Sweety Baby - Part 28
“Baby…ပါးကိုတံခါးဖွင့်ပေးပါအုံး..”
ဓာတ်ပုံရိုက်ပေးခိုင်းလို့…ရိုက်ပေးတာ
ပုံနောက်မှာ..ဆရာမနွဲ့ပါလာတာကြောင့်…babyစိတ်ကောက်သွားတာပင်။
“သွင်သွင်ရယ်….နင်ကတော့နော်
တစ်ကယ့်ကောက်စိန်ပဲ…”
“ငါကအကြောင်းအရင်းမရှိကောက်နေတာမှမဟုတ်တာ…ပါးကကိုမကောင်းတာ…”
“နင်ကိုကအဖြစ်သည်းနေတာပါမိပိုရယ်…”
“အေးလေ…နင်ကိုက…ဦးရောင်ချစ်မှန်းသိလို့ဆိုးနေတာ…”
ယုဝါရဲ့စကားကိုမဒီကပါထောက်ခံလာ၏။
“Baby…ပါးမှားသွားပါတယ်…
နောက်တစ်ခါဆို…ပါးသေချာကြည့်ပြီး
မှရိုက်ပါမယ်…”
“ငါကဓာတ်ပုံရိုက်ခိုင်းတာကို…
နောက်ကဆရာမကိုပါအောင်ရိုက်တာ.
ငါစိတ်မဆိုးရဘူးပေါ့…
စိတ်ဆိုးမိတဲ့ငါအမှားပေါ့…”
“ဟဲ့…သူ့ဘာသာဆရာမကနင့်နောက်မှာရှိနေတာလေ…ဦးရောင်ဆွဲပို့ထားတာမှမဟုတ်တာ…”
“ဦးရောင်ခမျှသနားပါတယ်…တံခါးဖွင့်ပေးလိုက်ပါ…”
“Noပဲ…”
“ငါသာဦးရောင်နေရာမှာဆိုရင်…
ဒီလောက်ဆိုးတဲ့နင့်ကိုချော့မနေဘူး.
ခေါင်းကိုတစ်ဒေါက်ဒေါက်ကိုခေါက်ပစ်မှာ…နင်တော်တော်ဆိုးတာ…”
“အဟင့်…ဟင့်…ဟင့်…”
“ဟဲ့…ဘာလို့ငိုတာလဲ…လုပ်ပြီနင်ဟာ..”
“အဟင့်…ဟင့်…ငါ့သူငယ်ချင်းတွေဖြစ်ပြီး…ပါးဘက်ကပါတယ်…အဟင့်…ဟင့်…”
အခန်းထဲမှbabyရဲ့ငိုသံစွာစွာလေးကိုကြားရတော့…ရောင်နေမထိထိုင်မသာဖြစ်နေပြီလေ။
“babyလေး…ဘာဖြစ်လို့ငိုနေတာလဲ
ပါးကိုတံခါးဖွင့်ပေးပါ…”
ထိုအခါမှ….ဖျက်ကနဲတံခါးပွင့်လာလေတော့…babyရဲ့ပါးပြင်နုနုလေးမှာ
မျက်ရည်လေးတွေရွဲှလို့။
“ပါးမကောင်းဘူး…ပါးမကောင်းဘူး..
အဟင့်…ဟင့်..ဟင့်..”
babyကငိုလည်းငိုနေသလို…ရောင့်ရဲ့ရင်ဘက်ကိုလည်းတဗုန်းဗုန်းထုနှက်လေတော့…babyကိုရင်ခွင်ထဲသွင်းကာ…ဖက်လိုက်လေရင်း…
“ပါးမရည်ရွယ်ပါဘူးbabyရယ်…”
“babyသူငယ်ချင်းတွေကလည်း..
ပါးဘက်ကပဲအမှန်ပဲပြောနေကြတာ..
ပါးမဲဆွယ်ထားတာမဟုတ်လား..
အဟင့်…အင့်..”
“မဟုတ်တာbabyရယ်…”
“ဘယ်တစ်ယောက်လဲသား…”
သွင်သွင်တို့အနားကိုရောက်လာတဲ့
အန်တီနွယ်ကြောင့်…ပါးရင်ခွင်ထဲမှထွက်ရင်း…တအံ့တသြဖြင့်..
“ဟင်…အန်တီ…ဆိုင်းမဆင့်ဘုံမဆင့်ရောက်ချလာတာပါလား…ခန့်မော်ကို
စိတ်မချလို့လိုက်လာတာလား…”
“အသက်အသွင်ပဲမေမေလေး…”
အန်တီက…သွင်သွင့်ရဲ့အမေးကိုမဖြေဘဲ…ပခုံးလေးနှစ်ဖက်ကိုကိုင်ကာ..
