Daddy လူဆိုး - အပိုင်း 24
ကိုယ်ဝန်ရှိတယ်ဆိုတဲ့နေ့ကစပြီး
သူ သူမကို အရမ်းချုပ်ချယ်လာ၏။
ဟိုနေရာမသွားနဲ့ ဒီနေရာ မသွားနဲ့
နောက်ပြီး ဟိုဟာမစားနဲ့ ဒီဟာ
မစားနဲ့တဲ့ အရင်ကထပ်ပိုဆိုးလာသည်။
အခုလည်း ကြာဇံကြော်စပ်စပ်လေး
စားချင်တယ်ပြောလို့ စကားတွေ
အများကြီးပြောနေရ၍ လုယာ
နှုတ်ခမ်းလေးဆူချိတ်ပြစ်သည်။
“ဘယ်လောက်စပ်မှာမို့လို့”
သူပြောသမျှ နှုတ်ခမ်းလေးချွန်ကာ
ပြန်ပြောနေသော လုယာကို
အသည်းတွေယားလာသည်။
“ဘယ်လိုလေးတောင်
ပြန်ချွဲနေတာလည်း”
နှုတ်ခမ်းလေးဟ၍
မျက်ဝန်းလေးဝိုင်းပြီးပင်
ပြန်ကြည့်နေတော့
လက်ကောက်ဝတ်လေးကို
သူဆွဲကာ ထိုင်နေတဲ့
သူ့ပေါင်ပေါတင်လိုက်ရင်း
တင်ပါးလေးကိုတစ်ဖက်
ကျောပြင်လေးအားဖွဖွလေး
ကိုင်ထားရင်း သူမမျက်နှာလေးဆီ
ချစ်စနှိုးကြည့်ကာ ပြုံး၍
“ကိုယ်ဝန်မရှိခင်ထဲက
ဗိုက်အောင့်နေကြမဟုတ်ဘူးလား”
“နည်းနည်းပဲစားမယ်လို့ ဒယ်ဒီကလည်း”
ထိုကဲ့သို့ ချွဲလိုက်သည်ဖြင့်
ဘယ်လိုမှ မနေသာ မတင်းခံနိုင်တော့တဲ့
သူကတော့ သက်ပြင်းဖွ၍
သူမကိုအလျှော့ပေးလိုက်ရ၏။
“ဘယ်က သတ္တိတွေနဲ့
ကိုယ့်ကိုချွဲနေတာလည်း”
နှာခေါင်းလေးကိုတောက်လိုက်တော့
မျက်လွှာလေးချ၍ နှုတ်ခမ်းလေး
တွန့်ပြသည်။
“ကိုယ့်ကိုအသည်းယားအောင်
အရမ်းလုပ်နေပါလား အဟင်း
ကိုယ်ဝန်ကြီးအားကိုးနဲ့လုပ်နေတာ”
ထိုသို့သူကျီစားလိုက်ရင်း လည်တိုင်လေးအား
တိုးတိုက်နမ်းပြစ်ပြီး နှာခေါင်းလေးကို
မနာအောင်တောက်လိုက်ပြန်သည်။
သူ့ပေါင်ပေါ်က အကောင်သေးသေးလေးသာ
ရှိတဲ့ ခါးလေးကိုသိမ့်ခနဲဖက်လိုက်တော့
ရင်ဘတ်ချင်းထိလုမတတ်။
သူ့မျက်နှာလေးကို လုယာမော့ကြည့်နေရတဲ့
အနေအထားဖြစ်ကာ ရင်ဘတ်ချင်း
ပူးကပ်သွားမှာကြောက်၍
လက်လေးတစ်ဖက်က ကာရံထားသောသူမ
အကြောစိမ်းတွေနဲ့လက်ကြီးတစ်ဖက်က
တင်ပါးဆုံနားလေးဖွတင်ထားပြီး
လက်တစ်ဖက်က ကျောပြင်နဲ့ခါးလေးအား
ယှက်တိုက်ကာဖက်၍ သူ့မျက်နှာနား
မသိမသာတိုးနေသည်။
ခန္ဓာကိုယ်လေးတစ်ဖြေးဖြေးထိကပ်နေတော့
ရင်ဘတ်ပေါ်က လက်လေးတစ်ဖက်ကို
ဆွဲဖယ်လိုက်လို့ ပူးကပ်သွားတဲ့
ရင်ဘတ်လေးအား အတင်းပြန်ရို့တော့
ကျောပြင်ကို ဖိကပ်ထားတဲ့
