Daddy လူဆိုး - အပိုင်း 8
လေညှင်းလေးတွေတစ်ဖြူးဖြူး
တိုက်ခက်လာရင်း
နုံးချိချိခန္ဓာကိုယ်လေးထပ်
ဖြာခနဲအေးစိမ့်လာသည်။
မပွင့်ချင်ပွင့်ချင်မျက်လုံးလေးများ
အတင်းဖွင့်ပြစ်လိုက်ရင်း
ခါးအထိလျော့ကျနေတဲ့စောင်ကို
အသာဆွဲယူစဉ် သူ့ကိုယ်လုံးကြီးနဲ့
ဖိထားတာကြောင့်
မျက်လုံးလေးလေးကျယ်သွားသည်။
အိပ်နေတဲ့သူ့ကို စောင်ဆွဲလိုက်လို့ နိုးသွားမှာလည်း
ကြောက်မိသည်။မသိမသာလေးဘဲကုတင်ပေါ်က
ဆင်းဖို့ပြင်တုန်း ဖျက်ခနဲသူ့မျက်လုံးကြီး
စူးရှစွာပွင့်လာသည်။
“ဟင်!”
တုန်ရင်သွားတဲ့ ခန္ဓာကိုယ်လေး ဝတ်လစ်စလစ်
ဖြစ်နေ၍ မျက်ဝန်းလေးအဝိုင်းသား သူ့ကို
ပြန်ကြည့်နေမိသည်။
ခါးလေးကိုဆွဲဖက်ပြီး သူဖိထားတဲ့စောင်ကို
ဆွဲခြုံပေးရင်း မျက်လုံးတွေပြန်မှိတ်သွား၏။
သူ့ရင်ခွင်ထဲ သူမလေးလည်း လှုပ်မရခြင်းများဖြင့်
ရင်တွေတုန်ပြီး မျက်လုံးအတင်းမှိတ်ပြစ်လိုက်ရသည်။
သူ့ရဲ့ အသက်ရှူသံတွေ ကျယ်လောင်လာတော့
အိပ်သွားပြီမှန်းသိလိုက်ရင်း လုယာ
စိတ်ချလက်ချအိပ်ပျော်နိုင်ခဲ့သည်။
????
နှလုံးသားရေးရာကိစ္စမှာ အမြဲတမ်းကြမ်းတမ်းခဲ့တဲ့သူ
ကိုယ့်လက်ထဲရောက်လာတော့လည်း မကြင်နာတတ်
ပြန်ပေ။
ဒေါ်ဒေဝီနဲ့ မနက်စာကူပြင်နေတဲ့ သူမလက်ကို
သူကြမ်းရမ်းစွာ စောင့်ဆွဲပြစ်မိသည်။
တကယ်တော့ သူမကြိုက်တာက သူမကို
ဘာအလုပ်မှ မလုပ်စေချင်တာကြောင့်
ဒါပေမဲ့ ချိုချိုသာသာလည်း သူမပြောတတ်။
“စားပြီးရင် မင်းအတွက်
သင်တန်းအပ်ထားတယ်
သွားတတ်မလား ဒီမှာဘဲနေချင်လား”
သင်တန်းဆို၍ သူမ မျက်လုံးလေး ဝိုင်းစက်
သွား၏။
ဟုတ်လို့လား ဆိုတဲ့ မျက်ဝန်းများနဲ့
တစ်ချက်ပြန်ကြည့်ပြီး မျက်လွှာလေး အသာချ
လိုက်ရာ သူမကိုသူစိုက်ကြည့်နေရာက
“မင်းဒီမှာဘဲနေရင်
ပျင်နေမှာစိုးလို့ နောက်ပြီး
သင်တန်းကလည်း ကိုယ့်ရုံးနားမှာဘဲ
အသွားရော အပြန်ပါ ကိုယ်နဲ့ဘဲ”
သခင် မနက်စာ မစားသေးဘဲ
စကားကောင်းနေသည်။
သူမ သူ့ကိုသေချာတော့မကြည့်ပါ။
ဆန်ပြုတ်ကိုခပ်ရင်း မသောက်သေးဘဲ
အူတူတူလေးငူငိုင်နေရာ
“စားပြီးရင်ကိုယ်နဲ့လိုက်ခဲ့”
ရတိပြတ်သူပြောပြီး မနက်စာ စားဖို့
ပြင်လိုက်သည်။
ဆန်ပြုတ်သာခပ်သောက်နေတာ
အပေါ့အငန် အရသာ သေချာမခံစားမိ။
ချက်ချင်းကြီး ပြောင်းလဲနေတဲ့
သူ့ကို ယုံလို့ရပါ့မလား…
????
