်းလိုက်သည်….
“မင်္ဂလာပွဲမှာသုံးမဲ့ပန်းကယူရှီပန်းကအကောင်းဆုံးပဲ…ကံကောင်းခြင်းကိုယူဆောင်ပေးတယ်”
“ယူရှီပန်းကအသူရာချောက်မှာရှိတာမလား”
“ဟုတ်တယ်”
“ဒါဆိုကျမအခုပဲနတ်မင်းနဲ့ယွန်းမီအတွက်သွားခူးပေးမယ်”
“ကိုယ်လည်းလိုက်မယ်”
“ရှင့်မှာဒဏ်ရာနဲ့အနားယူနေပါကျမပဲသွားမယ်”
“စိတ်မပူပါနဲ့နတ်မင်းကမင်းနဲ့အတူလုပ်ဖို့မှာထားတယ်”
သူတို့လည်းအသူရာချောက်နက်ထဲဆင်းလာပြီးယူရှီပန်းပိုရှာလိုက်ကြတော့သည်…သိပ်မကြာခင်ယူရှီပန်းတွေကိုတွေ့လိုက်ရသည်…
“ယူရှီပန်းတွေ”
ဖုန့်ရန်ကပြောပြောဆိုဆိုပန်းတွေအားခူးလိုက်တော့သည်….
“ကျွီ…ကျွီ”
“ဘာအသံလဲ”
“ဘယ်သူလဲ”
“ကျွီ…ဝှစ်”
“အား…”
“ဖုန့်ရန်…သတိထားနွယ်ရှင်တွေ”
ကျင်ကျန့်ကသတိပေးရင်းသူကိုယ်တိုင်ပဲနွယ်ရှင်တွေကိုရှောင်ကာဖုန့်ရန်ရှိရာသို့တိုးသွားလိုက်သည်…နှစ်ယောက်သားကျောချင်းကပ်ထားပြီးရောက်လာသောနွယ်ရှင်များကိုခုခံလိုက်ကြသည်
သို့သော်လည်း…နွဟ်ရှင်များကပိုပိုများလာပြီးသူတို့နှစ်ယောက်စလုံးကိုပူးပြီးရစ်ပတ်လိုက်ကြသည်..
“ကျင်ကျန့်”
“ဖုန့်ရန်”
“ကျမ…ကျမခံနိုင်တော့ဘူးအသက်ရှုကျပ်လာပြီ”
“ကိုယ်ရောပဲ”
“ကျမတို့သေရတော့မှာလား”
“ဖုန့်ရန်…ကိုယ်မင်းကိုချစ်တယ်…ကိုယ့်မိသားစုကြောင့်မင်းကိုအကြွေးတင်နေတယ်ဒါပေမဲ့မသေခင်တော့ကိုယ်တို့အတူရှိသွားချင်တယ်”
“ကျင်ကျန့်…ကျမလည်းအတူတူပါ …အခုလိုမထင်မှတ်ပဲသေရရင်ကျမနောင်တရမိတယ်ရှင်နဲ့အတူမရှိနိုင်တာကို”
“အင့်”
နွယ်တွေကသူတို့ကိုရစ်သထက်ရစ်ပတ်လာပြီးအသက်ပင်မရှုနိုင်လောက်အောင်ဖြစ်လာသည်…
“ကျင်ကျန့်…အခွင့်အရေးသာရှိခဲ့ရင်ကျမ…အား…ကျမ…ရှင်နဲ့…လက်ထပ်ချင်သေးတယ်”
ပြောရင်းသူမကမျက်လုံးအစုံကမှိတ်ကျသွားသည်…လက်ထဲကယူရှီပန်းတွေကတော့ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလျက်…သူလည်းမကြာခက်မှာပဲအရာအားလုံးကိုမှောင်မိုက်သွားရတော့သည်…..
သူတို့သတိရလာတော့နတ်ပြည်ပြန်ရောက်နေသည်..
“ဟင်…ကျင်ကျန့်”
“ဖုန့်ရန်”
“ကျင်ကျန့်…ကျမတို့သေပြီမဟုတ်ဘူးလား”
“ဟုတ်တယ် …နင်တို့နှစ်ယောက်လုံးသေပြီငါသာလိုက်မကြည့်ပေါ့”
“ယွန်းမီ”
“ငါကြားလိုက်ပါတယ်…မသေခဲ့ရင်ရှင်နဲ့လက်ထက်ချင်ပါသေးတယ်လို့ပြောလိုက်တာ”
“အဲ့…ယွန်းမီ”
“ဘာလဲ…မဟုတ်ဘူးလား…ဖုန့်ရန်နင်ကျင်ကျန့်ကိုမုန်းနေတာလည်းမဟုတ်ပဲနဲ့အရင်လိုပြန်သင့်မြတ်သင့်ပြီ”
“ဖုန့်ရန်…အသူရာချောက်မှာကိုယ်တို့သေခဲ့ရင်အခုလိုပြန်တွေ့နိုင်ပါအုံးမလား…နောက်ထပ်အခွင့်အရေးအခုလိုရှိပါ့အုံးမလား”
“ကောင်းပြီငါအရင်သွားနှင့်မယ်ဖုန့်ရန်…အဆက်ပြေအောင်ပြောကြပါ…နင်တို့အသက်စွှန့်ပြီးယူခဲ့တဲ့ယူရှီပန်းကိုတော့ငါယူသွားပြီ”
သူမကတော့နှစ်ယောက်သားအဆင်ပြေအောင်ရှောင်ထွက်ခဲ့သည်….