သန်မာပြီး မလွှတ်ပေးသော သူ့လက်တွေကြောင့်
လုယာရည်ရွယ်ချက်လေး မလွတ်မြောက်ခဲ့
မေးကို လက်လေးနဲ့မော့လိုက်တော့
နှုတ်ခမ်းဖူးလေးပွင့်ဟကာ မျက်ဝန်း
အဝိုင်းသားလေးကြည့်နေတဲ့ လုယာကို
ခပ်ညှို့ညှို့ပြန်စိုက်ကြည့်၍
အခုထိဘာမှ ပြန်ဖြေမလာသေးတာကြောင့်
ဖူးပွင့်နေတဲ့နှုတ်ခမ်းလေးဆီ
ဖြေးညှင်းစွာတိုးကပ်နေတဲ့သူ့ကို
လုယာမရှောင်လည်းမရှောင်နိုင်မိ
ပူခနဲ နွေးသွားမှ မျက်ဝန်းလေးကျယ်ကာ
အထိတ်တလန့်ဖြင့် သူ့ရင်ဘတ်က
အင်္ကျီစကို ဆုပ်ကိုင်ထားမိသည်။
“ကိုယ့်ကို အခုချစ်မိပြီလား”
နှုတ်ခမ်းလေးကို ညှင်သာစွာနမ်းလိုက်ပြီး
နှစ်ကိုယ်ကြားလေသံလောက် မေးလိုက်လို့
ပြာယာခက်သွားသော မျက်နှာသွယ်လေးအား
မလွှဲသေးမှီ သူ့လက်နဲ့ထိန်းကိုင်လိုက်ကာ
ပါးအိအိလေးကိုမနာအောင်ညှစ်လိုက်တော့
ဆူထွက်လာတဲ့နှုတ်ခမ်းလုံးလေးအား
စုပ်ယူနမ်းရှိုက်ပြစ်လိုက်၏။
“ချိုလိုက်တာ
ကိုယ်အချိုမကြိုက်တဲ့လူတောင်
မင်းနှုတ်ခမ်းလေးကို
စွဲလမ်းမိပြီ”
ပြောပြီးထပ်၍ မော့နမ်းလို့
သူ့ရင်ဘတ်ပေါ်အတင်းတွန်းထုတ်လာတဲ့
လက်ချောင်းလှလှလေး
သူလက်ကောက်ဝတ်ကို မဖယ်ပဲ
ကိုင်ထားသည်။
“ကိုယ်မင်းကိုသာ မရလိုက်ရင်
အခုဆို သေချာရပ်တည်နိုင်ပါ့မလားမသိဘူး”
သူ့စကားကြောင့် ဟင် ခနဲ
ခေါင်းလေးငုံ့ကာ ပြီးမှ
တစ်ခုခုကိုသတိရသွားသည့်အတိုင်း
မျက်ဝန်းလေးတွေဝိုင်းသထက်
ဝိုင်းကျယ်လာသည်။
ပြီးတော့ စူးရှပြီးဆွဲငင်နေတဲ့
မျက်ဝန်းနက်တွေဆီ မျက်တောင်ဖြာလေးတွေနဲ့
ဝိုင်းစက်စွာကြည့်ကာ
“ဂျပန်မှာပြောတာ
မြန်မာပြည်ရောက်ရင်
ပြစရာရှိတယ်ဆို”
“အာ”
သူပြင်ဆင်ထားပေမဲ့ သူမကလေးလေးမွေးလာတဲ့
နေ့မှသာ ပြချင်စိတ်တွေပြည့်နေတာကြောင့်မို့
မသိမသလိုသာနေလိုက်တာ ဒီလိုနေရာကျတော့
ဉာဏ်ကောင်းနေလိုက်တဲ့ကလေး
စကားလုံးတွေပျောက်ရှနေသလို
ဘာမှ မပြောသေး၍ သူ့အား
နှုတ်ခမ်းလေးဆူပြနေ၏။
“ပြမှာပေါ့ ဒါပေမဲ့
ကိုယ်တို့ရင်သွေးလေးရတဲ့အခါ
အသေးစိတ်ပြောပြမယ်”
ထိုသော့ခက်ထားတဲ့ အခန်းဘက်
မသိမသာတစ်ချက်ကြည့်လိုက်ပြီး
သူမလက်လေးကိုကိုင်ကာ
လက်ခုံမို့မို့ဖောင်းဖောင်းလေးအား
ကြင်နာစွာဖိနမ်းလိုက်သည်။
“ကိုယ်မင်းကိုချစ်တယ်”
“ဟင်!”
