နတ်ဘုရားရဲ့သားရဲငယ် - Part 6
“မင်းတောင်းဆိုနေမှတော့မင်းအပြစ်နဲ့အတူငါအပြစ်ပေးမယ်”
ထျန်းချီကနောက်တစ်ကြိမ်ကြာပွတ်နဲ့ရိုက်ချလိုက်သည်…
“ထျန်းချီ….မလုပ်နဲ့”
“ရွှမ်း”
“အင့်!
“ဟင်…ရှောင်မီ”
ကြာပွတ်ကိုရှောင်မီကဝင်ခံလိုက်ပြန်သည်….
“ရှင်ဘယ်သူလဲ…ဘာလို့ကျမကိုကယ်တာလဲ”
“ချိုလဲ့…နင်ဘယ်လိုလုပ်ဒီရောက်နေတာလဲ”
“ဘာ…ဘာချိုလဲ့လဲ…ငါမသိဘူး”
သူမလည်းအံ့သြစွာဖြင့်…
“ဟုတ်သားပဲဒါကမတူညီတဲ့လောကပဲချိုလဲ့နဲ့ရုပ်ချင်းဆင်တာနေမှာပါ”
သူမစိတ်ထဲကတွေးရင်း….
“ထျန်းချီ…သူမကိုလွှတ်ပေးလိုက်ပါ”
ပြောရင်းသူမကအနီရောင်ဝတ်ရုံဝတ်ဆင်ထားသောမိန်းကလေးရဲ့မှော်ပညာကိုချိုးဖျက်လိုက်သည်…
“ရှောင်မီ…သူကလူသားတွေကိုဒုက္ခပေးတာလေ”
“ထျန်းချီ…သူမကကျမသူငယ်ချင်းလိုပဲ…သူမအဖြစ်ကကျမသူငယ်ချင်းအတိုင်းဖြစ်နေတယ်…ကျမတောင်းဆိုပါတယ်”
ထျန်းချီအနည်းငယ်စဉ်းစားလိုက်သည်…
“မိန်းကလေး…မင်းချစ်ရသူလည်းသေပြီနောက်ဆုံးမင်းသူ့ဆန္ဒကိုငဲ့ကွက်ပြီးကောင်းတာတွေပဲလုပ်သင့်တယ်”
“အဟွန့်…မင်းကနတ်မင်းနဲ့အတူလာတဲ့သူထင်တယ်…ဒါဆိုမင်းလည်းနတ်သမီးပဲမလား…ငါဘယ်တုန်းကမှအမှားတွေမလုပ်ခဲ့ဘူးမကောင်းတာလည်းမလုပ်ခဲ့ဖူးဘူး…ဒါပေမဲ့ငါမွေးဖွားလာကတည်းကထူးဆန်းစွာမွေးလာခဲ့တယ်…ငါ့ကိုကိုယ်ဝန်ရှိချိန်မှာငါ့အဖေသေတယ်…ငါမွေးပြီးတော့ငါ့အမေသေတယ်…ငါကမိဘမဲ့အဖြစ်ကြီးပြင်းခဲ့ရတယ်ပြီးတော့ငါ့မှာမကောင်းတဲ့အစွမ်းတွေနဲ့မွေးလာရတယ်…လူတွေကငါ့ကိုမကောင်းဆိုးဝါးလိုဆက်ဆံကြတယ်ငါအားလုံးကိုခွင့်လွှတ်ခဲ့တယ်”
“ဒါဆိုမင်းဘာလို့အခုလိုလုပ်ရတာလဲ”
“အဟင်း…လူတွေကမမျှတဘူး…ငါ့ကိုအမျိုးမျိုးဒုက္ခပေးတယ်…ရွာပြင်မှာပဲနေခိုင်းတယ်ငါနေတယ်ငါ့ဘာသာအသီးအနှံတွေရှာဖွေစားတယ်…အားလီနဲ့မတွေ့ခင်ထိငါအထီးကျန်နေခဲ့ရတယ်အားလီနဲ့တွေ့တော့ငါအရမ်းပျော်ခဲ့တယ်သူကသမားတော်တစ်ယောက်…ငါသူ့ကိုဆေးပင်တွေကူရှာပေးတယ်ငါသူ့ဆီကဆေးပညာအချို့သင်ယူခဲ့တယ်…ကံတရားကြီးကမျက်နှာမပေးဘူး…တစ်နေ့မှာလူတစ်ယောက်ဒဏ်ရာတွေနဲ့ငါ့ဆီရောက်လာခဲ့တယ်…ငါကုသပေးလို့ပျောက်ကင်းသွားတယ်အဲ့ချိန်ကအားလီကမြို့ပေါ်တက်ပြီးဆေးပညာအချို့ကိုသင်ယူနေချိန်မို့ငါ့ဆီမလာဖြစ်ဘူး…အဲ့လူနဲ့ငါမေတ္တာမျှခဲ့တယ်ချစ်ကျွမ်းဝင်ခဲ့တယ်…ဒါပေမဲ့သူကရှင်ဘုရင်ဖြစ်နေမှန်းငါမသိခဲ့ဘူး
သူပြန်သွားပြီးသိပ်မကြာဘူးငါ့မှာကိုယ်ဝန်ရှိနေတယ်…ငါသူ့နောက်လိုက်သွားခဲ့တယ်…ဟားဟား.. .ဒါပေမဲ့ငါကြိုးစားတာတွေကသဲထဲရေသွန်ပစ်သလိုပဲ…ငါကမယားငယ်…မယားကြီးကငါ့ကိုလှောင်ပြောင်သရော်တယ်ငါကငါ့သိက္ခာအတွက်သူ့ကိုပါးရိုက်ခဲ့တယ်…ဒါပေမဲ့ဘုရင်နဲ့မိဘုရားကိုစော်ကားတဲ့အပြစ်တွက်အပြစ်ပေးခံရတယ်…လူတွေကတံထွေးနဲ့ထွေးတယ်ရိုက်နှပ်ကြတယ်ကဲ့ရဲ့ကြတယ်ကျင်ငယ်ရည်နဲ့ပတ်ကြတယ်…ငါ့လက်တွေကိုတက်နှင်းပြီးဟားတိုက်ရယ်မောကြတယ်
ငါအရှက်ကွဲပြီးပြန်လာတော့ငါ့တွက်တစ်နေရာစာတောင်မရှိတော့ဘူးငါကငါ့ကလေးအတွက်ကလေးအမေပဲလုပ်ဖို့စိတ်ကူးခဲ့တာ…ဟင်းဟင်း…သူတို့ငါ့ကလေးကိုပါသေအောင်လုပ်ခဲ့ကြတယ်…အဲ့အမုန်းတရားတွေကိုငါဘယ်လိုမေ့ပစ်ရမှာလဲ”
သူမစကားကိုနားထောင်ရင်းယွန်းမီမျက်ရည်များပင်ကျစီးကာစိတ်မကောင်းဖြစ်မိသည်….
