Daddy လူဆိုး - အပိုင်း 27
ရေခွက်သေးလေးကိုင်ကာ
တဘတ်တစ်ထည်ကို ကိုင်လာတဲ့
ရေခွက်ထဲနှစ်ထည့်ပြီး
ကုတင်ပေါ်ခြေစင်း၍ ကျောမှီထိုင်နေတဲ့
သူ့ဆီ လုယာလျှောက်လာသည်။
လက်ကပတ်တီးဖွေးလေးတွေပေါ်
ရေအနည်းငယ်စိုကပ်နေသေး၍
သူ့အကြည့်တွေနဲ့အတူ စိုးရိမ်စိတ်များ
ဖြာ၍ ရှူရှူရှာရှာလေးမတ်လိုက်တော့
ကျောပါအောင့်ပြီး ခါးကစစ်ခနဲ
ဟန်ဆောင်မရတဲ့ နာကျင်မှုက
မျက်နှာချောချောကိုပါ
မဲ့စေသည်။
“ကိုယ့်စကားနားမထောင်တော့ဘူးလား
ငြိမ်ငြိမ်ထိုင်နေပါဆိုကွာ”
ဖျော့ရော့နေတဲ့ မျက်နှာဆီ
လုယာ နှုတ်ခမ်းလေးဆူကြည့်ကာ
ကုတင်ပေါ် သူ့ဘေးတင်ပါးလေးလွှဲထိုင်ရင်း
လက်ထဲကရေခွက်ကို စားပွဲပေါ်တင်၏။
ခွက်ထဲကတဘတ်ကိုရေစင်အောင်
ညှစ်နေတဲ့ လုယာလက်လေးတွေကို
သူဖြေးညှင်းစွာလှမ်းထိ၏။
“လုယာက ဓားရှရုံသာသာရယ်
ဒယ်ဒီ့အတွက်ပဲ စိတ်ပူပါဆိုမှ
ဒဏ်ရာအရှိန်ကပြင်းကပြင်းနဲ့
ကိုယ်တွေလည်းပူနေပြီ
ဆေးရုံပြန်သွားမယ်ဆိုတော့လည်းမဟုတ်ဘူး”
ဒီတစ်ခါ အဆူခံနေရတာ သူဖြစ်နေ၏။
ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်မိရင်လည်း
ရှက်စရာတော့ကောင်းနေ၏။
ကိုယ့်ထပ် ထပ်ဝက်လောက်ငယ်တဲ့
ဇနီးငယ်လေးကိုချွဲချင် ဆိုးချင်လို့
တမင်ဆေးရုံပြန်မဆွဲတာပါလို့
တိုက်ရိုက်လည်းထုတ်မပြောချင်
“ကိုယ့်မိန်းမလေးပြုစုတာ
ခံချင်လို့ပေါ့ဗျာ”
“ဟွန့် သိပ်တက်!”
ရေညှစ်ပြီးသား တဘတ်ကို
အနည်းငယ်ခါပြီး သူ့လည်ပင်းပေါ်ကို
ဖြေးညှင်းစွာသုတ်သည်။ရေထပ်စွတ်လိုက်
ညှစ်လိုက်လုပ်ပြီး သွေးမရှိသလို
ဖျော့နေတဲ့ မျက်နှာချောချောဆီ
ကြင်နာစွာသုပ်ပေးနေသည်။
ပြီးပြီဆိုတဲ့ အနေအထားနဲ့
လုယာ ခွက်ကိုသိမ်းဖို့ထထွက်နေတော့
ဂါဝန်စလေးကိုမှီသလိုလှမ်းဆွဲထားပြီး
သူ့အားဘာလို့လည်းဆိုတဲ့ အကြည့်လေးတွေအား
ပြန်ပင့်ကြည့်ရင်း
“ကိုယ် တစ်ကိုယ်လုံးပူနေတာ
အကုန်ရေပတ်တိုက်ပေးလေ”
“ဟင်”
လုယာ ရှက်ကြောလေးတွေထဲ
ကျင်သွားရသလို ရင်ထဲလည်း
ရေခဲပြင်ကြီးဝင်ခဲသလို အေးစိမ့်စွာ
မျက်တောင်လေးတစ်ဖျက်ဖျက်ခက်၍
သူ့အား ပြူကြည့်နေတဲ့လုယာကို
မျက်ခုံးတစ်ဖက်ဖျက်ခနဲပင့်တင်ပြီး
“ကိုယ်ရေချိုးလို့မရသေးဘူးလေ
ပြီးတော့ ကိုယ့်ကိုကိုယ်လည်း
လုပ်လို့မရဘူးမလား”
