နတ်ဘုရားရဲ့သားရဲငယ် - Part 19
“ငါကငါရှင်သန်စေချင်တဲ့သူအားလုံးကိုရှင်သန်အောင်လုပ်နိုင်သလိုငါသေစေချင်တဲ့သူကိုလည်းငါသေအောင်လုပ်နိုင်တယ်….ထျန်းချီ…ရှင်ကကံကြမ္မာကိုပြောင်းလဲချင်လောက်အောင်ကျမကိုမယုံကြည်ခဲ့ဘူး…အခုနတ်ပြည်နဲ့မပတ်သတ်တော့ဘူး…တစ်နေ့နေ့မှာနတ်တွေအမှားငါ့ကိုထပ်လုပ်ရင်ရွှမ်ယီးအတွက်မျှတမှုပြန်ယူမယ်
ဟုန်ရိ…ယွီမော့…ချန်ချန်း…သွားရအောင်”
“ဟုတ်ကဲ့”
သူတို့လည်းထိုနေရာမှထွက်လာခဲ့ကြသည်….
“ယွန်းမီ…နင်ဘယ်သွားမှာလဲ”
သူမကအဝေးကိုငေးကြည့်ရင်း…
“ငရဲပြည်ကမကြာခင်ပျက်စီးတော့မှာလေ…အခုတိမ်ဖြူရောင်ဥယျာဥ်ကိုသွားကြတာပေါ့”
“အရှင်မ…တိမ်ဖြူရောင်ဥယျာဥ်ကအရှင့်ရဲ့စွမ်းအားနဲ့တည်ဆောက်ခဲ့တာလေ…အခုသူမရှိ…”
“ရွှမ်ယီးအစွမ်းတွေကငါ့စီမှာတိမ်ဖြူရောင်ဥယျာဥ်ကိုတော့ငါပြုစုလို့ရနိုင်မှာပါ”
“ယွန်းမီ…ငရဲပြည်သာပျက်စီးရင်အားလုံးဒုက္ခရောက်မှာ…နင်ဒီတိုင်းပဲနေမှာလား”
“ဟင်းဟင်း…အဲ့ဒါနတ်ပြည်ရဲ့ကိစ္စပဲ…ငါတို့စိတ်ပူဖို့မလိုဘူး”
“ရောက်ပြီ…အရှင်ရွှမ်ယီးမရှိတော့ပေမဲ့ဒီနေရာကအရင်လိုပါပဲလားပြုပြင်စရာတောင်မလိုဘူး”
ချန်ချန်းစကားကြောင့်သူမပင်ငေးကြည့်နေမိသည်…
“ဟုန်ရိ…ပိုင်ကျွယ်ကနင့်သခင်လေ…နင်ငါတို့နဲ့နေမလို့လား”
“ယွန်းမီ…နင်ရောဘာထူးလဲ…ထျန်းချီနတ်မင်းရဲ့သားရဲပဲဟာ”
“ငါတို့ကမတူဘူး…ဟုန်ရိ…ငါအကြောင်းစုံကိုရင်းဖန်ဆီကသိပြီးပြီ”
“ယွန်းမီ…နတ်မင်းကသူ့လက်နဲ့မင်းကိုသတ်မိမှာစိုးတာပါ…ဒါပေမဲ့သူနည်းနည်းရက်စက်ရာကျသွားတယ်”
“ဟွန့်….သူ့ငါ့အတွက်လုပ်ခဲ့တာငါသိတယ်….ဒါပေမဲ့ရွှမ်ယီးအတွက်ရောငါ့ကလေးအတွက်ပါသူမငဲ့ကွက်ဘူး…ငါ့အတွက်ဆိုတာထက်သူ့သတ်မိမှာကိုလိပ်ပြာမလုံဖြစ်နေတာပါ”
⚜️⚜️⚜️⚜️⚜️
“ရှောင်မီအပေါ်ငါရက်စက်ရာအရမ်းရောက်သွားခဲ့တာလားပိုင်ကျွယ်”
“ထျန်းချီ…ကံကြမ္မာဆိုးကမပြီးပြတ်သေးဘူး…ဘိုးဘေးကျောက်တုံးကမလိမ်တက်ဘူးငါစိတ်ပူတာသူထပ်ပြီးပြသနာရှာမှာကိုပဲ…မကြာခင်ငရဲပြည်ကလည်းပြိုကျတော့မယ်…သုံးလောကကပ်ဆိုးကိုဘယ်လိုကျော်ဖြတ်ကြမလဲ”
“ငရဲပြည်ကိုငါတို့ခဏလောက်ထိန်းချုပ်ထားနိုင်သေးတယ်မလား…နည်းလမ်းရှာကြတာပေါ့”
“မင်းဘာစဥ်းစားထားလဲ”
“ငရဲပြည်ကဘိုးဘေးနတ်မင်းတွေဖန်ဆင်းခဲ့တာ…ဘိုးဘေးနတ်မင်းရဲ့စွမ်းအားနဲ့ညီမျှတာကနတ်သားရဲပဲရှိတော့တယ်”
“ဒါဆို…ယွန်းမီလား”
“မှန်တယ်”
“ထျန်းချီ…သူမကငါတို့အားလုံးကိုစိတ်ဆိုးနေတုန်းပဲ…ငါတို့လုပ်ရပ်ကရွှမ်ယီးတင်မဟုတ်ဘူးဟုန်ရိကိုပါသေစေခဲ့တာ…ပြီးတော့…”
ပိုင်ကျွယ်ကစကားကိုဆက်မပြောပဲရပ်ပစ်လိုက်သည်….
“မင်းစိတ်ချပါ…ငါရှောင်မီကိုကျေနပ်တဲ့အထိပေးဆပ်မှာပါအခုတော့ငါတို့သုံးလောကအတွက်ကသာအရေးကြီးဆုံးပဲ”
“ငါစိတ်ပူတာ…ယွန်းမီမင်းကိုတစ်သက်လုံးစိတ်နာသွားမှာကိုပဲ”
“အဟင်း…စိတ်မပူနဲ့”
ပိုင်ကျွယ်ကတော့ခေါင်းကိုခါယမ်းလိုက်၏…
⚜️⚜️⚜️⚜️⚜️
ပန်းပင်တွေကိုပြုစုရင်းသူမအချိန်ကုန်နေသည်…လိပ်ပြာလေးများကသူမအနားရှိပန်းရောင်စုံပေါ်တွင်ခိုနားလျက်ရှိသည်….
