Sweety Baby - Part 30
ကားက ခြံဝန်းကျယ်ကြီးထဲဝင်သွားသည့်နောက် ပေါ်တီကိုမှာထိုးရပ်၏။
ကားပေါ်ကဆင်းပြီူနောက် ခြံဝန်းထဲကို
မျက်လုံးလေးဝေ့ကြည့်မိ၏။
ပါးလောက်မချမ်းသာဘူးဆိုရင်တောင်မှ ပါးနီးပါးတော့ချမ်းသာပုံပင်။
“သမီး နွယ် ဘယ်တွေသွားနေတာလဲ
မောင်ရဲနောင်တို့ပြန်လာတာ သမီးပါမလာတော့ မေမေစိတ်ပူနေတာသမီးရဲ့ ”
စိုးရိမ်တကြီးဖြင့်နွယ့်ကိုဖက်ပြီးမျက်ဝန်းမှာ မျက်ရည်တွေရစ်ဖွဲ့သီနေတဲ့မေမေ။
“နွယ် သမီးလေးကိုသွားခေါ်လာတာပါ ”
ထိုအခါမေမေကဖက်ထားရာမှ နောက်ပြန်ဆုတ်လိုက်ပြီး အံ့သြခြင်းအကြည့်တွေနှင့်အတူ….
“သူကဘယ်သူလဲသမီး ”
“မေမေ့မြေးလေ ”
မေမေပြောစကားကြောင့် ထိုအဖွားဟာ သွင်သွင့်ကိုစွန့်ပစ်တဲ့အဖွားဟုပင်
ချက်ချင်းတွေးမိသွားပြီး ..
“မေမေ ဒါ သွင်သွင့်ကိုစွန့်ပစ်သွားတဲ့အဖွားလား ”
ရိသဲ့သဲ့အမေးကို မေမေမဖြေဘဲတိတ်ဆိတ်နေပုံက ဝန်ခံနေခြင်းပဲဖြစ်ဟန်တူသည်။
“သွင်သွင်ကအဖွားသေပြီထင်လို့
လိုက်လာတာ အဖွားကခုမသေသေးဘူးဆိုတော့ သွင်သွင့်ကိုထပ်နှင်ထုတ်ရင်ဘယ်လိုလုပ်မလဲ ”
“သမီးနွယ် ဘယ်ကကလေကဝမလေးကိုအိမ်ခေါ်လာတာလဲ စကားပြောတာလဲရိုင်းလိုက်တာ မေမေ့ကိုများသေခိုင်းနေတယ်ကြည့်စမ်း ”
“အော် မေမေရယ် သမီးလေးကရိုင်းတာမဟုတ်ပါဘူး စကားပြောမတတ်တာပါ ”
“ဒီမယ်အဖွား သွင်သွင့်ကိုကလေကဝလို့မဆဲပါနဲ့ အဖွားမနေစေချင်ရင်
ပြန်လိုက်မယ် ပိုလို့တောင်ဝမ်းသာသေးတယ် အသက်အသွင်တို့က
အခြေမဲ့အနေမဲ့မဟုတ်ဘူး
ပါးနဲ့ကြီးကြီးက အသက်အသွင်ကို
ရွှေလိုဥထားတာ ”
“သမီးလေးကိုအဲ့လိုမဆဲပါနဲ့မေမေ
သမီးလေးရဲ့လည်ဂုတ်မှာ ရွှေရောင်လိပ်ပြာအမှတ်အသားရှိတယ်
ပြီးတော့ သမီးလေးကိုမွေးစားတဲ့သူကလည်း ပုဂံလမ်းမှာပဲသမီးလေးကိုတွေ့ခဲ့တာ သမီးလေးရဲ့အသက်အရွယ်နဲ့ အကုန်ကြည့်လိုက်ရင် နွယ့်သမီးလေးအစစ်ပဲ ”
“နွယ် ကိုယ့်ကိုပြန်ခွင့်ပြုပါအုံး ”
“ဟုတ်ကဲ့ နွယ့်ကိုခုလိုကူညီတဲ့အတွက်
ကေ်းဇူးပါ”
ကိုရဲနောင်ထွက်သွားတော့ နွယ်
သမီးလေးကိုအိမ်ပေါ်ထပ်ကိုခေါ်လာကာ အခန်းတွေကိုစိတ်ကြိုက်ရွေးရန်လိုက်ပြ၏။
“ဒါကမေမေ့အခန်း ဟိုဘက်ကတော့
သမီးအဖွားအခန်း ကျန်တဲ့အခန်းတွေထဲလိုက်ကြည့်ကြည့် ….သမီးသဘောကျတဲ့အခန်းမှာနေနော် ”