ဉာဏ်များနေတာလားဆိုတော့
တကယ်လည်း သူတော်တော်အခြေနေဆိုးနေတာမို့
လုယာ တံတွေးလေးထပ်ခါထပ်ခါ
မြိုချမိပြီး ပြန်ထိုင်လိုက်၏။
ဒီတစ်ခါတော့ စောစောကလို လုယာ
သွက်လက်ထက်မြတ်မနေလေ
ရင်စေ့ကနေကြယ်သီးတစ်လုံးချင်း
ဖြုတ်နေရင်း မျက်ဝန်းညိုတွေက
သူမကိုမျက်တောင်မခက်ကြည့်နေတဲ့
စူးရှတဲ့မျက်ဝန်းနက်တွေဆီ
ရောက်သွားရာ မျက်တောင်လေးပုပ်ခက်ရင်း
မျက်လွှာချက်ချင်းလွှဲလိုက်မှ
နှုတ်ခမ်းထူထူတွေဆီ တန်းခနဲ
ကြယ်သီးတွေလည်းဖြုတ်နေရင်းက
မျက်လွှာလေး ဘယ်ရွေ့ထားရမည်မသိ
နောက်ဆုံးသူ့ရင်ဘတ်ကြီးကို
ကြည့်လိုက်မိမှ လုယာ နှုတ်ခမ်းလေးဟ
ပွင့်ဟသွားလေသည်။
ဖွေးခနဲပေါ်လာတဲ့ရင်အုံအက်အက်ကြီးနဲ့
လေးခုသာသာမြင်ရတဲ့ကြွက်သားတွေ
အောက်မှာတော့ ပတ်တီးကြီးတစ်ခုက
ဖြူစုတ်နေသည်။
အမည်းရောင်ခါးပတ်ပေါ်က
အမွှေးညှင်းစိမ်းစိမ်းတွေနဲ့
အကြောတွေဖြာနေရာ လုယာ
ရင်ထဲကြောက်သလိုလို ရှက်သလိုလိုကြီး
ဖြစ်လာရရင်ဆက်မကြည့်ရဲတော့ပေ။
သူ့ရင်အုံကြီးကို ဖြေးညှင်းစွာ
ရေဘတ်တိုက်ပေးနေတဲ့
လုယာလက်တွေကတော့
အထိန်းကွပ်မဲ့တုန်ရင်လို့နေသည်။
“ကြောက်နေတုန်းလား
မြင်ဖူးနေကြမလား
အဲ့ထပ်တောင် အကုန်မြင်ဖူးပြီးသားပဲလေ”
“ဟာ ဒယ် ဒယ်ဒီကလည်း”
“အဟင်း ကျောဘက်ရော”
“အင်း ဟုတ် ဟုတ်”
လုယာအတွက် အဆင်ပြေအောင်
ကျောမှီထားလျက်ကနေ အနည်းငယ်
ရှေ့တိုးပေးပေမဲ့ စစ်ခနဲစူးနင့်စွာ
ခံစားလိုက်ရသည်။
ရင်ဘတ်တွေဖွင့်ထားတဲ့
အင်္ကျီကို လုယာဖြေးညှင်းစွာ
ဂရုတစ်စိုက်ဆွဲချွတ်ပြီးမှ
ဒူးလေးထောက်၍ ကုတင်ပေါ်
သူ့ကျောဘက်တိုးလိုသည်။
ဂုတ်ကြွက်သားကြီးတွေနဲ့
ကျောပြင်ကြီးကို လုယာ
ကြက်သီးထသွာကြည့်မိပြီး
လက်တွေမတုန်အောင်ထိန်းနေရသည်။
အားလုံးပြီးသွားတော့ သူ့ကို
အင်္ကျီပြန်ဝတ်ပေးဖို့
ဗီရိုဆီရေခွက်လေးနဲ့အတူ
လျှောက်လာခဲ့သည်။
“ကလေးလေး”
နောက်က အသံတိုးတိုးလေး
သူလှမ်းခေါ်တော့ လုယာ ဘေးစောင်းလေးလှည့်ပြီး
မေးလေးလည်းငေါ့ပြရင်း
နှုတ်ခမ်းဖူးလေးကပါ
“ဘာလို့လည်းဒယ်ဒီ”
“ချစ်လို့”
“ဟာ”
ခိုင်းစရာရှိလို့ လှည့်ကြည့်တုန်း
လုယာကို ခြွေနေတဲ့ သူ့ကြောင့်
မျက်ဝန်းအိမ်လေးတွေတောက်သွားရ၏။
“ဘာ ဘာမှန်းလည်းမသိဘူး”
“အဟွန်!”
