Sweety Baby - Part 33
“သမီး သမီး မေမေ့ကိုမရက်စက်ပါနဲ့..
အဟီး…ဟီး..ဟီး..သမီးလေး..”
သွင်သွင်ဇွတ်တရွတ်ထွက်သွားတော့
မေမေက ဒူးထောက်ချလိုက်သည်ကြောင့် သွင်သွင်ဘာဆက်လုပ်ရမှန်းမသိဖြစ်သွားရ၏။
“သွင်သွင့်ကိုလွတ်လပ်ပျော်ရွှင်တဲ့ဘဝကိုပေးပါ သွင်သွင်တောင်းပန်ပါတယ် ”
“သမီးလေးနဲ့အတူနေရဖို့ အနှစ်နှစ်အလလစောင့်ခဲ့ရတဲ့မေမေ့ကို
သနားငဲ့ညှာပါအုံးလား အဟီး ဟီး ဟီး ”
ဒူးထောက်နေရာမှပြန်ထလာပြီး
သွင့်သွင့်ကိုမလွှတ်တမ်းဆွဲဖက်ထားတော့ သွင်သွင်စိတ်လျှော့ကာ အိမ်ထဲပြန်ပြေးဝင်ပြီးလှေကားထစ်တွေဆီပြေးတက်သွားခဲ့၏။
~~~~~~~~~~~~~~~~~~•***
“ရောင်….မျက်နှာကလန်းဆန်းနေပါလား ဘယ်လိုအကြောင်းများကြောင့်လဲ အဖြစ်နိုင်ဆုံးကတော့ သွင်သွင်လေးကြောင့်ပဲဖြစ်မယ်ထင်တယ်
သွင်သွင်လေးကဖုန်းဆက်လို့လား ”
ကုမ္ပဏီ ကပြန်လာတော့ ရောင့်လက်ထဲကသားရေလက်ဆွဲအိတ်နဲ့ ကုတ်အင်္ကျီကိုယူပေးလိုက်ရင်းမေးလိုက်၏။
“မဟုတ်ဘူးမမဖြူ ဖုန်းဆက်ရုံတင်မကဘူး ကုမ္ပဏီ ကိုပါကိုယ်တိုင်ရောက်လာတာ ”
“ဟင် ဟုတ်လား မနွယ်လိုက်ပို့်တာလား ”
“မဟုတ်ဘူးမမဖြူ တစ်ယောက်တည်းပဲ ”
“ဟယ် ရောင်ရယ် တစ်ယောက်တည်းလာတာကိုဘာမှမဆုံးမလိုက်ဘူးလား
တစ်ယောက်တည်းဆိုတာစိတ်မချရဘူး ခုတစ်ခါဘာမှမဖြစ်လို့ ဘာမှမဆုံးမလိုက်ရင် နောက်တစ်ခါလာရင်
နောက်တစ်ခါလမ်းမှာဘာမှမဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူး မမဖြူဖြင့်
တစ်ယောက်တည်းဆိုလို့ ရင်ထိတ်သွားတာပဲကွယ် ”
“babyကအဲ့လိုပြောပြန်ရင်လည်း
သူ့ကိုအပြစ်တင်ပါတယ်ဆိုပြီး ကောက်သွားအုံးမှာ မမဖြူ တူမအကြောင်းလည်းသိရဲ့သားနဲ့….နဲနဲလေးမှစကားအမှားခံတာမဟုတ်ဘူး…ကောက်သွားရင်
ချော့ရကခက်ခက်နဲ့ ”
“ပြန်တော့ပို့ခဲ့တယ်မလား ”
“ပို့ခဲ့တာပေါ့ ကဲ ထားပါ ဘာဟင်းချက်ထားလဲ ကျွန်တော်ဗိုက်ဆာပြီ ”
“ငါးသလောက်ဥကြော်ရယ်၊မျှစ်ချဉ်နဲ့ငါးနဲ့ဆီပြန်လေးချက်တယ်၊ပြီးတော့ဂေါ်ရခါးညွှန့်လေးကြော်ထားတယ်၊ဆိတ်သားမန်းကျည်းသီးချဉ်စပ်၊အရည်သောက်အနေနဲ့ကတော့သဘောၤသီးကိုငါးနဲ့ချဉ်ဟင်လေးချက်ထားပါတယ်ရှင့်..”
“ဟင်းတွေကရှယ်ပဲ ရေမြန်မြန်ချိုးတော့မယ်ဗျာ ”
“Ring….Ring…Ring…Ring ”
ရေချိုးဖို့အပေါ်ထပ်ကိုပြေးတက်သွားခိုက် ဖြူ ကိုင်ထားတဲ့ ရောင့်ရဲ့အိတ်ထဲမှ
ဖုန်းကထမြည်လာလေတော့…
“ရောင်…ဖုန်းလာနေတယ်…”
“သွင်သွင်လေးဆီကပဲ ”
ရှေ့ဆက်လှမ်းမဲ့ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး ပြန်လှည့်လာလေရာ..
