Daddy လူဆိုး - အပိုင်း 29 ဇာတ်သိမ်း
ခေါက်ဆွဲကို တစ်မျှင်ချင်းတောင်
စားလို့ရရင် စားနေမဲ့ သူမကို
သူအသည်းတွေယားလာသည်။
မျက်လုံးလေးဝိုင်းကာ ပန်းကန်ထဲက
ခေါက်ဆွဲကို အနည်းဆုံးသော
ယူ၍ စားနေသည့်သူမ
သူ့ကိုလည်း မျက်ဝန်းလေးထောင့်ကပ်ကာ
ခိုးချောင်းသေးသည်။
သူကုတင်ပေါ်ကျောမှီ၍ခြေဆင်းထိုင်လျက်
ခေါင်းနောက်ထဲလက်ထိုးထည့်လိုက်သည်။
သူ့ကို ကြည့်လိုက် ခေါက်ဆွဲကို
နည်းနည်းယူစားလိုက်လုပ်နေသော သူမကို
စိတ်မရှည်တော့ပဲ အနားသို့တိုးလာတော့
တွန့်တက်သွားသည်။
“ဒယ်ဒီ လုယာ စားလို့မပြီးသေးဘူးနော်”
သူတစ်ခုခုလုပ်မှာကိုလည်း
ရင်တုန်စွာ ကမန်းကတန်းလေးဖြေ၏။
သူမတစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ပြစ်လိုက်ရင်း
နားထင်လေးကိုနမ်းလိုက်သည်။
“ဒယ်ဒီ လုယာစပ်နေတယ်
ရေသွားသောက်မှ ဖြစ်မယ်”
“ခဗျားလေးခိုးပြုတ်ခိုင်းထဲက
ဒေါ်လေးဒေဝီကိုမှာထားပြီးသား
အစပ်လျှော့ဖို့ အခုအဲ့လောက်စပ်လား
ကိုယ်မဖက်ခင်အထိ ဒီတိုင်းစားနေတာ
ဟိုမှာနွားနို့တောင်မရော့သေးဘူး”
ခေါက်ဆွဲရော နွားနို့ဘူးပါ
ခင်ခင်တစ်ခါတည်းပေးခဲ့တာ
သိပ်မစပ်တာကြောင့် လုယာ
မသောက်ဖြစ်သေးတာကို
သူကလက်ညှိုးလှမ်းထိုးပြနေသည်။
လုယာ သူ့ကြောင့် အဖြေပေးရခက်သွားကာ
တောင့်တောင့်လေးကနေ ကျုံ့ကျုံ့လေး
ဖျော့ချလိုက်တုန်း ခေါက်ဆွဲပန်းကန်ကို
သူဆွဲယူသွား၍ လုယာ တစ်အမ်အမ်လေး
ပြန်ဆွဲတော့ မပေးတော့ပါ။
ပန်းကန်ကိုစားပွဲပေါ်တင်လိုက်ပြီး
ခေါက်ဆွဲစားထားလို့ ငရုပ်သီးတွေ
နီနေတဲ့နှုတ်ခမ်းလေးအား
သူ့လျှာနဲ့ဖြေးညှင်းစွာလျက်လိုက်တော့
မျက်လုံးလေးပြူးပြီး သူ့အား
လုယာတောင့်တောင့်လေးကြည့်နေမိသည်။
ခါးလေးကိုမနာအောင်ညှစ်၍
နှုတ်ခမ်းဖူးဖူးလေးတစ်ခုလုံးကို
စုပ်ယူငုံထွေးကာ အနမ်းလေးတစ်ချက်ကြင်နာစွာ
အဆုံးသတ်လိုက်၏။
“ဒယ်ဒီ လုယာ”
ငြင်းဆန်ဖို့ မျက်နှာလေးမော့လာပေမဲ့
နှုတ်ခမ်းဖူးလေးအား
လက်ညှိုးတစ်ချောင်းတင်ကာ
သူမစကားတွေကို သူမသိလို၍
ဖြေးလေးစွာခေါင်းရမ်းပြလိုက်မှ
လုယာမျက်နှာလေးရဲ၍
