Daddy လူဆိုး - အပိုင်း 28
“ကိုယ်တို့ကလင်မယားတွေပဲလေ
ဘာတွေရှက်နေမှာလည်း”
သူ့ကိုအခုမှ ထိတွေ့မြင်ဖူးသလို
မျက်တောင်လေးတွေပြန့်ကားပြီး
ကြောင်စီစီကြည့်နေတဲ့ လုယာကို
ပတ်တီးတွေဖြုတ်လိုက်ရင်းပြောသည်။
ချုပ်ရိုးရာပေါ်သွေးအနည်းငယ်စိမ့်ထွက်နေတဲ့
ခါးကသူ့ဒဏ်ရာကိုမြင်လိုက်တော့
လုယာ ဆေးလိမ်းပေးဖို့ အရင်ရက်တွေကလို
လက်တွန်စမြဲမို့ တုန်နေတဲ့ သူမလက်လေးတွေကို
စုပ်ကိုင်ပြီးပြောလိုက်ခြင်းမို့
မျက်နှာလေးဝိုင်းကာ သူ့ကိုရို့ရို့လေးကြည့်၏။
“မဟုတ်ဘူးလား”
ညဝန်ဂါဝန်ပါးပါးလေးက
လက်တစ်လုံးကြိုးမို့ ပခုံးသားလေးတွေ
လက်မောင်းဖွေးဖွေးလေးတွေ
ညမီးရောင်အောက်မှာ အတိုင်းသား
မြင်နေရသည်။
သေသေချာချာစိုက်ကြည့်နေတော့
လုယာသူ့ကိုကြောက်သည်။
လက်ကောက်ဝတ်ကိုကိုင်ထားတဲ့
သူ့လက်ကို သူမစိုက်ကြည့်ကာ
ချက်ချင်းအဖြေရှာမရနိုင်သေး
“ဟုတ် ဟုတ်လုယာ ဒီတိုင်းအေးလို့ပါ”
အေးတယ်ဆို၍ ပြတင်းဝဘက်
သူဖျက်ခနဲလှည့်လိုက်တော့
သာယာနေတဲ့ ရာသီဥတုနဲ့အတူ
သူမဘက်သူပြန်လှည့်လာ၏။
“ကိုယ့်ကိုအခုထိကြောက်တုန်း
ဒါနဲ့ ကိုယ်ဒဏ်ရာသက်သာနေပြီနော်”
မဆီမဆိုင်ထပြောလာသော သူ့စကားကြောင့်
လုယာတောင့်တောင့်လေးဖြစ်သွားသည်။
ခပ်ဟော့ဟော့ပြုံးပြီး စူးနင့်စွာ စိုက်ကြည့်နေသော
ဒယ်ဒီ့ကြောင့် လုယာ လည်ပင်းလေးကုပ်လိုက်ရင်း
ကျောထဲစိမ့်ခနဲချမ်းသွားသည်။
“ဟို ဆေးထည့်ပေးမယ်နော်”
သူမဂွမ်းကို ပိပိရိရိနဲ့မတုန်အောင်ကိုင်လိုက်ကာ
ကျောဘက် ဒူးလေးနဲ့ရွှေ့တိုးလိုက်ပြီး
ဂရုတစ်စိုက်သေချာလိမ်းပေးနေရင်း
ကြီးမားတဲ့ဂုတ်ကြွက်သားကြီးတွေဆီ
မျက်ဝန်းဝိုင်းလေးတွေဖြေးလေးစွာ
ရောက်သွားသည်။
ကြွက်သားတွေက သန်မာစွာ..
