Sweety Baby - Part 27
“ကျေးဇူးပဲသားရယ်…မေမေလေးခုချက်ချင်းလိုက်လာခဲ့မယ်…”
သားခန့်မော်ဆီမှ…သမီးလေးကိုတွေ့ပြီဆိုတဲ့စကားကြောင့်..ဝမ်းသာလွန်းလို့မျက်ရည်တွေကျမိ၏။
သမီးလေးကိုတွေ့ဖို့လည်း…ရင်တွေခုန်နေတာ…။
ဲလက်တော့ပ်ကိုပိတ်လိုက်ပြီး..စာရင်းစာတမ်းဖိုင်တွေကိုသိမ်းနေတဲ့လက်တွေက…သမီးလေးကိုတွေ့ရမည်ဆိုသည်ကြောင့်…စိတ်လှုပ်ရှားပြီးတုန်ယင်နေ၏။
“MD…ဝင်ခွင့်ပြုပါ…”
“ဝင်ခဲ့…”
ပစ္စည်းတွေကိုသိမ်းပြီး…ဆလင်းဘတ်အိတ်ကိုကောက်ယူလိုက်စဉ်…
“MD…ဒီနေ့..နိုင်ငံခြားပါတနာနဲ့တွေဖို့ချိန်းထားတာ…အဲ့ဒါနေ့လည်1နာရီချိန်းထားပါတယ်ဆိုတာသတိလာပေးတာပါ…ခု..MDဘယ်သွားမလို့လဲ…”
“အရေးတကြီးခရီးထွက်စရာရှိလို့…
ဖုန်းဆက်ပြီးပြန်ဖျက်လိုက်ပါအညို..”
“MD…ခုက..အရမ်းအရေးကြီးတဲ့တွေ့ဆုံမှုနော်….အခေါက်ခေါက်အခါခါကြိုးစားထားရတာ…နောက်တစ်ခေါက်တွေ့ဆုံဖို့ဆိုရမှာမဟုတ်တော့ဘူး..”
“ငါဘာကိုမှစိတ်မဝင်စားဘူးအညို…
အခုငါစိတ်ဝင်စားတာငါ့သမီးလေး..”
“MDရဲ့သမီးလေးဟုတ်လား..
MDအမြဲတမ်းတနေတဲ့ပျောက်သွားတယ်ဆိုတဲ့သမီးလေးလား…
ခုအခြေအနေထူးပြီလား..”
“ဟုတ်တယ်…အခြေအနေထူးယုံတင်မကဘူး…လက်ဆုပ်လက်ကိုင်ကိုတွေ့ပြီ…သားခန့်မော်ပြောတာ..
ပုဂံမှာသူတွေ့တယ်ပြောတယ်..
အဲ့ဒါငါပုဂံလိုက်သွားမလို့..”
“ဟုတ်တာပေါ့…အဲ့ဒါဆို..
ဒီကိစ္စကအန်တီ့ဘဝအတွက်အရေးအကြီးဆုံးပဲလေ…အညိုတွေ့ဆုံမှုကိုဖျက်ထားလိုက်မယ်…ထပ်တူဝမ်းသာပါတယ်နော်MD…”
“အင်း..အဲ့ဒါဆို…ငါသွားတော့မယ်နော်အညို…ကုမ္ပဏီ ကကိစ္စတွေကို…
စိတ်ချလက်ချလွဲှခဲ့မယ်…”
“ဟုတ်MD..”
အညိုကိုမှာစရာရှိတာမှာခဲ့ပြီး…
ဒေါ်နွယ်ဇင်ဦး…အိမ်ကိုအမြန်ပြန်လာ၏။
လမ်းတစ်လျှောက်လုံးလည်း…
စိတ်လှုပ်ရှားနေတာကြောင့်ရင်တွေတလှပ်လှပ်ခုံတာ။
သမီးလေးနဲ့ခွဲခွာနေရတာက17နှစ်ခန့်ပင်ရှိပြီ။
သမီးလေးကဘယ်လိုဘယ်ပုံမျိုးရှိမလဲသိချင်စိတ်ကပြင်းပြနေ၏။
ထို့အတူ…သမီးလို့အားရပါးရခေါ်ပြီး..
ပွေ့ဖက်ချင်မိတာလည်းပါသည်။
ပါးပြင်မှာတလှိမ့်ချင်းစီကျနေတဲ့မျက်ရည်စတွေကဝမ်းနည်းတာကြောင့်မဟုတ်။
ဝမ်းသာလွန်းလို့ကျလာတဲ့မျက်ရည်တွေ။
မေမေ့ရဲ့တောင့်တမှုတွေကို..