လုယာစာအုပ်လေးဖတ်ရင်း
အောက်ထပ်ဆင်းလာတော့
အနီရောင်လက်ရှည်နဲ့
ဒူးကျဘောင်းဘီဝတ်ထားပြီး
ဒန်းပေါ်ထိုင်နေသော ခင်ခင့်ရဲ့
အကိုဆိုတဲ့လူကိုမြင်လိုက်သည်ဖြင့်
သူမခြေလှမ်းလေးတွေနှေးသွား၏။
“ကိုကို ခင်ခင့်ကို လာကူပါဦး”
ထိုကဲ့သို့ပြောပြီး ခင်ခင်က
အနီရောင်နှင်းဆီပွင့်ကြီးပါ
ပန်းအိုးကြီးကို မဖို့ဟန်ပြင်၏။
လုယာ ခြေဆက်မလှမ်းဘဲ
ရပ်ကြည့်နေမိတော့
နားကြပ်ကိုနားကနေဖြုတ်ကာ
လည်ပင်းမှာချိတ်လိုက်ပြီး
လက်ထဲကစာအုပ်ကိုချ၍
ခင်ခင့်ဘက်လျှောက်သွားနေတဲ့
အရပ်မြင့်မြင့်ထောင်ထောင်မောင်းမောင်း
ကြည့်လို့ကောင်းလွန်းတဲ့ကိုယ်ဟန်နဲ့
တွန့်လှုပ်ပြုံးနေတဲ့ နှုတ်ခမ်းနီနီတစ်စုံ
လုယာ အသေးစိတ်လိုက်ကြည့်မိပြီး
ပြုံးလိုက်မိသည်။
“တော်တော်အားကိုးတတ်နေတာ
ဦးလေးဘယ်သွားလို့”
“ရွာပြန်နေတာမသိဘူးမလား
ဘယ်သိမလည်းကိုကိုက
အလေဘဲလိုက်နေတာကို”
ပြောတာလည်းမှန်နေ၍
ညီမဖြစ်သူခေါင်းကို
အရှက်ပြေမနာအောင်လှမ်းခေါက်ရင်း
အံကြိတ်သံကြီးနဲ့
“နင့်အပူလား
ငါသင်တန်းတက်နေတာ
မသိတာကျလို့”
ပြောလည်းပြော ထပ်ခေါက်သည်။
ဒုတိယတစ်ချက်က အားပါသွားတာကြောင့်
ခင်ခင် ခေါင်းကိုကိုင်ပြီး မျက်နှာလေးရှုံ့ကာ
“အကျင့်မကောင်းဘူး
အကိုဖြစ်ပြီး”
“အေး နင်ဟုတ်လို့လား
အကြီးကို မလေးမစားနဲ့
ငါသခင်ကြီးနဲ့တိုင်မှာ”
သခင်ကြီးလို့ပြောလိုက်တော့
ခင်ခင်မျက်နှာလေးသိသိသာသာ
ငယ်ကျသွား၏။
“မ မ မကူ”
“အေးအေးအေး”
မတည့်လေတဲ့ မောင်နှမနှစ်ယောက်ကို
ကြည့်ပြီး လုယာရဲ့ရက်ကွက်ထဲက
ကလေးလေးတွေကိုတောင်သတိရမိသည်။
အရင်က ရပ်ကွက်ထဲကကလေးတွေဆို
လုယာကိုအရမ်းစကြနောက်ကြတတ်၏။
ကလေးတွေနဲ့အပြိုင်စိတ်ကောက်တတ်လို့
လုယာကိုတောင် ကလေးမိတွေ
စကြလေရဲ့။
ကလေးကြီးဆိုပြီးတော့ပေါ့။
ပန်းအိုးသူသယ်သွားတော့
ခင်ခင်ကရှေ့ကပြေးပြီး
ထားမည့်နေရာ လက်ညှိုးထိုးပြသည်။
ပန်းတွေကို ရေဖြန်းပြီး
ဂရုစိုက်နေတဲ့ မိန်းကလေးတစ်ယောက်အား
သူတို့နှစ်ယောက်ကိုကြည့်ရင်း
