Sweety Baby - Part 10
![](https://novel.theatre2.me/wp-content/uploads/2023/11/Untitled-1-e1698957746798-200x300.jpg)
“နွေးရေ. ဥက္ကဌ က မင်းတ်ို့အရောင်းပိုင်းဌာနရဲ့ စားရင်းတွေကိုလာပို့ပေးဖို့ပြောလိုက်တယ် အဲ့ဒါသွားပို့လိုက်နော် ”
“မမပို နွေးမသွားရဲဘူး ”
“ဘာဖြစ်လို့လဲ စားရင်းတွေမပြီးသေးလို့လား ”
“မနက်က ဥက္ကဌဒီကိုလာသွားတယ် ပြီးတော့ အရာရာတိုင်းကိုစိတ်တိုင်းမကျဖြစ်ပြီးဆူငေါက်သွားသေးတယ် နွေးအထင် ဥက္ကဌ စိတ်အခြေအနေမကောင်းဘူးထင်တယ် အဲ့ဒါကြောင့် မသွားရဲဘူး ”
နွေးပြောမှဟုတ်ပါရဲ့ ။
ဥက္ကဌ က ပို့ကိုလည်း coffeeဖျော်ခိုင်းလို့coffeeဖျော်ပေးတာ coffeeပူကိုမမှုတ်ဘဲချက်ချင်းသောက်ပစ်တော့ပူသွားသည်ကြောင့် မဆီမဆိုင်ပို့ကိုဆူလိုက်ပါသေးသည်။
ဥက္ကဌ မှာ စိတ်ရှုပ်စရာရှိလောက်သည်မှာအမှန်။
“မကြောက်ပါနဲ့ စားရင်းတွေမှားမှာဆိုးရင်သေသေချာချာပြန်စစ် ပြီးရင် ဒုဥက္ကဌကိုသွားပြကြည့် ဒုဥက္ကဌကအတည်ပြုမှ ဥက္ကဌ ဆီသွားလိုက်ပေါ့ ”
“ဟုတ်သားပဲ မမပိုပေးတဲ့အကြံမဆိုးဘူး ကျေးဇူးပါမမ ”
“အဲ့ဒါဆိူ မမသွားတော့မယ်နော်
အဆင်ပြေပြီလား ”
“ဟုတ် အဆင်ပြေပြီမမ ”
မမပိုထွက်သွားတော့ စားရင်းဖိုင်တွေကိုအမြန်ပြန်စစ်လိုက်ရ၏။
~~~~~~~~~~~~~~~•:-):-)❤❤❤
“ဒုဥက္ကဌ ဝင်ခွင့်ပြုပါ”
“ဝင်ခဲ့ပါ ”
“အော် နွေးနွေးချစ် ဘာအကြောင်းရှိလို့လဲ ကျွန်တော်တော့မခေါ်မိဘူးနော် ”
“ဟုတ်ကဲ့ ဥက္ကဌက. နွေးတို့အရောင်းပိုင်းဌာနက စာရင်းတွေလာပို့ခိုင်းလို့ အဲ့ဒါ ”
“အင်း အဲ့ဒါဘာဖြစ်လဲ ”
“ဒီနေ့ အရောင်းပိုင်းဌာနမှာ ဥက္ကဌဆူသွားတယ် စိတ်မကြည်ဘူးထင်တယ်
အဲ့ဒါကြောင့် နွေးစားရင်းတွေမှားမှာဆိုးလို့မသွားရဲဘူး ”
“မမှားအောင်သေချာစစ်လေ ”
“ဟုတ် စစ်တော့ပြီးပါပြီ ဒုဥက္ကဌ ထပ်စစ်ပေးကြည့်စေချင်လို့ပါ ”
“အင်း ရပါတယ် ပေး ”
“ဟုတ်ကဲ့ ”
ဒုဥက္ကဌ ကတောင်းလာတော့ နွေးချက်ချင်းပြုံးရယ်သွားကာ ကမ်းပေးလိုက်၏။
~~~~~~~~~~~~~~~~~~•❤❤❤
“ဥက္ကဌ ဝင်ခွင့်ပြုပါ ”
မှန်တံခါးကိုခေါက်ကာ ဝင်ခွင့်လိုက်တော့ တစ်ချက်လှမ်းကြည့်လာပြီး
“ဝင်ခဲ့ ”
ဥက္ကဌရှေ့ရောက်သည်နှင့် စိတ်ပျက်သလိုကြည့်လာပြီး