“သမီးကြိုက်တဲ့အခန်းမှာတစ်ကယ်နေခွင့်ပေးမှာလား ”
“ပေးမှာပေါ့ အရာအားလုံး
သမီးစိတ်တိုင်းကျပဲဖြစ်စေရမယ် ”
“အဲ့ဒါဆို သမီးဟိုအခန်းကိုရွေးတယ်
သမီးအဲ့အခန်းမှာပဲနေမယ် ”
အခန်းဆီကိုပြေးသွားလေတော့
နွယ်မျက်လုံးပြူးသွားရသလို မေမေကလည်း မျက်နှာကြီးမဲသွားပြီး…
“ဟဲ့ ဟဲ့ အဲ့ဒါငါ့အခန်း ”
“အင်း သိတယ်လေ ဒါပေမယ့် မေမေပြောတာက သွင်သွင်ကြိုက်တဲ့အခန်းနေရတယ်ဆို သွင်သွင်ဒီအခန်းကိုကြိုက်တယ် အဲ့ဒီတော့ အဖွားပြောင်းပေး ”
မေမေက နွယ့်ကိုမကျေမနပ်မျက်နှာနှင့်ကြည့်လာလေတော့ နွယ်အတော်လေးစိတ်ညစ်ရပြီ။
သမီးလေးကို မေမေကပစ်သွားခဲ့သည်ဆိုတဲ့အကြောင်းပြောလိုက်မိခြင်းကြောင့် ပင် သမီးလေးကမေမေ့ကိုပြန်လက်စားချေအနိုင်ယူလိုခြင်းဖြစ်ဟန်တူပါသည်။
“ကဲပါမေမေရယ် သမီးလေးက မေမေ့အခန်းကိုသဘောကျမှတော့ မေမေက
ကြီးတဲ့သူပဲ ကလေးကိုအလျှော့ပေးလိုက်ပါ ”
“ကြိုက်သလိုသာလုပ်ကြတော့ဟေ့ ”
ဒေါသတကြီးအော်ပြီး တစ်ဖက်အခန်းဆီကိုဝင်သွားတဲ့အဖွားကိုကြည့်ပြီး
သွင်သွင်အနိုင်ရသူတစ်ယောက်အပြုံးဖြင့်ပြုံးလိုက်၏။
အဲ့ဒါကို မေမေနွယ်လည်းရိပ်မိဟန်တူပါသည်။
သွင်သွင့်အနားကိုလျှောက်လာပြီး
“သမီးလေး ဘယ်လိုပဲဖြစ်ဖြစ်
အဖွားက သမီးအဖွားနော် ”
သွင်သွင့်ပခုံးလေးကိုနွေးနွေးထွေးထွေးဆုပ်ကိုလာတော့ မျက်ခုံးပင့်ပြလိုက်ပြီး.
“သူတောင်မြေးလို့မသတ်မှတ်လို့
သွင်သွင့်ကို လမ်းဘေးမှာ
ကျီးထိုးထိုး ငှက်စားစားပစ်ခဲ့သေးတာပဲ
သွင်သွင်ကလည်းအဖွားလို့သတ်မှတ်မှာမဟုတ်ဘူး ဂျင်းစိမ်းနဲ့မိသလင် သူကြင်မှာကိုယ်ကြင်ပေါ့ အဲ့ဒါကိုမှမေမေ
မကျေနပ်ရင်တော့ သွင်သွင်လည်းမတတ်နိုင်ဘူး ”
အခန်းတံခါးကိုဖွင့်ပြီး ဝင်သွားတဲ့သမီးလေးဟာ မေမေ့အပေါ်မှာ
မုန်းတီးနေတာ.. မမှားပါဘူး။
မေမေနဲ့သမီးလေးကြား နွယ်ဘယ်လိုနေရပ့မလည်း။
~~~~~~~~~~~~~~~~~~•**
babyရဲ့အခန်းထဲမှာ babyရဲ့အဝတ်ဗီရိုတွေ အရုပ်တွေကိုကြည့်နေမိရင်း
ယောကျာ်းတန်မဲ့မျက်ရည်တွေကျနေ၏။babyရဲ့အငွေ့အသက်တွေကို
တမ်းတမ်းတတလွမ်းဆွတ်နေရင်း
စကားသံတွေကိုပြန်ကြားယောင်မိလာသည်။
“ပါးညာတယ် ပါးbabyကိုချစ်တယ်ပြောပြီးညာတယ် နှစ်တွေအကြာကြီးညာတယ် ပါးကိုမုန်းတယ် အဟီး ဟီး ”
“ကဲကြာ ကဲကြာ ”
“ခွပ်´´….ခွပ်´´…ခွပ်´´..”
