နတ်ဘုရားရဲ့သားရဲငယ် - Part 8
“ပန်းနတ်သမီး…မင်းအဆင်ပြေရဲ့လား”
ထျန်းချီကရင်းဖန်လက်ကိုကိုင်ရင်းမေးလိုက်သည်…အမှန်ကသူရှောင်မီကြည့်နေသည်ကိုတွေ့လို့ဖြစ်သည်…
“အရှင့်ကိုအရိုအသေပေးပါတယ်”
“ပိုင်ယွန်းမီ…မင်းကိုမလာဖို့ပြောထားတယ်မလား”
“ကျမကအရှင့်ရဲ့သားရဲဖစ်နေတုန်းပဲလေ”
“ငါမင်းကိုသဘောကျနေတုန်းလို့ထင်နေတာလား”
“ဟုတ်တယ်…ထျန်းချီ…အခုရှင်နဲ့အပြတ်ပြောမယ်…ကျမကယွဲ့မိ…ရှင်ကျမကိုမချစ်တော့တာသေချာလား”
“သေချာတာပေါ့”
“ဒါဆိုရင်…ဘာလို့ကျမကိုရှောင်နေတာလဲ”
“မင်းကယွဲ့မိဖြစ်နေလို့လေ”
“ဒါဆိုရင်ကျမကတော့ရှင့်ကိုမကြိုက်ဘူး…ယွဲ့မိမူလစွမ်းအားကိုခွဲထုတ်ပေးမယ်…”
“အင့်”
သူမကသူမရဲ့ရင်ဘက်ထဲကနေယွဲ့မိရဲ့မူလစွမ်းအားကိုခွဲထုတ်ကာလက်ပေါ်တင်ထားလိုက်သည်…
“မင်းရူးနေလား…မင်းနဲ့ယွဲ့မိကတူတူပဲ”
“အခုမတူတော့ဘူး…ရှင်မချစ်တာယွဲ့မိလားကျမလား…အကယ်၍ယွဲ့မိသာဆိုရင်ဒီမူလစွမ်းအားကိုတစ်ခြားလူတစ်ယောက်အဖြစ်ဖန်တီးပြီးရှင့်ဆီပြန်ပေးမယ်…တကယ်လို့ကျမကိုဆိုရင်ရှင့်အနားမှာဘာလို့မထားရဲရတာလဲ”
စေ့ထားသောနှုတ်ခမ်းမှစီးကျနေသောသွေးများကိုသူမမသုတ်နိုင်ပေ…ယွဲ့မိမူလစွမ်းအားကိုလက်ပေါ်တင်ကာထျန်းချီဆီတဖြေးဖြေးလျှောက်သွားလိုက်သည်…
“ရှင်ပြော…ရှင်မချစ်တာဘယ်သူလဲ”
“ပိုင်ယွန်းမီ…မူလစွမ်းအားခွဲထုတ်တာကနာကျင်ရတယ်…မင်းဘာတွေလုပ်နေတာလဲ”
ပြောပြီးထျန်းချီကသူမဆီကစွမ်းအားကိုသူမကိုယ်ထဲပန်ထည့်ပေးလိုက်သည်….
“မချစ်တဲ့သူကိုငါကဘာလို့အနားမှာထားမှာလဲ”
“အဟင်း…ဟင်း…ဟား…တကယ်တော့ရှင်လိမ်နေတာသိသာတယ်…ယွမ်ချီကိုပိုင်ကျွယ်နဲ့ရှန့်ကူအနားမှာမထားတာကမချစ်လို့လား…ရှင်လည်းတူတူပဲ”
“မင်း….ထွက်သွား…ထွက်သွား”
“ကျမသွားမှာပါ….ရှင်ကိုယ်တိုင်တောင်အဖြေမရတာကိုကျမဆက်မမေးတော့ဘူး”
သူမလည်းလှည့်ထွက်ကာထွက်ပြေးသွားတော့သည်…ထျန်းချီသူမအားငေးကျန်ရင်းသာဝမ်းနည်းစို့နစ်လာသည်…
“ရှောင်မီ…မင်းအတွက်ပါ”
[♥]]] [♦]]] [♣]]] [♠]]]
“ငါ့ရဲ့မင်းသမီးလေး…အရမ်းခံစားနေရပါလား”
“ရွှမ်ယီး…ရှင်ဘယ်လိုလုပ်ပြီးရောက်လာတာလဲ”
“ငါကလောကအရှင်လေ…ဘယ်နေမဆိုရတယ်”
“အပိုတွေ”
“အောက်ဆင်းခဲ့ပါအုံး…သောက်ရင်းစားရင်းစကားပြောကြတာပေါ့”
မက်မွန်ပင်ပေါ်လှဲအိပ်နေသောသူမအားရွှမ်ယီးခေါ်သဖြင့်…သူမခုန်ဆင်းလိုက်သည်…
“မီမီ…နင့်ကိုယ်နင်ကြည့်အုံး…အချစ်နာကျတာလားအရက်နာကျတာလား”
“ရွှမ်ယီး…ရှင်ဆက်ပြောနေရင်ကျမရိုက်မှာနော်”
“ကောင်းပြီ…ကောင်းပြီမပြောတော့ဘူး”
“ကျမနဲ့လိုက်ခဲ့”
သူမရွှမ်ယီးကိုခေါ်ကာထိုက်ချူ ခန်းဆောင်ကထျန်းချီကိုမသိမသာသွားကြည့်လိုက်သည်…ထျန်းချီနဲ့ရင်းဖန်ပြုံးပျော်နေတာတွေ့ရင်းသူမရင်တွေတဆက်ဆက်တုန်လာပြီး…မျက်ရည်တို့ကတားစီးမရဘဲပါးပြင်ထက်စီးဆင်းလာသည်…
သူတို့သွားလာသမျှပြောသမျှကိုအနောက်ကနေမသိမသာလိုက်ကြည့်ရင်း…ထျန်းချီကတော့သတိထားမိပုံမပေါ်ပေ…
“ရင်းဖန်…မင်းအနားမှာရှိတာကောင်းလိုက်တာ…ငါအရင်ကဘာလို့များမတွေးမိပါလိမ့်…မင်းကပိုင်ယွန်းမီထက်အသုံးဝင်တာကို”
“နတ်မင်းအခုလိုချီးကျူ းပေးတာနဲ့တင်ရင်းဖန်ပျော်လှပါပြီ”
“ရင်းဖန်….”
