နတ်ဘုရားရဲ့သားရဲငယ် - Part 4
![](https://novel.theatre2.me/wp-content/uploads/2023/11/Untitled-169x300.jpg)
ထျန်းချီ….ပိုင်ကျွယ်…ကျစ်ယန်…ရှန့်ကူ…ဖုန့်ရန်…ယွမ်ချီ…အားလုံးကယွန်းမီလုပ်ထားသောဟင်းလျာနဲ့သီးစုံဖျော်ရည်အားငေးကြည့်နေကြသည်…
“ဝိုး…မထင်ထားဘူးယွန်းမီကဒီလောက်ဟင်းချက်တော်မှန်း…ငါအစောကြီးတည်းကသိရင်ထိုက်ချူ ခန်းဆောင်ကိုမကြာခဏလာလည်ပါတယ်”
“ကျေးဇူးပါ…အရှင်မဖုန့်ရန်”
“ယွန်းမီ…ဒါဆိုငါတို့အားမနာတော့ဘူးနော်”
ကျစ်ယန်ကပြောပြီးဦးဆုံးစားလိုက်သည်…
“အင်း…ကောင်းလိုက်တာ…မွှေးပြီးနူးညံ့နေတာပဲ”
“ကျမလည်းစားမယ်”
ရှန့်ကူကလည်းတူကိုကိုင်ပြီးစားလိုက်သည်…
“ကျစ်ယန်…ဒါတွေကျမအတွက်ပဲ”
ပါးစပ်ထဲထည့်ရင်းပြောနေသောရှန့်ကူကြောင့်ဟုန်ရိနဲ့သူမရယ်မိကြသည်…
“မင်းသမီးလေး…အစားအစာတွေကအများကြီးပါပဲစိတ်မပူနဲ့”
“ဟုန်ရိ…ငါစ်ိတ်ပူရမယ်…ဒါမျိုးငါတစ်ခါမှမစားဖူးဘူး”
“မယ်တော်…ယွမ်ချီလည်းစားမယ်…”
“ကြည့်အုံး…မင်းတို့သားမိကအစားပုတ်နေတာသုံးလောသိရင်တော့လှောင်ရယ်တော့မှာပဲ”
“ထျန်းချီ…ရှင်မစားရသေးပဲမပြောနဲ့…ရော့..စား…”
ရှန့်ကူကထျန်းချီပါးစပ်ထဲအသားတုံးတစ်ခုထည့်လိုက်သည်…ထျန်းချီလည်းမျက်လုံးအစုံဝိုင်းစက်သွားပြီး…တူကိုကောက်ကိုင်ကာခေါင်းမဖော်တမ်းစားကြတော့သည်…
“အားလုံးစားပြီးရင်သီစုံဖျော်ရည်လေးသောက်ကြပါအုံး”
ယွန်းမီကတစ်ယောက်တစ်ခွက်စီချပေးလိုက်ပြန်သည်…
“ယွန်းမီ…မင်းဟင်းချက်တော်တာဘာလို့အစောကြီးကတည်းကမပြောလဲ”
“ပိုင်ကျွယ်နတ်မင်းအထင်မလွဲပါနဲ့…ကျမသက်သက်မပြောပဲနေတာမဟုတ်ပါဘူး”
“နောက်ဆို…လူစုပြီးမကြာခဏဒီလိုစားသောက်ကြတာပေါ့”
“အယ်…ပိုင်ကျွယ်…ရှင်ကအစားမက်တဲ့သူမဟုတ်ပါဘူး”
“ရှန့်ကူ…ဒါအစားမက်တယ်လို့မခေါ်ဘူး…စိတ်ပျော်အောင်နေတယ်လို့ခေါ်တယ်”
“မှန်တယ်…မှန်တယ်”
ယွမ်ချီကထောက်ခံလိုက်သည်…သားဖနှစ်ယောက်အတိုင်အဖောက်ညီနေတော့သည်….
“ထျန်းချီ…မင်းဆံပင်တွေဘယ်လိုလုပ်ပြီး…”
“ဒါလား…ငါ့ရဲ့သားရဲလေးလုပ်ပေးထားတာလေ…ဘယ်လိုလဲငါအရင်ထက်ပိုပြီးနုပျိုသွားတယ်မလား”
“ယွန်းမီက…တကယ်တော်တယ်…တစ်ချို့အရာတွေမှာဆိုသူကထူးခြားတယ်”
“ချီးကျူ းပေးတာကျေးဇူးပါကျစ်ယန်နတ်မင်း”
[♥]]] [♦]]] [♣]]] [♠]]]
“အရှင်မဖုန့်ရန်…ကျမကိုဘာပြောစရာရှိလို့ဒီကိုခေါ်လာတာလဲ”
“ယွန်းမီ…မနက်ဖြန် နတ်သားရဲပိုင်ပွဲမှာဂရုစိုက်ပါ…အထူးသဖြင့်ကျင်ကျောင်းပေါ့…ကျင်ကျောင်းနဲ့ရင်းဟွာကသူငယ်ချင်းတွေသူတို့အကောက်ကြ့မှာစိုးရိမ်ရတယ်”
“အရှင်မဖုန့်ရန်…စိတ်မပူပါနဲ့…ကျမနတ်မင်းကိုစိတ်မပျက်စေရပါဘူး”
[♥]]] [♦]]] [♣]]] [♠]]]
“ရှောင်မီ”
“အမ်…အရှင်…ကျမဆီလာတာလား”
“ဟုတ်တယ်…မနက်ဖြန်တွက်…မင်းသုံးဖို့လက်နက်လိုတယ်မလား”
“ကျမမှာဒီဓားရှိတယ်လေ…”
လက်ထဲကဓားကိုထောင်ပြလိုက်တော့သူကခေါင်းခါယမ်းလိုက်သည်…