ငုံ့လျှိုထားရာ မေးကနေပြန်မော့ယူပြီး
နှာတံသွယ်လေးကို ကြင်နာစွာ
“ခနပဲ ခနပဲနော်”
နှစ်ကိုယ်ကြားရုံလေသံသာသာပေမဲ့
သူမနားထဲပဲ့တင်ထပ်ဟိန်းနေသည့်တိုင်
လုယာအခုထိသူ့ရဲ့အထိအတွေ့ကို
ကြက်သီးထနေဆဲ
“မကြိုက်ဘူးလား ကိုယ်ထိတာ”
မျက်နှာလေး မရွှင်မပြဖြင့်
အတင်းမျက်နှာလေးဝပ်နေတော့
မေးဖျားလေးကိုထပ်ဆွဲမော့ရင်း
မျက်ဝန်းဝိုင်းလေးတွေအား
တမင်ကြည့်၍မေးနေတဲ့သူ့အား
လုယာ ခေါင်းလေးရမ်းပြပြီး
“မ မဟုတ်ပါဘူး”
“ဒါဆိုကြိုက်တယ်ပေါ့”
“ဟင်!!”
လုယာ သူ့ကိုလည်းမကြည့်ရဲပေမဲ့
ရင်ခွင်ကြီးထဲက နစ်မြုပ်နေရတာမို့
လွယ်လွယ်ထွက်ပြေးဖို့ မဖြစ်နိုင်။
လေနွေးနွေးတွေနဲ့အတူ
သူ့အနမ်းတွေ လုယာမျက်နှာလေးပေါ်
ရှပ်တိုက်နေသည်။
မရုန်းရဲတာထက် မရုန်းမိပေ။
“ကိုယ့်ကို ပေးမယ်မလား”
တောင်းဆိုတာလား အမိန့်ပေးတာလား
မသဲကွဲတဲ့အထိ သူ့အသံတွေဩရှထူနက်နေပါသည်။
လုယာ သူ့ရင်ခွင်ထဲကနေ သူပြုသမျှ
ငြိမ်ခံမည်ဆိုသော မျက်ဝန်းဝိုင်းလေးတွေနဲ့
ကြည့်နေရှာသည်။
“ပေးမှာလားလို့ မပေးရင်
ကိုယ်ကဘယ်လိုယူရမှာလည်း”
“ဟင်!”
ဒီဗိုက်ထဲက ကလေးတောင်
သူအတင်းပိုင်စိုးပိုင်နင့်
ထည့်ထားသေးတာမဟုတ်ဘူးလား
လုယာ မကျေနပ်သော မျက်ဝန်းလေးတွေနဲ့
သူ့ကိုမော့ကြည့်တော့နှုတ်ခမ်းလေးအား
ပိတ်နမ်းပြစ်လေသည်။
ညဝတ်ဂါဝန်လက်ကြိုးလေးအား
ပခုံးသားလေးပေါ်ကနေ ဖြေးညှင်းစွာ
ဆွဲဖြုတ်ပြီး ဝင်းခနဲပေါ်နေတဲ့
သူမပခုံးသားလေးကိုငုံ့နမ်းလိုက်တော့
သူ့လက်တွေကိုအလန့်တစ်ခြား
လှမ်းကိုင်လာသည်။
ခါးလေးကိုညှင်သာစွာကိုင်ပြီး
လည်တိုင်လေးဆီ တရစပ်
တိုးကျသွားသောအနမ်းတွေ
မနက်ခင်းနေရောင်ခြည်သာသာ
နွေးပြပြလေးပင်။
နောက်ထပ်ပခုံးသားလေးပေါ်က
လက်ကြိုးလေးကို ဆွဲချနေတဲ့
သူ့လက်တွေကို လုယာ
မျက်လုံးလေးမှိတ်၍သာ ငြိမ်ထားသည်။
ပေါင်သားလေးတွေအောက်
သူ့လက်တွေလျှိုဝင်ပြန်တော့
ကြောက်လွန်းလို့မှိတ်မိထားတဲ့
မျက်ဝန်းလေးတွေအလန့်တစ်ခြားဖွင့်မိပြန်သည်။
ဂါဝန်အောက်ကနေ ခါးလေးအထိလျှိုဝင်ကာ
Braချိတ်အောက်ကနေ ကျောပြင်ကို
ပွတ်သပ်လိုက်တော့ ရင်လေးကော့တက်သွား၏။
“အို!!”
