Daddy လူဆိုး - အပိုင်း 15
![](https://novel.theatre18.me/wp-content/uploads/2023/11/354459950_974149837337428_2705567780275480587_n.jpg)
လုယာ အိပ်ရာခင်းကိုသေချာပြင်ကာ
လက်လေးနဲ့ညှိပြီး သူနဲ့တစ်တန်းထဲ
ဖြစ်နေတဲ့ သူမခေါင်းအုံးလေးကို
အောက်လည်းလျှော်ချရင်း ကုတင်ထောင့်လေးမှာ
ကပ်ထားလိုက်သည်။
စောစောက ဧည့်ခန်းထဲမှာ အလင်္ကာဆိုတဲ့သူနဲ့
စကားတွေပြောနေတာကိုမြင်ခဲ့ရင်း ကြာဦးမည်
ထင်လို့ ကုတင်ပေါ်ကန့်လန့်ဖြတ်ဝင်လှဲပြီး
အဖြူရောင်မျက်နှာကျက်ကြီးကို ငေးကြည့်မိသည်။
ဖြူစွတ်တဲ့မျက်နှာကျက်ကြီးကြောင့် လုယာ တစ်ဒင်္ဂတိတ်ဆိတ်
ငြိမ်သက်သွားရကာ မျက်ဝန်းညိုလေးများဖြေးညှင်းစွာ
မှိတ်ပြစ်လိုက်ရင်း သက်ပြင်းလေးဖွဖွချလိုက်၏။
တိတ်ဆိတ်ခြင်းကြောင့် တစ်ရစ်ရစ်တိုးဝင်လာတဲ့
အတွေးတွေးတွေထဲကနေ ဖခင်ဖြစ်သူကို
လွမ်းဆွတ်တမ်းတခြင်းတွေနဲ့ အရင်လို အချိန်တွေအား
ပြန်လည်လိုချင်လာမိသည်။
ဖေဖေက လုယာကို ချစ်သည်လား မချစ်သလားတော့
မပြောတတ်ပါ။ဒါပေမဲ့ လု့ယာပေါ် တအားကြီးေအးစက်သည်။
လုယာက ဖေဖေ့ကိုထမင်းစားဖို့စောင့်နေတဲ့ရက်တွေဆို
ပြန်လာတဲ့အခါ စားပြီးကြောင်း အေးတိအေးစက်ဖြေရင်း
ညနက်သွားပြီဖြစ်လို့ အစာလွန်သွားတဲ့လုယာလည်း
ဝမ်းနည်းခြင်းတွေပါလှိုက်စို့ကာ မစားဖြစ်ခဲ့တဲ့
ရက်တွေ ရေတွက်လို့တောင်မရ။
ဖေဖေ့ကိုကျောင်းလိုက်ပို့ပေးစေချင်သောလည်း
အလုပ်ကိုသာ အကြောင်းပြပြီးဖေဖေ အမြဲ
ရှောင်ထွက်တတ်၏။
လုယာ ဘယ်လောက်ပဲကောင်းတာလုပ်ပေးပါစေ
ဖေဖေက အမြဲတမ်းအော်ထုတ်တတ်၏။
မေမေမရှိတော့တဲ့နောက်ပိုင်းဆို ဒီထက်ပိုသိသာလာ၏။
သေချာတွေးလို့မရအောင် ဝေခွဲခက်နေတာကတော့
ဖေဖေနဲ့မေမေရန်ဖြစ်တုန်း သူမ ဆယ်နှစ်ကျော်ကျော်