“ယွန်းမီ…နင်ဒီပန်းတွေပဲကြည့်နေမှာလား”
“ဒါဆိုငါဘာလုပ်ရမလဲ…နတ်ပြည်ကိုသွားဖျက်စီးပစ်ရမှာလား”
“ဟိုက်ယား…နင်တော့ပြောလို့မရတော့ဘူးဘဲ”
“ဟုန်ရိ…နင်ပူညံပူညံမလုပ်လို့မရဘူးလား…နေ့တိုင်းနေ့တိုင်းငါ့ကိုဆူပူနေတာမမောဘူးလားဟမ်”
“မမောဘူး”
“ဟုန်ရိ…နင်…နင်…ဟိုအစုတ်ပလုပ်နတ်မင်းတွေကျတော့ရိုသေပြီးငါ့ကိုကျတော့နည်းနည်းလေးမှရိုသေမှုမရှိပါလား”
“ဟွန့်…”
“အဲ့ရုပ်ကဘာဖြစ်သွားရတာလဲ”
နှုတ်ခမ်းစူကာကလေးတစ်ယောက်လိုစိတ်ကောက်ပြလိုက်ပုံကြောင့်သူမရယ်ချင်မိသွား၏…..
“ကဲပါလေ…နင်ဘာပြောမလို့လဲ”
“ငါ…ငါပြောချင်တာက…နင်နဲ့ထျန်းချီနတ်မင်း…”
“တော်ပါတော့…သူ့အမည်ကိုငါမကြားချင်တော့ဘူး”
“ယွန်းမီ…သုံးလောကကပ်ဆိုးကိုနင်တကယ်ပဲလစ်လျူရှုတော့မှာလား”
“နတ်မင်းတွေအလုပ်လုပ်ပါစေ”
“ကျစ်….နတ်ဘုံတင်မဟုတ်ဘူးလူ့ဘုံမှာပါကပ်ဆိုးကျလာမှာလေ”
“နင်စိတ်ချပါ…ငါလူ့ပြည်ကိုတော့ကာကွယ်ပေးမှာ”
သူမကဟုန်ရိပခုံးကိုပုတ်ကာပြောလိုက်သည်….
“ဆရာ…ဆရာ”
“ယွီမော့…ဘာဖြစ်လာတာလဲ”
“ဆရာ…ချန်ချန်း…ချန်ချန်း”
“ချန်ချန်းဘာဖြစ်လို့လဲ”
“သူမဘာဖြစ်လဲမသိဘူး…သူ့စွမ်းအားတွေကပုံမှန်မဟုတ်ဘူးဖြစ်နေတယ်”
“ဘာ!
သူတို့လည်းချက်ချင်းပဲချန်ချန်းဆီအမြန်ပြေးလာခဲ့ကြသည်….
“အား…အား…”
“ချန်ချန်း…နင်ဘာဖြစ်တာလဲ”
“အား”
“ယွန်းမီ…ငါပြောသားပဲကပ်ဆိုးကစလာပြီထင်တယ်”
“ဘာ…အဲ့လောက်မြန်လား”
“ကျစ်…ကပ်ဆိုးပေါ်လာတာနဲ့သုံးလောကမှာရှိတဲ့သူတွေအကုန်လုံးစွမ်းအားစုပ်ယူခံရမှာပဲ”
“ငါတို့ကရော”
“မတူဘူးလေ…နင်ကစွမ်းအားအကြီးမားဆုံးသူပြီးတော့ကပ်ဆိုးကိုစခဲ့တာလေ…နင်ကိုယ်တိုင်ပဲရပ်တန့်နိုင်မှာ”
“ငါနဲ့ယွီမော့ကငါကနတ်…ယွီမော့ကလူကနေကျင့်ကြံလာတဲ့ထာဝရရှင်သန်သူ…ချန်ချန်းကြတော့လူကနေမိစ္ဆာပြောင်းလဲသွားသူဒါ့ကြောင့်သူအရင်စပြီးကပ်ဆိုးကိုခံစားရတာပဲ”
“ဒါဆို…နတ်တွေ…အမတတွေ…လူတွေကရော…ဘယ်ချိန်ဖြစ်မလဲ”
“မကြာခင်ပေါ့…မိစ္ဆတွေကတော့အခုချိန်လောက်ဆိုကပ်ဆိုးရဲ့ဆင်းရဲဒုက္ခကိုခံစားနေရလောက်ပြီ”
“မိစ္ဆာ…ဟင်…ဒါ…ဒါဆိုထျန်းချီ….ထျန်းချီကမိစ္ဆာနတ်မင်းပဲ…ဟုန်ရိ…နင်မြန်မြန်ပြော…ဒီကပ်ဆိုးကိုတားဖို့ဘာလုပ်ရမလဲ”
“ယွန်းမီနင့်သွေးနဲ့ရတယ်”
“ကောင်းပြီ”
သူမကချက်ချင်းပဲသူ့လက်ဝါးကိုဓားနဲ့လှီးကာ…သူမလက်မှထွက်လာသောသွေးများကိုချန်ချန်းအားသွင်းပေးလိုက်သည်….
ခဏလောက်ကြာတော့ချန်ချန်းရဲ့စွမ်းအားကပုံမှန်ဖြစ်သွားသည်….
“ယွန်းမီ…ချန်ချန်းတင်မကဘူးမိစ္ဆာအားလုံးလည်းချန်ချန်းလိုပဲဖြစ်မှာ…စွမ်းအားမြင့်တဲ့သူတွေကတော့ထိန်းချုပ်ထားနိုင်ပေမဲ့…ကြာကြာမခံနိုင်လောက်ဘူး”
သူမကတစ်ချက်တွေဝေသွားပြီးသူတို့ကြားမှပျောက်သွား၏….
“အယ်…ယွန်းမီဘယ်ရောက်သွားတာလဲ”
⚜️⚜️⚜️⚜️⚜️
ပိုင်ယွန်းမီမိစ္ဆာပြည်သို့ရောက်သော်မိစ္ဆာအားလုံးစွမ်းအားစုပ်ယူခံနေရသည်….
သူမလည်းလက်ကသွေးများကိုထုတ်ယူကာသူမအစွမ်းဖြင့်အားလုံးပြန့်အောင်လုပ်လိုက်သည်….