“မင်းမှာကိုယ်ပိုင်လက်နက်ရှိသင့်တယ်…ငါ့ဆီမှာမင်းတွက်တစ်ခုတော့ရှိတယ်…ဒါပေမဲ့လက်နက်ကသခင်အဖြစ်ရွေးပါ့မလားငါမပြောတက်ဘူး”
ပြောရင်းသူကလက်ပေါ်တွင်မြစိမ်းရောင်လေးတစ်ခုကိုဖန်ဆင်းလိုက်သည်…
“ဝိုး…လွလိုက္တာ”
လေးကသူမလက်ဖြင့်ကိုင်လိုက်ရုံနဲ့တင်စိမ်းဖျော့ဖျော့အရောင်များဝင်းလက်သွားသည်….ထျန်းချီမယုံကြည်နိုင်လောက်အောင်ကြည့်ရင်း…
“မထင်ထားဘူး…မြစိမ်းရောင်လက်နက်ကမင်းကိုသခင်အဖြစ်ရွေးလိုက်တယ်”
“ဟမ္…က်မလား”
“သေချာဂရုစိုက်…ဒါကမြှား”
သူကမြှားတစ်ချောင်းကိုဖန်ဆင်းလိုက်ပြန်သည်…
“အာ…တစ်ချောင်းထဲလား…ဒီတစ်ချောင်းထဲနဲ့ရန်သူကိုကျမဘယ်လိုတိုက်ခိုက်ရမှာလဲ…အရှင်နောက်နေတာလား”
“လာ…ကိုယ်ပြမယ်”
သူကသူမအားနောက်နေသိုင်းကာသူမလက်နှင့်လေးနဲ့မြှားကိုတပ်စေပြီးပစ်လွှတ်လိုက်သည်….
မြှားတစ်ချောင်းထဲကနေအချောင်းပေါင်းမြောက်များစွာပေါ်လာပြီးမက်မွန်ပန်းများပေါ်တွင်ထိုးစိုက်သွားသည်…
“ဝါး….ဒီလောက်တောင်စွမ်းလား”
“အခုသဘောကျပြီလား”
“အင်း…ကျမအရမ်းသဘောကျတယ်”
သူမကလေးနဲ့မြှားကိုကြည့်ကာသဘောကျနေတော့သည်…
“အရှင်…ကျမဒါနဲ့လေ့ကျင့်လိုက်အုံးမယ်”
ထျန်းချီလည်းတစ်နေ့လုံးသူမလေ့ကျင့်တာကိုကြည့်နေသည်…
[♥]]] [♦]]] [♣]]] [♠]]]
“နတ်သားရဲပိုင်ပွဲ”
o==[]::::::::::::::::>
နတ်သားရဲပြိုင်ပွဲတွင်အသီးသီးပြိုင်ကြသည်…နောက်ဆုံးသူမအလှည့်ရောက်လာသည်…လက်ဖျားခြေဖျားတွေအေးစက်ပြီးအပူတက်ချင်သလိုပင်ဖြစ်လာတော့သည်…
“ဘုရား…ဘုရား…ငါတော့ခွေးသေးပန်းလက်မှာသေလို့မဖြစ်ဘူး…ကျင်ကျောင်းကလည်းခွေးသေးပန်းကိုကူညီမှာဆိုတော့…ယွဲ့မိရေ…အခုချိန်မှာနင့်ကိုပဲအားကိုးရတော့မယ်”
ရင်းဟွာတို့ဘက်ကစပြီးတိုက်ခိုက်လာတော့သည်…သူမရဲ့ကိုယ်ပိုင်လက်နက်ကပန်းပွင့်များဖြစ်သည်…သို့သော်အထင်သေးလို့မရပေ…ပန်းပွင့်များနှင့်ထိမိရင်အဆိပ်မိသွားနိုင်သည်…
ကျင်ကျောင်းကရွှေနဂါး…နဂါးမီးနဲ့အမှုတ်မခံရအောင်လည်းသူမမှာမနည်းရှောင်နေရသည်…
“လာလေ”
သူမကလေပေါ်သို့ခုန်တက်သွားပြီးပန်းပွင့်များကိုရှောင်လိုက်နိုင်သည်…သို့သော်လည်းကျင်ကျောင်းရဲ့နဂါးမီးဖြင့်သူမကျောပြင်အားအမှုတ်ခံလိုက်ရသည်…
“အာ့…အေ့”
အောက်သို့ပြန်ပြုတ်ကျလာပြီးဒူးတစ်ဖက်ထောက်ကျသွားသည်..ပါးစပ်မှသွေားများကိုလက်ဖြင့်သုတ်ရင်းအားပြန်ယူလိုက်သည်…
“ဟွန့်…နတ်သားရဲကဘယ်လိုတောင်အားနည်းရတာလဲ”
“ကျင်ကျောင်း…အပိုတွေပြောမနေနဲ့နိုင်အောင်တိုက်”
“ယား…!….”
ရင်းဟွာနဲ့ကျင်ကျောင်းကသူမအားရှေ့နောက်ညှပ်တိုက်သဖြင့်သူမအခက်ကြုံနေရတော့သည်…
“ရှောင်မီ…”
ထျန်းချီမှာကြည့်နေရင်းမတ်တပ်ရပ်လိုက်သည်…
“ထျန်းချီ…ရှင်အခုဝင်ပြီးပြသနာရှာလိုက်ရင်…ကျမစိတ်ပူတယ်ွာန်းမီတွက်မကောင်းမှာ…ရှင်သည်းခံလိုက်ပါ…သူမကိုယုံကြည်ရမယ်”
ရှန့်ကူစကားကြောင့်သူပြန်ထိုင်လိုက်သည်….
