Daddy လူဆိုး - အပိုင်း 19
အလင်္ကာ အနီရောင်ဆေးရောင်ပေါ်
စုတ်တံနဲ့အနည်းငယ်ယူလိုက်ပြီး
ဖူးပွင့်နေတဲ့ နှုတ်ခမ်းလေးပေါ်
ဂရုတစ်စိုက်တင်လိုက်တော့
လှပတဲ့ မျက်နှာလေးဟာ
အကောင်းဆုံးသော အဆုံးသတ်မှုလေးနဲ့
ပြီးဆုံးသွားခဲ့ရ၏။
ခင်ခင်က ထမင်းစားဖို့လာခေါ်တော့
ပန်းချီကို မြင်သွားမှာစိုး၍
ရှေ့ကမသိမသာ ကွယ်ကာ
ထွက်လာခဲ့သည်။
ခင်ခင်ကတော့ သူ့အားရန်ပြုဖို့နဲ့
စားဖို့လောက်ပဲ သိသူမို့လို့
အခုလည်းရိပ်မိပုံမပေါ်..
သူတို့ရဲ့ထမင်းစားဝိုင်းလေး
တိတ်ဆိတ်နေခဲ့သည်။
ဒေါ်လေးဒေဝီက ဟင်းချိုပူပူ
ခပ်သောက်ရင်း
တိတ်ဆိတ်စွာ ထမင်းငုံ့စားနေတဲ့
သူ့အားမေးလိုက်မိသည်။
“အရင်က အဲ့လို မဟုတ်ဘူးနော်
ဘာတွေစိတ်ညစ်နေတာလည်း
ဒေါ်လေးကိုပြောလေ”
အလင်္ကာ ဖြေးညှင်းစွာ
ခေါင်းရမ်းပြီး ဘာကိုမှ
မရိပ်မိစေချင်တဲ့ တစ်ခုတည်းသော
စိတ်ကြောင့် ချက်ချင်းပြုံးကာ
“ဒေါ်လေးတို့က ကျွန်တော့်ကို
အကုန်သတိထားကြည့်နေတော့တာပဲ”
ဟင်းချိုခပ်သောက်ရင်း
မျက်နှာမှာ အချိုသာဆုံးသော
ပျားရည်ထက်ချိုအောင်ပြုံးထားရင်းဘဲ
ပြောလိုက်၏။
သူပြုံးတော့ရယ်တော့မှ စိတ်အဆင်ပြေသွားကြသလို
ပြုံးလာကြရင်း တိတ်ဆိတ်နေတဲ့
ထမင်းဝိုင်းလည်း စိုပြေသွားရသည်။
တကယ်တော့ လုယာဆိုတဲ့
မိန်းကလေးကို သူအရမ်းတမ်းတနေခဲ့ရတာ
ရင်ထဲ ကြိတ်မှိတ်ထားသမျှ
မွန်းကြပ်လာတော့လည်း ဘယ်လိုတောင်
ဟန်ဆောင်ပြုံးရမလည်း
သခင်ကြီးကို ကြည့်ရတာ သူမလေးကို
သိပ်ချစ်ပုံရသည်။
လိုတာတွေ ဖြည့်ဆည်းပေးနိုင်ရဲ့
သူကတော့ သူမကိုအလင်းသေချာမပေးနိုင်တဲ့
မှိန်းပြပြကြယ်လေးလို
ဘယ်ယှဉ်နိုင်ပါ့မလည်း နေရောင်ခြည်
အလင်းတန်းကိုတော့
မင်းပျော်််ဖို့ မနှောက်ယှက်တော့ပါဘူး
????????
“သင်တန်းက မတက်ရတော့ဘူးလားဒယ်ဒီ”
ထမင်းစားဝိုင်းတွင်ဖြစ်သည်။
“အင်းလေ ဂျပန်ကနေ လှမ်းတက်မလား”
ဒီတိုင်းမေးလိုက်ပေမဲ့ သူမက သူ သူမကို
ရွဲ့နေတယ်ဆိုတဲ့ အကြည့်လေးတွေနဲ့
နှုတ်ခမ်းဖိညှစ်ကာ မျက်နှာပါးလေးနဲ့
ပြန်မော့ကြည့်ပြီး ထမင်းပန်းကို
ဇွန်းနဲ့ထိုးနေတော့မှ
“ထမင်းကစားဖို့လေ”
“ဟုတ်”
သူပြောတော့ ချက်ချင်းထမင်းလုတ်တွေ
ပြင်သည်။ဘာဟင်းနဲ့မှ ရောမစားပဲ
ထမင်းဖြူကြီးပဲစားနေတာကြောင့် သူ
ပင်သက်ရှိုက်ကာ
“ကိုယ့်ကို အဲ့လိုရွဲ့နေတာလား”
“ဟာ ဘယ်သူကရွဲ့ရဲလို့လည်း
လုယာက တကယ်မသိလို့မေးတာ
ဒယ်ဒီကပဲရွဲ့နေတာကို”
ဟောကြည့်!