လုယာရင်ထဲ နစ်မျောသွားရသလို
အတွေးတွေနဲ့ ရင်ခုန်သံတွေဟာ
မတိတ်ဆိတ်နိုင်
“ကိုယ်မင်းကို သိပ်ချစ်တယ်”
တိတ်ဆိတ်တဲ့ ဝန်းကျင်ထဲ
သူ့ရဲ့ဒုတိယတစ်ကြိမ်
ချစ်တယ်ဆိုတဲ့ စကားကြောင့်
မျက်နှာလေးရဲလာ၏။
မေးလေးကို ပြန်ဆွဲမော့လိုက်တော့
ရှက်ကိုးရှက်ကန်းမျက်ဝန်းဖြားလေးနဲ့
နှုတ်ခန်းလေးဖိညှစ်၏။
“ကိုယ်မင်းကိုနမ်းလို့မဝဘူးဆိုတာ
ဝန်ခံတယ် အမြဲတမ်းနမ်းနေရင်
မင်းနှုတ်ခမ်းတွေကိုအားနာရတော့မယ်”
“ကိုယ်ဝန်ရသွားတာမြန်လို့
မဟုတ်ရင် မင်းရဲ့ အဟွန်”
“အာ ဒယ် ဒယ်ဒီကလည်း”
သိသိသာသာလေး လှုပ်ရှားလာ၍
သူ တစ်ဟင်းဟင်းရယ်ကာ
“အစပ်စားချင်ရင်
ကိုယ့်ကို တစ်လုတ်အနမ်းတစ်ပွင့်ပေးရမယ်
ပြီးတော့ကိုယ်ခွံ့မှာနော်”
“အာ လူလည်ကြီးပါဆို”
သူ့လက်တွေကိုပါ တွန်းဖယ်ရင်းနဲ့မှ
လုယာမျက်နှာလေးလည်းရှုံ့၏။
“ဟုတ်ပါ့ဗျာ ကိုယ်က ချစ်လွန်းတော့
လူလည်ကြီးလည်းဖြစ်တတ်ပြီ”
နှုတ်ခမ်းလေးဖိညှစ်ပြီး
မျက်ခုံးလေးတွေ ခြစ်ကုပ်ထားသော
မျက်နှာလေးက သူ့ရင်ထဲ
တော်ဝင်ပန်းချီကားတစ်ချပ်လို
တံဆိပ်ရိုက်နှပ်ထားပြီးသား
တစ်ရေးနှိုး ပန်းချီထဆွဲရင်တောင်
အလွတ်ရနေနိုင်တာမျိုး
“ဒယ်ဒီ ဝယ်ကျွေးတော့”
“အင်း ကိုယ်ဒီလောက်အဝနမ်းပြီးပြီ
ကျွေးသင့်ပြီမလား ဒီညတော့
မင်းကိုယ့်ကို ပြန်ကျွေးပေါ့”
“ဟာ ဒယ် ဒယ်ဒီ လု လုယာ
ကိုယ် ကိုယ်ဝန်ရှိနေတာ မေ့နေတာလား”
စိုးရိမ်ပြူပြာသွားပြီး တောင့်တောင့်လေး
ငြင်းဆန်နေတော့ မေးလေးကိုမနာအောင်
ဆွဲညှစ်ပြီးမှ
“ကိုယ်ဝန်နုတဲ့အချိန်
ဆက်ဆံလို့ရပါတယ်”
“အာ ဒယ် ဒယ်ဒီကလည်း
ဘာတွေပြောနေတာလည်းမသိဘူး”
“ဟော ကိုယ်ကဖြစ်နိုင်တာကို
ပြောတာလေ ဒါပေမဲ့
မလုပ်ပါဘူး ဒီကိုးလလောက်တော့
အလွတ်ပေးရမှာပေါ့ အဟင်”
“သွားမယ်လေ”
“ခွဲမွေးခိုင်းမှာ ခုနှစ်လနဲ့”
“ဘယ်လိုဖြစ်နေတာလည်းလို့”
ပေါင်ပေါ်က ကောင်မလေးကို
သူပွေ့၍ ထရပ်ကာ ဟားခနဲ
ရယ်လေသည်။
သူ့ရင်ခွင်အောက်ကနေ လုယာ
အခိုးငွေ့လေးဖြစ်ချင်လိုက်တာဆိုတာ
ဟားတိုက်ရယ်နိုင်တဲ့ လူကြီးကိုလည်း
ရိုက်ပြစ်ချင်လိုက်တာဆိုတာ
“ချစ်လို့ဆိုးနေတာ ဒီလူကြီးက”
ရယ်သံတွေနဲ့အတူ သူမလေးကို သူပွေ့ချီလာခဲ့တာ
ခြံထဲကားရှိရာဆီသို့…
ငြိမ်သက်စွာ လိုက်ပါလာတဲ့ မျက်နှာလေးက
နှင်းဆီခင်းကြီးအလား
သူချစ်လွန်းလို့ ရူးရပါတော့မည်။
?????????
