Daddy လူဆိုး - အပိုင်း 25
![](https://novel.theatre18.me/wp-content/uploads/2023/11/354459950_974149837337428_2705567780275480587_n.jpg)
ပြတင်းဝက တိုးဝင်လာတဲ့
လေညှင်းဖြားလေးတွေကို
သူမလေးအားနွေးနေအောင်
ဖက်၍ အတူတူခံစားရင်း
ကောင်းကင်ကြီးကိုမော့ကြည့်သည်။
သူမ သူပိုက်ဖက်ထားတဲ့
လည်တိုင်နားက သူ့လက်ကို
ပြန်ကိုင်ရင်း
ဘေးစောင်းလေးလှည့်လာတော့
ဖူးပြည့်တဲ့နှုတ်ခမ်းလေးကို
ငေးမောရင်း သူပြုံးမိသည်။
“ဘာလို့လည်း”
ငြိမ်သက်နေပြီးမှ ဘာကိုရည်ညွှန်းမှန်းမသိတဲ့
သူ့ရဲ မေးခွန်းကြောင့် လုယာ
နှုတ်ခမ်းလေးတွေပွင့်ဟကုန်သည်။
ခေါင်းလေးငုံ့၍ မျက်ဝန်းလေးထောင့်ကပ်ကာ
“ဘာကိုလည်း”
ပြန်မေးတော့ ဂုတ်ပိုးလေးကို
နမ်းကာ ပခုံးလေးတွေကနေ
သူ့ဘက်ဆွဲလှည့်သည်။
“ကိုယ့်လက်ထဲက ထွက်ပြေးဖို့
မကြိုးစားတော့တာ ဘာလို့လည်းလို့”
အခုမှ မေးခွန်းလေးပြည့်စုံစွာ
မေးလာတော့ လုယာ ရင်ထဲ
ကဗျာဆန်စွာ စည်းချက်မည်လာတဲ့
ရင်ခုန်သံတွေဟာ ထိန်းချုပ်ရခက်လာပြီး
မျက်နှာလေးအထိ အရောင်တွေ
တက်လာသည်။
မျက်နှာချင်းဆိုင်နေတဲ့
အနေအထားနဲ့ မျက်ဝန်းနှစ်စုံဟာ
အချိန်ကြာ အကြည့်ဆုံနေကြပြီးမှ
လုယာအရင်မျက်လွှာလေးခိုးချပြစ်သည်။
“ဘာလို့အဲ့လိုကြီးမေးတာလည်း”
ရှက်ရိပ်လေးတွဲခိုသွားတော့
မျက်ဝန်းလေးလွှဲတတ်သည့် လုယာ
မေးလေးကို ညှင်သာစွာ ပြန်ဆွဲမော့ပြီး
“ခုန ခြံတံလည်းဖွင့်ထားတယ်
ကိုယ်ကလည်းအိမ်ထဲမှာ
ခြံထဲမှာ ဘယ်သူမှ မရှိဘူး
ပြေးချင်ရင် လွတ်နေပြီ”
“ဒါပေမဲ့နှလုံးသားနဲ့
ချည်ထားတဲ့ကြိုးက
မလွတ်မြောက်နိုင်လောက်အောင်
ခိုင်နေပုံရတယ်”
“အဟား စကားတွေတက်လာပြီ”
“ဒယ်ဒီအနားနေလို့ထင်တယ်”
အရင်က သူနဲ့ ဒီလို စကားပြောဖို့နေနေသာသာ
အနားတောင်သေချာကပ်ရဲတာမဟုတ်
အခု သူဖက်ရင်တောင် ပြုံးပြတတ်ပြီ
သူနမ်းရင်တောင် မျက်လုံးလေး
မှိတ်ပေးတတ်နေပြီတဲ့…
“ကိုယ် မင်းကို ကုမ္ပဏီခေါ်သွားမယ်
အင်း ပြန်ရောက်ရင် ညနေစောင်း
မိုးချုပ်ပြီဆိုတော့ ကလေးမမွေးခင်ပဲ
မင်းအရမ်းသိချင်တဲ့အရာကို
ပြဖို့ကိုယ်တွေးထားတယ်”
“ဟုတ်လို့လား”
မယုံရဲသလို နှာခေါင်းလေးရှုံ့ပြီး
မေးလေလာတော့ သူက ထုံးစံအတိုင်း
လုယာနှာခေါင်းလေးအား မနာအောင်
တောက်၏။
“ဒါပေါ့ လုယာလေးက
သိချက်လို့ နေ့တိုင်းချွဲနေတာမလား”
“အို ဟွန့်!”