“ဖုန့်ရန်…”
“ရှင်မမေးနဲ့ကျမ…မမှတ်မိတော့ဘူ”
“ဟမ်…ကိုယ်ဘာမှမပြောရသေးဘူးလေ”
“ကျမသိတယ်ရှင်အသူရာချောက်မှာဖြစ်ခဲ့တာကိုမေးမှာကို”
“မဟုတ်ပါဘူး…မင်းသက်သာပြီလားမေးမလို့ပါ”
သူ့စကားနဲ့ဆိုတော့ဖုန့်ရန်လည်းရှိုးတိုးရှန်းတန်းဖြစ်သွားသည်….ကျင်ကျန့်ကသူမကိုကြည့်ကာခိုးပြီးရယ်လိုက်သည်…
“ဒါဆိုအဲ့မှာပြောခဲ့တာတွေတကယ်မမှတ်မိတော့ဘူးပေါ့”
“ဟုတ်တယ်”
“အင်း…မမှတ်မိဘူးလည်းပြောသေးတယ်ဘာလို့အသူရာချောက်မှာဖြစ်ခဲ့တာလို့ပြောတာလဲ”
“ရှင်”
“ဟင်…ပြောလေ”
သူမကရှက်ကိုးရှက်ကန်းဖြင့်နှုတ်ခမ်းစူသွားတော့ကျင်ကျန့်ကအနားကိုတိုးထိုင်လိုက်ပြီးသူမလက်ကိုဆုပ်ကိုင်လိုက်သည်…သူမမေးစေ့ကိုကိုင်ကာဆွဲလှည့်လိုက်တော့မျက်လုံးချင်းစုံသွားတော့သည် …..
“ဖုန့်ရန်…မင်းကိုယ့်ကိုလက်ထပ်မယ်လို့ပြောခဲ့တယ်လေ”
“ရှင်…ကျမအဲ့တုန်းကဒုက္ခရောက်နေလို့ပါ…ရှင်စိတ်ထဲမထားနဲ့”
“ဟုတ်လားဒါဆိုကိုယ်အခုပဲအသူရာချောက်ကိုပြန်သွားလိုက်တော့မယ်”
ကျင်ကျန့်ကချက်ချင်းထရပ်လိုက်တော့…
“ကျင်ကျန့်”
သူမကသူ့လက်အားဖမ်းဆွဲထားသည်….
“လွှတ်ပါ…မင်းကကတိမှမတည်တာအဲ့မှာတည်းကပြီးသွားသင့်တဲ့အရာပါကိုယ်သွားမယ်”
“ကျင်ကျန့်မရဘူး…ကျမခွင့်မပြုဘူး”
ငိုသံသဲ့သဲ့လေးနှင့်ပြောကာသူ့ခါးကိုဖတ်ရင်းပြောရှာသောဖုန့်ရန်ကြောင့်သူမသိမသာပြုံးလိုက်သည်….
“ဒါဆိုမင်းကိုယ့်ကိုမသွားစေချင်ရင်လက်ထပ်မှာလား”
“ဒါပေါ့”
“တကယ်လား”
“အယ်…ရှင်…လူလည်ကြတာ…ဟွန့်”
သူမကဖတ်ထားသောလက်ကိုလွှတ်ကာသူ့အားလက်သီးဖြင့်ထိုးလိုက်တော့သူကရှောင်လိုက်သဖြင့်သူမအရှိန်လွန်ပြီးလဲအကျ…ကျင်ကျန့်ကဆွဲဖတ်ထားလိုပ်သည်….
“ဖုန့်ရန်”
“ရှင်ကျမကိုအဲ့လောက်စိုက်မကြည့်နဲ့လေ”
ကိုယ်ကိုပြန်တည့်မတ်လိုပ်ပြီးသူမကမျက်နှာလွဲထားလိုက်၏….
⚜️⚜️⚜️⚜️⚜️
ခန်းမကြီးတစ်ခုလုံးစည်ကားနေပြီးနတ်သမီးနတ်သားများ…အမတများမိစ္ဆာများအားလုံးကမင်္ဂလာပွဲကိုဂုဏ်ပြုပေးကြသည်….
အခြားသူတွေသတိမထားမိတဲ့နေရာမှာတော့ရွှမ်ယီးကိုယ်ဖျောက်ကာရပ်ကြည့်နေသည်…သူချစ်ရသောမိန်းကလေးမင်္ဂလာပွဲကိုပေါ့….