လန့်ဖျန့်ခြင်းတွေနဲ့အတူ လုယာ
သူ့လက်တွေကိုဖြုတ်ချမိရာ
သူက လုယာလက်တွေကိုဆွဲကာ
သူ့ခါးပေါ်တင်ပေးသည်။
ခါးက အင်္ကျီစကို ကျစ်နေအောင်
ဆုပ်ကိုင်ထားမိကာ လုယာ မျက်လွှာလေးချသည်။
ချိတ်တွေဖြုတ်လိုက်ပြီး သူမရင်အုံနွေးနွေးလေးဆီ
သူ့လက်တွေကျူးကျော်လာ၏။
“ဒယ်ဒီ”
လုယာကြောက်သည်။
သတိပေးသလိုခေါ်လိုက်တော့
“ဗျာ”
လူကိုရွဲ့တာမျိုးတော့မဟုတ်ပေမဲ့
ကြောက်လို့ခေါ်တာကို ထူးနေတာက
အမြင်ကပ်စရာကြီး
ဂါဝန်တစ်ထည်လုံးကိုမချွတ်လိုက်ရင်း
ပြုတ်နေတဲ့ ဘရာကိုပါချွတ်လိုက်တော့
ညမီးရောင်အောက်က ဖွေးဥနုဖက်နေသည့်
ခန္ဓာကိုယ်လေးက သူ့ရင်ခွင်ထဲ
သေးသေးလေးနဲ့ ကျုံ့ကျုံ့လေးရှိနေသည်။
ပေါင်မုန့်လေးလိုနူးညံ့နေတဲ့
ရင်သားလေးတွေကို ဖြေးညှင်းစွာနမ်းရင်း
သူ့လက်တွေက ပင်တီတစ်ထည်သာ
ရှိတော့တဲ့ ခန္ဓာကိုယ်အောက်နံလေးဆီ
“ဟင်!!”
သူမပင်တီလေးထဲ သူ့လက်ကြီးဝင်ကာ
အတွင်းသားလေးကိုလက်ချောင်းတွေနဲ့
ထိလာ၍ လုယာကျောထဲချမ်းစိမ့်ကာ
သွေးကြောတွေပါထုံကျင်လာသည်။
မထိတွေ့ရတာ ရက်အတော်ခြားနေပြီမို့
အသစ်စက်စက်အတိုင်းကျင်တက်နေသည်။
သူ့လက်ချောင်းက တိုးဝင်လိုက်ဖို့
ဟန်ပြင်တုန်း ရင်ခွင်ထဲ ကော့တက်လူးနေတဲ့
လုယာ သူ့အင်္ကျီစတွေကိုလည်း ကုပ်ကိုင်
ဆုပ်ထားရင်း မျက်ရည်စတွေနဲ့
ငြင်းဆန်နေတော့သည်။
“ဟင့်အင်း ဒယ်ဒီ ဟင့်အင်း
မ မလုပ်ပါနဲ့တော့ လုယာ လုယာ
ကြောက်တယ်”
ဝါဂွမ်းလေးလို နူးညံ့တဲ့ သူမမူပိုင်ပစ္စည်းလေးဆီ
လေထုကြီးလို သူမကြမ်းပြစ်ချင်တော့၍
ခေါင်းငြိမ့်ကာပြုံးရင်း နှဖူးလေးကိုနမ်းကာ