“ချိုလဲ့”
သူမကခေါ်ရင်းချန်ချန်းအားဖတ်လိုက်သည်…
“နင်စိတ်ချ…ဘယ်ဘဝရောက်ရောက်နင်အခုလိုနောက်ထပ်အဖြစ်ဆိုးမျိုးမကြုံစေရဘူး”
သူမလုပ်ရပ်ကြောင့်ထျန်းချီရောချန်ချန်းရောကြောင်နေသည်…
“ငါ…ငါကချန်ချန်းပါ”
“မင်းဘယ်သူဖြစ်ဖြစ်ကိစ္စမရှိဘူး…အမှားတွေထပ်မလုပ်နဲ့တော့”
“နတ်သမီး…လူသားတွေကကျမကိုမကောင်းစိုးဝါးဆိုပြီးကဲ့ရဲ့ကြတယ်…ရှင်က”
“အဲ့ဒါတွေကအရေးမကြီးပါဘူး…ငါမင်းကိုနေရာတစ်ခုပေးနိုင်တယ်…ပြီးတော့အဲ့မှာမင်းရဲ့အစွမ်းတွေကိုတိုးတက်အောင်လေ့ကျင့်ပြီးနတ်အဖြစ်အဆင့်တက်နိုင်တယ်”
“ကျမနတ်မဖြစ်ချင်ဘူး…ကျမအားလီကိုပဲပြန်လိုချင်တယ်…သူကကျမကိုမငြိုငြင်ခဲ့ဘူးကျမဘာဖြစ်ဖြစ်”
“ကောင်းပြီ…”
သူမကအားလီရဲ့စိတ်ဝိဥာဉ်အားယူလိုက်ပြီးကြယ်တာယာအဖြစ်ပြောင်းလဲလိုက်သည်….
“မင်းသတိရတိုင်းအလင်းဆုံးကြယ်လေးကအားလီပဲ…သူ့ကိုမင်းအမြဲတွေ့နိုင်တယ်…နှစ်ပေါင်းတစ်ရာပြီးသွားရင်သူနတ်သက်ကြွေပြီးပြန်ဝင်စားလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်နတ်သမီး…ကျမကိုအခုလိုလမ်းပြပေးတဲ့အတွက်ဘယ်တော့မှကျေးဇူးမမေ့ပါဘူး”
“မလိုပါဘူး…မင်းရဲ့အစွမ်းကမကောင်းတဲ့မှော်ပညာဆိုပေမဲ့မင်းရဲ့ပင်ကိုယ်စိတ်ရင်းကဖြူစင်တယ်…မင်းကိုငါနေရာတစ်ခုကိုပို့ပေးလိုက်မယ်”
သူမလက်ကဝေ့ယမ်းပြီးချန်ချန်းအားနေရာသစ်တစ်ခုစီပို့လိုက်သည်…
သူနဲ့ထျန်းချီလည်းပြန်လာခဲ့သည်…ကပ်ဆိုးတွေလည်းပြီးဆုံးသွားပြီမို့ကောင်းကင်ကြီးကအရင်လိုပြန်ပြီးကြည်လင်တောက်ပလာသည်….
“အခုမှသတိရတယ်…ရွှမ်ယီး…ရွှမ်ယီးကျမကိုကူညီခဲ့တယ်ထျန်းချီ”
“ဒါဆိုမင်းသူ့ဆီသွားချင်ရင်သွားမယ်လေ”
“ရှင်ကျမကိုအပြစ်မတင်တော့ဘူးလား”
“ဟင့်အင်း”
“ငါ့ရဲ့မင်းသမီးလေး.. .ငါ့ကိုသတိရသေးတယ်ပေါ့”
“ဟင်…ရွှမ်ယီး…ရှင်ဘယ်လိုလုပ်ပြီး”
“ငါ့တာဝန်ပြီးပြီလေ…အားလုံးအဆင်ပြေသွားပြီ”
“ကောင်းပါပြီ…ရှင်ငရဲပြည်ကိုပြန်တော့ဖို့လား”
“ငါမပြန်ရင်နတ်ပြည်ကိုအလည်လိုက်ခဲ့ရမှာလား”
“ရွှမ်းယီး…ကျမကိုမခနဲ့ပါနဲ့”
“ဟုတ်ပါပြီ…ငါ့မင်းသမီးလေးကိုမစတော့ဘူး…ထျန်းချီ…တစ်နေ့မှာမင်းမီမီကိုငိုရအောင်လုပ်ရင်….နောက်တစ်ကြိမ်ငါပြန်လာပြီးနတ်ပြည်ကိုစစ်တိုက်ရလိမ့်မယ်”
“မင်းကို…အဲ့လိုအခွင့်အရေးပေးမှာမဟုတ်ပါဘူး”
“ဟွန့်…စောင့်ကြည့်ရတာပေါ့ထျန်းချီရယ်”
“ရွှမ်ယီး…မင်းကိုယ်မင်းအရင်ကလိုလောကအရှင်ဖြစ်နေတုန်းလို့မထင်နဲ့ရှောင်မီကြောင့်သာမဟုတ်ရင်…မင်းလက်ရှိစွမ်းအားပါပျက်အောင်လုပ်ပစ်လိုက်ပြီ”
“ကဲပါ…ရန်ဖြစ်မနေကြပါနဲ့တော့”
“မီမီ…ဒါဆိုငါပြန်ပြီ”
“နေအုံး…ကျမတိမ်ဖြူ ရောင်ဥယျာဉ်မှာအစောင့်တစ်ယောက်ပို့ထားတယ်…ရှင်စိတ်မဆိုးဘူးမလား”
“ရို့…ငါ့ရဲ့မင်းသမီးလေးလုပ်သမျှကငါ့ကိုစိတ်မဆိုးစေပါဘူး…ဒါပေမဲ့တစ်ချို့တွေကတော့မင်းကိုအပြစ်ပေးကြတော့မှာပဲ”
“မင်း…!