ထျန်းချီကရင်းဖန်ခေါင်းကဆံပင်တို့ကိုသပ်ကာ…
“မင်းမှာနက်မှောင်ပြီးရှည်လျားတဲ့ဆံပင်ရှိတာပဲ…ဘာလို့ဆံပင်ကိုသေသပ်အောင်မလုပ်လဲ…လာ”
သူကဆံထိုးတစ်ချောင်းကိုရင်းဖန်ခေါင်းထိုးပေးလိုက်သည်…
“ကျေးဇူးတင်ပါတယ်နတ်မင်း”
ရင်းဖန်အားသူကလျှော်လဲအောင်တမင်လုပ်လိုက်သည်…
“အယ်…”
အနောက်သို့လဲကျလာသောရင်းဖန်ကိုသူပွေ့ထားလိုက်သည်…
“ဖီ့…ထျန်းချီမင်းကိုငါသတ်မယ်”
“ရွှမ်ယီး”
သူမကရွှမ်ယီးလက်ကိုလှမ်းဆွဲထားသည်….ယွန်းမီရဲ့မျက်ရည်များကိုကြည့်ရင်းသူထျန်းချီကိုဒေါသဖြစ်သွားသည်…
“သူ…သူ”
“ရွှမ်ယီး…ရှင်ထျန်းချီကိုဒုက္ခမပေးရဘူး…ကျမခွင့်မပြုဘူး”
“သူမင်းကိုဒီလောက်နာကျင်စေတာ”
“သူပျော်ရင်ရပြီ”
သူမလည်းဆက်မကြည့်နိုင်ဘဲလှည့်ထွက်လာခဲ့သည်…
“မီမီ…ကိုယ်နဲ့ငရဲပြည်ပြန်လိုက်ခဲ့ပါ…မင်းကိုစိတ်ချမ်းသာအောင်ထားမယ်”
“ရွှမ်ယီးကျမမလိုက်နိုင်ဘူး”
“အာ..မီမီ..သူမင်းကိုငိုအောင်လုပ်နေတာငါစိတ်မချမ်းသာဘူး”
“ကျမငရဲပြည်ကိုသွားရင်…ပျော်မယ်ထင်လား”
“မင်းနတ်ပြည်မှာလည်းမပျော်ဘူးလေ…ဟိုမှာကအနည်းဆုံးတော့မင်းနာကျင်စရာတွေမမြင်ရဘူးပေါ့”
“ရှင်နားမလည်ပါဘူး”
သူမအသံကဝမ်းနည်းကြေကွဲနေသည်…တစ်ဖက်ကထျန်းချီကသူမကိုကြည့်နေတာကိုတော့မည်သူမှမသိပေ…
“ရင်းဖန်…နောက်ဆိုသတိထားပါ…မလဲစေနဲ့”
“ဟုတ်ကဲ့”
သူလည်းထိုနေရာမှပြန်လာခဲ့သည်….
မက်မွန်ပင်အောက်တွင်ထိုင်ကာအပင်ကိုကျောမှီပြီးသေရည်အိုးကိုမော့လိုက်သည်….မနက်ကအဖြစ်အပျက်ကိုပြန်စဉ်းစားရင်း…သူမနှုတ်ခမ်းကမဲ့သွားသည်…ဒေါသထွက်တာလားဝမ်းနည်းတာလတောင်မသိပေ…
နောက်ဆုံးအတွေးများကခေါင်းထဲကထုတ်မရသောကြောင့်သူမမြစိမ်းရောင်လေးကိုထုတ်ကာ…ဓားအဖြစ်ပုံစံပြောင်းပြီးသိုင်းလေ့ကျင့်လိုက်သည်…
မက်မွန်ပင်ကြား…စိတ်လွတ်လပ်လွတ်ဓားကစားရင်းအတွေးများကိုဖြေဖျောက်လိုက်သည်…
“ယား..ဝှီး..ရွှမ်…ရွှမ်”
ဓားသွားအသံကတရွှမ်ရွှမ်မြည်ဟီးနေတော့သည်…
“ထျန်းချီ…ရှင်ဘာလို့ကျမကိုယုံကြည်မှုမရှိရတာလဲ”
“ဝှီး…ဝှီး…”
သူမစွမ်းအားကြောင့်အပင်မှပန်းပွင့်များကလေမတိုက်ပဲလှုပ်ခတ်လာပြီးကြွေဆင်းလာသည်…
“ရှောင်မီ…မင်းကိုယ့်ကိုမုန်းနေရင်မေ့သွားဖို့မျှော်လင့်တယ်…မင်းကံကြာမ္မာမှာကိုယ်ကသုတ်သင်သူမဖြစ်ချင်ဘူး…အကယ်၍မင်းနဲ့ကိုယ်နီးစပ်နေရင်ကိုယ်ကမင်းကိုသေစေတဲ့သူဖြစ်လာလိမ့်မယ်”
ထျန်းချီသူမအားကြည့်ရင်းမျက်ရည်တွေတသွေသွေစီးကျလာတော့သည်…
“ထျန်းချီ…မင်းနဲ့သူကတစ်ယောက်ကိုတစ်ယောက်မသိမသာဂရုစိုက်ကြသေးတယ်”
“ငါသိတယ်…သူမအမြဲတမ်းငါ့ကိုလာခိုးကြည့်တယ်”
“မင်းတကယ်စဉ်းစားပြီးပြီလား”
“ဟုတ်တယ်…နှစ်တစ်ရာ…အခုဆိုနှစ်ပေါင်းတစ်ရာရှိပြီ…ငါသူ့ကိုလာကြည့်တိုင်းသူအမြဲသောက်နေတယ်….ဒီနေ့တော့မတူတော့ဘူး…သူသောက်တယ်ပြီးတော့လေ့ကျင့်နေတယ်…ငါစိတ်ချရပြီ”
သူပါးစပ်ကကျေနပ်သောအပြုံးတွေပြုံးနေပေမဲ့မျက်ဝန်းအိမ်မှာတော့နာနာကျင်ကျင်ခံစားလိုက်ရသည်….