“ရောင်မအိပ်သေးဘူးလား ”
“ရောင် ဘာလုပ်တာလဲ တော်တော့ရောင် တော့တော့ ”
ဖြူ အခန်းတံခါးကိုဖွင့်လိုက်လျှင်ချင်း
နံရံကိုလက်သီးဖြင့်အထပ်ထပ်အခါခါထိုးနေတဲ့ရောင့်ကိုမြင်ရ၏။
ရောင့်အနားကိုပြေးသွားပြီး ရောင့်ရဲ့လက်ကိုဆွဲကာအတင်းတာလိုက်တာတောင် လက်မှာသွေးအလူးလူးထွက်နေပြီးပြီ။
“ဘာကြောင့်လဲ ဘာလို့ babyရဲ့အမေပါဆိုပြီးခုမှပေါ်လာရတာလဲ
ဘာလို့ ကျွန်တော့်အသည်းနှလုံးကိုဆွဲထုတ်သွားရတာလဲ ”
“အဲ့ဒါရောင့်ကြောင့်ပေါ့ 17နှစ်တာကာလမှာ ကျွန်မဟာမိခင်ပါဆိုပြီး
လာတောင်းတာကို ရောင်ကမေတ္တာတရာကြီးမာစွာနဲ့ထည့်ပေးလိုက်တာ
သွင်သွင်လေးကလည်းလိုက်ချင်တာမဟုတ်ဘူး အဲ့ဒါရောင်အသုံးမကျလို့သိလား အဟီး ဟီး ဟီး ”
မမဖြူကပါ ရောင့်ကိုအပြစ်တင်စကားတွေနဲ့အတူငိုချလာတော့ မျက်လုံးထဲမှာ
babyကိုပြေးမြင်မိ၏။
မလိုက်ချင်ရှာဘဲ ရောင့်ကိုအတင်းတွယ်ကပ်နေတဲ့babyကိုနှင်ထုတ်လိုက်တာ babyအရမ်းဝမ်းနည်းနေရှာတော့မှာ ။
“ဟုတ်တယ် ကျွန်တော်အသုံးမကျတာမမဖြူ ကျွန်တော်အသုံးမကျတာ ”
“ရောင် တော်ပါတော့ရောင်ရယ် မမဖြူတောင်းပန်ပါတယ် မမဖြူသေသာသေလိုက်ချင်တော့တယ်ရောင်ရယ် ”
နံရံကိုခေါင်းဖြင့် ထပ်စောင့်နေပြန်သည်ကြောင့် အတင်းဆွဲထားရပြန်ရင်း
ဖြူ သဲကြီးမဲကြီးငိုချမိပြန်တော့သည်။
~~~~~~~~~~~~~~~~~~•***
“သမီးလေး ထတော့လေ 7နာရီတောင်ခွဲပြီ ”
“ဟင့်အင်း ညကပါးကိုလွမ်းလို့ တစ်ညလုံးအိပ်မပျော်ဘူး ၅နာရီလောက်မှအိပ်ပျော်တာ သွင်သွင်အိပ်အုံးမယ် ”
“သမီးလေးရယ် ပြီးမှပြန်အိပ်ပါ
မေမေကကုမ္ပဏီကိုသွားရတော့မှာ ”
“မေမေသွားမှာဖြင့်သွားပါလား ”
စောင်စကိုဆွဲကာ ခေါင်းမြီးပင်ခြုံပစ်လိုက်၏။
“မေမေနဲ့အတူbreakfastစားရအောင်လို့လေ ပြီးတော့ ဒီနေ့မေမေ သမီးလေးကိုမှာစရာရှိတယ် ထပါနော်
သမီးကလိမ်မာပါတယ် ”
“ဟင့် သွင်သွင်မလိမ်မာပါဘူး ”
“သမီးလေးရယ် မေမေအရေးတကြီးမှာစရာလေးတွေရှိနေလို့ပါ နော်
သမီးအဖွားကလည်း စောင့်နေရရှာတာ ”