လုယာမြင်သွားသည်။
ကျောလည်လောက် ဆံနွယ်အလိမ်တွေအား
ရှေ့ပခုံးတစ်ခြမ်းမှာစုချထားပြီး
မိတ်ကပ်ပါးပါးနဲ့မျက်နှာဝိုင်းဝိုင်းလေးက
ဖူးဖူးဖောင်းဖောင်းလေးဖြစ်သည်။
သူမကိုမမြင်ဖူးသလိုစိုက်ကြနေတုန်း
နောက်က ဒေါ်ဒေဝီရောက်လာရင်းက
“ဖူးမြတ်သွယ်တဲ့ ဖူးဖူးလို့ခေါ်ကြတယ်
သခင်ကြီးမိဘရဲ့အချစ်ဆုံးမိန်းကလေးဆိုတော့
သခင်ကြီးကအခုလိုဝင်ထွက်ခွင့်ပေးထား
နည်းနည်းတော့သတိထားနော်ဖူးဖူးက
မထင်ရင်မထင်သလိုကြမ်းတမ်းတယ်”
“အို!”
လုယာ ထိတ်လန့်ခြင်းများနဲ့
လှည့်ကြည့်နေရင်း စာအုပ်လေးကို
ပိုပိုက်ပြစ်လိုက်မိသည်။
ဒေါ်ဒေဝီရဲ့ အပြောကြောင့်
ရင်ထဲမှာလည်း စိုးရိမ်စိတ်တွေ
အနက်ရှိုင်းဆုံးနေရာတစ်ခုဆီ
နင့်နေအောင်စွဲထင်လာပြီး
လုယာ သေချာအောင်ထပ်ကြည့်မိတော့
ထိုင်နေတဲ့ ဖူးဖူးဆိုသည့်
အမျိုးသမီးက မတ်တပ်ရပ်လျက်
သူမကောက်ကြောင်းရဲ့အလှတစ်ချို့ကို
လုယာ မြင်လိုက်ရသည်။
လွန့်လူးနေတဲ့ဆံနွယ်လေးတွေ
ပျော့ပြောင်းအိစက်စွာ
လေယူရာယိမ်းနေကြသည်။
ပြီးပြည့်စုံတဲ့အလှတရား
ရှိပါသော ဖူးမြတ်သွယ်ဆိုသည့်
မိန်းကလေးက အရိုင်းဆန်တဲ့
စိတ်တွေရှိတယ်ဆိုတာ လုယာမယုံနိုင်။
❤️?❤️?❤️?❤️?❤️?
ရေချိုးပြီး ညဝတ်စုံနဲ့
ဆံပင်လေးဖြန့်ချကာ
မှန်ရှေ့ရပ်လိုက်ရင်း
အနည်းငယ်စိုနေသေးတဲ့
ဆံနွယ်တွေကို ခါပြစ်နေလေမိသည်။
ပြီးနောက် မှိတ်တုတ်မှိတ်လေး
လင်းနေတဲ့ ကြယ်ရောင်တွေဆီ
လှမ်းလာရင်း ပြင်တင်းပေါက်
ဘောင်ပေါ်လက်ထောက်လိုက်ကာ
မော့ကြည့်မိ၏။တ
တစ်လက်လက် လင်းလက်နေပါသော
ကောင်းကင်ထက်ကကြယ်ရောင်တွေ
သိပ်ကိုလှပသည်။
လုယာကောင်းကင်ကြီးကို
သဘောကျတယ်
သူတို့ကိုကြည့်ရင်
တိတ်ဆိတ်သလိုခံစားရတယ်လေ
နောက်ပြီးအတွေးတွေ ပိုနက်ရှိုင်းစေတယ်မလား
“လုယာ သခင်ကြီးကညစာ စားဖို့
ခေါ်ခိုင်းလိုက်လို့”
သူမ မျက်ဝန်းလေးလှည့်၍
ခေါင်းလေးတစ်ချက်ငြိမ့်ပြပြီးကာ
“လုယာမဆာသေးလို့
ပြောပေးပါနော်ခင်ခင်”
ခင်ခင်ခေါင်းလေးငြိမ့်သည်။