စွမ်အားစုပ်ယူခံရမှုမှခဏချင်းမှာပင်ရပ်သွား၏…
“ကောင်းသွားပြီ…ငါတို့ကောင်းသွားပြီ”
“နတ်သမီး…ကျေးဇူးတင်ပါတယ်အခုလိုကယ်တင်ပေးလို့”
“ရှင်တို့ကျမကိုကျေးဇူးတင်စရာမလိုဘူး…ပြီးတော့ငါကနတ်မဟုတ်ဘူး”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…နတ်သမီးမို့သာအခုလိုကယ်နိုင်တာပါ”
“ငါပြောပြီးပြီငါကနတ်မဟုတ်ဘူး”
ပြောပြီးသူမကထိုနေရာမှထွက်သွားခဲ့သည်…မိစ္ဆာတွေလည်းခေါင်းကုတ်ကာကျန်နေခဲ့သည်…
“ငါတော့ငရဲပြည်ကိုသွားကြည့်ရတော့မယ်ထင်တယ်…မဟုတ်ရင်အားလုံးသေကုန်တော့မယ်”
သူမလည်းငရဲပြည်သို့သွားလိုက်သည်…ငရဲပြည်ကပြိုကျလုလုဖြစ်နေပြီးအငွေ့တွေကနေရာအနှံ့ပျံ့နေသည်သူမလည်းသူမလက်ကသွေးဖြင့်အတားအဆီးတစ်ခုပြုလုပ်လိုက်သည်…ချက်ချင်းပဲအငွေ့တွေကပျောက်ကွယ်သွားသည်…
“ဘယ်အချိန်ထိအတားအဆီးကထိန်းထားနိုင်မလဲမသိဘူးဒီ့မတိုင်ခင်နည်းလမ်းတစ်ခုအမြန်ရှာရမယ်”
သူမလည်းတိမ်ဖြူရောင်ဥယျာဥ်ဆီပြန်ရောက်တော့အားလုံးကသူမအားစိုက်ကြည့်နေ၏…
“ဘာလဲ…နင်တို့ဘာကြည့်နေတာလဲ”
“ယွန်းမီ…နင်လေ…ပြောတော့သုံးလောကအကျိုးကနတ်မင်းတွေအလုပ်ဆို…အခုနင်ကဘာလို့…”
“ငါအကျိုးပြုတာမဟုတ်ဘူး…မဆိုင်တဲ့သူတွေသေမှာဆိုးလို့”
“ဟွန့်အတူတူပဲဟာကို”
“ဟုန်ရိ…နင်..နင်စကားတွေအရမ်းများဖို့အချိန်ရှိတယ်ပေါ့ဟမ်…ငါနင့်ကိုပိုင်ကျွယ်ဆီ့ပြန်ပို့ရမှာလား”
“ဟွင့်”
ဟုန်ရိကတော့မျက်နှာမဲ့ကာထွက်သွား၏….
“ဆရာ…ကျွန်တော်တို့လူ့ပြည်ကိုလျှောက်လည်ရအောင်လေ”
“ငါမသွားဘူး”
“ဆရာ”
“မသွားဘူးဆိုမသွားဘူးပဲ”
“အားလီ…နင်နဲ့ဟုန်ရိကအရှင်မကိုတော်တော်စိတ်ရှုပ်စေတာပဲ…လာခဲ့…လာခဲ့”
“အား….နာ…နာ..နာတယ်…ချန်ချန်း”
“နာပါစေ”
ချန်ချန်းကယွီမော့အားသာမအနားမှနားရွက်လိမ်ဆွဲကာခေါ်ထုတ်သွားသည်….သူမလည်းကြည့်ကာရယ်မိသည်…
“ချန်ချန်း…နာတယ်…လွှတ်တော့”
“ရှင်လေ…အရှင်မကိုစကားတွေလျှောက်ပြောမနေနဲ့…ရှင်သိလားဟိုထျန်းချီနတ်မင်းလူပြည်ကအကြောင်းအရာတွေသူသတိမရချင်လို့လေ”
“ချန်ချန်း…ငါနားမလည်ဘူး…ဆရာကဘာလို့လဲမသိဘူး…နတ်မင်းကိုစိတ်ဆိုးနေသေးတယ်ပြီးတော့သူ့သွေးကိုသုံးပြီးမိစ္ဆာတွေကိုလည်းကယ်ခဲ့သေးတယ်…တကယ်လိုနတ်မင်းတွေကယ်ရမှာမလား”
“ရှင်ဘာသိလဲ…အရှင်မကဘယ်လောက်ပဲဆိုးအောင်လုပ်နေပါစေအုံးသူ့စိတ်ကမာချင်ယောင်ဆောင်ပေမဲ့သူ့နှလုံးသားကကြင်နာနေတုန်းပဲ…ဟိုနတ်ပြည်ကနတ်မင်းတွေထက်အရှင်မကအဆတစ်ရာလောက်သာတယ်”
“ဟုတ်ပါပြီ”
“ရှင်လူ့ပြည်သွားချင်တာဘာကိစ္စလဲ”
“ဆေးမြစ်ရှာမလို့ပါ”
“လာ…ကျမနဲ့သွားမယ်”
⚜️⚜️⚜️⚜️⚜️
“ကျင်ကျန့်…ဒီနေရာကအရမ်းလှတယ်ယွန်းမီဒီနေရာကိုကြိုက်တာလည်းမထူးဆန်းပါဘူး”
“မှန်တယ်…ဒါပေမဲ့သူမကနတ်ပြည်ကိုစိတ်ပျက်သွားတာပဲကိုယ်စိတ်မကောင်းဘူး”
“ရှင်စဥ်းစားကြည့်…မိန်းမတစ်ယောက်ဟာသူနှစ်ပေါင်းများစွာစောင့်မျှော်ပြီးမှအဲ့လူရဲ့သစ္စာဖောက်တာခံရရင်သူစိတ်ပျက်မိမှာပဲလေ”
“ဒါပေမဲ့ထျန်းချီနတ်မင်းကသူ့ကိုသစ္စာမဖောက်ခဲ့ပါဘူး”
“သူမယုံကြည်ခဲ့ဘူးလေ…ယွန်းမီကနတ်ဆိုးဖြစ်မယ်လို့သူခံယူထားတာ”
“နတ်မင်းလည်းအကြောင်းပြချက်တွေရှိလို့နေမှာပါ”
“ဘယ်သူလဲ…တိမ်ဖြူရောင်ဥယျာဥ်ကိုကျူးကျော်ရဲတာ”
“ယွန်းမီ…ငါပါ”
“ဖုန့်ရန်…နင်တို့ဘာလာလုပ်တာလဲ”
“ငါတို့…ငါတို့မင်္ဂလာပွဲကိုလာဖိတ်တာပါ”
“ငါနတ်ပြည်နဲ့မပတ်သတ်ချင်ဘူး…ငါမလာနိုင်လောက်ဘူး”
“ကိစ္စမရှိဘူး…နင်မလာနိုင်လည်းငါတို့စိတ်မဆိုးပါဘူး…ဒါပေမဲ့ငါတို့ကအသိလာပေးတာပါ …ယွန်းမီ…နင်နတ်မင်းကိုစိတ်ပျက်သွားတာငါသိပါတယ်…ဒါပေမဲ့…နင့်စိတ်ကိုပြင်ဆင်သင့်ပါတယ်”
“ဖုန့်ရန်…နင်ငါ့ကိုနားချဖို့မကြိုးစားနဲ့နတ်ပြည်ကိုမဖျက်စီးတာနဲ့တင်ကျေနပ်သင့်တယ်”
“ကောင်းပါပြီ…ငါတို့ပြန်လိုက်အုံးမယ်”
“သွားပါ”
ဖုန့်ရန်နဲ့ကျင်ကျန့်လည်းပျောက်သွားသည်….