“ပိုင်ကျွယ်…ငါမရှိရင်ထိုက်ချူ ခန်းဆောင်ကိုသူမကိုအပ်လိုက်ပြီ…သူမကအမှန်တရားနတ်မင်းတွေထက်အဆင့်အတန်းမြင့်တယ်…မင်းနဲ့ရှန့်ကူသူမကိုကောင်းကောင်းဂရုစိုက်ပေးပါ”
“ကောင်းပြီ…ငါနဲ့ရှန့်ကူယွန်းမီကိုကူညီမှာပါ”
သူမအားစေ့စေ့တစ်ချက်ကြည့်ပြီးသူပျောက်ကွယ်သွားသည်…
“ယွန်းမီ”
ခေါ်သံကြောင့်သူမလေ့ကျင့်တာကိုရပ်လိုက်သည်….
“ပိုင်ကျွယ်…”
“စကားပြောရအောင်”
“က်မမအားဘူး”
သူမကပိုင်ကျွယ်အားမသိဟန်ပြုကာဆက်လေ့ကျင့်နေလိုက်သည်…
“တော်တော့…”
ပိုင်ကျွယ်ကတားလိုက်သည်….
“ပိုင်ကျွယ်…ဒီညတော့ကျမနဲ့အတူကစားချင်နေတာလား”
“လာလေ”
ပိုင်ကျွယ်လည်းထိုက်ချန်လှံကိုထုတ်ကာနှစ်ယောက်သားတိုက်ခိုက်ကြတော့သည်….
“ယွန်းမီ…တော်တော့…မတိုက်နဲ့တော့”
ပိုင်ကျွယ်ကအရင်ရပ်လိုက်သည်…
“ဒါဆိုရှင်ပြန်ပါ…ကျမတစ်ယောက်ထဲနေချင်တယ်”
“ယွန်းမီ…မင်းအခုငါနဲ့စကားမပြောရင်နောင်တရလိမ့်မယ်နော်”
“အဟင်း…”
“ထျန်းချီ…သူကမင်းကိုထိုက်ချူ ခန်းဆောင်ကိုအပ်ခဲ့တယ်”
“ဘာ…!
သူမအံ့သြစွာဖြင့်…
“ပိုင်ကျွယ်…ရှင်ဘာပြောလိုက်တာလဲ”
“ထျန်းချီကမင်းကိုထိုက်ချူ ခန်းဆောင်အပ်ခဲ့တယ်”
“သူရော…သူရော…သူဘာဖြစ်လို့လဲ”
သူကပိုင်ကျွယ့်အားစိုးရိမ်တကြီးမေးလိုက်သည်….
“ထျန်းချီ…ပန်းတိုင်းပြည်သွားတာမင်းမှတ်မိလား”
“ရင်းဖန်…သူ…သူထျန်းချီကိုဘာလုပ်လိုက်တာလဲ…ငါသူ့ကိုသွားသတ်မယ်”
“ကျစ်…ယွန်းမီ…ထျန်းချီပန်းတိုင်းပြည်သွားလို့ရင်းဖန်ကြောင့်မဟုတ်ဘူး…မင်းကြောင့်”
“အာ…ကျမကြောင့်”
“ဟုတ်တယ်…သူပန်းတိုင်းပြည်မှာဘာမြင်ခဲ့လဲမင်းသိလား…မင်းကပန်းတိုင်းပြည်ကိုဖျက်စီးလို့လူ့ပြည်ကိုသွားဖို့အပြစ်ပေးခံရတယ်…မင်းအပြစ်မပေးခံရအောင်သူကရင်းဖန်ကိုအနီးကပ်နေခဲ့တာ”
“ဘာ”
“ပြီးတော့…ထျန်းချီကမင်းရဲ့ကံကြမ္မာကိုကြည့်ဖို့ကြိုးစားခဲ့တာ…မင်းကြံမ္မာကိုကြည့်ဖို့အပင်ရွေးတဲ့အခါထျန်းချီကအချစ်ကျိန်စာပန်းကိုခူးမိသွားတယ်…ဒါကမင်းကံကြမ္မာနဲ့ဆက်စပ်နေလို့ပဲ…မင်းနဲ့အတူနေရင်မင်းဒုက္ခရောက်မှာစိုးလို့…အချစ်ကျိန်စာကြောင့်မင်းကမကောင်းဆိုးဝါးဖြစ်သွားပြီးတစ်နေ့မှာထျန်းချီကမင်းကိုသူ့လက်နဲ့ပြန်သတ်မှာကိုမြင်ခဲ့လို့ပဲ
အချစ်ကျိန်စာ…ဒါကလူကိုမသေဘူး…ဒါပေမဲ့အဲ့အဆိပ်ကချစ်တဲ့သူနဲ့အတူနေရင်…အတူနေတဲ့မင်းကိုထိခိုက်မှာစိုးလို့…အဲ့ဒါကအဆိပ်ဆိုတာထက်ကျိန်စာတစ်ခုပဲ”
“ဒါ့ကြောင့်….ဒါ့ကြောင့်သူကျမကိုအဝေးကိုတွန်းထုတ်တာလား”