ကလေးလောက်ကြားလိုက်ရဖူးတဲ့ ရန်စကားတွေထဲက
အမှန်စကား…ထိုစကား
‘မင်းသမီးကို ငါအခုထိ ရှာကျွေးနေတာ
ကျေးဇူးတင်’တဲ့
အဲ့နောက်ပိုင်းမေမေလည်းမရှိတော့ ဖေဖေဟာ
အရင်အေးစက်သည်ထပ် ရေခဲတိုက်ကြီးထဲဝင်ကာ
စကားပြောနေရတဲ့အတိုင်း လုယာအပေါ်အေးစက်လို့
သွားခဲ့လေတော့သည်။
နှလုံးရောဂါရှိတဲ့ မေမေလည်း ဖေဖေ့ရဲ့ အနိုင်ပိုင်း
အတ္တဆန်တဲ့ စကားလုံးတွေကြောင့် တစ်ဖြေးဖြေး
ပင်ပန်းလာရပြီး အမောဖောက်ကာ အသက်ပါတဲ့အထိကို…
မေမေ့အသက်ကို ဖေဖေနှုတ်ယူလိုက်တယ်လို့
မပြောရက်ပေမဲ့ ဟုတ်နေတာပဲမလား…
ဘာဘဲဖြစ်ဖြစ် ဖေဖေက လုယာကို ကျွေးမွေးပြုစုလာတဲ့
ကျေးဇူးရှင်တစ်ယောက်ဖြစ်လို့ အခုလို လက်ထိုးခံလိုက်
ရလည်း လုယာ ကျေးဇူးဆပ်ခွင့်ရတယ်လို့ပဲ မှတ်ပါ့မယ်
လုယာ လုယာလေ သူ့လက်ထဲက အရမ်းလွတ်မြောက်
ချင်ခဲ့ပါတယ်။သူ့ကိုလုယာကြောက်ပါရဲ့ ထွက်ပြေးဖို့
ဟင့်အင်း လုယာမလုပ်ရဲဘူး ဘာလို့ဆို သူက
ဖေဖေ့အသက်ကိုနှုတ်ပြစ်မယ်လို့ချိန်းခြောက်ဖူးပါ၏။
မေမေသာရှိရင် လုယာ ဘယ်တော့မှ မျက်ရည်ကျရမှာ
မဟုတ်ဘူး မေမေအသေစောခဲ့တယ် ဘာလို့
လုယာ့ကို စိတ်ချသွားခဲ့ရတာလည်းမေမေရယ်
လုယာ မှိတ်ထားတဲ့ မျက်ဝန်းထောင့်လေးက မျက်ရည်စက်တို့
အိခနဲပေါက်ကျလာခဲ့ပေမဲ့ မျက်ဝန်းလေးပွင့်မလာ
ပင်ပန်းလွန်းလို့ အခိုးအငွေ့အဖြစ်ပျောက်ကွယ်ချင်ပါသော
လုယာသေသွားရင်ရော ဒီပြဿနာတွေ ငြိမ်းချမ်းနိုင်မှလား
သူလို အတ္တသမားက ဖေဖေ့ကို လျှော်လိုက်မှာလား
လုယာ မျက်ရည်စတွေနဲ့အတွေးလေးတွေပြည့်လာကာ
ပြတင်းပေါက်ကတိုးဝင်သမျှသောလေတွေကိုလည်း
သေချာမခံစားမိနိုင်တော့ပဲ အရာအားလုံးကို
ခနလောက်မေ့ပြစ်ဖို့ အိပ်စက်ခြင်းဆီသို့ခြေပြစ်လက်ပြစ်
ဉီးတိုက်ဝင်ခဲ့သည်။
?????