သူမအရင်ကအကြောင်းအရာများကိုတွေးတောရင်းမျက်ရည်တို့ကစီးကျလာသည်…
⚜️⚜️⚜️⚜️⚜️
မင်္ဂလာပွဲတွင်အခမ်းနားဆုံးနဲ့အလှပဆုံးဖြစ်နေကြသည်…နတ်မင်းတွေကိုအရိုအသေပေးရင်းကျင်ကျန့်နဲ့ဖုန့်ရန်ကနေရာတွင်ထိုင်လိုက်ကြသည်…တက်ရောက်လာသူအပေါင်းကလည်းဆုတောင်းပေးကြရင်းနဲ့ပြုံးပျော်နေကြသည်…
မမြင်ကွယ်ရာတစ်နေရာတွင်သူတို့အားယွန်းမီကြည့်နေလိုက်သည်….ကိုယ်ဖျောက်ထားသည်မို့မည်သူမှမမြင်ကြပေ…
မင်္ဂပွဲတွင်ကျင်ကျန့်နဲ့ဖုန့်ရန်ကိုဆုတောင်းပေးချင်ပေမဲ့သူမထျန်းချီရှေ့တွင်ပေါ်မလာချင်တာကြောင့်ပုန်းလျိုးကွယ်လျိုးပဲကြည့်လိုက်ရသည်….
အခမ်းအနားမပြီးခင်ပဲသူမထောင်ယွဲ့တောအုပ်ဆီထွက်လာခဲ့မိသည်…
“ပိုင်ကျွယ်…ကျစ်ယန်…ရှန့်ကူ…ငါအရင်သွားနှင့်တော့မယ်”
“ထျန်းချီ…ဘာဖြစ်လို့လဲ…လွန်ခဲ့တဲ့နှစ်ကအကြောင်းအရာတွေသတိရလာလို့လား”
“ပိုင်ကျွယ်…ငါ့ကိုမစပါနဲ့တော့”
မှန်သည်…သူ့မင်္ဂလာပွဲတွင်သူသာမပြောင်းလဲခဲ့ရင်အခုလောက်ဆိုသူနဲ့ရှောင်မီပျော်ရွှင်နေရလောက်ပြီ….
“ဘကြီး၃…ဘကြီး၃ကမမယွန်းမီကိုသတိရနေတာမို့လား…အဲ့တာကြောင့်ထောင်ယွဲ့တောအုပ်ကိုအလွမ်းဖြေဖို့သွားမှာမလား”
“ယွမ်ချီ…လူကြီးကိုမနောက်ရဘူး”
“ယွမ်ချီမနောက်ပါဘူး…ညတိုင်းညတိုင်းဘကြီး၃အဲ့ကိုသွားတာယွမ်ချီသိတယ်”
“ဟုတ်ပါပြီ…ဘကြီး၃အရှုံးပေးပါပြီ…သွားလို့ရပြီလား”
“အင်း”
ထျန်းချီလည်းထောင်ယွဲ့တောအုပ်ဆီထွက်လာခဲ့တော့သည်…
“ထျန်း…ချီ…ရှင်ဘာလို့ကျမကိုမယုံကြည်တာလဲ…ရှင့်ယုံကြည်မှုနဲ့မတန်လောက်အောင်ကျမကဆိုးသွမ်းခဲ့တာလား…ဒီမက်မွန်ပင်ခြေရင်းကအချစ်သက်သေတွေကိုရှင်ဘယ်လိုဥပက္ခာပြုခဲ့တာလဲ”
မက်မွန်ပင်ကြီးကိုမော့ကြည့်ရင်းသူမဝမ်းနည်းမိသည်…အရင်ကပျော်စရာအချိန်တွေကိုတမ်းတမိတာတော့အမှန်ပင်….
သူမလည်းမက်မွန်ပင်မှကြွေကျလာသောပန်းပွင့်လေးများကိုလက်ဖြင့်ခံရင်းစိုက်ကြည့်လိုက်သည်…
လေတိုးသံကြားမှခြေသံကိုကြားတော့သူမလှည့်ကြည့်လိုက်သည်…သူမကိုယ်ဖျောက်ထားသည်ဆိုတော့ထျန်းချီကမြင်ပုံမရပေ…သူမရပ်နေသောနေရာသို့ရောက်လာသောကြောင့်သူမနောက်ကိုဆုတ်လိုက်မိသည်…မက်မွန်ပင်နဲ့သူမကျောကကပ်ရပ်သားဖြစ်သွားသည်….
ထျန်းချီကရှေ့ဆက်တိုးလာသဖြင့်သူမလည်းကိုယ်လေးအားကျုံ့ထားလိုက်သည်….သူကမက်မွန်ပင်နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်သဖြင့်သူမနဲ့မျက်နှာချင်းကပ်သလိုဖြစ်သွားသည်….
သူ့လက်တွေကပင်စည်ကိုကိုင်ကာမျက်လုံးမှလည်းဝဲတက်လာသောမျက်ရည်စတွေကိုမကျအောင်ထိန်းထားပုံရသည်….
“ရှောင်မီ…ရှောင်မီ…မင်းစိတ်နာနေပြီလား…ကိုယ်မှားတာပါ…မင်းရဲ့စွမ်းအားတွေကိုရင်းဖန်ယူလိုက်ရင်…ကံကြမ္မာဆိုးကိုရင်းဖန်ခံရမယ်လို့ထင်ခဲ့တာ…ဒါ့ကြောင့်ကိုယ်ရင်းဖန်ယွဲ့မိအဖြစ်ဟန်ဆောင်တာကိုမသိချင်ယောင်ဆောင်ခဲ့မိတယ်…မင်းစိတ်နာသွားမယ်မထင်ခဲ့ဘူး”
ပြောနေရင်းထျန်းချီကမျက်ရည်တွေစီးကျလာသည်….