“ဟုတ်တယ်…အဲ့ကျိန်စာအဆိပ်ကိုပျက်ပြယ်ဖို့သူလူ့ပြည်ကိုဝင်စားရမယ်လူ့ပြည်မှာအချစ်စမ်းသက်ချက်အောင်မြင်မှအဆိပ်ပြေမှာ…အဲ့မတိုင်ခင်မင်းရင့်ကျက်ဖို့သူကြိုးစားခဲ့တာ…နှစ်တစ်ရာအတွင်းမင်းသူ့ကိုစိတ်ပျက်သွားပြီးလေ့ကျင့်စေဖို့ပဲ”
“အခု…ထျန်းချီဘယ်မှာလဲ”
“သူကောင်းကင်နန်းတော်ကိုသွားတယ်…မေ့မျှောခြင်းရေကိုသောက်ဖို့”
“ရှင်…ဒါလူ့ပြည်သွားဖို့လား…ပိုင်ကျွယ်ရှင်ကျမကိုဘာလို့အစောကြီးကမပြောလဲ”
သူမကပိုင်ကျွယ်အားအပြစ်တင်ကာကောင်းကင်နန်းတော်ဆီပြေးထွက်လခဲ့သည်…
“အယ်…ငါပြောမလို့ပဲလေမင်းပဲငါ့ကိုတိုက်နေပြီး….”
သူစကားမဆုံးခင်သူမကအဝေးရောက်သွားသည်…သူလည်းခေါင်းခါယမ်းလိုက်သည်….
[♥]]] [♦]]] [♣]]] [♠]]]
“ဖုန့်ရန်…ပေးပါ”
“နတ်မင်း…ယွန်းမီကိုတကယ်ပဲမစောင့်တော့ဘူးလား”
“သူနားလည်မှာပါ…ငါနှောင်နှေးလို့မဖြစ်ဘူး…မဟုတ်ရင်သူမငါ့ကိုခွင့်မပြုမှာစိုးတယ်”
“နားလည်ပါပြီ”
ဖုန့်ရန်ကမေ့မျှောခြင်းရေကိုထျန်းချီအားပေးလိုက်သည်…
“ရှောင်မီ…မင်းကောင်ကောင်းနေရမယ်နော်…ကလေးမဆန်ပါနဲ့တော့”
သူရေကိုမော့သောက်လိုက်ပြီး…လူ့ပြည်ကိုဆင်းမည့်အပေါက်ဝတွင်ရပ်လိုက်သည်…
“ရှောင်မီ…ကိုယ်မင်းကိုမေ့သွားခဲ့ရင်…စိတ်မဆိုးပါနဲ့”
သူမျက်လုံးများကိုစုံမှိတ်ကာခုန်ချလိုက်တော့သည်….
“ထျန်းချီ…မလုပ်နဲ့”
သူမပြေးပြီးလက်ကိုဆွဲသော်လည်းထျန်းချီရဲ့လက်ဖျားနဲ့ထိရုံပဲမိလိုက်သည်….ထျန်းချီကတော့သူမအားပြုံးကြည့်ရင်းတဖြေးဖြေးအောက်သို့ရောက်သွားသည်…
“မဖြစ်ဘူး….ထျန်းချီ”
သူမအော်သံငိုသံတွေကကောင်းကင်တစ်ခုလုံးပဲ့တင်သွားသည်…
“ရှင်…ကျမကိုဘာလို့လိမ်ခဲ့တာလဲ”
သူမလူ့ပြည်ဆင်းမည့်အပေါက်ဝတွင်ငူငူကြီးထိုင်ကာ…မျက်ရည်တို့ရွှဲနစ်နေသည်အထိငိုချလိုက်သည်…
“ယွန်းမီ…”
ဖုန့်ရန်ကသူမအားဖတ်ကာနှစ်သိပ်လိုက်သည်….
“ဖုန့်ရန်…ငါ့ကိုထားခဲ့ပါ”
“ယွန်းမီ…မင်းကိုနတ်မင်းကနတ်ပြည်မှာနေစေချင်တာ…မင်းသူ့ဆန္ဒကိုလိုက်နာသင့်တယ်မလား”
“အင်းပါ…ငါကို့ခဏလောက်ဒီမှာပေးနေပါ”
“ငါစိတ်ချမယ်နော်”
ဖုန့်ရန်ထွက်သွားတော့မှာသူမက…သူမရဲ့မူလစွမ်းအားကိုခွဲထုတ်လိုက်သည်…
“အင့်…”
သူမလက်ပေါ်တွင်မူလစွမ်းအားကိုကြည့်ရင်း…
“ထျန်းချီ…ရှင့်ကျမကိုပိုင်ကျွယ်လိုမျိုးရှန့်ကူအတွက်ပေးဆပ်အနစ်နာခံတာမျိုးအဖြစ်မခံနိုင်ဘူး…ရှင့်အချစ်စမ်းသက်ချက်အတွက်အောင်မြင်ဖို့ကျမကူညီမှာပါ”
သူမရဲ့မူလစွမ်းအားကိုခွဲထုတ်ကာထျန်းချီနောက်လိုက်စေခဲ့တော့သည်….