ရွှမ်ယီးကတော့ထျန်းချီကိုရွဲ့ပြောပြီးပျောက်ကွယ်သွားသည်….သူတို့လမ်းလူ့ပြည်တွင်လမ်းလျှောက်ရင်းလာခဲ့ကြသည်…
“ရှောင်မီ”
“ဟင်”
“စောနကချန်ချန်းကိုဘာလို့ချိလဲ့လို့ခေါ်တာလဲ…သူ့ကိုလွှတ်ပေးဖို့ဘာလို့ပြောတာလဲ”
“ဟင်းဟင်း…သူကမှန်နေလို့လေ”
“ဒါပေမဲ့…”
“ထျန်းချီ…ရှင်ကလူလောကကိုနားမလည်ပါဘူး…သူမအခုလိုလုပ်တိုင်းလည်းလူဆိုးမဟုတ်ဘူး…ကျမကတစ်ခြားလောကထဲကနေလာခဲ့ရတာ…ကျမနေတဲ့လောကမှာတော့အခုလိုအစွမ်းမျိုးမရှိဘူး…ဒါပေမဲ့ချန်ချန်းလိုလူတစ်ယောက်ထက်မကရှိတယ်”
“မင်းဘာကိုဆိုလိုချင်တာလဲ”
“ကျမပြောပြမယ်…ကျမမှာချိုလဲ့ဆိုတဲ့သူငယ်ချင်းရှိတယ်သူကအရမ်းရိုးသားတယ်ဒါပေမဲ့လူတွေကသူ့ကိုစုန်းမလို့ခေါ်ကြတယ်”
“စုန်းမဆိုတာဘာလဲ”
“နတ်ဆိုးလိုမကောင်းဆိုးဝါးလိုပုံစံမျိုးပဲ…ဒါပေမဲ့ကွာခြားတယ်”
“အော်”
“ချိုလဲ့ကသူ့အပေါ်အနိုင်ကျင့်တဲ့သူကိုမခံနိုင်တဲ့အဆုံးကျိန်ဆဲလေ့ရှိတယ်…စိတ်ထဲမပါပေမဲ့သူပြောသလိုပဲလူတွေကဖြစ်ဖြစ်သွားတက်တယ်…တစ်နည်းအားဖြင့်သူမကနှုတ်စီးနေတက်တာပါ…တစ်နေ့မှာတော့မထင်မှတ်ပဲဇိုင်းရန်ဆိုတဲ့လူတစ်ယောက်နဲ့ချစ်ကြိုက်ပြီးသူမမှာကိုယ်ဝန်ရှိခဲ့တယ်…သူကတော့မိဘတွေသိမှာစိုးရိမ်ခဲ့လို့ဇိုင်းရန်ကိုသွားတောင်းဆိုခဲ့တယ်…ဒါပေမဲ့သူ့ချစ်သူကလမ်းခွဲတာကိုခံခဲ့ရတယ်….”