“ရှင်လိမ်တာ…ရှင်သိသိရက်နဲ့ကျမနဲ့ကျမတို့ကလေးကိုရှင်လုပ်ရက်တယ်”
သူမလည်းစိတ်ထဲကနေထျန်းချီကိုအပြစ်တင်လိုက်သည်…အပြစ်တင်ပြောနေပေမဲ့သူမကိုယ်တိုင်လည်းမျက်ရည်တို့ကစီးကျနေပြန်သည်….
တော်တော်ကြာတော့မှထျန်းချီကထိုနေရာမှလှည့်ထွက်လိုက်သည်….သူ့စိတ်ထဲတွင်တစ်စုံတစ်ယောက်ကသူ့ကိုကြည့်နေသလိုခံစားမိလိုက်သည်…ဒါ့ကြောင့်သူနောက်ပြန်လှည့်ကြည့်လိုက်သည်….
“အမလေး…ထျန်းချီသိနေပြီလားငါရှိနေမှန်း”
သူကြည့်လိုက်တော့လည်းမည်သည့်အရာမှမတွေ့ပေ…သို့သော်မက်မွန်ပန်းကြွေတစ်ခုကအောက်သို့မကျပဲလေပေါ်မှာတင်တင်နေသည်ကိုသူသတိထားမိလိုက်သည်….
ချက်ချင်းဆိုသလိုသူမက်မွန်ပင်ကြီးအနားပြန်လျှောက်လာပြီးပန်းပွင့်ကိုကိုင်ဖို့လက်ရွယ်လိုက်သည်….
“သွားပြီ…ပန်းကသတိထားမိပြီထင်တယ်…ဖူး…ဖူး”
သူမကမက်မွန်ပန်းပွင့်အားမှုတ်ထုတ်လိုက်တော့အပွင့်လေးကလွှင့်ကာအောက်သို့ပြုတ်ကျသွားတော့သည်….
“ဟင်းဟင်း…ငါစိတ်ထင်နေတာနေမှာပါ…ရှောင်မီကနတ်ပြည်ကိုလာစရာအကြောင်းမှမရှိတာ…လာစရာအကြောင်းရှိရင်တောင်သူလာမှာမဟုတ်ဘူးမလား”
သူခေါင်းခါယမ်းကာလှည့်ထွက်သွားတော့သည်…
သာမလည်းစိတ်ထဲဝမ်းနည်းသလိုခံစားရသည်…ထျန်းချီထွက်သွားသည်ကိုငေးကြည့်ရင်းသာကျန်ခဲ့တော့သည်….
⚜️⚜️⚜️⚜️⚜️
“ဟုန်ရိ…ဟုန်ရိ”
“ယွန်းမီ…ငါဒီမှာ”
“ဟုန်ရိ…ငါတို့လူ့ပြည်သွားလည်ရအောင်”
“ဟမ်…ယွန်းမီ…နင်နေမကောင်းဘူးလား”
ဟုန်ရိကသူမနဖူးအားလက်ဖြင့်စမ်းကြည့်ရင်းပြောလိုက်သည်…သူမကလက်ကိုပုတ်ချကာ…
“ဟုန်ရိ…နင်လိုက်မှာလားမလိုက်ဘူးလား”
“လိုက်မှာပေါ့”
သူတို့လည်းလူ့ပြည်သို့သွားလိုက်ကြသည်….လမ်းတစ်ဝက်ရောက်တော့….
“ယွန်းမီရေ…ငါတို့ဒီပုံစံနဲ့သွားလို့မဖြစ်ဘူး…အဝတ်အစားတွေကသာမန်ဖြစ်ရမယ်…မဟုတ်ရင်လူတွေဝိုင်းကြည့်ရင်နေရခတ်တယ်”
“ဟုန်ရိ…နင်တော်သွားပြီ”
သူမတို့အဝတ်အစားပုံစံပြောင်းလိုက်ကြသည်…ဟုန်ရိကအတင်ပြေသော်လည်းသူမပုံစံကအဆင်မပြေလှပေ….ချက်ချင်းသတိရမိသည်ကရွှမ်ယီးဖြစ်နေသည်…သူမဘယ်သွားသွားသူဆင်ပေးနေကျ…
“ဟုန်ရိ…ငါအဝတ်တွေကအဆင်မပြေဘူး…ရွှမ်ယီးသာရှိရင်အခုလိုဖြစ်မှာမဟုတ်ဘူး”
သူမမျက်နှာမကောင်းသည်ကိုဟုန်ရိကချက်ချင်းသိလိုက်သည်…
“ယွန်းမီ…မပူနဲ့”
ဟုန်ရိကသူ့လက်ကိုဝေ့ယမ်းလိုက်တော့သူမအတွက်ဝတ်စုံတစ်စုံဝတ်ဆင်ပြီးသားဖြစ်သွားသည်….
“ယွန်းမီ…ငါကရွှမ်ယီးလောက်မတော်ပေမဲ့ဒါကနင်နဲ့အဆင်ပြေတယ်…နည်းနည်းတော့ယောကျာ်းဆန်တယ်”
“ကိစ္စမရှိဘူး…ဒါလည်းအဆင်ပြေတယ်…ငါလည်းမိန်းကလေးလိုလူ့ပြည်ကိုမလည်ချင်ဘူးယောကျာ်းလေးလိုမှလွတ်လပ်တာ”
ဟန်ဆောင်ပြောနေပေမဲ့အသက်မပါပဲရှိသည်ကိုဟုန်ရိသိသည်….
သူတို့လည်းလျှောက်လည်ရင်းဆောင်းကြာမြိုင်ထဲဝင်ပြီးမိန်းမလှလေးများနဲ့ပျော်ပါးသောက်စားလိုက်ကြသည်…လူ့ပြည်ကပျော်စရာတွေအကုန်လုံးကိုလုပ်ကြပြီးအရက်များသောက်စားလိုက်ကြသည်….
ဒီလိုနဲ့ပဲနေ့ဝက်ကျိုးသွားသည်….သူတို့လာသောတစ်နေရာတွင်…မိန်းမတစယောက်ငိုနေသည်ကိုတွေ့လိုက်သည်…အမွှေးတိုင်းထွန်းပြီးပေါက်စီသုံးလုံးကိုပန်ကန်ထဲစီထည့်ထားလျက်ရှိသည်…
သူတို့လည်းအနားသို့သွားပြီးမေးမြန်လိုက်ကြသည်….