မမဖြူကလည်းဖုန်းကိုထုတ်ယူကြည့်ပြီးသားဖြစ်လေ၏။
“Baby….တစ်ခုခုများဖြစ်လို့လား..”
မမဖြူလက်ထဲကဖုန်းကိုဆက်ကနဲဆွဲယူလိုက်သလိုဖုန်းကိုဆွဲကိုင်လိုက်၏။
“ဟဲလို…baby..”
“ပါး…”
ခေါ်သံက…ငိုသံရောနေလေတော့
ရောင်ရင်ထိတ်သွားရပြီး…
“baby…ဘာဖြစ်လို့လည်း…ဘာလို့ငိုနေတာလည်း…ပါးကိုပြော…”
“ရောင်…speakerဖွင့်ပါ…မမဖြူလည်းကြားချင်လို့…သွင်သွင်လေးဘာဖြစ်တာလဲ…”
“ပါး…babyဒီမှာမနေချင်တော့ဘူး..
babyကိုလာခေါ်ပေး…”
တငိုငိုတရီရီ နှင့်လာခေါ်ဖို့ပြောလာသည့်baby။
“သွင်သွင်လေး…သူတို့ကအနိုင်ကျင့်လို့လား…ကြီးကြီးကိုပြော…”
“အဖွား…အဖွားကbabyကိုအိမ်ကဆင်းခိုင်းတယ်…babyကိုနှင်ချတယ် ”
“တောက်´´´…”
တက်ခေါက်လိုက်မိသည်ကဒေါသကိုမထိန်းနိုင်တာကြောင့်ပင်။
မနေ့ညကပဲဇွတ်အတင်းခေါ်သွားပြီး
ဒီနေ့babyကိုနှင်ချတယ်တဲ့လား။
“မငိုနဲ့တော့သွင်သွင်လေး….ကြီးကြီးပါလိုက်လာခဲ့မယ်…ကြီးကြီးရဲ့အသည်းနှလုံးလေးကို ဒီလိုအိမ်ခေါ်ပြီးအနိုင်ကျင်လို့မရဘူး…”
“ပါးရောကြီးကြီးရောမြန်မြန်လာခဲ့နော်
သွင်သွင်မနေချင်တော့ဘူး…အဟီးဟီး..”
နောက်ဆုံးငိုချလိုက်တဲ့အချိန်မှာတော့
ရောင်နဲ့ မမဖြူရဲ့ခြေလှမ်းတွေကအလိုအလျောက် ပေါ်တီကိုကကားဆီကိုရောက်သွား၏။
~~~~~~~~~~~~~~~~~~•***
“သမီးလေးရယ်…တံခါးလေးဖွင့်ပေးပါ
မေမေတောင်းပန်ပါတယ် မေမေ့ကိုစိတ်မဆိုးပါနဲ့….”
“သမီး…အသက်အသွင် တံခါးလေးဖွင့်ပေးလိုက်ပါ…သမီးအမေကိုနည်းနည်းလောက်ဖြစ်ဖြစ်ငဲ့ညှာပေးလိုက်ပါ”
နွယ်တို့အိမ်ကဆူဆူညံညံအသံကိုကြားသည်ကြောင့်ကိုရဲနောင်နဲ့မလဲ့ကပါရောက်လာပြီးသွင်သွင်လေးကိုကူပြောကြ၏။
ထိုအခိုက်…ကားသံကြားရတော့ ဒါ
ဦးမင်းသက်တန့်ရောင်ရဲ့ကားပင်ဖြစ်မည်ဆိုတာကိုအတပ်သိလိုက်၏။
“ပါး…ပါးလာပြီ…”
သမီးလေးရဲ့အသံနှင့်အတူ တံခါးဖွင့်လာသည်ကြောင့် သမီးကိုအတင်းဆွဲဖမ်းထားရင်း…
“ဟင့်အင်း…မေမေခွင့်မပြုဘူး…
မေမေ့ကိုထားသွားဖို့ခွင့်မပြုဘူးသမီး..
အဟီး…ဟီး…ဟီး…”
မေမေနဲ့…မေမေ့သူငယ်ချင်းဆိုသူတွေရဲ့လက်ထဲမှာ သွင်သွင်ရုန်းမရနိုင်ဖြစ်သည်ကြောင့်…
“ပါးရေ….ပါး…babyကိုကယ်ပါအုံး…”
“baby….ပါးလာပြီ…”
အပေါ်အခန်းဆီမှအသံကြောင့်…
ရောင်ရော…ဖြူပါအမြန်ပြေးတက်ခဲ့လေရာ…သူတို့လက်ထဲမှာထိန်းချုပ်ခံနေရတဲ့baby…
“ခင်ဗျားတို့…babyကိုခုလွှတ်ပေးလိုက်..”
“ဟင့်အင်း…နွယ်…နွယ်ပြန်မထည့်ပါရစေနဲ့…သမီးလေးနဲ့နွယ့်ကိုမခွဲပါနဲ့..”