ဗီရိုနားမသွားတော့ပဲ ခွက်ကို
ရေချိုးခန်းထဲပို့လိုက်၏။
ပြန်ထွက်လာတော့ စပိုးရှပ်လက်တို
အဖြူရောင်အပါးတစ်ထည်ယူပြီး
သူ့ကိုမနာအောင်ဝတ်ပေးလိုက်၏။
“ဟိုဒယ်ဒီ မနက်ဆေးရုံသွားမယ်နော်”
“ကလေး လက်တွေပါပြရမယ်”
တိုကပ်ကပ်ဆံနွယ်တွေနဲ့
ဖူးပွင့်သောနှုတ်ခမ်းလေးတွေ
နီရဲ၍ဖြာနေသည်။
မျက်ဝန်းလေးတောက်ပြီး
စိမ်းညိုညိုမျက်ခုံးတန်းလေးဟာ
အရမ်းကြီးလည်းမထူ
နှာတံလေးစင်းစင်းလေး
ရှက်၍နီမြန်းနေတဲ့ ပါးအိအိလေးနှစ်ဖက်ဟာ
အုအစ်နေသည်။
မနာလိုစိတ်ကြောင့် ဘယ်သူတွေ
ဘယ်လိုတိုက်ခိုက်ပါစေ
သူမရဲ့ရိုးသားဖြူစင်တဲ့
စိတ်ကြောင့် အလှပတွေရော့မသွားနိုင်။
သူ့ကိုသူမခေါင်းငြိမ့်ပြတာတောင်
လူကိုဖောက်ထွင်းမလို
စိုက်ကြည့်နေတဲ့ ထိုလူသားကြောင့်
လုယာ သူ့ရှေ့လက်ရမ်းပြစ်တော့မှ
မျက်တောက်ခက်၍ လှုပ်ရှားလာသည်။
“ဘာလည်း မျက်နှာမှာ တစ်ခုခုပေနေလို့လား”
“မဟုတ်ဘူးချစ်လို့
ကိုယ်မင်းကိုအရမ်းချစ်မိနေလို့”
“ဟွန့်!”