“ဘာ!…ကိုကို…နင်…နင်တကယ်ငါနဲ့လမ်းခွဲမယ်ပေါ့”
“ဟုတ်တယ်ဟာ…ငါသည်းမခံနိုင်တော့ဘူးနင့်ရဲ့အမူအကျင့်တွေကိုမဆိုင်တာတွေလည်းစွပ်စွဲနေတယ်…တကယ်စိတ်ပျက်တယ်”
“အော်…အခုတော့နင်ကစိတ်ပျက်ပြီပေါ့လေ…ငါ့ကို…ငါ့ဘဝကိုမဖျက်စီးခင်ကနင်ဒီစောက်ချိုးမဟုတ်ဘူး…အခုတော့နင်ကပေါ့ပေါ့တန်တန်လေးပြောလိုက်တာပေါ့လေ”
“ဟုတ်တယ်ဟာ…နင်ထင်ချင်သလိုသာထင်…!တောက်!..စိတ်ပျက်တယ်နင့်လိုမိန်းမကို”
“မဟုတ်သေးဘူးလေဟာ….ငါ..ငါတို့ပတ်သက်မှုကဒီလောက်…ဒီလောက်လွန်သွားပြီလေဟာ…”
“ကျစ်…!နင်တော်တော်မှဖြစ်နေလား…”
“ဇိုင်း….နင်…နင့်မှာညီမတွေရှိတယ်ဝဋ်လည်မှာမကြောက်ဘူးလားဟမ်…အစတည်းကနင်သူ့ကိုချစ်ရင်ငါ့ကိုမဖျက်စီးခဲ့ပါနဲ့လား..အခုတော့ဟာ…အဟင့်…နက်ကလူယုတ်မာပဲ”
“ဟ…တစ်ဖက်သက်ပိတ်မပြောနဲ့အဲ့ကိစ္စမှာနင်ကိုယ်တိုင်အလိုတူခဲ့တာနော်…အဟွန့်…အခုမှငါ့ကိုအပြစ်လာမပြောနဲ့နင်အညှာလွယ်တာ”
ဇိုင်းရဲ့စကားတွေကြောင့်သူမရင်တစ်ခုလုံးရစရာမရှိအောင်ကြွေမွစုတ်ပျက်သွားသည်…
“ဇိုင်းရန်…နင်ကလေ…နင့်လိုလူမျိုးကလေ…ငါ့ရဲ့နှလုံးသားနဲ့ရွေးချယ်ခဲ့လို့တန်ဖိုးထားခဲ့တာ…ဦးနှောက်နဲ့သာဆုံးဖြတ်ခဲ့ရင်နင်ကတစ်ပြားမှတန်ဖိုးမရှိဘူး”
“အဟေး…နင်အခုသိပြီပဲ…အေးဆေးနေပါတော့ဟာ…ငါတောင်းပန်ပါတယ်”
“ငါမကျေနပ်ဘူး”
သူမအသံကပို၍ကျယ်သွားသည်…
“နင့်ပါးစပ်ကြီးကိုပိတ်ထားပါသူများတွေကြည့်ကုန်ပြီ…ငါရှက်တယ်ဟာ”
“ရော…ကောင်းရော…ငါကရောမရှက်တက်ရဘူးလား…ဇိုင်း…နင်ငါဒီလောက်ချစ်ခဲ့တာကိုနော်ဖောက်ပြန်ခဲ့တယ်အဲ့ဒီ့စုစုအောင်ဆိုတဲ့မသာမနဲ့အစတည်းကတွဲလိုက်ပါလား”
“နင်မရိုင်းနဲ့…ငါထပ်သည်းခံမှာမဟုတ်ဘူးနော်”
“သည်းမခံနိုင်တော့နင်ဘာလုပ်ချင်လဲ”
“မလုပ်ချင်ပါဘူးဟာ…ပြန်ပါတော့…နော်…ပြန်”
“ငါမပြန်ဘူး…ငါနင့်ရဲ့ဟာမနဲ့အပြတ်ရှင်းရမယ်”
သူမကနှုတ်ခမ်းတစ်ဖက်ကိုဖိကိုက်ရင်းပြောလိုက်သည်
“ကို့…ဘာဖြစ်နေတာလဲ”
“အား…ချစ်ရယ်…ဒီဟာမလာနှောက်နေတယ်ကွာ…ပြောမရဆိုမရနဲ့”
“အော်…နင်ကိုး…နင်လာမရှုပ်ပါနဲ့တော့ဟာငါတို့ကယူတော့မှာအေးဆေးနေပါတော့”
“ဘာ!ဟဲ့ကောင်မနင့်စောက်ကြောင်းမပါရင်ဝင်မပြောနဲ့…တကယ်ဆိုသူကမှငါ့ရဲ့လင်ဟဲ့…နင်ကမယားငယ်အဆင့်…ကိုယ့်နေရာကိုယ်နေစမ်း”
“မနေရင်ရော”
“အေး…မနေရင်ဒါပဲ…’ဖြန်း!…မှတ်ပြီလားလင်လုမ”
“အား…!..နင့်…တကယ်ဆိုနင်တို့ကလက်မှတ်ထိုးထားလို့လား…နင်ကမှမယားငယ်…ငါနဲ့ကိုကအလုပ်အတူလုပ်ကတည်းကချစ်နေတာ…နင်ကဝင်ရှုပ်နေလို့သာနောက်မို့ဆိုငါတို့ယူပြီးပြီ”
“ဘာ…!
“ဟုတ်ပါတယ်ဟာ…ငါနဲ့ချစ်ကအစောကြီးကတည်းက”
သူ့စကားမဆုံးခင်မှာပဲသူမရဲ့လက်များကစုစုအောင်ပေါ်ထပ်မံကျရောက်သွားပြန်သည်…
“ဖြန်း…!ဖြန်း…!”
“မှတ်ထား…အဲ့ဒါငါ့ကိုမယားငယ်ဖြစ်အောင်လုပ်တဲ့အတွက်ပဲ…ပြီးတော့နင်…ဟဲ့ကောင်ဇိုင်းရန်…နင်တစ်နေ့ငါပျက်စီးသလိုပျက်စီးစေရမယ်”
ပြောပြီးသူမလှည့်ထွက်လာသည်….နာကြီးစိတ်ကြောင့်လားအသဲကွဲလို့လားမသိမျက်ရည်တွေကတသွင်သွင်ကျနေသည်…သူမရဲ့မိုက်မဲမှုကြောင့်သူမမိဘများကိုပါအရှက်ရစေတော့မည်…တကယ်ဆိုဇိုင်းနဲ့သူအတွဲညီညီချစ်သူဖြစ်ခဲ့ဖူးသည်…အမှားအယွင်းလည်းရှိခဲ့ဖူးတာကြောင့်သူမတို့လက်ထပ်ဖို့ဆဲဆဲ…မထင်မှတ်ဘဲအခုလိုဇိုင်းလုပ်လိမ့်မည်မထင်ပေ…
“ဇိုင်း…နင်တို့ကိုငါဘယ်တော့မှခွင့်မလွှတ်ဘူးနင်ရောစုစုအောင်ရောငါမုန်းတယ်…..”