လက်မောင်းကအဖုအထစ်တွေကိုပါ
လုယာ သတိလွတ်ငေးနေရင်း
သူ့ချုပ်ရိုးရာကို ထိုးမိသွားရာ
သိသိချင်းရှူရှူရှာရှာလေးနဲ့
တောင်းပန်ဖို့အပြင် လက်ကောက်ဝတ်လေးကို
သူဖျက်ခနဲလှည့်ဆွဲ၍ အင့်ခနဲ
ပြိုလဲကျသွားတော့ သူ့ပေါင်ပေါ်
ကမူးကထိုးလေးသာ…
“အားး လုယာ တမင်လုပ်တာမဟုတ်ဘူးလေ”
မနာအောင်တော့ သူမလက်လေးကို
ထိန်းကိုင်ထားသေး၏။
မျက်ဝန်းလေးဝိုင်းကာ သူ့ကိုအူတူတူလေး
ကြည့်နေသော လုယာကို သူညစ်ထေ့ထေ့
ပြုံးပြရင်း သူမကိုထိုင်ရအောင်ထူပေးသည်။
ရင်ခွင်နား ကျုံ့ကျုံ့လေးထိုင်နေတဲ့လုယာကြောင့်
သူ့ရင်တွေအဆမတန်ခုန်ပေါက်လာကာ
မျက်တောင်ရှည်လေးတွေမည်းနက်ပြန့်ကားနေသော
မျက်ဝန်းညိုလေးကို အနီးကပ်ရို့ကြည့်လိုက်သည်။
“ကိုယ့်ကိုပြေးလို့ပြီးဦးမှာလား”
လုယာ ရင်တုန်တာရော ရင်ခုန်တာပါ
ရောယှက်ကာ သူ့မကို မျက်တောင်မခက်
ကြည့်နေသော သူ့အား အူတူတူလေး
ပြန်ပြူးကြည့်မိသည်။
သခင် သူ့ရှေ့က ဗိုလ်မရုပ်လေးလိုမျက်နှာလေးကို
မေးလေးကနေမော့ယူလိုက်ပြီး
ခန္ဓာကိုယ်ကို ပိုရို့ထားသည်။
“ကိုယ်မင်းကို ဘယ်အထိပြေးပြေး
လိုက်မယ်ဆိုတာ ယုံတယ်မလား”
မေးကိုဆွဲထားရင်း သူပြောနေတာကြောင့်
သူမ သူ့လက်တွေကိုခါထုတ်ဖို့လည်း
မဝန့်ရဲတာမို့ ထိုအတိုင်းလေးသာ
ငြိမ်ရင်း မျက်လွှာလေးမှေးစင်းထားသည်။
“ကိုယ်မင်းကို ချစ်တယ်
ပျော်ရွှင်မှုတွေပေးကိုပေးမယ်
ဝမ်းနည်းမှုတွေကိုယ့်ကိုပြန်မျှရမယ်
ဆူးခင်းလမ်းတွေ ကိုယ်လျှောက်ပေးမယ်
ပန်းခင်းလမ်းကိုမင်းလျှောက်လှမ်းပါ”
လုယာ သူ့မျက်ဝန်းတွေကို
ကြောင်စီစီဖြင့်သာ
ငေးကြည့်မိရင်း လေးနက်စွာ
ပြောနေတဲ့ သူ့စကားလုံတွေအောက်
သတိလက်လွှတ်…
“ကိုယ့်ကိုမင်းချစ်ပေးရုံပဲ
ကိုယ့်ကိုချစ်ပေးရင်အားလုံး
ကိုယ်ဖြည့်ဆည်းပေးမယ်”
သူမ သူ့ကိုအခုထိကြောင်ကြည့်နေတာကြောင့်
နှုတ်ခမ်းတွန့်ပြုံးကာ မေးလေးကို
မော့ယူလိုက်ပြီး ပွင့်ဟနေတဲ့နှုတ်ခမ်းလေးအား
သူ့နှုတ်ခမ်းတွေနဲ့စိုးမိုးစွာနမ်းရှိုက်လိုက်သည်။
နွေးပြပြလှိုက်ယှက်သွားတဲ့
အနမ်းတွေအောက် လုယာ
စိတ်တွေသတိဆွဲကပ်လို့မရငိုင်ထွေနေမိဆဲ
“ချစ်လား”
လက်မောင်းလေးတွေကို သူ့လက်နှစ်ဖက်နဲ့