အိပ်ပျော်နေတဲ့ မျက်နှာလေးအား တယုတယလေးသူ
ကြည့်ပြီး နင့်နေအောင်ဖက်ထားလိုက်သည်။
သူအခန်းထဲဝင်လာတုန်းက မျက်ရည်စီးကြောင်းနဲ့
မျက်နှာလေးဖျော့နေရှာသည်။အိပ်ပျော်နေလို့လည်း
မနှိုးရက်ပါ။ကန့်လန့်ဖြတ်ခန္ဓာကိုယ်လေးအား
ဂရုတစ်စိုက်ဖြေးညှင်းစွာမယူ၍ နေရာတစ်ကျလေး
သိပ်ပြီး တစ်စောင်ထဲမှာ အတူတူခြုံ၍ ခန္ဓာကိုယ်
သေးသေးလေးကို ရင်ခွင်ထဲထည့်ထား၏။
ငယ်ငယ်ကအတိုင်းချစ်စရာကောင်းလွန်းနေတာလေးကို
သူအူတိုမိ၏။သူမလေးကျောင်းစိမ်းလေးဝတ်ပြီး
သူမြင်လိုက်ရတဲ့နေ့တွေဆို ရင်ခုန်သံတွေ တားမရစီးမရ
ဖွင့်ပြောဖို့ ကြိုးစားပေမဲ့ သူမရဲ့မိဘတွေနဲ့ သူ့မိဘတွေ
သမိုင်းတစ်လျှောက် မတည့်ခဲ့ကြပုံပါသော
သူမ မိခင်က သူနဲ့ လုယာအား တူသလား တန်သလား
ဆိုတဲ့ ဒေါသပါ စကားလုံးတွေ အခုထိတိုင် သူ့နားထဲ
ပဲ့တင်ထပ်နေခဲ့သည်။
သူ့မိဘတွေကိုလည်း မထီမဲ့မြင်ပြုခဲ့တဲ့ သူမရဲ့ဖခင်ကို
အခုထိကျေသေးတာမဟုတ်ပေ။ဒါကြောင့်လည်း
သူ့ရဲ့လှည့်ကွက်ထဲ အချိန်တစ်ခုကြာအောင်
ကောင်းကောင်းကြီးဖိတ်ကြားခဲ့တာသာကြည့်…
လုယာနှဖူးလေးကိုနမ်းပြီး သခင့်အတွေးတွေေဖျောက်လိုက်၏။
မအိပ်ချင်ပေမဲ့ သူမကိုဖက်ထားရင်းက မျက်လုံးတွေမှိတ်လိုက်သည်။
ကိုယ်ချစ်ရတဲ့ သူရဲ့မျက်ရည်တွေက သူ့ကိုပိုနာကျင်စေခဲ့ရုံမကပါဘူး သူ့နှလုံးသားကိုလည်း မီးလှိုက်နေတဲ့တိုင်း
တစ်စစ်စစ်တစ်မြေ့မြေ့နဲ့ပဲ လောင်ကျွမ်းနေခဲ့ရသည်။
အိပ်ပျော်နေတဲ့ သူမလေးအား သူ့ရင်ခွင်ကြီးထဲကနေ
လွတ်ထွက်မသွားအောင်ဖက်ထားခဲ့တာ ကျစ်နေအောင်နဲ့…
?????
“သင်တန်းမှာ အဆင်ပြေလား”
ကွန်ပျုတာအခြေခံစာအုပ်ကိုကိုင်ကာ ဒန်းပေါ်ထိုင်နေရင်း
နှုတ်ခမ်းလေးဆူချိတ်ပြီးဟိုဟိုဒီဒီကြည့်နေတုန်း အလင်္ကာ
ဆိုတဲ့လူက ရှေ့တည့်တည့်ရောက်လာပြီးမေးသည်။
“ဟမ် ပြေ ပြေပါတယ်”
နှစ်ယောက်ထဲ ထိပ်တိုက်ကြီး စကားမပြောဖူးတာမို့
အခုလိုကျတော့ လုယာစိတ်ထဲ မလုံမလဲကြီးလိုလို
တစ်ခုခုကိုကြောက်နေသလိုနဲ့ သေချာတာတော့
ဒယ်ဒီမြင်သွားမှာကိုကြောက်တာဖြစ်မည်။
အသားဖြူဖြူနဲ့ အစိမ်းညစ်ရောင် ရှပ်အင်္ကျီကို
အညိုရောင်စတိုင်လ်ဘောင်းဘီနဲ့ဝတ်ထားပြီး
ရင်အုံကျစ်ကျစ်တွေက အင်္ကျီပေါက ခပ်ရေးရေး
မြင်နေရသည်။
မျက်ခုံးထူထူ နှာတံချွန်ပြီး မေးနှစ်ခွယေးယေးလေးနဲ့
နှုတ်ခမ်းနီနီတွေကိုလည်းချောမောမှုတွေထင်းအောင်
မြင်နေရသည်။
လုယာ သူ့ကိုကြောင်ပြီးကြည့်နေတုန်း သူက
သူ့မျက်နှာကိုပွတ်ပြရင်း
“ကိုယ့်မျက်နှာမှာ တစ်ခုခုပေနေတာလား”
“အမ် မ မဟုတ်ပါဘူး
ပြေ ပြေ ပြေပါတယ်”
သတိလွတ်သွားပြီးမှ မျက်နှာလေးငုံ့ကာ လည်ပင်းလေး
ပွတ်ရင်း အရှက်ပြေထပ်ဖြေ၏။
အလင်္ကာက ရှေ့သို့ထပ်တိုးပြီး
“မင်း အဆင်မပြေရင်ကိုယ့်ကို
ပွင့်ပွင့်လင်းလင်းပြောပြလို့ရတယ်
အထူးသဖြင့်ဖူးမြတ်သွယ်ဆိုတဲ့မိန်းမအကြောင်းကို
ကိုယ့်ကို မဖုံးကွယ်ပဲပြောလို့ရတယ်”
“ဟင်!”