“သေဖို့သာပြင်ထား…”
“ဟမ်…”
အဆိပ်ပန်းပွင့်များကသူမကိုယ်တစ်ခုလုံးကိုဝန်းရံလိုက်ပြီးကျင်ကျောင်ရဲ့နဂါးမီးကသူမရင်ဝတည့်တည့်သို့ရောက်ရှိသွားသည်…
“ဝုန္း…!”
အသံနဲ့အတူသူမလေပေါ်တွင်အရုပ်ကြိုးပျက်သကဲ့သို့ပြုတ်ကျသွားသည်…
“အော့..အဟွတ်”
သူမမျက်လုံးများကတဖြေးဖြေးအလင်းရောင်ပျောက်ကွယ်လာသည်…သူမလှမ်းကြည့်လိုက်တော့စိုးရိမ်နေသည့်ထျန်းချီရဲ့မျက်နှာကိုဝိုးတဝါးတွေ့လိုက်ရသည်…
“မဖြစ်ဘူး…ငါမနိုင်ရင်အရှင်သိက္ခာကျရလိမ့်မယ်…သုံးလောကမှာထျန်းချီနတ်မင်းရဲ့သားရဲကအသုံးမကျဘူးဖြစ်လိမ့်မယ်…ငါ့အသက်နဲ့ခန္ဓာတည်ရှိသရွေ့ငါကြိုးစားလို့ရတယ်…ငါအလျော့မပေးဘူး”
မျက်လွှာကိုပင့်တင်ကာ…လဲကျနေရာမှပြန်ထလိုက်သည်….သူမကိုယ်မှာငွေရောင်နဲ့အနီရောင်အလင်းတန်းများအတူယှက်ကာထွက်ပေါ်လာပြီး…စိမ်းဖန့်ဖန့်ပစ္စည်းတစ်ခုကပေါ်လာသည်…
“ဟင်…မြစိမ်းရောင်လေး”
ကျင်ကျောင်းနဲ့ရင်းဟွာအံ့သြသွားသည်…
“ယား…..အား….”
သူမအော်သံအဆုံးတွင်အစိမ်းရောင်အတောင်ပံတစ်စုံကျောမှထွက်ပေါ်လာတော့သည်….မျက်လုံးအိမ်မှအနီရောင်အသွင်ပြောင်းသွားသည်…အဖြူရောင်ကိုအနီရောယှက်နေသည့်အဝတ်အစားများအဖြစ်ပြောင်းလဲသွားသည်…
“မလောက်လေးမလောက်စား…အမတတွေကများ”
သူမကမြစိမ်းရောင်လေးကိုဆွဲကာမြှားဖြင့်ပစ်လိုက်သည်….ပန်းပွင့်များကိုထိုးဖောက်ကာရင်းဟွာရဲ့ရင်ဘက်တွင်ထိုးစ်ိုက်သွားသည်…လက်တစ်ဖက်ကလည်းကျင်ကျောင်းလည်ပင်းအားညှစ်ထားပြီးကိုင်ပေါက်ပစ်လိုက်သည်…
“ဝုန္း…!
“အား…အာ့”
နှစ်ယောက်စလုံးလွှင့်စင်သွားပြီးပြန်၍ပင်မထနိုင်တော့ပေ….
“ဒါ..ဒါ..ဘိုးဘေးနတ်မင်းရဲ့ဒဏ္ဍာရီလာနတ်သားရဲမလား”
“ထျန်းချီ…ဒါကသူမရဲ့ကိုယ်ပိုင်စိတ်ဝိဥာဉ်ဖြစ်မယ်”
ပိုင်ကျွယ်ကမှတ်ချက်ပေးလိုက်သည်….
သူမလည်းလေပေါ်ကနေပြန်ဆင်းလာခဲ့သည်….ထျန်းချီရှေ့သို့လျှောက်လှမ်းလာခဲ့သည်…အနားရောက်ရင်ပဲသူမကသတိလစ်မေ့မြောသွားခဲ့သည်….
“ရှောင်မီ…ရှောင်မီ”
ထျန်းချီလည်းသူမအားပွေ့ကာထိုနေရာမှထွက်ခွာသွားသည်….
“အားလုံးပဲတွေ့ကြတယ်မလား…ဒါကဘိုးဘေးနတ်မင်းရဲ့ဒဏ္ဍာရီလာနတ်သားရဲပဲ…ဘယ်သူကများပိုင်ယွန်းမီနတ်သားရဲလုပ်ဖို့မတန်ဘူးလို့ထင်လဲ”
“အရှင်မဖုန့်ရန်…ပိုင်ယွန်းမီနတ်သမီးဟာနတ်မင်းထျန်းချီရဲ့အသင့်တော်ဆုံးနတ်သားရဲပါပဲ”
အားလုံးကပြိုင်တူပြောလိုက်ကြတော့သည်….
