Sweety Baby - Part 17
![](https://novel.theatre2.me/wp-content/uploads/2023/11/Untitled-1-e1698957746798-200x300.jpg)
အသိအာရုံကနိုးထလာသလို..ခန္ဓာကိုယ်ကလည်း..တင်းတင်းကြပ်ကြပ်ဖတ်ထားခြင်းကိုခံနေရသည်။
မျက်ဝန်းအစုံကိုဖွင့်ဟကြည့်လိုက်တော့…မြင်ကွင်းအားလုံးကို..တံတိုင်းကြီးတစ်ခုသဖွယ်ကာထား၏။
သွင်သွင်..ရုတ်တရက်လန့်သွားခဲ့ရသလို…..သေချာတွေးကြည့်ပြီးမှ…ပါးမှန်းသိရသည်။
ဘေးစားပွဲမှာတင်ထားတဲ့နာရီကိုလှမ်းဆွဲကြည့်တော့…7နာရီပင်ခွဲနေလေပြီ။
ပါးအိပ်ရင်လည်းအိပ်ပါစေတော့ဆိုပြီး.
ပါးရဲ့ ပါးပြင်လေးကိုလပ်ဖဝါးလေးဖြင့်အုပ်ကိုင်လိုက်ပြီး..နဖူးလေးကိုနမ်းရှိုက်၏။
စောင်လေးကိုဖယ်ကာ…ထွက်သွားမည်ပြုလိုက်ရာ…
“ဘယ်သွားမလို့လဲ…”
လက်တစ်ဖက်ကိုဆွဲထားခြင်းခံရသလို..ပါးဆီကအမေးစကားထွက်လာ၏။
“အိပ်ယာထတော့မလို့လေပါးရဲ့..”
ရောင်…babyလေးရဲ့လက်တစ်ဖက်ကိုထပ်ဆွဲလိုက်ပြီး…အိပ်ယာမှာပြန်အိပ်စေလိုက်သလို…ရင်ခွင်ထဲမှာတင်းကြပ်စွာဖက်ထား၏။
“နေပါအုံးbabyရယ်…”
“အချိန်မစောတော့ဘူးပါးရဲ့..7နာရီတောင်ခွဲနေပြီ…”
“ဒီလိုအခိုက်အတန့်လေးမှာ…babyနဲ့အတူအေးအေးဆေးဆေးနေချင်သေးတယ်…”
“ညကပါးပြောတာက…မနက်စောစောထရမယ်ဆို…ခုတော့..ပါးကိုယ်တိုင်ကိုမထချင်တော့ဘူးလား..”
“ဟုတ်တယ်..မထချင်တော့ဘူး…ထရင်babyနဲ့ခွဲရတော့မှာပေါ့…babyကလည်းကျောင်းသွားရမယ်…ပါးကလည်းအလုပ်မှာနစ်မြှပ်ရမယ်..”
“ပါးကလည်း…”
“ရှူး…”
“ငြိမ်ငြိမ်လေးနေပေး…”
လက်ညှိုလေးနှင့်…babyရဲ့နှုတ်ခမ်းပါလေးရှေ့ကိုတိုးကပ်လိုက်ပြီး..
လည်ပင်းလေးကိုလက်ဖြင့်ကိုင်ကာ..
နဖူးချင်းထိကပ်လိုက်သည်။
“ပါး…”
“ချစ်လို့ပါbabyရဲ့…”
နှုတ်ခမ်းလေးကိုနမ်းမည်ပြုတော့..babyကဟန့်တားလာခြင်း။
“Babyကမျက်နှာလည်းမသစ်ရသေးဘူး…သွားလည်းမတ်ိုက်ရသေးဘူး..”
“ရတယ်..babyကအမြဲသန့်ပြီးသား..”
“ပါး..Baby…”
ရောင်…ထပ်မစောင့်နိုင်တော့ဘဲ…
ခေါင်းလေးကိုလက်ဖြင့်ဖိကိုင်ကာ..နှုတ်ခမ်းတစ်စုံကို…ချိုမြိန်စွာနမ်းရှိုက်လိုက်လေရင်း….။
နံနက်ခင်းနိုးထချိန်ကို..Babyအတွက်အနမ်းတွေနဲ့စတင်ခဲ့ပါတယ်..။
~~~~~~~~~~~~~~~~~~~•*****
“နောက်ကျရင်…babyနဲ့လာအိပ်မပေးနဲ့…”
“ဘာလို့လဲBabyလေးရဲ့…”
“ပါးကbabyကိုစောစောစီးစီးနမ်းတာကို…”
“ချစ်လို့နမ်းတာလေbabyရယ်..
ပြီးတော့…Babyကပါးရဲ့နှုတ်ခမ်းကိုအနမ်းလက်ဆောင်အနေနဲ့ကိုက်လိုက်သေးတယ်…သွေးရောတိတ်ပြီလားမသိဘူး..”
“ဟင့်…နောက်တစ်ခါဆို..ကိုက်ရုံမဟုတ်ဘူး..ဝါးစားပစ်မှာ…”
“Babyကပါးကိုအရမ်းစားချင်နေတာပေါ့လေ…ပါးကအစားခံမှာပေါ့babyရယ်..”