ဘုရားသခင်သိမြင်ပြီးကောင်းချီးပေးတာထင်ပါတယ်သမီးလေးရယ်။
~~~~~~~~~~~~~~~•****
တရားစာဖတ်နေတုန်း…ကားသံကြားတာကြောင့်…ဘယ်သူပါလိမ့်ဆိုပြီး
ပြတင်းပေါက်ကိုဖွင့်ကြည့်တော့..
သမီးဖြစ်နေသည်ကြောင့်…အောက်ထပ်ကိုဆင်းလာခဲ့၏။
“သမီး…ဘာကျန်ခဲ့လို့ပြန်လာတာလဲ…”
“သမီး…အရေးတကြီးခရီးထွက်စရာရှိလို့ပါမေမေ…”
“ဟမ်….ခုလား…”
“ဟုတ်တယ်မေမေ…”
“ဘယ်ကိုသွားမှာလဲသမီး…”
“ပုဂံကိုပါ…”
“သမီးနဲ့အတူဘယ်သူပါမှာလဲ…
သမီးရဲ့မန်နေဂျာပါမှာလား..
ခရီးကဝေးတယ်နော်သမီး…”
“ဟင့်အင်း…ဘယ်သူမှမပါဘူးမေမေ..
ကုမ္ပဏီ မှာကသမီးမရှိရင်..အညိုရှိနေမှ…အဲ့ဒါကြောင့်အညို့ကိုသမီးမခေါ်ခဲ့ဘူး…”
“ခရီးကဝေးလိုက်တာ….သမီးတစ်ယောက်တည်း…မေမေစိတ်မချဘူး..
အရမ်းအရေးမကြီးရင်မသွားပါနဲ့လား.”
“အရမ်းအရမ်းကိုအရေးကြီးတယ်မေမေ…သမီးမဖြစ်မနေသွားရမှာ…
သမီး…သွားဖို့ပြင်လိုက်အုံးမယ်…”
အိမ်ပေါ်ထပ်ကိုသွက်လက်တဲ့ခြေလှမ်းတွေနှင့်တက်သွားတဲ့သမီးဖြစ်သူကိုကြည့်ကာ…အံ့သြနေမိသည်။
သမီးမျက်နှာက…ဒီကနေ့…
တစ်ခါမှမမြင်ဖူးခဲ့တဲ့….တောက်ပဝင်းလက်မှုတွေအပြည့်။
မဖြစ်မနေသွားရမည်ဆိုတော့..
ဘယ်လိုအရေးတကြီးကိစ္စမှန်းမသိပေမယ့်…တစ်ယောက်တည်းတော့..စိတ်ချလက်ချမလွှတ်နိုင်သည်ကြောင့်…
မောင်ရဲထက်နောင်ကိုပဲဖုန်းဆက်ပြီးအကူအညီတောင်းရမည်။
~~~~~~~~~~~~~~~~•***
ပစ္စည်းတွေအဝတ်အစားတွေထည့်ပြီး
လက်ဂေ့ချ်ကိုဆွဲလာကာ …အောက်ကိုဆင်းလာတယ်ဆိုလျှင်ပဲ…
“ဟင်…ကိုရဲနောင်…ဘာကိစ္စရှိလို့လဲ…
မေမေနဲ့များကိစ္စရှိလို့လား…
နွယ်နဲ့ဆိုရင်တော့…နွယ်မအားဘူးနော်
နွယ်ခရီးထွက်စရာရှိတယ်…”
“ကိစ္စတော့မရှိပါဘူး…ကိုယ်..နွယ်နဲ့အဖော်လိုက်ပေးချင်လို့ပါ…
ခရီးဝေးတယ်ဆိုတော့စိတ်မချဘူးလေ.
ကားမောင်းတာလည်းပင်ပန်းတယ်လေ…အဲ့ဒီတော့…driverတစ်ယောက်တော့လိုအပ်တယ်မဟုတ်လား…”
“မဟုတ်တာ…ကိုရဲနောင်ကိုနွယ်ဒုက္ခမပေးလိုပါဘူး…”
“ကိုယ်ဒုက္ခလို့မှမမှတ်ယူတာ…ကဲပါ..