“နတ်မင်းနဲ့အရှင်မကိုဂုဏ်ပြုပါတယ်”
“ကောင်ပြီ”
ထျန်းချီတဲ့သူမကတော့အတူထိုင်ကာပြုံးပျော်နေကြသည်….ထိုပျော်စရာအချိန်အခါတွေအားမကြာခင်မှာပဲပျက်သုဥ်းဖို့ရာအကြောင်းဖန်လာရတော့သည်…..
“မကောင်းတော့ဘူး….ကြယ်တာယာတွေပြောင်းပြန်ဖြစ်ကုန်ပြီ”
“ဘာ”
သူမအံ့သြသွားသည်…
“ဘယ်သူကများကြယ်တာယာအစုအဝေးကိုပြသနာဖန်တီးရဲတာလဲ”
အမှန်တရားနတ်မင်းတွေရောအခြားနတ်တွေအားလုံးသောလာရောက်သူတွေကလည်းအံ့သြစွာထရပ်လိုက်ကြသည်….
“ဝီး…..ဝီး…”
လေပြင်းတိုက်သံနဲ့အတူအခိုးအငွေ့တစ်ချို့မင်္ဂီလာခန်းမထဲရောက်လာပြီးနတ်သမီးတစ်ပါးအသွင်ပြောင်းလဲသွားသည်….ထိုသူက…
“ဟင်…ဟာ”
“ယွဲ့မိ”
အားလုံးသောအံ့သြမှုနဲ့အတူယွဲ့မိကတော့တည်ကြည်လေးနက်သောမျက်နှာထားဖြင့်ပြုံးနေသည်….
“ထျန်းချီ…ကျမပြန်လာပြီ”
“ယွဲ့မိ”
ထျန်းချီကယွဲ့မိကိုမြင်တော့အတိုင်မသိဝမ်းသာစွာဖြင့်ပိုင်ယွန်းမီလက်ကိုလွှတ်ချကာယွဲ့မိအားပြေးဖတ်လိုက်သည်…
“ထျန်း…ချီ”
သူမကလည်းပြန်လည်ထွေးပွေ့ကာဖတ်ထားလိုက်သည်….အားလုံးသောသူများငေးပြီးကြေညင်နေစဥ်ပိုင်ယွန်းမီလက်ထဲမှယူရှီပန်းတွေဟာလွတ်ကျသွားတော့သည်….
နုဖက်လှသောပန်းတွေကအောက်သို့ပြုတ်ကျပြီးပွင့်လွှာလေးများပင်ပဲ့ကုန်သည်….သူမရဲ့မျက်ဝန်းမှမျက်ရည်များကလည်းမျက်ဝန်းအတွင်းဝေ့ဝဲတက်လာသည်….
“ယွဲ့မိ…လာခဲ့”
ထျန်းချီကယွဲ့မိလက်ကိုတွဲကာသူမရှိရာသို့ခေါ်လာခဲ့သည်…သူမရပ်နေသောနေရာကိုယွဲ့မိအားအတင်းပေးရပ်လိုက်ကာသူမကအလိုလိုနောက်ဆုတ်ပြီးသားဖြစ်သွားသည်….
ယွဲ့မိရဲ့ခြေထောက်တွေကယူရှီပန်းတွေအားတက်နင်းထားပြီးပန်းတွေအားချေမွပစ်လိုက်သည်…
“မလုပ်နဲ့”
သူမကယွဲ့မိအားတွန်းထုတ်ပစ်လိုက်ကာပန်းကြွေတွေကိုတယုတယကောက်ယူလိုက်သည်….
သူမတွန်းလိုက်သောကြောင့်ယွဲ့မိကထျန်းချီရင်ခွင်ထဲယိုင်ကျသွားသည်….
“ပိုင်ယွန်းမီ…မင်းဘယ်လိုလုပ်လိုက်တာလဲ”
“ဟမ်”
“ကြယ်တာယာနတ်သမီးပြန်လာတာကိုမြန်မြန်အရိုအသေမပေးကြသေးဘူးလား”
“ဘာ”
သူမနားကိုမယုံကြည်နိုင်လောက်အောင်ဖြစ်သွားသည်….