အဖွားဆိုတာကြောင့် စောင်ကိုဆွဲလှပ်လိုက်ပြီး
“အဲ့ဒါဆို မေမေအောက်ကပဲစောင့်နေလိုက် သွင်သွင်မျက်နှာသစ်သွားတိုက်ပြီးရင်လာခဲ့မယ် ”
“အဲ့ဒါဆို မေမေစောင့်နေမယ်နော်”
ခေါင်းလေးကိုညိမ့်ပြလိုက်တော့ မေမေအခန်းထဲမှထွက်သွား၏။
အဖွားကို စိတ်အနှောက်အယှက်ပေးရအုံးမည်ဆိုတော့ သွင်သွင်ထရမှာပေါ့။
~~~~~~~~~~~~~~~~~•***
“သမီးလာပြီ လာ ထိုင်သမီး ”
စားပွဲဝိုင်းကိုဝင်ထိုင်လိုက်တယ်ဆိုလျှင်ပဲ အဖွားဆီကိုသာအကြည့်ရောက်သွားပြီး
“အဖွားကျ Teamixနဲ့အီကြာကွေးလား ”
“ဟုတ်တယ်သမီးရဲ့. သမီးအဖွားက
မေမေဈေးသွားတော့ ဒီနေ့ Teamixနဲ့အီကြာကွေးစားချင်တယ်ဆိုလို့ မေမေဝယ်လာတာ သမီးလေးစားချင်လို့လား ”
“ဟုတ်တယ်မေမေ သွင်သွင်စားချင်တယ် ”
တစ်ကယ်တော့ဘာရယ်မဟုတ်။
အဖွားကိုစိတ်အနှောက်အယှက်ပေးချင်တာကြောင့်ပင်။
ပြီးတော့ Teamixကိုသွင်သွင်လုံးဝမကြိုက်ပါ ။
ဘာမထီမျက်နှာပေးလေးနှင့်အတူ
မျက်ခုံးလေးပင့်ကာဖြစ်နေသည့်ပုံ။
နွယ် လက်မှနာရီကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီး ….
“အဲ့ဒါဆို ခဏတော့စောင့်နော် မေမေသွားဝယ်ပေးမယ်အချိန်တော့ရပါသေးတယ် ”
ထိုစကားကြောင့် မျက်နှာကိုချက်ချင်းမှုန်ကုတ်ပစ်၏။
အဖွားရှေ့ကဟာကိုလိုချင်တာကိုသွားဝယ်ပေးမယ်တဲ့လား။
သွင်သွင်ကအဖွားကိုအနိုင်လိုချင်တာလေ။
“ဟင့် သွင်သွင်ကခုစားချင်တာကို ”
သမီးလေးရဲ့မျက်လုံးအကြည့်တွေက
မေမေ့ရှေ့ကTeamixနဲ့အီကြားကွေးဆီကိုရောက်နေသည်ကိုနွယ်နားလည်သွား၏။
“မေမေ Teamixနဲ့အီကြာကွေးကို
မေမေ့မြေးကိုပေးလိုက်ပါလား
သမီး မေမေ့အတွက်ခုသွားဝယ်လာပေးမယ်လေ ”
“စားချင်စိတ်မရှိတော့ဘူး ”
စားပွဲဝိုင်းမှအဖွားထထွက်သွားတော့
ခေါင်းလေးလှုပ်ကာ ကျေနပ်ပြုံးလေးကိုပြုံးမိ၏။
“အဖွားကမစားတော့ဘူးတဲ့ သမီးစားလို့ရပြီနော် ”
“မေမေအရေးတကြီးပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ ”
မေမေကလက်ကိုင်အိတ်ထဲမှ ၅ထောင်တန်အုတ်တစ်အုပ်ကိုထုတ်ပေးလိုက်ပြီး