“ရင်းဟွာ…”
“ဟုတ်ကဲ့အရှင်မ”
“ပြိုင်ပွဲအတွင်းမင်းဟာအဆိပ်ကိုသုံးခဲ့တယ်…ဒါကမင်းရဲ့ကိုယ်ပိုင်လက်နက်ဖြစ်လို့ငါအပြစ်မတင်ဘူး…ဒါပေမဲ့လက်နက်ပုန်းသုံးတာတော့သိပ်ပြီးအောက်တန်းကျတယ်…ဒါကပြိုင်ပွဲတစ်ခုပဲရန်သူကိုအသေသတ်ဖို့လုပ်တာမဟုတ်ဘူး…အကယ်၍များဘိုးဘေးနတ်မင်းရဲ့ဒဏ္ဍာရီလာနတ်သားရဲသာမနိုးထခဲ့ရင်အခုချိန်မှာ…ပိုင်ယွန်းမီသေသွားလောက်ပြီ…မင်းအပြစ်ကိုမင်းသိရင်မိုးကြိုး၁၈ချက်သွားခံချေ”
“အရှင်မ…အရှင်မ…ရင်းဟွာမှားမှန်းသိပါပြီ…ရင်းဟွာမှားမှန်းသိပါပြီ…မယ်တော့်မျက်နှာကိုထောက်ထားပြီးအရှင်မသက်ညှာပေးပါ”
“ကောင်းပြီ…မင်းမယ်တော်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုထောက်ထားပြီး…ပန်းနတ်သမီးကိုသူ့သမီးကိုယ်စားပိုင်ယွန်းမီကိုလာတောင်းပန်ခိုင်းလိုက်မယ်”
“ဟင်…အရှင်မ”
“မင်းကြိုက်တာရွေးလို့ရတယ်ရင်းဟွာ…မိုးကြိုး၁၈ချက်အပြစ်ပေးတာခံမလား…မင်းအမေကိုဆင့်ခေါ်ခိုင်းရမလား”
ရင်းဟွာသိတာပေါ့မယ်တော်ကသူမပေါ်စည်းကမ်းတင်းကျပ်သည်…အကယ်၍များသူမအခုလိုအပြစ်လုပ်မိသည်ကိုသိရင်…မိုးကြိုး၁၈ချက်ထက်ပိုစိုးသည့်ပြစ်ဒဏ်ကိုမယ်တော်ကပေးမည်လေ…
“ရင်းဟွာအခုပဲအပြစ်ခံယူပါ့မယ်”
“ကျင်ကျောင်း…မင်းအမေဝူဟွမ့်ကိုနတ်သမီးကသက်ညှာပေးထားတယ်…မုကွမ်းကြောင့်သာမဟုတ်ရင်မင်းတို့သားမိအသက်ချမ်းသာရာရမှာမဟုတ်ဘူး…နတ်သမီးရဲ့သက်ညှာမှုကိုထောက်ထားပြီးမင်းကိုတော့အပြစ်မတင်တော့ဘူး…နောက်တစ်ခါငါ့ရှေ့မှာပေါ်မလာစေနဲ့…အဲ့ချိန်ကျရင်…နတ်သမီးတောင်တားလို့ရမှာမဟုတ်ဘူး”
“ကျင်ကျောင်းသိပါပြီအရှင်မ….ဖုန့်….ရန်”
ကျင်ကျောင်းရဲ့အသံကမကျေနပ်မှန်းသိသာနေသည်…သို့သော်လည်းသူမမှာအာခံနိုင်စွမ်းမရှိသေး….
[♥]]] [♦]]] [♣]]] [♠]]]
အိပ်ယာထက်လှဲလျောင်းနေသောယွန်းမီအားကြည့်ကာထျန်းချီစိတ်ပူနေတော့သည်….
“ရှောင်မီ….မင်းဒီစွမ်းအားတွေဘယ်ကရလာတာလဲ”
“ထျန်းချီ…ယွန်းမီကသာမာန်ခန္ဓာကိုယ်တစ်ခုဘဲယွဲ့မိရဲ့မူလဝိဥာဉ်ကိုခံနိုင်ရည်ရှိပေမဲ့…ဘိုးဘေးနတ်သားရဲစွမ်းအားကိုတော့တောင့်မခံနိုင်မှာစိုးတယ်…အကယ်၍သူ့မှာလောကပါလစွမ်းအားရှိခဲ့ရင်တော့မျှော်လင့်ချက်ရှိသေးတယ်”
“အကယ်၍ငါ့ရဲ့မူလစွမ်းအားကိုအသုံးပြုပြီးသူ့ခန္ဓာကိုယ်ကိုထိန်းထားပေးရင်ရော”
“ထျန်းချီ…မရူးစမ်းနဲ့…ဒါကနင့်ကိုထိခိုက်လိမ့်မယ်…ဘိုးဘေးနတ်သားရဲစွမ်းအားကအရမ်းပြင်းတယ်”
“ရှန့်ကူ…ဒါဆိုသူမကိုယ်ပေါက်ကွဲပြီးပြာဖြစ်သွားတာကိုငါထိုင်ကြည့်နေရမှာလား…မဖြစ်ဘူး…ယွဲ့မိမူလဝိဥာဉ်ရှိသေးတယ်”
ထျန်းချီကသူ့ရဲ့မူလစွမ်းအားကိုထုတ်လိုက်ပြီးသူမကိုယ်ထဲထည့်လိုက်သည်…သို့သော်လည်းစွမ်းအားများကကန်ထွက်သွားပြီးသူ့ရဲ့မူလစွမ်းအားကိုလက်မခံပေ…
“မဖြစ်နိုင်ဘူး…သူမကဘယ်လိုလုပ်ပြီးလောကပါလစွမ်းအားရှိနေရမှာလဲ”
ထျန်းချီကနောက်တစ်ကြိမ်ပြန်ထည့်လိုက်ပြန်သည်….မရပေ…
“ထျန်းချီ…မင်းရဲ့စွမ်းအားတွေကိုအကုန်မခံပါနဲ့တော့”
“ပိုင်ကျွယ်…အကယ်၍များရှန့်ကူဆိုရင်မင်းဘာလုပ်မလဲလောကဆင်းရဲကိုမင်းအစားခံပေးတယ်မလား”
ထျန်းချီပြောတာမှန်နေသောကြောင့်ပိုင်ကျွယ်လည်းဆက်မပြောနိုင်ပေ…
“ထျန်းချီ…ဘိုးဘေးနတ်သားရဲကသာမန်မဟုတ်ဘူး…ဘိုးဘေးနတ်မင်းကထိန်းချုပ်နိုင်ပေမဲ့…မင်းမလုပ်နိုင်မှာငါစိုးရိမ်တယ်…ပြီးတော့ဘိုးဘေးနတ်သားရဲကဒဏ္ဍာရီလာနတ်သားရဲ….အရင်တုန်းကသူကလည်းနတ်ဘုရားတစ်ပါးလိုပဲအစွမ်းထက်တယ်…ဘိုးဘေးနတ်မင်းနဲ့မတွေ့ခင်ထိမည်သူကမှမထိန်းချုပ်ရဲဘူး”
“ငါယုံကြည်တယ်…ရှောင်မီငါ့ကိုမေ့မှာမဟုတ်ဘူး…သူမကိုဒီတိုင်းကြည့်မနေနိုင်ဘူး”
ထျန်းချီကသူ့ရဲ့မူလဝိဥာဉ်ကိုသူမကိုယ်ထဲတစ်ဖန်ပြန်ထည့်လိုက်ပြန်တော့သည်….ကံကောင်းစွာပင်အခုအခါမှာတော့ထျန်းချီမူလစွမ်းအားကသူမကိုယ်ထဲဝင်သွားသည်…
သူတို့လေးယောက်လုံးဘိုးဘေးနတ်သားရဲစွမ်းအားကိုဖိနှိပ်လိုက်ကြတော့သည်….