“အင်း အင်းပါကိုယ်မလုပ်တော့ဘူးနော်”
ထိုအခါမှ လုယာ အသက်ရှူချောင်သလို
မျက်ရည်စတွေနဲ့ခေါင်းလေးတစ်ရစပ်
ငြိမ့်ပြပြီး ပင်တီထဲကသူ့လက်ကိုထုတ်လိုက်၏။
“အဟင်းဟင်း ကိုယ့်ကို
တစ်အားကပ်စီးနည်းတယ်ကွာ”
ကျောပြင်လေးကနေ မပြီး သူ့ပေါင်ပေါ်
ခွထိုင်စေ၏။
သူမရင်သားလေးတွေကို သူ့အကြည့်တွေ
ညစ်ထေ့ထေ့နဲ့ရောက်လာတော့
ချမ်းစိမ့်မှုတွေနဲ့လုယာ လက်လေးနဲ့
ယှက်တွယ်ကာပြစ်သည်။
လူလည်ကျနေတာလေးကို
ပြုံး၍ ညှပ်ရိုးလေးအားဖိကြိတ်ပြီး
အိပ်ရာပေါ်လှဲလိုက်၏
သူ့ဘေးရောက်သွားခိုက်
လုယာရင်ခုန်သံတွေ
ထိန်းမရ စီးမရဖြစ်သွားရကာ
မျက်ဝန်းလေးလည်း
ပြူးကျယ်နေရသည်။
“အိပ်တော့ ဘာမှမလုပ်တော့ဘူး”
သူ့လက်မောင်းပေါ် သူမခေါင်းခုနေရပြီး
နောက်လက်တစ်ဖက်က ပါးအိအိလေးကို
မနာအောင်ညှစ်ဆွဲပြီးပြောနေတဲ့ထိုလူရဲ့
မျက်နှာချောချောကြီးကို လုယာမျက်ဝန်းအဝိုင်းသား
ငေးကြည့်နေမိ၏။
ခါးအိအိလေးကို မနာအောင်ညှစ်ကိုင်ပြီး
တစ်ဖြေးဖြေးတင်ပါးလေးပေါ်
တိုးတိုက်ပွတ်သပ်နေတော့ နောက်ဆက်တွဲ
ပြဿနာအားလုယာ မလွန်ဆန် မရုန်းဆန်နိုင်၍
သူ့လက်တွေဆွဲယူကာ ခါးပေါ်ပြန်တင်၏။
ညစ်ထေ့ထေ့ရယ်ရင်း နှာဖူးလေးဆီ
သူ့နှုတ်ခမ်းတစ်စုံဖိကပ်ထားလိုက်တော့သည်။
“အိပ်တော့ မအိပ်ရင်
မပြောတတ်ဘူးနော် ကိုယ်ဆက်ထိန်းပါ့ဦးမယ်လို့”
လုယာ မျက်လုံးလေးဝိုင်းနေရင်း
ချက်ချင်းဖျက်ခနမှိတ်လိုက်တော့
သူကရယ်သည်။
“တကယ့်ဟာလေး”
ရယ်ရင်း သူကို သူ့ရင်ခွင်ကြီးထဲ
ဆွဲသိမ်းပြစ်လိုက်တော့၏။
သူ အခုမှချစ်တတ်လာတာ…
???????????
