Daddy လူဆိုး - အပိုင်း 4
ဆံပင်လေးတွေ ဖြန့်ချပြီး သူပေးထားတဲ့
အညိုရောင်ဖျော့ဖျော့ လက်တစ်လုံးဂါဝန်
ဒူးပေါ်နဲ့ ဖွေးဥပြီး သွယ်လျတဲ့ ခန္ဓာကိုယ်လေးပေါ်
တင်ကိုတင် ရင်ကိုရင်အတိုင်းကွက်ထိကျစေသည်။
တင်ပါးအထိ ရှိတဲ့ ဆံနွယ်တွေကြောင့်
ပြည့်ပြည့်လုံးလုံးရှိတဲ့ ကောက်ကြောင်း
အလှကို ဖုံးထားရာရောက်သည်။
လှေခါးအတိုင်းဆင်းလာနေတော့ ကျွန်းစားပွဲကြီးပေါ်
ခြေဆင်းကာထိုင်နေတဲ့ သူ့ရဲ့အကြည့်တွေ မှင်သက်
ကုန်သည်။ဒေါ်ဒေဝီက လက်နှစ်ဖက်ရှေ့စု၍
ခေါင်းငုံ့ထားလျက် အောက်ဆင်းလာသော
ဖိန့်ဖိန့်တုန်နေတဲ့ မျက်နှာပြည့်ပြည့်ဖူးဖူးလေးကို
အသာမျက်လွှာပင့်ကြည့်ပြီး
“မနက်စာ စားလို့ရပါပြီ သခင်မလေး”
နူးညံ့စွာ ကြိုဆိုနေတဲ့ ဒေါ်ဒေဝီကို သူမမျက်လွှာလေး
လွှဲကြည့်တော့ ဘေးမှာ ခင်ခင်ဆိုတဲ့ သူမနဲ့
သက်တူရွယ်တူ မိန်းကလေးက ခပ်ကုတ်ကုတ်လေး
ရှိနေ၏။
“မင်း နောက်ဆို မနက်ခင်းစောစောထရမယ်”
အိမ်မှာဆိုရင်လည်း သူမက စောစောထတတ်တဲ့
သူပါ။အခုလည်း တမင်အချိန်ဆွဲ ထတာမှ မဟုတ်ဘဲ။
သူ စားပွဲပေါ်ကခြေထောက်ချလိုက်ပြီး
“မနက်စာ စားဖို့ ကိုယ်မင်းကို
စောင့်နေရတယ်”
သူ့ကြောင့်ဘဲလို့ ပိတ်အော်ပြောချင်လိုက်တာ
ပါးစပ်တွေကို ယားနေရော…
သူ့နောက်ကနေ လိုက်သွားရင်းက
“လုယာကို ဘာလို့ ဒီလိုဝတ်ခိုင်းတာလည်း”
မဝတ်ရဲတာမဟုတ်ပေမဲ့ သူက ဒီလိုဝတ်ရမယ်ဆိုလို့
ဘာအတွက်လဲသိချင်သွား၍ ဖြစ်သည်။
ကျောပြင်ကျယ်ကြီးက တစ်ချက်မှ
လှည့်မလာသလို ခြေလှမ်းတွေကလည်းပုံမှန်အတိုင်း
လျှောက်နေသည်မို့ ကိုယ့်စကားကို အဖတ်မလုပ်တာ
သိသာသည်။စိတ်တွေလည်းတိုလာတော့ သူ့ကို
မျက်စောင်းမာမာလေးပိတ်ထိုးပြစ်ကာ နှုတ်ခမ်းလေး
ဖိကိုက်ထား၍ မျက်ခုံးတန်းလေးနှစ်ဖက်ဟာ
အလိုမကျခြင်းများကြောင့် ထိလုနီးနီး ခြစ်ကုတ်
ထားသေးသည်။
ဘာမှပြန်ပြောခွင့်မသာလို့သာ
အံလေးကြိတ်၍ နေမိတာ
မဟုတ်လို့ကတော့ လုယာသူ့ကို
ရဲဖမ်းခိုင်းပြစ်ချင်သည်အထိ မုန်းတယ်ဆိုတာ
သူသိလာလိမ့်မယ်…
“မင်းက မနက်စာကို နွားနို့နဲ့ပေါင်မုန့်
ဆန်ပြုတ်ပဲသောက်တယ်ဆို”
လေးထောင့် စားပွဲရှည်ကြီးထပ်က
မနက်ခင်းစားစရာတွေ နေရာလွတ် မရှိအောင်
ပြည့်လျှံနေတာကို မြင်မိရာမှာ
လုယာ မျက်လုံးလေးအဝိုင်းသား
အိမ်မှာတုန်းကလည်း မနက်စာစားပွဲဝိုင်းက
များပြားလှပါရဲ့…။သို့ပေမဲ့ နန်းတော်ထဲက