“ကြယ်တာယာနတ်သမီးကိုကြိုဆိုပါတယ်”
“ကောင်းပြီ….ကျမပြန်လာပြီဆိုတော့ထောင်ယွဲ့တောအုပ်နဲ့ကြယ်လခန်းဆောင်ကအရင်တိုင်းပြန်လည်စည်ကားစေရမယ်”
“ဒါကဘာလဲ…ထျန်းချီ…ကျမတို့မင်္ဂလာပွဲက”
“တော်ပြီ…အခုအဲ့တာကအရေးမကြီးတော့ဘူးယွဲ့မိပြန်လာပြီ…မင်းကတော့ငါ့ရဲ့သားရဲပဲ”
“ဘာ!…ကျမတို့ကအခုအကြင်လင်မယားဖြစ်ရမှာလေ…ကြယ်တာယာနတ်သမီးပြန်လာတာနဲ့ပဲမင်္ဂီလာပွဲဖျက်လိုက်ရမှာလား…မဖြစ်နိုင်ဘူး”
“ဘယ်လိုတောင်အတင်ရဲတာလဲသူ့ကိုယ်သူကြယ်တာယာနတ်သမီးဖြစ်နေတုန်းလို့ထင်နေတာလားမသိဘူး”
“ဟုတ်တယ်…နတ်မင်းကယွဲ့မိနတ်သမီးရဲ့မူလစွမ်းအားအရင်ကသူ့မှာရှိနေလို့မျက်နှာသာပေးတာကိုကိုယ့်ကိုကိုအထင်ကြီးလွန်းနေတယ်”
“ဟုတ်တယ်”
နတ်တွေရဲ့ကဲ့ရဲ့မှုတွေကသူမပေါ်ပုံကျလာသည်…
“ဟွန့်…နတ်ပြည်ရဲ့သနားကြင်နာမှုကဘယ်မှာလဲ…တကယ်ဆိုအရှင်မပိုင်ယွန်းမီကထျန်းချီနတ်မင်းကိုယ်တိုင်ရွေးခဲ့တဲ့ဇနီးလောင်းပဲလေ…ယွဲ့မိနတ်သမီးပြန်လာတာနဲ့တော့….အရှင်မကိုမပစ်ပယ်သင့်ဘူး”
“ဟုတ်တယ် ..ဟုတ်တယ်”
မိစ္ဆာတွေကတော့သူမဘက်နေထောက်ခံပြောဆိုကြပြန်သည်….
“တော်ကြစမ်း …..အခုကစပြီးပိုင်ယွန်းမီဟာနတ်သားရဲတစ်ယောက်ပဲဒါကသူအရင်ကယွဲ့မိရဲ့မူလစွမ်းအားကိုရှိခဲ့တာကြောင့်သနားကြင်နာမှုပဲ”
“မှန်တယ်…တကယ်ဆိုပိုင်ယွန်းမီဟာဒီလောကထဲကမဟုတ်ဘူးသူမကသာမန်ပဲထျန်းချီရဲ့ကြင်နာမှုကိုမင်းသိတက်ပါစေ”
“ရှန့်ကူ”
ရှန့်ကူစကားကြောင့်သူမပို၍ဝမ်းနည်းမိသည်…
“ကောင်းရော….လောကပါလနတ်သမီးကိုယ်တိုင်တောင်မှဘက်လိုက်ပြောဆိုနေပြီပဲ”
“မင်းမှာအမှန်တရားနတ်မင်းတွေကိုဝေဖန်ပိုင်ခွင့်မရှိဘူးပိုင်ယွန်းမီ”
“ပိုင်ကျွယ်…နင်လည်းငါ့ကိုဘယ်ဟာကအမှန်တရားဆိုပြီးပြောဖို့မတန်ဘူး…ယွဲ့မိ…နင်သွားသေလိုက်တော့”
သူမကအရင်ယွဲ့မိအားတိုက်ခိုက်လိုက်သည်….
“ရိုင်းလိုက်တာ”
“ရွှမ်း”
“အား”
ထျန်းချီရဲ့ခရမ်းရောင်ကြာပွတ်ကသူမကျောပြင်ထက်ရောက်ရှိသွားသည်….
“မတန်ဘူး…ငါနတ်ပြည်တစ်ခုလုံးကိုကယ်တင်ခဲ့တာတောင်ပြန်ရတဲ့အရာကမတန်ဘူး….ငါယွဲ့မိမူလစွမ်းအားကိုလက်ခံပေမဲ့ငါ့တွက်ကနေရာမရှိခဲ့ဘူး”
“သူမကိုအခန်းပိတ်ထားလိုက်ကြ”
သူမရဲ့အစွမ်းကအမှန်တရားနတ်မင်းတွေကိုရင်ဆိုင်ဖို့မတက်သာပေ…ဒါ့ကြောင့်သူမအားစာကြည့်ဆောင်တွင်ပိတ်ထားလိုက်ကြသည်….