သေချာကြည့်နေလေတော့…
သွင်သွင်နားမလည်နိုင်ဖြစ်နေ၏။
“သမီးကိုအန်တီမေးစရာရှိတယ်…”
“ရှင်…မေး…မေးပါအန်တီ..”
ဒေါ်နွယ်ဇင်ဦးဟာ…babyကသူ့သမီးဆိုတာသိသွားပြီဆိုတာ…ရောင်နားလည်သွား၏။
“ဘာမှမေးစရာမလိုဘူး…ခင်ဗျားပြန်တော့..”
“ပါးရယ်…မေးခွန်းလေးမေးတာပဲကို..
ဖြေပေးနိုင်ပါတယ်…”
“အန်တီ…မေးပါ..”
“သမီးလေးရဲ့လည်ဂုတ်မှာ…ရွှေရောင်လိပ်ပြာအမှတ်အသားရှိနေလား…”
“ဟုတ်…ရှိတယ်အန်တီ…”
“ဦးမင်းသက်တန့်ရောင်နဲ့…သမီးလေးနဲ့..ဘယ်လိုမျိုးတော်စပ်မှုရှိလဲ.၊”
“တစ်ကယ်တော့…ပါးနဲ့သွင်သွင်နဲ့က..
ဘာမှသွေးသားမတော်ဆပ်ပါဘူး…
သွင်သွင်က…စွန့်ပစ်ခံရတဲ့ကလေးတစ်ယောက်ပါ…သွင်သွင့်ကို…ပုဂံကအပြန်လမ်းမှာ…ပါးတို့တွေ့ပြီးမွေးစားထားတာ…”
စကားရဲ့အဆုံးမှာ…ပခုံးနှစ်ဖက်ကိုကိုင်ထားတဲ့အန်တီက…သွင်သွင့်ကိုရင်ခွင်ထဲထည့်ကာဖက်လိုက်တော့…
သွင်သွင့်ရင်ထဲကခံစားချက်တစ်ခု..
အဲ့ဒီခံစားချက်ကသိပ်ထူးဆန်းတာ။
“သမီး…မေမေ့သမီးလေး..”
“ခင်ဗျားဘာတွေပြောနေတာလဲဒေါ်နွယ်ဇင်ဦး…”
ဒေါ်နွယ်ဇင်ဦးရင်ခွင်ထဲကbabyကို
အတင်းဆွဲခေါ်လိုက်၏။
“သွင်သွင်လေးက….နွယ့်သမီးပါ…”
“ခင်ဗျားသမီး….ဟုတ်လား…
17နှစ်လုံးလုံး…မိဘမေတ္တာဆိုတာကို
babyသတိမရလောက်အောင်ထိ…
ကျွန်တော်တို့မမဖြူတို့အချစ်တွေ…
မေတ္တာတွေပုံအောပေးခဲ့ပြီးပြီ…
babyအတွက်အမေမလိုဘူး…
ခင်ဗျားစွန့်ပစ်ခဲ့ပြီးမှ…အမေဆိုတဲ့
ခေါင်းစဉ်လာမတပ်ပါနဲ့…”
“ဟင့်အင်း…နွယ်စွန့်ပစ်ခဲ့တာမဟုတ်ဘူး…နွယ့်ရဲ့မေမေကနွယ်မသိအောင်စွန့်ပစ်သွားတာ…နွယ်…သမီးလေးကို
17နှစ်ပတ်လုံးလိုက်ရှာပါတယ်…
နေ့စဉ်နဲ့အမျှ…သမီးလေးစိတ်နဲ့ပူဆွေးနေရတာပါ…”
“ဟုတ်ပါတယ်…မေမေလေးခမျှာ
သူ့သမီးစိတ်နဲ့ပဲအမြဲစိတ်ပူပန်နေရတာပါ…သူ့သမီးကိုမေမေလေးရှာနေခဲ့တာ
ဒီနေ့ထိပါပဲ..”
“ကျွန်တော်တို့က….နွယ့်ဘက်ကနေလိုက်ပြောတာမဟုတ်ပါဘူး…
နွယ့်မှာ…သမီးလေးကိုမတွေ့သေးသမျှ
တစ်ရက်မှမပျော်နိုင်ခဲ့ပါဘူး…”
နွယ့်နောက်မှာပါလာတဲ့..ကိုရဲနောင်ကလည်း…ထောက်ခံရှင်းလင်းပေးပါသည်။
“အဲ့ဒါဆို…အန်တီက…သွင်သွင်ရဲ့မေမေပေါ့…ဟုတ်လား…”
“ဟုတ်ပါတယ်…သမီးလေးရဲ့မေမေပါ.”