“ကျစ် ဘယ်ချိန်ရှိပြီလဲ ”
“12နာရီထိုးဖို့ 15မိနစ်ပါ ဥက္ကဌ ”
“လာပို့ခိုင်းလိုက်တာက ဘယ်ချိန်ကလဲ ”
“11နာရီလောက်ကပါ ”
“ငါ့မှာအချိန်တွေအရမ်းအားနေတယ်မင်းထင်နေတာလား မင်းတို့လာပို့ချငိတိုင်းလာပို့လို့ရတယ်လို့တွေးနေတာလား ”
“မ မဟုတ်ပါဘူးဥက္ကဌရယ် နွေးသေချာပြန်စစ်နေလို့ပါ ”
ပြောလည်းပြောနေရင်း လက်ထပ်မှဖိုင်တွေကိုဥက္ကဌရှေ့ကမ်းပေးလိုက်ပေမယ့် ထိုဖိုင်တွေကိုလွှတ်ချပစ်လိုက်တဲ့ဥက္ကဌ….
“မစစ်တော့ဘူး အချိန်တိကျမှုမရှိတဲ့မင်းကို ငါအလုပ်ထုတ်လိုက်ပြီ ”
“ရှင် ”
“မင်းမကြားလိုက်တာလား မင်းကိုအလုပ်ထုတ်ပစ်လိုက်ပြီ ”
“ဟို မလုပ်ပါနဲ့ဥက္ကဌရယ် နွေး နွေးတောင်းပန်ပါတယ် နောက်တစ်ခါမဖြစ်စေရပါဘူး ”
“ထွက်သွားလိုက်တော့ ”
“ဥက္ကဌ. ”
“ငါလုံခြုံရေးတွေခေါ်ပြီးဆွဲထုတ်ရမလား ”
ဘယ်လိုမှတောင်းပန်မရတဲ့အဆုံး ဖိုင်တွေကိုပြန်ကောက်ကာ ထွက်သွားရတော့သည်။
~~~~~~~~~~~~~~~~•❤❤❤❤
တစ်မနက်လုံးစိတ်ကကြည်တယ်မရှိ။
အလုပ်တွေလည်းဘာမှခေါင်းထဲမှာရှိမနေ။
“မင်းဘာတွေလျှောက်လုပ်နေတာလဲရောင် ”
အခန်းထဲကိုရုတ်တရက်နိုင်ရောက်လာပြီး မေးခွန်းထုတ်လာတော့ လက်နှစ်ဖက်ဖြင့် မျက်နှာကိုပွတ်သက်ချပြီး ဆုံလည်ခုံမှာမှီချလိုက်၏။
“ဘယ်ကိစ္စကိုပြောတာလဲ ”
“အရောင်းပိုင်းဌာနက နွေးနွေးချစ်ကိုအလုပ်ထုတ်လိုက်တဲ့ကိစ္စ အဲ့ဒါကွိုင်နော်ရောင် နွေးနွေးချစ်က ဒီကုမ္ပဏီမှာအလုပ်လုပ်လာတာ5နှစ်ရှိပြီ အဲ့ဒီလိုဝန်ထန်းကောင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရမယ်ဆိုရင် တို့ကုမ္ပဏီအတွက် အင်းအားတစ်ခုလျော့သွားတာပဲဆိုတာကိုမင်းမတွေးမိတာလား ပြီးတော့ မင်းဒီနေ့အရောင်းပိုင်းဌာနမှာဆူငေါက်သွားသေးတယ်ဆို အဲ့ဒါကြောင့်နွေးနွေးချစ်ကမင်းကိုကြောက်ပြီး စာရင်းတွေကိုသေချာပြန်စစ်နေရတာ ပြီးတော့ငါ့ဆီကိုအရင်လာပြသေးတယ် ”
တရစပ်ပြောသွားတဲ့ နိုင့်ရဲ့စကားတွေအဆုံး
“အေးကွာ ဟုတ်တယ် ငါ ငါစိတ်တွေရှုပ်နေလို့ပါ ”
“မင်းပြောကြည့် ငါစိတ်တွေရှင်းသွားအောင် ငါကူညီရရင်ကူညီပေးမယ် ”
“နိုင် Babyငါ့ကိုစိတ်ဆိုးနေတယ် ”
“လုပ်ပြီ အသေးလေးပဲလား မင်းကိုစိတ်ရှုပ်အောင်လုပ်တာက ဘယ်လိုဖြစ်တာတုန်း ”
“ဒီလိုကြာ ….”