ဟုတ်နေတာမို့ ပြန်ဖြေစရာ စကားရှာမရတော့
ရှက်ရှက်နဲ့ သူ့ရင်ဘတ်ကိုရိုက်လိုက်မိ၏။
လက်လေးကိုဖမ်းထားပြီး မေးလေးကို
ဆွဲမော့၍ နှုတ်ခမ်းဖူးလေးဆီ အနမ်းဓားပြ
တိုက်ဖို့ကြိုးစားနေတုန်း
“သခင်လေး ဟင် ဟို
အဲ့တာ ခင်ခင့်ဘာသာပြန်ပြောလိုက်မယ်”
သွက်လက်စွာဝင်လာတဲ့
ခင်ခင် မြင်လိုက်ရတဲ့
ကြည်နူးစရာမြင်ကွင်းကြောင့်
ရှေ့ဆက်တိုးရမလား
နောက်ပြန်ဆုတ်ရမလား
ဝေခွဲမရတော့ပဲ
မျက်နှာလေးကိုအုပ်၍
တရစပ်ပြောဆိုကာ
ပြန်လှည့်ပြေး၏။
ပါးစပ်ထဲရောက်ခါနီးမှ
ပြုတ်ကျသွားတဲ့မုန့်လို
သူ့မျက်နှာကြီးလည်း
မှုန်သွားရသည်။
လုယာလည်း လည်ပင်းလေးကို
ကုပ်မိကာ သူ့ဘေးကနေ
ထွက်ပြေးသွ၏။
ပြတင်းဝကနေ လှုပ်ခက်သွားသော
လိပ်ပြာငယ်လေးဟာ သူ့ကိုတစ်ကူးတက
လာလှောင်နေသည့်အတိုင်း…
နံရံကိုတစ်ချက်ရိုက်ပြီး
မရိုးမရွသော စိတ်နဲ့
ခင်ခင့်ကို မေတ္တာပို့မိတော့သည်။
တကယ့် သာသနာ့ဖျက်ကောင်
ဟိုတစ်နေ့ကလည်း လုယာ သူ့ကို
နမ်းတော့မဲ့အချိန် သခင်ကြက်ပြုတ်ရည်
ရပြီဆိုပြီး တကူးတကကိုအပြင်လာပြောသေးသည်။
ခင်ခင် ခင်ခင်
.·´¯`?¯`·. .·´¯`?¯`·. .·´¯`?¯`·.
ပင်လယ်ပြင်ကြီးထဲ ဝိုင်းစက်စက်
လမင်းကြီးဟာ ရေပြင်မငြိမ်သက်မှုတွေနဲ့
ရှိနေပြီး တိမ်ယံတွေဟာ မြူဆိုင်းနေသည်။
ကျောက်တုံးကျောက်စိုင်းကြီးတွေနဲ့
အပြာရောင်ရေပြင်ကြီးကို
လှမ်း၍ငေးမောနေတဲ့ လူတစ်ယောက်ရှိပြီး
ထိုလူရဲ့ဘေးနားမှာတော့ အဖြူရောင်
ယုန်လေးနဲ့ တယော်တစ်လက်လည်းရှိသည်။
ပြီးတော့ အပင်တွေဝန်းရံထားကာ
လူသူကင်းမဲ့တဲ့နေရာမျိုးဖြစ်၍
မြင်လိုက်ရရုံ နူးညံ့အေးချမ်းသွားစေသည်။
“သဘောကျလား”
လက်ထဲလာပေးတဲ့ တစ်ပေပတ်လည်
ပန်းချီကားချပ်ကို လုယာ အတန်ကြာ
စိုက်ကြည့်နေတဲ့အထိ သတိလွတ်နေခဲ့သည်။
နှုတ်ခမ်းလှုပ်ပြုံး၍ မျက်ခုံးကြီး
ပင့်မေးတော့မှ လုယာနှုတ်ခမ်းလေးစုကာ
ပြုံးလိုက်ပြီး ဒုတိယတစ်ကြိမ်
ပန်းချီကားချပ်ကိုအကျဉ်းချုံးပြန်ကြည့်လိုက်သေး၏
“ကိုယ့်ကလေးသဘောကျမယ်ထင်လို့”
“အဟီး လှတယ် လုယာသဘောကျတယ်”
ချိုသာတဲ့အပြုံးလေးတွေနဲ့ လုယာ