“အဲ့ဒီ့လိုကနေ….သူမလည်းအရာရာရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တယ်…အဟင်း…သူကလေးမမွေးနိုင်ခဲ့ဘူး”
“ဘာလို့လဲ….ဇိုင်းရန်နဲ့စုစုအောင်ကြောင့်ပေါ့…ကလေးရှိလာရင်ပတ်သက်ဆက်နွယ်မှာဆိုးလို့ကိုယ်ဝန်ပျက်ကျအောင်အမျိုးမျိုးလုပ်ခဲ့ကြတယ်…မထင်ထားဘူးချိုလဲ့ကဒီလောကမှာချန်ချန်းအဖြစ်ရှိနေလိမ့်မယ်လို့…ပိုပြီးအဖြစ်ဆိုးလိမ့်မယ်လို့”
“ရှောင်မီ..စိတ်မကောင်းမဖြစ်ပါနဲ့တော့”
သူမလက်ကိုကိုင်ဆုပ်ကာထျန်းချီနှစ်သိမ့်ပေးလိုက်သည်…
“သူဘယ်လိုလုပ်ချိုလဲ့ဖြစ်မှန်းသိတာလဲ”
“ကျမသူ့စိတ်ဝိဥာဉ်ကိုစမ်းသက်ပြီးပြီ…ထျန်းချီတကယ်လို့များကျမသာသူ့လိုအဖြစ်မျိုးကြုံလာရင်…အားလီလိုမျိုးကျမကိုကာကွယ်မှာလား”
“ရှောင်မီ…”
ထျန်းချီကသူမပါးစပ်ကိုပိတ်လိုက်သည်….
“မင်းကဘယ်တော့မှအဲ့လိုမျိုးမဖြစ်ပါဘူး…ဒီလောကထဲမှာမင်းကစွမ်းအားအကြီးဆုံးပဲ…တကယ်ဆိုရင်မင်းကြိုက်တဲ့ဘဝကိုမင်းရွေးချယ်နိုင်တယ်…မင်းသာဒဏ္ဍာရီလာနတ်သားရဲဘဝကိုယ်ရွေးချယ်ခဲ့ရင်အခုချိန်မှာမင်းကကိုယ်ရဲ့အရိုအသေပေးထိုက်ခံသူဖြစ်နေမှာပါ”
“ဒါပေမဲ့…ကျမသိချင်သေးတယ်…ကျမသာချန်ချန်းလိုကြုံလာခဲ့ရင်ရှင်အပြစ်ပေးမှာလား…အားလီလိုကာကွယ်မှာလား…သိချင်”
“ရပ်”
ထျန်းချီကသူမစကားဆက်ပြောခွင့်မပြုပဲသူမနှုတ်ခမ်းကိုသူ့နှုတ်ခမ်းဖြင့်ဖိကပ်ကာနမ်းလိုက်တော့သည်…
“ဆက်ပြောချင်သေးလား”
“က်မ..သိ”
နောက်တစ်ခေါက်သူ့အနမ်းတို့ကသူမဆီကျရောက်လာပြန်သည်….
“ပြောအုံးမှာလား”
“က်မ…”
ထျန်းချီနမ်းမည်အလုပ်တွင်…
“ထျန်းချီ…ရပ်…ကျမဆက်မပြောတော့ဘူးလို့ပြောမလို့”
ရှက်ပြုံးလေးပြုံးကာခေါင်းငုံ့သွားရှာသောသူမကိုထျန်းချီအသဲတယားယားဖြစ်မိသည်…အခုခါမှာတော့သူမခါးလေးကိုဆွဲကာနဖူးပြင်းလှလှကိုသာအနမ်းခြွေမိတော့သည်….
“လူလည်…မဟုတ်ဘူး…နတ်မင်းလည်လို့ခေါ်ရမယ်”
သူမစိတ်ထဲရေရွတ်ရင်းပြုံးလိုက်သည်…
“ကိုယ်…သစ္စာဆိုပါတယ်…ဒီသုံးလောကရှိနေသရွေ့ကိုယ်ရှောင်မီတစ်ယောက်ထဲကိုပဲထာဝရအမြဲချစ်သွားပါ့မယ်”
ထျန်းချီဖွင့်ဟမပြောသေးပေမဲ့သူ့ရင်ထဲမှာတော့သူမသာအရေးကြီးဆုံးသူပါ….
[♥]]] [♦]]] [♣]]] [♠]]]
“ပိုင်ယွန်းမီ…မင်းလုပ်တာကစည်းကမ်းကိုဖောက်ဖျက်ရာရောက်တယ်…တကယ်လို့အရေးကြီးတဲ့အခါမင်းအခုလိုပဲဆုံးဖြတ်ချက်ချခဲ့ရင်နတ်ပြည်တော့ကမောက်ကမဖြစ်မှာအသေအချာပဲ”
“နတ်သမီး…ငါကနှလုံးသားကိုစွမ်းအားထက်ပိုယုံကြည်တယ်…စွမ်းအားတွေဘယ်လောက်များပါစေနှလုံးသားကအကြင်နာတရားမရှိရင်နတ်ဘုရားဖြစ်တော့ရောဘာအသုံးဝင်မှာလဲ”
“ကောင်းပြီ…မင်းနှလုံးသာကအခုမိုးကြိုး၄၉ချက်ကိုခံစားပါအုံး…နတ်ပြည်မှာမင်းလောက်အပြစ်ပေးခံရသူမရှိသလောက်ပဲ”
“အဟင်း…ကျမကသူများမှမဟုတ်တာ…ကျမရဲ့ဆုံးဖြတ်ချက်တိုင်းကိုနောင်တမရပါဘူး”
“ကောင်းပြီ”
အပြစ်ခံဖို့သူမလှည့်ထွက်သွားသည်….သူမလုပ်ရပ်ကိုလည်းသူမကျေနပ်စွာပြုံးမိသည်…
“ထျန်းချီ…သူမကတော့တကယ်မလွယ်ဘူး”
“အဟင်း…ဘာပဲဖြစ်ဖြစ် ငါသဘောကျတယ်…ဒီကိစ္စမှချန်ချန်းကိုလွှတ်ပေးလိုက်တာငါကိုယ်တိုင်ပဲ…ငါလည်းအပြစ်ပေးခံလိုက်မယ်”
ပြောပြီးထျန်းချီလည်းသူမနောက်လိုက်ခဲ့သည်….