အပိုတွေပါဆိုပြီး နှာခေါင်းလေး
ရှုံ့ပြ၍ သူမလက်လေးတွေကို
အသာဆွဲယူကာ လက်ခုံလေးအား
ဖွနမ်းရင်း
“ကိုယ့်ကိုတွဲပါဦး”
ဂျင်းဘောင်းဘီနဲ့ အဖြူရောင်
ရှပ်အင်္ကျီက သူ့ကိုပိုပြီးငယ်ရွယ်စေသည်။
ဖြီးသင်းထားတာမျိုး မဟုတ်တဲ့
သူ့ဆံပင်တွေလက်ငါးချောင်းနဲ့
ထိုးဖွနေသည်။
လုယာ ဘာမှန်းမသိပေမဲ့
“ဟို ဘယ်ကိုလည်းဒယ်ဒီ
အိပ်တော့လေ မိုးချုပ်နေပြီကို”
သူ့ကို စိုးရိမ်တကြီး မျက်ဝန်းလေးဝိုင်းကာ
ပြောနေ၍ နှာတံလေးကို မနာအောင်
လှမ်းတောက်လိုက်၏။
“ကိုယ်အောက်ထပ်ဆင်းရုံပါမိန်းမရယ်”
မိန်းမဆို၍ လုယာဖြန်းခနဲ
ကြက်သီးသီးလေးတွေထောင်ကုန်သည်။
ခန္ဓာကိုယ်လေးလည်း တောင့်သွားရကာ
ချက်ချင်းထရပ်ပြီး သူ့ကိုကူတွဲလိုက်သည်။
တစ်သားတည်း ကြမ်းခင်းကြီးက
ကိစ္စမရှိပေမဲ့ အနိမ့်အမြင့်မညီ
လှေခါးထစ်တွေမှာတော့ သူ့မျက်နှာအတော်သိသာနေ၏။
ဒီလောက်ဖြစ်နေတာတောင်
ဟိုတိုက်ပျက်စီကို လိုက်လာသေးတယ်
အဲ့တာကြောင့် ချုပ်ရိုးကပြည်လုနီးနီးဖြစ်ပြီး
သွေးတွေပြန်စိမ့်တာ
သူ သူလုယာကိုအဲ့လောက်ချစ်တာ
ယုံပါတယ်…သွေးအိုင်ထဲက ဖူးဖူးကို
တစ်ချက်တောင်တက်ကြည့်တာမှ
မဟုတ်တာ နေလာတဲ့ နှစ်တွေလည်း
ကြာညောင်းပြီမလား
“ဟာ မမလေး”
ခင်ခင်က ခက်ခက်ခဲခဲသော
လျှောက်ဆင်းလာနေတဲ့
မြင်ကွင်းကိုမြင်၍ ထိတ်လန့်စွာ
အပေါ်ပြေးတက်လာရင်း
သူ့အားဘယ်ဘက်လက်မောင်း
တစ်ဖက်ကနေ ကူတွဲလိုက်သည်။
“သခင်လေးဖြေးဖြေး
ဘာလို့ဆင်းလာတာလည်း
ဒေါ်လေးဒေဝီက ကြက်ပြုတ်ရေ
သောက်တော့မလား လာမေးခိုင်းလို့”
“အင်း”
တိုးရှရှအင်းတစ်လုံးသာ
သူပြောနိုင်သည်။စကားလည်းပြော
ထိန်းလည်းလျှောက်ဆိုရင်
သူအတော်ခံနေရမှာမလား
ခင်ခင်က သူမဘေးက
မျက်နှာချင်းဆိုင်မြင်နေရတဲ့
မမလေးကိုပြုံးကြည့်ပြီး
“မမလေးတို့ ကံကောင်းချက်က
သခင်လေးချုပ်ရိုးပါပြည်တယ်”
“အယ် ဘယ်လိုစကားကြီးတုန်း”
လုယာ ချက်ချင်းမျက်လွှာချရင်း
လှေခါးအောက်ဆုံးထစ်သို့
သူလည်းအောင်နိုင်စွာ
ဆင်းပြီးပြီမို့ လက်မောင်းကို
မြှောက်ဖယ်ကာ ပြုံးစပ်စပ်
မျက်နှာနဲ့ခင်ခင့်ရဲ့နှဖူးကိုလက်ဆစ်နဲ့