“ရှောင်မီ…ဒါကအချိန်ဘယ်လောက်ကြာကြာဖိနှိပ်ထားနိုင်မလဲငါမသိဘူးအကယ်၍မင်းဆီမှာလောကပါလစွမ်းအင်းရှိတာတစ်ခြားလူသိရင်…မင်းအပြစ်ပေးခံရလောက်တယ်….မင်းရွှမ်ယီးနဲ့တစ်ခုခုပတ်သက်နေတာလား”
ထျန်းချီသူမဘေးတစ်ချိန်လုံးရှိပေးနေသည်…သူမကတော့သတိလစ်နေဆဲပင်…
“နတ်မင်း…အပြင်မှာပန်းမင်းသမီးရင်းဟွာတွေ့ခွင့်တောင်းနေပါတယ်”
“မတွေ့ဘူးလို့ပြောလိုက်”
“နတ်မင်း…ပန်းမင်းသမီးကနတ်မင်းနဲ့တွေ့ခွင့်မရမချင်းခန်းဆောင်ရှေ့မှာဒူးထောက်နေမယ်လို့ပြောပါတယ်”
“သူနေနိုင်လို့နေတာပဲ….နေပါစေ”
“အာ….နတ်မင်း…တကယ်လို့များအမတတွေသာဒီအကြောင်းသိရင်…အမှန်တရားနတ်မင်းကအကြင်နာကင်းမဲ့ပြီးအဆင့်အတန်းသူလို့ပြောမှာစိုးပါတယ်”
နတ်အစေခံစကားကြောင့်သူအနည်းငယ်တွေဝေသွားသည်…
“ကောင်းပြီ…သူမကိုအထဲလွှတ်လိုက်ပါ”
“ဟုတ်ကဲ့…နတ်မင်း”
နတ်အစေခံလည်းပြန်ထွက်သွားပြီးခဏအကြာတော့ရင်းဟွာရောက်လာသည်…
“ရင်းဟွာ…အမှန်တရားနတ်မင်းထျန်းချီကိုအရိုအသေပေးပါတယ်”
“မင်းဘာကိစ္စလဲ”
“နတ်မင်း…နတ်မင်းသာစိတ်မရှိရင်ရင်းဟွာနတ်မင်းနားမှာနေပြီးအစေခံလုပ်ပါရစေ”
“မလိုဘူး…ပန်းမင်းသမီးပြန်လိုက်တာကောင်းပါတယ်”
ထျန်းချီပုံစံကတည်ငြိမ်ပြီးအေးစက်နေသည်….
“နတ်မင်….နတ်မင်းရဲ့သားရဲကိုအပြစ်လုပ်မိတာရင်းဟွာရဲ့အမှားပါ…ရင်းဟွာအမှားကိုပြန်ပေးဆပ်ပါရစေ….နတ်မင်းခွင့့်ပြုပေးပါ”
“တကယ်လို့မင်းအမှားကိုသိရင်…ဒီကနေထွက်သွားပါ…မင်းကိုမြင်ပြီးရှောင်မီဒေါသမထွက်ရတော့ဘူးပေါ့…အကယ်၍မင်းတောင်းပန်ဖို့လိုတယ်ဆိုရင်ရှောင်မီနိုးလာမှတောင်းပန်…ငါ့တွက်ကရှောင်မီရှိရင်ပဲလုံလောက်ပြီ…ကျန်တာတွေကရှောင်မီသဘောကျဖို့ပဲလိုအပ်တယ်”
“နတ်မင်း…”
ရင်းဟွာလည်းမတက်သာတော့ဘဲလှည့်ပြန်ခဲ့ရသည်…
“ဟွန့်…နတ်မင်းကဘာလို့များသူ့ကိုအရမ်းဂရုစိုက်နေတာလဲမသိဘူး”
“ယွဲ့မိကြောင့်ပေါ့”
“ကျင်ကျောင်း…နင်ဘယ်တုန်းကရောက်နေတာလဲ”
“အဟင်း…ငါရောက်တာကြာပြီ…မင်းဘာတွေအဲ့လောက်စိတ်ဝင်စားနေလို့ငါလာတာမသိရတာလဲ”
“ကျင်ကျောင်း…နင်အကြံပေးပါအုံး…ငါနတ်မင်းကိုသဘောကျတယ်ဒါပေမဲ့နတ်မင်းကပိုင်ယွန်းမီကိုပဲဂရုစိုက်တယ်…ငါဘာလုပ်ရမလဲ”
“ရင်းဟွာ…ရင်းဟွာ…မင်းဘာလို့ဒီလောက်အရတာလဲ…ပိုင်ယွန်းမီရဲ့ကိုယ်ထဲမှာယွဲ့မိရဲ့နတ်ဝိဥာဉ်ရှိတယ်…အဲ့တာကိုသူ့ကိုယ်ထဲကနေမင်းဆီရောက်အောင်လုပ်…ဒါမှမဟုတ်ရင်ယွဲ့မိနတ်ဝိဥာဉ်ကိုဖျက်စီးရမယ်”
“ဟင်…ဒါဘယ်လိုအကြံဆိုးကြီးလဲကျင်ကျောင်း”