⚜️⚜️⚜️⚜️⚜️
“ဘာလို့လဲ…ဘာလို့လဲ”
“မီမီ”
“ဟင်…ရွှမ်ယီး…ရှင်ဘယ်လိုရောက်လာတာလဲ”
“မီမီ…အားလုံးငါမြင်ပြီးပြီ…သူတို့မင်းကိုအခုလိုပိတ်ထားရဲသေးတယ်…စိတ်မပူနဲ့ဒီအတားအဆီးကိုငါဖျက်နိုင်တယ်”
“ရွှမ်ယီး…မလုပ်နဲ့….ဒါကရှန့်ကူကိုယ်တိုင်အတားအဆီးလုပ်ခဲ့တာ”
“မီမီ…နင့်ဒဏ်ရာ”
“ငါရတယ်”
“ဟွန့်….ထျန်းချီ…မင်းကမီမီကိုထိခိုက်အောင်လုပ်ရဲတယ်….ငါတော့နတ်ပြည်ကိုနောက်တစ်ကြိမ်ပြန်ပြီးဖျက်စီးရတော့မယ်ထင်တယ်”
“ရွှမ်ယီး….မလုပ်ပါနဲ့”
“မီမီ”
ရွှမ်ယီးကသူမကိုအားမလိုအားမရကြည့်လိုက်သည်…
“ရွှမ်ယီး…ကျမရှင့်ကိုပြောဖူးတယ်…ခွန်းဝူမှာကျမအိပ်ပျော်နေတုန်းတစ်ခုခုအခိုးခံလိုက်ရတယ်ဆိုတာလေ”
“အင်း”
“ကျသိပြီ….ကျမရဲ့ယွဲ့မိနတ်စွမ်းအားတစ်ချို့အခိုးခံလိုက်ရတယ်….ကြယ်တာယာတွေကိုကျမအခုစီမံလို့မရတော့ဘူး”
“မီမီ….မင်းဘာလုပ်မှာလဲ”
“ကျမဒီမှာပဲနေအုံးမယ်…သူတို့ပြန်လွှတ်ပေးတာကိုစောင့်ရမယ်”
“ကောင်းပြီ…သူတို့မင်းကိုဒီ့ထက်အနိုင်ကျင့်လာရင်နတ်ပြည်ကိုတစ်စစီလုပ်ပစ်မယ်”
ရွှမ်ယီးကပြောပြီးပျော်သွားသည်….သူငရဲပြည်ပြန်ရောက်တော့ချက်ချင်းပဲချန်ချန်းအားလာဖို့အကြောင်းကြားစာပို့လိုက်သည်… မကြာခင်မှာပဲချန်ချန်းနဲ့အားလီကရောက်လာတော့သည်….
“အရှင်…အရေးကြီးလို့လား”
“မှန်တယ်…အခုမီမီကနတ်ပြည်မှာအပိတ်ခံထားရတယ်…နတ်မင်းတွေဘာတွေကြံစည်နေတာလဲခန့်မှန်းလိုမရဘူးအကယ်၍မီမီကိုစိတ်ဆင်းရဲအောင်လုပ်ရင်ငါနတ်ပြည်ကိုတိုက်ရမယ်”
“အရှင်…နတ်သမီးကကျမရဲ့ကျေးဇူးရှင်ပါပြီးတော့အားလီကိုကျမဆီပြန်ပို့ပေးခဲ့တယ်…နတ်သမီးအတွက်လိုအပ်ရင်ချန်ချန်းရဲ့အသက်ပါစွှန့်နိုင်ပါတယ်”
“ကျွန်တော်လည်းတူတူပဲ…နတ်သမီးကကျွန်တော့်ရဲ့ဆရာပါ”
“ကောင်းပြီ…နတ်ပြည်ကိုပုန်ကန်ချင်သူတွေကိုငါတို့စည်းရုံးထားဖို့လိုတယ်”
“ကျမတာဝန်ထားလိုက်ပါအရှင်”
⚜️⚜️⚜️⚜️⚜️
“ကျွီ”
“ထျန်းချီ…ရှင်လာတယ်”
ပိုင်ယွန်းမီကပွင့်လာသောတံခါးရှေ့ကထျန်းချီကိုပြေးဖတ်လိုက်သည်….
“ရှောင်မီ…မင်းငါ့သားရဲလုပ်ချင်သေးလား”
“အင်း…ကျမလုပ်မယ်”
“ဒါဆိုရင်…ယွဲ့မိကိုထိခိုက်အောင်မလုပ်ပါဘူးလို့ကတိပေး”
“ဘာ…ထျန်း…ထျန်း…ချီ…ရှင်ဘယ်လိုတောင်ပြောင်းလဲသွားနိုင်ရတာလဲ”
“တောင်းပန်ပါတယ်…ငါမင်းကိုမဖထိခိုက်စေချင်ပါဘူး …ဒါပေမဲ့ယွဲ့မိကငါ့ချစ်တဲ့သူလေ”
“ထျန်းချီ…ဒါဆိုကျမကရော”
“မင်းကတော့ယွဲ့မိမူလစွမ်းအားကြောင့်ပါ”
“ဒါဆို…ဒါဆို…ရှင်က…ကျမကိုကြားခံတစ်ခုအဖြစ်သဘောထားခဲ့တာပေါ့”
“ဟုတ်တယ်”
“ကောင်းပြီ…ကျမ…ကျမနားလည်ပါပြီ…အရှင်…အရှင့်ရဲ့သားရဲအဖြစ်ကျမဆက်ရှိပါ့မယ်”
သူမကဒူးထောက်ချလိုက်ပြီးထျန်းချီအားအရိုအသေပေးလိုက်သည်….