“ထျန်းချီ…ရှင်ဘာလို့လိုက်လာတာလဲ”
“ကိုယ်လည်းမင်းနဲ့အတူအပြစ်ခံမယ်”
“မလုပ်ရဘူး…ကျမခွင့်မပြုဘူး”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…ကိုယ်တို့ကအမြဲအတူအကောင်းအဆိုးကိုခံစားမယ်မဟုတ်လား….မကြောက်နဲ့လာ”
ထျန်းချီကသူမလက်ကိုကိုင်ကာမိုးကြိုးပြစ်ဒဏ်ကိုအတူခံစားလိုက်ကြသည်….အချစ်စွမ်းအားကြောင့်လားစွမ်းအားကြီးနတ်မင်းတွေဖြစ်နေလို့လားမသိမိုးကြိုးပစ်ချက်တွေကသူတို့ကိုနာကျင်မှန်းမသိပေ…တစ်ယောက်မျက်နှာတစ်ယောက်ငေးကြည့်ကာ…ကျေနပ်စွာအပြစ်ဒဏ်ကိုခံယူလိုက်ကြတော့သည်….
“ထျန်းချီ…ကျမပြောစရာရှိတယ်”
မိုးကြိုးပြစ်ဒဏ်ခံယူနေရင်းသူမကစကားပြောလိုက်သည်…
“ဘာများလဲ”
“တကယ်တော့…ကျမ…ကျမဒီလောကထဲမရောက်ခင်က…လူတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့တယ်…အဲ့လူကဇိုင်းရန်ပဲ”
“ဟင်…”
“ရှင်စိတ်မပူပါနဲ့ကျမကသူမကောင်းမှန်းသိလို့အစောကြီးကတည်းကလမ်းခွဲခဲ့တာ…ပြီးတော့မှချိုလဲ့နဲ့ချစ်ကြတာ”
“ထားလိုက်ပါ…မင်းကဒီလောကထဲမှာပဲအရင်ကအကြောင်းအရာတွေမတွေးနဲ့”
“ကျမ…မတွေးပါဘူး…ရှင့်ကိုပြောပြသင့်တယ်ထင်လို့…ပြီးတော့ကျမရှင့်ကိုပဲချစ်တာ”
ထျန်းချီ ကျေနပ်စွာပြုံးလိုက်သည်….
[♥]]] [♦]]] [♣]]] [♠]]]
“ကျီ…ကျီ…”
“ဟင်…စာချွန်လွှာငှက်”
ထျန်းချီကစာချွန်လွှာငှက်ဆီကစာကိုဖတ်လိုက်သည်….
“ထျန်းချီ…ရှင်…ဟမ်…မွေးနေ့…သုံ့ဟွာ…ဒါ…သုံ့ဟွာမွေးနေ့လို့ပြောချင်တာလား”
စာကိုကြည့်ရင်းမေးလိုက်သည်…
“အင်း…ဟုတ်တယ်”
“အတော်ပဲ…ကျမလည်းနတ်ပြညမှာနေရတာငြီးငွေ့လာပြီ…ပျော်ပွဲရွှင်ပွဲလေးမှာဆင်နွှဲချင်သေးတယ်”
“ရှောင်းမီ…သုံ့ဟွာကတည်ကြည်လေးစားဖို့ကောင်းတဲ့သူပဲမင်းကစားမဲ့နေရာမဟုတ်ဘူး”
“ရှင်စိတ်ပူနေတာပဲ”
“ကောင်းပြီ…မင်းသေချာပြင်ဆင်ခဲ့နော်အဲ့နေ့…နတ်မင်းတွေနတ်သမီးတွေအမတတွေ…အားလုံးကလာကြမှာ”
“ရှင်စိတ်ချပါ…ကျမအခုထဲကဝတ်စုံရွေးတော့မယ်…ဘိုင့်ဘိုင့်”
သူမကပြေးထွက်သွားသည်…
“အာ…ဘိုင့်ဘိုင့်…သူမပြောတာဘာလဲ…ဘိုင့်ဘိုင့်ကဘာကြီးလဲ…ကျစ်…ရှောင်မီ…ရှောင်မီ….ငါတော့မင်းစကားတွေကိုလိုက်လို့မရတော့ဘူး”
“ဘိုင့်ဘိုင့်….ဘိုင့်ဘိုင်…ဘိုင့်ဘိုင့်”
ထျန်းချီပါးစပ်မှရေရွတ်ရင်းခေါင်းခါရမ်းလိုက်သည်….
[♥]]] [♦]]] [♣]]] [♠]]]
တာ့ဇယ်အိမ်တော်တွင်နတ်အပေါင်းနဲ့အမတများစုဝေးလျှက်ရှိသည်…
“သုံ့ဟွာ…”
“အရှင်မဖုန့်ရန်….လာရောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်”
“မမဖုန့်ရန်…ယွမ်ချီဆီမလာတာကြာပြီသုံ့ဟွာအရှင်မွေးနေ့ကျမှပဲလာတော့တယ်”
“အရူးလေး…မမဖုန့်ရန်ကကောင်းကင်တွက်တာဝန်တွေနဲ့လေမင်းနဲ့ကစားဖို့မအားတာတောင်းပန်ပါတယ်….သုံ့ဟွာ…ယွမ်ချီကိုသေချာပြုစုပေးထားတာပဲ”
“မခံယူဝံ့ပါဘူး”
“အမှန်တရားနတ်မင်းတွေကိုအရိုအသေပေးပါတယ်…”
အားလုံးအရိုအသေပေးသံကြားမှဖုန့်ရန်နဲ့သုံ့ဟွာလည်းလှည့်ကြည့်ပြီးအရိုအသေပေးလိုက်သည်….