“ဒီနေ့ သမီးကြိုက်လောက်တဲ့အဝတ်အစားတွေ သမီးစိတ်ကြိုက်သွားဝယ်လေ ”
“အဲ့ဒါအရေးတကြီးမှမဟုတ်တာ ”
“သားခန့်မော်လိုက်ပို့ပေးလိမ့်မယ်နော် ”
ခန့်မော်နှင့်ဆိုသည်ကြောင့် မျက်နှာကမဲသွားသလို…
“ခန့်မော်နဲ့တော့မသွားချင်ဘူး…”
“ဘာတွေပြောနေကြတာလဲဗျ”
“ဟော ပြောရင်းဆိုရင်း သားခန့်မော်တောင်ရောက်လာပြီပဲ မနက်စောစောစီးစီး ဘာစိတ်ကူးပေါက်ပြီးရောက်လာရတာလဲ ”
“မေမေလေးတို့နဲ့မနက်စာစားချင်စိတ်ကြောင့်ရောက်လာတာ ”
“မေမေလေးကတော့စားပြီးပြီ
သားညီမကို ဈေးဝယ်လိုက်ပို့လိုက်အုံး
မေမေလေးစိတ်ချလက်ချအပ်ခဲ့မယ်နော်မေမေလေးသွားတော့မယ် ညီမလေးနဲ့အတူစားလိုက်ပေါ့ ”
“စိတ်ချပါမေမေလေး ”
မေမေလေးကမှာစရာရှိတာမှာကာ
လက်ကိုင်အိတ်ကိုဆွဲယူပြီးထွက်သွားတော့၏။
“ခန့်မော်လေး ”
“အဖွားလေး ”
“မနက်စောစောစီးစီးဘာလာလုပ်တာလဲကွယ် ”
“မနက်စာအတူစားချင်လို့လာတာအဖွား လေး ”
“အော် အဲ့ဒါဆို အတူစားကြတာပေါ့ ”
သူတို့ကမနက်စာအတူစားချင်လို့ပဲရှိသေး စားပွဲပေါ်မှမုန့်ပန်းကန်တွေနဲ့ ကော်ဖီခွက်တွေကို မီးဖိုခန်းထဲယူကာ
အမှိုက်ပုံးထဲသွန်ပစ်နေတော့၏။
“ဟဲ့ ဟဲ့ညည်း ဒါဘာလုပ်တာလဲ ”
“သွင်သွင်စားပြီးလို့ ပိုနေလို့သွန်တာလေ ”
“ငါနဲ့ခန့်မော်လေးမစားရသေးဘူးလေ ”
“အဖွားကအစောကပဲပြောတော့
စားချင်စိတ်မရှိတော့ဘူးဆို ပြီးတော့ ”
မျက်လုံးအကြည့်က ခန့်မော်ဆီရောက်သွားပြီး
“သွင်သွင်ကအိမ်မှာဆိုရင် ကိုယ့်အိမ်ကိုတစ်ခြားသူလာစားတာမကြိုက်ဘူး
ပိုရင် ခွေးပဲကျွေးပစ်တာ ”
“ညည်း မိုက်ရိုင်းလှချည်လား ”
“စိတ်လျှော့ပါအဖွားလေးရယ် သွင်သွင့်ကိုနားလည်ပေးလိုက်ပါ သူရှင်သန်လာရတဲ့ပတ်ဝန်းကျင်ကမကောင်းခဲ့လို့
စကားပြောမတတ်ဖြစ်တာပါ ”
ဒါ ခန့်မော်သက်သက် ပါးကိုစော်ကားတာ။
အဲ့ဒီလိုမျိုး ပါးကိုစော်ကားတာကိုတော့
သွင်သွင်ငြိမ်မနေနိုင်။
သွန်ဖို့ကျန်နေတဲ့ ကော်ဖီခွက်နဲ့ သူ့မျက်နှာကိုလှမ်းပက်လိုက်ရင်း..