“ပိုင်ယွန်းမီ…ငါ့အတွက်လက္ဘရည်သွားယူခဲ့ပါ…ပြီးတော့ဆောင်းဦးရာသီရဲ့ဦးဆုံးထွက်တဲ့လက်ဖက်ရွက်နုနဲ့ခတ်လာခဲ့”
“နတ်သမီး…ဒါကဘယ်လိုဖြစ်နိုင်မှာလဲ…ဆောင်းဦးရာသီရဲ့လက်ဖက်ရွက်နုကအလွယ်တကူခူးလို့မရဘူး…ကန့်သတ်နယ်မြေရဲ့ဖုန်ဆိုးမြေမှာပဲခူးလို့ရတာလေ”
“ပိုင်ယွန်းမီ…ဆင်ခြေတွေပေးမနေနဲ့…မင်းကထျန်းချီရဲ့သားရဲ…ဒါလေးတောင်မလုပ်နိုင်ရင်ရှေ့ဆက်ပြီးထျန်းချီကိုဘယ်လိုကာကွယ်မလဲ”
“ကျမအခုပဲသွားခူးခဲ့ပါ့မယ်”
သူမလည်းယွဲ့မိရှေ့မှချက်ချင်းထွက်လာပြီးကန့်သတ်နယ်မြေဆီလာခဲ့တော့သည်….
“ယွဲ့မိ…နင်ဘာလုပ်နေတာလဲ”
“ထျန်းချီ…ရှင်လာပြီလား…ကျမပိုင်ယွန်းမီကိုလက္ဘရည်ယူခိုင်းထားတယ်…သူသွားတာတော့ကြာပြီ…ဘာလို့ကြာနေလဲမပြောတက်ဘူး”
“ထားလိုက်ပါသူကအမြဲသူလုပ်ချင်တာလုပ်နေတက်တာ”
“အင်း…ရှင့်သားရဲကိုကျမအပြစ်မပြောပါဘူး ..ဒါပေမဲ့ဒါကနတ်ပြည်လေစည်းမျဥ်းတွေမလိုက်နာရင်ဘယ်လိုလုပ်မလဲ”
“နတ်သမီးကျမရောက်ပါပြီ”
“ဟင်”
“နင်ဘာဖြစ်လာတာလဲ”
သူတစ်ကိုယ်လုံးဒဏ်ရာတွေအပြည့်နဲ့မြင်လိုက်တော့ထျန်းချီစိတ်ပူသွားသည်….
“ဒါက…ဆောင်ဦးရာသီရဲ့လက်ဖက်ရွက်နုခူးရင်းရခဲ့တာပါ”
“ဘာ!…ရှောင်မီ…ကန့်သတ်နယ်မြေကအမှန်တရားနတ်မင်းကလွဲရင်တခြားသူမဝင်ရဘူးဆိုတာမသိဘူးလား…မင်းစည်းကမ်းကိုချိုးဖောက်တာပဲ”
“အရှင်…ဒါကယွဲ့မိနတ်သမီး”
“တော်စမ်း …မင်းလုပ်ချင်တာလုပ်ပြီးယွဲ့မိခိုင်းတယ်မပြောနဲ့”
“ပိုင်ယွန်းမီ…မင်းငါ့ကိုသဘောမကျရင်တောင်မှနတ်မင်းကိုဒီလိုကုန်းမတိုက်သင့်ဘူးနော်”
“ဘာ!…ကျမမလိမ်ဘူး…ယွဲ့မိနတ်သမီးကလက္ဘရည်ထဲထည့်ဖို့အတွက်စေခိုင်းခဲ့တာလေ…ကျမကအရူးထပြီးအန္တရာယ်ရှိတဲ့နေရာသွားမယ်ထင်လို့လား”
“တော်လောက်ပြီ…အမြဲတမ်းမင်းမှန်တယ်ထင်တာကိုလုပ်တယ်ပြီးရင်သူများတွေကိုဝေဖန်ချင်သေးလား”
“အရှင်…အရှင်ကအခုတော့ကျမကိုတောင်မယုံတော့ဘူးပေါ့”
“ငါယွဲ့မိကိုယုံတာပါ”
ထျန်းချီစကားကြောင့်သူမရင်ထဲစူးနစ်သွား၏…
“ဟွင့်….ကောင်းပါပြီ…ကျမအမှားပါ”
သူမကနှုတ်ခမ်းကိုမဲ့ပစ်ကာသူတို့ကိုကျောခိုင်းလိုက်သည်….သူမရဲ့အမြင်အာရုံကဝေဝါးလာပြီးမည်သည့်အရာကိုမှမသဲကွဲတော့ပေ…ခြေလှမ်းတွေကယိုင်လာပြီးလဲကျသွားတော့သည်…..