“ဟွန့်…ထျန်းချီကြောင့်သာမဟုတ်ရင်…ငါ့မယ်တော်…ယွဲ့မိကိုသတ်တာရှန့်ကူနတ်သမီးမသိဘူး…အခုတော့သူ့ကြောင့်ငါ့မယ်တော်ကပြန်ဝင်စားလို့လဲမရဘူး…နတ်လဲမဟုတ်…မိစ္ဆာ လည်းမဖြစ်နိုင်ဘဲတစ်သက်လုံးနာကျင်ခံစားနေရပြီ…ဒါကိုငါပြန်ရယူရမယ်”
“ကျင်ကျောင်း…နင်ခံစားရတာကိုငါနားလည်ပါတယ်…ဒါပေမဲ့လို့ဒါတွေကိုထျန်းချီကလုပ်တာမှမဟုတ်တာ…ရှန့်ကူနတ်သမီးလုပ်တာလေ”
“မှန်တယ်…သူကချင်းမုရော…ပိုင်ကျွယ်ရောငါ့ဆီကလုယူတယ်…ငါ…ငါဆုံးရှုံးရတာကိုပြန်ယူရမယ်”
ကျင်ကျောင်းကနှုတ်ခမ်းကိုမဲ့ကာအငြိုးကြီးစွာပြောလိုက်သည်….
“ရင်းဟွာ…မင်းထျန်းချီနဲ့နီးစပ်ချင်တယ်မလား”
“အင်း…”
“ဒါဆိုရင်…အရင်ခေါက်ကရွှမ်ယီးဆိုတဲ့တစ်ယောက်ကိုရှာရမယ်”
“ဘာလို့လဲ”
“ရွှမ်ယီးဆိုတာ…နတ်ဆိုးတစ်ဝက်ပဲ”
“နင်ဘယ်လိုသိနေတာလဲ”
“လွန်ခဲ့တဲ့ နှစ်ခုသောင်းက…ရှန့်ကူဟာလောကဆင်းရဲကိုပေးဆပ်ပြီးနောက်ပျောက်ကွယ်သွားခဲ့တယ်….ဒါကိုကြိုသိတဲ့ရွှမ်ယီးကနတ်ပြည်ကိုတိုက်ခိုက်ခဲ့တယ်….ရွှမ်ယီးကိုနှိမ်နှင်းဖို့ပိုင်ကျွယ်ကဦးဆောင်ခဲ့တယ်…ပိုင်ကျွယ်နတ်မင်းနဲ့အတူနှိမ်နှင်းကြတဲ့သူတွေထဲမှာငါ့မယ်တော်နဲ့ခမည်းတော်ပါပါတယ်…ငါသိတာမထူးဆန်းပါဘူး”
“ဒါတွေနင့်မယ်တော်ဆီကကြားခဲ့ရတာပေါ့”
“မှန်တယ်…ရွှမ်ယီးကလောကအရှင်ပဲ…ဒါပေမဲ့နတ်ဆိုး…ရွှမ်ယီးနဲ့ပိုင်ယွန်းမီပတ်သက်နေတာကို…အမှန်တရားနတ်မင်းတွေသိရင်ဒီတိုင်းထားမယ်ထင်လား”
“ဒါဆို…ရွှမ်ယီးကိုဘယ်နေရာမှာရှာရမှာလဲ”
“ငရဲပြည်”
“ဟမ်….ဒါ..ဒါကမလွယ်ဘူးနော်”
“လွယ်နေရင်…ငရဲပြည်ဘယ်ဟုတ်တော့မလဲ…အခွင့်အရေးရှာကြတာပေါ…”
[♥]]] [♦]]] [♣]]] [♠]]]
“အင်း….”
သူမမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ပထမဆုံးတွေ့လိုက်ရသူကထျန်းချီ…
“အရှင်…ကျမ”
“မလှုပ်နဲ့”
“ပြိုင်ပွဲကဘယ်လိုဖြစ်သွားပြီလဲ…ကျမ”
“မလှုပ်နဲ့…ငြိမ်ငြိမ်နေ…မင်းအနားယူဖို့လိုသေးတယ်”
“ဒါေပမဲ့…က်မ”
“စကားမများနဲ့…မင်းပြန်ကောင်းလာဖို့ငါအားစိုက်ထားရတာ
…အလကားမဖြစ်စေနဲ့”
“ဟုတ်ကဲ့”
ယွန်းမီလည်းအိပ်ယာထဲပြန်လှဲနေလိုက်သည်…
“အရှင့်ပုံစံကဘာလို့အားနည်းပုံပေါက်နေတာလဲ…ဧကန္တငါ့ကိုထပ်ကယ်လိုက်ပြန်ပြီလား”
“အရှင်…”
“မင်းမေးချင်တာတွေငါသိတယ်…ပြိုင်ပွဲမှာမင်းနိုင်ခဲ့တယ်ဒါပေမဲ့လို့ဒဏ်ရာရသွားတယ်…မင်းကိုနေ့ရောညပါပြန်ပြုစုနေရတော့ငါအရမ်းပင်ပန်းသွားလို့ပါ…စိတ်မပူနဲ့မင်းပြန်ကောင်းလာရင်ငါသေချာအနားယူလိုက်မယ်”
“ဟုတ်ကဲ့”
ထျန်းချီကသူမအတွေးကိုသိနေသလိုဖြေလိုက်သည်….