ဘုရင်တွေ စားသုံးဖို့အလား …
အိမ်ကြီးကလည်း အနီရောင်ရဲတိုက်ကြီးလို
ပြင်ဆင်မှုတွေကလည်းအနီနဲ့အမည်းသားသည်။
ဒီအိမ်ကြီးထဲ သူပြီးရင် တစ်ခြားလူက
အိမ်အကူတွေကြီး…ဒါဆို သူ့ရဲ့မနက်စာက
နေ့တိုင်းဒီလိုဘဲလား…
မရှိဆင်းရဲသားတွေသာဆိုရင်
ဒီလိုစားပွဲကိုကြည့်ပြီး ထိုင်ငိုကြမလား
လုယာလို လူတောင် ဒီလိုအံ့ဩနေတယ်ဆိုတော့
မထိုင်သေးဘဲမျက်လုံးပြူးကြည့်နေသော
လုယာကြောင့် လက်ကိုဆွဲ၍ သူ့ဘေး
ထိုင်စေလိုက်သည်။
ထိုအခါမှ သတိဝင်လာကာ
လက်ကိုမသိမသာလေးရုန်းထွက်လိုက်၏။
“စားပြီးရင် ကိုယ်အပြင်သွားမှာ
မင်းလိုက်ရမယ်”
“အို မလိုက်…”
“မင်းမှာငြင်းပိုင်ခွင့် အထွန့်တက်ပိုင်ခွင့်
မရှိဘူး”
ပိတ်ပြောလာသော သူ့ကို လုယာ
မျက်ဝန်းလေးဝိုင်းပြီးသာ ကြည့်၍
စကားလုံးတွေလည်း ပျောက်ရှသွားခဲ့ရ၏။
သူက အနိုင်ရပြီဆိုတဲ့ မျက်ဝန်းနက်နက်တွေ
နေလိုစူးရှတောက်ပကာ အကြည့်ချင်း
မဆုံရဲအောင်…။
ချက်ချင်းမျက်လွှာချပြစ်လိုက်သည်။
မနက်စာ စားဝိုင်းလေးမှာ အပ်ကျသံပင်
ကြားရလောက်တဲ့အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကာ
ဒေါ်ဒေဝီလည်း လိုတာထည့်ပေးဖို့ရာ
ငြိမ်ငြိမ်လေးရှိနေခဲ့သည်။
? ̄︶ ̄ ̄︶ ̄ ̄︶ ̄?
အေးမြတဲ့ဆောင်းလေညှင်းဖြူးလေး
တစ်လူးလူးပြေးခက်လာတော့
လက်တစ်လုံးကြိုးး ဒူးပေါ်ဂါဝန်အကြပ်လေးနဲ့မို့
နူးညံ့တဲ့ အသားရည်များ
မခံနိုင်လောက်အောင် အေးစက်လာသည်။
လက်မောင်းသားလေးတွေကို
ပွတ်သပ်ကာ နှူတ်ခမ်းရဲရဲလေး
တုန်တက်နေရှာသည်။
သူ အလုပ်ကိစ္စဆွေးနွေးနေရင်း
တစ်ခြား လူတွေများလာလို့
လုယာကို အရှေ့မှာရပ်ထားတဲ့
ကားနား သူ့လူတစ်ယောက်နဲ့
စောင့်ထားခိုင်းသည်။
အပြင်မှာမို့ လေတွေပိုအေးသည်။
အမှောင်ရိပ်ဖြိုးကျလာကာ
ကောင်းကင်တစ်ခွင်လုံး အနီရောင်မှ
အမည်းရောင်သို့ပြောင်းလဲကုန်လေပြီ
ကြယ်ရောင်လေးတွေလည်းလင်းလက်လာကာ
သူအခုထိ ထွက်မလာသေး…
တကယ်ကို စိတ်ရှုပ်စရာကောင်းပါရဲ့
လူကို မလိုရင်လည်း အစထဲက
ခေါ်မလာခဲ့သင့်ဘူးမလား
အအေးမခံနိုင်တဲ့ လုယာ
နှာခေါင်းတွေပိတ်လာတဲ့အထိ
ချမ်းတက်လာပါသည်။
“လုယာ အေးတယ်”
“ကားထဲ ဝင်မထိုင်ခိုင်းဘဲ
မင်းကဘာလို့ဒီမှာရပ်နေခိုင်းတာလည်း”
လက်မောင်းလေးပွတ်ပြီး မျက်နှာလေးရဲဖြာကာ
နှုတ်ခမ်းလေးတွေတုန်လှုပ်လှုပ်ဖြင့်
သူထားခဲ့တဲ့ လူဘက်လှည့်ပြောတုန်း