“အင်း ကိုယ်မင်းတို့ဆရာကို
ပြောပြီးသား မြန်မာပြည်
ပြန်ရောက်မှပဲ ဆက်တက်လေ”
“အဲ့တာဆို ဖြူစင်နဲ့
မတူတော့ဘူးပေါ့”
ကလေးဆန်နေတာက သူ့ကို
ကြောက်ရကောင်းမှန်း
မေ့နေပြီထင်ပါရဲ့
“အင်း အဲ့တာဆို မတက်နဲ့တော့
ကိုယ်က ကလေးအိမ်မှာ
ပျင်းနေမှာစိုးလို့ အပျော်သက်သက်
တက်ခိုင်းတာ”
သူများက တကယ်ကြိုးစားတဲ့ဟာကို
လုယာ မျက်နှာလေး ပုတ်သိုးကာ
အလိုမကျဘဲ ကြက်သားကိုခရင်းနဲ့
အတင်းထိုးနေတာ ဒေါက်ခနဲ
ပန်းကန်ကိုချော်ထိုးမိပြီး
အသံအကျယ်ကြီးထွက်သွားလေမှ
သူ့အား မျက်လွှာလေးပင့်၍
ခိုးကြည့်သည်။
ဘယ်ချိန်ထဲက စိုက်ကြည့်နေလည်းသိတဲ့
ဒယ်ဒီနဲ့ အကြည့်ချင်းဆုံသွားတော့
ခေါင်းထဲပါကြိမ်းသွားကာ
နှုတ်ခမ်းလေးဖိ၍
“အဲ့ကြက်သားကဖဲ့ရခက်တယ်”
“သာသာလေးထိုးရင်တောင်ရတယ်လေ”
“လုယာက ငါးစားချင်တာ
ပြီးတော့ ဂဏန်းရော”
သင်တန်းမတက်ရမှာသိ၍
တမင် ဂျစ်တိုက်နေတဲ့ လုယာကို
သူအကဲခကမြညံ့၍ သိ၏။
ဟင်းဝိုင်းထဲမှာ ဂဏန်းပဲမပါတာကြောင့်
သူ ထမင်းဆက်မစားတော့ပဲ
ပါးစောင်းထဲလျှာထိုးကာ ဒေါ်ဒေဝီကို
လှမ်းခေါ်လိုက်သည်။
“သခင် အဒေါ်ရောက်ပါပြီ”
ပန်းကန်ဆေးစရာကျန်သေးတာတွေ
အပြီးသတ်နေတဲ့ ဒေါ်ဒေဝီ
သူ့ခေါ်သံကြားတယ်ဆို
လုပ်လက်စ အကုန်ပြစ်ထားခဲ့ပြီး
အပြေးတစ်ပိုင်း
ခင်ခင်ကလည်းနေမကောင်းတာကြောင့်
ဆေးတိုက်ပြီး အိပ်ခိုင်းထားခဲ့လေသည်မို့
အခုတော့ သူမတစ်ယောက်ထဲပါ။
“ဒယ်ဒီ”
သူ ဘာပြောမလည်းမသိပေမဲ့
ဒေါ်လေးကို တစ်ခုခုခိုင်းမှာလည်း
လုယာမလိုလား၍ သတိပေးသလို
ခေါ်လိုက်မိရာ မျက်ခုံးကြီးတစ်ချက်သာ
ပင့်ကြည့်ပြီး မထူး
“ရေခဲသေတ္တာထဲမှာ ဂဏန်းရှိတယ်မလား”
“ရှိပါတယ် သခင်”
“အင်း ချက်ပေးဗျ”
ဒေါ်ဒေဝီက နန်းတော်ထဲ
ပွဲကျင်ပသလို ပြည့်စုံနေတဲ့
ဟင်းပွဲတွေကို ကြည့်တော့
သိပ်တောင်လျော့သေး
မလုံမလဲသော မျက်ဝန်းလေးဆီ
ကြည့်မိသွားကာ
သဘောပေါက်လိုက်မိတာမို့
ဘာမှဆက်မမေးမိဘဲ
အရိုသေပေး၍ လှည့်ထွက်လာသည်။
လုယာ ဒေါ်လေးကျောပြင်ကို
ကြည့်ကာ ပါးစပ်တပြင်ပြင်ဖြင့်
သူ့ကိုလည်း ဘာမှမပြောလာသေး
သူ ပါးစောင်းထဲလျှာထိုး၍
မျက်ခုံးတန်းရှည်ကြီးပင့်ပြရင်း
မေးဆက်သည်။
“ဘာပြောမလို့ကလေး”
“မိုးချုပ်နေပြီ
ဒေါ်လေးလည်း နားချင်မှပေါ့
ခင်ခင်လည်းနေမကောင်းလို့
အိပ်နေပြီ အကုန်လုံး
ဒေါ်လေးတစ်ယောက်ထဲ
လုပ်နေရမှာ လူကြီးကို”
“ကလေးလုပ်တာမလား”
“မရှိဘူးထင်လို့ပြောလိုက်တာ”
“မရှိရင်တောင်ကိုယ် အခုနေ
ရအောင်လိုက်ဝယ်ပေးမိမယ်ထင်တယ်
ဘာလို့ဆို ဟိုရောက်ရင်
ကိုယ်မင်းကိုညတိုင်းစားမှာမို့လို့”
“ဟင်!!”