“ငါရှင်သန်လာခဲ့ရတဲ့ပတ်ဝန်းကျင်ကိုလွဲှမချနဲ့အောင်ခန့်မော် မျိုးစေ့မမှန်အပင်မသန်တဲ့ ငါ့ရဲ့သွေးသားတော်စပ်သူတွေကြောင့် ငါ့ဗီဇတွေပေါ်လာတာဖြစ်မယ် ”
“အသက်အသွင် နင်ဘယ်လိုလုပ်လိုက်တာလဲ ”
“နင်မြင်တဲ့အတိုင်းပဲ နောက်ဆိုရင်
ပါးမကောင်းကြောင်းပြောရင်
နင့်ပါးစာကို အိမ်သာရေနဲ့ပလုတ်ကျင်းခိုင်းပစ်မယ် ”
အဖွားနဲ့ခန့်မော်ဘာမှမပြောနိုင်လောက်အောင် ငိုင်ကျကျန်ခဲ့တော့ သွင်သွင်မီးဖိုခန်းထဲမှထွက်လာခဲ့၏။
~~~~~~~~~~~~~~~~~~•***
ရှယ်ယာကိစ္စဆွေးနွေးနေတုန်း တံခါးကပွင့်လာသည်ကြောင့် မော့ကြည့်လိုက်လေတော့ ။
“ပါး ”
ထိုင်နေရာမှချက်ချင်းထလိုက်လေရာ
babyက ရောင့်ရှေ့ကိုရောက်လာ၏။
“baby ”
babyရဲ့ ခါးသေးသေးလေးကိုဖက်လိုက်သလို ခေါင်းကိုခပ်ဖွဖွလေးပုတ်ကိုင်ပြီး
“နောက်မှပြန်လာဆွေးနွေးလှည့်ပါ
ကျွန်တော်မအားတော့ဘူး ”
“ဟုတ်ကဲ့ ကျွန်တော်နောက်တစ်ခါမှပြန်လာခဲ့ပါ့မယ် ကျွန်တော့်ကိုစဉ်းစားပေးစေချင်ပါတယ်ဦးမင်းသက်တန့်ရောင်”
ရောင် ခေါင်းညိမ့်ပြလိုက်တော့
စာချုပ်စာတမ်းဖိုင်တွေယူကာ
ထွက်သွားတော့၏။
“ဘယ်လိုရောက်လာတာလဲbaby
ဘယ်သူလိုက်ပို့တာလဲ ”
“taxiငှါးပြီးလာတာပါးရဲ့ ”
“ကျစ် ဘာလို့တစ်ယောက်တည်းလာရတာလဲbabyရယ် မတော်တဆလမ်းမှာတစ်ခုခုဖြစ်ရင်ဘယ်ဘယ်လိုလုပ်မလဲ ”
“ဘာမှမဖြစ်လို့ပဲ ပါးရှေ့ရောက်နေပြီကို ”
“ပြောရခက်လိုက်တာbabyရယ်..baby ပဲပြောတော့ပါးကိုမုန်းတယ်ဆို ”
“ဟင့် အဲ့နေ့ကစိတ်ဆိုးလို့ပြောတာ”
“ပါး နဖူးမှာလည်းဒဏ်ရာကြီးနဲ့
လက်မှာလည်းပတ်တီးကြီးစည်းလို့
ပါးဘာဖြစ်တာလဲဟင် ”
အသံလေးကငိုသံပါလာသလို မျက်ဝန်းထဲမှာလည်းမျက်ရည်တွေဝေ့တတ်လာ၏။
“မတော်တဆ ဖြစ်တာပါbabyရယ် ”
“ပါးအရမ်းနာနေမှာပဲနော် ”
လက်လေးကိုကြည့်ကာ ပါးပြင်မှာ မျက်ရည်တွေကျလာ၏။
“မနာပါဘူးbabyရယ် ဘာမှမဖြစ်စလောက်လေးပါ ”
“ဟင့် မနာပါဘူးဆိုပြီးသန်မာချင်ယောင်မဆောင်ပါနဲ့ ပါးလည်းအသွေးနဲ့အသားနဲ့တည်ဆောက်ထားတာပဲ
ဘာသားနဲ့ထွင်းထားတာမို့လို့လဲ
ပါးကိုbabyက ခြင်ကိုက်တာတောင်မကြိုက်ဘူး ”
“ခြင်ကိုက်တာမကြိုက်တာက babyကိုက်ဖို့နေရာမကျန်မှာဆိုးလို့မလား ”
“ပါးနော် ”
“စတာပါ မငိုတော့နဲ့babyရယ်
babyမျက်ရည်ကျမှ ပါးရင်ဘက်ကနာတာ ”
ပါးပြင်ပေါ်ကမျက်ရည်တွေကိုတယုတယသုတ်ပေးလိုက်၏။
“ပါး ပါးကိုbabyစိတ်မချဘူး
babyပါးနဲ့ပဲပြန်လာနေမယ်နော်”
“နော် ပါး
ပါးbabyကိုဘယ်လောက်ချစ်လဲဆိုတာbabyသိတယ်
babyလည်းပါးကိုမမုန်းဘူး
ပြန်လာနေမယ်နော်ပါး ”
မျက်လွှာလေးပင့်ကို ရောင့်ကိုစူးစူးစိုက်စိုက်ကြည့်ပြီး တောင်းဆိုနေသည့်baby။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)