“မင်း…ထျန်းချီကိုကူညီရမယ်”
သူမလည်းထိုနေရာမှထွက်လာခဲ့တော့သည်…ထိုက်ချူ ခန်းဆောင်းကိုနောက်တစ်ဖန်ပြန်လည်ခြေချလိုက်သည်…ထျန်းချီရဲ့အငွေ့အသက်တွေကသူမမြက်လုံးထဲစွဲထင်နေသည်…
“ရော…မင်းကို”
ရင်းဖန်ကသူမအားခနဲ့သလိုလောင်ပြောင်နေသည်…
“နတ်မင်းမရှိပေမဲ့ငါကဒီမှာကြည့်ကြပ်ပေးမှာ…မင်းပြန်လိုက်တော့ပိုင်ယွန်းမီ”
သူမရင်းဖန်ကိုတစ်ချက်ကြည့်လိုက်ပြီးဘာမှမပြောဘဲအထဲဝင်ခဲ့သည်…
“ဟေ့..ငါပြောနေတာမကြားဘူးလား…ဒါမင်းလာရမဲ့နေရာမဟုတ်ဘူး…နတ်မင်းကငါ့ကိုဂရုစိုက်တယ်ဆိုမင်းနားမလည်ဘူးလား…
မင်းတွက်ဒီနေရာကမကြိုဆိုဘူး…ထွက်သွား…”
အပိုင်းစီးပြောနေသောရင်းဖန်အားသူမလက်ကိုဆန့်ထုတ်ကာတွန်းလိုက်သည်…
“မင်းလိုခွေးသေးပန်းကများ…”
“ပိုင်ယွန်းမီ…ငါဒါကိုတစ်ခြားနတ်မင်းတွေသိအောင်ပြောရမယ်…ပိုင်ယွန်းမီနတ်သမီးကထျန်းချီနတ်မင်းရဲ့ချစ်ရသူကိုထိခိုက်အောင်လုပ်တယ်လို့”
“ဘာ…ရင်းဖန်…”
သူအသံကခတ်ထန်သွားသည်…
“ငါမင်းကိုမကျေသေးဘူးနော်…ဟုတ်သားထျန်းချီကိုပန်းတိုင်ပြည်ကိုဖိတ်ခဲ့တာမင်း…အကယ်၍မင်းသာမခေါ်ခဲ့ရင်အခုလိုအခြေအနေကြုံမှာမဟုတ်ဘူး”
သူမကရင်းဖန်ထံတဖြေးဖြေးလျှောက်သွားလိုက်သည်…လက်ထဲတွင်အစွမ်းတွေထုတ်ကာရင်းဖန်အားရိုက်ချမည်အလုပ်…
“ရပ်လိုက်…”
“ဟင်…ပိုင်ကျွယ်နတ်မင်း…နတ်မင်း…ရင်းဖန်အတွက်မျှတမှုပေးပါ”
“ကောင်းပြီ”
ပိုင်ကျွယ်ကလက်ကိုဝေ့ယမ်းပြလိုက်ပြီးစာအချို့ကိုပြလိုက်သည်…ရင်းဖန်တစ်ယောက်ကြည့်ပြီးမျက်လုံးပြူ းသွားသည်…
“မဖြစ်နိုင်ဘူး…နတ်မင်ကထိုက်ချူ ခန်းဆောင်ကိုအပ်ခဲ့တယ်ဆိုတာမဖြစ်နိုင်ဘူး”
“ရင်းဖန်…မင်းကငါလိမ်တယ်ပြောချင်တာလား…အမိန့်စာကထျန်းချီမဟုတ်ဘူးပြောချင်တာလား”
“မဟုတ်ပါဘူး”
“အခုကစပြီး…ထျန်းချီပြန်နိုးထမလာမချင်းသူ့ရဲ့နတ်သားရဲကသာသူ့တာဝန်ကိုဆက်ခံရမယ်…ထျန်းချီနတ်မင်းရဲ့ဆက်ခံသူပိုင်ယွန်းမီမီအားထိုက်ချူ ခန်းဆောင်ကိုအပ်လိုက်သည်”
“ငါ…ပိုင်ယွန်းမီမီ…ထျန်းချီနတ်မင်းရဲ့တာဝန်ကိုနတ်မင်းပြန်မလာမချင်းထမ်းဆောင်ပါမယ်”
“ရှင်..နင်…”
“မင်းထွက်မသွားသေးဘူးလား…ထျန်းချီကမင်းပေါ်အကြွေးတင်တာကိုဒီနှစ်တစ်ရာအတွင်းဆပ်ပြီးပြီ…ပန်းနတ်သမီးငါ့ရဲ့မျက်နှာသာပေးမှုကိုကျေနပ်မယ်ထင်တယ်”
သူမကလှည့်ထွက်သွားသည်…ရင်းဖန်လည်းမည်သို့မှမတက်သာသည့်အဆုံးပန်းတိုင်ပြည်ကိုပြန်လာခဲ့ရသည်….
“ခြမ္း…!
ကျကွဲသံနဲ့အတူအခန်းထဲတွင်ပန်းအိုးစများကပြန့်ကြဲနေသည်..
“မယ်တော်…ဘာဖြစ်တာလဲ”
“သွားစမ်း…ဘယ်သူမှငါ့အနားမလာနဲ့”
ရင်းဖန်ကရင်းဟွာနဲ့အစေခံအားလုံးကိုထွက်သွားခိုင်းလိုက်သည်….