“ထျန်းချီ….မီမီဘယ်မှာလဲ”
“သူမသတိမေ့နေတယ်…မင်းအထဲဝင်လို့မရဘူး…ဒါကနတ်ပြည်”
“ဖယ်စမ်းပါ…နတ်ပြည်ပြည်မကလို့ဘာဖြစ်ဖြစ်မီမီသာတစ်ခုခုဖြစ်ရင်ငါ…နတ်ပြည်ကိုတစ်စစီလုပ်ပစ်မယ်”
ထျန်းချီကိုစောင့်တွန်းပြီးရွှမ်ယီးတို့ဝင်လာခဲ့တော့သည်….
“မီမီ”
“ဆရာ”
သူမဘေးအသာထိုင်ရင်းယွီမော့ကလက်ကိုစမ်းလိုက်သည်…
“ဟင်”
သူ့မျက်လုံးပြူးသွားတော့သည်….
“အားလီ….နတ်သမီးကဘာဖြစ်တာလဲ”
ချန်ချန်းကပျာပျာသလဲမေးလိုက်သည်…
“မီမီအခြေအနေကဘာလဲ”
“အရှင်…ဆရာ…ဆရာကအဆိပ်မိသွားတာ…ပြီးတော့…”
သူဆက်မပြောပဲမျက်နှာပျက်နေ၏….
“ပြီးတော့ဘာဖြစ်လဲ”
“အရှင်….ဆရာ…ဆရာမှာကိုယ်ဝန်ရှိနေပြီ”
“ဘာ!
“ကျွန်တော်နားမလည်ဘူး…လုဟန်ကဘာလို့ဆရာ့ကိုဒီလိုဆက်ဆံတာလဲ”
“အားလီ…ရှင်တုံးမနေနဲ့ဒါကလုဟန်မဟုတ်ဘူး…အမှန်တရားနတ်မင်းထျန်းချီ”
“ဟမ်”
“ထျန်းချီ…ငါမင်းနဲ့စကားပြောမယ်”
“အရှင်”
“ဘယ်သူမှလိုက်မလာနဲ့”
သူနဲ့ထျန်းချီအပြင်သို့ထွက်လာခဲ့သည်….
“ထျန်းချီ…မီမီအတွက်မင်းငါ့ကိုဖြေရှင်းချက်ပေးစမ်း”
“ငါကဘာကိုပေးရမှာလဲ”
“ထျန်းချီ….မင်းရဲ့ကလေးကိုမီမီလွယ်ထားရတာမင်းကခေါင်းရှောင်ချင်သေးတယ်…ငါရွံ့တယ်နတ်ပြည်ကဟာတွေကအဆင့်အတန်းမြင့်နတ်ဘုရားအတွက်ဆိုနိမ့်ကျသူတွေကိုဖိနှိမ့်ပြီးအသုံးထျတာပဲ”
“နတ်ပြည်ရဲ့စည်းမျဥ်းစည်းကမ်းကိုမင်းထောက်ပြဖို့မလိုဘူး”
“မမေ့နဲ့နတ်ပြည်တည်တန့်ဖို့ငရဲပြည်မှာမီမီကသူ့ရဲ့မူလနတ်သားရဲစွမ်းအားကိုချိတ်ပိတ်ပစ်ခဲ့တာ….ဒါတောင်မှသူမအတွက်ကအပြစ်ဒဏ်ပေးဖို့လား”
“ဟုတ်တယ်…မင်းနားမလည်နိုင်တာကိုငါ့မှာပြောပြဖို့မလိုအပ်ဘူး”
“မင်း…ကောင်းပြီ…နတ်ပြည်အတွက်စစ်သားဆုဆောင်းထား…လောကအရှင်ရွှမ်ယီးနောက်တစ်ခေါက်နတ်ပြည်ကိုဖျက်စီးဖို့လာခဲ့မယ်”
“အင့်…ကျစ်”
“ဆရာ”
“နတ်သမီး”
သူမမျက်လုံးဖွင့်လိုက်ရင်ပဲမြင်ရသည်ကစိုးရိမ်နေသည့်ချန်ချန်း….ယွီမော့နဲ့ရွှမ်ယီးဖြစ်နေသည်….