သူ့ကို မျက်ဝန်းလေးဝိုင်းကာ
ကြည့်ပြီး ပန်းချီကားချပ်ကို
ရင်ဝယ်ပိုက်လိုက်သည်။
သူမပခုံးလေးကိုဖက်ကာ ကုမ္ပဏီထဲက
ထွက်လာတုန်း ဖိုင်တွေထပ်ကိုင်ထားပြီး
တစ်ဖက်သို့စကားလှမ်းပြောကာ
လျှောက်လာနေသော သူ့မန်နေဂျာက
လုယာပခုံးစွန်းလေးအား ခပ်ပြင်းပြင်း
ဝင်တိုက်မိသွားကာ သူထိန်းကိုင်လိုက်၍
လုယာလဲကျမသွားပေမဲ့ အနည်းငယ်တော့
နာကျင်သွားသည်။
ဖိုင်တွေအားလုံးပြုတ်ကျမှာကို
အမြန်ထိန်းလိုက်တော့ အပေါ်က
နှစ်ဖိုင်လောက်သာ ပြုတ်ကျသည်။
ပြုတ်ကျကိုလည်းမကောက်နိုင်သေး
အကြည့်စူးစူးတွေအောက် ခေါင်းအုံ့ခံ
တောင်းပန်တာတောင် သူစိတ်မပြေနိုင်
“မတော်တဆဖြစ်တာပဲ
ဦးလေးရယ်ရပါတယ်
လုယာလည်း အရမ်းနာတာမှမဟုတ်တာ”
မာထန်ပြီး အံကြီးကြိတ်၍ ကြည့်နေတဲ့
သူ့အကြည့်တွေက မပြေနိုင်သော
ဒေါသတွေပြင်းထန်ကြောင်း
သိသာနေ၍ လုယာမှ ဝင်မပြောရင်
ထိုလူလည်းအလုပ်ဆက်လုပ်ရကိန်းမမြင်
“ဟုတ် မမလေး”
“နောက်ဆို ဂရုစိုက်လုပ်”
“ဟုတ်ကဲ့ ဥဣဌ ကျွန်တော်
သတိထားပါ့မယ်”
သူမလေးကိုဖက်ထားလျက်သား
ဝင်တိုက်ခံလိုက်ရတဲ့ ပခုံးစွန်းလေးကို
မသိမသာလေးပွတ်ပေးရင်း
ပြင်းထန်သော အကြည့်တွေနဲ့
လျှောက်လှမ်းလာကာ
လုယာလည်း ဝင်တိုက်လိုက်ထဲက
ပြုတ်ကျသွားမှာစိုးလို့ သူပေးထားသော
ပန်းချီကားလေးအားခပ်တင်းတင်း
ပိုက်ထားလျက်သား ဘာမှလည်း
မပြောမိတော့ပေ။
“ဟို အဲ့လိုကြီး အမြဲစိတ်တိုမနေပါနဲ့
အဲ့တာ ဒယ်ဒီ့ရဲ့ အလုပ်သမားတွေပဲ
မလား”
“ဟုတ်ပေမဲ့
ကိုယ့်ကိုတိုက်ရင်တစ်မျိုးလေ
ကိုယ့်ကလေးက ကိုယ်ဝန်နဲ့ကွာ”
ကားနံနားရောက်တော့ တံခါးဖွင့်ပေးပေမဲ့
မထိုင်မိသေး လုယာ သူ့အားမျက်နှာပါးလေးနဲ့
ပြောနေတော့ စောစောကလို ကြမ်းကြုတ်နေတဲ့
အေးစက်စက်မျက်နှာရဲရဲက အခုတော့
မျက်ခုံးတန်းတွေပါပြေကျလို့
ပြောနေတဲ့အသံဟာလည်း ပျော့ပြောင်းနေကာ
ခုနကတော့ ကျားဟိန်းလိုက်တဲ့အတိုင်း
လုယာဖြင့် လူနှစ်ယောက်ကို မြင်နေရသလိုပါပဲလား
“ဟွန့် ပိုနေပြီ အဲ့ကိုယ်ဝန်ကိုပဲပြောလို့မပြီးဘူး”
နှာခေါင်းလေးရှုံ့ပြီး မျက်စောင်းလှလှလေး