“ခေါင်းဆောင်နတ်သမီးနဲ့အမှန်တရားနတ်မင်းတွေကိုအရိုအသေပြုပါတယ်”
“အားလုံးပဲထိုင်ကြပါ”
သူတို့လည်းနေရာအသီးသီးယူလိုက်ကြသည်…
“ငါသတင်းရလာတယ်…ပန်းနတ်သမီးလည်းလာမယ်ကြားတယ်”
“ဟုတ်တယ်…ငါလည်းကြားတယ်”
“ငါကြားတာတော့ပန်းနတ်သမီးကအရမ်းလှတယ်ဆိုပဲသူ့မှာသမီးတစ်ယောက်ရှိတယ်ဒါပေမဲ့သူ့သမီးထက်တောင်ကိုလှသေးတယ်လို့ပြောကြတယ်”
“မင်းပြောတာဖြစ်နိုင်တယ်…ပန်းနတ်သမီးကကလေးရှိပေမဲ့အိမ်ထောင်မရှိဘူး”
“ဒါဆိုသူဘယ်လိုလုပ်ပြီးကလေးမွေးနိုင်တာလဲ”
“မင်းမကြားဘူးလား…ပန်းနတ်သမီးကပန်းတွေကနေတစ်ဆင့်ကျင့်ကြံပြီးကလေးတစ်ယောက်ဖန်ဆင်းခဲ့တာလေ…ပန်းနတ်သမီးကလောပါလနတ်သမီးထက်တောင်ပိုလှသေးတယ်လို့ပြောတယ်”
အမတသုံးဦးစကားကြောင့်ပိုင်ကျွယ်ချောင်းတစ်ချက်ဟန့်လိုက်သည်….သူတို့သုံးဦးလည်းဆက်မပြောပဲနေလိုက်ကြသည်…
“အရှင်…ပန်းနတ်သမီးလာပါတယ်”
အပေါက်ဝတွင်ဝင်လာသောပန်းနတ်သမီးမှာအလွန်ပဲလှပတင့်တယ်ပြီးပန်းပွင့်များကဲ့သို့နူးညံ့ပြီးလှပနေတော့သည်…ဣဒြေ္ဒရရလျှောက်လာရင်း….
“ပန်းနတ်သမီးရင်းဖန်….နတ်သမီးနဲ့အမှန်တရားနတ်မင်းကိုအရိုအသေပေးပါတယ်….သုံ့ဟွာနတ်မင်းကိုအရိုအသေပေးပါတယ်”
“ဝါး…လှလိုက်တာ…သူမကသုံးလောကမှာအလှဆုံးပဲ”
ဘေးကအသံတွေကြောင့်ပန်းနတ်သမီးကဘဝင်မြင့်စွာပြုံးလိုက်သည်….
“ပန်းနတ်သမီး…ထိုင်ပါ”
“ကျေးဇူး တင်ပါတယ်သုံ့ဟွာနတ်မင်း”
အားလုံးနေရာတကျထိုင်ပြီးစားသောက်ဖွယ်ရာများကိုပင်းစားနေသောက်နေကြသည်…ထျန်းချီကတော့လည်တမျှော်မျှော်…
“နတ်မင်း…ဘယ်သူ့ကိုမျှော်နေတာလဲ”
“ငါ့ရဲ့…နတ်သားရဲကိုပါ”
“ရင်းဖန်ကြားရသလောက်တော့…ရင်းဟွာကနတ်မင်းရဲ့သားရဲငယ်ကိုအပြစ်လုပ်မိတယ်ဆို”
“ဟုတ်တယ်”
“နတ်မင်းကိုမေးပါရစေ…သူမကယွဲ့မိနတ်သမီးဝင်စားတယ်လို့လဲပြောတယ်…ဘယ်လိုကြောင့်နတ်မင်းရဲ့သားရဲအဖြစ်ဖြစ်သွားရတာလဲ”
“ပန်းနတ်သမီး…ဒါကငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပါ…မင်းဝင်ပြောဖို့မလိုဘူး”
“ရင်းဖန်အရဲစွန့်ပြီးမေးပါရစေ…ကောလဟလအရသူမကမတူညီတဲ့လောကထဲဆို…သူမမှာလုံလောက်တဲ့စွမ်းအားမရှိမှာစိုးပါတယ်”
“မင်းရင်းဟွာကိုမေးမကြည့်ဘူးလား”
“ပြောပြပါတယ်…ဒါပေမဲ့လို့သူမသာအဲ့အစွမ်းမျိုးရှိနေရင်မကောင်းတာဖြစ်မှာစိတ်ပူတယ်”
“မင်းဘာသိလို့လဲ…ရှောင်မီက…”
သူ့အားပိုင်ကျွယ်ကခေါင်းခါပြလိုက်သဖြင့်သူမကဘိုးဘေးနတ်သားရဲဆိုတာကိုမပြောပြဖြစ်လိုက်ပါ…
“အဟင့်….ကြားရတာတော့ပန်းနတ်သမီးကသုံးလောကမှာယြကျင့်ကြံမှုအစောဆုံးနဲ့နတ်သမီးဖြစ်ခဲ့တယ်ဆိုပဲ…စွမ်းအားကလည်းဖုန့်ရန်ထက်မနိမ့်ဘူးလို့ကြားတယ်…ငါထင်တာတော့မင်းအစွမ်းအစကသူများကိုအပုတ်ခတ်ဖို့များလား”
“နတ်မင်းအထင်လွဲနေပါပြီ…ကျမကထောက်ပြပေးရုံပါ…ယွဲ့မိဝင်စားတဲ့အရှင့်သားရဲကအရမ်းကိုရုပ်ဆိုးအကျည်းတန်နေမှာပဲစိတ်ပူတယ်”
“မင်းငါ့ရဲ့သားရဲကိုဝေဖန်ဖို့အဆင့်မမှီဘူး”
“ဘယ်သူကများ…ငါ့ကိုရုပ်ဆိုးစေတာလဲ”
“ဟင်…ဟာ…”
ခြေလှမ်းတစ်စုံဝင်လိုက်ရင်ပဲအားလုံးကအသံရှိရာကြည့်လိုက်ကြသည်…ရွှေရောင်ဆံပင်ခွေခွေလိပ်လိပ်လေးတွေကိုကျောထက်မှာဖြန့်ကျန့်ထားပြီးခေါင်းထက်မှာလည်းစီခြယ်ထားသောကျောက်စိမ်းနဲ့ငွေရောင်ပုလဲတို့ကလည်းသူမနဲ့လိုက်ဖက်နေသည်…သူများတွေနဲ့မတူပဲမျက်ခုံးမျက်လုံးနှာတံနှုတ်အားလုံးကလည်းစွဲမက်ချင်စရာကောင်းလှသည်…
အဖြူ ရောင်ဝတ်ရုံကလည်းပန်းခတ်ပန်းနွယ်ကဲ့သို့ယှက်ပြီးအလှဆင်ထားပြီးဖြူဝင်းလှသောလည်တိုင်ကိုတွေ့မြင်နေရသည်…ခါးနားတွင်လည်ပွင့်ဖက်လေးများဖြင့်စည်းကျပ်ထားသဖြင့်သေးသွယ်လှသောကိုယ်လုံးအလှကပေါ်လွှင်နေသည်….