ဖျက်ခနဲထိကိုင်တော့မှ မျက်တောင်လေး
ခက်မိပြီး ခေါင်းငုံ့ကာရို့သွားသည်။
မျက်ဝန်းအိမ်မှ မျက်ရည်လေးတွေကို
သခင်မျက်မှောင်ကျုံ့ကြည့်မိကာ
မေးကိုပြန်ဆွဲမော့ပြစ်လိုက်သည်။
“ကိုယ့်ကိုရင်ပူအောင်”
လုယာ ဒီတိုင်းပဲဝမ်းနည်းမိတာမို့
သူ့ကို စိတ်မပူစေချင်၍
မျက်တောင်လေးခက်လိုက်ရင်း
မျက်ရည်တွေကိုမောင်းထုပ်ပြစ်လိုက်ကာ
နှုတ်ခမ်းလှုပ်ပြုံးလိုက်သည်။
ထိုအခါမှ ခြစ်ကျုံ့ထားတဲ့
သူ့မျက်ခုတန်းကြီးပြေကျသွား၍
လုယာ သူ့လက်မောင်းတစ်ဖက်ကို
ပြန်ကိုင်ရဲတော့၏။
“ဟို လုယာဖေဖေ့ကို
သတိရလို့ပါ ဒါပေမဲ့ဒယ်ဒီ
လုယာမတွေ့ချင်ဘူး
ဘာဘဲဖြစ်ဖြစ် လုယာအတွက်
ပေးလိုက်ရတဲ့ငွေတွေနဲ့
ဖေဖေအဆင်ပြေလောက်ရောပေါ့”
ကြေကွဲဝမ်းနည်းစွာ ပြောနေတဲ့ လုယာ
အသံလေးတွေလည်းတုန်ရင်နေရှာသည်။
သူ့ကြောင့် မျက်ရည်မကျအောင်
ခါထုပ်နေတဲ့ မျက်တောင်လေးတွေကို
သေချာစိုက်ကြည့်မိကာ
လက်မောင်းသားအိအိလေးတွေကနေ
ပွတ်သပ်၍လက်ကောက်ဝတ်လေးကို
သူ့လက်နဲ့ထပ်ကိုင်သည်။
“မင်းတွေ့ချင်ရင်
ကိုယ်တွေ့ခွင့်ပေးမှာပေါ့”
လုယာ ခေါင်းလေးဖြေးလေးစွာ
ခါပြစ်ကာ နှုတ်ခမ်းလေးဖိညှစ်၍
ဖျော့ရော့သောမျက်နှာလေး
အားယူတင်းမာန်ထားမိ၏။
ဖေဖေက သူ့လောက်လုယာကို
စိတ်ပူပေးဖို့နေနေသာသာပါ
လုယာထမင်းမစားရင်တောင်
စားဖို့သတိပေးဖူးတာမဟုတ်
ညရဲ့အလက်းဖျဖျလေးအောက်
လုယာ သူ့ရင်ခွင်ထဲတိုး၍
မျက်နှာလေး သူ့ရင်ဘတ်ပေါ်
ကပ်လိုက်သည်။
တစ်လျှောက်လုံးခြောက်ကပ်ကပ်ကြီး
နေလာခဲ့ရသူမို့ အားကိုးရာရင်ခွင်နွေးနွေးအား
ယုံကြည်စိတ်ချချင်းတွေနဲ့ခိုဝင်ပြစ်လိုက်မိသည်။
လုယာ သူ့ကြောင့် ပြန်လည်မွေးဖွားလာသလို
ရသစုံခံစားချက်တွေအား နူးညံ့တဲ့
နှလုံးသားလေးထဲ နက်ရှိုင်းတဲ့နေရာတစ်ခုစီကနေ
ခုံမင်စွာခံစားနေသည်။
ချစ်လားလို့ တစ်ဖွဖွမေးနေတဲ့ သူ့အား
ရင်ခွင်ထဲကတိုးထွက်လိုက်ပြီး
နှုတ်ခမ်းလေးစုကာ
“ချစ်တယ် လုယာဒယ်ဒီကိုချစ်တယ်”
သူကျေနပ်သွားရပါပြီ…
ဒီစကားနဲ့တင် သူပျော်ပြီမို့
ကလေးလေးလိုချွဲနေတဲ့ ရင်ခွင်ထဲက
လုယာလေးအား ခေါင်းလေးကို
ဖြေးညှင်းစွာပွတ်ရင်း နှဖူးလေးအား
ကြင်နာစွာငုံ့နမ်းလိုက်သည်။
????????????