ပရောဂျက် အသစ်အတွက် အလုပ်တွေပိ
မနားရတဲ့ရက်တွေအပြင် ရုံးပိတ်ရက်တောင်
ညနက်တဲ့အထိ သူနောက်ကျမှအိပ်သည်။
အခုလည်း အလုပ်စားပွဲပေါ် ပါဝါမျက်မှန်နဲ့
ကွန်ပျုတာကြည့်လိုက် ဘောလ်ပင်ကိုင်လိုက်အပြင်
ထပ်ထားတဲ့ ဖိုင်တွဲတွေဆီလည်း တစ်ခုချင်း
ဆွဲယူကြည့်သေးသည်။
လုယာ ဂိမ်းဆော့ရင်း ပျင်းလာပြီးမို့
သူ့ကိုနှောက်ယှက်ချင်စိတ်တစ်ဖွားဖွားဖြင့်
စိတ်မရှည်တော့သလို သက်ပြင်းလေး
စောင့်ချကာ ထလာခဲ့၏။
“ဒယ်ဒီ လုယာပြောစရာရှိတယ်”
ဘေးနားကအသံနှင့်အတူ သူပေးဆော့ထားတဲ့
ဖုန်းကိုင်ထားသော လုယာဘက်တစ်ချက်ကြည့်ပြီး
ကွန်ပျူတာရှေ့အကြည့်ပြန်ပို့၏။
“ပြောလေကလေး”
အလုပ်မပျက်ပေ…
လုယာ စိတ်လည်းဆိုးချင်သွားသလို
မျက်မှောင်လေးခြစ်ကုပ်ကာ
နှုတ်ခမ်းလေးဆူပြစ်သည်။
ပြောမယ်ဆိုပြီးတိတ်ဆိတ်သွားတော့
သူလှည့်ကြည့်၏။အတိုင်းသား
အလိုမကျခြင်းမျက်နှာပါးလေးနဲ့
သူ့အားရပ်ကြည့်နေတဲ့လုယာ…
“အယ် ကလေးပြောလေ”
“ပြောပြမယ်”
နှောက်ယှက်ချင်စိတ်က စိတ်ကောက်ချင်စိတ်ထပ်
ပိုနေတာကြောင့် လုယာ နှာခေါင်းလေး
ရှုံ့ကာ ကွန်ပျူတာကြည့်မပျက်တဲ့ အလုပ်ကိုသာ
အာရုံစိုက်နေသော သူ့အနားသို့တိုးလှမ်းကာ
လက်ထဲက ဖုန်းကိုသူ့စားပွဲအသံမည်အောင်
တင်လိုက်ရင်းတစ်ဆက်တည်းမှာပင်
သူ့ပေါင်ပေါ်ထိုင်လိုက်၏။
ကွန်ပျူတာက သူမခန္ဓာကိုယ်လေး
ကာရံသွား၍ ကြည့်မရဖြစ်သွားကာ
သူထူးဆန်းနေတဲ့ လုယာကို
မော့ကြည့်ခိုက် သူမလက်လေးတွေ
သူ့ဂုတ်ကိုသိုင်းဖက်လာသည်။
သခင် ကြောင်သွားရသလို
ထူးထူးဆန်းဆန်းမလား…
“လုယာက အဲ့အလုပ်လောက်
အရေးမကြီးဘူးမလား
ဟွန့် ပြောတော့ ချစ်တယ် ချစ်တယ်”
နှုတ်ခမ်းလေးကို ဆူချိတ်၍
မျက်နှာလေးဟာရှုံ့ထားသည်။
“အယ်”
သူ ဘာပြန်ပြောရမည်မသိအောင်
ကြောင်လုလုကြီးဖြစ်နေဆဲ
“ပြောပါတယ် သူက ကလေးရှိလို့
တာဝန်ယူပြတာပါဆို ဟွန့်!”