“လှလိုက်တာ…”
အားလုံးငေးကြည့်နေရင်းတစ်ချို့နတ်မင်းတွေအမတတွေမှာနှာခေါင်းသွေးများလျှံကုန်သည်…
“စောနကရှင်ဘာပြောလိုက်တာလဲ…ပန်းနတ်သမီး”
“ကျမ..ကျမ…ကောလဟလတွေကြောင့်ပါစိတ်မဆိုးပါနဲ့”
“အော့်…ဟုတ်လား…ကောလဟလတွေကိုဘယ်သူကစပြောလိုက်တာလဲရင်းဖန်”
“က်မ…မသိပါဘူး”
“ဘယ်သူစပြောမှန်းမသိဘဲနဲ့များငါ့အလှအပကိုစော်ကားရဲမင်းမိုက်မဲလွန်းတယ်”
“တောင်းပန်ပါတယ်နတ်သမီး”
“ငါပြောမယ်…တစ်ချို့သောသူတွေကငါကအားနည်းတယ်ထင်နေကြတယ်…ငါစွမ်းအားကြီးမားကြောင်းပြရမှာလား”
သူမအသံနဲ့အတူလေပြင်းတစ်ချက်ကတိုက်ခတ်သွားသည်…
“နောက်တစ်ခါငါ့ရဲ့အရှင်ကိုစော်ကားရဲရင်…မင်းကိုခွေးသေးပန်းခိုင်းလိုက်မယ်…”
“အရှင်….စိတ်လျော့ပါ…သုံ့ဟွာတောင်းပန်ပါတယ်ပန်းနတ်သမီးရိုင်းပြမှုအတွက်တာဝန်ယူခိုင်းလိုက်ပါ့မယ်”
“ကျမနတ်မင်းကိုတောင်းပန်ပါတယ်…မယုံသင့်တဲ့စကားတွေကြားပြီးနတ်မင်းကိုထောက်ပြပြောဆိုမိတာရင်းဖန်အမှားပါ”
“ထားလိုက်တော့…အားလုံးမင်္ဂလာရှိတဲ့အချိန်မှာရန်မဖြစ်ကြနဲ့တော့”
ကြားကနေရှန့်ကူကဝင်ဖြေလိုက်သည်….ရင်းဖန်ကတော့မကျေမနပ်ဖြင့်နှုတ်ခမ်းတစ်ဖက်မသိမသာတွန့်သွားသည်….
သုံ့ဟွာမွေးနေ့ပြီးတော့…အသီးသီးပြန်လည်ထွက်လာခဲ့ကြသည်…
“နတ်မင်း”
နောက်မှခေါ်သံကြောင့်ထျန်းချီနဲ့သူမလှည့်ကြည့်လိုက်သည်….
“ရင်းဖန်…နင်”
“နတ်မင်း…ရင်းဖန်အမှားလုပ်မိတဲ့အတွက်နတ်မင်းကိုအထူးတောင်းပန်ချင်လို့…နတ်မင်းအပန်းမကြီးရင်…ကျမရဲ့…ပန်းတိုင်ပြည်ကိုဖိတ်ပြီးပြုစုချင်ပါတယ်”
“နင်…တော်တော်မျက်နှာစုံတာပဲ”
“အရှင်မအထင်လွဲနေပြန်ပါပြီ…ရင်းဖန်ကစိတ်ရင်းအမှန်ပါ”
“ဟွန့်”
သူမကမျက်နှာကိုရှုပ်မဲ့ပစ်လိုက်သည်…ထျန်းချီကသူမပခုံးကိုအသာပုတ်ကာစိတ်ချော့ဆိုသည့်ပုံစံမျိုး
“ငါမအားမှာစိုးတယ်”
“တကယ်လို့သာနတ်မင်းမလာခဲ့ရင်ကျမကိုအပြစ်တင်နေတုန်းလို့ခံစားမိနေလိမ့်မယ်…ဒါ့ကြောင့်ကျမလည်းနတ်ပြည်လိုက်ပြီးနတ်မင်းရဲ့အစေခံဖြစ်ပါရစေ”
“အယ်…ကြည့်စမ်းကြည့်စမ်း…ရင်းဟွာ…ရင်းဖန်…သားမိနှစ်ယောက်လုံးငါ့ထျန်းချီကိုဖမ်းချင်နေတာပဲ….”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)