မငြင်းပါနဲ့…နွယ်ငြင်းရင်…ကိုစိတ်ကောင်းမှာမဟုတ်တော့ဘူး…”
နွယ့်ဆီကလက်ဂေ့ချ်ကိုဇွတ်အတင်းယူပြီး…သူ့ကားပေါ်ကိုဇွတ်တင်နေလေတော့…
“နွယ်က…ဘယ်နှစ်ရက်ကြာအောင်နေရမလဲမသိသေးဘူးနော်….
ရက်ကြာရင်လည်းကြာမယ်…”
သို့ပေမယ့်…သူကဘာစကားတစ်ခွန်းမှ
ပြန်မပြောဘဲပြုံးကာ…နွယ့်ရဲ့လက်ကိုဆွဲပြီး..ကားထဲဝင်စေ၏။
အဲ့ဒီနောက်တော့…ကားလေးက..
နွယ်တို့ရဲ့ခြံထဲမှတလှိမ့်လှိမ့်ထွက်ခွာလာလေပြီ။
~~~~~~~~~~~~~~~~~~•****
“ပါး…ဒီလက်ပတ်အနီလေးတွေလှတယ်နော်…babyတို့ဆင်တူဝတ်ရအောင်လား…”
အနီရောင်ကြိုးလေးမှာ…ပုလဲလုံးဖြူလေး…၅လုံးရှိ၏။
မဆိုင်းမတွပင်babyကကောက်ယူလိုက်သလို…ရောင့်ရဲ့လက်ကိုဝတ်ပေး၏။
ကျန်တဲ့ကြိုးလေးကိုbabyရဲ့လက်မှာချည်ပေးလိုက်တော့…babyက…ရောင့်ရဲ့လက်နှင့်..သူမလေးရဲ့လက်နှစ်ဖက်ကိုရှေ့ဆန့်ထုတ်ပြီးကြည့်ကာ…ပြုံးပျော်နေ၏။
“ကိုမင်း…”
နောက်မှခေါ်သံကြောင့်…Babyရောရောင်ပါလှည့်ကြည့်လိုက်သလို…
babyမျက်နှာကချက်ချင်းပျက်သွား၏။
“ကိုမင်းအတွက်လက်ဆောင်…”
ဆရာမနွဲ့က…ာပြုံးကာ..ပုဂံရောက်အမှတ်တရအင်္ကျီကို…ရောင့်ထံကမ်းပေးနေသည်ကို…ရောင်မယူပဲရပ်ကြည့်နေသည်။
“ယူပါကိုမင်းရယ်…လက်ဆောင်က..
တန်ဖိုးတော့မကြီးဘူးပေါ့…နွယ်က..
ကိုမင်းကိုဘယ်လိုကျေးဇူးဆပ်ရမလဲတွေးနေတာ…ခုမှဒီင်္ကျီလေးတွေ့ပြီး..
ကိုမင်းပုံစံကိုမြင်ကြည့်တော့…
အရမ်းလိုက်မယ်ထင်တာရယ်…
အမှတ်တရဖြစ်စေချင်တာရယ်ကြောင့်
ဝယ်ပေးတာ…”
“Sorryပါ…ကျွန်တော်က…ပေးကမ်းတတ်တဲ့လက်တစ်စုံပဲဖြစ်ချင်တာ…
ဘယ်သူ့ဆီကမှ…ယူရိုးထုံးစံမရှိဘူး..
အဲ့ဒါကြောင့်…ကျွန်တော်မယူပါရစေနဲ့..”
“သမီးသွင်သွင်….သမီးရဲ့ပါးကိုကူပြောပေးပါအုံး…ဆရာမကလေ…
စိတ်ရင်းစေတနာနဲ့ပေးတာ…
အဲ့ဒါကိုအငြင်းခံရတော့..
ဆရာမစိတ်မကောငိးဖြစ်မိတယ်..”
“အဟင်း…ပါးရယ်…ဆရာမကစေတနာနဲ့ပေးမှတော့…ယူလိုက်ပါ…”
ဆရာမရှေ့ပြုံးပြီးပြောလိုက်ရပေမယ့်..
ရင်ထဲမှာမခံချိမခံသာ။
“အဲ့ဒါဆိုလည်း…ကျွန်တော်ယူလိုက်ပါ့မယ်…babyစကားတစ်ခွန်းကြောင့်..
ကျွန်တော်လက်ခံလိုက်တာပါ..”
လက်ထဲမှအင်္ကျီကိုယူလိုက်တော့..