နောက်က ထည်ဝါစွာ လျှောက်လာရင်း
လှမ်းအော်တော့ တပည့်ဖြစ်သူက
တုန်တုန်ရှားရှားနဲ့ မျက်နှာပျက်သွားသည်။
အပေါ်ကုတ်အင်္ကျီအတွင်းက အမည်းရောင်
လက်ရှည်ကြီးနဲ့ နတ်ခ်တိုင်အမည်းကို
အရောင်ထပ်ပေမဲ့ ကြည့်လို့ကောင်းအောင်
ရှူးဖိနပ်ကအစ အမည်းရောင်ဖြစ်၏။
မျက်ခုံးထူထူကြီးတွေ ထိလုနီးနီးချိုးထားတဲ့
မျက်ခုံးအောက်ကမျက်ဝန်းနက်နက်တွေ
အလိုမကျခြင်းများစွာ
သူ့ကိုကြည့်ပြီး လုယာ ခေါင်းလေးငုံ့၏။
လျှောက်လာနေရင်း အပေါ်အင်္ကျီချွတ်ကာ
လုယာဘေးရောက်တော့ ချက်ချင်းဘဲ
သူ့လက်ကြီးတွေမြှောက်ကာ လွှားခနဲခြုံပေးသည်။
လုယာ ပခုံးလေးတွေကျုံ့သွားရကာ
သူ့လက်ကြီးတစ်ဖက် ပုခုံးစွန်းရောက်လာလို့
ဖြစ်သည်။
“ချမ်းနေရင် ကားထဲဝင်မထိုင်တတ်ဘူးလား
ပြန်မယ်လာ”
ဆူလဲဆူသေးကာ ကားတံခါးဖွင့်လိုက်ပြီး
ထိုင်စေ၏။မောင်းသူ နေရာက သူ့ထိုင်လိုက်တယ်ဆို
သူခြုံပေးထားတဲ့ အဝတ်ကို ကျစ်နေအောင်
ဆုပ်ကိုင်ထားကာ အသက်ရှူသံတွေ
မြန်လာပြီး နှာလေးတစ်ရှုံ့ရှုံ့ဖြစ်နေ၏။
“ဖျားတော့မယ်ထင်တယ်”
မေးခြင်းနှင့်အတူ သူ့လက်ခုံက
သူမနှဖူးလေးပေါ် ညှင်သာစွာ
ကြမ်းတမ်းလိုက် နူးညံ့လိုက်နဲ့
ထိုလူကို လုယာ ကြောက်လွန်းလို့ အကြည့်ချင်းတောင်
မဆုံရဲ…။
“ကိုယ့်ကို ဘာမှအောင့်အီးထားစရာမလိုဘူး
မင်းသိဖို့က ကိုယ်ကမင်းရဲ့တရားဝင်
အိမ်ထောင်ဦးစီးဆိုတာဘဲ”
လန့်ဖျန့်ခြင်းများနဲ့ မျက်လုံးလေးဝိုင်းကာ
ပြန်ပြူးကြည့်နေတော့ တည်ကြည်လွန်းတဲ့
သူ့မျက်နှာ မေးရိုးကျကျနဲ့ မျက်လုံးနက်နက်တွေအထိ
သေချာမကြည့်ရဲတာမို့ မျက်လွှာချပြစ်လိုက်ရ
ပြန်သည်။
“လုယာက ရှင့်ပေါ်ဖေဖေတင်နေသမျှ
အကြွေးတွေဆပ်ပေးဖို့
ရှင့်ရဲ့ပြည့်တန်ဆာသက်သက်ပါ
တရားဝင်လက်ထပ်ဖို့အထိ
မလိုပါဘူး အကြွေးကျေရင်
လုယာလည်းလွတ်လပ်ပြီ”
သူ ကားစီယာတိုင်ကို ပိတ်ရိုက်လိုက်ကာ
ဒေါသကြောင့်မျက်နှာကတင်းခနဲ
တစ်ခွန်းမကျန် မျက်နှာသေးသေးလေးနဲ့
ပြန်ပြောနေသော သူမကိုကြည့်၍
အသဲယားလာကာ ဖျက်ခနဲတိုးကပ်၍
မေးလေးကိုဆွဲမော့ကာ နှုတ်ခမ်းဖူးလေးကို
ဖိနမ်းပြစ်လိုက်သည်။
ရုန်းဖို့ပြင်လိုက်ပေမဲ့ မလွတ်မှန်းသိ၍
မျက်လုံးလေးမှိတ်ကာ ပေါင်ပေါ်တင်ထားတဲ့
သူမလက်လေးတွေဖိဆုပ်ထားပြစ်မိရင်း
မျက်ရည်များလှိမ့်ဆင်းလာလေ၏။
??????
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)