“ကြည့်..အဲ့ဒီပါးနော်…အဲ့ဒီပါး.”
လျှောက်နေတဲ့ခြေလှမ်းတွေကိုရပ်လိုက်ပြီး…ပါးရဲ့ရင်ဘက်လေးကိုထုနှက်နေဆဲ။
“Baby…နားရွက်တွေနီနေတယ်…
ဟော…ပါးတွေရောနီရဲနေတာပဲ”
Babyရဲ့ပါးပြင်လေးကို..လက်ဖြင့်စမ်းကြည့်ပြီး…
“ပါးပြင်ကရောပူခြစ်နေတာပဲ…ဘာဖြစ်တာလဲ…babyနေမကောင်းတာလား…”
“ရှက်လို့လေ…Babyရှက်လို့…ပါးသိသိကြီးနဲ့မေးနေတယ်…”
“ချစ်လို့ပါဆို…ကလေးလေးရယ်..”
ပါးဖောင်းဖောင်းလေးကိုလက်ဖြင့်အသာဖျစ်ဆွဲလိုက်တော့ ..babyက..နဂါးမျက်စောင်းလေးပစ်ပေးလာသလို…ရောင်ကတော့သဘောတကျရယ်နေမိသည်။
“ပါးလိုက်ပို့ပေးမယ်နော်baby…”
“လိုပါဘူး…မဒီနဲ့ယုကိုဝင်ခေါ်ဖို့ဖုန်းဆက်ပြောထားတယ်..သူတို့နဲ့အတူသွားမှာ…ပါးရဲ့ကားကြီးနဲ့မသွားချင်ဘူး..”
“မရပါဘူး…ပါးလိုက်ပို့မှာ…”
“ရောင်…ဒီမှာလေ…ကုမ္ပဏီ ကဝန်ထမ်းက…မင်းပို့ခိုင်းထားတဲ့စက်ဘီးကိုလာပို့ပေးထားတယ်…”
“ပါး..စက်ဘီးဝယ်ထားတယ်ပေါ့…babyစီးဖို့လား…”
ချက်ချင်းဝင်းလက်သွားတဲ့babyရဲ့မျက်နှာလေး…
“မဟုတ်ပါဘူး…”
“ဟင့်…အဲ့ဒါဆိုဘယ်သူ့အတွက်လည်း…ကြီးကြီးစျေးသွားရင်စီးဖို့လို့တော့မပြောနဲ့နော်…”
“ပါးစီးဖို့…”
“ဟမ်…”
Babyကနားမလည်သလို…အကြည့်ဖြင့်မေးလာတော့…နှာခေါင်းလေးကိုခပ်ဖွဖွလေးဖျစ်ကာ…
“Babyကိုလိုက်ပို့ဖို့…”
“Babyလည်းစီးတက်ပါတယ်နော်…”
“စိတ်မချလို့လေ…ဒီကလေးလေးကိုစိတ်မချလို့…ပါးကဖြစ်နိုင်ရင်…babyသွားရာနေရာတိုင်းကို…babyရဲ့ကိုယ်စောင့်နတ်လိုလိုက်စောင့်ရှောက်ပေးချင်တာ…”
“ကြီးကြီး…မနက်စာဘာပြင်ထားလဲ…”
“သွင်သွင်လေးကမနက်စာစားမှာလည်း….ကြီးကြီးက..စိတ်ဆိုးတုန်းထင်ပြီး..အပြင်မှာစားမယ်ထင်နေတာ..ဘာမှတော့မပြင်ဆင်ရသေးဘူး..”
“အဲ့ဆိုကော်ဖီနဲ့မုန့်နဲ့ချပေး…”
“ရတယ်..ကြီးကြီးပြင်ပေးမယ်…”
“ရောင်ရော…”
“တူတူပဲ…”
~~~~~~~~~~~~~~~~~~•#####
ကော်ဖီသောက်ကာ…မုန့်ချပ်လေးကိုကိုပြီး..စားနေတုန်း…ပါးစပ်နားမှာကျန်နေတဲ့မုန့်တစ်ဝက်ကိုစားလာတဲ့ပါး။
“ပါးနော်…ဘယ်လိုဖြစ်နေတာလဲ..အငြိမ်မနေဘူး…”
“အရမ်းအရသာရှိတာbabyရဲ့…”
“ခါးတယ်..အရမ်းခါးတယ်…”
“ကော်ဖီကခါးတာလားသွင်သွင်လေး..
ကြီ့းကြီးသကြားထပ်ထည့်ပေးရမလား..”
“မုန့်ကခါးတာ…”
“ဒီလောက်ချိုတာကို…babyလေးကခါးတယ်ပြောချင်သေးတာပေါ့…နောက်တစ်ခါထပ်စားကြည့်မလား…”
“ဟင့်…အဲ့ဒီပါး…တစ်မနက်လုံးလိုက်စနေတာပဲ…”
နှုတ်ခမ်းလေးဆူကာပြောနေတဲ့baby..
“ချစ်လို့ပါ…ချစ်လို့..”
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)