ချက်ချင်းဘဲလှည့်ထွက်သွားစဉ်
ခင်ခင့်ရှေ့ကထီးထီးကြီးရပ်နေသော
သခင်ကြီးကိုမြင်လိုက်ရရင်း
ဘုရားတလိုက်မိပြီးမှ
ကိုယ့်ပါးစပ်ကိုပိတ်ပြစ်လိုက်ကာ
ခေါင်းလေးဝပ်ပြစ်လိုက်သည်။
သူမလည်းထိုမြင်ကွင်းကြီးကြောင့်
တောင့်တောင့်ကလေးလှည့်လာ၏။
မျက်ဝန်းလေးလည်းပြူးကျယ်နေလျက်
ခပ်စူးစူးအကြည့်တွေ ရောက်လာတော့
နေသားမကျတဲ့ လုယာ
အေးစက်စက်ဖြစ်လာရသည်။
ခင်ခင်က ပြေးထွက်သွား၍
လုယာ ဂါဝန်စလေးကို
သာသာလေးဆုပ်ကိုင်ထားပြီး
“လုယာဗိုက်မဆာလို့ပါဒယ်ဒီ”
“အင်း ဘာစားထားလို့လည်း”
မေးနေရင်း ရှေ့တိုးလာတော့
လုယာ သက်ပြင်းလေးဖွချကာ
“လုယာ ခုနက အအေးသောက်ထားလို့”
သခင် အနားရောက်တော့
လက်လေးကိုဆွဲ၍ သူမနောက်ကနေ
ဖက်ပြစ်ပြီးဗိုက်လေးကိုပွတ်လိုက်ကာ
ချပ်ကပ်နေတဲ့ ဗိုက်လေးကိုထိလိုက်ရလို့
သူပြုံးမိသည်။
“ဒီလောက်ဗိုက်လေးက သေးနေတာ
တစ်ခုခုစားလိုက်မှရမှာ
အအေးကဝလို့လား”
“ဟင့်အင်း လုယာမဆာသေးလို့ပါ”
သခင် အတင်းငြင်းဆိုနေတဲ့
တုန်ရင်နေသော အသံပိုင်ရှင်လေးရဲ့
ဂုတ်ကိုတစ်ချက်နမ်းလိုက်ပြီး
သူ့ဘက်ပခုံးကနေ ဆွဲလှည့်လိုက်၏။
“ကိုယ် ဗိုက်ဆာလို့
ထမင်းအတူတူစားရအောင်
စောင့်နေတာလေ ပြီးတော့
ဧည့်သည်ကလည်း
မင်းနဲ့အတူ ထမင်းစားဖို့ပြောတယ်”
ဧည့်သည်ဆိုတာ ဒေါ်လေးဒေဝီပြောတဲ့
ဖူးမြတ်သွယ်ဘဲထင်သည်။
သူလက်ကိုဆွဲသွားသည်နဲ့ လုယာမငြင်းနိုင်တော့ဘဲ
မျက်နှာငယ်ငယ်လေးနဲ့ပါသွားသည်။
ထမင်းစားခန်းထဲရောက်တော့
ထိုင်စောင့်နေတဲ့ ဖူးမြတ်သွယ်ရဲ့
အပြုံးတွေကိုလုယာမြင်သည်။
လိုတာထည့်ပေးရဖို့စောင့်နေတဲ့
ခင်ခင်က ခေါင်းလေးငုံ့နေသည်။
လုယာ သူ့လက်ထဲက သူမလက်ကို
သာသာလေးဆွဲထုတ်တော့
ထိုင်ခုံးဆီရောက်မှလွှတ်ပေးသည်။
သူမထိုင်လိုက်ရတာ ဖူးမြတ်သွယ်ရဲ့
ဘေးမှာဖြစ်ပြီးသူက လုယာဘေး
အလည်ရောက်နေရတဲ့ သူမနေရတာ
ခက်ခဲပြီး လူကြောက်တတ်တဲ့စိတ်အနည်းငယ်
ပြန်လည်တိုးတိုက်လာတော့လည်း
တစ်မျိုးကြီးဖြစ်လာသည်။