ခေါက်ချလိုက်သည်။
“အားးသခင်လေး”
မျက်နှာလေး ရှုံ့ပြီး
နှဖူးကိုအုပ်လိုက်ရင်း
ခင်ခင် နှုတ်ခမ်းလေးလည်းဆူသည်။
လုယာက ခစ်ခနဲရယ်တော့
ခင်ခင်ပို၍ မျက်နှာလေးရှုံ့ကာ
“သူများကစေတနာနဲ့ပြောတာကို
သခင်လေးကအနိုင်ကျင့်တယ်”
“သွားတော့”
“မမလေး သခင်လေးကို
ပြန်ရိုက်ပေး”
သူ့အနားကနေ လုယာအနား
ဖျက်ခနဲတိုးကပ်ကာ
ခပ်တိုးတိုးစည်းရုံးနေတဲ့ ခင်ခင့်ကို
ခေါင်းပါထပ်ခေါက်လိုက်သည်။
“အ”
ခေါင်းကိုကိုင်ကာ ဆူချိတ်သွားသည်။
ဒါလည်းဇွဲမလျှော့သေးတဲ့ခင်ခင်
“နာနာလေးရိုက်ပေးနော်”
လုယာ နှုတ်ခမ်းလေးစုလုံးကာ
မျက်မှောင်လေးအနည်းငယ်
ကျုံ့ပြီး
“မရိုက်ရက်ပါဘူး သူများဒယ်ဒီကို”
ခင်ခင်စိတ်ဓာတ်ကျသွားခဲ့ရသလို
အချစ်တွေနဲ့လူနှစ်ယောက်ကြား
အရှို့ခံလိုက်ရသည်။
“အာ…ခင်ခင်သက်သေပါတော့မယ်
ချစ်နိုင်ကြပါစေ”
ထိုသို့ပြောပြီး ခေါင်းငိုက်စိုက်
ထွက်သွားတဲ့ ခင်ခင့်ကို လုယာ
ကြည့်ပြီး တစ်ဟင်းဟင်းရယ်နေမိ၏။
သူမကြောင့် သူအတော်နူးညံ့လာသလို
အားလုံးကိုလည်း ဖော်ရွေတတ်နေတာကြောင့်
ခင်ခင်တောင် သူ့ကို ရင်းနှီးလာလေပြီ
ရယ်နေတဲ့ လုယာအနား ကပ်ပြီး
ပခုံးပေါ် လက်မောင်းလေးတင်လိုက်ကာ
“ကိုယ့်ကို ဟိုအခန်းထဲ
တွဲပေး”
ရယ်တာရပ်သွားသလို ရင်ခုန်သံတွေ
ဗြုန်းခနဲ မြည်လာကာ
သူလက်ညှိုးထိုးပြတဲ့ အခန်းအထိ
လျှောက်လာခဲ့ကြသည်။
အိပ်ထဲကသော့ယူပြီး ဖွင့်လိုက်သည်နဲ့
ဘယ်ကရောက်လာလည်းမသိ
လေညှင်းတွေအခန်းထဲကနေ
သူတို့ဆီဝေါခနဲရိုက်ခက်လာသည်။
အခန်းဝတည့်တည့်ကနေ
အရင်ဆုံးမြင်လိုက်ရတဲ့
ပန်းချီကားချပ်သလို ကြီးမားတဲ့
ဓာတ်ပုံကြီးတစ်ပုံ
ထိုပုံရဲ့ဘေးတွေမှာ အဆင့်အဆင့်
သေးသွားတဲ့ ဓာတ်ပုံတွေဟာ
သေချာနေရာချထားပုံ..
သူ့ရှေ့က သူသေချာချိတ်ထားတဲ့
သူမပုံတွေကို ဆွံ့အစွာငေးကြည့်နေသော
လုယာအား နောက်ကနေခပ်ပြုံးပြုံး
ပြန်စိုက်ကြည့်နေရင်းသာ
တံခါးဝက သူ့ကိုနည်းနည်းတောင်
လှည့်မကြည့်တော့ပဲ
မှင်သက်ရိပ်တွေနဲ့ လုယာခြေလှမ်းတွေ
တစ်လှမ်းချင်းဝင်သွားနေတာကြောင့်
သူနောက်ကလျှောက်လာခဲ့သည်။