“ပိုင်ယွန်ယွန်းမီမီ…နင်စောင့်ကြည့်ထားငါဘယ်လိုလုပ်မလဲဆိုတာ”
သူမမျက်နှာတွင်ကောက်ကျစ်စဉ်းလဲမှုတို့ထင်ပေါ်နေသည်….လက်ထဲမှဖယောင်းရုပ်တုတစ်ခုကိုလေပေါ်သို့ပစ်တင်လိုက်ပြီးလူတစ်ယောက်ပမာဖန်ဆင်းလိုက်သည်….
“သခင်မကိုအရိုအသေပေးပါတယ်”
“ဟင်းဟင်း….လူ့ဘဝမှာထျန်းချီကငါ့အတွက်ပဲဖြစ်ရမယ်..အဟွန့်…
မင်းလူ့ပြည်သွားပြီးထျန်းချီနတ်မင်းနဲ့ချစ်ကြိုက်အောင်လုပ်ရမယ်…ကြားလား”
“ဟုတ်ကဲ့ပါသခင်မ”
“ဟားဟား.. .ဟားဟား ”
ပိုင်ယွန်းမီနဲ့တူသောဖယောင်းရုပ်ဟာရင်းဖန်အမိန့်ပေးသည့်အတိုင်းလူ့ပြည်သို့သွားတော့သည်…
[♥]]] [♦]]] [♣]]] [♠]]]
ကြယ်တာယာတွေကြည့်ရင်းသူမထျန်းချီကိုလွမ်းမိသည်…အမှတ်မထင်ကြွေကျသွားသောကြယ်ကြောင့်သူမပြုံးလိုက်သည်…
“အားလီ”
မှန်သည်…နှစ်တစ်ရာပြီးရင်အားလီပြန်ဝင်စားမှာဖြစ်သည်…
“အားလီ…ချန်ချန်းတော့ပျော်နေတော့မယ်…ဒါနဲ့မင်းဘယ်သူ့ဆီမှာဝင်စားလဲကြည့်အုံးမယ်”
သူမကလက်ကိုယမ်းကာလေပေါ်တွင်ကြည့်လိုက်သည်…
“ယွန်းမီ…နင်ဘာလုပ်…ဟင်…မင်း…မင်းလူ့ပြည်က်ိုကြည့်နေတာပဲ”
“ဟုတ်တယ်…ငါအားလီကိုကြည့်နေတာ”
“ဟွန့်…ယွန်းမီ…နင်ကနတ်မင်းကိုမကြည့်ပဲသူများကိုကြည့်နေတာပဲ”
“ဟုန်ရိ…ငါထျန်းချီကိုဂရုမစိုက်ဘူးထင်နေတာလား”
“အင်း”
“ထျန်းချီအတွက်ငါ့ရဲ့မူလစွမ်းအားကိုခွဲပြီးစောင့်ရှောက်ဖို့လွှတ်ထားလိုက်ပြီ”
“ဘာ…ယွန်းမီနင်…နင်..ဒါကစွမ်းအားတွေအများကြီးသုံးရမှာနော်…မထင်ထားဘူးမူလစွမ်းအားခွဲထုတ်ထားတာတောင်ဒီကအခုလိုနေနိုင်သေးတယ်…ငါ့သခင်တောင်နင့်လောက်စွမ်းအားမမြင့်ဘူး”
“ဟုန်ရိရေ…ငါစွမ်းအားမြင့်တော့ရောဘာဖြစ်လဲ…ထျန်းချီကိုတောင်မကာကွယ်နိုင်ခဲ့ဘူး”
“ယွန်းမီ…စိတ်မကောင်းမဖြစ်ပါနဲ့…ငါတို့နတ်မင်းကိုသွားကြည့်လို့ရတာပဲကို”
သူမကကျေနပ်စွာပြုံးလိုက်သည်
[♥]]] [♦]]] [♣]]] [♠]]]
“သခင်ကြီး…သူဌေးကတော်မွေးပါပြီ”
“ဘာလေးလဲ…ဘာလေးတဲ့လဲ”
“ယောကျာ်းလေးပါ”
“တကယ်လား…ငါ့တစ်သက်တာမှာကလေးအဖေဖြစ်နိုင်ပြီ”
သူဌေးကြီးကဝမ်းသာအားရဖြင့်အိမ်ထဲပန်ဝင်သွားသည်…
“ရှင်မ…ရှင်မ…မင်းဘယ်လိုနေလဲ”
“ကျမအဆင်ပြေပါတယ်”
“ကလေး…ငါ့ကလေးလေး…အဖေ့သားလေး…ကြည့်စမ်းပါအုံးတစ်လုံးတစ်ခဲကြီးနဲ့…ချစ်စရာကောင်းလိုက်တာ”
သူတို့လင်မယားနှစ်ဦးသားကတော့ကလေးအားကြည့်ရင်းပြုံးပျော်နေကြသည်…
“၁၀နှစ်ခန့်ကြာသော်”
“အဖေ…ဘာလို့တောထဲကိုလာတာလဲ…အိမ်မှာသက်သက်သာသာနေတာလဲအပန်းဖြေတာမဟုတ်ဘူးလား”
“ရှောင်လု…တောထဲမှာအပန်းဖြေတယ်ဆိုတာအမဲလိုက်တာလေ…အိမ်ထဲမှာလိုတော့သက်သက်သာသာဘယ်ရှိမလဲ”
“အဖေ…သားအမဲမလိုက်ချင်ဘူး”
“ဟင်းဟင်း…ဒီကလေးကတော့”
လုပေါင်ကသားဖြစ်သူကိုကြည့်ရင်းပြုံးလိုက်သည်….တောထဲရောက်လာသည်နှင့်အမျှကျေးငှက်သံတို့ကိုကြားနေရသည်…တစ်ခါတစ်လေယုန်ကောင်လေးများဖြတ်ပြေးလေ့ရှိသည်…