“အားးးးးအမလေးလိုက်တယ်ဟယ်”
“လန့် လန့်တာ”
ဒီနေ့ ဒယ်ဒီက လုယာစားချင်တာ
အကုန် ခင်ခင်နဲ့ဒေါ်လေးဒေဝီကို
လုပ်ခိုင်းသည်။ဖြူစင်ကို
ခေါ်ချင်ခေါ်လေးဆို၍ ဖုန်းဆက်
ခေါ်လိုက်ရာက ရောက်ပြီဆို၍
ခြံတံခါးလာဖွင့်ပေးတော့
ဒယ်ဒီပါလိုက်လာသည်။
နှစ်ယောက်လုံးကိုမြင်တော့
ခြံထဲတောင်မဝင်ရသေးပဲ
ခန္ဓာကိုယ်လေးကျုံ့၍ အော်ဟစ်နေတဲ့ဖြူစင်က
ရူးကြောင်ကြောင်နိုင်နေသည်မို့
လုယာ သူ့ဘက်မျက်နှာလေး
မအီမသာလှည့်ကြည့်မိတော့
သူမကို စိုက်ကြည့်နေဟန်ပင်။
ပြုံးပြီးသားမေးဆက်ပြ၍
ဘာမှ မဟုတ်ဘူးဆိုကာ
လုယာခေါင်းလေးအသာရမ်းပြပြီး
အခုထိ တိတ်တိတ်ဆိတ်ဆိတ်မနေသေးတဲ့
ဖြူစင်အား လက်ကနေဆွဲ၍
ခေါ်လာခဲ့သည်။
အထဲရောက်တော့ အစပ်စားမလား
လာမေးတဲ့ခင်ခင်နဲ့ အဝမှာဆုံရာ
ဖြူစင့်ဘက်လှည့်၍
“စားချင်လားစပ်စပ်လေး”
ဖြူစင့်မျက်ဝန်းတွေက ဒယ်ဒီ့ဆီမှာ
ပြုံးစပ်စပ်နှင့်မို့ မေးတာမကြား၍
ကျောပြင်ကို ခပ်ဆက်ဆက်ရိုက်ချလိုက်သည်။
“အားးသေပါပြီ”
ထိုအခါမှလှည့်လာတော့ သတိထားနော်
ဆိုတဲ့ဟန်လေးနဲ့ လုယာမျက်စောင်းလေးထိုးပြီး
“စားမလားလို့အစပ်”
စိတ်မရှည်သလိုလေသံလေးဆွဲမေးနေတော့မှ
ဖြူစင်က မျက်နှာလေးမဲ့ပြီး
ဟွန့်ခနဲရှုံ့တွတွပြန်ဖြေသည်။
“စားမှာပေါ့ ဟွန့်!”