မိန်းဖြဖြမီးတွေနဲ့ တစ်ပုံစီမရိုးအောင်
လှပနေတဲ့ ပုံတွေအားလုံးက
အခုမှပြေးရိုက်ထားတဲ့ပုံတွေမဟုတ်
သူမကျောင်းသွားနေတဲ့ နောက်ကျောကပုံတွေ
သူငယ်ချင်းနဲ့ စကားပြောနေပုံ
စက်ဘီးစီးနေတာကို နောက်က
တိတ်တဆိတ်ရိုက်ထားတဲ့ ပုံတွေဟာ
သူသေချာ တစ်ယုတယရိုက်ထားကြောင်း
သက်သေတွေခန့်မှန်းလို့ရနေသည်။
တန်ဖိုးထားခြင်းနဲ့ ယုယမှုတွေကို
ခံစားလိုက်မိတဲ့ လုယာ
မျက်ဝန်းမှ မျက်ရည်များအလိုလို
စီးကျလာခဲ့ပြီး သူ့ဘက်ဟင့်ခနဲ
တိုးရှစွာရှိုက်ရင်းလှည့်လိုက်တော့
ရင်ခွင်ဖွင့်ကာ ချောမောသော
မျက်နှာက အပြုံးတွေနဲ့ကြိုဆိုနေသည်။
တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်များ
ရင်ထဲလေညှင်းလေးတွေလို ရှပ်တိုက်
လူးလွန့်လာ၏။
ဝမ်းသာလွန်းလို့ သူ့ရင်ခွင်ထဲ
ပြေးဝင်ကာ ကျောပြင်ကို ကျစ်နေအောင်
ဖက်ပြစ်လိုက်ရင်း ရှိုက်သံလေးတွေ
မထိန်းထားနိုင်တော့ သူ့အား
မော့ကြည့်လိုက်ပြီး ခြေဖျားထောက်၍
နှဖူးထက်အနမ်းခြွေလိုက်သည်။
သခင် ကြောင်သွားသလို
သူ့ဘဝမှ တောင်းတခဲ့ဖူးတဲ့
သူမလေးဆီကအကြင်နာဆုံးအနမ်းလေး
အခုတော့ပိုင်ဆိုင်ရခဲ့ပြီမို့
ရင်ထဲနွေးသွားရသည်။
ချက်ချင်းပဲ သူဘာမှမပြောနိုင်တဲ့အထိ
သူမအနမ်းက သူ့ရင်ခုန်သံတွေကို
သံချက်ညီနေဆဲ…
ရင်ခွင်ထဲဇွတ်တိုးဝင်ပြီး
ပါးလေးကပ်ထားကာ
လုယာ မျက်ရည်များ
စီးကျလာခဲ့သည်။
“ကိုယ့်ကိုအခုမကြောက်တော့ဘူးမလား”
“ဟင်!”
ရှက်တဲ့စိတ်ကြောင့် မျက်နှာလေးရဲ၍
လုယာခေါင်းလေးချက်ချင်းမော့လာကာ
ဘယ်တုန်းထဲက စိုက်ကြည့်နေလည်း
မသိတဲ့သူနဲ့အကြည့်ချင်းတန်းနေအောင်
ဆုံသွားတော့ ရင်ခုန်လွန်းလို့
ရင်ခွင်ထဲဝင်နေမိတဲ့ ခန္ဓာကိုယ်လေး
တိုးထွက်ဖို့ပြင်ရာ ကျောပြင်လေးကနေ
ပြန်ဖိသွင်းခံလိုက်ရ၍ ရင်အုံကြွက်သားတွေဆီ
ပြန်လည်ကပ်သွားရ၏
ရေမွှေးနံ့စူးစူးကြီးကို
လှိုက်ခနဲခံစားနေရရင်း
သူ့လက်တွေ လုယာကျောပြင်ပေါ်
ရစ်ချိတ်လာတော့ မျက်ဝန်းလေးမှိတ်ပြစ်လိုက်ကာ
တိတ်ဆိတ်ခြင်းထဲ သူ့ရင်ခုန်သံတွေ
အတိုင်းသားခံစားနေရသည်။
လုယာ သူ့ကိုချစ်နေမိပြီထင်ပါရဲ့..
???????????