လုယာ ကြောင်သွားသည်။သူက လုယာ့အကြောင်း
စုံစမ်းနေတဲ့သူလိုကြီးပြောနေတော့ မျက်ဝန်းလေး
ဝိုင်းစက်ရပြီး နှုတ်ခမ်းလေးလည်းပြူခနဲကာ
“ဘာလို့လည်းဟင်”
“သခင်ကြီးက အကုန်သိနေလို့ပေါ့”
“အမ်! အ အကုန်ဆိုတာ ဟို
လု လုယာကို သိုနေ့က ရိုက်တာကိုရောလားဟင်”
“ဘာ!မင်းကိုရိုက်တယ်!”
“ဟင်!”
လွှတ်ခနဲပြောလိုက်ပြီးမှ ကိုယ့်ပါစပ်ကို
ပြန်ပိတ်ပေမဲ့ နောက်ကျသွား၍
လုယာ စိုးရိမ်စွာထရပ်လိုက်ပြီး
လှည့်ထွက်မလိုပြင်သော သူ့လက်မောင်း
အင်္ကျီလေးကိုဆွဲထားလိုက်တော့
့ပြန်လှည့်လာတဲ့ မျက်နှာက လုပ်မယ်ခဲမယ်
တစ်ဂဲဂဲသောဒေါသပုန်ထနေတဲ့ ပုံရိပ်တွေနဲ့…
လုယာ မျက်ဝန်းလေးမှိန်းကြည့်ကာ
နှုတ်ခမ်းလေးညွှန်း၍
“ဒယ်ဒီ့ကိုမပြောပါနဲ့နော်”
အသနားခံတောင်းဆိုနေတဲ့ အသံလေးကလည်း
ချစ်စရာကောင်းသလောက် မျက်နှာလေးဖူးဖူးသွယ်သွယ်
လေးနဲ့ နှုတ်ခမ်းလေးဆူချိတ်နေသည်။
အလင်္ကာ ရင်ခုန်သံတွေထိန်းချုပ်မရတော့ပေ။
သူမလေးကြားသွားမည်စိုး၍ မျက်နှာကိုပြင်ကာ
ဆံပင်တွေထိုးဖွရင်းဘဲ
“ကိုယ့်ကိုမပြောစေချင်ရင်
မင်းသတ္တိရှိဖို့လိုတယ် သခင့်ကြိ
မဖုံးကွယ်စေချင်ဘူး သခင်သိရင်
မင်းပဲအပြစ်ရှိသူဖြစ်မှာ သခင်က
မင်းကိုဒီလောက်ချစ်တာ”
ဘာအထောက်ထားနဲ့ သူ့အချစ်တွေကို သူမကလွဲ၍
တစ်ခြားသူတွေမြင်နေ တွေ့နေ တိုင်တာနေကြရတာလည်း
လုယာကတော့ သူ့ရဲ့စိတ်ဆက်ပုံကိုသာ မြင်နေတွေ့နေရ၏။
သူ့ရဲ့အချစ်ကို ဘာပေတံနဲ့တိုင်းတာနေကြသည်စဉ်းစားမရ။
“လုယာ မပြောရဲလို့ပါ”
ဖြူစွတ်တဲ့မျက်မှာလေး သိမ်ငယ်ညိုးကျနေတော့
အလင်္ကာစိတ်မရှည်သလို စိတ်မကောင်းလည်း
ဖြစ်ရသည်။
ဖူးမြတ်သွယ်အကြောင်း သူအသိဆုံး
ဒါကြောင့်နည်း သူ့ဟာသူ မိန်းကလေးဖြစ်ဖြစ်
တစ်စက်ကလေးမှ အကြောမတည့်သလို