“ဟွန့် ငါ့ကိုပဲကြည့်”
“ဟဲ့နင်တို့ကလေးဘယ်နှစ်ယောက်ယူမှာလည်း
နှစ်ယောက်ယူပါလား ဟီး”
အကျိုးအကြောင်းမသင့်
ဗရုတ်သုတ်ခဆန်ဆန်ပင်
ဖြူစင်ပြောနေတာကို
သူ နောက်ကနေပြု၍ ကြည့်နေတော့
စိတ်ထဲမှာလည်း ယောက်ယက်ခက်ကုန်ကာ
ဖြူစင် လက်ကိုဆွဲပြီး
ခင်ခင့်နောက်ကနေအပြေးတစ်ပိုင်း
လှမ်းထွက်လာခဲ့၏။
ပြာယာခက်ပြေးထွက်သွားသော
လုယာလေးကို သူခေါင်းရမ်းကာ
ရယ်မိရင်း ဆိုဖာပေါ်သွားထိုင်လိုက်၏။
ကိုယ်ဝန်ပဲ နှစ်လကျော်နေပြီ
အခုထိ သူ့ကို ကြင်စဦးဇနီးမောင်နှံတွေအလား
ရှက်ရွံနေတဲ့ သူမအား စိတ်ရှိလက်ရှိ
ဆွဲဆက်ကိုင်ပေါက်လိုက်ချင်သည်။
??????????
Spicy အနက်ရောင်ထုပ်ကို
ကြက်ဥချောင်းတွေ ကြက်ဥတွေနဲ့
သေချာပြုတ်ပြီးလာပေးတဲ့
ခင်ခင့်ကို လုယာက သူ့ကြောင့်
မျက်ဆလည်း မပြစ်ပြရဲ
သခင်လေးခွင့်ပြုတယ်အထင်နဲ့
ခင်ခင်လာပို့တာ အခုမှ
အနေအထားက ကြပ်တည်းနေသည်လား
ခင်ခင်လည်း မမလေးနဲ့အတူ
သခင်လေးဆီ မျက်ဝန်းထောင့်ကပ်ကြည့်ပြီး
ဟီးခနဲရယ်လိုက်သည်။
“ဟို ဟိုခင်ခင်က
မမလေးကိုစားမလားလာမေးတာ
ဟို မ မစားရင် ခင်ခင့်ဘာသာပဲ အဟင်း”
ခင်ခင် ထစ်ထစ်ငေါ့ငေါ့သာ
စီလျှော်ခြင်းရှိလားမရှိလား
မပိုင်ခြားနိုင်သော စကားလုံးတွေ
မမလေးကို သခင်လေးစိုက်ကြည့်နေတဲ့
အကြည့်တွေက ဘေးက သူမတောင်
ဘာမှမစဉ်းစားနိုင်
တံခါးနားရောက်ခါနီးမှ
ခင်ခင့်ကို သခင်လှမ်းခေါ်တော့
ကျောက်ရုပ်အတိုင်းတောင့်တောင့်လေးရပ်ရင်း
တစ်ဟင်းဟင်းနဲ့လှည့်ကြည့်လာ၏။
ခက်ထန်မာကြောသော အကြည့်တွေနဲ့
လွတ်လမ်းမရှိသော မျက်နှာငယ်လေးတွေဆီ
ခင်ခင်တစ်လှည့်စီကြည့်ကာ
“သခင်လေး ခင်ခင့်ကို
ခိုင်းစရာရှိလို့လားဟင်”
ခေါက်ဆွဲပန်းကန်ကို
ကိုင်ထားတဲ့ ခင်ခင့်လက်တွေလည်းတုန်
အသံတွေလည်းတုန်
လုယာမျက်စိတွေမှိတ်၍
သူဆူတော့မည်အား
လက်သီးလေးကြိုစုပ်ထားမိသည်။
မျက်လွှာစင်းကြည့်တော့
လုယာ သူ့ကိုလည်းကြည့်မလာလေတော့ပေ။
“စားချင်လို့လား”
“ဟမ် ဟင် မ မဟုတ်ပါဘူး”
ဖျက်ခနဲလှည့်လိုက်မိတော့ ငြိမ်သက်နေတဲ့
မျက်ဝန်းတစ်စုံကြောင့် လုယာ ခြေဖျားလက်ဖျားလေး
အေးစက်စက်ဖြစ်သွားလျက်
လေအေးတွေကြောင့် ဝဲနေသော ဆံနွယ်တွေကို
တစ်ချက်သပ်လိုက်ရင်းကပြာကယာလေးသာ
ဖြေလိုက်သည်။
“စားပါကွာ ပြီးရင် ဆေးသောက်ရမယ်နော်”
“ဟင် တ တကယ်ကြီးလား”
ကိုယ့်နားကိုယ်တောင်မယုံနိုင်တဲ့
သူ့ရဲ့ချိုသာနွေးထွေးသော
စကားတွေ…
လုယာ သေချာအောင်ပြန်မေးနေတော့
သူ နှုတ်ခမ်းထူထူတွေလှုပ်ပြုံးရင်း
ခေါင်းလေးကိုလှမ်းပုတ်ကာ
“စားချင်လို့ ခိုးပြုတ်ခိုင်းထားတာပဲကွာ
စားလိုက်ပါ”
“ဟင်!”