ဆရာမနွဲ့ကလက်လေးနှစ်ဖက်ကိုပြန်ပေါင်းချိတ်ပြီးပြုံးကာ…
“ကျေနပ်သွားပြီ…ကိုမင်းက…
ဘယ်သူ့ဆီကမှလက်ဆောင်ကိုလက်မခံခဲ့ဘူးပြောတယ်နော်…
ခုနွယ့်ဆီကလက်ဆောင်ကိုလက်ခံလိုက်ပြီဆိုတော့…နွယ်က…ကိုမင်းအတွက်ပထမဦးဆုံးပေါ့…”
“ဆရာမ…သွင်သွင်ခေါင်းနဲနဲမူးနေလို့.
Hotelကိုပြန်နားလိုက်ပါအုံးမယ်…
ပါးကိုအဖော်ပြုပေးပါအုံး…”
“တစ်ယောက်တည်းပြန်ဖို့အဆင်ပြေပါ့မလား…ခန့်မော်ကိုခေါ်သွားပါလား..”
“သား…ခန့်မော်…သွင်သွင့်ကို..
Hotelပြန်လိုက်ပို့ပေးပါလား…”
“ဟုတ်ကဲ့ဆရာမ…”
ခန့်မော်က…သွင်သွင့်နားကိုပြေးလာ၏။
သွင်သွင်…ပါးကိုမျက်စောင်းချီလိုက်ပြီး.
ခန့်မော်လိုက်ပို့မည်ကိုငြင်းဆန်ခြင်းမပြုတော့ဘဲ…ခေါင်းမူးသဟန်ဖြင့်..လဲကျဟန်ပြုတော့…ခန့်မော်ကပခုံးလေးကိုကိုင်ထိန်းလေရာ…
“သွင်သွင်…အဆင်ပြေရဲ့လား..”
“ရတယ်…မလိုဘူး…မင်းလိုက်မပို့နဲ့..
ငါ့ဘာသာပို့လိုက်မယ်..”
လက်ထဲမှအင်္ကျီကို…ဆရာမနွဲ့ထံထိုးပေးပြီး…ခန့်မော်ကိုတွန်းကာ..
babyကိုဆွေ့ကနဲပွေ့ချီလိုက်၏။
“ဘာလုပ်တာလဲ…ပါးလိုက်ပို့စရာမလိုဘူး…babyကိုပြန်ချပေး…”
အငြိမ်မနေဘဲ..ရင်ဘက်ကိုထုနေလေရာ…
“အငြိမ်နေ…ကိုယ့်babyကခေါင်းမူးနေတာမလား…ပါးပြုစုရမှာပေါ့…”
Babyကိုပွေ့ချီသွားတော့…အားလုံးကငေးကြည့်နေကြရုံသာ။
~~~~~~~~~~~~~~~~~~•****
မွေ့ယာပေါ်ကိုပစ်ချလိုက်တော့…
babyကပြန်ထဖို့ပြင်လိုက်ရာ..
ရောင်ကအပေါ်မှခန္ဓာကိုယ်ဖြင့်အုပ်မိုးထားပြီး…လက်နှစ်ဖက်ကိုချုပ်ကိုင်ထား၏။
“Babyအတော်ဆိုးသွမ်းနေပြီ…
ပါး…မှတ်လောက်သားလောက်ဆုံးမပေးမှဖြစ်တော့မယ်…”
“Babyကဆိုးတာလား…ပါးကဆိုးတာလား…”
“ကိုယ်ဘာဆိုးလို့လဲ…”
“ဆရာမနွဲ့ပေးတဲ့လက်ဆောင်ကိုယူတာ…ပါးမဆိုးဘူးလား…”
“အမ်…babyကပဲယူခိုင်းပြီး…
ခုကျမှဒီကပါးကိုအပြစ်တင်ရသလားကွာ..”
“Babyကယူလိုက်ပါဆိုတာ…မကောင်းတက်လို့ပြောတာလေ…အဲ့ဒါကို..ပါးက
ငြင်းပေါ့..ပါးငြင်းမယ်ထင်လို့…babyကယူလိုက်ပါပြောတာလေ…”
“ကိုယ်ကbabyစကားတစ်ခွန်းပဲလေ..
babyကယူဆိုမှတော့…ပါးယူတာပေါ့.
babyစကားကိုနားမထောင်ရင်လည်း
ပါးကိုစိတ်ကောက်အုံးမယ်မလား…”
“ဟင့်…အကြောင်းပြချက်ပဲ…
ယူချင်တယ်ဆိုယူချင်တယ်ပြောပါ..