“နင်တို့….ဘယ်လိုလုပ်ပြီးရောက်နေတာလဲ”
“အရူးမလေး…ငါဘယ်နေရာဖြစ်ဖြစ်သွားလာနိုက်တယ်”
“ထျန်းချီရော…သူရှင်တို့ကိုမတားဘူးလား”
“သူမတားနိုင်ပါဘူး”
“ဆရာ…ဆရာနောက်ဆိုတိုက်ခိုက်တာတွေမလုပ်ပါနဲ့တော့….အထူးသဖြင့်နတ်မင်းထျန်းချီအတွက်ပေါ့….ကိုယ့်ကိုကိုမငဲ့ရင်တောင်ဗိုက်ထဲကကလေးကိုငဲ့ပါ”
“ဟင်….ကလေး…ငါ…ငါလား”
“ဟုတ်ကဲ့…ဆရာ့မှာကိုယ်ဝန်ရှိနေတာပါ…တပည့်အဆိပ်ကိုတော့ဖြေပြီးပြီးအားရှိမဲ့ဆေးတွေလည်းထားခဲ့မယ်”
“မီမီ…ငရဲပြည်ပဲပြန်လိုက် ခဲ့ပါကိုယ်မင်းကိုစောင့်ရှောက်နိုင်တယ်…ဘယ်သူမှအနိုင်မကျင့်အောင်”
“ရွှမ်ယီး…ရှင်လေ…ကျမအပေါ်အရမ်းကောင်းတယ်
အဲ့ကြင်နာမှုကိုကျမမခံယူဝံ့ဘူး”
“မလိုပါဘူး…မင်းကငြိုငြင်စရာမဟုတ်ဘူး”
“ဒါပေမဲ့ကျမထျန်းချီရဲ့နတ်သားရဲပဲဖြစ်ချင်တယ်…ပြီးတော့ထျန်းချီရဲ့ကလေးကျမမှာရှိနေပြီကျမနတ်ပြည်မှာပဲနေမယ်”
“မီမီ”
“ကျမသိပါတယ်…ရှင်နဲ့လိုက်ရင်ကျမပျော်ရွှင်ရမှန်းဒါပေမဲ့ကျမမလိုက်နိုင်ဘူး”
သူတို့လဲလက်လျော့ပြန်ခဲ့ရတော့သည်….
သူမလည်းမက်မွန်တောအုပ်ဆီလျှောက်လှမ်းရင်းသူမနဲ့အတူရှိခဲ့သောမက်မွန်ပင်အောက်တွင်ရပ်လိုက်သည်….
ကြွေကျလာသောပန်းကြွေလေးများကိုလက်ဖြင့်ခံရင်းစိတ်ထဲမှာတဆက်ဆက်နာကျင်လာသလိုနှလုံးသားကလည်းတလှပ်လှပ်လှုပ်ခါနေသည်….
“ထျန်းချီ….ရှင်ဘာလို့ကျမကိုစွှန့်ပစ်ရတာလဲ…ရှင်ကကျမကိုဘယ်တော့မှမယုံကြည်ခဲ့ဘူးပဲ”
သူမရဲ့မျက်ရည်စတွေကအောက်သို့တစ်စက်ချင်းကြွေကျကုန်ပြန်သည်….
မက်မွန်ပင်အားငေးကြည့်နေသောသူမအားတစ်နေရာမှကွယ်ကြည့်နေသူကထျန်းချီပါ….
“ရှောင်မီ…ကိုယ့်ကိုခွင့်လွှတ်ပါ…ဒါကမင်းနဲ့ကိုယ့်ရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်ဖို့ပါ”
သူလည်းသူမအားတစ်ဝကြီးကြည့်ရင်းဘိုးဘေးကျောက်တုံးထံသွားတော့သည်….
“ကံကြမ္မာကမပြောင်းလဲဘူး…လူ့ပြည်မှာအချစ်ကျိန်စာပြယ်ပေမဲ့ကံကြမ္မာကမပြောင်းလဲဘူး”
“ထျန်းချီ”
“ပိုင်ကျွယ်…ငါအခုသူမကိုရက်စက်ရတော့မယ်”
“အချစ်စစ်ကမလွယ်ကူဘူး…မင်းလက်ခံရမယ်”
“ငါလက်ခံမှာပါ…သူမအတွက်”
သူအပြုံးတွေကအသက်မဝင်လှပါ.. .
⚜️⚜️⚜️⚜️⚜️
“မီမီ…နင်ဘာလို့ငါ့ကိုခေါ်တာလဲ…ငါနဲ့အတူပြန်လိုက်ဖို့လား”
“မဟုတ်ဘူး…ကျမစိတ်တွေမွန်းကျပ်လို့ပါ”
“ရော့”
“ဘာလဲ”
“ဒါကဆေးတစ်မျိုး…မင်းကိုပျော်အောင်လုပ်ပေးလိမ့်မယ်”
“ဟုတ်လား”
“အင်း”
“ရွှမ်ယီး….ရှင်အရမ်းကောင်းတာပဲ”
“မီမီ…ကြည့်လိုက်”
သူကလက်ကိုဝေ့ယမ်းပြလိုက်သည်….
“အရှင်မကိုအရိုအသေပေးပါတယ်”
“ဒါက…မင်းအတွက်ရိုသေသူတွေရှိကြောင်းပြတာ…အရေးကြုံလာရင်သူတို့ကမင်းကိုအသက်ပေးကာကွယ်မဲ့သူမျိုးတွေ”
“ရွှမ်ယီး…သူတို့ကမိစ္ဆာမျိုးနွယ်ကမလား”
“မှန်တယ်”
“တကယ်တော့မိစ္ဆာတွေကရိုးရှင်းတယ်…နတ်ပြည်လိုမဟုတ်ဘူး”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)