သူ့ဆီဝဲလာတော့ ပါးအိအိလေးနှစ်ဖက်ကို
မနာအောင်ဆွဲလိမ်လိုက်သည်။
လေပြေလေးအေးတွေနဲ့အတူတူ
အပြုံးတွေသာ အေးချမ်းနေတုန်း
ရုတ်ရုတ်သဲသဲလူတစ်စုဟာ
လေပြင်းကြီးလို အသံတွေစူးနင့်စွာ
ထွက်ပေါ်နေတဲ့ ထိုနေရာကြီးဆီ
သခင်လှည့်ကြည့်လိုက်တော့
လူတစ်စုကြားထဲ ရန်ဖြစ်နေကြသည်။
မျက်မှောင်ကြီးလည်း ကျုံ့လိုက်မိကာ
သူ့ရဲ့အသိစိတ်တွေရော မသိစိတ်တွေထဲ
လေးနက်လာတာနဲ့အမျှ
စိုးရိမ်စိတ်တွေဖြာခနဲ လုယာလေးဆီ
သူမ မျက်ဝန်းလေးဝိုင်းကာ
လန့်ဖျန့်နေတဲ့ မျက်နှာရိပ်လေးနဲ့
သူ့ကိုကြည့်လိုက် အုပ်အုပ်သဲသဲ
နေရာကြီးဆီကြည့်လိုက်ဖြစ်နေလို့
ကားထဲထိုင်လိုက်စေသည်။
ကိုယ်နဲ့မဆိုင်တာကြောင့်
ထိုနေရာကြီးကနေ ထွက်သွားဖို့
ဟန်ပြင်၍ မောင်းသူနေရာဆီ
သူလျှောက်လာတုန်း ရုတ်သဲနေတဲ့
နေရာတစ်ခုထဲ အုပ်အုပ်သဲသဲ
လူတွေကြားထဲက စူးနင့်စွာ
အော်သံပါအော်လိုက်တဲ့
ကလေးတစ်ယောက်ရဲ့အသံ
ကားတံခါးဖွင့်ခါနီးမှ သူ့လက်တွေ
ရပ်လိုက်မိသလို အထဲဝင်မထိုသေးတဲ့သူ့အား
စိုးရိမ်ပြီးမော့ကြည့်နေတဲ့လုယာ
“ဒယ်ဒီ”
“ကလေး အထဲမှာပဲနေ ကားလား”
စိုးရိမ်စွာဖြင့် သေချာငုံ့ကြည့်၍ပြောပြီး
ထိုစုဝေးရာ တိုက်ခိုက်ရာ
နေရာဆီ ခြေလှမ်းတွေမြန်ဆန်စွာ…
“ဟင် ဒယ်ဒီကလည်း ဒယ်ဒီ”
နောက်ကိုလှည့်ကြည့်ပြီးပြောပေမဲ့
ယောက်ယက်ခက်နေကြတဲ့
နေရာဆီ သူရောက်လို့သွားပြီး
မြေပြင်ပေါ် သွေးတွေနဲ့
လဲနေသောက ကလေးလေးကို
ချီလိုက်သည်။
လေပြင်းမုန်တိုင်းကြီးလို
ကြမ်းတမ်းစွာ အဖျားခက်လာသော
လေညှင်းတွေနဲ့အတူ
စူးနင့်နေတဲ့ အော်သံတွေကြားထဲက
သူထွက်လာတုန်း
နောက်ကနေတစ်စုံတစ်ယောက်က
ကျောပြင်အနားကပ်ပြီး
သိုဝှက်စွာကိုင်ထားတဲ့ ဓားနဲ့
သူ့ရဲ့ခါးထဲ တစ်ဆုံးထိုးထည့်လိုက်သည်။
သခင် စစ်ခနဲနာကျင်သွားပေမဲ့
ကားထဲက မျက်ဝန်းဝိုင်းလေးတွေကြောင့်
အံကြိတ်ထားလိုက်တော့ ဓားကိုထုတ်ပြီး
ထပ်ထိုးထည့်သည်။
ဝတ်ရုံအမည်းကြီးနဲ့ လူက
ဓားကိုပြန်ဆွဲထုတ်ပြီး
သူတို့ကြိုတင်စည်းလုံးထားတဲ့
နေရာဘက် ခေါင်းတစ်ချက်ငြိမ့်၍
မျက်ဆပြစ်သည်။
သခင် ချွေးတွေပါနင့်လာ၏။