“ဝေါင်း….ဝေါင်း…”
“ဟင်…ကျားဟိန်သံ…အားလုံးသတိထားရှောင်လုကိုကာကွယ်”
လုပေါင်ကအမိန်းပေးလိုက်တယ်ဆိုရင်ပဲအစေခံများကရှောင်လုမြင်းပတ်ပတ်လည်တွင်ဝန်းရံထားကြသည်…
“သခင်လေးကိုကာကွယ်ကြ”
“ဟုတ်ကဲ့”
“ဝေါင်း…”
ဟိန်သံနဲ့အတူကျားကတဖြေးဖြေးသူတို့နားချဉ်းကပ်လာတော့သည်…
“သခင်ကြီး…သတိထား…ကျွန်တော်ကြားတာတောနက်ထဲကိုလာတဲ့သူတောတော်များများအိမ်ပြန်မလာနိုင်ကြဘူးတဲ့”
“တိတ်စမ်း….ဘယ်လိုနိမိတ်မရှိတဲ့စကားလဲ”
“ဝေါင်း…”
“ယား…”
ကျားကလုပေါင်အားခုန်အုပ်လိုက်သဖြင့်ဘေးသိုအသာရှောင်လိုက်သည်…
သူကလက်ထဲကလှံကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာကျားနှင့်ရင်ဆိုင်လိုက်တော့သည်…
“အဖေ…နင်တို့ဘာလုပ်နေတာလဲအဖေ့ကိုသွားကူလေ”
“သခင်လေး”
“မသွားသေးဘူးလား”
“ဟုတ်..ဟုတ်ကဲ့”
အစေခံတွေကလုပေါင်နဲ့အတူကျားကိုတိုက်ခိုက်လေတော့သည်…
ထိုစဉ်…အနက်ရောင်ဝတ်စုံအနက်ရောင်မျက်နှာဖုံးနဲ့လူတစ်ယောက်ကလုဟန်အားအင်္ကျီဂုတ်ကဆွဲကာခေါ်သွားသည်…
“အဖေ…ကယ်ပါအုံး…”
“ရှောင်လု…”
“သခင်လေး…”
အစေခံတစ်ယောက်ကနောက်ကနေလိုက်ပြီးထိုသူအားတိုက်ခိုက်လိုက်သည်….သို့သော်လည်းထိုလူကလက်ကနေအနက်ရောင်မှော်ပညာကိုသုံးကာအစေခံကိုသတ်လိုက်သည်…
“အား…”
အစေခံကလေပေါ်သို့မြောက်သွားပြီးအောက်သို့ပြုတ်ကျသွားသည်…
“အော့”
သွေးတွေအန်ထွက်ကာသေဆုံးသွားသည်…လုပေါင်နဲ့အစေခံလည်းကျားကိုမတွေ့ရတော့ပေ…ဒါ့ကြောင့်ထိုအနက်ရောင်လူသားနောက်လိုက်ခဲ့သည်…
“မပြေးနဲ့…ရပ်စမ်း”
“ဟားဟား…မင်းတို့ငါ့ကိုမတားနိုင်ဘူး”
ပြေးရင်းနဲ့ချောက်ကမ်းပါးတစ်ခုဆီရောက်တော့ထိုသူကရပ်လိုက်သည်…
“အရူးတွေ…မင်းတို့ငါ့ကိုမသတ်နိုင်ဘူး..ဟွန့်”
“မင်းဘယ်သူလဲ…ငါ့သားကိုဘာလို့ဖမ်းတာလဲ”
“ဟားဟား.. ဟားဟား.. .ငါအလိုရှိလို့ပေါ့…ကြည့်ရတာတော့ဒီကလေးကိုသာသတ်ပြီးသူ့သွေးတွေကိုငါယူလိုက်ရင်…ငါ့ကျင့်ကြံမှုကနတ်မင်းဖြစ်ပြီ…ဟားဟား.. ဟားဟား ”
“မကောင်းဆိုးဝါ…မင်းကငါ့သားကိုများ…သေစမ်း”
လုပေါင်ကစတင်တိုက်ခိုက်လိုက်သည်…မထင်မှတ်ပဲထိုသူကလုဟန်အားချောက်ထဲပစ်ချလိုက်သည်…
“ရှောင်လု…မဖြစ်ဘူး”
လုပေါင်ကထိုသူ့အားမတိုက်ခိုတ်တော့ဘဲချောက်ကမ်းပါးနားကိုအပြေးသွားခဲ့ပေမဲ့သားရဲ့လက်ကိုသူမမိလိုက်ပေ..
“ငါမင်းကိုသတ်မယ်”
“ဟွန့်…အသုံးမကျတဲ့လူသားတွေကများ”
ထိုသူကသူတို့အားလုံးကိုလေပေါ်မြောက်အောင်လုပ်ပြီးမှော်ပညာဖြင့်လည်ပင်းများအားညှစ်ထားလိုက်သည်…ယ
“ဝှီး…ဒုတ်”
“အင့်”
ချောက်ကမ်းပါးအောက်ကနေအဖြူရောင်ဝတ်စုံနဲ့အဖြူရောင်ပါးဝါကာထားသောခမောက်ကိုဆောင်းထားသည့်သူတစ်ဦးကရှောင်လုအားဖတ်ကာအပေါ်သို့တက်လာသည်…
သူမရဲ့မြှားချက်ကြောင့်အနက်ရောင်ဝတ်ရုံနဲ့လူရင်ဘက်ဒဏ်ရာရသွားပြီးလုပေါင်တို့လည်းအောက်သို့ပြန်ကျလာသည်….