ရောင်အစအဆုံးပြောသွားသည်ကိုနားထောင်ပြီး
“အဲ့ဒါဆို မင်းက အဲ့ဒီမိန်းမကို အသေးလေးရဲ့အချစ်တွေခွဲပေးတာကိုမလိုလားလို့ မပတ်သတ်ခိုင်းတာဆိုပါတော့ ”
“မဟုတ်ဘူး ခွဲပေးရတာထက် အဲ့ဒီမိန်းမကိုငါ့ထက်ပိုချစ်သွားမှာဆိုးတာ ”
“မင်းကအတွေးလွန်နေတာပဲ မင်းထက် သူစိမ်းတစ်ယောက်ကိုဘယ်လိုပိုချစ်နိုင်မှာလဲ မင်းခုလိုလုပ်တာက မင်းကိုအသေးလေးမုန်းသွားလိမ့်မယ်နော်
မင်းစဉ်းစား ”
“ငါခုဘာလုပ်ရမလဲကွာ ”
“သူဖြစ်ချင်ရင် ဖြသ်ချင်တဲ့အတိုင်းထားလိုက် ငါယုံကြည်တယ် အသေးလေးကမင်းထက် ဘယ်သူ့ကိုမှပိုချစ်မှာမဟုတ်ဘူး အရာအားလုံးကိုလျှပ်တစ်ပျက်စဉ်းစားပြီး ဆုံးဖြတ်ချက်မချပစ်နဲ့ ကိစ္စရပ်တိုင်းမှာအဖြေရှိတယ် စိတ်အေးအေးထားပြီးစဉ်းစား ”
ဟုတ်သားပဲ။
နိုင်ပြောသလို Babyက စိတ်ဆိုးနေတာထက်ပိုသွားပြီးမုန်းသွားရင်
ငါအဆပေါင်းစွာနေရမှာပါလား။
နားချစကားတွေနှင့်ဖြေရှင်းဖို့နည်းလမ်းပြောလာတော့ ရောင်စဉ်းမိသွားရင်း။
~~~~~~~~~~~~~~~~~~•❤❤❤
“ကြီးကြီး ”
“ပြောလေသွင်သွင် ဘာလိုချင်လို့လဲ ဘာဖြစ်ချင်လို့လဲ ”
“သွင်သွင် ကြီးကြီးရှေ့မှာ မလေးစားသလိုပြုမိသွားတဲ့အတွက်တောင်းပန်ပါတယ်နော် ”
“ရပါတယ်သွင်သွင်လေးရဲ့ ကြီးကြီးကစိတ်ထဲမှာမရှ်ိတော့ပါဘူး ”
“သွင်သွင်သေသေချာချာစဉ်းစားကြည့်လိုက်တော့မှအရမ်းဆိုးလွန်းနေတယ်လို့ နားလည်သွားတယ် ပြီးတော့ ပါးနဲ့ကြီးကြီးကိုစိတ်ဆင်းရဲအောင်လုပ်မိသွားတယ် ခု ပါးကိုလည်းစိတ်မဆိုးတော့ဘူး ပါးမကြိုက်တာကိုလည်းမလုပ်တော့ဘူး ”
“သွင်သွင် သမီးတစ်ကယ်ပြောတာနော် ”
“ဟုတ် သွင်သွင်တစ်ကယ်ပြောတာပါကြီးကြီးရဲ့ ”
“ကြီးကြီးဝမ်းသာလိုက်တာ ရောင်သိရင်လည်းအရမ်းဝမ်းသာမှာ ”
“သွင်သွင့်ကိုထမင်းပွဲပြင်ပေးပါလား သွင်သွင်ဗိုက်ဆာနေပြီ ”