နောက်ကိုလည်းသူလှည့်မကြည့်နိုင်သလို
လက်ထဲက ကလေးကိုလည်း
မချမိ။
သူ့ရှေ့က မိန်းကလေးကိုသာ
ဘာမှ မဖြစ်သလိုဟန်ဆောင်ပြုံးကြည့်နေပမဲ့
သူ့နောက်က တစ်စုံတစ်ယောက်ကို
ကြောင်ကြည့်ရင်းသတိကပ်လာတော့
ကားထဲကထွက်ဖို့ပြင်နေတဲ့လုယာ
သူခေါင်းရမ်းရင်း ရှေ့သို့လျှောက်လာတုန်း
ကလေးပိုင်ရှင်လူကြီးတစ်ယောက်
သူ့လက်ထဲကကလေးကို မျက်ရည်တွေနဲ့
အတင်းပြန်ယူကာ ကျေးဇူးတင်ကြောင်း
ခပ်လောလောပြော၍ လှည့်ထွက်သွားသည်။
“မလာနဲ့”
လုပ်ကြံမှုဆိုရင်တောင်
အပြစ်မရှိတဲ့ ကလေးလေးကို
ဓားစာခံမလုပ်သင့်ဘူးမလား
ကားတံခါးဖွင့်နေတုန်း
လုယာရှေ့ လူတစ်ယောက်
လာပိတ်ရပ်သည်။
မျက်ဝန်းလေးဝိုင်း၍ ပြူးကြည့်မိတုန်း
လက်ကိုင်ပဝါတစ်ခု
လုယာမျက်နှာပေါ်ရောက်လာပြီး
အရာအားလုံးတစ်ခနအတွင်းမှာပင်
မှောင်မိုက်သွားခဲ့သည်။
သူ့ခြေလှမ်းတွေ ရှုပ်ရှက်ခက်နေတဲ့
လူတွေကြားထဲက လုယာကိုပွေ့သွားသော
ဝတ်ရုံအမည်းနဲ့လူဆီ လှမ်းပေမဲ့
နောက်ကနေ ဇက်ပိုးကိုခပ်ကြမ်းကြမ်း
ရိုက်ချက်ကြောင့် မြေပြင်ပေါ်
ပြစ်စလက်ခက်ပြုတ်ကျသွားခဲ့ရကာ
လေးဖင့်နေတဲ့မျက်ဝန်းတစ်စုံ
ပျော့ယုတ်တဲ့ခန္ဓာကိုယ်လေးပါသွားသော
သူ့ရဲ့အချစ်ဆီကြည့်နေရင်း
တစ်ဖြေးဖြေးမှိတ်သွားခဲ့ရကာ
ရဲကားသံကြီးကိုနောက်ဆုံးကြားလိုက်ရပြီး
မှောင်မိုက်သောနယ်နမိတ်ဆီ
ခြေပြစ်လက်ပြစ်ပြစ်ဝင်သွားခဲ့ရလေသည်။
“လူနာကို ဆေးရုံအမြန်ပို့ရမယ်
လုပ်ကြံမှုနောက်ကို
အမြန်စုံစမ်းလိုက်သွားကြပါ”
ကြယ်ပွင့်တွေလက်နေသော
ဒုရဲကြီးရဲ့ စကားလုံးတွေအား
လက်ထောက်တွေ နာခံလျက်
သွေးတွေနဲ့ ခန္ဓာကိုယ်ကို
မနှောင့်မဆိုင်းသူတို့ကားပေါ်တင်ကာ
မြင့်မားတဲ့ဆေးရုံကြီးဆီသို့…
တစ်လမ်းလုံးနှုတ်ခမ်းဖြူဖြူ
တွေလှုပ်လဲ့ကာ မျက်ဝန်းတွေပွင့်မလာပေမဲ့
“လုယာ လုယာ”
နှုတ်ခမ်းထူထူတွေဆီက
ခပ်တိုးတိုးနာမ်စားကြောင့်
မျက်ဝန်းထောင့်က
မျက်ရည်ကြည်တွေစီးကျနေသော
သူဟာ သတိမရှိပါ။
.·´¯`?¯`·. .·´¯`?¯`·. .·´¯`?¯`·.
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)