“ဘယ်သူလဲ…ငါ့ကိုနှောက်ယှက်တာ”
“မကောင်းဆိုးဝါး…မင်းကလူသတ်ရဲတယ်ပေါ့”
“ဝှီး…ရွှမ်း…ရွှမ်း”
သူမကလုဟန်အားလေပေါ်သို့မြောက်ကာလက်လွှတ်လိုက်ပြီးနောက်ထက်မြှားကိုပစ်လွှတ်လိုက်ပြန်သည်….
“အင့်…အား”
အနက်ရောင်ဝတ်ရုံနဲ့သူကမြှားမှန်ပြီးချောက်ထဲပြုတ်ကျသွားတော့သည်…
“ကယ်ပါ….အား…”
အောက်သို့ပြုတ်ကျလာသောလုဟန်ကအော်ဟစ်လိုက်သည်…သို့သော်လည်းထိုအဖြူရောင်ဝတ်စုံနဲ့သူကသူ့အားအသာဆွဲဖမ်းလိုက်သည်…တရွေ့ရွေ့အောက်သို့ဆင်းသက်လာသည်…လေတစ်ချက်တိုက်ခိုက်လိုက်ချိန်မှာတော့….သူ့ရဲ့ကာထားသောပါးဝါကလွှင့်သွားပြီးသူ့မျက်နှာကိုလုဟန်မြင်လိုက်ရသည်….
“ဝါး…လှလိုက်တာ”
သူ့အားငေးကြည့်ရင်းသူ့အပြုံးများကိုလုဟန်မျက်တောင်ပင်မခတ်နိုင်တော့ပေ….အောက်သို့ရောက်သည်ကိုပင်သတိမထားမိပေ…
“ကောင်လေး…အောက်နေပြီ”
“လု…လုဟန်…မမကိုဂါရဝပြုပါတယ်”
“မိန်းကလေး…ကယ်တင်ပေးတာကျေးဇူးတင်ပါတယ်”
“ကိစ္စမရှိပါဘူး”
“မိန်းကလေး…ဘယ်ကလဲမသိဘူးကျွန်တော်လုပေါင်မိန်းကလေးကို….မဟုတ်ဘူးမဟုတ်ဘူးဆရာမလေးကိုကျေးဇူးဆပ်ချင်လို့အိမ်ကိုလိုက်ဖို့ဖိတ်ခေါ်ချင်ပါတယ်”
“ကျမမအားမှာစိုးတယ်”
“အဖေ…သားမမကိုသိုင်းသင်ခိုင်းချင်တယ်…သားကိုဆရာအဖြစ်ခေါ်ပေးပါ”
“အဲ့…ရှောင်လု…”
“ကျမကဆရာမဟုတ်ပါဘူး…ဒီတောထဲကတောင်ပေါ်မှာပဲနေတာပါလူတွေနဲ့သိပ်မတွေ့ဖြစ်ဘူး…သခင်ကြီးအိမ်ကိုလိုက်ခဲ့ရင်ကျမလူ့စည်းကမ်းတွေနားမလည်မှာစိုးတယ်…ခွင့်ပြုပါအုံး”
“မမ…ရှောင်လုက်ိုသိုင်းသင်ပေးပါ…တပည့်ခန့်ပါ”
“မင်းကြီးလာရင်ပေါ့”
သူမကသူတို့အားကျောခိုင်းကာထွက်လာခဲ့သည်….
“ဆရာမလေး…မင်းအမည်ကိုသိပါရစေ”
“ပိုင်…”
သူမစကားကိုရပ်လိုက်သည်….
“မဖြစ်ဘူး…ငါကမူလစွမ်းအားခွဲထွက်လာတာအမည်မှန်ပြောလို့မရဘူး”
“ပိုင်….ရှောင်”
“ကျေးဇူးတင်ပါတယ်…ဆရာမပိုင်ရှောင်”
“ရှောင်လု၁၆နှစ်ပြည့်ရင်ခွန်းဝူတောင်ကိုလာခဲ့ပါ”
သူမကလှည့်မကြည့်ပဲပြောလိုက်သည်….သူတို့ကြည့်နေရင်းနဲ့သူမကပျောက်ကွယ်သွားသည်…
“အယ်….မတွေ့တော့ဘူး…ဒါ…ဒါ..နတ်လား…သခင်ကြီး…ကျွန်တော်အမြင်မှားတာလား”
“မမှားဘူး”
“ဝါး…အဖေဒါဆိုနတ်သမီးမမကသားတို့ကိုကယ်လိုက်တာပေါ့…ဟီး”
သူတို့လည်းအိမ်ပြန်လာခဲ့သည်…
“တကယ်လား…ဒါဆိုမင်းနဲ့မင်းအဖေကိုနတ်သမီးကကယ်တင်တာပေါ့”
“ဟုတ်တယ်…နတ်သမီးမမကသား၁၆နှစ်ပြည့်ရင်သူ့နေတဲ့နေရာကိုလိုက်ခဲ့ဖို့ပြောတယ်…ပြီးတော့…ဟိုမကောင်းဆိုးဝါးကြီးကို…ဟော့ဒီလိုဟောဒီလို့လက်နဲ့ချလိုက်တာချောက်ထဲပြုတ်ကျသွားရော”
ဟန်နဲ့ပန်နဲ့ပြောနေသောသူ့ဆီမှာအမေ့မျက်လုံးများကမခွာပေ…
“ရှောင်လု…မင်းဘာတွေအမေကိုပြန်ပြောနေတာလဲ”
“အဖေ…လာလာ…နတ်သမီးမမအကြောင်းပြောပြနေတာအဖေလည်းလာပြောပြလေ”
“ဒီကလေး”
“ယောကျာ်း…တကယ်ပဲအဲ့လိုကြုံခဲ့တာလား”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)