[♥]]] [♦]]] [♣]]] [♠]]]
“အမ်း….အခုချိန်ရွှမ်ယီးဘယ်လိုနေမလဲမသိဘူး…သူငါ့ဆီမလာတာတော်တော်ကြာပီ…ငါနေမကောင်းဖြစ်နေတာနဲ့ရွှမ်ယီးကိုလစ်လျူ ရှုထားတာသူစိတ်များစိုးနေမလား”
မက်မွန်ပင်ပေါ်လဲလျောင်းရင်းအရက်အိုးကိုမော့လိုက်သည်…
“ယွန်းမီ…ယွန်းမီ”
ဟုန်ရိအော်သံကြောင့်သူမအတွေးများရပ်သွားသည်…
“ဟုန်ရိရေ….ငါဒီမှာ”
“ဟင်…နင်ကဒီရောက်နေတာကို…ငါရှာနေတာနှံ့နေပြီ”
“ဘာကိစ္စလဲ…နေမကောင်းတုန်းကကျတော့မေ့ထားပြီးအခုမှလာရှာတယ်ဟွန့်”
“ယွန်းမီ…အထင်မလွဲပါနဲ့…ငါအရှင်ခိုင်းတာတွေလုပ်နေရလို့ပါ”
“ဟွန့်…ထားပါတော့”
“ကဲပါ…အပင်ပေါ်ကဆင်းခဲ့ငါနင့်တွက်ပြစရာရှိတယ်”
“ကောင်းပြီ”
သူမကအပင်ပေါ်ကနေခုန်ဆင်းလိုက်သည်…
“ယွန်းမီ…နင့်ရဲ့စွမ်းအားတွေတိုးတက်လာပုံပဲ…ဟိုးအမြင့်ပေါ်ကနေအသာလေးခုန်ဆင်းလာနိုင်ပြီပဲ”
“ဟင်းဟင်း…ဒါ့ပေါ့”
“အဲ့…ဒီမှာနင့်တွက်”
“ဟင်…ဒါဘာလဲ”
“သက်ရှိရုပ်ကြွင်းလေးတစ်ခုပါ…ဒါကမင်းကိုအန္တရာယ်ကြုံလို့အခက်အခဲဖစ်နေချိန်ကူညီပေးနိုင်တယ်…ပြီးတော့ဘယ်သူတွေကအန္တရာယ်ရှိလဲဆိုတာပြောပြပေးလိမ့်မယ်”
“အဲ့လောက်တောင်လား…နင်ဘယ်ကရလာတာလဲ”
“နင်နေမကောင်းတဲ့အချိန်က…သခင်ကငါ့ကိုအမတတွေနေတဲ့နေရာကိုစောင့်ကြည့်ဖို့တာဝန်ပေးခဲ့တယ်…အဲ့ကနေဒီသက်ရှိရုပ်ကြွင်းလေးကိုရခဲ့တာ”
“အော်…နင်တွေသွားစောင့်ကြည့်ရတာလဲ”
“အမတတွေထဲကထူးခြားပြီးလောကအကျိုးပြုမဲ့နတ်မင်းတွေပေါ်လာမှာမို့လေ…သူတို့ကိုမကောင်းစိုးဝါးတွေကအနှောင့်အယှက်ပေးမှာစိုးလို့”
“အင်း…ဒါနဲ့နင့်ကိုငါနေရာတစ်ခုကိုခေါ်သွားမယ်…လိုက်ခဲ့”
“အယ်…”
သူမကဟုန်ရိလက်ကိုဆွဲကာပျောက်ကွယ်သွားသည်….
“ယွန်းမီ…နင်ဘယ်ကိုခေါ်လာတာလဲ”
“တိမ်ဖြူ ရောင်ဥယျာဉ်”
“အာ…ဒီလိုနေရာရှိမှန်းငါဘာလိုမသိရတာလဲ”
“ငါ့ရဲ့မင်းသမီးလေး…ငါ့ကိုသတိရနေတာလား”
“ဟင်…ရွှမ်ယီး”
“ရွှမ်ယီး…မင်း”
“အယ်…ဟုန်ရိ..မတိုက်နဲ့…သူကအန္တရာယ်မရှိပါဘူး”
“ယွန်းမီ…နင်ဘယ်လိုလုပ်…”
“လက်စသတ်တော့ပိုင်ကျွယ်ရဲ့နတ်သားရဲလေးပဲ”
“ခင်ဗျားဘာလို့မသေသေးတာလဲ”
“ဟုန်ရိ…ငါပြောနေတယ်”
“ယွန်းမီ…နင်သူနဲ့သိတာလား”
“အင်း”်
သူမကခေါင်းငြိမ့်ပြလိုက်သည်…
“မီမီ…မင်းသူငယ်ချင်းကငါ့ကိုသဘောမကျဘူး”
“ဟုန်ရိ”
သူမကဟုန်ရိအားမတိုက်ခိုက်ဖို့အတွက်ခေါင်းခါပြလိုက်သောကြောင့်ဟုန်ရိကငြိမ်သွား၏…သူမကရွှမ်ယီးနဲ့စတွေ့ပုံကအစပြောပြလိုက်တော့သည်…
“ဒါဆို…နင်နဲ့သူကအစောကြီးကတည်းကသိနေတာပေါ့”
“မှန်တယ်”
“ရွှမ်ယီး…ခင်ဗျားယွန်းမီကိုအသုံးချပြီးနောက်တစ်ကြိမ်နတ်ပြည်ကိုဒုက္ခပေးမယ်မကြံနဲ့”
“ဟုန်ရိ…သူ့မှာအဲ့လိုလုပ်နိုင်စွမ်းမရှိတော့ပါဘူး…သူ့အပြစ်တွက်လည်းပေးဆပ်ပြီးပြီဟာကို”
သူမကနှုတ်ခမ်းလေးစူကာပြောလိုက်တော့သည်….