“ရတယ်ရတယ် ကြီးကြီးပြင်လိုက်မယ် ”
ကြီ့းကြီးက ဝမ်းပန်းတသာနှင့် ထမင်းပွဲပြင်ပေးနေတော့ သွင်သွင်ပါပြုံးနေမိသည်။
~~~~~~~~~~~~~~~~•❤❤❤❤
“အန်တီမလာတော့ဘူးလို့သမီးထင်ထားတာ ”
“လာမှာပေါ့ အန်တီ့မှာအလုပ်ကတစ်ဖက်နဲ့လေ ခုတောင် အလုပ်ဆင်းတာနဲ့ သမီးဆီကိုချက်ချင်းလာခဲ့တာသမီးရဲ့ ”
အန်တီက သွင်သွင့်ရဲ့ဆံနွယ်လေးတွေကိုပွတ်သပ်ကာပြောနေ၏။
“နောက်နေ့တွေအန်တီသမီးဆီကိုမလာပါနဲ့တော့ ”
“ဟင် ဘာဖြစ်လို့လဲသမီး အန်တီ့ကိုစိတ်ဆိုးနေတာလား ”
“ဟင့်အင်း သမီးစိတ်မဆိုးပါဘူး ဒါပေမယ့် ပါးက အန်တီနဲ့မပတ်သတ်ဖို့မှာထားတယ် ပါးမကြိုက်တာကိုသမီးမလုပ်ဘူး ပါးစိတ်ဆင်းရဲမှာဆိုးလို့ ”
ကားကလမ်းမှာရုတ်တရ်ပျက်သွားသည်ကြောင့် ဝက်ရှော့ကိုဖုန်ဆက်ပြီးလာယူခိုင်းကာ တက္ကစီ ငှါးပြီးအိမ်ပြန်လာခဲ့တဲ့ရောင်။ ဧည့်ခန်းထဲဖို့ကြံရွယ်တုန်း
Babyပြောလိုက်တဲ့စကားတွေကိုကြားလိုက်ရသည်ကြောင့် မျက်နှာဟာအလိုလိုပြုံးဖြီးသွားရသလို ဘေးကိုခဏကွယ်ရပ်နေလိုက်၏။
“ဒါ အန်တီပေးတဲ့ပစ္စည်းတွေပါ ”
“ဘာဖြစ်လို့ပြန်ပေးရတာလဲသမီးရဲ့ သမီးပဲအရမ်းကြိုက်တယ်ဆို ”
“ပါးမကြိုက်လို့သမီးလည်းမကြိုက်တော့ဘူး ”
အမလေး ပါးဆီကအမှတ်တွေယူနေတဲ့babyလေးရယ်။
ပြေးဖက်ပြီး အနမ်းတွေပေးပစ်ချင်နေပါပြီကွာ။
“အန်တီ သမီးကိုချစ်တယ် ”
“သမီးလည်းအန်တီ့ကိုချစ်ပါတယ်
ဒါပေမယ့် အန်တီ့ကို အရမ်းကြီးချစ်တာမဟုတ်ဘူး ချစ်တယ်ဆိုယုံလေးပဲ
သမီးက ပါးကိုအချစ်ဆုံး ”
ယေ့စ် ဒါမှပါးရဲ့babyကွ။
အသည်းတွေအရမ်းယားနေပါပြီကလေးလေးရယ်။
ပြုံးဖြီးနေတဲ့ရောင်ဟာ သွားတွေပင်အအေးပတ်မှာစိုးရသည်။
“ဟဲ့ ရောင် အဲ့မှာရပ်ပြီး ဘာတွေပြုံးဖြီးနေတာလည်း “
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)