“ခင်ဗျားတို့ဆီကဘယ်လိုရှင်းလင်းချက်ကိုမှကျွန်တော်မလိုချက်ဘူး..
ပြီးတော့…ကျွန်တော်တို့…မမဖြူတို့ရင်ခွင်ထဲကနေလုံးဝဆွဲထုတ်ခွင့်ပြုမှာမဟုတ်ဘူး…”
“လာ…baby…”
ထိုနေရာမှ…babyရဲ့လက်ကိုဆွဲသွားတော့…အားလုံးနောက်မှရုတ်ရုတ်သဲသဲလိုက်လာ၏။
ရီစက်ရှင်ကောင်တာရောက်တော့…
“အကို…မင်္ဂလာပါ…ဘာများလိုအပ်ချက်ရှိလို့ပါလဲ….”
“ဦးနေမင်းကိုရဲ့ကားသော့…သိမ်းထားတာရှိတယ်မလား..အဲ့ဒါထုတ်ပေးပါ..”
“ဟုတ်ကဲ့..”
ရောင်ရဲ့သြဇာအာဏာကြီးမှုကိုသိပြီးနောက်ပိုင်း…ဝန်ထမ်းတွေလည်း..
ရောင့်စကားတစ်ခွန်းကိုလိုက်နာကြ၏။
ကားသော့ကိုရတော့….ကားထားတဲ့
နေရာမှကားကိုယူကာ…ပုဂံမြို့မှထွက်လာခဲ့၏။
“ပါး….ဘယ်ကိုသွားမှာလည်း…”
ရောင်…babyရဲ့လက်ကိုမလွှတ်တမ်းဆုပ်ကိုင်ထားနေသေး၏။
“ရန်ကုန်ကိုပြန်မှာ…”
“ဟင်…ချက်ချင်းကြီး…
ဟိုမှာbabyရဲ့ပစ္စည်းတွေကျန်ခဲ့ပြီလေ.”
“ယုဝါနဲ့မဒီယူလာလိမ့်မယ်…”
ကားကိုအမြန်မောင်းနေတဲ့ရောင့်နောက်မှာလည်း…ဒေါ်နွယ်ဇင်ဦးတို့ကားက
ကပ်ပါလျက်သား။
“ပါး…babyလက်ကိုလွှတ်ပါအုံး…
babyနာတယ်…”
“မလွှတ်ဘူးbaby…ပါးbabyကိုအရမ်းချစ်တာ…babyမရှိတော့ဘူးဆိုရင်…
ပါးရူးမှာသေချာတယ်…babyကို
လက်လွှတ်ဆုံးရှုံးမခံနိုင်ဘူး…”
“ပါး babyကိုဘယ်လောက်ထိချစ်တယ်ဆိုတာကိုbabyသိပါတယ်
ပြီးတော့ baby ပါးကိုပြောဖူးတယ်လေ
ပါးရဲ့အနားမှာပဲbabyနေချင်တယ်ဆိုတာ ပါးရဲ့ရင်ခွင်ကနေ babyလုံးဝထွက်သွားမှာမဟုတ်ဘူး…အဲ့ဒါကိုမှပါးမယုံရင် babyကျိန်ဆိုပြရဲတယ် ”
“မကျိန်ပါနဲ့babyရယ် ပါး babyကိုယုံတယ် ပါးမယုံတာ ပါးမယုံတာက
ကံကြမ္မာကြီးကို ”
ပါးရဲ့မျက်နှာကိုကြည့်တာနဲ့
babyကိုပါး ဘယ်လောက်ဆုံးရှုံးရမှာကြောက်နေလဲဆိုတာကိုbabyသိတယ်။
စိတ်ချပါ babyကလေ
ပါးနှင်ထုတ်ရင်တောင်
ပါးနားမှာပဲကပ်တွယ်နေမှာ။
……….