လုယာ နားမလည်နိုင်သလို
မျက်ဝန်းဖြားလေးနဲ့ သူ့ကိုကြည့်တော့
သူက နှုတ်ခမ်းလှုပ်ကာ ညစ်ထေ့ထေ့ကြီး
ပြုံးနေသည်။
ကြည့်လည်း မကြည့်တော့သလို
မျက်လွှာလေးချလိုက်ပြီးကာ
ရေခွက်လေးကိုလှမ်းယူသောက်လိုက်တော့
စားပွဲပေါ်လက်ချောင်းတွေတောက်နေရင်း
“ရေဆာနေတာလား”
“အဟွတ် အဟွတ်”
သီးသွားရ၏။ထိုအခါမှ သူမဘေး
သူရွေ့လျားထိုင်ကာ ကျောပြင်ကို
ပွတ်၏။
“အခု စားချင်တာ အဝစားနော်
ဟိုရောက်ရင်တော့ ကိုယ်အဝစားမယ်”
“ဒယ်ဒီ လုယာ ဗိုက်ဝပြီ”
“အဲ့လိုပြေးလို့ရလား ဟိတ်!”
ဗိုက်ဝပြီဆို ချက်ချင်းထွက်ကာ
သူမရဲ့သွက်လက်တဲ့ခြေလှမ်းလေးများဟာ
အပေါ်ထပ်ဆီ…
နောက်ကထပ်ကြပ်မခွာလိုက်ပြီးမှ
ဒေါ်ဒေဝီက ဘယ်လိုချက်တာ
ကြိုက်လည်း လာမေး၍ သူ့ခြေလှမ်းတွေ
နှေးချရုံသာ
“မချက်နဲ့တော့ ရပြီ
ကျွန်တော့်ကို ဆိုးနေတာလေ”
ပြောပြီး ရှေ့က လုယာလေးထံ
နောက်က သခင်ကပြေးလိုက်ရာ
ဒေါ်ဒေဝီ ပြုံး၍ ခေါင်းရမ်းမိသည်။
ဒီလောက်ချစ်တတ်တယ်ဆိုတာ
သူမအသိဆုံးပါ
သခင်ရဲ့အချစ်ထောက်ချောက်ထဲ
လုယာလေး ခြေပြစ်လက်ပြစ်
ကူရာမဲ့ပြုတ်ကျလာခဲ့ပြီဆိုတဲ့တိုင်း
သခင်က အချစ်ကြီးစွာ ဖမ်းထားတော့မှာ
သေချာသည်။
ကျီစားနေတဲ့မြင်ကွင်းက
ဒေါ်ဒေဝီအဖို့ ဝမ်းသာစရာ…
သခင်ရဲ့ မိဘတွေများသိရင်
ဘယ်လိုတုန့်ပြန်နိုင်မလည်း
ငယ်ငယ်ထဲကတော့ သားလေးကို
အဲ့မိန်းကလေးနဲ့ဆိုသဘောတူပါတယ်လို့
ထမင်းစားဝိုင်းမှာ ဒေါ်ဒေဝီ
သေချာကြားဖူးခဲ့တဲ့စကား
ဂျပန်ကိုသွားမယ်ဆိုတာ
အလုပ်ကိစ္စပဲလား
သခင်ရဲ့ မိဘတွေနဲ့ပါ
တွေ့မလို့ထင်သည်။
??????