“အောင်မလေးဗျာ မလုပ်ပါနဲ့
ကိုယ်ရင်မောရချည်ရဲ့”
နေရာလွဲနေတဲ့ နှင်းဆီအိုးလေးကို
တစ်ခြား ပန်းအိုးတွေနဲ့ညီအောင်
မရွေ့တုန်းပဲ ဘယ်ကဘယ်လို
သူရောက်လာသည်မသိ။
လုယာ လန့်လည်းလန့်သွားသလို
လက်ကိုခါရင်း တစ်ဟင်းဟင်း
ရယ်ကာ သူ့ဆီလျှောက်လာသည်။
အနားရောက်လာသော လုယာအား
လက်တစ်ဖက်နဲ့ရင်ခွင်ထဲဆွဲထည့်ပြီး
နှာဖူးပေါ် သူ့နှုတ်ခမ်းတွေရှပ်တိုက်နေသည်။
လုယာ မရှောင်မိသလို ရှောင်ဖို့လည်း
ဆန္ဒမရှိ။
“အလင်္ကာဘယ်ချောင်ရောက်နေလည်း”
“အာ စောစောက ခင်ခင်နဲ့အတူ
စာအုပ်သွားဝယ်မလို့ထွက်သွားတယ်”
လက်ညှိုးလေး ခြံတံခါးဘက်
တစ်ထိုးထိုးဖြင့် သူ့ရဲ့ချစ်သက်လျာလေးက
ဖြေနေတော့ နှာခေါင်းလေးအထိ
ငုံ့နမ်းပြစ်လိုက်ပြီး
“ငြိမ်ငြိမ်လေးထိုင်နေပါဗျာ
ဘယ့်နှယ်ပြောရခက်လာပြီ”
ခေါင်းလေးကို သူကပွတ်သပ်တော့
သူမ ကလေးလေးလို ချွဲ၍
ရင်ခွင်ထဲတိုးဝင်လိုက်ပြီး သူ့ရင်ဘတ်အင်္ကျီပေါ်
အနမ်းတစ်ပွင့်ပေးကာ ခါးကိုလက်တွေနဲ့
ရစ်ဖက်ပြစ်၏
“ဟွန့် ဆူချင်လို့လား
ဒယ်ဒီက လုယာကိုမချစ်ပါဘူးလေ
လုယာဗိုက်ထဲက ကလေးကိုသာ
စိတ်ပူနေတာ”
“ဟော”
လုယာ နှုတ်ခမ်းလေး သိသိသာသာ
ဆူချိတ်တော့ သူရှူရှုရှာရှာဖြစ်ရကာ
လက်ကောက်ဝတ်လေးကိုဆွဲပြီး
ရှေ့နားက ဒန်းပေါ်ခေါ်သွားတော့
လုယာ ဆူပုပ်နေလျက်ပင်
လိုက်ပါသွားရ၏။
ဒန်းပေါ်ရောက်တော့ သူအရင်ထိုင်ကာ
သူမကိုတော့ သူ့ပေါင်ပေါ်ဆွဲချလိုက်သည်။
လက်တစ်ဖက်ကနဲ့ ခါးကိုပိုက်ဖက်ကာ
ရှည်မျောမျောလက်ညှိုးနဲ့မေးညွှန့်လေးအား
အသာတကြည် ဆွဲမော့ပြီး
ဆူထွက်နေတဲ့နှုတ်ခမ်းလေးအား မော့နမ်းလိုက်သည်။
နမ်းနေတုန်းက ငြိမ်နေပေမဲ့
စုပ်ပြစ်လိုက်တော့ သူ့ရင်ဘတ်ကိုပါ
တွန်းတဲ့အထိ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
ရုန်းချာချင်နေတဲ့ သူမ ဂုတ်လေးကို
သူ့လက်ဝါးကြီးနဲ့ထိန်းသလိုကိုင်ကာ
အနမ်းတွေမရပ်တန့်လေသေးပဲ
စုပ်လုံးလေးလို ခုံမင်စွာစုပ်ယူနေသည်။
သူ့လက်တွေက သူမဂါဝန်အောက်ထဲ
လျှိုဝင်လာပြီးပေါင်သားလေးတွေကို
ပွတ်သပ်ကာ ဖျစ်ညှစ်နေသည်။
ရင်ထဲမှာလည်း ကယောင်ချောက်ချား
ဖြစ်ကုန်ပြီး ကျောလေးပါချမ်း၍
သူ့နှုတ်ခမ်းအားကိုက်ချလိုက်တော့မှ
လွတ်ထွက်ကုန်ရ၏။
နှာခေါင်းလေးရှုံ့၍ မျက်စောင်းလေးထိုးကာ
ဗိုက်လေးကို ဖွဖွပွတ်ပြသည်။
“အဟွန် ကိုယ် မင်းကိုမြင်ရင်
ကိုယ့်စိတ်တွေရိုင်းချင်လာတာအမြဲပဲ”
“မရပါဘူး ထိန်းရမှာပေါ့ ဟွန့်!!”