ဆံပင်ဆိုင်က မှန်ထဲတွင်
အဝါရောင်တောက်တောက်နဲ့
ဖြောင့်စင်းနေသော ဆံနွယ်တွေနဲ့
ဖူးသွယ်တဲ့မျက်နှာလေးဟာ
တင်းမာထားပေမဲ့ ချစ်စရာကောင်းနေသည်။
ပိုက်ဆံရှင်းပြီးဆိုင်ထဲက
ထွက်လာသည်။သူမ အပြင်ရောက်တယ်ဆို
ဆံနွယ်တွေကို လေညှင်းများက
ဝဲခါလို့သွားသည်။
ဆံနွယ်တွေအား ကျောပြင်နောက်ပို့လိုက်ပြီး
လက်မှာချိတ်ထားတဲ့ပိုက်ဆံအိတ်ထဲက
အနီရောင်ဖုန်းကိုထုတ်လိုက်သည်။
နှုတ်ခမ်းဖူးဖူးတွေ မာကျောစွာ
မဲ့ထေ့ထားလျက်
“အကို ဖူးဖူးပြောထားတဲ့ကိစ္စ
အဆင်ပြေတယ်ဆိုရင်
အကောင်ထည်ဖော်လိုက်ပါတော့”
နှစ်လကျော်ကျော် စောင့်ဆိုင်းလာပြီးပြီ
ဖူးဖူး ဘယ်လောက်ကြာကြာ
ထပ်စောင့်ရမည်မသိသလို
မရှည်ချင်တဲ့စိတ်တွေနဲ့ သက်ပြင်းချရလွန်းလို့
အသက်တိုရတော့မလား
ကိုယ်ဝန်တောင်ရှိနေပြီဆိုတဲ့
သတင်းဟာ ဖူးဖူးရင်ထဲကို
စောက်နဲ့ထွင်းနေသလို
တစ်မျှင်းမျှင်းတစ်ဖျင်းဖျင်းနဲ့
တစ်စစ်စစ်နာကျင်နေရသည်။
ဆွေ့မြေ့မှုတွေအပြင်
နာကျင်မှုတွေဟာ လောကဓံကြီး
လှောင်ပြောင်နေတဲ့
ဟားတိုက်မှုတစ်ခုလို
ကြေးလုယာဆိုတဲ့ မိန်းမကို ဖူးဖူး
မုန်းသည်။ဒါပေမဲ့ ဖူးဖူးကိုမရွေးချယ်ပဲ
အဲ့ကောင်မကိုဖြစ်သည်းနေတဲ့
ကိုကို့ကိုပိုမုန်းမိသည်။
ဒါကြောင့် ရင်နင့်စွာ
ဆုံးဖြတ်ချက်တစ်ခုနဲ့အတူတူ
ကိုကို ရှင်နောင်တရစေရမယ်…
ဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်ကာ
လှပတဲ့ ဒေါက်ဖိနပ်လေးနဲ့
မာန်ပါသောခြေလှမ်းတွေဟာ
ပေတရာလမ်းကြီးပေါ်
ပြင်းထန်စွာ…
ရင်ထဲက ဆူးတွေ ဒဏ်တွေနဲ့
နာကျင်မှုတိုင်းဟာ ကိုကိုဆိုတဲ့
သူမသိပ်ချစ်ခဲ့ရပါသော
လူကြောင့်ဖြစ်တည်နေ၍
သူမ မရနိုင်သလို
မည်သူနဲ့မှ ပေါင်းဖက်
ပျော်ရွှင်ခွင့်မပြုနိုင်တဲ့
ရတိပြတ်ဆုံးဖြတ်ချက်ကို
အနက်ရှိုင်းဆုံးနေရာတစ်ခုကနေ
ဆုံးဖြတ်ထားသည်။
နင့်ကလေးကို ဆုံးရှုံးစေရမယ်ကြေးလုယာ
အချစ်ကြီးရင် အမြတ်ကြီးတယ်ဆိုတဲ့စကားက
အလကားရှိနေတာမှမဟုတ်ဘဲ…
?????????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)