“ဟာ ကိုယ့်ကိုအဲ့လိုမကျီစားနဲ့ကွာ
ကိုယ်ကလေးကိုချစ်လို့ ကလေးဗိုက်ထဲ
မျိုးစေ့ရောက်တာပေါ့
မှတ်မိလား ဖူးဖူးနဲ့မအိပ်မိတာ
ကလေးကိူချစ်လို့ပေါ့”
“အို!! ဘာတွေပြောမှန်းလည်းမသိဘူး”
အတိတ်ကိုပြန်ဆွလိုက်တော့
မျက်နှာလေးချက်ချင်းကိုရဲလာတာမို့
မေးလေးကိုလက်ချောင်းတွေနဲ့
မနာအောင်ဆွဲညှစ်သည်။
စိမ်းညိုညိုမျက်ခုံးတန်းလေးနဲ့
မျက်ဝန်းညိုတွေဟာ သူ့ကိုဆွဲငင်ထားသည်။
“ပြောပါဦး အခုက ဘာဖြစ်ချင်လို့လည်း”
နီညိုရောင် ညဝတ်ဂါဝန်ဖြဖြလေးနဲ့
ညမီးရောင်အောက်က ဟိန်းဟပ်တောက်ပနေသော
သူ့ရဲ့မိဖုရားလေး ဘာကိုမကျေနပ်၍
နှုတ်ခမ်းလေးဆူနေပါသလည်း
“အလုပ်မလုပ်ပဲ ကလေးကိုလုပ်ရမှာလား”
“ဒယ်ဒီနော်”
“အင်းပါ ဒီနေ့လပြည့်နေ့
ကောင်းကင်ကိုကြည့်မလား”
လုယာ ချက်ချင်းခေါင်းငြိမ့်တော့
ပေါင်ပေါ်က လုယာကိုပွေ့ချီ၍
အခန်းထဲကထွက်လာကာ
ဝရံတာဆီဦးတည်ခဲ့သည်။
သူမကိုချပေးရင်း နောက်ကနေခါးနဲ့ဗိုက်ကို
ယှက်တွယ်ဖက်လိုက်ကာ ဝိုင်းစက်စက်
လမင်းကြီးရဲ့အရှိန်အဝါတောက်ပမှုကို
အတူတူခံစားရင်း
“ကိုယ့်ကိုချစ်လား”
လုယာ ဒီတစ်ခါတော့ စကားမလွှဲဖို့
ကြိုတင်ပြင်ဆင်ထားတာကြောင့်
“ဟုတ် ချစ်တယ်”
သူကျေနပ်စွာပိုတိုးလို့ဖက်လိုက်သည်။
မှိန်းပြပြကြယ်ကလေးများနဲ့
ထည်ဝါသော လမင်းကြီးအောက်က
ချစ်ရသူအား သူလွတ်ထွက်သွားမှာ
ကြောက်မိကာ မွန်သိပ်အောင်ဖက်ထားပြီး
သူ့ဘက်ဆွဲလှည့်ကာ
“အခုတော့ ကိုယ့်ကိုဝန်ခံပြီပေါ့”
ရွှင်ပြပြသူ့မျက်နှာကို လုယာ
နှုတ်ခမ်းလေးစုကာ
ကြည့်ပြီး ခေါင်းလေးငုံ့မိပြီးမှ
“အာ့ကြောင့် တမင်ရှုပ်တာအဟီး”
အမှန်တိုင်းဝန်ခံပြီး အပြစ်ကင်းစင်သော
အပြုံးလေးနဲ့ဟီးခနဲရယ်လိုက်တော့
နဂိုထဲက စိတ်မတိုရက်တာမို့
အသဲယားစွာပင် နှာခေါင်းလေးအား
အသာတောက်လိုက်သည်။
“ကိုယ့်ကို တမင်ကျီစယ်ရဲတယ်ပေါ့”
“ဟီး”
“ဘယ်လို အပြစ်ပေးသင့်လည်း”
သူ မျက်ဝန်းညိုလေးတွေကိုစိုက်ကြည့်ပြီး
နှုတ်ခမ်းညွန့်ပြုံးကာ မေးဆက်လိုက်ရင်း
သူမကိုမေးနေသည့်ဟန်လေးလုပ်လိုက်၏။