ကြည့်လို့လည်းမရ။သူကတော့ခင်ခင့်လို
ခေါင်းငုံ့ပြီး အလျှော့မပေးနိုင်ပါဘူး
သခင်ကကျေးဇူးရှိတာပေမဲ့ သူနဲ့သခင်က
ဘာတော်စပ်မှုမှ မရှိ။ရှိနေရင်လည်း သူလိုမိန်းမမျိုးကို
သူ သည်းခံမည်မဟုတ်။
ငယ်ငယ်ကဆို ခင်ခင့်ကို လူလစ်သလို အနိုင်ကျင့်တတ်၍
တစ်ရက်မှာ သူကောင်းကောင်းကြီး ပညာပေးလိုက်ခဲ့ရာ
အဲ့နောက်ပိုင်းခင်ခင့်အပေါ်ကို သူမညှိုးတော့ပေ။
မနေ့က သခင်ပြောထားသလို သူမလေးကို ဖူးဖူးရန်က
စောင့်ကြည့်ပေးဖို့ရာ တာဝန်တစ်ခုကို သူသေချာ
ဆောင်ရွက်မည်။ပြီးတော့ သူချစ်နေတဲ့မိန်းကလေးမို့
တာဝန်ကို သူသေချာပေါက်လေးလေးနက်နက်ဖြင့်
ထမ်းဆောင်ဦးမည်။
“အင်း Basic ပြီးရင်
မတက်ချင်တော့လည်း သခင်ကြီးကိုပြောပေါ့”
“ဟင့်အင်း လုယာဝါသနာပါတယ်”
“အင်းပါကွာ ကိုယ်သွားတော့မယ်
ဂရုစိုက်ပါ”
ခပ်ပေါ့ပေါ့သာ သူပြောပြီး လှည့်ထွက်သွား၍
လုယာ သူ့ကျောကိုငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။
ဒယ်ဒီက လုယာကိုချစ်တာဟုတ်ရဲ့လား
လုယာတော့ ကြောက်သည်။
ဖူးဖူးဆိုတဲ့ မိန်းကလေးကို လုယာ
မကြောက်ပါဘူး ဒါပေမဲ့ သူနဲ့ ဒယ်ဒီရဲ့
ရင်းနှီးမှာကို လုယာတုန်ရင်မိ၍
ငြိမ်ခံသည်လို့ပြောရင် ဘယ်သူယုံမှာလည်း
အလင်္ကာပြောသလို ဒယ်ဒီ့ကိုပြောရင်
သူ လုယာဘက်ကရပ်တည်နိုင်ပါ့မလား
အတွေးများစွာဖြင့် ဖွင့်ထားတဲ့ စာအုပ်လေးဆီ
လုယာ အာရုံမရနိုင်တော့ပေ။
“မမလေး သရက်သီးစားမလား ဟီး”
ခင်ခင်ရောက်လာပြီးပြော၍ လုယာ အကြည့်တွေလွှဲတယ်ဆို
အတွေးတွေဟာလည်း လေဟာမယ်ထဲက အခိုးငွေ့တွေလို…
ငရုတ်သီးတွေဖွေးနေတဲ့ သရက်သီးသုတ်ကိုမြင်တော့
မိန်းကလေးပီပီ လုယာ ဟန်မဆောင်နိုင်တော့ပေ။
“ဟီးဟီးစားမယ်”
??????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)