“မိန်းကလေး…ဘာလို့ဒီမှာလာငိုနေရတာလဲ”
“သခင်လေးတို့…ဒီနေရာကကျမအမျိုးသားမြုပ်ထားတဲ့နေရာပါ…သခင်လေးတို့ကဒီကမဟုတ်ဘူးထင်တယ်တစ်ခါမှမမြင်ဖူးဘူး”
“အော့်…ဟုတ်ပါတယ်ကျွန်တော်တို့ကတစ်ခြားမြို့ကပါ…မိန်းကလေးအမျိုးသားကဆုံးတာကြာပြီလား”
“မကြာသေးပါဘူး…ရွှတ်…”
ထိုမိန်းကလေးကငိုးနေရင်းပြန်ဖြေရှာသည်…
“သေပြီးသားလူကသေပြီပဲခံစားမနေပါနဲ့တော့ဘဝကိုပျော်အောင်နေပြီးသွားလေသူအတွက်စိတ်ချအောင်နေမှပေါ့”
ထိုမိန်းကလေးကငိုနေရင်းပြုံးလိုက်သည်….
“ကျမကိုယ့်ကိုကိုခွင့်မလွှတ်နိုင်လို့ပါ”
“ဘာလို့လဲ”
“ဒါတွေပြောပြရရင်ပုံပြင်တစ်ပုဒ်လိုပါပဲ…ကျမကြောင့်သာမဟုတ်ရင်သူသေမှာမဟုတ်ပါဘူး”
“မိန်းကလေးမျက်ရည်သုတ်လိုက်ပါအုံး…လောကမှာအချစ်ကစစ်မှန်သေးလို့လား”
“သခင်လေး…ချစ်ဖူးလား…”
“အင်း”
ပိုင်ယွန်းမီခေါင်းငြိမ့်လိုက်သည်…
“ဒါဆိုအချစ်ကြောင့်နာကျင်ခဲ့ဖူးလား”
“အင်း”
“ကျမလည်းအချစ်ကြောင့်ပဲနာကျင်ခဲ့ရတယ်…ဒါပေမဲ့သူသေဖို့မစဥ်းစားမိခဲ့ဘူး”
မြေသားမို့မို့လေးကိုကြည့်ရင်းထိုမိန်းကလေးကပြောလိုက်သည်…
“မိန်းကလေး…ဘာဖြစ်ခဲ့လဲပြောပြလို့ရမလား”
“ရပါတယ်”
သူမကမျက်ရည်ကိုသုတ်ရင်းသက်ပြင်းချလိုက်သည်…
“ကျမတို့လင်မယားကအရမ်းချစ်ခဲ့ကြတယ်…ကျမအမျိုးသားကပန်းချီဆရာတစ်ယောက်ပါ…တစ်နေ့မှာမိန်းမပျိုတစ်ဦးကပန်းချီလာဆွဲတယ်…”
“အဲ့တော့”
“အစကတော့ကျမလည်းသမာရိုးကျပဲထင်ခဲ့တာပေါ့…နောက်မှသိလိုက်ရတာကကျမအမျိုးသားကိုမြူဆွယ်ပြီးအပိုင်သိမ်းဖို့ကြံစည်နေတာ”
“မင်းရဲ့အမျိုးသားကိုမတားဘူးလား”
“တားတာပေါ့…ဒါပေမဲ့သူကိုယ်တိုင်ကပါအလိုတူအလိုပါဖြစ်နေပြီလေ”
“ဘာ…ဒါနဲ့များဘာလို့ငိုနေရသေးလဲ”
“သခင်လေး…အချစ်ရဲ့ဆန်းပြားမှုကိုကျမမသိလိုက်ဘူး…အဲ့မိန်းကလေးကအထက်တန်းစားသူဌေးသမီးလိုချင်တာဘာမဆိုသူမစေခိုင်းနိုင်တယ်…ကျမတို့ကဆင်းရဲတော့ငွေနဲ့အကျပ်ကိုင်တာပေါ့…ကျမထင်တာကျမယောကျာ်းကကျမကိုမချစ်လို့သစ္စာဖောက်တာမျိုးမဟုတ်ခဲ့ဘူး”
“ဘာလို့လဲ”
“ကျမအူရောင်ငမ်းဖျားဖြစ်တုန်းကသူမကငွေတွေချေးပေးခဲ့တာကျမမသိခဲ့ဘူး…တကယ်လို့ငွေတွေမပေးနိုင်ရင်ကျမဆီကိုအကုန်ပြောပြမယ်ဆိုတယ်…ကျမယောကျာ်းကကျမစိတ်ပူမှာစိုးခဲ့လို့အဲ့မိန်းကလေးသဘောအတိုင်းသူ့အနားမှာနေခဲ့တာ….မိန်းမယုတ်ကယောကျာ်းမသိခင်ကျမကိုအပြတ်ရှင်းဖို့ကြံစည်ခဲ့တာ…ဒါပေမဲ့သူသိတော့ချက်ချင်းလာကယ်ခဲ့တယ်…သူကျမကိုကယ်ရင်းနဲ့ပဲအသက်ဆုံးရှုံးခဲ့ရတယ်”
“လောကမှာဒီလိုမျိုးလည်းရှိသေးတာပဲလား…မိန်းကလေးကတရားရုံးကိုမတိုင်ကြားဘူးလား”
“အဟင်း…ကျမတို့လိုဆင်းရဲတဲ့သူတွေကိုဘယ်အရာရှိမှအဖက်မလုပ်ကြဘူး…အခုကျမတို့နေအိမ်လေးလည်းပျက်စီးသွားပြီ…ကျမမှာနေစရာတောင်မရှိပါဘူး….အီးဟီး”
“မိန်းကလေးမငိုပါနဲ့တော့…ရှင့်အတွက်နေဖို့စားဖို့ကိုငါကူညီမယ်”
ပိုင်ယွန်းမီကအင်္ကျီထဲကငွေတုံးများကိုသူမလက်ထဲထည့်ပေးလိုက်သည်…
“မင်းဘဝကိုအဆင်ပြေအောင်လုပ်ပေးပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်သခင်လေး…ကျေးဇူးတင်ပါတယ်”
သူတို့လည်းထိုနေရာမှထွက်လာခဲ့တော့သည်….
မြို့တော်တစ်ခုသို့ရောက်သောအခါ….
“စည်ကားလိုက်တာ…နတ်ဘုံထက်တောင်စည်ကားသေးတယ်”
“ဟုန်ရိ…နင်နတ်ပြည်မပါရင်မပြောတက်ဘူးလား”
“တောင်းပန်ပါတယ်…ငါကတင်စားပြောလိုက်တာပါ”
သူမဟုန်ရိအားမျက်စောင်းထိုးလိုက်သည်….