“မေမေလေးရယ် မငိုပါနဲ့
စိတ်အေးအေးထားပါ သူသွေးပူနေတုန်းမလို့ငြင်းနေတာပါ ဘယ်လိုပဲဖြစ်ဖြစ်
မေမေလေးကသွင်သွင့်ရဲ့အမေပဲ
မေမေလေးပဲပိုင်ပါတယ် ”
“ကိုရဲနောင်…ကားကိုဖြေးဖြေးပဲမောင်းပေးပါလား…”
“ဘာဖြစ်လို့လဲနွယ်…”
“နွယ်တို့ကအတင်းကပ်လိုက်နေရင်
ဦးမင်းသက်တန့်ရောင်က ကားကို
ဒီထက်ပိုပြီးအရှိန်ပြင်းပြင်းနဲ့မောင်းမှာ
အဲ့ဒီလိုအမြန်မောင်းရင်….အန္တရာယ်ဖြစ်နိုင်တယ်…သမီးလေးကိုနွယ်မထိခိုက်စေချင်ဘူး…နွယ်တို့…သူ့အိမ်ကိုလည်းသိနေတာပဲ…အမြန်မောင်းစရာမလိုပါဘူး…”
“ဦးမင်းသက်တန့်ရောင်ဘက်ကတွေးကြည့်ရင်လည်း လက်ခံဖို့ခက်ခဲမယ်ဆိုတာကိုယ်နားလည်တယ်နွယ်
17နှစ်ကာလပတ်လုံးပိုးမွေးသလိုမွေးလာကြရတာမဟုတ်လား
သူတို့လည်းအတော်ချစ်ရှာကြမှာပဲ..”
“အာ…မဟုတ်တာဒက်ဒီရာ…
အဲ့လူကစားဘဲကြီး…သူ သွင်သွင့်ကိုမွေးစားတာကရည်ရွယ်ရှိရှိမွေးစားတာ
”
“သား…လူကြီးကိုအဲ့လိုမရိုင်းပြနဲ့…”
ဦးရဲနောင်မှာ စကားလက်လွန်ပြောလိုက်တဲ့သားဖြစ်သူကို ဆုံးမဟန့်တားလိုက်ရ၏။
~~~~~~~~~~~~~~~~~~~•****
နေ့လည်2နာရီခန့်…ခြံရှေ့ကကားဟွန်းတီးသံကြောင့်…ရှေ့ထွက်လာခဲ့လေတော့….ရင်းနှီးသောကားမဟုတ်။
အိမ်ကိုလည်း…ရောင်ဘယ်တုန်းကမှ
သူစိမ်းဧည့်သည်…လုပ်ငန်းပါတနာတွေကိုမဖိတ်ဖူးတော့…ရောင်နဲ့ပတ်သတ်တဲ့သူလည်းမဟုတ်တန်ရာ..။
ခြံတံခါးကိုဖွင့်ပြီး…ကားထဲကိုလှမ်းကြည့်လိုက်တော့…မျက်စိမျက်နှာပျက်ဖြစ်နေတဲ့ရောင့်ကို့ကားပေါ်မှာတွေ့လိုက်ရ၏။
ကားကအရှိနဲ့အတူပေါ်တီကိုအောက်ကိုရောက်သွားတော့…ဖြူထိတ်သွားပြီး.
ခြံတံခါးပိတ်ကာ…အမြန်ပြေးလိုက်လာခဲ့ရသည်။
“ရောင်…ရောင်ဘာဖြစ်လာတာလဲ…”
“ခြံတံခါးကိုသော့ခတ်ထားလိုက်မမဖြူ
ဘယ်သူ့မှဖွင့်မပေးနဲ့….”
“သွင်သွင်…သမီးတို့ဘာဖြစ်လာတာလဲ..”
“သွင်သွင့်မေမေနဲ့တွေ့လာတာကြီးကြီး..”
“ဘယ်လိုဘယ်လို…”
“ရောင်….ဘယ်လိုဖြစ်ရတာလဲ…”
“ကျွန်တော်…babyကိုလုံးဝမပေးနိုင်ဘူး…”
“အို…မမလည်းလုံးဝမပေးနိုင်ဘူး
မမတို့မှာ…သူတို့စွန့်ပစ်ခဲ့တဲ့သွင်သွင်လေးကို…သူတို့ထက်ပိုချစ်ခဲ့တယ်
မျက်နှာတစ်ချက်အညိုးမခံခဲ့တာ..”
“သွင်သွင်…ဒေါ်နွယ်ဇင်ဦးနောက်ကိုလိုက်သွားချင်တာလား…”
“ဟင့်အင်း…မလိုက်ချင်ပါဘူးကြီးကြီးရယ်….ဒါပေမယ့်…”
“ဒါပေမယ့်ဘာဖြစ်လဲ…”
ဒါပေမယ့်ဆိုတာရဲ့နောက်မှာ
စကားသံထွက်မလာဘဲခေါင်းငုံ့သွားသည်ကြောင့်…နောက်ဆက်လာမယ့်စကားကို စိုးရွံ့စွာဖြင့်နားစွံ့နေမိသည့်ဖြူ ။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)