“မရလို့ပေါ့”
လုယာ မျက်လုံးလေးတွေပြူးပြီး
ရန်သာရှာနေရတာ တစ်ဇွတ်ထိုးဆန်တတ်တဲ့
သူ့စိတ်ကြောင့် ခြေဖျားလက်ဖျားလေးတွေ
အေးခဲကျင်တက်နေတာရေခဲတစ်မျှ…
“ကလေးလေးရှိတယ် ဟွန့်!!”
“ပါးချိုင့်ထည့်ပေးကြမယ်လေ”
ဖျက်ခနဲ ဂုတ်လေးကိုပြန်ကိုင်တွယ်ကာ
မျက်နှာကြီးအနားကပ်လာတော့
လုယာစိတ်လှုပ်ရှားလာသည်။
“ဒယ် ဒယ်ဒီ လုယာ အဟင်း
ဟို ဒေါ်လေးဒေဝီမှာခဲ့တယ်
ချဉ်ပေါင်ရွက်ကူလုပ်ပေးဖို့အဟင်း
အဲ့တာ သွားလိုက်ဦးမယ်သိလား
ခနထိုင်နေနော် လုယာမြန်မြန်လုပ်လိုက်မယ်”
“ပြီးရင် သဘောတူမယ်ပေါ့”
“ဟာ ဒယ်ဒီကလည်း”
“အဟင်း ကလေးဘာမှမဖြစ်အောင်
လုပ်လို့ရတယ်လေ နော်ကိုယ်ဖြေးဖြေးပဲ
လုပ်မှာပေါ့လို့”
“အဲ့ခါးနာတာသေချာမပျောက်သေးဘူးနော်”
“နေရာလဲမယ်လေ”
“ဟာ ဒီလူကြီးတော့ ဘယ်လိုဖြစ်နေတာလည်း”
“နော် နော်လုယုနော်လို့”
လက်ခုံလေးကိုနမ်းပြီး ချွဲသလိုပြောနေတဲ့သူ
အရင်က အေးစက်စက်မျက်နှာဖုံးကြီး
လုယာရှေ့ခွာချလိုက်ပြီလား
“ဒယ်ဒီလူဆိုးကြီး လွှတ်”
“အဟွန်! ချစ်လို့ဆိုးမိတာပါဗျာ”
“မရဘူးနော် လုယာအော်ငိုမှာ”
“ဒီကလေးလေး မရခင်
လုယာလေအငိုသန်ခဲ့တာပဲ”
“ငိုတော့လွှတ်ပေးဖူးလား”
“ဟင့်အင်း ချစ်လို့ပါ”
“ဒါ ဒါကြီးနဲ့ပဲကိုင်ပေါက်
ဖယ်ပေးဟာ”
သူ့ပေါင်ပေါ်က ထတိုင်း
လုယာကိုပြန်ဆွဲချ၍
သူမ ခန္ဓာကိုယ်လေး
ကျုံ့တွတွဖြစ်နေပြီး
သူ့လက်တွေကိုလည်း ပုတ်ထုတ်မိသည်။
တင်ပါးဆီရောက်နေတဲ့ သူ့လက်တွေကို
ဆွဲဖြုတ်ရ ခနွာကိုယ်လေးခြွရ
ရင်ဘတ်ကို တွန်းပြစ်လိုက်နဲ့ လုယာ
တစ်ယောက်ထဲအလုပ်များနေသလောက်
သူကလည်း သူ့အားကြီးနဲ့
အနိုင်ယူနေသည်။
မျက်နှာလေးနီပြီး ဆူပုတ်နေပါပြီမို့
ပါးလေးကိုအနမ်းဓားပြတိုက်ပြီး
လွှတ်ပေးလိုက်ရသည်။
လွန့်လူးခါ ပြေးထွက်သွားတော့
မပြေးဖို့ ဂရုတစ်စိုက်လှမ်းပြောကာ
ရယ်ကျဲကျဲထိုင်ကျန်နေခဲ့သည်။
ရုန်းလေ အသည်းတွေယားလေမို့
သူမကို သူ မစရ မနေနိုင်တော့ပါ…
ညကျရင်တွေ့ဦးမယ် သိပ်ပြေးချင်တဲ့ကလေး
????????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)