အလိမ်ပေါ် မျက်နှာလေးနဲ့ လုယာ
ဟီးခနဲရယ်၍ ပျော်ရွှင်တက်ကြွသော
အမူရာလေးဖြင့် ခန္ဓာကိုယ်လေးအား
မတ်သည်။
“ဟီး ခင်ခင်လာ”
ခုနတော့မှုန်သိုးသိုးပေါ့
သူ ချက်ချင်းပြောင်းလဲသွားသော
လုယာမျက်နှာလေးကို အသေးစိတ်
လိုက်ကြည့်နေရင်း ဝန်းကျင်ကြီးကိုတောင်
မေ့မျောနေခဲ့သည်။
ခင်ခင်က ထွက်သွားတော့
ချလပ်ခနဲတံခါးဆွဲပိတ်သွား၏။
အစားအသောက်နဲ့ဆို
သူ့ကိုပါမေ့တော့မတက်လုယာအား
မျက်တောင်မခက်ပြန်ကြည့်ရင်း
သူ့ခန္ဓာကိုယ်ကြီးရှေ့ငုံ့တိုးကာ
ပလုတ်ပလောင်းစားသောက်နေတဲ့
လုယာအနားအထိကပ်လိုက်ရင်း
“စားပြီးရင် ကိုယ်စားချင်တာ
ပြန်ကျွေးလို့ရတယ်မလား”
“ဟမ်!!!”
ကောက်ကာငင်ကာပြောလာ၍
လုယာ မျက်လုံးတွေပြူးသွားကာ
ခေါက်ဆွဲတန်းလန်းလေး သူ့အား
ဝိုင်းစက်စွာကြည့်တော့ နှာခေါင်းလေးကို
လက်ညှိုးနဲ့တောက်၍ ညစ်ထေ့ထေ့ရယ်ကာ
“အဟွန်! ကိုယ်လှုပ်ရှားနိုင်ပြီ
အဲ့တာကြောင့် မရလို့မရဘူး
ကိုယ့်ကလေးက ဆေးပုံမှန်ထည့်ပေးနေတော့လည်း”
ကိုယ့်ကို ညှင်းဆဲဖို့
သူ့အား ဆေးထည့်ပေးနေခဲ့မိသလား
“ဒယ် ဒယ်ဒီ”
“စိတ်ဖြောင့်ဖြောင့်စားပါ ပြီးမှ”
လုယာ ဆက်စားရခက်သွားကာ
အများကြီးကျန်နေသေးတဲ့ ခေါက်ဆွဲတွေကို
ကြည့်ပြီး မစားတော့ဖို့ဆုံးဖြတ်ကာ
ချက်ချင်းထထွက်တော့ ဖျက်ခနဲလက်ကောက်ဝတ်ကို
လှမ်းဆုပ်ကိုင်ကာ
“မပြေးကောင်းဘူးလေ
စားချင်တဲ့လူကို မကျွေးရင်ငရဲကြီးတယ်တဲ့
ကလေးကို ကိုယ်ခေါက်ဆွဲစားခိုင်းတယ်မလား”
“ဒယ် ဒယ်ဒီလို့”
“ဗျာလို့”
“ဟင်!!”
???????????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)