ဘာတဲ့…ဆရာမနွဲ့ကပထမတဲ့လား..”
နှုတ်ခမ်းလေးကိုမဲ့ပြောနေတဲ့baby။
“ကဲ…ခု..ပါးလက်ထဲမှာ..
အဲ့ဒီလက်ဆောင်ပါလာသလား..”
“သိဘူး…”
“ဒီနေ့တော့…babyအပြစ်ကြီးတစ်ခုကိုလုပ်လိုက်တယ်…အဲ့ဒီအတွက်..
Babyကိုဒဏ်ခက်ရမယ်…”
“Babyဘာအပြစ်မှမလုပ်ပါဘူး..”
“ဟိုချာတိတ်ရဲ့ပခုံးကိုbabyမှီလိုက်တယ်လေ…ကိုယ့်babyမှီရမယ့်ပခုံးပိုင်ရှင်ကပါးတစ်ယောက်တည်းပဲဖြစ်ရမယ်…”
“အဟင့်…babyမှားမှန်သိပါပြီ…
babyကိုအပြစ်မပေးပါနဲ့…
နော်…”
“မရတော့ဘူးbaby…အချိန်လွန်သွားပြီ..”
“ပါး…”
အဲ့ဒီနောက်…ရောင်…ခန္ဓာကိုယ်နှစ်ခုပူးကပ်သွားပြီး…babyရဲ့လက်နှစဖက်ကိုလည်းအိပ်ရာနှင့်ဖိကပ်ကာ…
နှုတ်ခမ်းလွှာလေးတွေကိုတစ်လွှာချင်းစုပ်ယူနမ်းရှိုက်လေရင်း။
YOU MAY ALSO LIKE
Authors
- Amara (1)
- Don John (1)
- Full Moon (တိတ်တခိုးမှ ကူးယူသည်) (1)
- Htet Paing Aung (1)
- Ko $uper (ကိုစူပါ) (1)
- Ko Gyi Ngwe (1)
- Ko John (1)
- Ko Si (ကာမလူဆိုး) (5)
- Lion Man (1)
- Min Thar (1)
- minthar69 (1)
- Naw Naw (1)
- Sasori (1)
- Seven (1)
- Sloves (1)
- Steven Law (1)
- Thar Thar (2)
- Wanna (1)
- Winn (BlackLotus) (1)
- XtremeLegend (1)
- ကမ္ဘာကျော်ရတနာဝင်းထိန် (2)
- ကွီးသုည (1)
- ချမ်းကို (Chan Ko) (3)
- ငွေလမင်း (1)
- စံနက်ကျော် (1)
- ဆူးရစ်နွယ် (Sue Lay) (1)
- ဇင်မျိုး (1)
- တပ်ကြပ်ကြီး (1)
- ထူးခြား (2)
- နတ်ဆေးပန်းချီ (1)
- နတ်သား (1)
- နရသူ (1)
- နွယ်နှင်းမြူ (1)
- နှင်းစက်ညို (1)
- နေကမာ (1)
- နေသန် (1)
- ပန်းရိုင်း (1)
- ပေါက်ကျော်မ (1)
- ဖိုးဇော် (1)
- ဖိုးလမင်း (1)
- ဗညားပိကျိ (1)
- ဗလ (1)
- ဗလဂျူနီယာ (1)
- ဘီးကြဲကြီး (1)
- ဘုံခုနှစ်ဆင့် (8)
- ဘူးခါးသီး (6)
- မန္တလာမောင်မောင်တုတ် (1)
- မြသာ (4)
- မိုက်ကြီး (SM) (1)
- မောင်ခြိမ့် (3)
- ရာဂနတ်သား (1)
- လမင်းကြီး (2)
- လေပြေအေးအေး (2)
- သျှင်လွမ်းမယ် (1)
- သျှားယွန်းမီ (1)
- သာဂိ (2)
- သာဒင် (1)
- သိုးနက် (1)
- အညတြ (1)
- အမည်မသိ (44)
- အမြင့်ကြောက်သောငှက် (1)
- အလင်းစက် (A Linn Satt) (1)
- အာကာမင်း (Mom Lover) (9)
- အာသာပြေ (မန်း) (1)
- အိတ်ကြီး (2)
- အိပ်မက်သခင် (1)