“ကျွန်တော်ခင်ဗျားတို့ကိုအခွင့်အရေးပေးခဲ့ပြီးပြီ…ဒါပေမယ့်…ခင်ဗျားတို့က..
babyကိုအနိုင်ကျင့်တယ်…စိတ်ဆင်းရဲအောင်လုပ်တယ်…ကျွန်တော်babyကိုပြန်ခေါ်သွားမယ်…”
“ပြန်ခေါ်သွား…အဲ့ဒီအရိုင်းအစိုင်းမလေးကပဲ…ငါ့ကိုစိတ်မချမ်းသာအောင်လုပ်တာ…”
“သွင်သွင်လည်း…အဖွားနဲ့မနေချင်ပါဘူး…သွင်သွင်ကအရိုင်းအစိုင်းဆို…
အဖွားကစိတ်ပုတ်တဲ့အဖွား…”
“ကမ်းကုန်အောင်ရိုင်းတယ်…”
“ခင်ဗျားbabyကိုအဲ့လိုမဆဲနဲ့…”
“မေမေတော်ပါတော့…မေမေ့ကြောင့်
ဒီပြသာနာဖြစ်တာ…နွယ်ရှင်းနေတာကို…ရှုပ်အောင်မလုပ်ပါနဲ့…နွယ်အနူးအညွှတ်တောင်းပန်ပါတယ်…”
ဒေါ်နွယ်ဇင်ဦး တို့babyကိုချုပ်ထားသည့်အထဲမှ…ရောင်နဲ့မမဖြူလည်း…
babyကိုဇွတ်အတင်းဆွဲခေါ်ထွက်လာ၏။
“သမီး…သမီးလေး…အဟီး…ဟီး..သမီး…”
“နွယ်…နွယ်…စိတ်ထိန်းပါအုံး…”
နွယ်ပျော့ခွေလဲကျသွားသည့်တိုင်…
ထွက်သွားတဲ့သမီးလေးက တစ်ချက်ပင်လှည့်မကြည့်ခဲ့။
“နွယ်…..အသက်ကိုဝဝရှူ နော်…စိတ်ကိုလျှော့…”
သွေးသားအရင်းအချာအမေဖြစ်သူထက် သူစိမ်းကိုပိုခင်တွယ်တာကိုက
နွယ့်ရင်ဘက်ကိုစူးအောင့်နာကျင်စေတယ်ဆိုတာ…သမီးလေးသိနိုင်မှာမဟုတ်။
~~~~~~~~~~~~~~~~~•****
အိမ်ထဲဝင်လိုက်တော့…babyကရောင့်ဘက်ကိုလှည့်ကာ…
“ပါးကြောင့်…ပါးဇွတ်အတင်းထည့်ပေးလိုက်လို့…babyအနိုင်ကျင့်ခံရတာ…”
“ပါးမှားသွားပါတယ်….ပါးတောင်းပန်ပါတယ်နော်…”
babyရဲ့ခေါင်းလေးကိုပုတ်ကာ…မျက်ရည်လေးတွေကိုတယုတယသုတ်ပေးနေရင်း…စိတ်မကောင်းဖြစ်မိသွား၏။
ကိုယ့်ဆုံးဖြတ်ချက်အမှားကြောင့်…babyအနိုင်ကျငိ့်ခံရတာပင်။
“သွင်သွင်လေး…အဲ့ဒီအဖွားကြီးက..
သွင်သွင်လေးကိုရိုက်နှက်သေးလား..
ဘယ်နားထိမိသွားသေးလဲ…ကြီးကြီးကြည့်ပါရစေအုံး…”
“ဘယ်မှမထိခိုက်မိပါဘူး…အသက်အသွင်ကို ပါးစပ်ကဆဲရင်တောင် ပြန်ပြီးအနိုင်ရအောင်ပြောတာ ကိုယ်ထိလက်ရောက်တော့စော်ကားခွင့်မပြုဘူး…”
“တော်ပါသေးတယ် လူဘာမှမဖြစ်လို့..”
“ရောင် နောက်တစ်ခါလုံးဝမထည့်ပေးနိုင်တော့ဘူးနော် တို့တွေအခွင့်အရေးပေးပြီးပြီပဲ…”
“ဟုတ်ပါပြီမမဖြူ ရယ်….”
“ဂွိ…”
“ဗိုက်ဆာနေပြီလား…”
“ဟုတ်…”
သွင်သင့်ဗိုက်ထဲကလာတဲ့အသံဖြစ်သည်ကြောင့် ငိုနေတဲ့မျက်ဝန်းလေးတွေကအစ ..သွားတန်းလေးတွေအဆုံးပြုံးရယ်သွားမိ၏။
“အဲ့ဒါဆို…ထမင်းပဲအရင်စားကြတာပေါ့…”
Babyကိုအရိပ်တကြည့်ကြည့်ကြည့်နေတဲ့ ရောင်နဲ့မမဖြူအတွက်က babyအပြုံးတွေကိုမြင်ရမှသာ စိတ်ချမ်သာနိုင်တာ။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)