“ဖူးမြတ်သွယ် ဒါကငါ့မိန်းမကြေးလုယာ
ဒယ်ဒီတို့ဆီ မင်းသတင်းပြန်လွှင့်မှာ
ငါသိတယ် ပြောပြီးသားဖြစ်တာပေါ့”
အခုမှ သူ့ဆီက ဒယ်ဒီဆိုတဲ့
အခေါ်အဝေ့ါ်ကြားလိုက်ပြီး
သူ့မိဘတွေရှိနေကြောင်း
မှတ်ချက်ချလိုက်မိသည်။
“စား”
“ဟုတ်ဒယ်ဒီ”
ဖူးဖူး လုယာဘက် မသိမသာကြည့်ကာ
စားပွဲအောက်ကသွယ်လျလျခြေထောက်လေးဆီ
သူမရဲ့ဖြူစွတ်စွတ်ခြေထောက်လေးက
ဖြေးဖြေးချင်းတိုးကပ်၍ ခြေခုံလေးအား
ဖိနင်းပြစ်တော့ လုယာ ပခုံးလေးတုန်ပြီး
မျက်ဝန်းညိုလေးများအထိတ်တလန့်ဖြင့်
လှည့်ကြည့်မိရာ ဖူးဖူးက သွားပေါ်အောင်
ပြုံးပြရင်း ကြက်သားဆီပျံကိုနှိုက်ကာ
“ခင်ခင်ချက်ရင် ကြက်ဆီပြန်အကောင်းဆုံး
ဖူးဖူးကကြိုက်တယ် စားနော်”
လူတွေမရိပ်မိအောင်သော
အချိုသာဆုံး ဟန်ဆောင်ပြုံးဖြင့်
မျက်နှာနှစ်မျိုးနဲ့ ဖူးဖူးဆိုတဲ့
အမျိုးသမီးအကြောင်းပထမဆုံးမှာပင်
လုယာသေချာသိခဲ့ရပါပြီ။
သူ သူဒီမှာဘဲနေမှာလား
“အော် ကိုကို လုယာကို
သင်တန်းထားရင်
ဖူးဖူးနဲ့သင်တန်းတူထားနော်
ဖူးဖူကြည့်ပေးလို့ရတာပေါ့”
ကိုကိုဆိုတဲ့အခေါ်အဝေါ်က
သူမအတွက်ခေါ်နေကြဖြစ်သလို
အခေါ်ခံရတဲ့လူကလည်း
ရိုးနေတဲ့ပုံစံနဲ့ဘဲ ထမင်းစားရင်း
မော့လာသည်။
“အင်း မနက်ပို့ပေးမှာ”
“ဟီး ဖူးဖူးအဖော်ရပြီ”
အပေါ်ကမျက်နှာလေးသာ
ပြုံးနေတာ ဖူးဖူးခြေချောင်း
လှလှလေးတွေက သူမခြေထောက်လေးကို
အညှိုးကြီးစွာဖိလိုက် စောင့်နင်းလိုက်ဖြင့်
မသိမသာလုပ်နေတာ
လုယာ အံလေးကြိတ်ပြီးဘဲ
ငြိမ်ခံနေသည်။
သူတို့ကလုယာထက်အရင်
ရင်းနှီးနေကြတာလေ
လုယာပြောရင် ပိုဆိုးကုန်မယ်
နောက်ပြီး နောက်ပြီးလုယာကြောက်တယ်
တ တကယ်ဘဲ ဖူးဖူးဆိုတဲ့
အမျိုးသမီးက ဒေါ်လေးဒေဝီပြောသလို
စိတ်ကြမ်းတတ်မှန်း သေချာသိသွားပါပြီ…
မရိပ်မိတဲ့ သူက သူမဘက်ကြည့်ရင်း
ထမင်းစားဖို့မေးဆက်ပြရာ
စားချင်စိတ်ပျောက်နေပေမဲ့
သူ့ကိုကြောက်လို့ ဇွန်းလေးကိုင်လိုက်သည်။
❤️?❤️?❤️?❤️?❤️?
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)