“ဘေးဖယ်…ဘေးဖယ်…သခင်မလေးကြွလာတယ်”
ဆူဆူညံညံအသံတွေကြောင့်သူမတို့လမ်းဘေးကပ်ပေးလိုက်သည်….အခြွေအရံတွေခြံရံလျှက်မိန်းမတစ်ဟောက်ကတန်ဖိုးကြီးသောအဝတ်များဝတ်ဆင်ကာလူပုံအလယ်ခေါင်းမော့၍လျှောက်လမ်းနေတော့သည်…
သူမတို့လည်းအနီးအနားရှိလူတစ်ချို့ကိုမေးမြန်လိုက်တော့လမ်းမှာတွေ့ခဲ့တဲ့အမျိုးသမီးရဲ့ယောကျာ်းကိုလုယူတဲ့မိန်းမမှန်းသိလိုက်သည်….
“သခင်လေး…သူ့အကြောင်းမေးပြီးတော့သူနဲ့တော့မပတ်သက်ပါနဲ့…အဲ့မိန်းကလေးကမလွယ်ဘူး…ချောမောတဲ့ယောကျာ်းလေးတွေဆိုမြူဆွယ်ပြီးအပျော်ရှာတာပဲ…ကာမပိုင်ရှိတာလည်းနားမလည်ဘူး…သူယူချင်ရင်ယူပစ်တာပဲ”
“အော်…ဒါပေမဲ့သူ့ကိုလူတွေကတလေးတစားဆက်ဆံပုံပဲ”
“လူတွေကသူ့ကိုကြောက်လို့ပါ…ဘယ်သူမှဘာမှမပြောရဲဘူး…ပြောတဲ့သူဆိုပစ်မှတ်ထားပြီးနည်းအမျိုးမျိုးနဲ့နှိပ်စက်လေရော”
“မတိုင်ကြားဘူးလားတရားရုံးကို”
“သူ့အဖေကိုယ်တိုင်ကတရားသူကြီးမင်းလေ…သခင်လေးအေးအေးဆေးဆေးနေပြီးဝေးဝေးရှောင်သွားပါ”
“ဟုတ်ပါပြီ”
ထိုမိန်းကလေးကဆိုင်တစ်ခုထဲဝင်သွားသည်ကိုတွေ့သဖြင့်ဟုန်ရိနဲ့သူမလည်းအနောက်ကလိုက်လာခဲ့သည်….
“ယွန်းမီ…နင်ဘာလုပ်အုံးမလို့လဲ”
“အဟင်း…အပြစ်ပေးမလို့လေ”
“အာ”
“လိုက်ခဲ့”
သူမလည်းကျော့ကျော့လေးဆိုင်ထဲဝင်လိုက်ပြီး ဟုန်ရိလည်းနောက်မှလိုက်ခဲ့သည်….
“ဝါး…ချောလိုက်တာ…”
သူမအားယောကျာ်းလေးအထင်ဖြင့်ထိုမိန်းကလေးကငေးမောကြည့်နေသည်မှာမျက်တောင်ပင်မခတ်ပေ….
သူမတို့လည်းမလှမ်းမကမ်းကစားပွဲအနီးမှာဝင်ထိုင်လိုက်သည်….
မကြာလိုက်ပါထိုမိန်းကလေးကသူမတို့အနားကိုကနွဲ့ကလျဖြင့်လျှောက်လှမ်းလာတော့သည်…သူမအနားကိုကပ်လျှက်ပခုံးကိုကိုင်ကာ…ချိုသာသောအသံဖြင့်….
“သခင်လေး…သခင်လေးကအရမ်းချောတာပဲ…ရှန်းအာနဲ့အတူသောက်လို့ရမလား”
“ရတာပေါ့”
သူမလည်းပြုံးရွှင်စွာပြန်ကြည့်လိုက်သည်….
“သခင်လေးကအရမ်းသဘောကောင်းတာပဲ…သခင်လေးအမည်လေးသိပါရစေ”
“လီရှောင်ယို”
“သခင်လေးလီ…ရှင်ကဒီဒေသကမဟုတ်ဘူးထင်တယ်…ရောက်တုန်းလေးအိမ်လည်လိုက်ခဲ့ပါလားဟင်”
“မရ…”
ဟုန်ရိပါးစပ်ကိုလှမ်းပိတ်ရင်း…
“ရတာပေါ့…သိပ်ရတာပေါ့…”
“နင်”
ဟုန်ရိကသူမအားမျက်ရှုံ့မဲ့ပြပြီးကြည့်လိုက်သည်….
“အော်…ဒါနဲ့သူကငါ့အစေခံ…လင်းကျို့”
“ဘာ…ဘာ…ငါကဘယ်တုန်းကနင့်အစေခံဖြစ်ရတာလဲ”
“ဟဲဟဲ …သူကအဲ့လိုပဲငယ်ငယ်ထဲကညီကိုလိုနေလာတော့သိပ်မနာခံတက်တော့ဘူး”
“နင့်…ဟွန့်”
ဟုန်ရိကတော့စိတ်ဆိုးကတစ်ဖက်လှည့်သွားသည််….
“သခင်လေး…သခင်လေးကအရမ်းကြင်နာတက်တာပဲနော်”
သူမကတော့ပြုံးပြလိုက်သည်….
ပြီးတော့ရှန်းအာဆိုသည့်မိန်းကလေးနေအိမ်သို့လိုက်လာခဲ့သည်….
“အဖေ…အဖေ…”
“ရှန်းအာ….ပြန်လာပြီလား”
“ဟုတ်တယ်”
“ဧည့်သည်လည်းပါလာတာကို”
“သခင်လေးလီ…ကြွပါ…ကြွပါ”
“တွေ့ရတာဝမ်းသာပါတယ်လူကြီးမင်း”
“ထိုင်ကြပါ”
သူမတို့လည်းနေရာချထားသောခုံတွင်ဝင်ထိုင်လိုက်သည်….