“ဒီအကြောင်းကိုငါ့သခင်သိရင်တော့နင်အပြစ်ပေးခံရတော့မှာပဲ”
“နင်မပြောရင်မသိပါဘူး”
“မီမီ…မင်းနတ်ပြည်မှာအဆင်ပြေရဲ့လား…ငါနဲ့အတူငရဲပြည်ပြန်လိုက်ခဲ့လေ”
“မရပါဘူး…ရွှမ်ယီး…ခင်ဗျားယွန်းမီကိုပြန်ခေါ်ဖို့မတွေးနဲ့”
“ဟုန်ရိ…ငါနင့်ကိုမေးလို့လား”
“မသိဘူး…ငါယွန်းမီကိုပေးမပြန်ဘူး”
ကလေးတစ်ယောက်လိုရွှမ်ယီးကိုရန်တွေ့နေသောဟုန်ရိကိုကြည့်ကာသူမရယ်မိတော့သည်…
“ကောင်းပြီ…ကောင်းပြီ…ငါမပြန်ပါဘူး…ငါ့ရဲ့ခွေးပေါက်လေးရဲ့”
“ယွန်းမီ…နင်လုပ်ကာမှပဲငါမီးချီလင်နတ်သားရဲကခွေးဖြစ်ရတော့တယ်”
သူတို့လည်းနေဝင်သည်အထိစကားတွေပြောခဲ့ကြပြီးပြန်လာခဲ့ကြသည်…..
“ရှောင်မီ…မင်းဘယ်ကပြန်လာတာလဲ”
“က်မ…က်မ”
“ရှောင်မီ…မင်းကအခုမှသက်သာရုံရှိသေးတယ်…ဘာလို့အပြင်တွေထွက်ပြီးလေစိမ်းတွေတိုက်တာခံနေတာလဲ”
“အရှင်ကစိတ်ပူနေတာလား..ဟီး”
“ငါစိတ်ပူတယ်…ငါစိတ်ပူမှန်းငိရင်မင်းဘာလို့အဆော့မက်နေတာလဲ…ရင်းဟွာလိုလူကတောင်မင်းကိုဒဏ်ရာရအောင်လုပ်နိုင်ရင်…တစ်ခြားသူတွေဆိုပိုပြီးမင်းကိုအနိုင်ကျင့်မှာစိတ်မပူဘူးလား”
“အရှင်…ရှင်ဘာလို့ဒီလောက်စိတ်ဆက်နေတာလဲ…ဧကန္တနေမကောင်းလို့လား”
ပြောပြောဆိုဆို သူမကထျန်းချီနဖူးအားလက်ဖြင့်စမ်းလိုက်သည်…
“မဆီလျော်လိုက်တာ”
ထျန်းချီကနောက်သို့ပြန်ဆုတ်သွားသည်….ထို့နောက်လေပေါ်တွင်အရာဝတ္ထုတစ်ခုကပျဲဝဲလာပြီးအနားရောက်တော့စာလုံးများဖြစ်သွားသည်…
“ရှောင်မီ…လိုက်ခဲ့”
“အာ”
[♥]]] [♦]]] [♣]]] [♠]]]
“ပိုင်ယွန်းမီ…မင်းကရွှမ်ယီးနဲ့ဘယ်လိုပတ်သက်တာလဲ”
“နတ်သမီး…ရွှမ်ယီးကကျမသူငယ်ချင်းပါ”
“နတ်သမီးကြားတယ်နော်…ပိုင်ယွန်းမီကနတ်ဆိုးနဲ့ပူးပေါင်းနေတာပါ”
“ရင်းဟွာ…နင့်စကားကအခြေအမြစ်မရှိဘူးမလား…ဘာလို့ငါ့ကိုမကောင်းကြံချင်နေရတာလဲ”
“ပိုင်ယွန်းမီ…ရွှမ်ယီးကနတ်ပြည်ရဲ့အပြစ်သားမင်းဘာလို့သူနဲ့ပတ်သက်နေတာလဲ”
“နတ်သမီး…ရွှမ်ယီးသာမရှိရင်ကျမဆိုတာရှိလာမှာမဟုတ်ဘူး…မင်းကလောပါလနတ်သမီးဘာလို့အမှန်ကိုမမြင်ရတာလဲ”
“တိတ်စမ်း…အတင်းရဲလိုက်တာ”
“အရှင်…အရှင်ကပါမယုံဘူးလား”
“မင်း…ရွှမ်ယီးနဲ့ပတ်သက်နေတာအပြစ်ရှိတယ်…ရင်းဟွာသာမပြောရင်မင်းဘယ်ထိငါတို့ကိုဖုန်းကွယ်ထားမှာလဲ”
“ကျမမဖုံးကွယ်ဘူး…ရှင်တို့ကရောမေးခဲ့ဖူးလို့လား…ယွဲ့မိမူလဝိဥာဉ်ကျမကိုယ်မှာရှိတာသိကတည်းကအနားမှာထားခဲ့တာမလား”
“ပိုင်ယွန်းမီ…မင်းနတ်ဆိုးနဲ့ပူးပေါင်းပြီးနတ်ပြည်ကိုဘာလာလုပ်တာလဲ”
“ငါ့မှာဖြေစရာမရှိဘူး…ပြီးတော့ငါဘာအမှားမှလုပ်မထားဘူးရှန့်ကူနတ်သမီး”
“ကောင်းပြီမင်းဝန်မခံရင်ငါကိုယ်တိုင်ဝန်ခံအောင်လုပ်ရမယ်”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)