လေယျာဉ်ကြီးက အကျယ်ကြီးဖြစ်ကာ
သူနဲ့ကိုယ်ရယ် လေယျာဉ်မောင်းတဲ့လူနှစ်ယောက်ရယ်
လေးယောက်သာရှိသည်။
ဒါပေမဲ့ လုယာနဲ့ သူ နှစ်ယောက်ထဲဖြစ်နေကာ
ရှေ့က လေယျာဉ်မောင်းသူတွေက
သူတို့အခန်းလို သီးသန့်ကြီးမလား
နောက်ကိုလည်းမမြင်ရပါ..။
ပြတင်းဝက မြင်နေရတဲ့ တိမ်ထူထူတွေ
မြန်ဆန်စွာရွေ့လျားနေသည်။
ဒါ လုယာ ပထမဆုံးလေယျာဉ်စီးဖူးတာ
မဟုတ်သော ကိုယ်ပိုင်လေယျာဉ်ဆိုတဲ့
ခံစားချက်ကြီးကတော့ပထမဆုံး
တကယ်ကို လေယျာဉ်ကြီးထဲ
ဘယ်သူ့မှ မမြင်ရ၍ စိတ်ထဲမှာလည်း
တစ်မျိုးကြီးပါ။
ဘေးကပ်ထိုင်နေတဲ့ သူက
လုယာမျက်နှာလေးကိုဆွဲယူတော့
မျက်ဝန်းလေးဝိုင်းကာ နှုတ်ခမ်းလေးစေ့ရင်း
“ဘာ ဘာလို့လည်းဟင်”
“ဟိုရောက်ရင် ကိုယ်မင်းကို
စားမှာနော် ကြိုပြောထားတယ်
နေ့ဘက်တော့ နွေးထွေးမှုတွေပေးမယ်
ညဘက်တော့ အချစ်တွေပြန်ပေးပေါ့”
နားထဲစူးခနဲ ကြက်သီးတွေဖြန်းခနဲ
ရင်ထဲလည်းဖျင်းခနဲဖြစ်သွားပြီးကာ
သူ့မျက်ဝန်းနက်တွေထဲက အကြည့်တွေ
လွှဲပြစ်မိတော့ နှာတံလေးကိုငုံပြစ်သည်။
“ဒယ်ဒီ”
“ဗျာ”
သတိပေးသလို ခေါ်လိုက်ပေမဲ့
အတည်ကြီးပြန်ထူးနေတော့
လုယာ သူ့အား စိတ်ရှိလက်ရှိ
တစ်ဘုန်းဘုန်းထုလိုက်ချင်သည်။
“လေယျာဉ်ပေါ်မှာနော်”
“အဲ့ထပ်ပိုလုပ်လို့ရတယ်
စမ်းကြည့်ချင်လား”
စကားမဆုံးသေး သူ့လက်ကြီးက
လုယာခါးပေါ်ခပ်ကြမ်းကြမ်း
ကိုင်လာ၍ ခါးခါးတူးတူး
ခေါင်းလေးခါ လက်လေးကိုဖယ်ရင်း
မျက်နှာလေးမှာရှုံ့၍
“ဟင့်အင်း ဟင့်အင်း ဒယ်ဒီ
လုယာ လုယာကြောက်တယ်”
“အဟွန်!ကိုယ်စတာ
ဟိုရောက်ရင်တော့ အတည်
ဗိုက်ဆာရင်ပြောနော်”
“ဟင်! ဟုတ် ဟုတ် မ မဆာသေးပါဘူး”
“အိပ်ပြီးလိုက်မလာ ကိုယ့်ပခုံးပေါ်အိပ်”
လုယာ ငြင်းရင် သူဖက်တာ နမ်းတာတွေ
မွန်းကြပ်ဦးမှာသိ၍ မငြင်းတော့ပဲ
ခေါင်းလေးစောင်းလိုက်တော့ သူမအတွက်
ပခုံးတစ်ဖက်က နွေးထွေးစွာကြိုဆိုနေလျက်
ကိုယ်သွားချင်လွန်းတဲ့ နိုင်ငံကို
အမြန်ဆုံးရောက်ချင်တဲ့စိတ်တွေ
သူ့စကားကြောင့် ပြောင်းပြန်ဖြစ်ကုန်သည်။
တကယ် ကြောက်စရာကောင်းတဲ့လူကြီး
လုယာတော့ ဘယ်လိုရင်ဆိုင်ရဦးမည်မသိတော့
မျက်ဝန်းလေးတွေမှိတ်ပြစ်လိုက်သည်။
??????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)