“ဘယ်လို အပြစ်ပေးချင်လည်း”
မကြောက်သလို မျက်နှာဘေးလေးနဲ့
ပြန်မေးတော့ သူမနှုတ်ခမ်းလေးပေါ်
နိုင်ထက်စီးနင်းဖြင့်ဗိုလ်ကျလိုက်၏။
ထိုအခါ မျက်နှာလေးရဲပြီး
သူမလက်တွေ သူ့ရင်ဘတ်ပေါ်
တစ်ဘုန်းဘုန်းကျလာ၏။
“နောက်တစ်ခါ ကိုယ့်ကိုရှုပ်ရင်
အဲ့လိုအပြစ်ပေးမှာ”
လုယာ ဟီးခနဲရယ်ပြီး
ခြေဖျားလေးတွေထောက်လိုက်ကာ
သူ့နှုတ်ခမ်းပေါ် နွေးထွေးသော
အနမ်းတစ်ပွင့်ခြွေပြီးမှာတော့
ရင်ခွင်ထဲတိုးဝင်ဖက်ပြစ်လိုက်သည်။
သူ့ကိုနမ်းပြီး ခေါင်းလေး
မဖော်တော့တဲ့ သူမကို
“တာဝန်ယူရတော့မယ်
ကိုယ့်နှုတ်ခမ်းရိုနမ်းပြီးရင်
တစ်သက်လုံး တာဝန်ယူရတော့မယ်”
“ယူမှာပေါ့”
ရင်ခွင်ထဲကပ်ပြီးပင် ပြော၏။
“တစ်သက်လုံး ကိုယ့်အနာဂတ်လေးအဖြစ်
တာဝန်ယူပေးရမှာပဲ
ပြီးတော့ ကလေးတွေအများကြီးနဲ့
ကိုယ့်ကိုလည်း ချစ်ရမယ်”
အမိန့်ပေးနေတာမဟုတ်တဲ့ သူ့လေသံ
ဩဩကြီးကြောင့် လုယာ သူ့ကို
ပိုတိုးလို့ဖက်ပြစ်လိုက်ကာ
ခေါင်းလေးအနည်းငယ်ထောက်မိပြီး
ရင်ဘတ်နားကအင်္ကျီပေါ် နှုတ်ခမ်းဖျားလေးနဲ့
နမ်း၍ မျက်ဝန်းလေးဝိုင်းကာ
မော့ကြည့်လာသည်။
သူမလေးကို သူငုံ့ကြည့်သည်။
“ဟင် မွေးပေးမှာလားလို့”
ထိန်လင်းနေတဲ့ လမင်းကြီးနဲ့အတူ
လုယာမျက်ဝန်းလေးတွေတောက်ပနေသည်။
“အွန်း မွေးပေးမယ်”
“အာ…ချစ်လိုက်တာဗျာ”
သူမ ဒူးကနေ မချီလိုက်ရင်း
သုံးလေးပတ်လောက်လှည့်ပြစ်ကာ
အပျော်ကြီးပျော်နေတဲ့ သူက
တစ်ချိန်ကရေခဲပြင်ကြီးအလား
အေးစက်ကြမ်းကြုတ်မှုတွေနဲ့ မိုးကြိုးသခင်တဲ့!
ရှက်သွေးဖြာကုန်တဲ့လမင်းကြီးကပင်
လေပြေလေအေးတွေနဲ့အတူ
အရောင်လေးဖျော့တော့သွားသည်။
သူ့ကိုပျော်ရွှင်စေခဲ့တဲ့ ကြေးလုယာလေးလည်း
အတိတ်နွံကိုမေ့ကာ ပျော်ရွှင်မှုတွေ
ရင်ထဲမဆံ့အောင်တော့ပဲ
သိပ်ချစ်တတ်တဲ့လူနဲ့တွေ့တော့ မျက်ရည်ဆိုတာ
သူမအတွက်တော့ ဝမ်းသာမှပေါ်လာတတ်သည့်
အရာဖြစ်ခဲ့ပြီ…
အချစ်တွေပြည့်စုံနေတဲ့
အနာဂတ်ဆီ သူရယ် လုယာရယ် ကလေးလေးရယ်
ပြီးပါပြီ
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)