“သခင်လေးအမည်ကဘယ်လိုခေါ်လဲဗျ”
“လီရှောင်ယိုပါသခင်ကြီးရှန်းဆွေ့ကျို”
“သခင်လေးလီကကျုပ်ကိုသိနေတာပဲ”
“သိတာပေါ့…ဒီမြို့တော်ရောက်ကတည်းသခင်းကြီးအမည်ကြားနေရတာလေ”
“ဟားဟား…ချီးမွမ်းနေပါပြီ”
“သခင်လေးကချမ်းသာတဲ့မျိုးရိုးကထင်တယ်…ဝတ်စားဆင်ယင်ပုံကြည့်ရတာဒီကမဟုတ်လောက်ဘူး”
“မှန်တယ်…ကျွန်တော်ကမင်းနေပြည်တော်ကအမတ်ကြီးလီရဲ့သားပါ”
ရှန်းဆွေ့ကျိုကမျက်လုံးပြူးသွားပြီးအံ့သြစွာဖြင့်ဒူးထောက်လိုက်သည်….
“မင်းသား…ကျွန်တော်မျိုးမသိလို့ရိုင်းပြမိတာခွင့်လွှတ်ပါအရှင့်သား”
“ထပါ…ကျွန်တော်ကအပျော်ခရီးသက်သက်ပဲမို့ရှန်းလူကြီးမင်းအားနာဖို့မလိုပါဘူး”
“ဟုတ်ကဲ့”
ညရောက်တော့သူနဲ့ဟုန်ရိကိုအကောင်းဆုံးအခန်းတွင်အနားယူစေသည်….
“ယွန်းမီ…နင်ဘာလုပ်လဲငါတော့နားမလည်ဘူး…ဘယ်ကဘယ်လိုမင်းသားကပါလာရပြန်တာလဲ”
“ဟုန်ရိ…နင်ကငတုံးပဲ”
“ဘာလို့လဲ”
“ယွန်းမီ…နင်ဘာလုပ်လဲငါတော့နားမလည်ဘူး…ဘယ်ကဘယ်လိုမင်းသားကပါလာရပြန်တာလဲ”
“ဟုန်ရိ…နင်ကငတုံးပဲ”
“ဘာလို့လဲ”
“နင်ကယွီမော့လောက်တောင်အားမကိုးရဘူး”
“ဘာလို့လဲ”
“ဒီတိုင်းပြည်ကိုအုပ်စိုးတဲ့ဘုရင်မှာသားသမီးမထွန်းကားဘူးလေအမတ်လီကသစ္စရှိပြီးတိုင်ပြညအကျိုးကိုတာဝန်ကျေပွန်အောင်ထမ်းဆောင်ခဲ့တယ်…သူ့သားလီရှောင်ယိုကလည်းရဲရင့်ထက်မြတ်ပြီးဉာဏ်ပညာထူးချွန်တယ်ဘုရင့် ရဲ့ချစ်ခင်မှုရတော့အိမ်ရှေ့စံအဖြစ်ထားလိုက်တယ်”
“ဘာ…နင်ဘယ်လိုသိလဲ”
“ယွီမော့ဆီကကြားတာ…လူ့ပြည်မှာတော့ရှင်ဘုရင်ကအာဏာအကြီးဆုံးပဲလေငါတို့အခတ်အခဲတွေဖြေရှင်းဖို့အားသုံးဖို့မလိုတော့ဘူးပေါ့…အဟင်း”
“တက်လည်းတက်နိုင်ပါတယ်”
“ဒေါက်…ဒေါက်”
“ဘယ်သူလဲ”
“မင်းသား…ကျမပါ”
“ဝင်ခဲ့ပါ”
“ရှန်းအားမင်းသားကိုပြုစုပေးပါရစေ…မင်းသားသာစိတ်ကျေနပ်ရင်”
ပြောရင်းရှန်းအာကသူမအဝတ်ကိုရင်သားများပေါ်သည်အထိဆွဲချလိုက်သည်…
“မိန်းကလေး…နင်…နင်…”
ဟုန်ရိကမျက်လုံးပြူးသွားသည်…
“လင်းကျို့…အပြင်ထွက်သွား”
“အာ…ငါ”
ဟုန်ရိလည်းဆက်မကြည့်သင့်တာကြောင့်အပြင်ဘက်ထွက်ကာတံခါးပိတ်ပစ်ခဲ့သည်….
“ရှန်းအာ…မင်းအရမ်းလှပတယ်….ငါမြို့တော်ကိုပြန်ရောက်ရင်မင်းကိုမိဖုရားမြောက်မယ်”
“တကယ်လား”
“တကယ်ပေါ့”
“မင်းသား…ရှန်းအာမိဖုရားဖြစ်မှာပေါ့နော်”
“ဒါပေါ့…မင်းသာကောင်းကောင်းပြုစုပေးရမယ်နော်”
ပြောရင်းသူမကရှန်းအာခါးလေးကိုဖက်ကာအိပ်ယာပေါ်သို့လှဲချလိုက်သည်…သူမအားစိုက်ကြည့်ကာ…မျက်နှာချင်းနီကပ်လိုက်သည်…
ရှန်းအာကတော့သူမအားနမ်းမည်အထင်နှင့်မျက်လုံးမှိတ်ကာမေးကိုမော့ထားလိုက်သည်…
“ဒုတ်”
သူမဇာတ်အားလက်ဖြင့်ရိုက်ချလိုက်သည်…
“ဟွန့်…နှာဗူးမ…လီရှောင်ယိုကမင်းလိုမိန်းမယုတ်ကိုစိတ်မဝင်စားဘူး”
“ဟုန်ရိ…ဟုန်ရိ…ဝင်လာတော့”
သူမခေါ်တော့ဟုန်ရိလည်းပြန်ဝင်လာသည်…အခြေအနေကိုအကဲခတ်ကြည့်ပြီး…
“ဘာဖြစ်သွားတာလဲ”
“ငါမေ့အောင်လုပ်လိုက်တာ…နင်ဆက်ပြီးဟန်ဆောင်ထားနော်”
“အာ…နင်ဘာလုပ်အုံးမှာလဲ”
သူမကဟုန်ရိအားအနားကပ်ကာတီးတိုးပြောလိုက်သည်….
“ကောင်းပြီ…ငါအပြင်မှာပဲနေလိုက်တော့မယ်”
ဟုန်ရိလည်းအပြင်သို့ထွက်လာပြီးလမ်းလျှောက်နေလိုက်သည်…
“ဟုန်ရိ”
“ဟင်…နတ်မင်း”
“နင်ဘာလုပ်နေတာလဲ”
“ကျွန်တော်…ကျွန်တော်”
“ရှောင်မီရော”
“သူ…သူ”
ဟုန်ရိကအထဲကိုတစ်ချက်ကြည့်လိုက်သည်…ထျန်းချီကသတိထားမိပြီးအထဲသို့ဝင်လိုက်သည်…
“နတ်မင်းသွားလို့မဖြစ်ဘူး”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)